ဗီအေအက်စ်

ဝီကီပီးဒီးယား မှ

ဗီအေအက်စ် (VAS=Value-added service)ဆိုသည်မှာ ဆက်သွယ်ရေး လုပ်ငန်းများတွင် ထင်ရှားသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ အခြေခံဝန်ဆောင်မှုများဖြစ်သည့် ဖုန်းခေါ်ဆိုခြင်း၊ စာတို (SMS) ပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းထက် ပိုသော အခြားဝန်ဆောင်မှုများကို အကြမ်းအားဖြင့် ဗီအေအက်စ် ဟု ခေါ်ဆိုနိုင်သည်။ များသောအားဖြင့် ဗီအေအက်စ် ဝန်ဆောင်မှုများကို သက်သာသော (သို့) အခမဲ့ နှုန်းထားများသတ်မှတ်ထားသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်း ဝန်ဆောင်မှုများသည် တစ်နည်းအားဖြင့် ဆက်သွယ်ရေးလုပ်ငန်း များ၏ ပင်မလုပ်ငန်းဖြစ်သော ဖုန်းဝန်ဆောင်မှုကို တန်ဖိုးတက်စေပြီး အသုံးပြုသူများ၏ ဖုန်းသုံးဆွဲမှုများပြားလာပြီး အသုံးပြုသူ တစ်ဦးခြင်း၏အကြမ်းဖျင်းအမြတ်ဝင်ငွေ(ARPU) ကို တိုးပွားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခင်အချိန်များက စာတိုပို့ခြင်း (SMS) (MMS) နှင့် အင်တာနက် ဒေတာ(Data) အသုံးပြုခြင်းတို့ကို value-added services များအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင်မှု ၎င်းတို့အား ပင်မဖုန်းဝန်ဆောင်မှုအဖြစ် သတ်မှတ်လာကြကာ ဗီအေအက်စ် မှပယ်ဖျက်လာခဲ့သည်။

မိုဘိုင်း ဗီအေအက်စ် ကို အဓိကအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားနိုင်သည်။

  1. စားသုံးသူများအတွက် ဗီအေအက်စ်(Consumer VAS)
  2. ကွန်ယက်အခြေခံ ဗီအေအက်စ်(Network VAS)
  3. စီးပွားရေးလုပ်ငန်းများအတွက် ဗီအေအက်စ်(Enterprise VAS)


ဗီအေအက်စ် ဝန်ဆောင်မှုအား ၂ မျိုးထပ်ခွဲခြားနိုင်သေးသည်။ အထူးသဖြင့် ဝန်ဆောင်ခကို −

  1. ဝန်ဆောင်မှု အသုံးပြုခ (ဥပမာ၊ လစဉ်ကြေး၊ နှစ်စဉ်ကြေး)
  2. ပါဝင်သည့်အကြောင်းအရာ (ဥပမာ၊ သတင်း၊ သံစဉ်တီးလုံး၊ ပုံရိပ်) ပေါ်မူတည်ပြီး အသုံးပြုခ အမျိုးမျိုး ကောက်ခံနိုင်သည်။


ဗီအေအက်စ် ဝန်ဆောင်မှုကို ဖုန်းဆက်သွယ်ရေးအော်ပရေတာများ ကိုယ်ပိုင် ထုတ်လုပ်ဆောင်ရွက်သလို အခြားသော ဗီအေအက်စ် လုပ်ငန်းများမှလဲ တဆင့် ထုတ်လုပ်ရောင်းချပါသည်။ ၎င်း အခြား ဗီအေအက်စ် လုပ်ငန်းများကို Content Provider (CP) ဟုခေါ်ဆိုသည်။

CP များသည် ဆက်သွယ်ရေးအော်ပရေတာများကို Short Message peer-to-peer (SMPP), Short Message Service Center (SMSC), Hypertext Transfer Protocol (HTTP) အစရှိသည့် ချိတ်ဆက်မှု နည်းပညာများဖြင့် ချိတ်ဆက်ခါ အသုံးပြုသူများကို ဝန်ဆောင်မှုပေးလေ့ ရှိကြသည်။


ထင်ရှားသော ဗီအေအက်စ် ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

  • မိုဘိုင်း တီဗီ နှင့် အင်တာနက် ဒေတာ အခြေခံ ဝန်ဆောင်မှုများ (OTT Services)
  • တစ်ဦးတစ်ယောက်ကို ဖုန်းခေါ်ဆိုနေစဉ် သာမန် "တူ..တူ" အသံအစား ကြားရသော တီးလုံးဝန်ဆောင်မှု (Ring Back Tone)
  • သီချင်းအပုဒ်လိုက် ဒေါင်းလုပ် (Download)
  • သတင်းနှင့် အားကစား သတင်းများ ဝန်ဆောင်မှု (Infotainment)
  • အသုံးပြုသူ၏ တည်နေရာပေါ်မူတည်၍ပေးသော အမျိုးမျိုး ဝန်ဆောင်မှု (Location Based Services)
  • ဖုန်းခေါ်ဆိုမှုကို မကိုင်လိုက်နိုင်ပါက စာတို (သို့) အသံသွင်းပြီး အမှာစကား ထားခဲ့နိုင်သော ဝန်ဆောင်မှု (Missed Call Alert & Voice Mail Service)
  • အင်တာနက် အခြေခံ ဂိမ်းများ (Online Games)
  • သီချင်:၊ ရုပ်ရှင်တို့အား အင်တာနက်မှ တဆင့် တိုက်ရိုက်ကြည့်ရှု့နိုင်သည့် ဝန်ဆောင်မှု (Streaming)
  • မိုဘိုင်း ဘဏ်နှင့် ငွေလွှဲပေးခြင်း ဝန်ဆောင်မှု (Mobile Banking & M-Commerce)
  • မိုဘိုင်း အခြေခံ ကြော်ငြာများ (Mobile Ads)
  • မိုဘိုင်းမှ မဲပေးခြင်းနှင့် အခြားပြိုင်ပွဲများ (Voting & Contests)
  • ဖုန်းတွင်းရှိ အချက်အလက်မှတ်တမ်းများကို မပျောက်ပျက်စေရန် သိမ်းဆည်းပေးသည့် ဝန်ဆောင်မှု (Backup)
  • စက်မှ အလိုအလျှောက် ဖုန်းခေါ်ဆိုသည့် ဝန်ဆောင်မှု (Outbound Dailers)
  • WAP အခြေပြု ဝန်ဆောင်မှုများ (WAP Content Downloads)

နိုင်ငံတကာရှိ ဗီအေအက်စ် လုပ်ငန်းများ[ပြင်ဆင်ရန်]

  • America Movil
  • Bell M Communication P.L.C in Ethiopia
  • CanvasM Technology Ltd
  • DMD Platform
  • Galactic Infotech Solutions
  • GoBindas Entertainment
  • Huawei Technology Inc.
  • IMImobile Pvt. Ltd
  • inmobi
  • Jinny Software
  • KongZhong Corp
  • Mahindra-Comviva Technology Ltd
  • Movile
  • NovaClarius Limited
  • OnMobile Global Ltd.
  • One97 Communications.ltd
  • Optimobile Technologies pvt. Ltd.
  • Qtelmedia Communications
  • Spice Digital (previously known as Cellebrum.com)
  • TA Telecom
  • TeleMagic Communications Ltd.
  • TIMWE
  • Vantage Analytical Solutions & Content
  • Vasify Mobile Media Pvt. Ltd
  • VectraCom
  • ZTE Corporation

ကိုးကား[ပြင်ဆင်ရန်]