ဝီလဂါမ ဝိဟာရ

ဝီကီပီးဒီးယား မှ
(ဗီဂန်ဝိဟာရ မှ ပြန်ညွှန်းထားသည်)
ဝီလဂါမဝိဟာရ
වෙල්ගම් වෙහෙර
Ancient Stupa in Velgam Vehera
အချက်အလက်များ
တည်နေရာTrincomalee, Sri Lanka
ကိုဩဒိနိတ်08°38′44.4″N 81°10′16.4″E / 8.645667°N 81.171222°E / 8.645667; 81.171222ကိုဩဒိနိတ်: 08°38′44.4″N 81°10′16.4″E / 8.645667°N 81.171222°E / 8.645667; 81.171222
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Trincomalee
စီရင်စုEastern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[၁]
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူKing Devanampiyathissa (307–267 BC)

ဝီလဂါမဝိဟာရ ("ဗီဂန်ရာဇမဟာဝိဟာရ" ဟုလည်း သိကြ) သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကွန်မလီးခရိုင်၊ ကန်နိယမြို့တွင် တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်ကို ဟိန္ဒူဘာသာဝင်များက "Natanar Kovil" ဟုလည်း သိကြသည်။ သမိုင်းကြောင်းများအရ ဗီဂန်ဝိဟန်ရသည် နိုင်ငံရှိ အရေးပါသည့် ဗုဒ္ဓဘာသာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကျောင်းတော်တွင် သီရိလင်္ကာနှင့် တမီလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် ဝတ်ပြုမှုများ လုပ်ကြသည်။

ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံရှေးဟောင်းသုတေသနဌာနက ထရင်ကွန်မလီးခရိုင်ရှိ ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဝိဟာရအတွင်းရှိ ရပ်တော်မူရုပ်ပွားတော်

ကျောင်းတော်ကို ဒေဝါနံပီယတိဿမင်း (307–267 BC) အုပ်စိုးစဉ်က တည်ခဲ့သည်ဟု ယုံကြည်ရသည်။ နောက်ပိုင်းတွင် ကျောင်းတော်အား ပြင်ဆင်မွမ်းမံမှုများကို ဘုရင် Bathiya I, Agkbo II, Vijayabahu I and Parakramabahu I အစရှိသည့် ဘုရင်များက ဆောင်ရွက်ခဲ့ကြသည်။ ဘုရင် Bhatika Tissa (141-165 AD) လက်ထက်တွင် ရေးထိုးထားခဲ့သည့် ကျောက်စာတစ်ခုကိုလည်း ကျောင်းတော်တွင် တွေခဲ့ရသည်။ အနုရာဒပူရနှင့် ပိုလွန်နရူပမင်းဆက်များ ပြိုလဲပြီးနောက်တွင် လူများသည် နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့ ပြောင်းရွှေ့ခဲ့ကြသဖြင့် ကျောင်းတော်သည် စွန့်ပစ်ခံခဲ့ရကာ အပျက်အစီးများအဖြစ်သို့ ရောက်ရှိခဲ့သည်။

အေဒီ ၉၉၃ တွင် အိန္ဒိယမှ Cholas ၏ ကျူးကျော်မှုနှင့်အတူ နိုင်ငံတဝှမ်းရှိ ဗုဒ္ဓဘာသာကျောင်းတော်များစွာတို့သည့် ဖျက်ဆီးခံခဲ့ရသည်။[၂] ဝီလဂါမဝိဟာရသည် ဖျက်ဆီးခံရမှုမှ လွတ်မြောက်ခဲ့သည်။ Cholas လက်ထက်တွင် ကျောင်းတော်ကို ပြန်လည်ပြင်ဆင်ရမည့်အစား ကျောင်းတော်တွင် သူတို့၏ ကိုယ်ပိုင်ပုံစံများကို ထည့်သွင်းခဲ့သည်။ ထို့နောက်တွင် ဘုရင် Rajaraja I က ကျောင်းတော်ကို Rajarajaperumpalli ဟု အမည်ပေးခဲ့သည်။[၃] အချို့သော တမီကျောက်စာများတွင် ဘုရင် Rajaraja နှင့် Rajendradeva တို့လက်ထက်အတွင်း ပြုလုပ်ခဲ့ကြသည့် ကျောင်းတော်အတွက် လှူဒါန်းမှုများကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

၁၉၂၉ ခုနှစ်တွင် ဝီလဂါမဝိဟာရ၏ အပျက်အစီးများကို သီရိလင်္ကာရှေးဟောင်းသုတေသနဌာနက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၉၃၄ ခုနှစ်တွင် ထိုနေရာကို ထိန်းသိမ်းစောင့်ရှောက်ရမည့်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[၄]

အပျက်အစီးများ[ပြင်ဆင်ရန်]

အချို့အပျက်အစီးများသည် ကျောင်းတော်ပဝုဏ်တစ်ခုလုံးတွင် ပြန့်ကြဲလျက်ရှိသည်။ ၎င်းပြန့်ကြဲနေသည်များတွင် ကျောက်စာများ၊ အုတ်အမိုးခုံးများ၊ ရုပ်ပွားတော်ထားရှိရာ အဆောက်အဦအပိုင်းအစများ၊ ဘောင်များ၊ တံတိုင်းကျောက်တုံးများ စသည်တို့ ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. VelgamveheraDepartment of Archaeology။ 23 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
  2. Velgam Vehera။ Travel Lanka Compass။ 2 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။
  3. A recollection of a past။ Exploresrilanka (March 2012)။ 17 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။
  4. Velgam Vehera။ Govisitsrilanka.com။ 4 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2016 တွင် ပြန်စစ်ပြီး။