မာတိကာသို့ ခုန်သွားရန်

ဗိုလ်ပီတာ

ဝီကီပီးဒီးယား မှ

ဗိုလ်ပီတာ (၁၉၃၄ - ၁၉၆၁) သည် မြန်မာနိုင်ငံ၏ ပထမဆုံး လေကြောင်းတိုက်ပွဲတွင် ပါဝင်ကာ အသက်စွန့်သွားသော လေသူရဲတဦး ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၃၄ ခု၊ နိုဝင်ဘာလ ၂၆ ရက်တွင် ကျိုင်းတုံအထက ကျောင်းအုပ် ဂျီပီတာ (George Peter) နှင့် တောင်ကြီး စိန့်အန်နီမိန်းခလေးအထက်တန်းကျောင်းမှ အထက်တန်းပြ လီအိုနီပီတာတို့မှ တောင်ကြီး၌ မွေးသည်။ မောင်နှမ ၃ ယောက်အနက် အကြီးဆုံးဖြစ်၏။ မွေးချင်းများမှာ ညီ အာရ်အီးပီတာ (R E Peter)၊ ညီမ အေပီတာ (A Peter) တို့ ဖြစ်သည်။

တောင်ကြီး စိန့်အန်နီကျောင်းတွင် ပညာသင်သည်။[]

ဝမ်ပန်ဆန်း လေကြောင်းတိုက်ပွဲ

[ပြင်ဆင်ရန်]

၁၉၆၁ ခု၊ ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် အမှတ် ၅၀၁ လေတပ်စခန်းနှင့် အမှတ် ၁ တိုက်‌လေယာဉ်အုပ်မှူး ဗိုလ်မှူး တင်မောင်အေး၏ အမိန့်အရ တရုပ်ဖြူတို့အား လက်နက်ရိက္ခာထောက်ပံ့ရန်လာသော အမျိုးအမည်မသိလေယာဉ်ကို ဟန့်တားဖျက်ဆီးရန် ဗိုလ် မောင်သိန်း (လေ ၁၂၀၁)၊ ဗိုလ် ချစ်ခိုင် (လေ ၁၂၁၆)၊ ဒုတိယဗိုလ် ပီတာ (လေ ၁၂၉၂) တို့ ဆီးဖျူရီလေယာဉ် (Hawker Sea Fury) ကိုယ်စီဖြင့် ပျံတက်သည်။ [] လေထုတွင် အတန်ကြာနေသည်နောက် ဗုံးကျဲလေယာဉ်တစီး (B24 Liberator) ကို တွေ့ရ၍ အုပ်ဖွဲ့တိုက်ခိုက်ရာ ပီတာ၏ လေယာဉ် ပစ်ချခံရပြီး ချစ်ခိုင်၏လေယာဉ် အမြီးပိုင်း ထိခိုက်သည်။ မောင်သိန်းက တရုပ်ဖြူလေယာဉ်ကို အပြီးသတ်ပစ်ချနိုင်ခဲ့၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးလှဝင်း(လေသူရဲတစ်ဦး)။ တရုတ်ဖြူလေယာဉ်ပျံပစ်ချခဲ့စဉ်က။ ရတနာသစ်၊ တွဲ ၁ မှတ် ၃။ ၁၉၉၄ ဇန်။
  2. ဝမ်ပန်ဆန်းလေကြောင်းတိုက်ပွဲ။ တပ်မတော်စစ်သမိုင်းပြတိုက်။ https://dsmuseum.gov.mm/category/air-force-posts/%5Bလင့်ခ်သေ%5D