မာတိကာသို့ ခုန်သွားရန်

စိုးဝင်း၊ ဗိုလ်ချုပ်ကြီး

ဝီကီပီးဒီးယား မှ
(ဗိုလ်ချုပ်ကြီးစိုးဝင်း မှ ပြန်ညွှန်းထားသည်)
ဗိုလ်ချုပ်ကြီး
ဦး

စိုးဝင်း
ဒသမမြောက် နိုင်ငံတော်ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၉ အောက်တိုဘာ ၂၀၀၄  ၁၂ အောက်တိုဘာ ၂၀၀၇
နိုင်ငံတော်အကြီးအကဲသန်းရွှေ
ယခင်လူဦးခင်ညွန့်
ဆက်ခံသူဦးသိန်းစိန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1947-05-10)၁၀ မေ၊ ၁၉၄၇[]
တောင်ကြီးမြို့မြန်မာနိုင်ငံ
ကွယ်လွန်၁၂ အောက်တိုဘာ၊ ၂၀၀၇(2007-10-12) (အသက် ၆၀)
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံရေးပါတီနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ခန့်အပ်
ကြင်ဖော်ဒေါ်သန်းသန်းနွဲ့
သားသမီးနေစိုး၊ သိမ့်သိမ့်စိုး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၇၁-၂၀၀၇
ရာထူးဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး စိုးဝင်း (၁၉၄၇ ခုနှစ်၊ မေလ ၁၀ ရက် - ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်) သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းအား ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်သူဟု ယူဆခြင်းခံရသည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးစိုးဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် ဒီမိုကရေစီဆန္ဒပြသူများကို နှိပ်ကွပ်ရာ၌ ရန်ကုန်တက္ကသိုလ်တစ်ဝိုက်တွင် တပ်များချထားခြင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပစ်ခတ်ခြင်းတို့တွင် ကြီးကြပ်ပါဝင်ခဲ့သူအဖြစ် လူသိများသည်။ ၁၉၉၀ ပြည့်နှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နည်းဗျူဟာအမှတ် ၃ ၌ နည်းဗျူဟာမှူး ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တိုင်းမှူးဖြစ်လာပြီး စစ်အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။ ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်စစ်ရုံးချုပ်၌ လေကြောင်းရန်ကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လာပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နအဖ၏ အတွင်းရေးမှူး ၂ ရာထူးကို ရယူခဲ့သည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ‘တိုင်းပြုပြည်ပြု စီမံကိန်းများ’ တွင် အမြင်တူညီခဲ့သည်။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလက မိန့်ခွန်းတစ်ခုတွင် နအဖသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စကားမပြောရုံသာမက အာဏာကိုလည်း လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ၂၀၀၃ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းသတ်ဖြတ်မှု၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို တိုက်ခိုက်ခဲ့ခြင်းအတွက် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် ကျယ်ပြန့်စွာ ယူဆခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများသို့ လိုက်ပါခဲ့ပြီး စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နှင့် ဒုတိယဝန်ကြီးတို့ကို ရာထူးမှ ထုတ်ပယ်ရန် လက်မှတ်ရေးထိုးခဲ့သည်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူဖြစ်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်က ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုကို ဘာသာရေးအရ ဖိနှိပ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ဝန်ကြီးချုပ်ဘဝ

[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကြေညာချက်အမှတ် ၃/၂၀၀၄ ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် ခန့်အပ်ခံရသည်။​[]

ရာထူးသက်တမ်းများ

[ပြင်ဆင်ရန်]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၁၂-၁ဝ-၂ဝဝ၇ တွင် လူကီးမီးယားသွေးကင်ဆာနှင့် ကွယ်လွန်သည်။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန်နဝါရီလထဲ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာကြည့်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Attachment A to Sanctions Against Burma - Amendment to the Annex dated 22 October 2008 (in en)။ 2013-11-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-02-08 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အလင်းသတင်းစာ အတွဲ ၄၂၊ အမှတ် ၂၀ မြန်မာ့အလင်း။ 9 August 2025 တွင် ပြန်စစ်ပြီး။