ဗဟိုပုံနှိပ်စက်ရုံ

ဝီကီပီးဒီးယား မှ
ဗဟိုပုံနှိပ်စက်ရုံ၏ အရှေ့မျက်နှာစာ မြင်ကွင်းပုံ(၂၀၂၃)

ဗဟိုပုံနှိပ်စက်ရုံသည် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနလက်အောက်တွင် တည်ရှိသည့် စက်ရုံတစ်ရုံဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့် တွင်တည်ရှိသည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ဗဟိုပုံနှိပ်စက်ရုံ ဖြစ်လာမည့် မူလအဆောက်အအုံကို နာမည်ကျော် စကော့လူမျိုး ဗိသုကာ ဂျွန်ဘာ့ဂ်ရေးဆွဲသည့် အဆောက်အအုံမျက်နှာစာ ဒီဇိုင်းဖြင့် ကိုလိုနီခေတ် ၁၉၀၉ ခုနှစ်က စတင်တည်ဆောက်ကာ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ထိုအဆောက်အဦထဲ ဓာတ်လှေကားများ၊ မြင်းဇောင်းများနှင့် ဝန်ထမ်းတန်းလျားများရှိသည်။ မူလက အိန္ဒိယမှတင်သွင်းလာသော စာရေးကိရိယာများ ဖြန့်ချိရာဌာနအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်း ဗြိတိသျှအစိုးရ၏ အရေးကြီးစာရွက်စာတမ်းများ ပုံနှိပ်ရာနေရာဖြစ်လာသည်။[၁]

လွတ်လပ်ရေးရပြီးနောက် ဗဟိုပုံနှိပ်စက်ရုံအဖြစ်တိုးချဲ့ကာ အစိုးရဌာနများအတွက် ပုံနှိပ်မှုများဆောင်ရွက်ခဲ့သည်။ဗဟိုပုံနှိပ်စက်ရုံသည် သန်းခေါင်စာရင်းများနှင့် ပြန်တမ်းများကို ပုံနှိပ်သည့်အပြင် နိုင်ငံတော်အဆင့် အရေးကြီးစာရွက်စာတမ်းများအား ပုံနှိပ်ထုတ်ဝေရာ၊ သန်းခေါင်စာရင်းနှင့် ပြန်တမ်းများ ပုံနှိပ်ထုတ်ဝေသည်။နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စက်ရုံအဖြစ် သတ်မှတ်လိုက်ပြီး ယခုလက်ရှိတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေသည်။[၂]

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကဗ္ဗည်းပြားကိုတပ်ဆင်၍ ရန်ကုန် မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အသိအမှတ်ပြုခဲ့သည်။[၃] [၄][၅]

ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနလက်အောက်ရှိ စက်ရုံများ[ပြင်ဆင်ရန်]

  1. နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)
  2. အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)
  3. ဗဟိုပုံနှိပ်စက်ရုံ
  4. ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ
  5. အောင်ဆန်းပုံနှိပ်စက်ရုံ
  6. စာပေဗိမာန်ပုံနှိပ်စက်ရုံ
  7. ဂျီတီစီပုံနှိပ်စက်ရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. ဗဟိုပုံနှိပ်စက်ရုံ7days TV (၈ နိုဝင်ဘာ ၂၀၁၈)။ ၂၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦရဲတင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ၏ ပွဲစဉ်(၁၅)ကို တက်ရောက် ကြည့်ရှု အားပေး၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေးMRTV News (၁၀ ဒီဇင်ဘာ ၂၀၂၂)။ 25 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဗဟိုပုံနှိပ်စက်ရုံကို မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အသိအမှတ်ပြုi Myanmar House (၁၃ ဩဂုတ် ၂၀၁၅)။ ၂၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. သမိုင်းဝင်ဗဟိုပုံနှိပ်စက်ရုံကို အပြာရောင်ကမ္ဗည်းကပ်ပြီKamayut Online TV (၁၀ ဩဂုတ်၂၀၁၅)။ ၂၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. အဖိုးမဖြတ်နိုင်သော ရန်ကုန်အမွေအနှစ်ဟောင်းများMyanmar Digital News (၆ ဖေဖော်ဝါရီ ၂၀၁၉)။ ၂၅ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။