ဗလာဒီမာ ပိုတန်းနင်

ဝီကီပီးဒီးယား မှ
ဗလာဒီမာ ပိုတန်းနင်
ဗလာဒီမာ ပိုတန်းနင်
မွေးသက္ကရာဇ် ၃ ဇန်နဝါရီ ၁၉၆၁

အလုပ်အကိုင် Inteeros ၏ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၉.၃ ဘီလျံ
ကြင်ဖော် Natalia Potanina
သားသမီး Anastacia, Ivan
ဝက်ဘ်ဆိုက် Interros Web Site

ဗလာဒီမာ အိုလီဂိုဗစ်ချ် ပိုတန်းနင် ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူသည် နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားသော လူနည်းစုအသိုင်းအဝိုင်းဝင်တစ်ဦးဖြစ်သည်။ သူ၏လုပ်ဖော်ကိုင်ဖက် Mikhail Prokhorov နှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည်။ သူသည် ရုရှား၏အငြင်းပွားဖွယ်ကောင်းသော “ရှယ်ယာအတွက်ချေးငွေ” အစီအစဉ်ကြောင့် ကြွယ်ဝ ချမ်းသာလာသည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ပိုတန်းနင် ကို ဆိုဗီယက်ပြည်ထောင်စုကြီး တည်ထောင်စဉ် မော်စကိုမြို့တွင်မွေးဖွားခဲ့ပြီး ကွန်မြူနစ် မိသားစုဘဝမှ ဆင်းသက်လာသည်။ ၁၉၇၈ ခုနှစ်တွင် ပိုတန်းနင် သည် နိုင်ငံတကာစီးပွားဆက်ဆံရေးပညာကို နိုင်ငံခြားရေးဝန်ကြီးရုံးအတွက် လူတော် လူကောင်းများကို လက်သပ်မွေးလေ့ရှိသော မော်စကိုနိုင်ငံတကာဆက်ဆံရေး တက္ကသိုလ် MGIMO တွင် တက်ရောက်ခဲ့သည်။ MGIMO မှ ၁၉၈၃ တွင် ဘွဲ့ရခဲ့ပြီးနောက် Potanin သည် ဖခင်ဖြစ်သူ၏ခြေရာကိုနင်းကာ ဆိုဗီယက် ပြည်ထောင်စု၏ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးဌာနနှင့်အတူ FTO “Soyuzpromexport” အတွက် အလုပ်လုပ် ပေးခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံရေးစီးပွားရေးပြောင်းလဲမှုကာလတွင် Potanin သည် နိုင်ငံခြား ကုန်သွယ်ရေး ဌာနမှနုတ်ထွက်လိုက်ပြီး ၁၉၉၁ ခုနှစ်တွင် ထိုဌာနတွင်လုပ်စဉ်က ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံများနှင့် သူ့ ကွန်ရက်ဆိုင်ရာအတတ်ပညာတို့ကို ပေါင်းစပ်၍ Interros အမည်ရှိ ကိုယ်ပိုင်အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ သည်။ ၁၉၉၃ ခုနှစ်တွင် Potanin သည် United Export Import ဘဏ်၏ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၉၆ ဩဂုတ်လ ၁၄ ရက်နေ့မှစ၍ ၁၉၉၇ မတ်လ ၁၇ ရက်နေ့ထိ ရုရှားဖတ်ဒရယ်ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ဩဂုတ်လမှစ၍ Interros ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့၏ ဥက္ကဋ္ဌနေရာကို Potanin ပိုင်ဆိုင်ခဲ့သည်။

ပိုတန်းနင် ၏ Interros သည် Oleg Deripaska ၏ RUSAL၊ Abram Reznikov ၏ Alamak Espana Trade နှင့် Alisher Usmanov ၏ Metalloinvest တို့ပိုင်ဆိုင်သော ရုရှားနီကယ်ကုမ္ပဏီ Norilsk Nickel တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခွင့်အာဏာရရှိခဲ့သည်။ မတ်လ ၂၀၀၃ တွင်တော့ Potanin သည် ရုရှားစည်းမျဉ်းဥပဒေများကို အတည်ပြုရန်နှင့် နိုင်ငံ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရေးနှင့် နာမည်ရရှိရေးကို တိုးမြှင့်ပြီး ရုရှားအုပ်ချုပ်ရေးအဖွဲ့အစည်း၏ လူ့ကျင့်ဝတ်နှင့် ကိုက်ညီ ကျွမ်းကျင်သော စံသတ်မှတ်ချက်များကို စတင်မိတ်ဆက်ရန် ရည်စူးနေသော အမျိုးသားအုပ်ချုပ်ရေး အသင်း ကောင်စီ NSKU ကို ဦးစီးဦးဆောင်ပြုခဲ့သည်။

၂၀၀၁ ဒီဇင်ဘာလတွင် သူသည် Solomon R. Guggenheim ဖောင်ဒေးရှင်း ဘုတ်အဖွဲ့၏ ယုံကြည် အပ်နှံခံရသူဖြစ်လာသည်။ အေပရယ် ၂၀၀၃ တွင် Potanin ကို ကျော်ကြားလှသော ရုရှားအနုပညာပြတိုက် State Hermitage ဘုတ်အဖွဲ့၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်မှစ၍ Potanin သည် ရုရှားပြည်သူလွှတ်တော်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာသည်။ ၂၀၀၇ ဇန်နဝါရီလအတွင်း ပဲရစ်တွင် Potanin သည် သိက္ခာအရှိဆုံးဝန်ထမ်းဟုလည်းကောင်း၊ ယဉ်ကျေးမှု ဆိုင်ရာထောက်ပံ့ကြေးများကြောင့် စာပေနှင့်အနုပညာထုံးစံလိုက်နာသူဟုလည်းကောင်း အမည်ပေးခံရသည်။ ပြင်သစ် ယဉ်ကျေးမှုနှင့်ပေါင်းကူးဆက်ဆံရေးဝန်ကြီးဌာနမှလည်း ဆုချီးမြှင့်ခဲ့သေးသည်။

မတ်လ ၂၀၀၉ တွင် Potanin သည် နိုင်ငံရေးအာဏာဆုပ်ကိုင်သူ စီးပွားရေးလုပ်ဖော်ကိုင်ဖက် Mikhail Prokhorov ကို မော်စကိုတွင် ဒေါ်လာ ၂၉ မီလီယံ အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲဆိုခဲ့သည်။ Moscow Times သတင်းစာအရ ထိုအမှုသည် စီးပွားရေးသမားနှစ်ဦးကြား အငြင်းပွားသည့် အခြားသောအမှု များထက်ပိုသည်ဟု ဆိုသည်။

ပုဂ္ဂလိကဘဝ[ပြင်ဆင်ရန်]

ပိုတန်းနင် သည် သားသမီးသုံးယောက်ရှိသည့် အိမ်ထောင်ရှင်ဖြစ်ပြီး အင်္ဂလိပ်နှင့်ပြင်သစ်စကားကို ကျွမ်းကျင် ပိုင်နိုင်စွာပြောနိုင်သည်။ သူ၏ဝါသနာများမှာ ခရီးသွားခြင်း၊ ဘတ်မင်တန်ကစားခြင်း၊ ဘောလုံးကန်ခြင်း၊ ရေခဲနှင်းလျှောစီးခြင်း၊ ရေထဲ တွင် ကစားရသောအားကစား အမျိုးမျိုးနှင့် ချက်စ်ထိုးခြင်းတို့ဖြစ်သည်။