မာတိကာသို့ ခုန်သွားရန်

ဗမာ့တပ်တော်

ဝီကီပီးဒီးယား မှ
ဗမာ့တပ်တော်
Bamar Army
ခေါင်းဆောင်ဗဟိုကော်မတီ
စတင်လှုပ်ရှားခြင်း ဇန်နဝါရီ ၂၀၂၅ (၂၀၂၅-၀၁-၀၁) – လက်ရှိ
ဌာနချုပ်မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်
လှုပ်ရှားနယ်မြေ
အရွယ်အစားမထုတ်ပြန်
မဟာမိတ်
ပြိုင်ဘက်များ မြန်မာနိုင်ငံ
စစ်ပွဲနှင့် တိုက်ပွဲများ
အလံ

ဗမာ့တပ်တော် (အင်္ဂလိပ်: Bamar Army၊ အတိုကောက် BA ) သည် မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။[]အဆိုပါအဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် တပ်မတော်အရာရှိအချို့ နှင့် ရဲအရာရှိများ ပါဝင်သည့် ယခင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ အင်အားစုများနှင့် ဘုံရည်မှန်းချက် တူညီသည့် တပ်ရင်း၊ တပ်ဖွဲ့ အမျိုးမျိုးတို့ ပေါင်းစည်း ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်သည်။

သမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ဆန့်ကျင်ဆန္ဒပြမှုများနှင့်အတူ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)လည်း ပေါ်ပေါက်လာခဲ့သည်။

စစ်အာဏာသိမ်းပြီး ၈လအကြာ၊၂၀၂၁ ခုနှစ်၊စက်တင်ဘာတွင် CDM စစ်ဗိုလ်အချို့ နှင့် ရဲအုပ်အချို့တို့ ဦးဆောင်ပြီး မိုးကြိုးပြောက်ကျားလက်နက်ကိုင်အဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။လှုပ်ရှားမှုနယ်မြေသည် မြန်မာနိုင်ငံ၊အလယ်ပိုင်းဒေသတွင် ဖြစ်သည်။[]

မိုးကြိုးပြောက်ကျား လက်နက်ကိုင်အဖွဲ့ (TGF)[] သည် ဘက်အသီးသီးမှ နိုင်ငံရေးအင်အားစုများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ CDM စစ်ဆရာဝန် ကိုမင်းမောင်မောင် နှင့် ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူ ဦးမောင်မောင်ဝမ်း တို့က ဦးဆောင်စီမံသည့် ပြည်သူ့စစ် မဟာဗျူဟာ အကြံပေးဗျူရို (People’s Military Strategic Advisory Bureau – PMSAB) ၏ လက်အောက်ခံ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

အဆိုပါအဖွဲ့၏ အဓိကခေါင်းဆောင်များ၏ အမည်များကို တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိဘဲ၊ CDM အရာရှိများ၊ CDM တပ်ရဲအဖွဲ့ဝင်များ၊ မြို့ပြပြောက်ကျား အဖွဲ့များနှင့် ဒေသခံ တော်လှန်ရေးအင်အားစုများကို ပေါင်းစပ်ကာ စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု အဖြစ်သာ သတင်းထုတ်ပြန် ဖော်ပြထားကြသည်။[]

မိုးကြိုးပြောက်ကျား လက်နက်ကိုင်အဖွဲ့သည် တပ်ရင်း ၁ဝ၁၊ ၂ဝ၂၊ ၃ဝ၃၊ ၄ဝ၄ အထိ ဖွဲ့စည်းထားနိုင်သည့် အဖွဲ့လည်းဖြစ်ကာ၊ကနဦးအနေဖြင့် စစ်ပညာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် သင်ယူခဲ့ကြသည်။

ထို့နောက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် တွင် စစ်ပညာများ ဆက်လက် သင်ယူခဲ့ကြပြီးနောက်၊တပ်ဖွဲ့၏ တပ်ရင်းလေးရင်းလုံးကို ဦးစီးသည့် ယာယီဌာနချုပ် အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ဌာနချုပ် လိုင်ဇာမြို့တွင် အခြေစိုက်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် TGF ကို ဖျက်သိမ်းကာ၊ဗမာလူမျိုးစုကို ကိုယ်စားပြုသည့် ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) ဟူ၍​ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ပြောရေးဆိုခွင့်ရှိသူသည် ရဲဘော်ထွန်း ဖြစ်သည်။[]

ထင်ရှားဖြစ်ရပ်

[ပြင်ဆင်ရန်]

စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီး သူရိန်ဝင်း ဆိုသူသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် CDM ပြုလုပ်ပြီး၊ ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ ၇ တွင် ခိုလှုံခဲ့သည်။[]

၂၀၂၁ ခုနှစ်၊ဩဂုတ်လတွင် ပြည်သူ့စစ် မဟာဗျူဟာ အကြံပေးဗျူရို (PMSAB) နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီ၏ တာဝန်ပေးမှုအရ ဗိုလ်ကြီး သူရိန်ဝင်းသည် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ ၁၀၁ ၏ တပ်ရင်းမှူး ဆိုင်ဂုံအနေဖြင့် မကွေးတိုင်း သရက်ခရိုင်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၃ခုနှစ် ဧပြီလ ၁၀ရက်တွင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဆိုင်ခုံသည် တပ်ဖွဲ့ဝင်ဟောင်းများနှင့်အတူ “လွတ်မြောက်ရေး အင်အားစု စစ်သည်များအဖွဲ့ (W.O.L.F)”ကို ဖွဲ့၍ NUG ၏ လက်အောက်ခံ တပ်ရင်းအဖြစ်ဝင်ရန် ပြင်ဆင်ခဲ့သည်။[]

မိုးကြိုးပြောက်ကျားတပ်ဖွဲ့(ဗဟို) ကလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် တပ်ရင်းမှူး ဆိုင်ဂုံအား စာထုတ်၍ ရာထူးမှ ထုတ်ပယ်ခဲ့သည်။[]

တပ်ရင်းမှူးဟောင်း ဆိုင်ဂုံနှင့်အဖွဲ့ဝင် ၆ဦးတို့သည် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဖြေရှင်းညှိနှိုင်းရန် ၂၀၂၃ ခုနှစ်၊ဧပြီ ၁၁ ရက် တွင် ကချင်ပြည်နယ် လွတ်မြောက်နယ်မြေသို့ အသွား သစ္စာဖောက်ဒလန်ဆိုသည့် စွပ်စွဲချက် ၁၃ ချက်ဖြင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ [] [၁၀]

ပူးပေါင်းပါဝင်ခဲ့သည့် စစ်ဆင်ရေးများ

[ပြင်ဆင်ရန်]

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက် တွင် စတင်ခဲ့သည့် ၀၃၁၇ စစ်ဆင်ရေး( ကချင်ဒေသ အထူးစစ်ဆင်ရေး)တွင် ပါဝင်ခဲ့သည်။[၁၁]

တပ်ရင်းများ

[ပြင်ဆင်ရန်]

ဗမာ့တပ်တော်သည် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးဒေသနှင့် အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးဒေသ ဟူ၍ ဖွဲ့စည်းထားရှိထားသည်။​

ကိုးကား

[ပြင်ဆင်ရန်]
  1. တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ပါဝင်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း DVB (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. မကွေးတိုင်း မြို့နယ်လေးခုရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းများကို PDF တိုက်ခိုက် လူထုနွေဦး (၂၂ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. CDM စစ်ဗိုလ်နဲ့ ရဲအုပ်တွေ ဦးဆောင်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ RFA (၁၉ ဧပြီ ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. CDM ရဲ၊ စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မိုးကြိုးပြောက်ကျားတပ် The Irrawaddy (၂၆ ဧပြီ ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ဗမာ့တပ်တော်က စစ်ကောင်စီကို ဘာ့ကြောင့် ခြိမ်းခြောက်နိုင်တာလဲ ဗမာ့တပ်တော် (၂၃ မေ ၂၀၂၅)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ခေါင်းဆောင် အဖမ်းခံထားရမှုကို WOLF အဖွဲ့ NUG ထံ တိုင်ကြား Myanmar Now (၂၂ မေ ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. “ကိုယ်ပိုင်စစ်တပ်တခု ထူထောင်မယ်၊ ကိုယ်ပိုင်စစ်ဒေသတခုဖော်ဆောင်မယ်၊ တော်လှန်ရေးပြီးလို့ ၅ နှစ်အထိအောင် လက်နက်မစွန့်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့် ကျနော်တို့တွေက သူတို့နဲ့လက်တွဲဖို့ မဖြစ်နိုင်ဘူးပေါ့” မြေလတ်အသံ (၂၃ ဇွန် ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. CDM ဗိုလ်ကြီး ဆိုင်ဂုံနဲ့ ခြောက်ဦး အဖမ်းခံထားရမှု NUG ထံလွှဲဖို့ တောင်းဆိုနေ RFA (၁၃ ဇွန် ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. အတူတူနေတဲ့သူတွေက သူလျှိုမဟုတ်ဘူးလို့ ယုံကြည်ထားတာကို အဝေးကလူတွေက ဇွတ်အတင်းပြောနေတာက မရိုးသားဘူးလို့မြင်တယ် မြေလတ်အသံ (၁၉ ဇွန် ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. မိုးကြိုးပြောက်ကျားတပ်က ၇ ဦး KIA နယ်မြေထဲမှာ ဖမ်းဆီးခံထားရ BBC (၂၄ မေ ၂၀၂၃)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. KIA ၏ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) ပါဝင်တိုက်ပွဲဝင်ခဲ့ မောင်း (၁၆ ဇူလိုင် ၂၀၂၅)။ ၂၂ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။