မာတိကာသို့ ခုန်သွားရန်

ဗမာ့စောင်း (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
(ဗမာ့စောင်း မှ ပြန်ညွှန်းထားသည်)
ဗမာ့စောင်း
ဗမာ့စောင်း
အချက်အလက်များ
ဒါရိုက်တာKon Ichikawa
ထုတ်လုပ်သူMasayuki Takagi
ဝတ္ထုMichio Takeyama
ဇာတ်ညွှန်းNatto Wada
သရုပ်ဆောင်များRentaro Mikuni
Shôji Yasui
Jun Hamamura
ဂီတမှူးAkira Ifukube
ဖြန့်ချိသူBrandon Films
ဖြန့်ချိသည့်နေ့စွဲ21 January 1956
(ဂျပန်)
28 April 1967
(အမေရိကန်)
ကြာချိန်၁၁၆မိနစ်


The Burmese Harp (သို့) Harp of Burma၊ ဂျပန်ဘာသာဖြင့် (ビルマの竪琴 Biruma no tategoto)၊ မြန်မာ ဘာသာဖြင့် "ဗမာ့စောင်း" သည် ဒါရိုက်တာ Kon Ichikawa ရိုက်ကူးသော စစ်ဆန့်ကျင်ရေး အဖြူအမဲ ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်စုကို ဇာတ်အိမ်တည်ထားကာ မြန်မာပြည်တွင် လာရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရိုက်ကွင်းများအတွက် အေဝမ်း ရုပ်ရှင်မှ ကူညီပေး ခဲ့သည်။ ဤရုပ်ရှင်ဇာတ်ကား သည်ဒါရိုက်တာ Kon Ichikawa အား ကမ္ဘာသိစေခဲ့ သည့်အပြင် အော်စ ကာဆု နောက်ဆုံး စကာတင် စာရင်းဝင်ခဲ့သည်။ ၁၉၈၅ခုနှစ်တွင် အထက်ပါ ဒါရိုက်တာမှ သရုပ် ဆောင် သစ်များ အသုံးပြုကာ ဆေးရောင်စုံ ပြန်လည် ရိုက်ကူးခဲ့သည်။

ဇာတ်လမ်းအကျဉ်း

[ပြင်ဆင်ရန်]

အရာခံဗိုလ် Mizushimaသည် ဗိုလ်ကြီး Inouye၏ တပ်စိတ်မှ ဖြစ်ပြီး မြန်မာစကားအား ကျွမ်းကျင်စွာ ပြောဆိုနိုင် သည်သာမက မြန်မာလူမျိုး နှင့်ပါ ရုပ်ချင်းတူ သူဖြစ်သည်။ ထို့အပြင် မြန်မာ့စောင်းကောက်ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူ လည်းဖြစ်သည်။ Mizushima သည် မြန်မာ စစ်မြေပြင် တွင် တိုက်ခိုက်ရင်း တပ်စု စိတ်ဓာတ် မြှင့်တင်းရေး အတွက် သာမက အမိမြေကိုလွမ်းသည့် အကြောင်းများကို စောင်း ကောက်တီးကာ သီချင်းဆို လေ့ရှိသည်။ တပ်စု တစ်စုလုံး ရွာတစ်ရွာ အရောက်တွင် ဂျပန်တို့ ချွင်းချက် မရှိ လက်နက်ချကြောင်း ကြားသိ ရသည်။ ထို့ကြောင့် ထိုသတင်းကို မသိသေးပဲ တောင်ပေါ်တွင် ဆက် လက်တိုက်ပွဲ ဝင်နေသည့် ဂျပန်တပ်စိတ် တစ်စိတ် ကို သတင်းပေးရန် Mizushima ဆုံးဖြတ်ခဲ့သည်။

ဗြိတိသျှတို့ဘက်မှ မိနစ်၃၀ အပစ်အခတ်ရပ်ပေး ချိန်တွင် ထိုတပ်စိတ် ခိုအောင်းရာ ဂူတွင်းသို့ ဝင်၍ လက်နက် ချရန် ဖျောင်းဖျခဲ့ရာ လက်မခံ ကြပေ။ သို့ဖြစ်၍ Mizushimaမှ တိုတပ်စိတ် အစား အလံဖြူတက်ပြ ရာတွင် အထင်အမြင်လွဲကာ မေ့မျောအောင် ဝိုင်းဝန်း ထိုးကြိတ် ပြီး ဂူထဲတွင် ပစ်ထားခဲ့ကြသည်။ မိနစ်၃ဝပြည့်၍ ဗြိတိသျှတို့က လက်နက် ကြီးဖြင့် ပစ်ခတ်ရာ ထိုတပ်စိတ် တစ်စိတ်လုံး သေးဆုံးသွား ခဲ့ပြီးဂူထဲ တွင်မေ့မျော ကျန်ခဲ့သူ Mizushima သာ အသက်ရှင် ကျန်ရစ် ခဲ့သည်။

ဗိုလ်ကြီး Inouyeနှင့် တပ်စိတ်လည်း Mizushima သေဆုံးပြီ အထင်နှင့် မုဒုံရှိ စစ်သုံ့ပန်း စခန်းသို့ လိုက်ပါသွား သည်။ Mizushima သည်မုဒုံရောက် သူ၏တပ်စိတ်နှင့် ပြန်လည်တွေ့ဆုံ နိုင်ရန် ရဟန်း အယောင်ဆောင်ကာ ခြေလျင်ခရီး နှင်လေသည်။ လမ်းတစ်လျှောက် နေရာအနှံအပြား တွင် အစုလိုက် အပြုံလိုက်သေဆုံး နေကြသော ဂျပန်စစ်သား အလောင်းများကို မြင်တွေ့ရာမှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရန် သူ့တာဝန်သာ ဖြစ်ကြောင်း စဉ်းစား မိသည်။ ထို့ကြောင့် Mizushima သည် လမ်းတစ်လျှောက် မြင်မကောင်းအောင် သေဆုံးနေကြသော ဂျပန်စစ်သား အလောင်းများကို တစ်ဦးတည်း လိုက်လံမြုပ်နှံ သင်္ဂြိုဟ်ရင်း မုဒုံသို့ ရောက်ရှိ လာခဲ့သည်။ သို့သော် မုဒုံ အရောက်တွင် ၎င်း၏တပ်နှင့် အတူဂျပန် မပြန်လိုတော့ပဲ ကျန်ရှိနေသေးသော အလောင်းများကို လိုက်လံ မြုပ်နှံရင်း ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ ရဟန်းအဖြစ်ဖြင့် မြန်မာပြည်တွင် နေရစ် ခဲ့တော့သည်။

သရုပ်ဆောင်များ

[ပြင်ဆင်ရန်]
အမည်ဇာတ်ကောင်
Rentaro Mikuniဗိုလ်ကြီး Inouye
Shoji Yasuiအရာခံဗိုလ် Mizushima
Jun Hamamuraတပ်သား Ito
Taketoshi Naitoတပ်သား Kobayashi
Ko Nishimuraဘာဘာ ( Akira Nishimura)

ရရှိခဲ့သည့် ဆုနှင့်စကာတင်စာရင်းများ

[ပြင်ဆင်ရန်]
  • ၁၉၅၇ အော်စကာဆု၊ အကောင်းဆုံး နိုင်ငံခြားဘာသာ စကားပြောရုပ်ရှင် (နောက်ဆုံးစကာတင်စာရင်း)။
  • ၁၉၅၇ Mainichi film၊ အကောင်းဆုံး နောက်ခံဂီတ Akira Ifukube။
  • ဗင်းနစ် ရုပ်ရှင်ပွဲတော်၊ OCIC Award၊ ဂုဏ်ထူးဆောင်ဆု Kon Ichikawa။
  • ဗင်းနစ် ရုပ်ရှင်ပွဲတော်၊ San Giorgioဆု၊ Kon Ichikawa။
  • ဗင်းနစ် ရုပ်ရှင်ပွဲတော်၊ ရွှေခြင်္သေ့ဆု၊ Kon Ichikawa (နောက်ဆုံးစကာတင်စာရင်း)။