ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်
| ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်် Burma National Revolution Army | |
|---|---|
အလံတော် | |
| ခေါင်းဆောင် | ဗိုလ်နဂါး |
| စတင်လှုပ်ရှားခြင်း | ဇန်နဝါရီ ၁၊ ၂၀၂၂ |
| ဖျက်သိမ်းခြင်း | ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ |
| ပေါင်းစည်းခဲ့မှု | ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် |
| နိုင်ငံ | မြန်မာနိုင်ငံ |
| သစ္စာခံ | |
| အုပ်စု(များ) |
|
| လှုပ်ရှားနယ်မြေ | ပုလဲမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
| မဟာမိတ် |
|
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (အင်္ဂလိပ်: Burma National Revolution Army, အတိုကောက် BNRA) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် အခြေစိုက်သော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဗိုလ်နဂါးက ဦးဆောင်ခဲ့သည်။[၂] ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။[၃][၄][၅]
အမည်ပြောင်းလဲခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်သော ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပူးပေါင်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (Burma National Revolution Army) အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။[၆][၇]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အခြားတော်လှန်ရေးအုပ်စုများနှင့်ပူးပေါင်းကာ ဇီးဖြူကုန်းရွာနှင် အင်မထီးရွာအနီးရှိ စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စိစစ်သားနှင့် ပျူစောထီး ၄၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်က ထုတ်ပြန်ခဲ့သည်။[၈][၉]
၂၀၂၂ ခုနှစ်၊ ဧပြီလအကုန်တွင် တပ်မတော်နှင့် ပျူစောထီးများ၏ ရှေ့ပြေးစခန်းအနည်းငယ်ကို တိုက်ခိုက်ခဲ့သည်။ မြန်မာ့တော်ဝင်နဂါးတပ်တော်သည် ရွာများအား ဝင်ရောက်စီးနင်းခြင်း၊ ရွာသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများကိုလည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။[၁၀]
လက်နက်ချခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်များသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ တပ်စခန်းနှစ်ခုကို တရားမဝင်ဂိတ်များ ဖွင့်လှစ်ထားသည်ဟု စွပ်စွဲကာ ဝင်ရောက်စီးနင်းခဲ့ကြသည်။ ယင်းဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် နှစ်ဖက်တပ်ဖွဲ့များအကြား တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် BNRA တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ် က BNRA မှ ကျူးလွန်ခဲ့သည်ဟု ဆိုသော ရာဇဝတ်မှုများအပါအဝင် အမှုအခင်းများကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း မီဒီယာများအားဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် BNRA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်နဂါးသည် မိသားစုဝင်များနှင့်အတူ လက်နက်များကို ကိုင်ဆောင်ကာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တပ်မတော်တပ်စခန်းတစ်ခုသို့ လက်နက်ချခဲ့သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့တော်ဝင်နဂါးတပ်တော်(ရန်ကုန်)နှင့် မြန်မာ့အမျိုးသားကာကွယ်ရေးတပ်မတော် မဟာမိတ်ဖွဲ့စည်း (27 ဧပြီ 2022)။ 6 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ မေ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ "PDF ခေါင်းဆောင် ဗိုလ်နဂါးဒေသမှာ စစ်ကောင်စီက လေကြောင်းကပါ ဖိတိုက်နေ" (in my)၊ Radio Free Asia၊ 16 January 2022။
- ↑ မြန်မာ့တော်ဝင်နဂါးတပ်တော်(ရန်ကုန်)နှင့် မြန်မာ့အမျိုးသားကာကွယ်ရေးတပ်မတော် မဟာမိတ်ဖွဲ့စည်း (27 April 2022)။ 6 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "Guerrilla force ambushes Myanmar military convoy and base in Sagaing" (in en)၊ Myanmar NOW၊ 13 May 2022။
- ↑ "Interview | Myanmar Resistance Leader in Sagaing Says Monsoon Will Bring Victories"၊ The Irrawaddy၊ 13 June 2022။
- ↑ "စက်တင်ဘာ ၉ ရက်ထိပ်တန်းသတင်းများ -" (in my)၊ BBC News မြန်မာ၊ ၉ စက်တင်ဘာ ၂၀၂၃။
- ↑ "ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်ဖွဲ့စည်း၊ စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေး"၊ MoeMaKa Media၊ ၁၀ စက်တင်ဘာ ၂၀၂၃။
- ↑ "Myanmar Royal Dragon Army attacked the Junta-Pyusawhtee forces in Pale, 9 killed and many injured – Tha Din"၊ Thadinn၊ 31 March 2022။ 30 May 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 11 September 2022။
- ↑ "45 Myanmar junta soldiers killed in ambush near Sagaing's Pale Township" (in en)၊ Mizzima၊ 4 June 2022။
- ↑ "Rebel Group Demands Increased Attacks on Myanmar Junta and Collaborators"၊ The Irrawaddy၊ 20 April 2022။
- ↑ ဗိုလ်နဂါးနဲ့ မိသားစု လက်နက်တွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်။ ဘီဘီစီမြန်မာပိုင်း (၁၈ ဖေဖော်ဝါရီ ၂၀၂၆)။ ၁၈ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။