မာတိကာသို့ ခုန်သွားရန်

ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတ

ဝီကီပီးဒီးယား မှ
ဗင်နီဇွဲလားနိုင်ငံ ၏ သမ္မတ
သမ္မတ အထိမ်းအမှတ်တံဆိပ်
သမ္မတအလံ
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဒယ်လ်စီ ရိုဒရီဂွက်ဇ်

၅ ဇန်နဝါရီ ၂၀၂၆ မှစ၍
ပုံစံသမ္မတ အုပ်ချုပ်မှု
အဖွဲ့ဝင်ဝန်ကြီးအဖွဲ့
စံအိမ်သမ္မတအိမ်တော်
ရုံးတည်နေရာကာရာကပ်စ်မြို့ဗင်နီဇွဲလားနိုင်ငံ
ခန့်အပ်သူပြည်သူ့မဲပေးခြင်း
သက်တမ်း၆ နှစ် (အကြိမ်ရေကန့်သတ်မရှိ)
ဖွဲ့စည်းပုံ အခြေခံဥပဒေဗင်နီဇွဲလား ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၉၉)
စတင်ထမ်းဆောင်သူဟိုဆေး အန်တိုနီယို ပါအက်စ် José Antonio Páez
ဖွဲ့စည်းခြင်း၁၈၃၀ ဇန်နဝါရီ ၁၃; ၁၉၆ နှစ် အကြာက (၁၃-၀၁-1830)
ဝက်ဘ်ဆိုဒ်presidencia.gob.ve

ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတ သည် ဗင်နီဇွဲလားနိုင်ငံ၏ အုပ်ချုပ်ရေးအကြီးအကဲနှင့် အစိုးရခေါင်းဆောင်ဖြစ်သည်။သမ္မတသည် ဗင်နီဇွဲလားအစိုးရကို ဦးဆောင်ကာ ဗင်နှဇွဲလားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ဖြစ်သည်။[]ဗင်နီဇွဲလားနိုင်ငံ၏ ၁၉၉၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် သမ္မတရာထူးသက်တမ်းကို ခြောက်နှစ်သတ်မှတ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် သမ္မတသက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ သည် စပိန်နိုင်ငံမှ ၁၈၁၁ ခုနှစ် တွင် လွတ်မြောက်ခဲ့ပြီးနောက်၊ ဗင်နီဇွဲလာလွတ်လပ်ရေးကြေညာချက်အတွင်း သမ္မတရာထူးကို ဖန်တီးခဲ့သည်။ ပထမဆုံးသမ္မတသည် Cristóbal Mendoza ဖြစ်သည်။ ၁၈၂၁ ခုနှစ်မှ ၁၈၃၀ ခုနှစ်အထိ ဗင်နီဇွဲလား သည် Gran Colombia ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ခဲ့သည်။

Gran Colombia သည် ၁၈၁၉ ခုနှစ်တွင် Simón Bolívar၏ အုပ်ချုပ်မှုအောက်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့နိုင်ငံကြီးတစ်ခုဖြစ်သည်။Simón Bolívar (၁၇၈၃–၁၈၃၀) သည် လက်တင်အမေရိကနိုင်ငံများ၏ လွတ်လပ်ရေးအတွက် အရေးပါသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။Bolívar သည် စပိန်အုပ်ချုပ်မှုမှ အမေရိကနိုင်ငံများကို လွတ်မြောက်စေရန် စစ်ဆင်ရေးများ ဦးဆောင်ခဲ့ပြီး၊ Gran Colombia ကို ၁၈၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သူ ဖြစ်သည်။ ဤအဖွဲ့နိုင်ငံတွင် ကိုလံဘီယာအီကွေဒေါပီရူးနှင့် ဗင်နီဇွဲလား နယ်မြေများ ပါဝင်ခဲ့သည်။

၁၈၃၀ ပြည့်နှစ်တွင် Gran Colombia အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အထက်ပါနိုင်ငံများသည် လွတ်လပ်နိုင်ငံများအဖြစ် တစ်နိုင်ငံချင်းစီ ရပ်တည်ခဲ့ကြသည်။[]

ထိုကာလအတွင်း ဗင်နီဇွဲလား၏ အရေးအရာများကို ကိုလံဘီယာမြို့ Bogotá ၌ရှိသည့် အစိုးရက လက်ခံခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံသည် Gran Colombia မှ လွတ်လပ်လာသောအခါတွင် သမ္မတရာထူးကို José Antonio Páez လက်ထက်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုအချိန်မှစ၍ ဗင်နီဇွဲလားနိုင်ငံ၏ အကြီးအကဲတိုင်းသည် သမ္မတရာထူးကို ရယူထားကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. "El Tribunal Supremo de Justicia de Venezuela declara "inconstitucional" a la Asamblea Nacional y anula el nombramiento de Juan Guaidó como su presidente"။
  2. Emmott၊ Robin။ "EU no longer acknowledges Venezuela's Guaido as interim president" (in en)၊ Reuters၊ 6 January 2021။
  3. "Guaidó, the Face of Opposition in Venezuela, May Be on His Way Out"၊ The New York Times၊ 22 December 2022။