ဗကဗြဟ္မသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ဗကဗြဟ္မာအား “သဿတဒိဋ္ဌိ” ဖြစ်နေပုံ သိမြင်တော်မူခြင်းကြောင့် ပဌမဈာန်ဗြဟ္မာဘုံမှ ဗကဗြဟ္မာ ထံသို့ကြွရောက်၍ သဿတအယူကို ပယ်စွန့်စေတော်မူပြီး ဗကဗြဟ္မာ၏ မေးလျှောက် ချက်အရ အတိတ်ဘဝ ဆင်းရဲဒုက္ခရောက်နေကြသောလူတို့ကို ကယ်ဆယ်ပြီး ချမ်းသာရာရစေခဲ့သည့်အကြောင်းများကို ဗကဗြဟ္မာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၄၄-၆။ သံ၊မြန်၊၁၊၁၄-၉။ သံ၊ဋ္ဌ၊၁၊၁၉၀-၄။ သံ၊ဋီ၊၁၊၂၄၁-၃။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ