ဖြစ်ခြင်းဗေဒ

ဝီကီပီးဒီးယား မှ

အခြေခံတို့ကိုမှ နက်နဲစွာ နှိုက်ကြံစဉ်းစားသော ဒဿနိကဗေဒအပိုင်းရှိ ဖြစ်ခြင်း (သို့) ဖြစ်သည် (လက်တင်: identitas, "တူညီမှု (ဝါ) တခုတည်းသောအရာ ဖြစ်နေမှု" မှဆင်းသက်လာသော identity) ဆိုသည့် ကြိယာ(verb)အဖို့ ကတ္တားပုဒ်နှင့် ကတ္တားအဖြည့်အပုဒ်က ထပ်တူကျသည့် တခုတည်းသော အရာ ဖြစ်ကောင်းဖြစ်နေရမည်၊ ဥပမာအားဖြင့် "မောင်မောင်က မောင်မောင် ဖြစ်သည်" ဟု ဆိုရမည်ဖြစ်လေရာ "မောင်မောင်"ကိုယ်တိုင်မှ "မောင်မောင်"ကိုယ်တိုင်ထံသို့သာ ဆက်သွယ်နိုင်သည့် ကြိယာ၊ အခြင်းအရာ၊ ဆက်သွယ်ချက် ဖြစ်လေသည်။[၁][၂]
သို့ဖြစ်၍ ဤသည်နှင့် ဆက်စပ်တွေးခေါ်ဖွယ်ရာတို့မှာ က နှင့် ဆိုသော အရာတို့က ရှိသည့် သဘောသတ္တိများ အကုန်ချွတ်စွတ် တူနေသည်ဟု ဆိုလျှင် ၎င်းတို့က တခုတည်းသော အရာ ဖြစ်သလော ထပ်တူဆင်သော အရာ ၂ခု ဖြစ်သလော စသည့် သဘောတရား ရေးရာ ပြန်ကြံစဉ်းစားဖွယ်ရာများ ဖြစ်ပေမည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. Stanford Encyclopedia of Philosophy: "Identity", First published Wed 15 Dec 2004; substantive revision Sun 1 Oct 2006.
  2. Audi၊ Robert (1999)။ "identity"။ The Cambridge Dictionary of Philosophy။ Cambridge University Press။