ဖောင်တဲန်ဘလို နန်းတော်
ပုံပန်းသွင်ပြင်
| ဖောင်တိန်ဘလူး နန်းတော်နှင့် ဥယျာဉ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | ii,vi |
| ကိုးကား | ၁၆၀ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဖောင်တိန်ဘလူး နန်းတော် သို့မဟုတ် ရှာတူး ဒီ ဖောင်တိန်ဘလူး သည် ပြင်သစ်နိုင်ငံ ပါရီမြို့၏ အရှေ့တောင်ဘက် ၃၄မိုင် (၅၅ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး ဖောင်တိန်ဘလူး ကွန်မြူးန် (မြို့နယ်) အတွင်း တည်ရှိကာ ပြင်သစ်ရှိ အကြီးမားဆုံးသော ရှက်တူးခေါ် စံအိမ်တော် များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ အလယ်ခေတ် ရဲတိုက် နှင့် နောက်ဆက်တွဲ နန်းတော်များသည် ပြင်သစ်ဘုရင်များ၏ စံအိမ်တော် ဖြစ်ခဲ့ပြီး လူဝီ ၇ ဘုရင်မှ အစပြု၍ နပိုလီယန် ၃ အထိ နေထိုင်ခဲ့ကြသည်။ ယခုအခါ အမျိုးသား ပြတိုက်နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။