ဖုခုအိုခခရိုင်
| ဖုခုအိုခခရိုင် 福岡県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 福岡県 | ||
| • Rōmaji | Fukuoka-ken | ||
Aerial view of Seaside Momochi with the Fukuoka Tower and Momochi Seaside Park in the center and Mizuho PayPay Dome Fukuoka to the left side | |||
| |||
| အထိမ်းအမှတ်သီချင်း: 希望の光 Kibō no Hikari "Light of Hope" | |||
| ကိုဩဒိနိတ်: 33°36′N 130°35′E / 33.600°N 130.583°Eကိုဩဒိနိတ်: 33°36′N 130°35′E / 33.600°N 130.583°E | |||
| Country | Japan | ||
| Region | Kyushu | ||
| Island | Kyushu | ||
| Capital | Fukuoka | ||
| Subdivisions | Districts: 12, Municipalities: 60 | ||
| အစိုးရ | |||
| • Governor | Seitaro Hattori[၁] (since April 2021) | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၄၉၈၆.၅၂ စတုရန်းကီလိုမီတာ (၁၉၂၅.၃၁ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 29th | ||
| လူဦးရေ (October 1, 2025) | |||
| • စုစုပေါင်း | ၅၀၈၁၈၇၉ | ||
| • အဆင့် | 8th | ||
| • သိပ်သည်းမှု | ၁၀၂၁/km၂ (၂၆၄၀/sq mi) | ||
| • Dialects | Chikuzen・Buzen・Chikuho | ||
| GDP[၂] | |||
| • Total | JP¥20,187 billion US$149.1 billion (2022) | ||
| ISO 3166 ကုဒ် | JP-40 | ||
| ဝဘ်ဆိုက် | www.pref.fukuoka.lg.jp/somu/ multilingual/english/top.html | ||
ဖုခုအိုခခရိုင် (福岡県, Fukuoka-ken[၃]}}[၄]) သည် ဂျပန်နိုင်ငံ၊ ခယူးရှူးကျွန်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ လူဦးရေ ၅,၀၈၁,၈၇၉ ဦး (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အရ) ရှိသည်။ ဧရိယာ ၄,၉၈၆ စတုရန်းကီလိုမီတာ (၁,၉၂၅ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဖုခုအိုခခရိုင်သည် အနောက်တောင်ဘက်တွင် ဆဂခရိုင်၊ တောင်ဘက်တွင် ခုမမိုတိုခရိုင်၊ အရှေ့တောင်ဘက်တွင် အိုးအိတခရိုင်တို့ တည်ရှိသည်။[၅]
ဖုခုအိုခမြိုု့သည် ခရိုင်မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ထို့အပြင် ခယူးရှူးကျွန်းတစ်ခုလုံးတွင်လည်း အကြီးဆုံးမြို့ ဖြစ်သည်။ ခရိုင်၏ အဓိကကျသည့် အခြားမြို့များမှာ ခိတခယူးရှူးမြို့၊ ခုရုမဲမြို့နှင့် အိုးမုတမြို့တို့ ဖြစ်သည်။ ခရိုင်သည် ခယူးရှူးကျွန်း၏ မြောက်ဘက်ဆုံးအပိုင်းတွင် တည်ရှိသည်။[၆]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]
ဖုခုအိုခခရိုင်သည် မျက်နှာစာသုံးဘက်တွင် ပင်လယ်များနှင့် မျက်နှာချင်းဆိုင်တည်ရှိပြီး ဆဂခရိုင်၊ အိုးအိတခရိုင်နှင့် ခုမမိုတိုခရိုင်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့အပြင် ခန်းမွန်းရေလက်ကြားခြားပြီး ယမဂုချိခရိုင်နှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည်။
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% p.a. |
| 1890 | ၁၂၃၆၀၁၅ | — |
| 1903 | ၁၅၇၁၁၅၈ | +1.86% |
| 1913 | ၁၉၂၆၄၁၇ | +2.06% |
| 1920 | ၂၁၈၈၂၄၉ | +1.84% |
| 1925 | ၂၃၀၁၆၆၈ | +1.02% |
| 1930 | ၂၅၂၇၁၁၉ | +1.89% |
| 1935 | ၂၇၅၅၈၀၄ | +1.75% |
| 1940 | ၃၀၉၄၁၃၂ | +2.34% |
| 1945 | ၂၇၄၆၈၅၅ | −2.35% |
| 1950 | ၃၅၃၀၁၆၉ | +5.15% |
| 1955 | ၃၈၅၉၇၆၄ | +1.80% |
| 1960 | ၄၀၀၆၆၇၉ | +0.75% |
| 1965 | ၃၉၆၄၆၁၁ | −0.21% |
| 1970 | ၄၀၂၇၄၁၆ | +0.31% |
| 1975 | ၄၂၉၂၉၆၃ | +1.29% |
| 1980 | ၄၅၅၃၄၆၁ | +1.19% |
| 1985 | ၄၇၁၉၂၅၉ | +0.72% |
| 1990 | ၄၈၁၁၀၅၀ | +0.39% |
| 1995 | ၄၉၃၃၃၉၃ | +0.50% |
| 2000 | ၅၀၁၅၆၉၉ | +0.33% |
| 2005 | ၅၀၄၉၉၀၈ | +0.14% |
| 2010 | ၅၀၇၁၉၆၈ | +0.09% |
| 2015 | ၅၁၀၂၈၇၁ | +0.12% |
| 2020 | ၅၁၃၅၂၁၄ | +0.13% |
| 2025 | ၅၀၈၁၈၇၉ | −0.21% |
| source:[၇][၈] | ||
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခရိုင်၏ ကုန်းမြေဧရိယာ ၁၈ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များအဖြစ် ရှိနေသည်။ ၎င်းတို့မှာ ဆဲတိုနိုင်းခိုင်းအမျိုးသားဥယျာဉ်၊ ဂန်းခိုင်း၊ ခိတခယူးရှူးနှင့် ယဘ -- ဟိတ - ဟိုခိုဆန်အမျိုးသားဥယျာဉ်၊ ချူးဂိုခုဂဝ၊ ချိခုဟိုး၊ ဒဇိုင်းဖု၊ ဆဲဖုရိရိုင်းဇန်နှင့် ယဘဲဂဝစီရင်စုအမျိုးသားဥယျာဉ်များတို့ ဖြစ်သည်။[၉]
ဖုခုအိုခခရိုင်တွင် ခယူးရှူးကျွန်း၏ အကြီးဆုံးမြို့နှစ်ခု တည်ရှိသည်။ ဖုခုအိုခခမြို့နှင့် ခိတခယူးရှူးမြို့တို့ ဖြစ်သည်။ ထို့အပြင် ခယူးရှူးကျွန်း၏ လုပ်ငန်းအများစုသည်လည်း ဖုခုအိုခခရိုင်တွင် တည်ရှိသည်။ ခယူးယူးကမ်းခြေမြောက်ပိုင်းအနီးရှိ ကျွန်းငယ်များသည်လည်း ခရိုင်အတွင်း တည်ရှိနေသည်။
မြို့များ
[ပြင်ဆင်ရန်]ဖုခုအိုခခရိုင်တွင် မြို့ပေါင်း ၂၉ မြို့ ရှိသည်။ ၎င်းတို့မှာ -
| အမည် | ဧရိယာ (km2) | လူဦးရေ | မြေပုံ | |
|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | |||
| 朝倉市 | 246.71 | 50,488 | ||
| 豊前市 | 111.10 | 23,844 | ||
| 筑後市 | 41.78 | 49,259 | ||
| 筑紫野市 | 87.73 | 106,513 | ||
| 太宰府市 | 29.60 | 71,505 | ||
| 福岡市 | 343.39 | 1,603,543 | ||
| 福津市 | 52.76 | 68,834 | ||
| 飯塚市 | 213.96 | 124,757 | ||
| 糸島市 | 215.69 | 103,655 | ||
| 嘉麻市 | 135.11 | 34,800 | ||
| 春日市 | 14.15 | 111,840 | ||
| 北九州市 | 491.95 | 902,358 | ||
| 古賀市 | 42.07 | 59,282 | ||
| 久留米市 | 229.96 | 295,367 | ||
| みやま市 | 105.21 | 34,907 | ||
| 宮若市 | 139.99 | 26,447 | ||
| 宗像市 | 119.94 | 96,786 | ||
| 那珂川市 | 74.95 | 49,400 | ||
| 中間市 | 15.96 | 39,366 | ||
| 直方市 | 61.76 | 55,151 | ||
| 小郡市 | 45.51 | 59,590 | ||
| 大川市 | 33.62 | 31,605 | ||
| 大牟田市 | 81.45 | 106,393 | ||
| 大野城市 | 26.89 | 102,818 | ||
| 田川市 | 54.55 | 45,389 | ||
| うきは市 | 117.46 | 27,723 | ||
| 八女市 | 482.44 | 37,782 | ||
| 柳川市 | 77.15 | 62,268 | ||
| 行橋市 | 70.06 | 72,376 | ||
- Fukuoka City
- Tobata, Kitakyushu
- Kurume
- Omuta
မြို့ငယ်နှင့် ရွာများ
[ပြင်ဆင်ရန်]ဖုခုအိုခခရိုင်ရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများ တည်ရှိသည်။
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]ဖုခုအိုခရိုင်သည် ဂျပန်နိုင်ငံ၏ အဓိကကျသည့် စီးပွားရေးလုပ်ငန်းဒေသများထဲမှ တစ်ခု ဖြစ်သည်။ ခယူးရှူးကျွန်းတစ်ခုလုံးစာ စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းသည် ဖုခုအိုခခရိုင်တွင် တည်ရှိသည်။[၁၀] ခရိုင်၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၁၅၄ ဘီလီယံ ရှိသည်။ ဤပမာဏသည် အလယ်အလတ်အရွယ်အစားရှိ နိုင်ငံတစ်ခု၏ ဂျီဒီပီနှင့် နှိုင်းယှဉ်နိုင်သည့် ပမာဏ ဖြစ်သည်။ ခရိုင်အတွင်းရှိ လုပ်ငန်းများတွင် မော်တော်ယာဉ်၊ တပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းနှင့် စတီးလုပ်ငန်းများ ပါဝင်သည်။ ဖုခုအိုခခရိုင်တွင် Bridgestone ကုမ္ပဏီ တည်ရှိသည်။ ထို့အပြင် လျှပ်စစ်ထုတ်ကုန်များ ထုတ်လုပ်သည့် ကုမ္ပဏီများလည်း ရှိသည်။[၁၁][၁၂]
ဖုခုအိုခခရိုင်တွင် အောက်ပါထင်ရှားသည့် ကုမ္ပဏီများသည် ရုံးစိုက်ထားသည်။ [၁၃]
- TOTO Ltd. (founded in 1917)
- Yasukawa Electric Corporation (founded in 1915)
- PIETRO Co., Ltd. (founded in 1980)
- ZENRIN CO., Ltd. (founded in 1949)
- SANIX INCORPORATED (founded in 1975)
- HASEGAWA Co.Ltd. (founded in 1929)
- Plenus Co., Ltd. (founded in 1976)
- LEVEL-5 Inc. (founded in 1998)
- Star Flyer Inc. (founded in 2002)
- DAIICHI KOUTSU SANGYO Co., Ltd. (founded in 1960)
- Shabondama Soap Co., Ltd. (founded in 1910)
- MoonStar Company. (founded in 1873)
- Shinoken Group. Co., Ltd. (founded in 1990)
တက္ကသိုလ်များ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်ငါးခုတွင် ပါဝင်သည့် ခယူးရှူးတက္ကသိုလ်သည် ဖုခုအိုခခရိုင်တွင် တည်ရှိသည်။
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ခန့်မှန်းချက်များအရ ဖုခုအိုခခရိုင်တွင် နေထိုင်သူသည် ၅,၁၁၁,၄၉၄ ဦး ရှိသည်။ ဤအရေအတွက်သည် ဂျပန်နိုင်ငံရှိ ခရိုင်နှင့် စီရင်စု ၄၇ ခုထဲတွင် ၉ ခုမြောက် အများဆုံး ဖြစ်သည်။ ထို့အပြင် ဖုခုအိုခခရိုင်သည် လူဦးရေ တဖြည်းဖြည်း မြင့်တက်လာနေသည့် ခရိုင်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။[၁၄]
၂၀၂၀ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ဖုခုအိုခခရိုင်၏ လူဦးရေသည် ၅,၁၃၅,၂၁၄ ဦး ရှိခဲ့သည်။ ခရိုင်လူဦးရေသည် ဆယ်စုနှစ်များစွာ တိုးတက်လာခဲ့ပြီးနောက် မကြာသေးမီကာလတွင် အကျဘက်သို့ ဦးတည်လာခဲ့သည်။ ၂၀၂၃ ခုနှစ် အမျိုးသားလူဦးရေနှင့် လုံခြုံရေးသုတေသနအဖွဲ့ (IPSS) ၏ ခန့်မှန်းချက်အရ ခရိုင်၏ လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် ၅,၀၈၈,၀၀၀ ဦးအထိ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။ ထိုအဖွဲ့ကပင် ၂၀၃၀ ပြည့်နှစ်တွင် ခရိုင်လူဦးရေသည် ၅ သန်းအောက်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။[၁၅][၁၆]
၂၀၂၅ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ဖုခုအိုခခရိုင်၏ လူဦးရေသည် ၅,၀၈၁,၈၇၉ ဦး ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်ကာလမှရေတွက်ပါက လူဦးရေ ၅၃,၃၃၅ ဦးဖြင့် ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဖုခုအိုခခရိုင်သည် ဂျပန်နိုင်ငံ၏ ကိုးခုမြောက်လူဦးရေအများဆုံးမှ ၈ ခုမြောက်အဖြစ် တက်လာခဲ့သည်။[၁၇]
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]


ခရီးသွားများအကြား အထင်ရှားဆုံးမှာ ဖုခုအိုခမြို့ ဖြစ်သည်။ အထူးသဖြင့် မြို့တွင် ကျင်းပသည့် ဒွန်းတခုပွဲတော်သို့ ရွှေရောင်ရက်သတ္တပတ် (Golden Week) တွင် ဂျပန်နိုင်ငံတဝှမ်းမှ ခရီးသွားများ လာရောက်ကြသည်။ ဖုခုအိုခမြို့သည် ခယူးရှူးကျွန်းတွင်ဈေးဝယ်နေရာ၊ စားသောက်ခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးတို့တွင် အဓိကကျသည်။[၁၈]
ဒဇိုင်းဖုမြို့ (Dazaifu) သည် များစွာသောကျောင်းတော်များနှင့် သမိုင်းဝင်နေရာများ ရှိသဖြင့် ထင်ရှားသည်။ ထို့အပြင် ခယူးရှူးအမျိုးသားပြတိုက်လည်း ရှိသည်။[၁၉]
ယနဂဝမြို့ကို တစ်ခါတရံ "ဂျပန်နိုင်ငံ၏ ဗင်းနစ်မြို့" ဟု တင်စားခေါ်ဝေါ်ကြသည်။ မြို့တွင် လှေဖြင့်ခရီးသွားလာနိုင်သည့်နေရာများ ပေါများသည်။ တည်ငြိမ်စွာစီးဆင်းနေသည့် မြစ်များမှတဆင့် မြို့ကို ဖြတ်သန်းလှည့်လည်ကြည့်ရှုနိုင်သည်။
ခိတခယူးရှူးမြို့သည်လည်း ခရီးသွားများအကြား ထင်ရှားသည်။ ဆရခုရတောင်ပေါ်မှ ကြည့်ရသည့် မြို့၏ ညမြင်ကွင်းသည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့်မြင်ကွင်းများထဲမှ တစ်ခု ဖြစ်သည်။ တောင်ပေါ်သို့ ကေဘယ်ကား စီးနင်းကာ တက်ရောက်နိုင်သည်။ မိုဂျိခုဧရိယာတွင် ရေပြင်ကို ကြည့်ရှုခံစားရင်း စားနိုင်သည့် ဆိုင်များ၊ ဈေးတစ်ခုနှင့် ကာကွယ်စောင့်ရှောက်ထာသည့် သမိုင်းဝင်အဆောက်အဦများစွာ ရှိသည်။ ခန်းမွန်းခိုင်းခယောလိုဏ်ခေါင်းသည် ခယူးရှူးကျွန်း (မိုဂျိရပ်ကွက်၊ ခိတခယူးရှူးမြို့) နှင့် ဟွန်းရှူးကျွန်း (ရှိမိုနိုဆဲခိမြို့) တို့ကို ချိတ်ဆက်ထားပြီး အခမဲ့လမ်းလျှောက်ဖြတ်ကူးနိုင်သည်။ ခိုခုရခိတရပ်ကွက်ရှိရာ မြို့လယ်တွင် မြစ်ကမ်းရှိ လျှောက်လမ်းများနှင့် အိဆွတ်ဆွတ်ဈေးဝယ်နေရာများ၊ ခိုခုရရဲတိုက်၊ အုအိုမချိဂင်းတန်းဂိုင်းဈေးဝယ်နေရာတို့ တည်ရှိသည်။[၂၀]
အမေရိကန်နိုင်ငံ၊ CNN က ထုတ်ပြန်ခဲ့သည့် "၂၀၁၉ ခုနှစ် လည်ပတ်ရန်အကောင်းဆုံးနေရာ ၁၉ ခု" တွင် ဖုခုအိုခခရိုင် ပါဝင်သည်။[၂၁]
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]- Hakata Ferry Terminal
မီးရထား
[ပြင်ဆင်ရန်]လေဆိပ်
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Hattori Elected Fukuoka Governor for 1st Time"၊ Jiji Press၊ April 12, 2021။
- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ September 24, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, Louis-Frédéric (2005). "Fukuoka-ken" in Japan Encyclopedia, p. 218, at Google Books.
- ↑ Population Census 2025 Population Census Preliminary Tabulation Preliminary Counts of the Population and Households1-1 Population by Sex - Japan, Prefectures, Municipalities | View Statistical Table/Graph (in en)။ 2026-06-18 တွင် ပြန်စစ်ပြီး။
- ↑ Nussbaum, Louis-Frédéric (2005). "Fukuoka" in Japan Encyclopedia, p. 218, at Google Books.
- ↑ Statistics Bureau of Japan။ November 8, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 21, 2019 တွင် ပြန်စစ်ပြီး။
- ↑ Population Census 2025 Population Census Preliminary Tabulation Preliminary Counts of the Population and Households1-1 Population by Sex - Japan, Prefectures, Municipalities | View Statistical Table/Graph (in en)။ 2026-06-18 တွင် ပြန်စစ်ပြီး။
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment (1 April 2012)။ April 21, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2013 တွင် ပြန်စစ်ပြီး။
- ↑ 九州のポテンシャル။ 福岡銀行။ May 16, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-16 တွင် ပြန်စစ်ပြီး။
- ↑ Fukuoka။ JETRO။ March 22, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-16 တွင် ပြန်စစ်ပြီး။
- ↑ Bridgestone Holds the Opening Ceremony for its Kitakyushu Plant။ Bridgestone (August 4, 2009)။ October 27, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 17, 2009 တွင် ပြန်စစ်ပြီး။
- ↑ 意外と知らない福岡に本社を置く有名企業13社 (2019-02-07)။ May 23, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-23 တွင် ပြန်စစ်ပြီး။
- ↑ List of cities that are exceeding the birth rate (13 November 2019)။ May 26, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 May 2022 တွင် ပြန်စစ်ပြီး။
- ↑ Regional Population Projections for Japan: 2020-2050 (in Japanese)။ National Institute of Population and Social Security Research။ 2026-01-08 တွင် ပြန်စစ်ပြီး။
- ↑ Fukuoka Prefecture Population Statistics (in Japanese)။ Fukuoka Prefectural Government။ 2026-01-08 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Population Census 2025 Population Census Preliminary Tabulation Preliminary Counts of the Population and Households1-1 Population by Sex - Japan, Prefectures, Municipalities | View Statistical Table/Graph (in en)။ 2026-06-18 တွင် ပြန်စစ်ပြီး။
- ↑ Hakata Dontaku Festival။ November 29, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 27, 2018 တွင် ပြန်စစ်ပြီး။
- ↑ 水の国 柳川။ November 29, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 27, 2018 တွင် ပြန်စစ်ပြီး။
- ↑ Uomachi-gintengai Street။ November 29, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 27, 2018 တွင် ပြန်စစ်ပြီး။
- ↑ CNN Travel's 19 best places to visit in 2019 (2 January 2019)။ May 16, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-16 တွင် ပြန်စစ်ပြီး။