ဖုခုအိခရိုင်
| ဖုခုအိခရိုင် 福井県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 福井県 | ||
| • Rōmaji | Fukui-ken | ||
Panoramic view of the Fukui plain, Fukui prefecture from the top of Monju | |||
| |||
| အထိမ်းအမှတ်သီချင်း: Fukui kenminka | |||
| Country | |||
| Region | Chūbu (Hokuriku) | ||
| Island | Honshū | ||
| Capital | Fukui | ||
| Subdivisions | Districts: 7, Municipalities: 17 | ||
| အစိုးရ | |||
| • Governor | Takato Ishida[၁] | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၄,၁၉၀.၄၉ စတုရန်းကီလိုမီတာ (၁၆၁၇.၉၆ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 35th[၂] | ||
| လူဦးရေ (February 1, 2025) | |||
| • စုစုပေါင်း | ၇၃၆,၈၅၅ | ||
| • အဆင့် | 43rd | ||
| • သိပ်သည်းမှု | ၁၇၆/km၂ (၄၆၀/sq mi) | ||
| GDP[၃] | |||
| • Total | JP¥3,494 billion US$25.9 billion (2022) | ||
| ISO 3166 ကုဒ် | JP-18 | ||
| ဝဘ်ဆိုက် | www.pref.fukui.jp/english/ | ||
ဖုခုအိခရိုင် (福井県, ဖုခုအိခန်း[၄]) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ချူးဘုဒေသတွင်ရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ ဖုခုအိခရိုင်တွင် လူဦးရေ ၇၃၇,၂၂၉ ဦး (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့) နေထိုင်ကြသည်။ ခရိုင်၏ မြေမျက်နှာသွင်ပြင်ဧရိယာသည် ၄၁၉၀ စတုရန်းကီလိုမီတာ (၁၆၁၇ စတုရန်းမိုင်) ရှိသည်။ ဖုခုအိခရိုင်သည် မြောက်ဘက်တွင် အိရှိခဝခရိုင်၊ အရှေ့ဘက်တွင် ဂိဖုခရိုင်၊ တောင်ဘက်တွင် ရှိဂခရိုင်၊ အနောက်တောင်ဘက်တွင် ကျိုတိုစီရင်စုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဖုခုအိမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များတွင် ဆခိုင်းမြို့၊ အဲချိဇန်းမြို့၊ ဆဘအဲမြို့တို့ ပါဝင်သည်။ ဖုခုအိခရိုင်သည် ဂျပန်ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဂျပန်နိုင်ငံ၊ သမိုင်းဝင် ဟိုခုရိခုဒေသ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၈၇၁ ခုနှစ် ဂျပန်နိုင်ငံတွင် ခရိုင်များစတင်မဖွဲ့စည်းမီအထိ ဖုခုအိခရိုင်တွင် မူလက ဝဆခပြည်နယ်နှင့် အဲချိဇန်ပြည်နယ်တို့ တည်ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖုခုအိခရိုင်သည့် ဗုံးဒဏ်ပြင်းထန်စွာ ခံစားခဲ့ရပြီး နန်းတော်၊ ဖုခုအိရဲတိုက်နှင့် ပတ်ဝန်းကျင်ကျုံးများသည် ပျက်စီးခဲ့ရသည်။ ရဲတိုက်ရှိရာနေရာတွင် ခရိုင်အစိုးရရုံးများကို တည်ဆောက်ခဲ့ကြသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ဖုခုအိခရိုင်သည် ဂျပန်ပင်လယ်ပြင်ကို မျက်နှာမူကာ တည်ရှိသည်။ ခရိုင်နောက်ဘက်ပိုင်း (ယခင် - ဝဆခပြည်နယ်) သည် ပင်လယ်နှင့် တောင်တန်းများအကြားရှိ ကျဉ်းမြောင်းသည့် လွင်ပြင်ဒေသ ဖြစ်သည်။ ပိုမိုကျယ်ပြန့်သည့် ခရိုင်၏ အရှေ့ဘက်ပိုင်း (ယခင် အဲချိဇန်ပြည်နယ်) သည် ပိုမိုကျယ်ပြန့်သည့်လွင်ပြင်ဒေသဖြစ်ကာ ခရိုင်မြို့တော်ရှိရာနေရာဖြစ်သည်။ ထို့အပြင် ခရိုင်လူဦးရေအများစုသည့် အရှေ့ဘက်ပိုင်းတွင် နေထိုင်ကြသည်။ ခရိုင်သည် ဂျပန်နိုင်ငံ၏ "နှင်းတိုင်းပြည်" ဟု တင်စားခေါ်ဝေါ်ကြသည့် နှင်းကျဆင်းမှုများသည့် ဒေသတွင် ပါဝင်နေသည်။

City Town







၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ခရိုင်၏ စုစုပေါင်းမြေဧရိယာ၏ ၁၅ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကသည်။ ၎င်းတို့မှာ ဟခုဆန်းအမျိုးသားဥယျာဉ်၊ အဲချိဇန် - ခဂခိုင်းဂန်းနှင့် ဝဆခပင်လယ်အော်အမျိုးသားဥယျာဉ်၊ အိုခုအဲဆွတ် - ခိုးဂန်းစီရင်စုအမျိုးသားဥယျာဉ်တို့ ဖြစ်သည်။[၅]
မြို့ပြဒေသများ
[ပြင်ဆင်ရန်]ဖုခုအိခရိုင်တွင် မြို့ကိုးခု ရှိသည်။ ၎င်းတို့မှာ -
| Name | Area (km2) | Population | Map | |
|---|---|---|---|---|
| Rōmaji | Kanji | |||
| あわら市 | 116.98 | 28,405 | ||
| 越前市 | 230.7 | 83,078 | ||
| 福井市 | 536.41 | 264,217 | ||
| 勝山市 | 253.88 | 23,527 | ||
| 小浜市 | 233.09 | 29,435 | ||
| 大野市 | 872.43 | 33,640 | ||
| 鯖江市 | 84.59 | 69,338 | ||
| 坂井市 | 209.67 | 92,210 | ||
| 敦賀市 | 251.39 | 66,123 | ||
မြို့ငယ်များ
[ပြင်ဆင်ရန်]ဒေသတစ်ခုချင်းစီတွင် အောက်ပါမြို့ငယ်များ ရှိကြသည်။
| Name | Area (km2) | Population | District | Map | |
|---|---|---|---|---|---|
| Rōmaji | Kanji | ||||
| 越前町 | 153.15 | 20,709 | Nyū District | ||
| 永平寺町 | 94.43 | 18,746 | Yoshida District | ||
| 池田町 | 194.65 | 2,628 | Imadate District | ||
| 美浜町 | 152.35 | 9,643 | Mikata District | ||
| 南越前町 | 343.69 | 10,745 | Nanjō District | ||
| おおい町 | 212.19 | 8,102 | Ōi District | ||
| 高浜町 | 72.4 | 10,490 | Ōi District | ||
| 若狭町 | 178.49 | 14,577 | Mikatakaminaka District | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]- ဆဘအဲမြို့သည် ဂျပန်နိုင်ငံပြည်တွင်းမျက်မှန်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည့်အတွက် လူသိများသည်။
- ဆွတ်ရုဂမြို့ရှိ ဝဆခပင်လယ်အော်တစ်လျှောက်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများစွာရှိသည်။ ၎င်းဓာတ်အားပေးစက်ရုံများမှ ခဲအိဟန်းရှင်းမြို့ပြဒေသအတွက် စွမ်းအင်ထောက်ပံ့ပေးလျက်ရှိသည်။ ဖုခုအိခရိုင်တွင် ဓာတ်ပေါင်းဖို ၁၄ ခုရှိပြီး ဤပမာဏသည် အခြားမည်သည့်ခရိုင်ထက်မဆို များပြားသည်။[၆]
လူဦးရေ
[ပြင်ဆင်ရန်]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% p.a. |
| 1920 | ၅၉၉၁၅၅ | — |
| 1925 | ၅၉၇၈၉၉ | −0.04% |
| 1930 | ၆၁၈၁၄၄ | +0.67% |
| 1935 | ၆၄၆၆၅၉ | +0.91% |
| 1940 | ၆၄၃၉၀၄ | −0.09% |
| 1945 | ၇၂၄၈၅၆ | +2.40% |
| 1950 | ၇၅၂၃၇၄ | +0.75% |
| 1955 | ၇၅၄၀၅၅ | +0.04% |
| 1960 | ၇၅၂၆၉၆ | −0.04% |
| 1965 | ၇၅၀၅၅၇ | −0.06% |
| 1970 | ၇၄၄၂၃၀ | −0.17% |
| 1975 | ၇၇၃၅၉၉ | +0.78% |
| 1980 | ၇၉၄၃၅၄ | +0.53% |
| 1985 | ၈၁၇၆၃၃ | +0.58% |
| 1990 | ၈၂၃၅၈၅ | +0.15% |
| 1995 | ၈၂၆၉၉၆ | +0.08% |
| 2000 | ၈၂၈၉၄၄ | +0.05% |
| 2005 | ၈၂၁၅၉၂ | −0.18% |
| 2010 | ၈၀၆၃၁၄ | −0.37% |
| 2015 | ၇၈၆၇၄၀ | −0.49% |
| 2020 | ၇၆၆၈၆၃ | −0.51% |
| Source: Censuses[၇] | ||
ဖုခုအိခရိုင်ရှိ လူဦးရေသည် ဂျပန်နိုင်ငံရှိ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ခန့်မှန်းလူဦးရေသည် ၇၈၅,၅၀၈ ဦး ရှိသည်။ အိမ်ထောင်စု ၂၈၁,၃၉၄ ခု ရှိသည်။ ဂျပန်နိုင်ငံ၏ အခြားသောဒေသများကဲ့သို့ပင် ဖုခုအိခရိုင်တွင်လည်း သက်ကြီးရွယ်အိုများပြားလာပြီး လူဦးရေကျဆင်းလာသည့် ပြဿနာနှင့် ကြုံနေရသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ခရိုင်လူဦးရေ၏ ၂၈.၆ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်ကျော်အရွယ်များ ဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် ရရှိခဲ့သည့် လူဦးရေစာရင်းအရ လူဦးရေသည် ၈၀၆,၀၀၀ ဦးရှိခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။[၈]
ပညာရေး
[ပြင်ဆင်ရန်]တက္ကသိုလ်
[ပြင်ဆင်ရန်]ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]
မီးရထား
[ပြင်ဆင်ရန်]- Echizen Railway
- Katsuyama-Eiheiji Line
- Mikuni-Awara Line
- Fukui Railway
- Fukubu Line
- Hokuriku Shinkansen
- JR West
- Hokuriku Line
- Kuzuryu Line
- Obama Line
- Hapi-Line Fukui Line
ကားလမ်း
[ပြင်ဆင်ရန်]အဝေးပြေးလမ်များ
[ပြင်ဆင်ရန်]- Chubu Jukan Expressway
- Hokuriku Expressway
- Maizuru-Wakasa Expressway
- Mikata Lake Rainbow Road
- Mount Hoonji Toll Road
နိုင်ငံအဆင့်အဝေးပြေးလမ်းများ
[ပြင်ဆင်ရန်]- Route 8
- Route 27
- Route 157
- Route 158
- Route 161
- Route 162
- Route 303
- Route 305
- Route 364
- Route 365
- Route 367
- Route 416
- Route 417
- Route 418
- Route 476
ဆိပ်ကမ်းများ
[ပြင်ဆင်ရန်]- ဖုခုအိဆိပ်ကမ်း
- ဆွတ်ရုဂဆိပ်ကမ်း - နီးဂတမြို့၊ အခိတမြို့၊ တိုမခိုမအိမြို့နှင့် အိုတရုမြို့များသို့ သွားရောက်နိုင်သည်။

ပြင်ပလင့်များ
[ပြင်ဆင်ရန်]- (in ဂျပန်) Official Fukui Prefecture homepage
- (in အင်္ဂလိပ်) Enjoy Fukui - Official Fukui Prefecture tourism website
- Echizen Papermaking Cooperative 2021-09-27 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ You must specify title = and url = when using {{cite web}}.။ Fukui Prefectural Government Office (2025-12-04)။ 22 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-01-10 တွင် ပြန်စစ်ပြီး။
- ↑ Japan’s Ishikawa Pref. Expanded in Quake, Now Larger Than Fukui Pref.; Such Changes Considered Rare။ The Japan News (2025-09-27)။ 2024-09-27 တွင် ပြန်စစ်ပြီး။
- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment။ 4 February 2012 တွင် ပြန်စစ်ပြီး။
- ↑ Fujioka, Chisa. "Japan anti-nuclear movement gains traction as crisis drags on". Reuters. 2011-04-08. Retrieved 2014-02-07.
- ↑ Statistics Bureau Home Page။
- ↑ 第2章 人口の地域分布 (in ja)။ 27 October 2015 တွင် ပြန်စစ်ပြီး။