မာတိကာသို့ ခုန်သွားရန်

ဖီးလစ်ပ် ဘုရင်

ဝီကီပီးဒီးယား မှ
ဖီလစ်ပ်
၂၀၂၅ ခုနှစ် ဓာတ်ပုံ
ဘယ်လ်ဂျီယမ် ဘုရင်မင်းမြတ်
နန်းသက်၂၁ ဇူလိုင် ၂၀၁၃ – ယခု
ရှေ့မင်းဆက်ဒုတိယမြောက် အဲဘတ်ဘုရင်
မချွတ်ဧကန် အမွေဆက်ခံရမည့်သူဘရာဘန့်မြို့စားကတော် အယ်လီဇဘက် မင်းသမီး
ဝန်ကြီးချုပ်Elio Di Rupo
Charles Michel
Sophie Wilmès
အလက်ဇန်းဒါး ဒီ ခရူး
ဘာတ် ဒီ ဝီဗာ
မွေးဖွား (1960-04-15) ၁၅ ဧပြီ၊ ၁၉၆၀ (အသက် ၆၅)
ဘယ်လ်ဗဒီယာအိမ်ကြီး၊ ဘရပ်ဆဲလ်မြို့၊ ဘယ်လ်ဂျီယမ်နိုင်ငံ
အိမ်ထောင်ဖက်မာထီဒါ ဒုဒ္ခမ် ဒါကော (လက်ထပ် ၁၉၉၉)
သားသမီးများ
အသေးစိတ်
အမည် အပြည့်အစုံ
ပြင်သစ်: Philippe Léopold Louis Marie
ဒတ်ချ်: Filip Leopold Louis Marie[]
စံအိမ်ဘယ်လ်ဂျီယမ် မင်းဆက်
ခမည်းတော်ဒုတိယမြောက် အဲဘတ်ဘုရင်
မယ်တော်ပေါ်လာ မိဖုရားကြီး
ကိုးကွယ်မှုကက်သလစ်
လက်မှတ်

 

ဖီးလစ်ပ် (ပြင်သစ်: Philippe Léopold Louis Marieဒတ်ချ်: Filip Leopold Lodewijk Maria၊ ၁၅ ဧပြီ ၁၉၆၀ ခုနှစ်မွေး) သည် ဘယ်လ်ဂျီယမ် ဘုရင်မင်းမြတ် ဖြစ်သည်။ သူသည် ဒုတိယမြောက် အဲဘတ်ဘုရင် နှင့် ပေါ်လာ မိဖုရားကြီး ၏အကြီးဆုံးသားတော်ဖြစ်သည်။ ကျန်းမာရေးကြောင့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဖခမည်းတော်ဖြစ်သူ နန်းစွန့်ပြီးနောက် ဖီလစ်ပ်သည် နန်းဆက်တက်ခံခဲ့သည်။ မာထီဒါ ဒုဒ္ခမ် ဒါကေ ၁၉၉၉ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ကလေးတော် ၄ ဦးရှိသည်။ သူတို့၏ အကြီးဆုံးသအိးတော် အယ်လီဇဘက် မင်းသမီးသည် ထီးနန်းဆက်ခံသူ ပထမဆုံးဖြစ်ပါတယ်။

အစောပိုင်း ဘာဝ

[ပြင်ဆင်ရန်]

ဖီးလစ်ပ် ကို ဘရပ်ဆဲလ်မြို့ မြောက်ပိုင်း လေကန်ရပ်ကွက် ရှိ ဘယ်လ်ဗဒီယာအိမ်ကြီးတွင် ၁၉၆၀ ခုနှစ် ဧပြီလ ၁၅ ရက် မှာ မွေးဖွားခဲ့သည်။ သူဖခမည်းတော် အဲဘတ် လီရဂျ်မင်းသာ (နောက်ပိုင်း ဒုတိယမြောက် အဲဘတ်ဘုရင်) သည် တတိယမြောက် လီယိုပိုဒ်ဘုရင် ၏ဒုတိယသားတော်ဖြစ်ပြီး ဘောလ်ဒ်ဝင်မင်းသာ ၏ညီတော်ဖြစ်ခဲ့သည်။ ဖီးလစ်ပ်၏မိခင်တော် ပေါ်လာ ရူဖို ဒီ ခလားဘရီးယားသည် အီတလီမင်းမျိုးစိုးနွယ်ဝင် ဂွားဒီယား လောမ်ဘာဒါမြို့စား အဋ္ဌမမြောက် ဖူလ်ကို (Fulco VIII) ၏ သမီးဖြစ်သည်။

မွေးပြီး တစ်လအကြာမှာ မေ ၁၇ ရက်နေ့မှာ ရေနှစ်မင်္ဂလာပြုခဲပြီး[] အဘေးဖြစ်သူ ဖလန်းဒါးမြို့စား ဖီးလစ်ပ်မင်းသား ကို ဂုဏ်ပြုရန် ဖီလစ်ပ် နာမည် အမည်ပေးခဲ့သည်။ သူ့ အဘိုးဖြစ်သော တတိယမြောက် လီယိုပိုဒ်ဘုရင် နှင့် မိခင်ဘက်အဘွား ဒေါ်နာ လူဝီစာ မင်းသမီး ခေါင်းကိုင်မိဘများ ဖြစ်ခဲ့သည်။[]

အဲဘတ် နှင့် ပေါ်လာတို့၏ အိမ်ထောင်ရေး မပျော်မရွှင်ဖြစ်ခဲ့ပြီး ဖီလစ်ပ် ၏ဘာဝနှင့် များသောအားဖြင့် စိတ်မပါခဲ့ကြသည်။ ကလေးလျစ်လျူရှုမှု အရမ်းပြင်းထန်လို့ ကလေးစိတ်ပညာရှင် Peter Adriaenssens သည် "လူမှုရေးလုပ်သားများ ဝင်ရောက်စွက်ဖက်ရန် ကျိုးကြောင်းပြချက်ရှိသည်" ဟု ဖော်ပြခဲ့သည်။ []

ဖီးလစ်ပ်သည် မွေးချင်းမကွဲညီမ ဒယ်လ်ဖင်း မင်းသမီး (၁၉၆၈ မွေး) ရှိသည်။

ပညာရေး

[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် အနာဂတ်ဘုရင်မင်းမြတ်ဖြစ်ရန် ပြင်ဆင်ရန် သူနှစ်သက်ခဲ့သော ပြင်ဘာစာစကားသုံးသည့်ကျောင်းမှ ဖလန်းဒါးပြည်ရှိ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ရပြီး မိတ်ဆွေဖွဲ့ရန် ခက်ခဲခဲ့သည်။ ၂၀၁၉ ခုနှစ် မှာ ဖီလစ်ပ် သည် ဆယ်ကျော်သက်ကျောင်းထွက်သူများအား "ငယ်ငယ်တုန်းက ကျောင်းမှာ ပြဿနာအများကြီးရှိခဲ့တယ်။ ကျွန်တော် ဆိုးဆိုးရွားရွား ဆက်ဆံခံရတယ်ပြီး ငါ့အတွက် မလွယ်ဘူး" ဟု ပြောပြခဲ့သည်။"[] ၁၉၇၈ မှ ၁၉၈၁ ခုနှစ်အထိ ဖီလစ်ပ်သည် ဘယ်လ်ဂျီယမ် တော်ဝင်စစ်တက္ကသိုလ် မှာ ၁၁၈ မြောက် "Promotion Toutes Armes" (ရာထူးတိုးမြှင့်ခြင်း အားလုံး လက်နက်) အရ ပညာသင်ကြားခဲ့သည်။ ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယဗိုလ်အဆင့် ခန့်အပ်ခံရပြီး ဗိုလ်အဖြစ် ကျမ်းကျိန်ခဲ့သည်။ []

ဖီလစ်ပ် သည် အောက်စ်ဖိုဒ် တက္ကသိုလ် ထရင်နီတီကောလိပ် တွင် ပညာဆက်လက်သင်ယူခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ် ဘွဲ့လွန်ကျောင်းတက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရယူခဲ့သည်။[] သူသည် တိုက်လေယာဉ်မှူး အတောင်ပံဘွဲ့၊ လေထီးခုန်သမားနှင့် ကွန်မန်ဒိုအဖြစ် လက်မှတ်များကို ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တော်ဝင်မဟာကာကွယ်ရေးတက္ကသိုလ် မှာ အထူးအစည်းအဝေးများ ထက်မံ တက်ရောက်ခဲ့သည်။ ထိုနှစ်တွင် ဗိုလ်မှူးကြီး ရာထူးတိုးခဲ့ခံသည်။

၁၉၉၃ ခုနှစ်တွင် စပိန်တွင် ဘောလ်ဒ်ဝင်ဘုရင် ကွယ်လွန်ခဲ့ပြီး ဖခမည်းတော် သည် ဒုတိယမြောက် အဲလ်ဘတ်ဘုရင်အသစ်ဖြစ်လာပြီး ဖီးလစ်လ်သည် မချွတ်ဧကန် အမွေဆက်ခံသူ အသစ်ဖြစ်လာပြီး ဘရာဘန့်မြို့စား ရာထူးအသစ် ခံယူခဲ့သည်။

၂၀၀၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ တွင် ဖီလစ်ပ် ကို လေတပ်အပိုင်း ကုန်းတပ်အပိုင်း နှင့် ရေတပ်အပိုင်းများတွင် ဗိုလ်ချုပ် အဆင့် ခန့်အပ်ခြင်းခံရသည်။ []

အိမ်ထောင်ရေး

[ပြင်ဆင်ရန်]
ဖီးလစ်ပ်ဘုရင်နှင့် မထီဒါ မိဖုရား ဘယ်လ်ဂျီယမ်ဘုရင်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဘရပ်ဆဲလ်မြို့ရှိ လူအုပ်ကို လက်ဝှေ့ယမ်းခြင်း

ဖီးလစ်ပ် သည် ဘယ်လ်ဂျီယမ် မြင့်မြတ်မိသားစု နှင့် ဝါလူးန်မြို့စားသမီး မာထီဒါ ဒုဒ္ခမ် ဒါကော ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့တော်ခန်းမ၌ တရာဝင်မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပြီး ဘရပ်ဆဲလ်မြို့ စိန့်မီရှယ်နှင့်စိန့်ဂူဒူလ် ဘုရားကျောင်းတော်ကြီး၌ ဘာသာရေးအရမင်္ဂလာအခမ်းအနား နှစ်ခုကျင်းပပြီး အိမ်ထောင်ယူခဲ့သည်။ ဤစုံတွဲသည် ဘရပ်ဆဲလ်မြို့ အန်ဒါလက်ချ်ရပ်ကွက် ဧရပ်စ်မတ်စ်ဆေးရုံးမှာ ကလေးတော် ၄ ပါးမွေးဖွားခဲ့သည်။ ဤကလေးတော်များမှာ

  • အယ်လီဇဘက် မင်းသမီး (၂၅ အောက်တိုဘာ ၂၀၀၁ ဖွား)
  • ဂေဘရီရယ် မင်းသား (၂၀ ဩဂုတ် ၂၀၀၃ မွေးဖွား)
  • အီမန်နျူရယ် မင်းသား (၄ အောက်တိုဘာ ၂၀၀၅ မွေးဖွား)
  • အယ်လီနော် မင်းသမီး (၁၆ ဧပြီ ၂၀၀၈ ဖွား)

နိုင်ငံခြားကုန်သွယ်မှု

[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဖီးလစ်ပ်ကို ဘယ်လ်ဂျီယမ်အစိုးရက နိုင်ငံခြားကုန်သွယ်မှုဘုတ်အဖွဲ့ (BFTB) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်ကစပြီး BFTB ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်ခဲ့သော ဖခမည်းတော်၏ နေရာရာထူးကို ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ ၃ ရက်နေ့တွင် BFTB ကို အစားထိုး၍ နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။[]

ဤရာထူးတာဝန်ထန်းဆောင်ခြင်းအရ ဖီးလစ်ပ် သည် စီးပွားရေးမစ်ရှင် အခု ၆၀ ကျော် ဦးဆောင်ခဲ့သည်။[][] သတ္တမမြောက် ဘယ်လ်ဂျီယမ်ဘုရင်အဖြစ် ခန့်အပ်ခံရပြီးနောက် ၎င်းတာဝန်များသည် ညီမတော် အာစတရဒ် မင်းသမီး တာဝန်ဆက်မံယူခဲ့သည်။

နန်းစံခြင်း

[ပြင်ဆင်ရန်]
၂၀၁၃ ဇူလိုင် ၁၃ ရက် ဖီးလစ်ပ်ဘုရင် နိုင်ငံတော်နန်းတော်၌ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပနေစဉ်

ဒုတိယမြောက် အဲလ်ဘတ်ဘုရင်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ၂၂ ရက်နေ့မှာ ထီးနန်းစွန့်မည်ဟု ကြေညာခဲ့သည်။[၁၀] ၂၂ ရက်နေ့ အဲလ်ဘတ်ဘုရင် နန်းစွန့်ပြီး ၁ နာရီအကြာတွင် ဖီးလစ်ပ် မင်းသားသည် ဘယ်လ်ဂျီယမ်ဘုရင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၁၁] ဖီးလစ်ပ်၏ အကြီးဆုံးသမီးတော် အယ်လီဇဘက် မင်းသမီးသည် အမွေဆက်ခံသူ ဖြစ်လာပြီး ဘယ်လ်ဂျီယမ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မ ဖြစ်လာရန် မျှော်လင့်သည်။

ဖီးလစ်ပ် သည် ၂၀၁၄ ခုနှစ် ဘယ်လ်ဂျီယမ် ဖက်ဒရယ်ရွေးကောက်ပွဲ အပြီးတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပါဝင်လုပ်ဆောင်ခဲ့သည်။ဘုရင်နှင့် နိုင်ငံရေးတွေ့ဆုံပွဲများကို လေကန် နန်းတော် မှ ဘာရပ်ဆဲလ် တော်ဝင်နန်းတော် သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလတွင် ဖီးလစ်ပ် သည် ဖလီမစ်ရှ်ရည်မှန်းချက်ပါတီ (ဒတ်ချ်: Vlaams Belang) သမ္မတ Tom Van Grieken နှင့် တွေ့ဆုံခဲ့ပြီး တော်ဝင်တွေဆုံခွင့်ကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့သည်။[၁၂][၁၃]

၂၀၂၀ ခုနှစ်တွင် ဖီးလစ်ပ် သည် ၎င်း၏ အဘီးတော် ဒုတိယမြောက် လီယိုပိုဒ်ဘုရင် ကွန်ဂိုလွတ်လပ်ပြည်နယ် အုပ်ချုပ်မှုအောက်တွင် ကျူးလွန်ခဲ့သော "အကြမ်းဖက်မှုနှင့် ရက်စက်မှု" အတွက် နောင်တရရှိကြောင်း ကြေညာခဲ့သည်။ [၁၃]

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖီးလစ်ပ်ဘုရင် နှင့် ဘယ်လ်ဂျီယမ်ဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီ ခရူး နှင့်အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဘယ်လ်ဂျီယမ်သို့လာရောက်ခြင်း ကြိဆိုမိန့်ခွန်းမှာ ဘယ်လ်ဂျီယမ်တွင် ရိုမန်ကက်သလစ်အသင်းတော် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအကြောင် အများပြည်သူအရှေ့မှာ အပြစ်တင်ဝေဖန်ခဲ့သည်[၁၄]

ဂုဏ်ထူးနဲ့ တံဆိပ်အမှတ်အသား

[ပြင်ဆင်ရန်]
ဖီးလစ်ပ် ဘယ်လ်ဂျီယမ်ဘုရင်၏ ကိုယ်ရေးအောင်လံ

အမျိုးသားဂုဏ်

[ပြင်ဆင်ရန်]
  • Order of Leopold ၏ မဟာ အရှင်သခင် (၂၁ ဇူလိုင် ၂၀၁၃)
  • Order of the African Star ၏ မဟာ အရှင်သခင် (၂၁ ဇူလိုင် ၂၀၁၃)
  • Royal Order of the Lion ၏ မဟာ အရှင်သခင် (၂၁ ဇူလိုင် ၂၀၁၃)
  • Order of the Crown ၏ မဟာ အရှင်သခင် (၂၁ ဇူလိုင် ၂၀၁၃)
  • Order of Leopold II ၏ မဟာ အရှင်သခင် (၂၁ ဇူလိုင် ၂၀၁၃)

နိုင်ငံရပ်ခြား ဂုဏ်ထူးဆောင်

[ပြင်ဆင်ရန်]

တံဆိပ်အမှတ်အသား

[ပြင်ဆင်ရန်]
နန်းစံနေဘုရင့်တံဆိပ်အမှတ်အသား

၂၀၁၉ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် မိမိ နှင့် တော်ဝင်မိသားစုတို့၏ တံဆပ်အမှတ်အသားတော်ကို တောင်ဝင်အမိန့်ဖြင့် ကြေညာခဲ့သည်။ နန်းစံနေဘုရင့်တံဆိပ်အမှတ်အသားကို ဝတ်တင်မင်းဆက်တံဆိပ်အကွပ် ပါဝင်ရန် ပြုပြင်ပြီး သခြားတော်ဝင်မိသားစုတံဆပ်များကိုလဲ ဤသို့ ပြုပြင်ခဲ့သည်။[၂၃][၂၄] ဖရိဒန်စတိုင် ရဲတိုက်သို့ ဘုရင်နှင့်မိဖုရား သွားရောက်လည်ပတ်ပြီးနောက် များမကြာမီတွင် ပထမကမ္ဘာ့စစ်ပွဲတုံးက ဖယ်ရှားခဲ့ထားသော ဆက် ကိုဘော့ နှင့် ဂိုသာ အိမ်တော် ၏ဒိုင်းပုံအမှတ်တံဆိပ်အား တော်ဝင်တံဆိပ်အမှတ်အသားထဲသို့ ပြန်လည်ထည့်သွင်းခဲ့သည်။[၂၅] "နိုင်ငံတစ်နိုင်ငံလုံး နှင့် ဘယ်လ်ချီယမ်လူမျိုးအားလုံး၏ ဘုရင်မင်းမြတ်ဖြစ်ရန်" ရည်မှန်း၍ အမှတ်အသားထဲ ဘာသာစကား သုံးမျိုးပြန် ထည့်ခဲ့သည်[၂၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ Biographies of Members of the Belgian Senate။ Belgian Senate။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2018 တွင် ပြန်စစ်ပြီး။
  2. J.M. (8 May 2001)။ Le baptême en l'église royale... (in fr)။ 11 December 2015 တွင် ပြန်စစ်ပြီး။
  3. Prince Philippe : la ligne du temps d'une vie passée devant les caméras (in fr)။ 11 December 2015 တွင် ပြန်စစ်ပြီး။
  4. "Belgian king prepares to hand his daughter the curse of the crown"။ ၂၁ ဇူလိုင် ၂၀၂၂။ Cite magazine requires |magazine= (အကူအညီ)
  5. Moens၊ Barbara (၂၁ ဇူလိုင် ၂၀၂၂)။ "Belgian king prepares to hand his daughter the curse of the crown"Politico (အင်္ဂလိပ်ဘာသာစကားဖြင့်)။ ၂၀ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ ၆.၂ The Belgian Monarchy။ ၂၂ ဇူလိုင် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  7. The Belgian Monarchy။ ၂၂ ဇူလိုင် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  8. Agence pour le Commerce extérieur, Missions antérieures ၁၀ ဖေဖဝါရီ ၂၀၁၅, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  9. Official Royal Website Archives။ ၁၈ ဇူလိုင် ၂၀၁၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဇူလိုင် ၂၀၁၃ တွင် ပြန်စစ်ပြီး။
  10. Price၊ Matthew။ "Belgium's King Albert II announces abdication"၊ ၃ ဇူခိုင် ၂၀၁၃။ 
  11. "Belgium's King Albert II gives up throne to son"၊ ၂၁ ဇူလိုင် ၂၀၁၃။ 
  12. "Belgian far-right leader in landmark audience with the king"၊ The Public's Radio၊ ၂၉ မေ ၂၀၁၉။ 6 June 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 20 November 2023။ 
  13. ၁၃.၀ ၁၃.၁ "Of race and royalty: How the king surprised Belgium"၊ Politico၊ ၆ ဇူလိုင် ၂၀၂၀။ 
  14. Belgian PM and king blast Pope Francis for church's sex abuse cover-up legacy in blistering welcome (၂၆ စက်တင်ဘာ ၂၀၂၄)။
  15. Pavel přijal na Hradě belgického krále Filipa, udělil mu Řád bílého lva။ 6 May 2025 တွင် ပြန်စစ်ပြီး။
  16. Συνάντηση με τον Βασιλιά και την Βασίλισσα των Βέλγων – Προεδρία της Ελληνικής Δημοκρατίας။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2024 တွင် ပြန်စစ်ပြီး။
  17. Modtagere af danske dekorationer (in da)။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2019 တွင် ပြန်စစ်ပြီး။
  18. Le Roi et la Reine sont devenus chevaliers de collier။ 27 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2022 တွင် ပြန်စစ်ပြီး။
  19. Lithuanian president confers state awards to King and Queen of Belgium ahead of visit (21 November 2021)။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2024 တွင် ပြန်စစ်ပြီး။
  20. Re dei Belgi S.M. Filippo။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2024 တွင် ပြန်စစ်ပြီး။
  21. President Mattarella receives the King of the Belgians (in en)။ Inigo Lambertini (Ambassador of Italy to the UK)။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2021 တွင် ပြန်စစ်ပြီး။
  22. Order of Oman for the King of the Belgians (in en)။ Belgian Royal Palace။ 28 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2022 တွင် ပြန်စစ်ပြီး။
  23. Le Moniteur belge.။ ၂၃ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  24. Royal Decree of July 12, 2019 (၁၉ ဇူလိုင် ၂၀၁၉)။
  25. Philippe, Koning der Belgen (၁၂ ဇူလိုင် ၂၀၁၉). "Koninklijk besluit houdende vaststelling van het wapen van het Koninklijk Huis en van zijn leden". Belgisch Staatsblad. 
  26. "Belgian royal coat of arms gets a 'modern' update" (၁ ဩဂုတ် ၂၀၁၉). Brussel Times.