မာတိကာသို့ ခုန်သွားရန်

ဖိုးကာ

ဝီကီပီးဒီးယား မှ
ဖိုးကာ
မွေးဖွားစိုးအာကာမင်း
(1974-12-01) ဒီဇင်ဘာ ၁၊ ၁၉၇၄ (အသက် ၅၀)
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်အဆိုတော်
မိဘ(များ)တင်စိုး + ခင်ဝင်းတင့်

ဖိုးကာ ( ၁ ဒီဇင်ဘာ ၁၉၇၄ ဖွား) သည် ထင်ရှားသော ပေါ့ပ်ဂီတ တေးသီချင်းများအား ရေးသားသီဆိုသည့် မြန်မာအဆိုတော်တစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ် တွင် မှန်တစ်ချပ်ရဲ့ အိမ်မက် ဟူသော တစ်ကိုယ်တော် တေးစီးရီး ဖြင့် ဂီတလောကထဲ သို့ စတင်ဝင်ရောက်လာသည်။ တေးစီးရီး စထွက်ချိန် လူအများသတိမထားမိခဲ့ကြသော်လည်း ၂၀၀၂ ခုနှစ် တွင် ဒုတိယမြောက် တေးစီးရီးဖြစ်သည့် မျှော်လင့်သော လမ်း နှင့်၂၀၀၆ ခုနှစ် တွင် တတိယမြောက်တေးစီးရီးဖြစ်သည့် တစိမ့်စိမ့်ကြည့် အစရှိသည့် တေးစီးရီးများ ထွက်ရှိလာပြီးနောက် ပရိတ်သတ် အခိုင်အမာရရှိလာခဲ့သူ ဖြစ်သည်။[]

ဖိုးကာကို ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်တွင် လှည်းကူးမြို့ ဆေးရုံကြီး ၌ မွေးဖွားသည်။ မွေးချင်းလေးယောက်အနက် တတိယမြောက် ဖြစ်သည်။ သူ၏ ဖခင်မှာ မြို့ပြ အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ ဖိုးကာသည် စာရေးဆရာ နွမ်ဂျာသိုင်း ၏ တူတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က ဦးလေးဖြစ်သူထံမှ ဂီတာတီး သင်ယူခြင်း နှင့် ဂီတအကြာင်းများကိုလည်း လေ့လာသင်ယူခဲ့သည်။ သုံးခွမြို့ အထက်တန်းကျောင်း နှင့် အထက (၁) မှော်ဘီကျောင်း တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ဓာတုဗေဒ အထူးပြု ဘာသာရပ်ကို တက်ရောက် သင်ကြားခဲ့ပြီး B.Sc (Chemistry) ဘွဲ့ရရှိခဲ့သည်။

အနုပညာလမ်းကြောင်း

[ပြင်ဆင်ရန်]

ငယ်စဉ်ကတည်းက ဂီတ နှင့် ကဗျာ ကို ဝါသနာပါလာခဲ့သူဖြစ်သည်။ ဂီတအလုပ်ဖြင့် ဘဝကို ဖြတ်သန်းမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ပထမဦးဆုံး တစ်ကိုယ်တော် စီးရီးဖြစ်သော မှန်တစ်ချပ်ရဲ့ အိမ်မက် အယ်လ်ဘမ် ဖြင့် ဂီတ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဂီတသက်တမ်း ၈ နှစ်ကျော် အကြာမှ လူသိပိုများကာ လမ်းခွဲငါ့ရဲ့လျှို့ဝှက်ချက်တစိမ့်စိမ့်ကြည့် စသည့် သီချင်းများမှာ နာမည်ကြီးသည်။

တစ်ကိုယ်တော် တေးစီးရီးများ

[ပြင်ဆင်ရန်]
  • မှန်တစ်ချပ်ရဲ့ အိပ်မက် (၁၉၉၇)
  • မျှော်လင့်သောလမ်း (၂၀၀၂)
  • တစိမ့်စိမ့်ကြည့် (၂၀၀၇)
  • တိုးတိုးလေးပြောပါ (၂၀၀၈)
  • အိမ်မက် (၂၀၁၃)
  • ဖြန့်ခင်း (၂၀၁၆)

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး သမီး တစ်ဦး နှင့် သားတစ်ဦး ရှိသည်။ သူ၏ သမီးဖြစ်သူ ဖူးဖူးသစ် သည်လည်း အဆိုတော်တစ်ဦးဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. တေးသံရှင် ဖိုးကာ၏ ငယ်ဘဝဖြတ်သန်းရာEleven Media Group (၃ နိုဝင်ဘာ ၂၀၁၆)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တစ်ကိုယ်တော်ရေးထားတဲ့ အချစ်သီချင်းတွေထွက်ဖို့ရှိတဲ့ အဆိုတော် ဖိုးကာThe Irrawaddy (၁၀ ဖေဖော်ဝါရီ ၂၀၁၉)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။