ဖိုင်:U Thet Tun.jpg

ဝီကီပီးဒီးယား မှ

U_Thet_Tun.jpg(၂၉၈ × ၃၄၇ pixels, ဖိုင်အရွယ်အစား - ၃၀ KB, MIME အမျိုးအစား image/jpeg)

ဝဏ္ဏကျော်ထင်ဦးသက်ထွန်း အား ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်တို့မှ ၁၉၂၆ တွင် မွေးဖွားခဲ့သည်။ ရန်ကုန် မြို့မအမျိုးသားကျောင်း (အ.ထ.က ၂ ဒဂုံ) တွင် ပညာသင်ကြားခဲ့သည်။ ဇနီး၏အမည်မှာ ဒေါ်ခင်ခင်အုန်းဖြစ်သည်။ အငြိမ်းစား ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စာရေးဆရာ၊ သမိုင်းပညာရှင်၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဒါရိုက်တာ နှင့် မြန်မာ့သမိုင်း အဖွဲ့ဝင် ဖြစ်သည်။ မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅)တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချစ်လှိုင်၊ အငြိမ်းစားဗိုလ်ချုပ် သောင်းတင်၊ ဗိုလ်ချူပ်စိန်ထွား၊ ဗိုလ်မှူးကြီး ညွန့်ဆွေ၊ ဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ တက္ကသိုလ် စာပေးစာယူ ဌာနမှူး ဆရာကြီး ဦးစန်း စသော မြို့မဟောင်းကြီးများနှင့် အတူ ကျင်းပရေးကော်မတီ နာယကကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနစ်တွင် သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း၊ စာကြည့်တိုက် ဌာနမှူး ဆရာကြီး ဒေါက်တာ သော်ကောင်း၊ မြန်မာစာ အဖွဲ့ဝင် ဆရာမကြီး ကထိက ဒေါ်မြင့်သန်း၊ သမို်င်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်)၊ တက္ကသိုလ် စာပေးစာယူ ဌာနမှူး ဆရာကြီး ဦးစန်း စသော ပညာရှင်များနှင့်အတူ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁၇ ရက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားကျောင်းအဖြစ် မြို့မကျောင်း စတင်ခဲ့ကြောင်း သမိုင်းအထောက်အထားများကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သည်။ ဇူလိုင်၊ ၄၊ ၂၀၁၂ တွင် ကွယ်လွန်ခဲ့သည်။

ဖိုင်မှတ်တမ်း

ဖိုင်ကို ယင်းနေ့စွဲ အတိုင်း မြင်နိုင်ရန် နေ့စွဲ/အချိန် တစ်ခုခုပေါ်တွင် ကလစ်နှိပ်ပါ။

နေ့စွဲ/အချိန်နမူနာပုံငယ်မှတ်တမ်း ဒိုင်မန်းရှင်းများအသုံးပြုသူမှတ်ချက်
ကာလပေါ် ၀၉:၂၉၊ ၂ ဖေဖော်ဝါရီ ၂၀၁၃ ၀၉:၂၉၊ ၂ ဖေဖော်ဝါရီ ၂၀၁၃ ရက်က မူအတွက် နမူနာပုံငယ်၂၉၈ × ၃၄၇ (၃၀ KB)Ladybesttruthful (ဆွေးနွေး | ပံ့ပိုး)ဝဏ္ဏကျော်ထင်ဦးသက်ထွန်း အား ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်တို့မှ ၁၉၂၆ တွင် မွေးဖွားခဲ့သည်။ ရန်...

အောက်ပါ စာမျက်နှာ သည် ဤဖိုင်ကို အသုံးပြုထားသည်: