မာတိကာသို့ ခုန်သွားရန်

ဖါတလုံး ခေါင်းကျား

ဝီကီပီးဒီးယား မှ
ဖါတလုံး ခေါင်းကျား
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဘရှင်
သရုပ်ဆောင်
ထုတ်လုပ်ရေး
ကုမ္ပဏီ
အေဝမ်းဖလင်
ကြာမြင့်ချိန်
၁၃၇ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၁၉၅၄

ဖါတလုံး ခေါင်းကျား သည် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင်မှ ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် ခင်မောင်ဇေယျမေရီမြင့်မေဆန်း တို့ ခေါင်းဆောင်ပါဝင်ထားကြသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။[][][][][] ထိုကားကို ၁၉၅၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ မူလက အသံတိတ်အဖြစ်ရိုက်ကူးခဲ့သော ဇာတ်ကားကို ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။

ဇာတ်လမ်း

[ပြင်ဆင်ရန်]

ဘုရင့်သားတော် ဘုရင်လောင်း သတိုးရှိန် (ခင်မောင်)သည် တက္ကသိုလ်ကျောင်းမှ အပြန် ဖခမည်းတော် နတ်ရွာစံခဲ့သဖြင့် တိုင်းပြည်ပြန်အရောက် ဘိသိက်မခံခင် လောကလူ့သဘာဝကို သိရှိလိုက်နာ မှတ်သားမိရန်နှင့် သူ၏အိပ်မက်ထဲမှ တွေ့ရှိရသောဇနီးသည် ရူပဝတီ (မေရီမြင့်)ကို ရှာဖွေထွက်ပြီးညီ၊ အစ်မ၊ အစ်ကို၊ ကျောင်းနေဖက်သူငယ်ချင်း၊ ကျေးကျွန် အဆွေခင်ပွန်း စသည်တို့အထဲမှ အဆိုးအကောင်းခွဲခြားကာ ဆက်ဆံကြပုံများကို ဖော်ပြထားပြီး နောက်ဆုံး မေရီမြင့်နှင့် တွေ့ဆုံကာ ပန်းကုံးစွပ်ခံရပုံ၊ ပြည်တော်ပြန်ရပုံ စသော ဇာတ်လမ်းဖြစ်သည်။

မင်းသားသည် လူကြောင်အရူး၊ စတန့်၊ အလှ၊ အတည်၊ အလွမ်းအကြမ်း၊ အနု စသည်ဖြင့် စရိုက်အမျိုးမျိုးဖြင့် သရုပ်ဆောင်မှုတွင် တစ်ဘာသာစီ ထူးခြားပြောင်မြောက်လှသည်။ ခင်မောင်သည် သူနှင့်သူ့စရိုက် အလွန်အံကိုက်လှသော ဖာတစ်လုံးခေါင်းကျား မင်းသားအဖြစ် ဇာတ်ဆောင်မှု အထူးပြောင်မြောက်သည်။ သူ သရုပ်ဆောင် သွက်ပုံမှာ သရုပ်ဆောင်နေသည်ဟု မထင်ရဘဲ တကဲ့အဖြစ်အပျက်တစ်ခုကို တွေ့မြင်နေရသကဲ့ ဖြစ်ပါသည်။

ရုပ်ရည်ချောမောလှပသော မင်းသမီး မေရီမြင့်က ဘုရင့်သမီးတော်ဖြစ်သည်။ သူ့ကို ခုနှစ်ပြည်ထောင်မှ မင်းသားများက အလိုရှိနေသည်။ ထိုမင်းသားများအား ပန်းကုံးစွပ်၍ ကြင်ဘက်ရွေးချယ်ရာမှ ဖူးစာရှင်အမှန် အရူးအကြောင် မင်းသားနှင့် အကြောင်းဆက်ရပြီး ထိုအရူးအကြောင်၏ စေခိုင်းမှုများကို သစ္စာရှိသော မိန်းမကောင်းမိန်းမမြတ်တို့ ပြုမူကျင့်ဆောင်ရမည့် ဝတ္တရားအတိုင်းဆောင်ရွက်ပုံ သရုပ်ကို ပြသထားပေရာ အမူအရာနိုင်နင်းကြောင်း တွေ့ရသည်။

ဤဇာတ်ကားသည် ရှေးမြန်မာမင်းများခေတ်က လူ့သဘာဝ၊ ဓလေ့စရိုက်၊ ဆင်းရဲချမ်းသာ၊ အနိမ့်အမြင့်၊ ဘဝစုံလင် အပြောင်းအလဲတွင် လူတို့၏ပြောင်းလဲတတ်သော စိတ်ဓာတ်သဘောထားများကို ဖော်ထုတ်တင်ဆက်ထားသော လူ့ယဉ်ကျေးမှုကို အခြေခံသည့် ဇာတ်ကားဟု ဆိုရပေမည်။

ဤဇာတ်ကားတွင် မင်းခမ်းမင်းနား နန်းတော်အဆောက်အအုံများ တည်ဆောက်ပြသပုံမှာ မြန်မာဘုရင်လက်ထက်က အဆင့်အတန်းမြင့်မားပြီး ခမ်းနားသောယဉ်ကျေးမှု၊ အနုလက်ရာများ ပေါ်လွင်လှပါသည်။ တစ်ပြည်နှင့်တပြည် စစ်မက်ခင်းတိုက်ရာတွင် လူအနဲငယ်မျှဖြင့်မဟုတ်ဘဲ လူပေါင်းရာကျော်အထိ ပါဝင်သရုပ်ဆောင်ထားလေရာ စစ်မက်ရေးရာကို ပြသရာတွင် သဘာဝကျပါသည်။ မင်းသားမင်းသမီး ဇာတ်ဆောင်များ၏ အဝတ်အစားများကိုလည်း သေသပ်ခန့်ညားစွာ ဝတ်ဆင်သုံးစွဲ ပြသထားသည်။ ပြီးစလွယ်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော နန်းတွင်းဇာတ်ကားကြီး တစ်ကားဖြစ်ပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. "မွေးနေ့ရက်မြတ်မင်္ဂလာကျရောက်လာတဲ့ မန္တလေးသိန်းဇော်"၊ Myanmarload
  2. "မှုန်နံ့သာ၊ ကျော်ကျော်နှင့်မောင်မိုးသူ" (in en)။
  3. "မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်" (in my)၊ MDN - Myanmar DigitalNews
  4. "Freereader"၊ free4readers 13 September 2025 တွင် ပြန်စစ်ပြီး Archived from the original on 19 August 2022။
  5. "မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အေဝမ်းကြည်အေးနှင့် ရုပ်ရှင်စကားဝိုင်း" (in my)၊ MDN - Myanmar DigitalNews
  6. မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်၊ ရုပ်ရှင်စာတမ်းငယ်တစ်ဆယ်၊ ၁၉၉၆၊ ဇန်နဝါရီလ၊(ပ)အကြိမ်၊ စာ-၂၁၂ ဦးစိုးမြင့်(စိုးလွင်မြင့်)