ဖလဒါယက၊ သေရေယျဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဖလဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်ဖလဒါယကထေရ် သည် ဟိမဝန္တာအနီး သင်္ခမ်းကျောင်းတွင် နေထိုင်၏။ အရှင်ဖလဒါယကထေရ် သည် ဗေဒင်သုံးပုံးကို တတ်မြောက်၏။ မီးအား လုပ်ကျွေးပူဇော်မှု ပြုသူ ဖြစ်၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် အရှင်ဖလဒါယကထေရ် ထံသို့ ဆွမ်းခံကြွတော်မူ၏။ ထိုအခါ အရှင်ဖလဒါယကထေရ် သည် သစ်ပင်ဖျားတွင် ချိတ်ဆွဲထားသည့် အိတ်ထဲမှ သရက်ဖြူသီးတို့ကို ပေးလှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားအား သစ်သီးလှူခဲ့သည့် အကျိုးကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်မလားခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်တွင် “သုမင်္ဂလ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဖလဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ဖလဒါယကတ္ထေရအပဒါန်