ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ

ဝီကီပီးဒီးယား မှ
ဖယ်ကွန်သိမ်းနှင့်အလားတူငှက်များ
(en: Falconiformes)
Temporal range: Eocene အစောပိုင်း – လက်ရှိ၊ 53–0 Ma
Peregrine falcon (Australia).JPG
Peregrine falcon
(Falco peregrinus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Eufalconimorphae
မျိုးစဉ်: Falconiformes
Sharpe, 1874
တက်ဆာ အခွဲများ

Antarctoboenus
Parvulivenator
Stintonornis
Masillaraptor
Falconidae

ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ (en: Falconiformes, ဖယ်ကွန်နီဖောမ်းစ်, "ဖယ်ကွန်ပုံသဏ္ဌာန်ရှိသော") သည် ရှင်သန်ဆဲဖြစ်သော မျိုးရင်း- Falconidae (ဖယ်ကွန်သိမ်းနှင့် ကယ်ရာကယ်ရာငှက်မျိုးရင်းများပါ)နှင့် မျိုးကွဲမှု ရှုပ်ထွေးဆန်းကျယ်သည့် Paleogene မျိုးစိတ်များအားလုံးကို ကိုယ်စားပြုထားသည့် မျိုးစဉ်(Order) တစ်ခုဖြစ်သည်။

ရှေးရိုးအယူအဆအားဖြင့် သားကောင်ဖမ်းငှက်များ (Birds of prey) ဖြစ်ကြသည့်- Cathartidae (ကမ္ဘာသစ်လင်းတ (သို့) ကွန်းဒေါလင်းတ) ၊ Sagittariidae (ကလောင်ငှက်) ၊ Pandionidae (ဝံလက်ငှက်) ၊ Accipitridae (လင်းယုန်/ သိမ်းငှက်/စွန်ရဲ) စသည့် ငှက်အမျိုးအနွယ်များကို Falconiformes အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၌ အမျိုးမျိုးသော ငှက်မျိုးရိုးဗီဇများ ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်မှု ရလဒ်တစ်ခုအားထုတ်ပြန်ခဲ့ရာတွင် ဖယ်ကွန်သိမ်း (Falcons) များသည် Seriemas, ကြက်တူရွေးစာကလေးမျိုးနွယ်များ ပါဝင်သည့် မျိုးတူအစုအဖွဲ့ (Clade) Australaves မှ တစိတ်တဒေသဖြစ်ကြောင်း တွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။[၁][၂][၃]

၎င်း ဖယ်ကွန်သိမ်းများပါဝင်သော Australaves မျိုးတူအစု Clade သည် ကြက်တူရွေး-စာကလေးများ မျိုးတူအစု Clade ဖြစ်သည့် Psittacopasserae နှင့် ပိုမိုနီးကပ်ဆက်နွယ်ပြီး ထိုငှက်များအားလုံးအား မျိုးစဉ်အထက်တွင်ရှိသည့် မျိုးတူစု Eufalconimorphae Clade အတွင်း ပါဝင်ဖွဲ့စည်းထားသည်။[၄][၂][၃]

သိမ်းငှက်နှင့် ကွန်းဒေါလင်းတတို့သည့် ၎င်းတို့၏ ကိုယ်ပိုင် အခြေခံမျိုးတူအစု (Basal Clade) Afroaves သို့ ပါဝင်မှုမှတဆင့် Accipitrimorphae မျိုးတူအစု (Clade) ထဲသို့ ပါဝင်နေသည်။ ၎င်းမျိုးတူအစု Accipitrimorphae Clade သည် ဇီးကွက်မျိုးစဉ်၊ သစ်တောက်ငှက်မျိုးစဉ်များနှင့် ပို၍နီးစပ်နေသည်။[၁][၂][၃][၅]

မျိုးရိုးစဉ်ဆက်ဇယား[ပြင်ဆင်ရန်]

Braun နှင့် Kimball ပညာရှင်များမှ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာထားသည့် ရလဒ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ်)[၆] ကိုအခြေခံ၍ ပြုလုပ်ထားသည့် မျိုးရိုးစဉ်ဆက်ဇယားရုပ်ပုံကားချပ်ကို အောက်တွင်ကြည့်ရှုပါ -

ငှက်မျိုးစဉ် တစိတ်တဒေသဖော်ပြချက်
Telluraves
Accipitrimorphae

Cathartiformes (ကမ္ဘာသစ်လင်းတများ) Vintage Vulture Drawing white background.jpg

Accipitriformes (သိမ်း/လင်းယုန်/စွန်/လင်းတမျိုးနွယ်များ) Golden Eagle Illustration white background.jpg

Strigiformes (ဇီးကွက်မျိုးနွယ်) Cuvier-12-Hibou à huppe courte.jpg

Coraciimorphae

Coliiformes (mouse birds)

Cavitaves

Leptosomiformes (cuckoo roller)

Trogoniformes
(ထပ်တယူငှက်များနှင့် quetzals)Harpactes fasciatus 1838 white background.jpg

Picocoraciae

Bucerotiformes
(အောက်ချင်းမျိုးနွယ်များ) A monograph of the Bucerotidæ, or family of the hornbills (Plate II) (white background).jpg

Picodynastornithes

Coraciiformes
(ပိန်ညင်းငှက်မျိုးနွယ်များ)Cuvier-46-Martin-pêcheur d'Europe.jpg

Piciformes
(သစ်တောက်မျိုးနွယ်များ)

Australaves

Cariamiformes (Seriemas)Cariama cristata 1838 white background.jpg

Eufalconimorphae

Falconiformes (ဖယ်ကွန်မျိုးနွယ်များ)NewZealandFalconBuller white background.jpg

Psittacopasserae

Psittaciformes
(ကြက်တူရွေးမျိုးနွယ်များ) Pyrrhura lucianii - Castelnau 2.jpg

Passeriformes
(စာကလေးမျိုးနွယ်များ) Cuvier-33-Moineau domestique.jpg

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "A Phylogenomic Study of Birds Reveals Their Evolutionary History" (2008). Science 320 (5884): 1763–68. doi:10.1126/science.1157704. PMID 18583609. Bibcode2008Sci...320.1763H. 
  2. ၂.၀ ၂.၁ ၂.၂ "Whole-genome analyses resolve early branches in the tree of life of modern birds" (2014). Science 346 (6215): 1320–1331. doi:10.1126/science.1253451. PMID 25504713. Bibcode2014Sci...346.1320J. 
  3. ၃.၀ ၃.၁ ၃.၂ "A comprehensive phylogeny of birds (Aves) using targeted next-generation DNA sequencing" . Nature 526 (7574): 569–573. doi:10.1038/nature15697. PMID 26444237. Bibcode2015Natur.526..569P. 
  4. "Mesozoic retroposons reveal parrots as the closest living relatives of passerine birds" (2011). Nature Communications 2 (8). doi:10.1038/ncomms1448. PMID 21863010. Bibcode2011NatCo...2..443S. 
  5. "An unbiased molecular approach using 3'UTRs resolves the avian family-level tree of life." (2020). Molecular Biology and Evolution 38: 108–127. doi:10.1093/molbev/msaa191. PMID 32781465. 
  6. "Data types and the phylogeny of Neoaves" (2021). Birds 2 (1): 1-22. doi:10.3390/birds2010001.