ဖယာထိုင်းမြို့နယ်
| ဖယာထိုင်းမြို့နယ် พญาไท Phaya Thai | |
|---|---|
| မြို့နယ် | |
ဖယာထိုင်းမြို့နယ်ရှိ အဆောက်အအုံများ | |
မြို့နယ် တည်နေရာပုံ | |
| နိုင်ငံ | ထိုင်းနိုင်ငံ |
| ဒေသ | ဘန်ကောက် |
| ရုံးစိုက်ရာ | ဖယာထိုင်း |
| ရပ်ကွက် | 2 |
| ဧရိယာ | |
| • စုစုပေါင်း | ၉.၅၉ စတုရန်းကီလိုမီတာ (၃.၇၀ စတုရန်းမိုင်) |
| လူဦးရေ (2017) | |
| • စုစုပေါင်း | ၇၀၂၃၈[၁] |
| • သိပ်သည်းမှု | ၇,၃၂၀.၂၇/km၂ (၁၈၉၅၉.၄/sq mi) |
| အချိန်ဇုန် | ထိုင်းစံတော်ချိန် (UTC+7) |
| စာပို့သင်္ကတ | 10400 |
| တည်နေရာ ကုဒ် | 1014 |
ဖယာထိုင်းမြို့နယ် (Khet Phaya Thai) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တွင် တည်ရှိသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ၎င်း၏ အိမ်နီးချင်းမြို့နယ်များမှာ မြောက်ဘက်မှ နာရီလက်တံအတိုင်း ဘန်စိုး၊ ကျသူကျက်၊ ဒင်းဒန်၊ ရာချာထေဝီ နှင့် ဒူဆစ် တို့ ဖြစ်ကြပါသည်။
ဖယာထိုင်းဟူသော အမည်တူရှိသည့် ဖယာထိုင်းလမ်းမနှင့် ဖယာထိုင်းဘီတီအက်စ်ဘူတာတို့မှာမူ နယ်နိမိတ်ပြောင်းလဲမှုများကြောင့် ကပ်လျက်တည်ရှိသော ရာချာထေဝီမြို့နယ်တွင် တည်ရှိပါသည်။
အမည်အဓိပ္ပါယ်
[ပြင်ဆင်ရန်]ဖယာ (Phaya) ဟူသည် ထိုင်းတော်ဝင်ဘွဲ့ရာထူးတစ်ခု ဖြစ်သည်။ ရှေးဟောင်း ခမာဘာသာစကားမှ ဆင်းသက်လာပြီး မွန်ဘာစကား ဗညာ၊ မြန်မာမူ ဗညား တို့နှင့် အတူတူပင် ဖြစ်ပါသည်။[၂]
ထို့ကြောင့် မြို့နယ်၏ နာမည်ကို မြန်မာမူပြုလျှင် "ဗညား (พญา, ဖယားဟု အသံထွက်) + တိုင် (ไท, တိုင် (ရှမ်းမျိုးနွယ်များ) လူမျိုးကို ဆိုလို) ဖြစ်မည်။ ဒေသိယအသုံးအနှုန်း၊ နေ့စဉ်ထိုင်းစကားအရ ဖယာထိုင်းဟု ခေါ်ဆိုနိုင်သည်။
သမိုင်း
[ပြင်ဆင်ရန်]ဖယားထိုင်းမြို့နယ်ကို ၁၉၆၆ ခုနှစ်တွင် ဒူဆစ်နှင့် ဘန်ကပီမြို့နယ်တို့မှ နယ်မြေအချို့ကို ပေါင်းစည်း၍ တည်ထောင်ခဲ့သည်။ ၎င်းကို ရာမ ၅ ဘုရင်၏ အမိန့်ဖြင့် ၁၉၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ဖရာထိုင်းနန်းတော်ကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်ပါသည်။ [၃] ထိုအချိန်မှစ၍ မြို့နယ်သည် အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ၁၉၇၃ ခုနှစ်တွင် ဟွေခွါန်မြို့နယ်ကို ဖယားထိုင်းမှ ခွဲထုတ်ခဲ့သည်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းတွင် မြို့နယ်များအကြား လူဦးရေမျှတစေရန် ရည်ရွယ်၍ ဖယားထိုင်း၊ ဟွေခွါန် နှင့် ဘန်ကပီမြို့နယ်များ၏ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။[၄] ၁၉၈၉ ခုနှစ်တွင် ဖယားထိုင်း၏ တောင်ဘက်ခြမ်းမှ ခွဲထုတ်ကာ ရာချာထေဝီမြို့နယ်အသစ်ကို ဖန်တီးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အရှေ့ဘက်ဒေသအချို့ကို အသစ်ဖွဲ့စည်းလိုက်သည့် ဒင်းဒန်မြို့နယ်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ဆမ်ဆင်နိုင်း (Sam Sen Nai) အပါအဝင် ကျန်ရှိသည့် ရပ်ကွက်ငယ်များသာ ကျန်ရစ်ခဲ့သည်။[၅]
ရာချာထေဝီမြို့နယ်အဖြစ် ခွဲထွက်ခဲ့ခြင်းကြောင့် ဖယာထိုင်းလမ်းသည် ဖယားထိုင်းမြို့နယ်အတွင်းတွင် လုံးဝမရှိတော့ပါ။ ၎င်းလမ်းသည် ရာချာထေဝီနှင့် ပထုမ်ဝန် မြို့နယ်များကို ဖြတ်သန်းသွားပါသည်။ ထိုနည်းတူစွာ၊ ဖယားထိုင်း ဘီတီအက်စ်ဘူတာရုံသည်လည်း ဖယားထိုင်းလမ်းပေါ်ရှိ ရာချာထေဝီမြို့နယ်တွင် တည်ရှိပါသည်။
ဆဋ္ဌမမြောက် ရာမဘုရင်မင်းမြတ် လက်ထက်က ဖယာထိုင်းဒေသသည် စစ်တန်းလျားများဖြင့် ပြည့်နှက်နေသည့် နယ်မြေတစ်ခု ဖြစ်ခဲ့ပါသည်။ ဖဟွန်ယိုထင်လမ်း (Phahon Yothin Road) သည် ထိုဒေသကိုဖြတ်၍ ပေါက်သော အဓိကသွားလာရေးလမ်းဖြစ်ပြီး ၎င်း၏ မူလအမည်မှာ "စနမ်ပေါင်" ဖြစ်ခဲ့ခြင်းကြောင့် ထိုဒေသကိုလည်း "စနမ်ပေါင်" ဟူ၍ အခြား အခေါ်အဝေါ်တစ်ခုအဖြစ် ရင်းနှီးစွာ သိကြပါသည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]မြို့နယ်ကို ရပ်ကွက် ၂ ခု ဖြင့် ဖွဲ့စည်းထားသည်။

The missing numbers 2, 3, 4 and 5 belong to the sub-districts which were split off to form Ratchathewi district. နံပါတ် ၂,၃,၄ နှင့် ၅ ကို ခွဲပြီး ရာချာထေဝီမြို့နယ်အဖြစ် ပြန်လည်ဖွဲ့စည်လိုက်သည်။
နေရာများ
[ပြင်ဆင်ရန်]ဖယားထိုင်းမြို့နယ်သည် အစိုးရငွေစုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကဲ့သို့သော အစိုးရရုံးများစွာ တည်ရှိရာနေရာ ဖြစ်ပါသည်။ မြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ အစိတ်အပိုင်း အများစုကို ထိုင်းဘုရင့် တပ်မတော်က သိမ်းပိုက်ထားပြီး၊ ယင်းတွင် တပ်မတော် ကြည်းတပ် အားကစားကွင်း နှင့် စစ်တပ်ပိုင် ရုပ်မြင်သံကြားလိုင်း ၅ တို့လည်း ပါဝင်သည်။ ဝပ်ဖိုင်တန်ကျောင်းသည် မြို့နယ်အတွင်းရှိ တစ်ခုတည်းသော ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ်သည်။
စဖန်ခွိုင်း (สะพานควาย) ဟုခေါ်သော ထိုရပ်ကွက်ဒေသသည် ဆိုင်များ၊ တိုက်ခန်းများနှင့် BigC ဈေးဝယ်စင်တာများစွာရှိပြီး လူဦးရေ ပိုမိုထူထပ်သော ဒေသတစ်ခု ဖြစ်ပါသည်။
ထိုင်း စာပို့တံဆိပ်ခေါင်း ပြတိုက် (Thai Philatelic Museum) ကို ပြုပြင်မွမ်းမံပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် စဖန်ခွိုင်းရှိ ဆမ်ဆင်နိုင်း စာတိုက်နောက်ဘက်ရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့သည်။ ပြပွဲများတွင် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးမှ ထိုင်း စာပို့တံဆိပ်ခေါင်းဝါသနာရှင်များ ရရှိခဲ့သော ဆုတံဆိပ် မိတ္တူများ၊ ရှားပါး ထိုင်းတံဆိပ်ခေါင်းများ နှင့် ဆုရရှိခဲ့သည့် စာပို့တံဆိပ်ခေါင်း ဒီဇိုင်းများနှင့် ဆုများ ပါဝင်သည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]
ဖယားထိုင်းတွင် ဘီတီအက်စ် မိုးပျံရထားဘူတာ ၃ ခု ရှိသည် - စနမ်ပေါင်၊ အာရီ နှင့် စဖန်ခွိုင်း တို့ ဖြစ်ပါသည်။ အမ်အာတီ မက်ထရို၏ ဘန်စိုးဘူတာသည် မြို့နယ်၏ အနောက်မြောက်ဘက် ထောင့်တွင် တည်ရှိပါသည်။
ထိုင်းနိုင်ငံမီးရထားလုပ်ငန်း (SRT) ၏ ဆမ်ဆင်မီးရထားဘူတာသည်လည်း ဖယားထိုင်းကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အရှေ့ပိုင်းလိုင်းမှလွဲ၍ ဟွာလမ်ဖောင်း မီးရထားဘူတာမှ ထွက်ခွာသော (သို့မဟုတ်) ဝင်ရောက်သော ရထားတိုင်းသည် ဤနေရာကို ဖြတ်သန်းသွားရပါသည်။ မီးရထားလမ်းကြောင်းသည် ဖယားထိုင်းမြို့နယ်ရှိ ဆမ်ဆင်နိုင်း (Sam Sen Nai) ရပ်ကွက်ငယ်နှင့် ဒူဆစ်မြို့နယ်ရှိ ထနွန်နခွန်ချိုင်းစီ (Thanon Nakhon Chai Si) ရပ်ကွက်ငယ်တို့အကြား ပိုင်းခြားနယ်နိမိတ်အဖြစ်လည်း ဆောင်ရွက်ပါသည်။
မှတ်စုများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Population and House Report for Year 2017။ Department of Provincial Administration, Ministry of Internal Affairs။ 19 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-04-01 တွင် ပြန်စစ်ပြီး။ (Search page 12 September 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .)
- ↑ ဗညာ။ Wiktionary။
- ↑ เขต พระราชวัง พญาไท (in th) (2018-09-23)။
- ↑ "Royal Gazette" (in th) (1978-05-02): 180.
- ↑ "Royal Gazette" (in th) (1993-11-10): 3–6.