ဖတ်ဇာရာကန်

ဝီကီပီးဒီးယား မှ
ဖတ်ဇာရာကန်
ဖတ်ဇာရာကန် သည် Algeria တွင် တည်ရှိသည်
ဖတ်ဇာရာကန်
ဖတ်ဇာရာကန်
တည်နေရာNorth east of Algeria, South-east of the city of Annaba
ကိုဩဒိနိတ်36°47′N 7°31′E / 36.783°N 7.517°E / 36.783; 7.517ကိုဩဒိနိတ်: 36°47′N 7°31′E / 36.783°N 7.517°E / 36.783; 7.517
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများAlgeria
အကျယ်ဆုံး အလျား၁၈ km (၁၁ mi)
အကျယ်ဆုံး အနံ၁၃ km (၈.၁ mi)
မျက်နှာပြင် ဧရိယာ၂၀၆.၈၀ km2 (၇၉.၈၅ sq mi)
တရားဝင်အမည်Lac Fetzara
ရွေးချယ်ခြင်း4 June 2003
ရည်ညွှန်းနံပါတ်1299[၁]
ဖတ်ဇာရာကန်

ဖတ်ဇာရာကန် သည် အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းသည် အန်နဘာမြို့တော်၏ အရှေ့တောင်ဘက် ၁၈ ကီလိုမီတာ (၁၁ မိုင်) အကွာတွင် တည်ရှိသည်။ အရှေ့မှ အနောက် သို့ ၁၇ ကီလိုမီတာ (၁၁ မိုင်)ရှိပြီး မြောက်မှ တောင်သို့ ၁၃ ကီလိုမီတာ (၈.၁ မိုင်) ရှိသည်။ ဧရိယာအားဖြင့် ၁၈၆၀၀ ဟက်တာ (၄၆၀၀၀ ဧက) ရှိသည်။ ထိုဒေသကို "ရမ်ဆာ" ဒေသအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။ ရမ်ဆာဒေသတွင် တားမြစ်ထားသည့် နေရာဒေသများ ပါဝင်သည်။ ဖတ်ရာဇာကန်၏ မြေဆီနှင့် ရေကို လေ့လာမှုများစွာ ပြုလုပ်ပြီး ဖြစ်သည်။ ထို့လေ့လာမှုများတွင် ကန်တွင် ဆားပါဝင်မှု ပတ်သက်၍ ဖြစ်သည်။ လေ့လာတွေ့ရှိမှုအရ ဖတ်ရာဇာကန်၏ မြေဆီသည် ဆားဓာတ်ပြုမှုဖြစ်စဉ်များ ရှိနေသည်ကို တွေ့ရှိရခဲ့သည်။ ထို့အပြင် အနက်ကွာခြားသည်နှင့်အမျှ ပြောင်းလဲသွားမှုကိုလည်း လေ့လာခဲ့သည်။ နမူနာများကို ပထမနှစ်လွှာ (၀ - ၂၀ စင်တီမီတာနှင့် ၂၀-၄၀ စင်တီမီတာ) မှ နေရာရှစ်နေရာခွဲကာ ယူခဲ့သည်။ ထို့အတွက်ကြောင့် မြေသားနမူနာသည် ကန်နေရာပတ်လည်စုံမှ ၁၆ ခု ဖြစ်သည်။ လေ့လာဆန်းစစ်မှုအရ ကန်၏ မြေဆီတွင် ဆားပါဝင်မှသည် ကန်၏ တောင်ဘက်ပိုင်းနှင့် အရှေ့မြောက်ဘက်ပိုင်း (Wadi Zied ဒေသ) တွင် အများဆုံး ဖြစ်နေသည်။

တည်နေရာ[ပြင်ဆင်ရန်]

Geographic situation of Fetzara Lake

မြေသားအရည်အသွေး[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Lac Fetzara။ 25 April 2018 တွင် ပြန်စစ်ပြီး။