ဖင်လန်နိုင်ငံ၏ ခိုလှုံခွင့်

ဝီကီပီးဒီးယား မှ

ဖင်လန်နိုင်ငံ၏ ခိုလှုံခွင့်ဆိုသည်မှာ၊ မိမိနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နေထိုင်ရန် မဖြစ်တာ့သည် သူများ၊ ဖင်လန်နိုင်ငံသို့ အခြေချနေထိုင်ရန် လာရောက်လျှောက်ထားခြင်းကို ဆိုလိုသည်။ ဖင်လန်နိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ကြေညာစာတမ်းကို လုံး၀လိုက်နာသည့် နိုင်ငံဖြစ်သည်။ နိုင်ငံ၏ နိုင်ငံခြားသားဥပဒေများသည်လည်း ၎င်းကြေညာစာတမ်းနှင့် ဆင်တူဖြစ်သည်။

ဖင်လန်သည် ဥရောပအဖွဲ့ဝင်နိုင်ငံများနည်းတူ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့သည့် ခိုလှုံခွင့် နည်းစနစ်ကို အသုံးပြုသည်။ အခြေခံ ခိုလှုံခွင့်စနစ်မှာ-

  • ဒုက္ခသည်များအတွက် တရားဝင် အကာအကွယ်ပေးနိုင်သည့် ဥပဒေများ နှင့် ထိရောက်သည့် စနစ်[၁]

ဆောင်ရွက်ပုံအဆင့်ဆင့်[ပြင်ဆင်ရန်]

ခိုလှုံခွင့်ကို ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန မှကိုင်တွယ်ပြီး၊ လျှောက်ထားလိုသူမှ ပြည်တွင်းတွင်လည်းကောင်း၊ နယ်စပ်များရှိ လူဝင်မှုစစ်ဆေးရေး ဌာနများတွင် နိုင်ငံတကာ ခိုလှုံခွင့်အမည်အောက်တွင် လျှောက်ထားရသည်။ နေထိုင်ခွင့် ဆုံးဖြတ်ချက်သည် တစ်ယောက် နှင့် တစ်ယောက် မတူဘဲ၊ ဆုံးဖြတ်ချက်ချရန် ပုံမှန် ကိုင်တွယ်ပုံနှင့် အမြန်ကိုင်တွယ်ပုံဟူ၍ နှစ်မျိုးရှိသည်။ မိဘမပါရှိသည့် ကလေးများအတွက် အကောင်းဆုံးဖြစ်အောင် ဦးစားပေး ဆောင်ရွက်မှုမျိုးလည်းရှိသည်။

နိုင်ငံ့ နယ်စပ်များရှိ လူဝင်မှုစစ်ဆေးရေး ဌာနများ နှင့် နိုင်ငံအတွင်းသို့ရောက်ပြီး များမကြာမီ အချိန်အတွင်း လျှောက်ထားနိုင်သည်။ ရဲစခန်းတာဝန်ရှိသူများ နှင့် နယ်စပ်စစ်ဆေးသူများမှ လျှောက်ထားသူ၏ ရောက်ရှိလာရာ ခရီးလမ်း နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရသည်။ ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာနမှ ခိုလှုံခွင့်ပေးမပေး ဆုံးဖြတ်ချက်ချပြီး၊ ပယ်ချခံရသူများသည် ဟယ်လ်စင်ကီး တရားရုံးကြီးသို့ ဆက်လက် အယူခံနိုင်သည်။

အကယ်၍ ခိုလှုံခွင့်ပေးရန် အထောက်အထားများ မခိုင်လုံပါက၊ လျှောက်ထားသူအား အခြားနေထိုင်ခွင့်များဖြစ်သည့် အခြေခံခိုလှုံခွင့် ၊ လူသားခြင်းစာနာထောက်ထား၍ ခိုလှုံခွင့်၊ အခြားသော နေထိုင်ခွင့် ပါမစ်များထုတ်ပေးနိုင်သည်။

တချို့သော လျှောက်ထားသူများမှာ ပယ်ချခံရပါက၊ နိုင်ငံတော်မှ ချက်ချင်းထွက်ခွာစေပြီး၊ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်စေသည်။ ပြန်လည်ပို့ဆောင်ရာတွင် လူ့အခွင့်အရေး မထိပါးစေဘဲ၊ လေးစားလိုက်နာစွာ တရားမျှတသည့် နည်းလမ်းဖြင့် ပြန်လည်ပို့ဆောင်စေသည်။

နေထိုင်ခွင့် အမျိုးအစား[ပြင်ဆင်ရန်]

ပြန်လည် ပို့ဆောင်ခြင်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 11 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2012 တွင် ပြန်စစ်ပြီး။