ဖင်လန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်း

ဝီကီပီးဒီးယား မှ

ဖင်လန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ ဖင်လန်နိုင်ငံတွင် ခေတ္တဖြစ်စေ၊ အမြဲဖြစ်စေရွှေ့ပြောင်းနေထိုင်ခြင်းကို ဆိုလိုသည်။ အကုန်မဟုတ်သော်လည်း အများစုမှာ ဆက်လက်၍ ဖင်လန်နိုင်ငံသားများဖြစ်သွားကြသည်။ နေထိုင်ခွင့်ကို မိသားစုဆက်နွယ်မှုကြောင့်ဖြစ်စေ၊ ပညာသင်ကြားနိုင်ရန်ဖြစ်စေ၊ ပြန်လည်အခြေချနေထိုင်နိုင်ရန်ဖြစ်စေ၊ လူမှုစာနာထောက်ထားမှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ လူဝင်မှုကြီးကြပ်ရေးမှ နေထိုင်ခွင့်ချပေးနိုင်သည်။

ဖင်လန်နိုင်ငံ၏ လူဦးရေတိုးပွားမှုမှာ ရွှေ့ပြောင်းနေထိုင်ကြသူများ နှင့် နိုင်ငံသမိုင်းတလျှောက် ယဉ်ကျေးမှုပြောင်းလည်းလာမှုပေါ်လည်း မူတည်နေသည်။ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးသည်လည်း နိုင်ငံခြားသားများနှင့် သက်ဆိုင်နေပြီး၊ ဖင်လန်နိုင်ငံသားများအတွက် အလုပ်အကိုင်များ၊ ရာဇဝတ် အပြစ်ဒဏ်များ နှင့် မဲပေးမှုများတွင်လည်း နိုင်ငံခြားသားများ ဆက်လက် လက်ခံသင့် မခံသင့်ခြင်းကို အငြင်းပွားလျက်ရှိသည်။

၂၀၁၁ ခုနှစ်အထိ၊ ပြည်ပမွေး နိုင်ငံခြားသားများ ဖင်လန်သို့ လာရောက်နေထိုင်သူပေါင်း ၁၄၀ ၀၀၀ ခန့်ရှိပြီး၊ နိုင်ငံ၏ လူဦးရေ ၂.၇% ရှိသည်။ ၂၀၁၀ မဲဆန္ဒကောက်ယူချက်များအရ ဖင်းလူမျိုးအများစုသည် ဒုက္ခသည်အဖြစ် ပြောင်းရွှေ့လာသူများကို ကန့်သက်ချက်များ ထားရှိစေချင်သည်ဟု ဆိုသည်။ [၁]နေထိုင်ခွင့်လက်မှတ် ရှိသူများသည် ရှင်ဂန်အသိအမှတ် မြေအတွင်း သွားလာခွင့်ရှိသည်။

နေထိုင်ခွင့်(ဘီ)[ပြင်ဆင်ရန်]

နေထိုင်ခွင့် အမျိုးအစား B သည် ယာယီနေထိုင်ခွင့်ဖြစ်သည်။ နှစ်စဉ် ၁ နှစ်နေထိုင်ခွင့် ထုတ်ပေးသည့် စနစ်ဖြစ်သည်။ ၎င်းနေထိုင်ခွင့်ကို ကျောင်းတက်ရောက်ရန် ရောက်ရှိလာသည့် နိုင်ငံခြားသားများ နှင့် နေထိုင်ခွင့်လျှောက်ထားကြသည့် ဒုက္ခသည်များကိုလည်း ၊ နေထိုင်ခွင့် အေ မပေးခင် ဘီ အစားထိုးချပေးခြင်းမျိုးလည်းရှိသည်။

ပညာသင်ကြားရန်[ပြင်ဆင်ရန်]

ဘီအမျိုးအစားသည် ကျောင်းသားများအတွက် ဖြစ်ပါက အလုပ်လုပ်ကိုင်ခွင့် ရှိသော်လည်း တစ်ပါတ်လျင် ၂၅ နာရီသာ လုပ်ကိုင်ခွင့်ရှိသည်။ ကျောင်းသားဖြစ်ပါက ဘီနေထိုင်ခွင့်ရှိသူသည် နိုင်ငံ၏ လူမှုဖူလုံရေး အာမခံစနစ်တွင် ထည့်သွင်းထားခြင်းမရှိသောကြောင့် အေဖြင့် နေထိုင်သူများရရှိသည့် အလုပ်လက်မဲ့ထောက်ပံ့ကြေး၊ နေထိုင်စားရိပ် ထောက်ပံ့ကြေး နှင့် အိမ်ရာထောက်ပံ့ကြေးများ မရရှိပေ။

ဆက်လက် နေထိုင်ရန်[ပြင်ဆင်ရန်]

ကျောင်းသားများအနေနှင့် ကျောင်းပြီးပါက ဘီအမျိုးအစားနေထိုင်ခွင့်ရှိနေချိန်အတွင်း နေထိုင်ခွင့် ကို ဆက်လက်လျှောက်ထားနိုင်သည်။ နေထိုင်ခွင့် ၆လ ဆက်လက်ရရှိမည်ဖြစ်ပြီး၊ အလုပ်အကိုင် ရှာဖွေနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်ရရှိပါက၊ နေထိုင်ခွင့် အေ အဖြစ် ဆက်လက်နေထိုင်ခွင့်ရမည်ဖြစ်သည်။

ခိုလှုံခွင့် လျှောက်ထားသူများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖင်လန်နိုင်ငံ၏ ခိုလှုံခွင့်

ခိုလှုံခွင့်လျှောက်ထားသူများအား ခိုလုံခွင့်ချပေးရန် အထောက်အထား မလုံလောက်ခြင်း၊ မိခင်နိုင်ငံသို့ လက်ရှိတွင် ပြန်လည်ပို့ဆောင်ရန် အခြေအနေ မပေးခြင်းတို့ကြောင့် နေထိုင်ခွင့် ဘီ ဖြင့် ခိုလှုံခွင့်လျှောက်ထားသူတချို့ နေထိုင်ကြရသည်။

ဆက်လက် နေထိုင်ရန် နှင့် အခွင့်အရေး[ပြင်ဆင်ရန်]

ဘီဖြင့်နေထိုင်သူများသည် အခြေအနေပြောင်းလည်းလာပါက နေထိုင်ခွင့် အေ အဆင့် သို့ ပြောင်းလည်းသွားနိုင်သည်။ ဥပမာ - အလုပ်အကိုင်ရရှိခြင်း၊ ဖင်လန်တွင် နေထိုင်ခွင့်ရှိပြီးသူတစ်ဦးနှင့် ထိမ်းမြားခြင်း၊ မိခင်နိုင်ငံတွင် ပြန်ပို့ဆောင်ရန် လုံး၀မဖြစ်နိုင်ခြင်း စသည်တို့ပေါ် မူတည်၍လည်း နေထိုင်ခွင့် အေ အဆင့်သို့ ပြောင်းလည်းသွားနိုင်သည်။

နေထိုင်ခွင့် (အေ)[ပြင်ဆင်ရန်]

နေထိုင်ခွင့် အမျိုးအစား A သည် ယာယီနေထိုင်ခွင့်ဖြစ်သော်လည်း ပထမဦးဆုံးအခေါက်တွင် ၁ နှစ် နေထိုင်ခွင့်ရရှိပြီး၊ ဆက်လက်၍ အခြေအနေပေါ်မူတည်ကာ ကာလကြာရှည်သည့် ၃ နှစ်သို့မဟုတ် ၄ နှစ် နေထိုင်ခွင့် ချပေးခြင်းမျိုးရှိသည်။ ၎င်းနေထိုင်ခွင့်ကို အလုပ်အကိုင်နှင့် နေထိုင်နေသူများ၊ ဆွေမျိုးသားချင်း ဆက်နွယ်မှုကြောင့် နေထိုင်သူများ၊ ဒုက္ခသည့်အဖြစ် နေထိုင်ခွင့်လျှောက်ရာတွင် နေထိုင်ခွင့်ရရှိသူများအတွက်ဖြစ်သည်။

ရရှိသည့် အခွင့်အရေး[ပြင်ဆင်ရန်]

အမြဲနေထိုင်ခွင့်[ပြင်ဆင်ရန်]

နေထိုင်သူတစ်ဦးသည် နေထိုင်ခွင့် အမျိုးအစား A ဖြင့် ၄ နှစ် ဆက်တိုင်နေထိုင်ပါက အမြဲနေထိုင်ခွင့် လျောက်ထားနိုင်သည်။ အမြဲနေထိုင်ခွင့်သည် ကန့်သက်ရက်မရှိခြင်းကြောင့် အချိန်မရွေး ပြန်လည် နေထိုင်ခွင့်ရှိသည်။ အမြဲနေထိုင်ခွင့်လျှောက်ထားနိုင်ရန် လိုအပ်သည့် နေထိုင်မှုအချိန်မှာ ဆက်တိုက် ၄ နှစ်ရှိရမည်ဖြစ်သောကြောင့်၊ ဘီအမျိုးအစားနှင့် နေထိုင်ခဲ့သူများ၏ ကာလကို တဝက်အဖြစ် အသိအမှတ်ပြုသည်။ ထို့ကြောင့် ဘီဖြင့် ၃ နှစ်ကျောင်းတက်ထားသူများသည်၊ အေရရှိသည့်အခါတွင် ၁ နှစ်ခွဲ နေခဲ့ပြီးသူများဟုသက်မှတ်ထားသောကြောင့် အေဖြင့် ၂ နှစ်ခွဲဆက်လက်နေထိုင်ပြီးလျင် အမြဲနေထိုင်ခွင့်ကို လျှောက်ထားနိုင်သည်။

ရရှိသည့် အခွင့်အရေး[ပြင်ဆင်ရန်]

နေထိုင်ခွင့်အေ ဖြင့် နေထိုင်သူများ၏ လူမှုဖူလုံရေး အခွင့်အရေးများ ရရှိမှုတူညီသော်လည်း အမြဲနေထိုင်ခွင့်ရရှိသူများသည် နိုင်ငံသားလျှောက်ယူခွင့်ရှိသည်။ နိုင်ငံသားဖြစ်မှသာ ၆ နှစ်တစ်ကြိမ် ကျဉ်းပလေ့ရှိသည့် သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ခွင့်ရရှိမည်။ သမတ္တရွေကောက်းပွဲ ကို ဖင်လန်နိုင်ငံသားများသာလျှင် ရွေချယ်ပိုင်ခွင့်ရှိကြသည်၊

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 21 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2012 တွင် ပြန်စစ်ပြီး။