ပွဲရှစ်ခုစွန်း

ဝီကီပီးဒီးယား မှ

ပွဲရှစ်ခုစွန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၈၄ ခုနှစ် ပါပဓာတ်စသော ဓာတ်ကြီးလေးမျိုးတို့၏ အကျိုးအပြစ်ကို ဖွဲ့ဆိုထားသည်။

ပွဲရှစ်ခုစွန်း[ပြင်ဆင်ရန်]

ကပ်ဆန်းငယ်ကမ္ဘာက၊ ဓာတ်ကျမ်းမှာ ကျမ်းစာပြခဲ့၊ ပါပသူရဇ္ဇောငယ်နှင့်၊ ခေတ်သဘောညီ၊ နှစ်ဟောအသီတိအမှတ်ကယ်က၊ ကောလိဓာတ်အမြိတ္တာ။

အန္တရာရန်ကာညှပ်နေကြ၊ တကပ်လျှင် ခြောက်ဆယ်လေးပါတဲ့၊ ဖွဲ့ရေးနှောင်ရှေးယခေါင် ရှင်ရသေ့ငယ်တို့၊ နောင်တွေ့ရန်အနာဂတ်ကို၊ အမှတ်ပညာပွားစေဖို့၊ ထားခဲ့ပေရှာ။

ဝဒတ်ဆရာ၊ မှတ်ကာရေးခဲ့၊ ဓာတ်လေးလီအညီညှိလို့၊ အသိတိ ပြဝေပုံက၊ ပါပမကုန်သေးသော်ကြောင့်၊ ခုလေးသွယ်၊ ရှစ်ဆယ်စွန်းတွင်ဖြင့်၊ ဘယ်ယွန်းဇလုံနှင့်၊ ဂျွန်းသူပုန်မတုန်လှုပ်ပေဘု့၊ တရုတ်ကရန်ပရှာ၊ မြန်မာရှိနယ်အဝှန်း။

ကောသလ စောလှရာဇာ၏၊  သောဠဿာ အိပ်မက်ခန်းတွင်မှ၊ ဇာတ်လမ်းတွေပွေလို့ ရှုတ်သည်သို့၊ အရုပ်စုံမကြုံဘူးအောင်ပ၊ ဘီလူးတွေ မျောက်တွေထွက်ရှာကြ၊ ညဉ့်နက်ပြန်သန်းကောင်လွဲတော့၊ ဇာတ်လဲကာ တဖုံပြသည့်နှယ်၊ ပါပကုန်သည်နှစ်မတော့၊ သူရဇ္ဇျာ ဖြစ်လာဆဲမို့၊ ဘိလပ်စံ တပ်ခံမြဲပါမှ၊ ဓာတ်ကုန်လျှင် ဇာတ်ပုံလဲတတ်တယ်၊ ပွဲရှစ်ခုစွန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဝေဒတ်ဆရာ = ဝေဒ၊ ဗေဒ၊ ဗေဒင်ဆရာဟု ဆိုလိုသည်။

၂။ အသီတိ = ရှစ်ဆယ်။

၃။ ကောသလ = ကောသလမင်းကြီး။

၄။ သောဠသဿာ = ၁၆ ချက်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။