ပွဲစားကြီး ဦးဖိုးသာ

ဝီကီပီးဒီးယား မှ

ပွဲစားကြီး ဦးဖိုးသာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

ပွဲစားကြီး ဦးဖိုးသာ[ပြင်ဆင်ရန်]

မဏ္ဍလာ ဟံသာနဂရ၊ ရာဇဝလ္လဘောနှင့်၊ ညွှန်ပြောဆိုကြည်ညိုအုံးဘို့၊ ပြည်လုံးကုန်ကြည့်မျှော်ရှုဝေရ၊ ရုံးဝန်စု ကော်မတီ။

ဇောတိကာနာထပိဏ်တို့၊ ရတနာစိန်အထည်မျိုးတို့၊ သယ်ပိုးကာဆိုက်သည့်လှဲနှင့်၊ တိုက်ထဲသွင်ကာလောင်းလိုက်ရင်၊ ထင်းတောင်းရေကုဋေချင့်ရသတဲ့၊ ရွှေနှင့်ငွေသူ့ထက်မများပေဘု၊ လက်ဖျားမှာပုံကာ လောင်းချင်ငဲ့၊ မြို့ပေါင်းစုံ ပညာရှိတို့က၊ ရှေးပဝေသနိ၊ သူဋ္ဌေးတွေက မမီသော်ကြောင့်၊ တွေးမိကြသည်။

ချိန်ရတီစိန်စီမံတဲ့၊ သိင်္ဂီလျှံ၊ ဆယ်လှော်နှစ်ကဲ့သို့၊ ငယ်ချစ်ဖော်ကတော်ပုငယ်နှင့်၊ အလှူအတူပြုပေကြ၊ ဓာတုရံမွေတော်ဆုံသည့်၊ ရွှေတိဂုံ စေတီမြတ်တွင်မှ၊ ပတ္တမြားအရောင်၊ ငါးဆောင်ပြဿဒ်ကယ်က၊ သိကြားနတ်ကြံကာစည်၊ ဖန်လှာသည်ထင့်အံ့မဆုံး။

ရွှေသမ္ဘာ တေဇာကျော်ထဲ့၊ ဆရာတော် အာဘော်လှိမ့်လို့၊ ဗျာမိန့်သံဟောညွှန်ပြသော်ကြောင့်၊ လောကဝယ်ကြွယ်လို့ ဋ္ဌေး ပေတဲ့၊ ပစ္စေး ရွှေငွေများတို့၊ မြေးသားကိုမတွယ်တာဘု၊ အပါယ်ရွာ ကွယ်ကာပိတ်လို့၊ ညာနိဗ္ဗူဖိုလ်ထိလှမ်းရအောင်၊ လူ့ချမ်းသာကွမ်းယာတညက်ကယ်နှင့်၊ နန်းစက်ရုံဆုံရဟတ်လိုပ၊ ရစ်ပတ်လည် တချာချာမို့၊ နတ်ရွာတွင်ပြဿဒ်ဒကာမနားချင်ဘု၊ မှတ်နာယူပရမတ်စာ တရားငယ်နှင့်၊ အရဟတ္တမာ မြတ်ရာထိ သွားမည်ဟု၊ ထားထဲ့နှလုံး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။