မာတိကာသို့ ခုန်သွားရန်

ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း

ဝီကီပီးဒီးယား မှ

ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] (ပြုကအသစ်၊ ဖြစ်ကအဟောင်း။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း-ဟူ၍လည်း အဆိုများရှိသည်။)

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း” ဆိုသည်မှာ ယခုလက်ရှိ ပြုလုပ်နေသော ကောင်းမှု၊ မကောင်းမှုများသည် နောင်ဘဝ သို့မဟုတ် နောင်တွင် ခံစားရမည့် အကျိုးဆက်များအတွက် အကြောင်းရင်းများဖြစ်ပြီး ယခု ခံစားနေရသော ကောင်းကျိုး၊ ဆိုးကျိုးများသည် အတိတ်ဘဝ သို့မဟုတ် အတိတ်ကာလက ပြုခဲ့သော ကံအကျိုးများ၏ အကျိုးဆက်များဖြစ်သည်ဟု ဆိုလိုသည်။ ဗုဒ္ဓဘာသာ၏ ကံနှင့် ကံ၏ အကျိုးပေးအကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ ကောင်းသော အပြုအမူသည် ကောင်းသော အကျိုးဆက်ကို ဖြစ်စေပြီး မကောင်းသော အပြုအမူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် လူတို့သည် ကောင်းမှုကုသိုလ်များကို ပြုလုပ်ပြီး မကောင်းမှုများကို ရှောင်ရှားသင့်ကြောင်းကို သွန်သင်သည်။ အတိတ်ကံကြောင့် ယခုဘဝတွင် ဆင်းရဲဒုက္ခ ခံစားနေရသူများအနေဖြင့်လည်း ယခုဘဝတွင် ကောင်းမှုများ ပြုလုပ်ခြင်းဖြင့် နောင်ဘဝတွင် ကောင်းကျိုးခံစားရမည်ဟု မျှော်လင့်နိုင်ကြောင်းကိုလည်း ဖော်ညွှန်းသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “ခပင်းလောက၊ လူထိုမျှကား၊ ပြုကအသ်စ၊ ဖြစ်ကအဟောင်း၊ ကျိုးနှင့် ကြောင်းတည့်၊” []
  • “နောက်နောက်သော ဘဝက သူက ညည်းအပေါ် ဆိုးခဲ့လို့ ခုဘဝမှာ ညည်းက သူ့အပေါ် ဆိုးရတာကလား၊ ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်းတဲ့၊” []
  • ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုတဲ့ စကားလို… ခု ဆဲလိုက် သူကတော့ အသစ်ဖြစ်နေတာမို့ ဒီလို ဆဲတဲ့ အကျိုးကို ခံရဦးမှာပဲ၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၆၆] မဃ ၂၂၆။
  3. [၁၂၇၇] မောင်ပုံ။ ၂၀၄။
  4. [၁၃၄၂] ပုံပြကြီးပွား။ ၁၆၁။