မာတိကာသို့ ခုန်သွားရန်

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု

ဝီကီပီးဒီးယား မှ

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု(Public Administration) ဆိုတာ အစိုးရ ပေါ်လစီ အခွဲတွေကို လေ့လာတာ၊ ဖွံ့ဖြိုးအောင်လုပ်တာ၊ ဖော်ဆောင်တာလို့ အကြမ်းအားဖြင့် ဖော်ပြနိုင်ပါတယ်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပတ်သက်၍ ချဉ်းကပ်မှု (၂) ပိုင်း‌တွေ့ရှိရပါသည်။ စီမံခန့်ခွဲရေးဆိုင်ရာ ချဉ်းကပ်မှုနှင့် အားလုံးပါဝင်မှုဆိုင်ရာချဉ်းကပ်မှုများ ဖြစ်ပါသည်။ စီမံခန့်ခွဲရေးဆိုင်ရာ ချဉ်းကပ်မှုအပိုင်းတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကို အဆုံးအဖြတ်ပေးနိုင်သည့် စီမံခန့်ခွဲမှု တာဝန်ယူသူများ၏ လုပ်ငန်းများအဖြစ် ရှုမြင်ကြပြီး အားလုံးပါဝင်မှုကို ရည်ရွယ်သူများက ‌ောက်ခြေဝန်ထမ်းမှ ဌာနအကြီးအကဲအထိ ‌ောင်ရွက်ရသည့် လုပ်ငန်း စဉ်တိုင်းကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအဖြစ် ရှုမြင်ကြသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို ယခင်က အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ရှိသူများ၏ အစိုးရမူဝါဒများကို ‌ောင်မြင်အောင် ‌ောင်ရွက် သည့်လုပ်ငန်းအဖြစ် ရှုမြင်ကြပြီး ယနေ့ကာလတွင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မှုများနှင့် အချင်းချင်းအပြန်အလှန် ထိန်း‌ြောင်းမှု ဖြစ်စဉ်များကိုပါ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအဖြစ်ရှုမြင်လာကြသည်။ အစိုးရတစ်ရပ်၏ မူဝါဒများ‌ောင်မြင်အောင် ကဏ္ဍကြီး (၃) ရပ်မှ ‌ောင်ရွက်မှုများဖြစ်သဖြင့် နိုင်ငံရေး‌ောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင် လာကြသည်။

လူသားများအနေဖြင့် ‌ွေးဖွားခြင်းမှသည် ‌ေဆုံးသည့်အချိန်တိုင် အုပ်ချုပ်ရေး တစ်နည်းအားဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ကင်းလွတ်မှုမရှိနိုင်ပေ။ ပြည်သူများ၏ နိစ္စဓူဝ ‌ောင်ရွက်သည့် လုပ်ငန်းစဉ် များကို အစိုးရကိုယ်စား တာဝန်ယူ၍ ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို ‌ောင်မြင်အောင် ‌ော်‌ောင်ဆောင်ရွက်နိုင်မှု ရှိမရှိသည် အစိုးရတစ်ရပ်အား မှတ် ‌ျောက်တင်နိုင်မည့် စံတစ်ရပ်အဖြစ်ရှုမြင်နိုင်ပေမည်။