ပြည်ပျက်ကို မကြုံပါရစေနှင့်

ဝီကီပီးဒီးယား မှ

ပြည်ပျက်ကို မကြုံပါရစေနှင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဓာတ်ကြီးလေးပါးပြောင်းလွဲ၍ သောကြာကြယ်၊ ဗုဒ္ဓဟူးကြယ်တို့၏ ထူးခြားဖြစ်ပျက်ဟန်များကို ဖွဲ့ဆိုရေးသားထားသော ဓာတ်ကြီးလေးပါးဖွဲ့ သံချို ဖြစ်သည်။

ပြည်ပျက်ကို မကြုံပါရစေနှင့်[ပြင်ဆင်ရန်]

အတ္တောရယ်အညီပ၊ ဓာတ်ကောလီ လောကီအကျတွင်ဖြင့်၊ ဒိဋ္ဌိအမြင်ဗေဒင်နှင့်ရှုပြန်တော့၊ ကိစ္စစဉ် အပြေစုတို့က၊ ပွေမှုပင်တမင်ဖန်လို့၊ သူပုန်ရန် ပြည်မငြိမ်းနိုင်ဘု၊ ကိန်းပါပ ဓာတ်အဝင်။

ဘိလပ်စံကယ်ဆယ်၍၊ ဓာတ်လယ်မှာ ရပ်တယ်ကြရသူရဇ္ဇတခ ပြောင်းလျှင်ဖြင့် ခေတ်ဟောင်းကိုကြုံလို့ တွေ့ယန်ငဲ့၊ အောက်မေ့စိတ်တွင်။

သီဟရယ်ကေသရာတို့ ဂြိုဟ်ဇီဝါ ဒီလာနင်းလို့၊ ကြွက်မင်းဂြုဟ် ကြာသပတေးတို့ကြောင့်၊ မြို့ကျေးနယ် ရွာလယ်တောမှာလ၊ ပွက်ပွက်ဝေအောင် ကြွက်တွေက ပေါပြန်တော့၊ မြက်ရှောကြွေ စနေမွေးပါလို့၊ ခက်သော်ပွေ မကျေအေးသော်လဲ၊ ပြေး သေပျောက်ပုန်းခိုဝင်၊ ဇမ္ဗူခွင်တကြော။

ကမောက်ကမန်နှင့်၊ အကောက်ဉာဏ်ဖောက်ပြန်ဆူးပါဘိ၊ သောက်ရှူးကြယ် အဟုတ်မြူးသည့်ပြင်၊ ဗုဒ္ဓဟူးကြယ် ဥဒည်ကထွက်မဲ့၊ နက္ခတ်ကယ် လူမြင်ခံခဲ့လျှင်၊ ပူပင်ရန် လူရှင်ရဟန်းငယ်တို့၊ ပင်ပန်းစွာ ကမ္ဘာဝေသို့၊ သတ္တဝါတွေမှာ တခါတလေပွက်တတ်သတဲ့၊ ပြည်ပျက်ကို မကြုံပါရစေလို့၊ ဓမ္မဖြူစင်ပြုမူ၊ ကောင်းတွေနဲ့၊ ဘဂဝါအရှင်မှာ၊ ဆုယူတောင်းကြတော့ ကျမ်းဟောင်းစာအဆိုကဖြင့်၊ အဇဋာတခိုမှာ ကမ္ဘာအလိုနှင့် ထိန်းသော်လဲ၊ သတ္တဝါဆိုဆို ကြမ္မာထိုလို့ ယိမ်းသည်ကြောင့်၊ ဝါဆိုလျှင် ပါပဂြိုဟ်က၊ သိမ်းလိမ့်မယ်၊ ကိန်း အတတ်ဟော။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အတ္တော = အနက်အဓိပ္ပာယ်။

၂။ သူရဇ္ဇ = တနင်္ဂနွေဂြိုဟ်။

၃။ သီဟ = ခြင်္သေ့၊ အင်္ဂါဂြိုဟ်။

၄။ ကေသရာ = ခြင်္သေ့။

၅။ ဂြိုဟ်ဇီဝါ = ကြာသပတေးဂြိုဟ်။

၆။ ဥဒည် = နေထွက်ရာအရှေ့အရပ်၌ရှိသောတောင်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။