ပြည်ထောင်စု တရားသူကြီးချုပ်
ပုံပန်းသွင်ပြင်
| ပြည်ထောင်စုတရားသူကြီးချုပ် | |
|---|---|
| အဆိုပြုသူ | နိုင်ငံတော်သမ္မတ |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော် |
| သက်တမ်း | အသက် ၇၀ နှစ် ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခွင့်ရှိသည် |
| စတင်ထမ်းဆောင်သူ | ဆာဘဦး |
ပြည်ထောင်စု တရားသူကြီးချုပ်မှာ တရားရေးကို စီရင်ရသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သဘာပတိ ဖြစ်သည်။ တရားသူကြီးချုပ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ကြသည်။ နိုင်ငံအများစုတွင် ဝါရင့်တရားသူကြီးများကို တရားသူကြီးချုပ်နေရာ ပေးလေ့ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးသာဌေး ဖြစ်ပြီး အသက်(၇၀)အထိ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
တာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ မှ ယနေ့ခေတ်ကာလ ၂၀၂၃ အထိ တရားသူကြီးချုပ် အဖြစ်တာဝန်ယူခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
| စဉ် | အမည် | စတင်ရက် | ပြီးဆုံးရက် | ရာထူး အခေါ်အဝေါ်များ | အမည်တင်သွင်းသည့် သမ္မတ |
|---|---|---|---|---|---|
| ၁။ | ဆာဘဦး | ၄ ဇန်နဝါရီ ၁၉၄၈ | ၁၂ မတ် ၁၉၅၂ | တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် | |
| ၂။ | ဦးသိန်းမောင် | ၂၂ မတ် ၁၉၅၂ | ၁၇ ဇူလိုင် ၁၉၅၇ | ||
| ၃။ | ဦးမြင့်သိန်း | ၁၇ ဇူလိုင် ၁၉၅၇ | ၁ မတ် ၁၉၆၂ | နိုင်ငံတော် တရားဝန်ကြီးချုပ် | |
| ၄။ | ဦးဘိုကြီး | ၃၀ မတ် ၁၉၆၂ | ၁ မတ် ၁၉၆၅ | တရားရုံးချုပ် တရားသူကြီးချုပ် | |
| ၅။ | ဒေါက်တာမောင်မောင် | ၇ ဇူလိုင် ၁၉၆၅ | ၁၂ ဇူလိုင် ၁၉၇၂ | ||
| ၆။ | ဦးလှသင်း | ၁၂ ဇူလိုင် ၁၉၇၂ | ၂ မတ် ၁၉၇၄ | နိုင်ငံတော် တရားသူကြီးချုပ် | |
| ၇။ | သူရ ဦးအောင်ဖေ | ၃ မတ် ၁၉၇၄ | ၈ နိုဝင်ဘာ ၁၉၈၁ | ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ | |
| ၈။ | ဦးမောင်မောင်ကျော်ဝင်း | ၉ နိုဝင်ဘာ ၁၉၈၁ | ၁၉ ဇူလိုင်၁၉၈၂ | ||
| ၉။ | ဦးတင်အောင်ဟိန်း | ၁၁ အောက်တိုဘာ ၁၉၈၂ | ၁၈ စက်တင်ဘာ ၁၉၈၈ | ||
| ၁၀။ | ဦးအောင်တိုး | ၂၇ စက်တင်ဘာ ၁၉၈၈ | ၃၀ မတ် ၂၀၁၁ | တရားရုံးချုပ် တရားသူကြီးချုပ် | |
| ၁၁။ | ဦးထွန်းထွန်းဦး | ၃၀ မတ် ၂၀၁၁ | ၂ ဩဂုတ် ၂၀၂၃ | ပြည်ထောင်စုတရားသူကြီးချုပ်၊ | ဦးသိန်းစိန် |
| ၁၂။ | ဦးသာဌေး | ၃ ဩဂုတ် ၂၀၂၃ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
| ၁၀ ဧပြီ ၂၀၂၆ | ယနေ့အထိ | ဦးမင်းအောင်လှိုင် |
တရားလွှတ်တော်တရားသူကြီးချုပ်
[ပြင်ဆင်ရန်]တရားလွှတ်တော် (၁၄)ရပ်မှ လက်ရှိတရားသူကြီးချုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်[၂] -
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၈ တရားရုံးနှစ်စဉ်အစီရင်ခံစာ၊စာမျက်နှာ၁၀ပေါ်ရှိ ခေတ်အဆက်ဆက်တရားသူကြီးချုပ်များစာရင်း။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်။ 18 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-04-13 တွင် ပြန်စစ်ပြီး။
- ↑ တရားလွှတ်တော်တရားသူကြီးချုပ်များ။ The Supreme Court of The Union of Myanmar။ 5 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2023 တွင် ပြန်စစ်ပြီး။