မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ
အင်္ဂလိပ် အမည်Union Farmer-Labour Force Party
ဥက္ကဋ္ဌဦးမင်းသူ
တည်ထောင်ခြင်း ဩဂုတ် ၂၀၁၅ (၂၀၁၅-၀၈-၀၄)
ဌာနချုပ်ပဲခူးမြို့ပဲခူးတိုင်းဒေသကြီး
အဖွဲ့ဝင်၄,၀၀၀ ကျော်[]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ (အင်္ဂလိပ်: Union Farmer-Labour Force Party) သည် ၂၀၁၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ပဲခူးတိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။[]

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅၃) ဖြင့် ခွင့်ပြုခဲ့သည်။ []

ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ် (A/၄၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။​

ပါတီဖျက်သိမ်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီမှုကြောင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာလိုက်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]