ပြည်ထောင်စု တရားလွှတ်တော်ချုပ်
| ပြည်ထောင်စုတရားလွှတ်တော်ချုပ် Supreme Court of the Republic of the Union of Myanmar | |
|---|---|
![]() | |
| စတင် | ၁၉၄၈ |
| နိုင်ငံ | မြန်မာနိုင်ငံ |
| တည်နေရာ | နေပြည်တော် |
| ဆောင်ပုဒ် | သီလ၊ သမာဓိ၊ ပညာ |
| လုပ်ပိုင်ခွင့်ပြုခြင်း | မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ |
| သက်တမ်း | ၇၀ နှစ် သက်ပြည့်အနားယူချိန်ထိ |
| ရာထူးနေရာ | ၁၁ |
| ဝက်ဘ်ဆိုဒ် | unionsupremecourt.gov.mm |
| တရားသူကြီးချုပ် | |
| လက်ရှိ | ဦးသာဌေး [၁] |
| စတင်တာဝန်ထမ်းဆောင် | ၃ ဩဂုတ် ၂၀၂၃ |

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ လက်ရှိ ပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးသာဌေး ဖြစ်သည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ်အပါအဝင် တရားသူကြီး နည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးနှင့်ဖွဲ့စည်းတည်ထောင်သည်။ (လက်ရှိတွင် တရားသူကြီး ၉ ဦးသာရှိသည်။) ပြည်ထောင်စုတရားသူကြီးချုပ် ကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။ အဆောင်အယောင်ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ် သည် ဒုတိယသမ္မတ နှင့် တန်းတူ အဆောင်အယောင်များကို ခံစားခွင့်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်တန်းတူ အဆောင်အယောင်များကို ခံစားပိုင်ခွင့်ရှိသည်။
သမိုင်း
[ပြင်ဆင်ရန်]တရားရုံးအဆင့်ဆင့်ကို ၁၉၄၈ ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေမှ တဆင့်တည်ထောင်ခဲ့သည်။ လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဦးဆုံးတရားသူကြီးချုပ်သည် အင်္ဂလန်ပြည် ကိန်းဘရစ်ချ်ပညာတတ်ရှေ့နေ ဒေါက်တာဘဦး ဖြစ်ပြီး နောက်ပိုင်းတွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတဖြစ်လာခဲ့သည်။ ဒေါက်တာဘဦး သည် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိတရားသူကြီးချုပ်အဖြစ်ထမ်းဆောင်ခဲ့သည်။[၂]
၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်း တည်ထောင် ထားရှိသည်-
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်
- တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
- ခရိုင်တရားရုံးများ
- မြို့နယ်တရားရုံးများ
- ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ
စီရင်ပိုင်ခွင့်အာဏာ
[ပြင်ဆင်ရန်]ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အယူခံမှုများအတွက် အမြင့်ဆုံး တရားရုံး ဖြစ်သည်။ ၎င်းသည် အယူခံမှုနှင့် ပြင်ဆင်မှု အာဏာများကို ကျင့်သုံးနိုင်သည်။ ထို့အပြင် မူလမူများကိုလည်း ကြားနာ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိပြီး အောက်ပါ ကိစ္စရပ်များအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌သာ မူလမှု စီရင်ပိုင်ခွင့် အာဏာများ ရှိသည်-
- ပြည်ထောင်စု နိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာ စာချုပ်များနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၊
- ပြည်ထောင်စု အစိုးရနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ တို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြား အငြင်းပွားမှုများ၊
- တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြား အငြင်းပွားမှုများ၊
- ပင်လယ်ဓားပြမှုများ၊ နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊
- ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သို့မဟုတ် အခြား ဥပဒေပါ ပြဋ္ဌာန်းချက်ကို အထောက်အထားပြု၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ ကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့် ရှိသည်-
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလမှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
- အခြားတရားရုံးက ဥပဒေနှင့်အညီ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံ ဝင်ခြင်း။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက် သို့မဟုတ် အမိန့်ကို ဥပဒေ နှင့်အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာ၊ သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့်သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့် အာဏာ၊ မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုနှင့်တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှု လွှဲ ပြောင်းပေးမှုကိုလည်း စီရင်ပိုင်ခွင့် အာဏာရှိသည်။
စာချွန်တော်အမိန့်ထုတ်ဆင့်ခွင့်အာဏာ
[ပြင်ဆင်ရန်]ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ဆင့်ပိုင်ခွင့် အာဏာ ရှိသည်-
- ရှေ့တော်သွင်း စာချွန်တော်အမိန့်၊
- အာဏာပေး စာချွန်တော်အမိန့်၊
- တားမြစ်စေ စာချွန်တော်အမိန့်၊
- အာဏာပိုင်မေးစာချွန်တော်အမိန့်၊
- အမှုခေါ်စာချွန်တော်အမိန့်
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း
[ပြင်ဆင်ရန်]- ၂၀၂၆ ဧပြီ ၇ ရက်နေ့တွင် ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကိုးဦးဖြင့် ဖွဲ့စည်းရန် သဘောတူပြီး၊ လွှတ်တော်သို့တင်ပြထားသော ဦးသာဌေးအား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူသည်။[၃]
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုခဲ့သည်။[၄]
| စဉ် | အမည် | ရာထူး | ခန့်အပ်သည့် ရက်စွဲ | အမည်တင်သွင်းသည့် သမ္မတ |
|---|---|---|---|---|
| ၁။ | ဦးသာဌေး | ပြည်ထောင်စုတရားသူကြီးချုပ် | ၁၀ ဧပြီ ၂၀၂၆ | ဦးမင်းအောင်လှိုင် |
| ၂။ | ဦးသောင်းနိုင် | တရားသူကြီး | ၁၀ ဧပြီ ၂၀၂၆ | |
| ၃။ | ဦးသိန်းကိုကို | |||
| ၄။ | ဒေါ်သင်းသင်းနွဲ့ | |||
| ၅။ | ဒေါ်ပြုံးပြုံးအေး | |||
| ၆။ | ဒေါက်တာ ကိုကိုနိုင် | |||
| ၇။ | ဦးဝင်းမြင့် | |||
| ၈။ | ဒေါ်စိုးခက်ခက် | |||
| ၉။ | ဒေါ်သင်းသင်းချို |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသက်တမ်း
[ပြင်ဆင်ရန်]ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ပြည်ထောင်စုတရားသူကြီးချုပ် (၁)ဦး နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး (၁၁) ဦးရှိခဲ့ကြသည်။ [၅]
| စဉ် | အမည် | ခန့်အပ်သည့် ရက်စွဲ | မဖြစ်မနေအငြိမ်းစားယူ ရက်စွဲ | တာဝန်မှ အနားယူသွားသည့် ရက်စွဲ | အမည်တင်သွင်းသည့်သူ | ယခင် တာဝန်ထမ်းဆောင်မှု | ပညာအရည်အချင်း |
|---|---|---|---|---|---|---|---|
| ၁ | ဦးသာဌေး (ပြည်ထောင်စုတရားသူကြီးချုပ်) | ၂၀၂၃ ဩဂုတ်လ ၃ | ၂၀၂၈ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ | LL.B (Rangoon University) |
| ၂ | ဦးမျိုးတင့် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၆ | ၁၀ ဧပြီ ၂၀၂၆ | ဦးထင်ကျော် | ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် | ဥပဒေဘွဲ့ (LL.B) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် |
| ၃ | ဦးမျိုးမောင် | ၂၀၂၁ ဖေဖော်ဝါရီလ ၄ | ၂၀၂၇ | ၂၀၂၅ စက်တင်ဘာ ၉[၆] | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊တရားသူကြီးချုပ် | ဥပဒေဘွဲ့( ရန်ကုန်တက္ကသိုလ်) |
| ၄ | ဦးကြည်သိန်း | ၂၀၂၁ ဖေဖော်ဝါရီလ ၄ | ၂၀၂၉ | ၂၀၂၅ စက်တင်ဘာ ၉ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊တရားသူကြီးချုပ် | ဥပဒေဘွဲ့( ရန်ကုန်တက္ကသိုလ်) |
| ၅ | ဦးခင်မောင်ကြီး | ၂၀၂၁ ဖေဖော်ဝါရီလ ၇ | ၂၀၂၆ | ၂၀၂၅ စက်တင်ဘာ ၉ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | မွန်ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် | ဥပဒေဘွဲ့( ရန်ကုန်တက္ကသိုလ်)၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့(ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊စီးပွားရေးဆိုင်ရာဥပဒေဒီပလိုမာဘွဲ့၊ အပြည်ပြည်ဆိုင်ရာဥပဒေဒီပလိုမာဘွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးပညာ ဒီပလိုမာဘွဲ့ |
| ၆ | ဦးတင်ဟုန် | ၂၀၂၁ ဖေဖော်ဝါရီလ ၇ | ၂၀၂၄ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီး | ဥပဒေဘွဲ့( ရန်ကုန်တက္ကသိုလ်) |
| ၇ | ဒေါ်ခင်မေရီ | ၂၀၂၁ ဖေဖော်ဝါရီလ ၇ | ၂၀၃၀ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် | ဥပဒေဘွဲ့ (LL.B) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် |
| ၈ | ဦးသောင်းနိုင် | ၂၀၂၂ မတ်လ ၁၄ | ၂၀၃၄ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | စစ်ဥပဒေချုပ်ရုံး ၊ တွဲဖက်စစ်ဥပဒေချုပ် | ဥပဒေဘွဲ့ (LL.B) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊မဟာဥပဒေဘွဲ့ (LL.M) Transnational Law and Business University (TLBU) (South Korea) |
| ၉ | ဦးသိန်းကိုကို | ၂၀၂၂ မတ်လ ၁၄ | ၂၀၂၇ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ကရင်ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် | ဥပဒေဘွဲ့ (LL.B) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် |
| ၁၀ | ဒေါ်သင်းသင်းနွဲ့ | ၂၀၂၂ မတ်လ ၁၄ | ၂၀၂၉ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် | ဥပဒေဘွဲ့ (LL.B) ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊မဟာဥပဒေဘွဲ့ (LL.M) |
| ၁၁ | ဒေါ်ပြုံးပြုံးအေး [၇] | ၂၀၂၃ ဩဂုတ် ၁၉ | ၂၀၃၁ | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး | မဟာဥပဒေဘွဲ့ (ရန်ကုန်တက္ကသိုလ်)၊ ဂျပန်ဘာသာ(ဒီပလိုမာ)ဘွဲ့( နိုင်ငံခြားဘာသာတက္ကသိုလ်) |
| ၁၂ | ဒေါက်တာ ကိုကိုနိုင် [၈] | ၂၀၂၄ ဩဂုတ် ၁၀ | - | ၁၀ ဧပြီ ၂၀၂၆ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန် | - |
| ၁၃ | ဦးဝင်းမြင့် [၉] | ၂၀၂၅ စက်တင်ဘာ ၁၇ | - | ၁၀ ဧပြီ ၂၀၂၆ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ | - | - |
| ၁၄ | ဒေါ်စိုးခက်ခက် | ၂၀၂၅ စက်တင်ဘာ ၁၇ | - | ၁၀ ဧပြီ ၂၀၂၆ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ | - | - |
| ၁၅ | ဒေါ်သင်းသင်းချို | ၂၀၂၅ စက်တင်ဘာ ၁၇ | - | ၁၀ ဧပြီ ၂၀၂၆ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ | - | - |
၂၀၁၁-၂၀၂၁ ရှေ့ပိုင်းကာလများ
[ပြင်ဆင်ရန်]| စဉ် | အမည် | ခန့်အပ်သည့် ရက်စွဲ | မဖြစ်မနေအငြိမ်းစားယူ ရက်စွဲ | အမည်တင်သွင်းသည့် သမ္မတ | ယခင် တာဝန်ထမ်းဆောင်မှု | ပညာအရည်အချင်း |
|---|---|---|---|---|---|---|
| ၁ | ဦးထွန်းထွန်းဦး (ပြည်ထောင်စုတရားသူကြီးချုပ်) |
၂၀၁၁ မတ်လ ၃၀ | ၂၀၂၄ ခုနစ်တွင်အနားယူ | ဦးသိန်းစိန် | ဒုပြည်ထောင်စုတရားသူကြီးချုပ် | B.A. (Law), LL.B (Rangoon University) |
| ၂ | ဦးသာဌေး | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၈ | ဦးသိန်းစိန် | ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် | LL.B (Rangoon University) |
| ၃ | ဦးမြင့်အောင် | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၂ | ဦးသိန်းစိန် | ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး | B.A (Psychology), Higher Grade Pleadership Certificate (1981) |
| ၄ | ဦးအောင်ဇော်သိန်း | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၇ | ဦးသိန်းစိန် | လက်ထောက် စစ်ဥပဒေချုပ် | B.A. (Law), LL.B (Rangoon University) |
| ၅ | ဦးမြဟန် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၃ | ဦးထင်ကျော် | တရားလွှတ်တော်ရှေ့နေ | B.A. (Law), LL.B (Rangoon University), Dip in Business Management, Dip in Maritime Law |
| ၆ | ဦးမျိုးတင့် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၆ | ဦးထင်ကျော် | ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ညွှန်ကြားရေးမှူးချုပ် | LL.B (Rangoon University) |
| ၇ | ဦးစိုးနိုင် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၅ | ဦးထင်ကျော် | မန္တလေးတိုင်းဒေသကြီးဥပဒေအရာရှိ | B.A. (Law), LL.B (Rangoon University) |
| ၈ | ဦးခင်မောင်ကြည် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၈ | ဦးထင်ကျော် | တရားလွှတ်တော်ရှေ့နေ | LL.B (Mandalay Arts and Science University) |
| ၉ | ဦးမျိုးဝင်း | ၂၀၁၈ နိုဝင်ဘာလ ၁၅ | ၂၀၂၈ | ဦးဝင်းမြင့် | တရားလွှတ်တော်ရှေ့နေ | LL.B (Rangoon University) |
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တရားလွှတ်တော်များ
[ပြင်ဆင်ရန်]တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တရားလွှတ်တော် (၁၄) ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်
- ကချင်ပြည်နယ် တရားလွှတ်တော် - ကချင်ပြည်နယ် မြစ်ကြီးနားမြို့
- ကယားပြည် တရားလွှတ်တော် - ကယားပြည်နယ် လွိုင်ကော်မြို့
- ကရင်ပြည်နယ် တရားလွှတ်တော် - ကရင်ပြည်နယ် ဘားအံမြို့
- ချင်းပြည်နယ် တရားလွှတ်တော် - ချင်းပြည်နယ် ဟားခါးမြို့
- စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် - စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့
- တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် - တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့
- ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် - ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့
- မကွေးတိုင်းဒေသကြီး တရားလွှတ်တော် - မကွေးတိုင်းဒေသကြီး မကွေးမြို့
- မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် - မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့
- မွန်ပြည်နယ် တရားလွှတ်တော် - မွန်ပြည်နယ် မော်လမြိုင်မြို့
- ရခိုင်ပြည်နယ် တရားလွှတ်တော် - ရခိုင်ပြည်နယ် စစ်တွေမြို့
- ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် - ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့
- ရှမ်းပြည်နယ် တရားလွှတ်တော် - ရှမ်းပြည်နယ် တောင်ကြီးမြို့
- ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် - ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့
အခြားလေ့လာရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၂ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ http://www.austlii.edu.au/au/journals/SCULawRw/2000/4.pdf
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးရှစ်ဦးအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ။ Union supreme Court Myanmar။ 5 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၀ စက်တင်ဘာ ၂၀၂၅)။ ၉ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၉ ဩဂုတ် ၂၀၂၃)။ ၁၉ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်တာဝန်ပေး။ MOI Myanmar (၁၀ ဩဂုတ် ၂၀၂၄)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၇ စက်တင်ဘာ ၂၀၂၅)။ ၂၂ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
