ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၃

ဝီကီပီးဒီးယား မှ

ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂ မှ အဆက်ဖြစ်သည်

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုစခန်း ပထမအကြိမ် အတိုက်ခံရခြင်း[ပြင်ဆင်ရန်]

တော်လှန်သော ဗဟိုစခန်း အခြေအနေ[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စတင် ဆင်နွှဲသော အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ ပြည်သာယာစစ်ဆင်ရေးကြောင့် ဗမာပြည်ကွန်မြူနစ် ပါတီ၏

ဗဟိုဌာနချုပ်စခန်းသည် ပြည်ခရိုင်နှင့် သာယာဝတီခရိုင် အစပ်၌ နေရာအတည်တကျမရှိဘဲ ရွှေ့ ပြောင်းနေခဲ့ရသည်။ ထိုအတောအတွင်း ဗဟိုဌာနချုပ်မှ

သောင်းကျန်းသူများသည် ရေချိုးချိန်ပင်မရဘဲ အစာရေစာပြတ်လပ်၍လည်း နေသည်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် ဗဟိုဌာနချုပ်သည် သာယာဝတီ ခရိုင်နှင့်

ပြည်ခရိုင်အစပ် ကျွဲတဲကြီး(ကရင်ရွာ)နှင့် နှစ်မိုင်ခန့်အကွာတွင် ခိုအောင်းခဲ့ရသည်။ ရိက္ခာအတွက် တောဆင်နှင့် ပြောင်များကို ပစ်ခတ်စားကြရပြီး ဆန် ကိုမူ

တောင်ငူခရိုင်က ပို့ပေးခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ်တွင် ပါတီကော်မတီခြောက်ဦးရှိရာ အောက်ပါအတိုင်းဖြစ် သည်။

(၁) ရဲဘော်ဉာဏ်ကျော်(ခ)ညိုအောင်(ပြည်ပပြန်) အတွင်းရေးမှူး

(၂) ဗိုလ်တင်မောင်(ခ)လှဟန်(ခ)သိန်းထွန်း တပ်မှူး

(၃) ရဲဘော်မျိုးတင့်(ခ)ကြည်အောင် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း(ပြည်ပပြန်) တာဝန်ခံ

(၄) ရဲဘော်သက်(ခ)ဦးခင်(ခ)အေးမောင် ထောက်ပံ့ရေးမှူး

(၅) ရဲဘော်တင်ထွေး(ခ)မောင်ညို(ပြည်ပပြန်) ဗဟိုဌာနချုပ်ရုံး

(၆) ရဲဘော်ချစ်ဝေ(ခ)အေးလွင်(ခ)ဂျိုကာ ဗဟိုကြိုးမဲ့ကြေးနန်းတာဝန်ခံ

ဗဟိုဌာနချုပ်စခန်းတစ်ခုလုံးအား တပ်ခွဲပုံစံဖြင့် ဖွဲ့စည်းထားပြီး တပ်စု(၄)စု ပါဝင်သည်။ တပ်ဖွဲ့တစ်ခု လုံး၏ တပ်မှူးကြီးမှာ သခင်သန်းထွန်းပင်ဖြစ်သည်။

သခင်သန်းထွန်း၏ အမိန့်ကို အကောင်အထည်ဖော်ရသူမှာ ဗဟိုစခန်းလုံခြုံရေးမှူးနှင့် တပ်စု(၁)တပ်စုမှူး ဖြစ်သူ ဗိုလ်တင်မောင်(ခ)လှဟန်(ခ)သိန်းထွန်းပင် ဖြစ်သည်။

နိုင်ငံရေးမှူးမှာ ရဲဘော်ဉာဏ်ကျော်(ခေါ်)ပြည်ပပြန် ညိုအောင်ဖြစ်သည်။ စင်စစ်တပ်စု(၁)သည် ဗဟို ဌာနချုပ်၏လုံခြုံရေးကို တာဝန်ခံရသော ဗဟိုလုံခြုံရေး

တပ်စုပင်ဖြစ်ပြီး တပ်စိတ်(၄)စိတ်ပါဝင်သည်။

တပ်စိတ်(၁)၏ တပ်စိတ်မှူးမှာရဲဘော်သောင်းစိန် (ခေါ်) ညိုထွန်းဖြစ်ပြီး တပ်စိတ်(၂)၏ တပ်စိတ်မှူးမှာ ရဲဘော်ငွေသိန်းဖြစ်သည်။ တပ်စိတ်(၃)နှင့် တပ်စိတ် (၄)တို့၏

တပ်စိတ်မှူးများမှာ ရဲဘော်သန်းဝင်းနှင့် ရဲဘော်မြင့်နိုင်ဖြစ်သည်။ ဤကား ဗဟိုစခန်းလုံခြုံရေး အတွက် အရေးအပါဆုံးသော တပ်စု(၁)ပင်ဖြစ်သည်။

တပ်စု(၂)မှာ ဗဟိုရုံးအဖွဲ့သားများ ပါဝင်သည့် တပ်စုဖြစ်သည်။ ဗဟိုဆေးဌာန၊ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီများ၊ တတိယပတ် ဗဟို

မာ့ခ်စ်လီနင်ဝါဒကျောင်းသားများပါဝင်သည်။ နိုင်ငံရေးမှူးနှင့် တပ်မှူးမှာ ပြည်ပပြန်ရဲဘော်ညိုဖြစ်ပြီး တပ်စိတ်(၄)စိတ်ဖြင့် ဖွဲ့စည်းထားသည်။

တပ်စိတ်(၁) တပ်စိတ်မှူးမှာ ဗိုလ်ခင်ညို(မြစ်ဝကျွန်းပေါ်တိုင်း)ဖြစ် ပြီး ယင်း၏တပ်စိတ်တွင် တတိယပတ် ဗဟိုမာ့ခ်စ် လီနင်ဝါဒကျောင်းသားများသာမကဘဲ

ဗဟိုကော်မတီဝင် သခင်ပု(ခေါ်)ဦးထွန်းဝေ၊ ဗဟိုကော်မတီဝင် ရဲဘော်မြ(ခေါ်) ဦးတင်ဦးတို့ ပါဝင်ကြရသည်။ တပ်စိတ် (၂) တပ်စိတ်မှူးမှာ တပ်စု(၂)၏ နိုင်ငံရေးမှူး

နှင့် တပ်မှူးဖြစ်သူ ပြည်ပပြန်ရဲဘော်ညိုပင်ဖြစ်သည်။

ယင်း တပ်စိတ်တွင် သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ၊ ရဲဘော်အောင်ကြီး၊ ဗိုလ်ဇေယျ စသည်တို့ပါဝင်သည်။ တပ်စိတ်(၃)တွင်မူ

ဗဟိုရုံးအဖွဲ့နှင့် ဗဟိုဆေးအဖွဲ့တို့ပါဝင်ပြီး တပ်စိတ်မှူးမှာ ရဲဘော်သိန်းဟန်(ခေါ်)အောင်လေးဖြစ်သည်။ တပ်စိတ်(၄)တွင် တပ်စိတ်မှူးမှာ ဗိုလ်ဘုန်းကျော်ဖြစ် ပြီး

ပဲခူးရိုးမတိုင်းကော်မတီဝင်များ ပါဝင်ကြသည်။

တပ်စု(၃)သည် ဗဟိုကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ တပ်မှူးမှာ ရဲဘော်အေးလွင်(ခ) ချစ်ဝေ(ခ)တင့်ဆွေ(ခ)ဂျိုကာဖြစ်သည်။ ဤတပ်စုတွင်

အသံဖမ်းစက်များအပြင် ပြည်ပနိုင်ငံနှင့် ဆက်သွယ်သော စက်ကြီးတစ်လုံးပါဝင်သည်။ လက်လှည့်အားသွင်း စက်လည်း ပါဝင်သည်။ တပ်စိတ်နှစ်စိတ်ခွဲထားရာ

တပ်စိတ်(၁)မှူးမှာ ရဲဘော်ရဲညွန့်(ခ)မောင်ညွန့်ဖြစ်ပြီး တပ်စိတ်(၂)မှူးမှာ ရဲဘော်ဝင်းမောင်(ခ)သစ်လွင်(ခ) မြင့်မောင်ဖြစ်သည်။ ရဲဘော်ဝင်းမောင်သည် ဗဟို

ကြိုးမဲ့ကြေးနန်းသင်တန်းကျောင်း၏ နည်းပြဆရာ လည်း ဖြစ်သည်။

တပ်စု(၄)၏ နိုင်ငံရေးမှူးမှာ ရဲဘော်မျိုးတင့်(ခေါ်) ကြည်အောင်ဖြစ်သည်။ တပ်မှူးမှာ ဟင်္သာတခရိုင် အတွင်းရေးမှူး ရဲဘော်ဘုန်းမြင့်ဖြစ်သည်။ တတိယပတ်

ဗဟိုမာ့ခ်လီနင်ဝါဒ ကျောင်းသားများပါဝင်သည်။ တပ်စိတ်(၁)မှူးမှာ ရဲဘော်ခင်မောင်(သရက်ခရိုင်)ဖြစ် ပြီး တပ်စိတ်(၂)မှူးမှာ ဗိုလ်အောင်မင်း(ပဲခူးခရိုင်)ဖြစ် သည်။

ဗဟိုဌာနချုပ်စခန်းသည် တပ်စု(၄)စုပါဝင်သော စစ်ကြောင်းအသွင် ဖွဲ့စည်း၍ သခင်သန်းထွန်း၏ တစ်မိန့်တည်းအောက်တွင် လိုက်နာလှုပ်ရှားကြရသည်။

ဗဟိုဌာနချုပ်တွင် တာဝန်ယူကြရသူများမှာ လုံခြုံရေး အရ မကြာခဏ နာမည်ပြောင်းကြရလေရာ အချို့မှာ နာမည်များလွန်းသဖြင့် မိမိနာမည်ကိုပင်

မမှတ်မိတော့ပေ။ ဗဟိုဌာနချုပ်စခန်းသည် မည်သည့်နေရာသို့ ရောက်ရောက် ပြည်ပရေဒီယိုကိုသာဖွင့်၍ နားထောင် ကြရသည်။ ပြည်ပရေဒီယိုကလည်း

အစီအစဉ်ဖြင့် ညွှန်ကြားချက်များ၊ ကြွေးကြော်သံများကို အသံလွှင့်ပေး လျက်ရှိသည်။

အနာဂတ်ဟာ ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကသာ ပိုင်တယ်၊ ဗမာပြည်သူလူထုဟာ ဗမာ့သမိုင်းကို ဖန်တီးသူများ

ဖြစ်တဲ့အတိုင်း ပြည်သူလူထုအကျိုး ကိုယ်စားပြုတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ မုချအောင်ပွဲရမှာဖြစ်တယ်။

နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက သာ ပေါ်ထွက်နိုင်တယ်၊ ဒါ့ကြောင့် ဘယ်လို အခြေအနေမျိုးအောက်မှာပဲဖြစ်ဖြစ် ဗမာပြည် ကွန်မြူနစ်ပါတီဟာ-

- လက်နက်စွဲကိုင်ပြီး နိုင်ငံရေးအာဏာကို အရ ယူကြလော့။

- လက်နက်စွဲကိုင်ပြီး နေဝင်းစစ်အစိုးရကို ဖြုတ် ချကြလော့။

- ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။

- ဥက္ကဋ္ဌကြီးသခင်သန်းထွန်း ကျန်းမာပါစေ။

- ဥက္ကဋ္ဌကြီးမော်သက်တော်ရာကျော်ရှည်ပါစေ။

(ပြည်ပရေဒီယိုမှ အသံလွှင့်ချက်များမှ)

သခင်သန်းထွန်းနှင့်ရဲဘော်အောင်ကြီးတို့လူစုသည် ရန်သူ့ထိုးစစ်ကို ထိုးစစ်ဖြင့်ရိုက်ချိုးရမည်ဟု လမ်းညွှန် ထားကြသော်လည်း လက်တွေ့တွင်မူ အမှတ်(၇၇)

ခြေမြန်တပ်မဌာနချုပ်၏ ထိုးစစ်များကို ရင်ဆိုင်နိုင် စွမ်း မရှိသဖြင့် ရှောင်တိမ်း၍သာ နေရသည်။ ၁၉၆၇ ခုနှစ်မှစ၍ အမှတ်(၇၇) ခြေမြန်တပ်မ၏ စစ်ဆင်ရေး

များကြောင့် ကျဆုံးခဲ့ရသူများမှာလည်း မနည်းတော့ ပေ။

ပါတီတွင် ၂၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်သော ပြည်ခရိုင်ကော်မတီနှင့် ပေါင်းတည် မြို့နယ် အတွင်းရေးမှူး ရဲဘော်ဘိုအေး(ခေါ်)အေးဘို သည်

၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည် ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ငပေါရွာအနီးတွင် ကျဆုံး ခဲ့ရသည်။ သခင်သန်းထွန်း၏ နှမဖြစ်သူ မမြဝင်း(ခေါ်) မစိမ်းချိုနှင့်

၁၉၆၂ ခုနှစ်၊ အောက်တိုဘာလက လက်ထပ်ခဲ့သော ရဲဘော်အောင်မြင့်(ခေါ်)ခင်လတ် (ဗဟိုဆေးကျောင်းတပ်မှူး)သည်လည်း ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်

ကျဆုံးခဲ့ရသည်။

အသတ်ခံရ သူ ရဲဘော်ဌေး၏ ဇနီး မစောရီ(ခေါ်)မစိန်အေး(ခေါ်) မရင်ရင်(ခေါ်)မခင်ရီ(ပြည်ခရိုင်တပ်နီအမျိုးသမီး ခေါင်းဆောင်)သည်လည်း ၁၉၆၈ ခုနှစ်၊ မတ်လ

၂၅ ရက်တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဒလမဲတွင် ကျဆုံးခဲ့ရသည်။ မစောရီသည် ခင်ပွန်းဖြစ်သူ ရဲဘော်ဌေးအား ပြန်လည်ပြင်ဆင်ရေးသမား အဖြစ်

သုတ်သင်ပစ်ရန် ၁၉၆၇ ခုနှစ်၊ ဇွန်လက တောင်းဆိုခဲ့ သည်။

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ပြည်ခရိုင် ကော်မတီနှင့် ပြည်ခရိုင် ယာယီတပ်မှူး ဗိုလ်သန်းနောင် (ခေါ်)ရဲဘော်စိုးတင့် ကျဆုံးခဲ့ရသည်။ သို့နှင့် အမှတ် (၇၇)

ခြေမြန်တပ်မဌာနချုပ်၏ ထိုးစစ်များအောက်တွင် ပြည်ခရိုင်ကော်မတီအများစုမှာ ကျဆုံးခဲ့ရပြီးဖြစ်သည်။ သခင်သန်းထွန်းတို့လူစုသည် တပ်မတော်အား စစ်ရေး အရ

ပြန်လည်တိုက်ခိုက်နိုင်ရန် ကြိုးစားခဲ့သည်။ သခင် သန်းထွန်းက အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

ရန်သူ့ထိုးစစ်တွေဟာ မကောင်းတာမဟုတ်ဘူး၊ ကောင်းတာဖြစ်တယ်၊ ရန်သူ့ထိုးစစ်ဆိုတာ ငါတို့ အားကြီးဖို့ အခွင့်အလမ်းကောင်းဖြစ်တယ်။

ရန်သူရဲ့တပ်မကြီးတွေကို ငါတို့ရဲ့ ထောက်ပံ့ ရေးဌာနလို့ သဘောထားရမယ်။

ရန်သူ့တပ်မကြီးတွေဆိုတာ တံဆိပ်ပြောင်းထား တဲ့ ငါတို့ရဲ့ ငယ်နိုင်တွေဖြစ်တယ်၊ အမြဲတမ်း နိုင်ခဲ့တာချည်းပဲ

၁၉၆၆ ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လတုန်းက တပ်မ(၇၇)က ပါတီဗဟိုကိုထိုးတယ်၊ ငါတို့က မင်းတုန်းကို သိမ်းလိုက်တော့ တပ်မ(၇၇)ရဲ့ ထိုးစစ်ဟာ ပျောက်သွား

ရတယ်။

အခုဆိုရင် နေဝင်းရဲ့ အိမ်နဲ့နှစ်မိုင်လောက် ဝေးတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတယ်၊ ဒါတွေ ကို တပ်မ (၇၇)ကလည်း ကာကွယ်နိုင်မှာ မဟုတ် တော့ဘူး။

ထို့နောက် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ သခင် သန်းထွန်း၊ ရဲဘော်အောင်ကြီး၊ ဗိုလ်ထွန်းငြိမ်း၊ ရဲဘော် စိုးဝင်း(ခေါ်)ရဲဘော် ဌေးအောင်တို့သည် ဗမာပြည် ကွန်မြူနစ်ပါတီ

ပြည်ခရိုင် ပါတီကော်မတီ၏ ပြည်သူ့ ထိုးစစ်ကို ထိုးစစ်ဖြင့် ပြန်လှန်ရိုက်ချိုးရေး စီမံကိန်း ကို ရေးဆွဲကြသည်။ တိုက်ခိုက်ရေးခွင်မှာ ပေါက်ခေါင်းလမ်းတောင်ဘက်

အခြမ်းဖြစ်ပြီး အဓိကတိုက်ရမည့် ဦးတည်ရန်သူမှာ တပ်မ(၇၇)ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် သခင်သန်းထွန်းသည် ပါတီတွင်း၌ တပ်မ(၇၇)အား မုန်းတီးစိတ်၊ နားကြည်းစိတ်များ ပေါ် ပေါက်လာပြီး တိုက်ခိုက်ရေး၊ ချေမှုန်းရေးစိတ်ဓာတ်များ

ထက်သန်လာစေရေးအတွက် အောက်ပါအတိုင်း လှုံ့ဆော်ပြန်သည်-

အမျိုးသမီးတွေဟာ ယောက်ျားတွေထက်ပိုပြီး သွေးစုပ်ခံရ၊ ဖိနှိပ်ခံရတယ်၊ ယောက်ျားတွေ သွေး စုပ်ခံရတယ်၊ အသတ်ခံရတယ်၊ မိန်းမတွေလည်း သွေးသုပ်ခံရတယ်၊

အသတ်ခံရတယ်၊ မိန်းမတွေ က တစ်ခုခု အမြဲပိုတယ်၊ အဲဒါကတော့ မိန်းမ တွေက နေဝင်းရဲ့ မုဒိမ်းကျင့်ခံရတာဖြစ်တယ်။

တစ်ခုတော့ရှိတယ်၊ အခုတော့ အထူးအဆန်း တွေ့လာရပြီ၊ တပ်မ(၇၇)ဆိုတဲ့အကောင်တွေရဲ့ ထူးခြားချက်ပဲ၊ တခြားအစုတွေတော့မသိဘူး၊ ကျွန်တော်တို့အစုမှာ

တော့ ကြားရတယ်၊ မြစ်ဝကျွန်းပေါ်က အောင်စစ်သည်ထိုးစစ်မှာ (အခု မအူပင်ဘက်မှာထိုးနေတယ်) တပ်မ(၇၇)က ကောင်တွေဟာ အမျိုးသမီးတွေကိုသာ မုဒိမ်း

ကျင့်တာ မဟုတ်ဘူး၊ ယောက်ျားတွေကိုပါ မုဒိမ်း ကျင့်တယ်လို့ သိရတယ်၊ အခုဆိုရင် ပေါက်ခေါင်း ဘက်မှာလည်း တပ်မ(၇၇)က ကောင်တွေက ယောက်ျားတွေပါ

မုဒိမ်းကျင့်သတဲ့၊ ဒါကတော့ ရန်သူတပ်တွေရဲ့ နောက်ဆုံးထူးခြားချက်ပေါ့

ယေဘုယျပြောရရင်တော့ မုဒိမ်းကျင့်ခံရတယ် ဆိုတာ မိန်းမတွေပဲ

သခင်သန်းထွန်းက ဖော်ပြအတိုင်း လှုံ့ဆော် သောအခါ ဗဟိုဌာနချုပ်တွင် ဂယက်အမျိုးမျိုး ရိုက်ခတ်သွားရသည်။

ဒါလောက်တောင်တော့ မပြောသင့်ဘူးထင်တယ်၊ မမှန်တာကို လုပ်ကြံပြောရင် ပါတီကိုပဲ ပြန်ထိမှာပဲ၊ အထူးသဖြင့် ဗဟိုကော်မတီဥက္ကဋ္ဌကြီး အနေနဲ့ ဒါမျိုးတွေကို

ဖန်တီးပြီး မပြောသင့်ဘူး၊ သခင်သန်းထွန်းဟာ သူ ထင်ရင် တစ်မျိုး၊ မထင်ရင် မထင်သလို တစ်မျိုး၊ အလွန် အကျွံ ပြောတတ်လွန်းလို့ ခက်နေတယ်စသည်ဖြင့်

ဝေဖန်သံများ ထွက်လာသည်။ သို့သော် တရားဝင် ထုတ်ဖော်တင်ပြဝံ့သူကား မရှိခဲ့ပေ။ သခင်သန်းထွန်း သည် ကွယ်ရာမှ ဝေဖန်မှုများကို ကြားသိရသောအခါ

အောက်ပါအတိုင်း ပြောပြန်သည်။

ရန်သူနဲ့ပတ်သက်လာရင် ငါတို့ပြောတာဆိုတာ၊ လုပ်တာကိုင်တာတွေဟာ ဘယ်တော့မှကို လွန် တယ်ကျွံတယ်၊ ပိုတယ် များတယ်ဆိုတာ မရှိ ဘူး

ဒါကြောင့် တပ်မ (၇၇)ဟာ ယောက်ျားတွေ တင် မကဘူး၊ တစ်ရွာလုံးကို မုဒိမ်းကျင့်တယ်လို့ ပဲ ပြောပြော၊ တစ်မြို့လုံး၊ တစ်ခရိုင်လုံး၊ နောက်ဆုံး နောက်ဆုံး

တစ်ပြည်လုံးကိုတောင် မုဒိမ်းကျင့် တယ်လို့ ပြောပြော မှန်တယ်၊ တရားတယ်၊ မှားကို မမှားဘူး

ဒီမှာ ငါတို့အဖို့ အရေးအကြီးဆုံးကတော့ တပ်မ (၇၇)ကို ချေမှုန်းဖို့ပဲ၊ ဒီကနေပြီးတော့ ဗမာ တစ်ပြည်လုံးကို အာဏာသိမ်းဖို့ပဲ

တပ်မ(၇၇)ကို ချေမှုန်းရေးနှင့်ပတ်သက်၍ သခင် သန်းထွန်းသည် ဖော်ပြပါအတိုင်း လုပ်ကြံဖန်တီး၍ လှုံ့ဆော်ဟောပြောခြင်းကိုသာ အဓိကထား၍ လုပ်နိုင်ခဲ့ သည်။

ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးရန်ဆိုသည်မှာလည်း လမ်းညွှန်ချက်သာရှိခဲ့သည်။ စင်စစ်တွင် စစ်ဆင်ရေး စစ်ကြောင်းများအား လှည့်ပတ်ရှောင်တိမ်း၍ ပြေးလွှား

နေရခြင်းသာဖြစ်သည်။ သို့နှင့် ဗဟိုဌာနချုပ်စခန်း သည် အရှေ့ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်း၍ လာလေသည်။

ဗဟိုစခန်း ပထမအကြိမ်အတိုက်ခံရခြင်း[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်စခန်းတွင် 'တော်လှန်သော မဟာနှစ်သစ်ကူးပွဲတော်'ကို ဆင်နွှဲကြသည်။ တပ်နီ လူငယ်များ၊

အမျိုးသမီးများက ပြဇာတ်အကများဖြင့် ကပြတင်ဆက်ကြသည်။ သံချပ်များထိုးကြသည်။ ညဉ့် သန်းခေါင်ကျမှ အဆုံးသတ်ကြသည်။ သို့တိုင်အောင် အချို့မှာ

သီချင်းများ၊ သံချပ်များ ဆက်လက်သီဆို အော်ဟစ်နေဆဲဖြစ်သည်။

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၆ ရက် နံနက် ၅ နာရီ ၂ဝ မိနစ်တွင် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းတစ်ကြောင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ

ဗဟိုဌာနချုပ်စခန်းအား အလစ်အငိုက်ယူ၍ အရုဏ်ဦး တိုက်စစ်ကို ဆင်နွှဲတော့သည်။ ထိုအချိန်တွင် ဗိုလ်ဇေယျ သည် တဲအပြင်တွင် ရောက်ရှိနေပြီး မိမိပစ္စတိုကို ဆွဲ

ထုတ်၍ ပစ်ခတ်မည်အပြုတွင် ကျည်ထိမှန်၍ လဲကျ သွားတော့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီအဖွဲ့ဝင်၊ ဗဟိုစစ်ကော်မရှင်(စစ်ကော်မတီ) အဖွဲ့ဝင်၊

ဗဟိုစစ်ဦးစီးဌာနချုပ်မှူး ဗိုလ်ဇေယျကား သေနတ်ကျည်ဆန်ထိမှန်သည့်နေရာမှာပင် ကျဆုံး သွားရတော့၏။

ဗဟိုဌာနချုပ်စခန်းတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွား သည်။ နှစ်ပိုင်းကွဲ၍သွားသည်။ အနောက်ဘက်သို့ ဆုတ်ခွာသွားသူများတွင် ကြိုးမဲ့ကြေးနန်းကျောင်းသား များ၊

ဗဟိုမာ့ခ်စ်နင်လီဝါဒ ကျောင်းသားများ၊ ကျောင်း ဆရာများ ပါသွားကြသည်။ တောင်ဘက်သို့ ဆုတ်ခွာ သွားရသူများတွင် သခင်သန်းထွန်း၊ သခင်ပု၊

ရဲဘော် အောင်ကြီး၊ ရဲဘော်မြ စသော ခေါင်းဆောင်များ၊ တော် လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ ပါဝင်သွား ကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်စခန်း သည် တပ်စု(၄)စုဖြင့် တပ်ဖွဲ့သဏ္ဌာန်၊ စစ်ကြောင်း သဏ္ဌာန် စနစ်တကျ ဖွဲ့စည်းထားသော်လည်း နံနက်

လင်းအားကြီးအချိန်တွင် အငိုက်ဖမ်း တိုက်ခိုက်ခံရသော ကြောင့် ကစဉ့်ကလျားဖြစ်ပြီး ပြိုကွဲသွားခြင်းပင်ဖြစ် သည်။ ဗိုလ်တင်မောင်ဦးစီးသော တပ်စိတ်တစ်စိတ်

သာ သခင်သန်းထွန်းနှင့် ခေါင်းဆောင်များ လွတ် မြောက်စေရန် ခုခံပစ်ခတ်ပေးနိုင်ကြသည်။ သခင် သန်းထွန်းသည် ဆောင်းနေကျဦးထုပ်နှင့် ကျောပိုး အိတ်ကိုပင်

မသယ်နိုင်ဘဲ တစ်ကိုယ်တည်း လက်လွတ် ဆုတ်ခွာ ပြေးခဲ့ရသည်။ အတန်ကြာမှ ရဲဘော်မြတို့ လူစုနှင့် ဆုံခြင်းဖြစ်သည်။

သခင်သန်းထွန်းတို့လူစုသည် ပဲခူးရိုးမကို ကျော် ဖြတ်၍ တောင်ငူခရိုင်အတွင်းရှိ ဖြူးချောင်းအတိုင်း စုန်ဆင်းဆုတ်ခွာသွားကြသည်။ နောက်တစ်နေ့ဖြစ်သော

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင်ဖြူးချောင်းကမ်းပါး ရှိ ဖိုးမူရွာ(ကရင်ရွာ)အနီးရှိ ခွက်ပေါင်မြောင်တွင် ယာယီစခန်းချကြသည်။ ဧပြီလ ၂၂ ရက်တွင်

အနောက်ဘက်သို့ ကွဲကွာသွားသူများသည် ခွက်ပေါင် မြောင်သို့ ပြန်လည်ရောက်ရှိလာပြီး ဆုံစည်းမိကြတော့ ၏။ သခင်သန်းထွန်းက ဂုဏ်ပြုအားပေးသည့် မိန့်ခွန်း

ကိုပြောကြားခဲ့သည်-

ရန်သူရဲ့အလစ်ဝင်ရောက်အတိုက်ခံရတဲ့အခါ မှာ လူစုတွေအကွဲကွဲဖြစ်ပြီးတော့ အခုလို ပြန်လည် ဆုံတွေ့ရတာဟာ ဝမ်းအသာဆုံးပဲဖြစ်ရတယ်၊ ခံစားရတယ်။

ဒီတိုက်ပွဲမှာ ရဲဘော်ဇေယျဟာ ကျဆုံးသွား တယ်၊ ရဲဘော် ရန်အောင်နဲ့ ရဲဘော်လှကျော်တို့ လည်း ဒဏ်ရာရခဲ့ကြတယ်၊ ရဲဘော်လှကျော်က တော့ ပြန်ပြီး

ပေါင်းမိတယ်၊ ရဲဘော်ရန်အောင်က တော့ ဒဏ်ရာနဲ့ကွဲကျန်ခဲ့တယ်၊ ပြန်မပေါင်းမိဘူး။

အခု ငါတို့ရဲ့ အကျအဆုံးဖြစ်တာတွေဟာ ဆုံးရှုံးမှုမဟုတ်ဘူး၊ တကယ်က ရန်သူရဲ့ ဆုံးရှုံး မှုဟာ ငါတို့ထက် အဆမတန် ပိုကြီးနေတယ်၊ တစ်ပြည်လုံးမှာ ရန်သူဟာ

အဆုံးကြီး၊ အရှုံးကြီး တွေဖြစ်နေတယ်။

ဒီအခြေအနေမှာ ငါတို့ဟာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အားငယ်တာ၊ စိတ်ပျက်တာ မဖြစ်ရဘူး။

ပြည်ခရိုင်မှာ ရဲဘော်ဘိုအေးတို့၊ ဗိုလ်သန်း နောင်တို့၊ ရဲဘော်အောင်မြင့်တို့ဟာလည်း ကျဆုံး သွားကြတယ်၊ ဒါတွေနဲ့ပတ်သက်လို့ တော်လှန်ရေး အကောင်းမြင်

ဝါဒကို စိုက်ထူကြရမယ်၊ မွေးမြူ ကြရမယ်၊ အဲဒီရဲဘော်တွေ တိုက်ပွဲမှာ ကျဆုံး တာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ ပြောရင် ကျဆုံးတာဟာ

ကောင်းတယ်လို့ပဲ ဖြေရ မယ်။

အခု ဗိုလ်ဇေယျကျဆုံးသွားတာနဲ့ ပတ်သက်လို့ လည်း အဲဒီအတိုင်းပဲ၊ ဗိုလ်ဇေယျကျဆုံးတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ ဒါကို ဒီလို ဖြေရမယ်၊

ဗိုလ်ဇေယျကျဆုံးတာဟာ ကောင်း တယ်၊ သိပ်ကိုကောင်းတယ်။

(သခင်သန်းထွန်း၏မိန့်ခွန်း ၂၂-၄-၆၈)

သခင်သန်းထွန်းသည် ဗိုလ်ဇေယျကျဆုံးခြင်းကို တော်လှန်ရေး အကောင်းမြင်ဝါဒဖြင့် ဖော်ပြပါအတိုင်း သုံးသပ်လိုက်သည်။ ထို့နောက် တော်လှန်သော ဗဟို

ဌာနချုပ်စခန်းသည် တပ်မတော်၏ ပြည်သာယာ စစ်ဆင်ရေးစစ်ကြောင်းများအား ရှောင်ကွင်း၍ ရွှေ့ပြောင်းပုန်းအောင်းနေရလေသည်။

တိုက်တိုင်းအောင်တပ်ခွဲ(၂)[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ဗဟိုဌာန ချုပ်စခန်းကို အတိုက်ခံရပြီးနောက် သခင်သန်းထွန်း သည် စစ်ရေးကျဆုံးမှုကို အဖတ်ဆယ်နိုင်ရန်အတွက်

ကြိုးစားတော့သည်။ ထို့နောက် တစ်လခွဲခန့်အကြာ တွင် ၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် တိုက်တိုင်း အောင် တပ်ခွဲ(၂)ကို ဖွဲ့စည်းရန် အောက်ပါအတိုင်း

အမိန့်ထုတ်ပြန်လိုက်သည်။-

ဗမာပြည်ကွန်မြူနစ်ပါတီ

ဗဟိုကော်မတီ

ဗဟိုစစ်ကော်မရှင်

တိုက်တိုင်းအောင်တပ်ခွဲ(၂)ပါတီကော်မတီ ဖွဲ့စည်းခြင်း

၁။ အောက်ပါရဲဘော်များပါဝင်သော တိုက်တိုင်းအောင် တပ်ခွဲ(၂) ပါတီကော်မတီကို ဖွဲ့စည်း လိုက်သည်-

(က) ရဲဘော်ဗိုလ်တင်မောင် (အတွင်းရေးမှူး)

(ခ) ရဲဘော်သာဦး

(ဂ) ရဲဘော်သောင်း

(ဃ) ရဲဘော်စိန်ဝင်း

(င) ရဲဘော်သောင်းစိန်

(စ) ရဲဘော်ဗိုလ်တိုက်အောင်

၂။ ရဲဘော်ဗိုလ်တင်မောင်အနေနှင့် တပ်ခွဲ(၂) ပါတီကော်မတီအတွင်းရေးမှူးနှင့် နိုင်ငံရေး တာဝန်ကို ထမ်းဆောင်ရန်-

- ရဲဘော်သာဦးအနေနှင့် တိုက်တိုင်းအောင် တပ်ခွဲ(၂) တပ်ခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်ရန်။

- ရဲဘော်သောင်းအနေနှင့် တိုက်တိုင်း အောင် တပ်ခွဲ(၂) ဒုတိယတပ်ခွဲမှူးတာဝန် ထမ်းဆောင်ရန်ဖြစ်သည်။

၃။ တိုက်တိုင်းအောင် တပ်ခွဲ(၂)၏ တာဝန်မှာ ပြည်သာယာစစ်ဆင်ရေးလုပ်နေသော ရန်သူ ထိုးစစ်တပ်များကို တစ်ဆင့်တိုး၍ ချေမှုန်း ရန်ဖြစ်သည်။

၄။ တိုက်တိုင်းအောင်တပ်ခွဲ(၂)လှုပ်ရှားရမည့် ဒေသမှာ ကြို့ပင်အိုင်၊ သဖန်းချောင်းလမ်း၊ မြောက်ဘက်ပြည်ခရိုင်တစ်ခုလုံးပါဝင်သည်။

၅။ တိုက်တိုင်းအောင်တပ်ခွဲ(၂)ပါတီကော်မတီ အနေနှင့် ပြည်ခရိုင်ပါတီကော်မတီ အပါ အဝင် ဒေသပါတီအဖွဲ့အစည်းများကို ညွှန်ကြားနိုင်ခွင့်ရှိသည်။

၆။ တိုက်တိုင်းအောင်တပ်ခွဲ(၂)ပါတီကော်မတီ သည် မိမိ၏လုပ်ငန်းအောင်မြင်ရေးအတွက် သင့်လျော်သော ရဲဘော်များနှင့် ပူးတွဲဆောင် ရွက်ခွင့်ရှိသည်။

သန်းထွန်း

ဥက္ကဋ္ဌ

ဗဟိုစစ်ကော်မရှင်

ဗဟိုကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

ရက်စွဲ၊ ၁၉၆၈ ခုနှစ်၊ ဇွန်လ (၁)ရက်

မိတ္တူ

၁။ ပဲခူးရိုးမတိုင်းကော်မတီ

၂။ ဗဟိုစခန်းကော်မတီ

၃။ ပြည်ခရိုင်ကော်မတီ

၄။ တောင်ငူခရိုင်တပ်ပါတီကော်မတီ

၅။ တိုက်တိုင်းအောင်တပ်ခွဲ(၁)ပါတီ ကော်မတီ

တိုက်တိုင်းအောင်တပ်ခွဲ(၂)သည် အောက်ပါ လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ကို အခြေခံ၍ ဖွဲ့စည်းခြင်း ဖြစ်သည်-

(၁) ဗဟိုကင်းတပ်ဖွဲ့

(၂) တောင်ငူခရိုင်လက်နက်ကိုင်တပ်ဖွဲ့

(၃) ပြည်ခရိုင်လက်နက်ကိုင်တပ်ဖွဲ့

တိုက်တိုင်းအောင်တပ်ခွဲ(၂)၏ ဖွဲ့စည်းပုံကိုလည်း တစ်ပါတည်းထုတ်ပြန်ရာ လူအင်အား ၁ဝ၇ ယောက် ရှိသည်။ ယင်းတို့တွင် အသက် ၁၄ နှစ်နှင့် ၁၁ နှစ် အကြားရှိ

အမျိုးသမီးငယ် ၁ဝ ဦးလည်း ပါဝင်သည်။ တပ်ခွဲ(၂)တွင် တပ်စု(၃)စုပါဝင်လေရာ တပ်စု(၁)၏ တပ်စုမှူးမှာ ဗိုလ်တိုက်အောင်ဖြစ်သည်။ တောင်ငူခရိုင်

လက်နက်ကိုင်တပ်ဖွဲ့မှ ဖြစ်သည်။ တပ်စု(၂)တပ်စုမှူးမှာ ဗဟိုကင်းတပ်ဖွဲ့မှ ရဲဘော်ညိုထွန်းဖြစ်သည်။ ပြည်ခရိုင် လက်နက်ကိုင်တပ်ဖွဲ့မှဖြစ်သည်။ တပ်စု(၂) တပ်စုမှူး

မှာ ဗဟိုကင်းတပ်ဖွဲ့မှ ရဲဘော်မောင်တိုးသည် တပ်စု(၃)၏ တပ်စုမှူးဖြစ်သည်။

လက်နက်မျိုးစုံ ၇၂ လက် ပါဝင်ပြီး အောက်ပါ အတိုင်းဖြစ်သည်-

(၁) ဘရင်းဂန်း ၇ လက်

(၂) ကာဘိုင် ၅ လက်

(၃) ဂျီ ၃ ၅ လက်

(၄) စတင်း ၁၁ လက်

(၅) ၂ လက်မမော်တာ ၂ လက်

(၆) ခြောက်လုံးပြူး ၂ လက်

(၇) ရိုင်ဖယ် ၄ဝ လက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်စခန်း သည် တောင်ငူခရိုင်၊ ရိုးမအခြေခံဒေသ လွယ်ဘီးရွာ တစ်ဖက်ကမ်း ဖထော့လော့မြောင်အနီးတွင် စခန်းချ၍

၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက်၌ တိုက်တိုင်းအောင် တပ်ခွဲ(၂)ကို အခမ်းအနားနှင့် ဖွဲ့စည်းခြင်းဖြစ်သည်။ ပြည်ပပြန် ရဲဘော်စိုးဝင်းသည် သခင်သန်းထွန်းကိုယ် စား

တိုက်တိုင်းအောင် တပ်ခွဲ(၂)ကို ဖွဲ့စည်းရသည်။ ရဲဘော်ဘုန်းကျော်၊ ရဲဘော်မြ၊ ရဲဘော်ထွန်းကြိုင်၊ ရဲဘော် လှကြည်(ပဲခူးရိုးမတိုင်းကော်မတီဝင်)တို့က ရဲဘော် စိုးဝင်း

ကို ကူညီရသည်။ သခင်သန်းထွန်းက တိုက်တိုင်းအောင် တပ်ခွဲ(၂)ပါတီကော်မတီနှင့် ပါတီဝင်တပ်သား များသို့ တိုက်ရိုက်ပေးစာကိုဖတ်ကြား၍ နှုတ်ခွန်းဆက်

မိန့်ခွန်းပြောကြားသည်။

တိုက်တိုင်းအောင်ဆိုသည်မှာ မာ့ခ်စ်လီနင်ဝါဒ၏ အထွတ်အထိပ်ဖြစ်သော ၎င်းတို့ ဝါဒ အတွေးအခေါ် ဖြစ်သည်ဟုလည်း ဆိုသည်။ အထူး သဖြင့် ရန်သူ့ထိုးစစ်ကို

ထိုးစစ်ဖြင့် ချေမှုန်းရေးအတွက် အောက်ပါအတိုင်း မှာကြားခဲ့သည်-

ပါတီတပ်အဆင့် နေရာအသီးသီးမှာ အသွင် အမျိုးမျိုးနှင့် ပေါ်ပေါက်နိုင်တဲ့ ထွက်ပြေးရေး၊ တိမ်းရှောင်ရေး၊ စစ်ပြေးအတွေးအခေါ်၊ မချေမှုန်း ရေး

အတွေးအခေါ်တွေကို တိုက်ခိုက်ချေမှုန်းပစ်ရ မယ်။ အနောက်ဘက်ကို ပြေးရမယ်၊ အနောက် ဘက်မှာ ထမင်းဝဝစားရမယ်၊ အစားကောင်းကောင်း စားရမယ်ဆိုတဲ့

ရေကြည်ရာ မြက်နုရာ အတွေးအခေါ်တွေကို တိုက်ထုတ်ပစ်ရမယ်။ သရက်ခရိုင်ဘက်သွားရမယ်၊ တောင်ငူမှာ တစ်မိုးခိုရမယ်ဆိုတဲ့ ထွက်ပြေးတိမ်းရှောင်ရေး

အတွေးအခေါ်တွေကို တိုက်ထုတ်ပစ်ရမယ်၊ ရန်သူ ကို ချေမှုန်းလို့မဖြစ်ဘူး၊ တပ်မရှိဘူး၊ တပ်ရှိမှ ရန်သူကိုချေမှုန်းလို့ဖြစ်မယ်ဆိုတဲ့ ကြောက်ချေး ပါတဲ့

သဘောတရားတွေကို ချေမှုန်းပစ်ရမယ်။

ရန်သူထိုးစစ်ဖြစ်နေချိန်မှာ ရန်သူချေမှုန်းရေး အားမထုတ်ဘဲ သေနတ်သံမကြားရတဲ့ဆီမှာ တည်ဆောက်ရေးတွေ အေးအေးလုပ်မယ်ဆိုတဲ့ စစ်ပြေးအယူအဆတွေ

ကို ချေမှုန်းပစ်ရမယ်။

တိုက်တိုင်းအောင်တပ်ခွဲ(၂)၏ နိုင်ငံရေးမှူးနှင့် တပ်ခွဲပါတီကော်မတီ အတွင်းရေးမှူးဖြစ်သော ဗိုလ် တင်မောင်(ခ)လှဟန်(ခ)သိန်းထွန်းကလည်း သခင်

သန်းထွန်းမှာကြားသည့်အတိုင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုလိုက်သည်။ မြစ်ဖျားဒေသတိုင်း အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်

ဗိုလ်မျိုးမြင့်(အသားမည်း)ကလည်း တိုက်တိုင်းအောင် သည် တိုက်တိုင်းအောင်မည်။ ကဗျာကို ချက်ချင်း လက်တန်းစပ်၍ ဂုဏ်ပြုလိုက်သည်။ တိုက်တိုင်းအောင်

စာစဉ်ကိုလည်း ချက်ချင်းပင် ထုတ်ဝေကြသည်။ တော် လှန်တဲ့ မှာကြားချက်သီချင်းကိုလည်း တပ်နီလူငယ်နှင့် အမျိုးသမီးများက သံပြိုင်သီဆိုကြသည်။

ဗိုလ်တင်မောင်သည် တပ်ခွဲပါတီ ကော်မတီနှင့် ဆွေးနွေးညှိနှိုင်း၍ ၁၉၆၈ ခုနှစ်၊ ဇွန် ၂၈ ရက်တွင် တပ်စုမှူးဖြစ်သူ ရဲဘော်မောင်တိုးအား ဖမ်းဆီး၍ ဥက္ကဋ္ဌ

မှာကြားချက်ကို အကောင်အထည်ဖော်တော့သည်။ စွဲချက်တင် တိုက်ပွဲဝင်ရန်အတွက် တိုက်ပွဲဦးစီး ကော်မတီကို ဖွဲ့စည်းလိုက်သည်။ ဇွန်လ ၃ဝ ရက်တွင်

စွဲချက်တင်လူထုတိုက်ပွဲကို စတင်သည်။ အမျိုးသမီး များက ရဲဘော်မောင်တိုးအား ပြန်ပြင်ရေးသမား၊ သစ္စာ ဖောက်၊ မုဒိမ်းကျင့်ရန် ကြံစည်သူ စသည်ဖြင့် စွဲချက်

တင်သည်။ မမြထွန်းက မုဒိမ်းသုံးခါအကျင့်ခံရသည်ဟု စွဲချက်တင်သည်။ နောက်ဆုံးတွင် တိုက်ပွဲဦးစီးကော်မတီ သည် ရဲဘော်မောင်တိုးအား ပါတီဖျက်ဆီးရေးသမား၊

ပါတီတပ်တွင်း ရိုက်ခွဲရေးသမား၊ တော်လှန်ရေး ဖျက်ဆီး ရေးသမား၊ အမျိုးသမီးများကို ဖျက်ဆီးသူ စသော စွဲချက်များအရ သေဒဏ်ချမှတ်လိုက်သည်။

သေဒဏ်ကို အမျိုးသမီးများက အကောင်အထည် ဖော်ရသည်။ မယ်မြ၊ မမြထွန်း၊ မအေးသန်းတို့သည် ရဲဘော်မောင်တိုးအား ဝါးရင်းတုတ်များဖြင့် ရက်စက်စွာ

ရိုက်သတ်ကြသည်။ မယ်မြက ရဲဘော်မောင်တိုး၏ လည်ပင်းကို ဓားမြှောင်ဖြင့်လှီးသည်။ အမျိုးသမီးများ က ရဲဘော်မောင်တိုး၏ လည်ချောင်းသွေးဖြင့် အလု

အယက်ခြေဆေးကြသည်။

ဤကား ရန်သူ့ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သော တိုက်တိုင်းအောင်တပ်ခွဲ(၂) ၏ ဇာတ်တူသားစားလိုက်ကြရသည့် ပွဲဦးထွက် အောင်ပွဲ

ပင်တည်း။[၁]

ဗိုလ်ထွန်းငြိမ်း၊ ဗိုလ်ထွန်းရှိန်နှင့် တက္ကသိုလ်ကျောင်းသားများ[ပြင်ဆင်ရန်]

ဗိုလ်ထွန်းငြိမ်း[ပြင်ဆင်ရန်]

သခင်သန်းထွန်းနှင့်တော်လှန်သောနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်များသည် ပြည်ပပြန် ဗိုလ်ထွန်းငြိမ်း အား တိုက်တိုင်းအောင်(၁)တွင် တာဝန်ပေးထားရာမှ

ပြန်လည်ခေါ်ယူပြီး မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက် ရေးတပ်တွင် တာဝန်ပေးအပ်ခဲ့သည်။ မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတွင် ဗိုလ်ထွန်းငြိမ်းအပေါ်

မကျေနပ်သူအချို့က ဗဟိုသို့ စာရေး၍ တင်ပြရာမှ သခင်သန်းထွန်းတို့လူစုသည် ဗိုလ်ထွန်းငြိမ်းအပေါ် သင်္ကာမကင်းဖြစ်လာကြသည်။ လျှို့ဝှက်စုံစမ်းလေ့လာ မှုတွေ

ပြုလုပ်လာသည်။

ရဲဘော်မညွန့်ညွန့်အား ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်းသို့တက်ရောက်ရန် ခေါ်ယူလိုက်သောအခါ မညွန့်ညွန့်က တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့၏

တတိယပတ် ဗဟိုမာ့ခ်စ် လီနင်ဝါဒကျောင်းကို တက်ရောက်သင်ကြားခြင်းထက် ဗိုလ်ထွန်းငြိမ်း၏ မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက် ရေး၌ လက်တွေ့လေ့လာခြင်းက

ပိုအကျိုးရှိသည်ဟု ပြန်ကြားလိုက်တော့သည်။

ရဲဘော်မညွန့်ညွန့်၏ ပြန်ကြားချက်သည် ဗိုလ် ထွန်းငြိမ်းက ပါတီဗဟိုကို စိန်ခေါ်ခြင်းပင်ဖြစ်သည်ဟု သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့က

ယူဆကြသည်။ ထိုအချိန်တွင် ဗိုလ် ထွန်းငြိမ်းနှင့်ပတ်သက်၍ လျှို့ဝှက်အစီရင်ခံစာများ တင်ပြချက်များလည်း အဆက်မပြတ်ရောက်ရှိနေသည်။ သခင်သန်းထွန်းသည်

၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက် နေ့တွင် ပြည်ခရိုင်ပါတီ ကော်မတီနှင့် တိုက်တိုင်းအောင် တပ်ခွဲ(၂) ဖွဲ့စည်းခြင်းအတွက် ပေးစာနှစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းပေးစာနှစ်စောင်သည် ဗိုလ် ထွန်းငြိမ်း ချေမှုန်းရေးအတွက် ပထမအဆင့်ပင်ဖြစ် သည်။

သခင်သန်းထွန်းသည် ရဲဘော်ညိုစိမ့်ကိုလွှတ်၍ မညွန့်ညွန့်ကို သွားရောက်ခေါ်ယူစေသည်။ ၁၉၆၈ ခုနှစ်၊ ဇွန်လ ၃ဝ ရက်တွင် ရဲဘော်ညိုစိမ့် ပြန်လာရာ

မညွန့်ညွန့်ပါမလာဘဲ ဗိုလ်ထွန်းငြိမ်း၏ အမာခံကျောရိုး သုံးဦးဖြစ်သော ဗိုလ်မင်းလွင်၊ ရဲဘော်ဘသန်း၊ ရဲဘော် ထွန်းကျော်တို့ သုံးဦးသာ ပါလာကြသည်။

ဗိုလ်ထွန်း ငြိမ်းသည် ဗိုလ်မင်းလွင်တို့သုံးဦးအား မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးအခြေအနေကို အစီရင်ခံရန်နှင့် သခင်သန်းထွန်းတို့၏ လှုပ်ရှားမှုများကို

လေ့လာရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီးတို့သည် ဗိုလ်မင်းလွင်တို့သုံးဦးအား သီးခြားစီခွဲထုတ်၍ ဆွေးနွေးတော့သည်။

အထူးသဖြင့် ဗိုလ်မင်းလွင်ကို ဇနီးဖြစ်သူ မစန်းမှတစ်ဆင့် ချဉ်းကပ် ဆွေးနွေးသည်။

၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်တွင် မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးအဖွဲ့၏ ပါတီကော်မတီ အတွင်းရေးမှူးဖြစ်သော ဗိုလ်မင်းလွင်သည် တော်လှန် သော

ပါတီဗဟိုသို့ အကြွင်းမဲ့လက်နက်ချကြောင်း တင်ပြလိုက်ရတော့၏။ ဗိုလ်မင်းလွင်သည် ဗိုလ်ထွန်း ငြိမ်းနှင့် ယင်း၏ကျောရိုးများ၏ ဗဟိုကော်မတီဥက္ကဋ္ဌ ဆန့်ကျင်ရေး၊

တော်လှန်သော ဗဟိုဆန့်ကျင်ရေး၊ ရဲဘော်အောင်ကြီးနှင့် ပြည်ပပြန်များ ဆန့်ကျင်ရေးကို အစီအစဉ်ဖြင့် အကောင်အထည်ဖော်နေသည်ဟု ဖွင့်ချ ဝန်ခံတော့သည်။

ထို့ကြောင့် ဗိုလ်မင်းလွင်နှင့် ကိုယ် စားလှယ်အဖွဲ့အား မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက် ရေးသို့ ပြန်ခွင့်မပြုကြောင်း တားဆီးလိုက်ပြီး ရဲဘော် ထွန်းကျော်(ခ)

မောင်စိုးဝင်းနှင့် ရဲဘော်ဘသန်း(ခ) သိန်းထွန်းတို့ကို အကျယ်ချုပ်ချထားလိုက်သည်။

သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီးသည် ဗိုလ်ထွန်းငြိမ်းအား အချိုသတ်၍ ခေါ်ယူရန် စီစဉ်ကြ တော့သည်။ စုံစမ်းရေးကော်မရှင်ကိုလည်း ပြည်ပပြန်

ရဲဘော်စိုးဝင်း(ခ)ဌေးအောင်ကို ခေါင်းဆောင်စေ၍ မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးအဖွဲ့အား ကြိုဆို ရန် အကြောင်းပြကာ လျှို့ဝှက်ဖွဲ့စည်းထားသည်။

၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် သခင်သန်းထွန်း သည် ဗိုလ်ထွန်းငြိမ်းအား အရေးယူရန် မိန့်ခွန်းပြော ခဲ့သည်။ သခင်သန်းထွန်း၏မိန့်ခွန်းကို

ရဲဘော် ထွန်း ကျော်(ခ)စိုးဝင်းနှင့် ရဲဘော်ဘသန်း(ခ)သိန်းထွန်းတို့ လည်း တက်ရောက်နားထောင်ရပြီး ဗိုလ်ထွန်းငြိမ်း၏ ကျောရိုးအဖြစ် လှုပ်ရှားရပုံများကို

ဆန်းစစ်တင်ပြစေ ခဲ့သည်။

၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် သခင်သန်း ထွန်းနှင့် ရဲဘော်အောင်ကြီးတို့ ခေါင်းဆောင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များသည် ထွန်းငြိမ်းရဲ့ပါတီ

ဆန့်ကျင်ရေး၊ တန်ပြန်တော်လှန်ရေးလုပ်ရပ်များကို ဆန်းစစ်တိုက်ခိုက်ရေး လှုပ်ရှားမှုကြီးကို စတင်ကြ တော့သည်။ ပြည်ပပြန်ရဲဘော်စိုးဝင်း(ခ)ဌေးအောင်

နှင့်အဖွဲ့သည် မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေး တပ်သို့ သွားကာ ဗိုလ်ထွန်းငြိမ်းအား အယုံသွင်း ဆွေးနွေးကြသည်။ အဘိုးကြီးများက အလွန်တွေ့ချင်ကြောင်း၊

အရှည်စီမံကိန်းများအတွက် ဆွေးနွေးလို ကြောင်း လှည့်ဖြားခေါ်ယူကြသည်။ သို့နှင့် ဗိုလ်ထွန်း ငြိမ်းနှင့် မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတပ် တစ်ခုလုံး

ခရီးထွက်လာကြတော့သည်။ ဗိုလ်ရန်အောင် ၏ တူဖြစ်သူ ရဲဘော်တင်ဟန်(ခ)သာမောင်(ခ)အောင် သိန်းနိုင်နှင့် မင်းဝင်းထိန်(ခ)ဝင်းအောင်တို့မှာမူ ဗိုလ်ထွန်းငြိမ်းက

ပစ္စည်းများ စောင့်ယူရန် မှာကြား ထားသဖြင့် ပဲခူးရိုးမတိုင်း၏ နောက်တန်းတိုင်းရုံးတွင် ကျန်ရစ်ခဲ့ကြသည်။

ထိုအချိန်တွင် ရဲဘော်ထွန်းကျော်(ခ)စိုးဝင်း (လူထုဦးလှ-ဒေါ်အမာသား)သည် 'အကောက်ကျစ်ဆုံး တန်ပြန်တော်လှန်ရေးသမား၊ ပြန်လည်ပြင်ဆင်ရေး သမား

ထွန်းငြိမ်းတိုက်ပွဲစွဲချက်'ဟူသောခေါင်းစဉ်ဖြင့် တက်ကြွစွာ စွဲချက်တင်နေရသည်။ ရဲဘော်ဘသန်း(ခ) သိန်းထွန်းကလည်း ရှည်လျားစွာစွဲချက်တင်ပြီး

ဗိုလ် ထွန်းငြိမ်းအား သေဒဏ်ပေးရန် တောင်းဆိုနေရသည်။ ဗိုလ်ထွန်းငြိမ်းကား ယင်း၏ အမာခံကျောရိုးများပင် သေဒဏ်ပေးရန် တောင်းဆိုနေရသော အခြေအနေ

ကို မသိရှာပေ။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ဗိုလ် ထွန်းငြိမ်းနှင့် မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေး တပ်ဖွဲ့သည် ဗဟိုစခန်းနှင့် တစ်နာရီကြာ ခရီးခန့် ဝေးသော

ဗဟိုစခန်းထောက်သို့ ရောက်ရှိလာကြသည်။ ဗိုလ်ထွန်းငြိမ်းတို့အား ရဲဘော်သက်နှင့် ကြိုဆိုရေးအဖွဲ့ က ဖော်ရွေစွာ ခရီးဦးကြိုပြုသည်။ နောက်တစ်နေ့ ဩဂုတ်

၇ ရက်တွင် ဗိုလ်ထွန်းငြိမ်းနှင့် မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတပ်ပါတီကော်မတီဝင်များ ဖြစ်ကြသော မညွန့်ညွန့်၊ ရဲဘော်ဗိုလ်ရွှေ၊ ရဲဘော် စိုးအောင်၊

ရဲဘော်ကြည်ထွန်းနှင့် ရဲဘော်လှငွေတို့သည် ဗဟိုနှင့် ဆွေးနွေးရန် ထွက်ခွာလာကြသည်။ ရဲဘော် သက်နှင့် ကြိုဆိုရေးအဖွဲ့မှာမူ မြစ်ဝကျွန်းပေါ် တိုင်း

တည်ဆောက်ရေးအဖွဲ့များနှင့်အတူ ကျန်ရစ်ခဲ့သည်။

ဗဟိုစခန်းသို့ ရောက်သည်နှင့် ဗိုလ်ထွန်းငြိမ်းတို့ အဖွဲ့သည် ချက်ချင်းပင် ကြိုးတုပ်ဖမ်းဆီးခြင်းကို ခံလိုက် ရသည်။ ရဲဘော်မညွန့်ညွန့်သည် ဟေ့ ငါ့ကိုလည်း

ဗိုလ်မှူးနဲ့တစ်ကျင်းတည်းမြုပ်လိုက်၊ ဗိုလ်မှူးနဲ့တစ်ကျင်း တည်းပဲ အတူတူအသေခံမယ် စသည်ဖြင့် ဒေါသ ထွက်စွာ အော်ဟစ်ခဲ့သည်။ နောက်တစ်နေ့တွင်

ရဲဘော်သက် ရောက်ရှိလာပြီး ရဲဘော်ဘိုးသာ၊ ရဲဘော်ခင်ဝင်း၊ ရဲဘော်တင်မြင့်၊ ရဲဘော်မျိုးမြင့်၊ ရဲဘော်လှဝင်းတို့ငါးဦး အား ဗိုလ်ထွန်းငြိမ်း၏ လက်ရေးဖြင့် စာရေး၍

ခေါ်ယူ စေသည်။

ထိုရဲဘော်များ ယုံကြည်ကြစေရန်အတွက် ဗိုလ်ထွန်းငြိမ်းအား ထာဝရဆန့်ကျင်ခဲ့သည့် ရဲဘော် ထွန်းသောင်းနှင့် ရဲဘော်နွဲ့ကို ကြိုးတုပ်၍ ဖမ်းဆီးစေ သည်။

စခန်းအပြင်ရောက်မှ အကျိုးအကြောင်းရှင်းပြ ပြီး ရဲဘော်ထွန်းသောင်းနှင့် ရဲဘော်နွဲ့တို့အား တောင်ငူခရိုင် နောက်တန်းစခန်း တောပုသို့ စေလွှတ်လိုက်လေသည်။

ရဲဘော်ဘိုးသာ၊ ရဲဘော်ခင်ဝင်းတို့ငါးဦးသည် ဗိုလ်ထွန်းငြိမ်း၏စာအရ ယုံကြည်စိတ်ချစွာဖြင့် ဗဟို စခန်းသို့လိုက်လာရာ လမ်းခရီးမှာပင် ကြိုးတုပ်ဖမ်းဆီး ခြင်းကို

ခံလိုက်ရတော့သည်။ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင်ကား ဗိုလ်ထွန်းငြိမ်းနှင့် ငြိစွန်းနေပြီဟု သတင်းကြီးခဲ့သော မညွန့်ညွန့်နှင့် တည်ဆောက်ရေးမှ

ပါတီကော်မတီဝင်များသည် သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီးတို့၏ ဆွေးနွေးမှုများကြောင့် ယုတ်မာသော ပြုပြင်ရေးသမားထွန်းငြိမ်းကို တပ်ဖွဲ့၏ရှေ့ဆုံး မှ

ချေမှုန်းသွားမည်။ ဗဟိုနှင့်အတူ ရပ်မည် စသည် ဖြင့် လက်မှတ်ရေးထိုး၍ တင်ပြကြလေတော့၏။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်တွင် သခင် သန်းထွန်းသည် မြစ်ဝကျွန်းပေါ်တပ်တည်ဆောက်ရေး ပါတီခွဲ ကော်မတီရဲဘော်များနဲ့ ရဲဘော်ရဲမေအားလုံးသို့ ဟု

ခေါင်းစဉ်တပ်ထားသော ပေးစာတစ်စောင်ကို မညွန့်ညွန့်နှင့်တည်ဆောက်ရေးပါတီခွဲ ကော်မတီဝင် များအား မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ် ရှိရာ

ဗဟိုစခန်းထောက်သို့ ယူဆောင်သွားစေသည်။ မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်က လက်နက်အသိမ်းမခံပါကလည်း ချေမှုန်းပစ်ရန် စီစဉ် ထားသည်။

မညွန့်ညွန့်က သခင်သန်းထွန်း၏စာကို ဖတ်ပြပြီး အခြေအနေကို ရှင်းပြရသည်။ ရဲဘော်သက် တို့အဖွဲ့က မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်မှ လက်နက်များ

ကို သိမ်းယူလိုက်သည်။

သခင်သန်းထွန်း က ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၇၊ ၈၊ ၉၊ ၁ဝ ရက်သည် 'ဗမာပြည်တော်လှန်ရေးကို သိမ့်သိမ့်တုန်စေသော ထို ၄ ရက်'ဖြစ်သည်ဟု

မှတ်တမ်းတင်လိုက်သည်။

သို့နှင့် မြစ်ဝကျွန်းပေါ်တိုင်းပါတီအတွင်းရေးမှူး ရဲဘော်စိုးသန်းအား ချေမှုန်းရန် ရည်ရွယ်ခဲ့သော မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်သည် ရဲဘော် စိုးသန်း

အား မချေမှုန်းရမီ မြစ်ဝကျွန်းပေါ် ဒေသသို့ လုံးဝခြေမချနိုင်မီ ပဲခူးရိုးမ၌ပင် လက်နက် အသိမ်းခံလိုက်ရလေပြီ။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် မြစ်ဝကျွန်း ပေါ်တိုင်း တည်ဆောက်ရေးပါတီခွဲကော်မတီနှင့် တပ်ဖွဲ့ ဝင်များသည် ယင်းတို့ အလွန်လေးစားခဲ့သော

ဗိုလ် ထွန်းငြိမ်းအား သတ်ပစ်ရန် ကြွေးကြော်သံများ အော်ဟစ်၍ ဗဟိုစခန်းသို့ ရောက်ရှိလာကြသည်။ ဗိုလ်ထွန်းငြိမ်းကိုမူ ဗဟိုစခန်းမှာပင် ကျပ်တည်းစွာ

ချည်နှောင်ထားသည်။

သခင်သန်းထွန်းက ပြန်လည် ပြင်ဆင်ရေးသမား ထွန်းငြိမ်းကို ဖမ်းမိသည်မှာ အောင်ပွဲကြီးပင်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်

တွင်ကား နိုင်ငံရေး ဦးဆောင်အဖွဲ့က ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန် ရာ ဗိုလ်ထွန်းငြိမ်းအား အရေးယူနိုင်ရေးအတွက် သခင်ချစ်ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့၊

သခင်ပု ဦးစီးသော လူထုတိုက်ပွဲဦးစီးကော်မတီ၊ သခင်ဇင် ဦးစီးသော သဘာပတိအဖွဲ့တို့ကို ဖွဲ့စည်းလိုက်လေ တော့သည်။ ဩဂုတ်လ ၁၅ ရက်တွင် သခင်သန်းထွန်း

က ၂၉ နှစ် မြောက်ပါတီနေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာ ထွန်းငြိမ်းကိုသာမကဘဲ ထွန်းရှိန်ကိုပါ ချေမှုန်းရမည်ဟု ပြောကြားခဲ့သည်။ ဩဂုတ် ၁၆ ရက် တွင်

စုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် အစီအစဉ်နှင့် လမ်းညွှန်ချက်တစ်ရပ် ချမှတ်ပေးပြီးနောက် ဗိုလ် ထွန်းငြိမ်းအား စတင်စစ်ဆေးတော့သည်။ ဗိုလ် ထွန်းငြိမ်းသည်

လုံးဝပင် ဘူးကွယ်ခဲ့သည်။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၂၇ ၇က်တွင် 'ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း ချေမှုန်းရေး စွဲချက်တင် လူထုတိုက်ပွဲ ကြီး' ကို စတင်ဆင်နွှဲတော့သည်။ ရဲဘော်ထွန်းကျော် (ခ)စိုးဝင်း

(လူထုဦးလှ-ဒေါ်အမာသား)၊ ရဲဘော်ဘသန်း (ခ) သိန်းထွန်း၊ ရဲဘော်တိုးသာ(ခ)ကျော်ခင်၊ ရဲဘော် ခင်ဝင်း(ခ)စိုးမြင့်တို့ လေးဦးကိုလည်း ထွန်းငြိမ်း ဂိုဏ်းသားများ

ဖြစ်သည်ဟုဆိုကာ ချက်ချင်း ဖမ်းဆီး ချုပ်နှောင်လိုက်သည်။ ရဲဘော်သာမောင်(ခ)တင်ဟန် (ခ)အောင်သိန်းနိုင်နှင့် မင်းဝင်းထိန်(ခ)ဝင်းအောင် (ခ)

မင်းတင်နိုင်တို့နှစ်ဦးမှာမူ ပဲနွယ်ကုန်းမြို့နယ် ထုံးခန်းချောင်းလက်တက် ရေအေးမြောင်ဖျားရှိ ပဲခူး ရိုးမတိုင်း နောက်တန်းရုံးတွင် ဩဂုတ်လ ၉ ရက် ညကတည်းက

ရက်စက်စွာသတ်ဖြတ်ခံလိုက်ကြရပြီး ဖြစ်လေသည်။

ဗဟိုဌာနချုပ်စခန်းတွင်ကား ဗိုလ်ထွန်းငြိမ်းသည် ပြင်းထန်စွာ စွဲချက်တင်ခံနေရသည်။ သခင်သန်းထွန်း ကိုယ်တိုင်က ချက်ချင်းမသေစေရဟု တားမြစ်ထား

သော်လည်း တပ်နီလူငယ်နှင့် အမျိုးသမီးများမှာ ဗိုလ် ထွန်းငြိမ်းအား အမျိုးမျိုး ရိုက်နှက်ကန်ကျောက်၍ နှိပ်စက်နေကြသည်။ သခင်သန်းထွန်းက ရန်သူကို

ချေမှုန်းရန် မိန့်ခွန်းပြောပြီးနောက် သဘာပတိအဖွဲ့ ယာယီဥက္ကဋ္ဌ သခင်ချစ်က 'ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း ချေမှုန်းရေးစွဲချက်တင်လူထုတိုက်ပွဲ'ကို ဖွင့်လှစ်လိုက် သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း အောက်ပါ အတိုင်း စွဲချက်တင်သည်-

ဒီလိုလေ့လာစစ်ဆေးပြီးတဲ့အခါ စုံစမ်းစစ်ဆေး ရေးအဖွဲ့က ထွန်းငြိမ်းဟာ-

(၁) ပါတီဥက္ကဋ္ဌ နဲ့ ပါတီဗဟိုကို ဆန့်ကျင်ပြီး စင်ပြိုင်ဗဟိုလုပ်နေတာ၊

(၂) ပါတီလမ်းစဉ်ကို ဆန့်ကျင်ပြီး စင်ပြိုင်လမ်း စဉ် ထူတောင်တာ၊

(၃) ပါတီနဲ့တပ်မတော်ကို ဖျက်ဆီးတာ၊

(၄) တော်လှန်စစ်ဖျက်ဆီးတာ၊ တော်လှန်တဲ့ သမိုင်းကို ချေဖျက်ပစ်တာ၊

(၅) ဂိုဏ်းခွဲတာ၊

(၆) အာဏာရူး၊ အခွင့်ထူးခံ၊ အမျိုးသမီးတွေ ဖျက်ဆီးတဲ့ တဏှာရူးဖြစ်တာ၊

(၇) တန်ပြန်တော်လှန်ရေး၊ ပြန်လည်ပြင်ဆင် ရေးသမားဖြစ်တာတွေ အခိုင်အမာ တွေ့ရှိရ ပါတယ်

(စုံစမ်းစစ်ဆေးရေးအဖွဲ့ စွဲချက်မှ)

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုစခန်းတွင် ပြည်ပပြန် ဗိုလ်ထွန်း ငြိမ်းအား စွဲချက်တင်တိုက်ပွဲ ဆက်လက်ဆင်နွှဲပြန်သည်။

ရဲဘော်မစန်းမြင့်က ဗိုလ်ထွန်းငြိမ်းအား ပြန်ပြင်ရေး သမား သစ္စာဖောက်ဖြစ်ကြောင်း၊ အမျိုးသမီးများကို ဖျက်ဆီးကြောင်း၊ တင်ဟန်က မနီကို ဖျက်ဆီးကြောင်း၊

မညွန့်ညွန့်နှင့် အချိန်မတော် ညသန်းခေါင်အထိ တတွဲတွဲနေကြောင်း၊ ဗိုလ်ထွန်းငြိမ်းက အမျိုးသမီးများ အား နင်းခိုင်း၍ ဇိမ်ခံကြောင်း၊ အမျိုးသမီးများရှေ့တွင်

မလုံ့တလုံထိုင်၍ တဏှာရာဂနှိုးဆွကြောင်း စသည်ဖြင့် လက်ညှိုးငေါက်ငေါက်ထိုး၍ စွပ်စွဲသည်။ မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတပ်မှ ရဲဘော်မြကြီး ကလည်း

မညွန့်ညွန့်နှင့် နေပုံထိုင်ပုံများကို စွဲချက်တင်သည်။ မညွန့်ညွန့်ကိုယ်တိုင်ကလည်း အခန်းပေါင်း ၁၂ ခန်း ခွဲ၍ စွဲချက်အမျိုးမျိုးတင်ကာ လည်လှီးပြီး ခြေဆေးခွင့်

ပေးပါရန် ပြင်းထန်စွာ တောင်းဆိုလိုက်တော့သည်။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃ဝ ရက်တွင်ကား 'ပြည်သူ့တော်လှန်ရေးတရားခုံ သဘာပတိအဖွဲ့ ဆုံးဖြတ်ချက်'ကို ချမှတ်၍ ဗိုလ်ထွန်းငြိမ်းအား သေဒဏ်

ပေးလိုက်တော့သည်။

ဗိုလ်ထွန်းငြိမ်းအား မမြဝင်း၊ မညွန့်ညွန့်တို့ဦးဆောင်သော အမျိုးသမီး ၁၂ ဦးတို့က သတ်ဖြတ်သုတ်သင်လိုက်ကြသည်။

တက္ကသိုလ်ကျောင်းသားခြောက်ဦးချေမှုန်းရေး[ပြင်ဆင်ရန်]

ဗိုလ်ထွန်းငြိမ်းအား သုတ်သင်သတ်ဖြတ်ပြီးနောက် တစ်နေ့ဖြစ်သည့် ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ ရေး

ဦးဆောင်အဖွဲ့သည် ဘသန်း၊ ထွန်းကျော်၊ ကျော် ရင်၊ တင်ဟန်နှင့် ခင်ဝင်းတို့အတွက် ဆုံးဖြတ်ချက်တစ် ရပ် ချမှတ်ပြန်လေသည်။ ဘသန်း၊ ထွန်းကျော်တို့ လူစု သည်

ထွန်းငြိမ်း-ထွန်းရှိန်ဂိုဏ်းသားများဖြစ်သဖြင့် ဗိုလ်ထွန်းငြိမ်းအတွက် ဖွဲ့စည်းထားသော ပြည်သူ့ တော်လှန်ရေး တရားခုံရုံး သဘာပတိအဖွဲ့ကပင် အပြစ် ပေး

အရေးယူရမည်ဖြစ်သည်။ စစ်ဆေးစွဲချက်တင်ရန် အတွက်လည်း ဗိုလ်ထွန်းငြိမ်းအတွက် ဖွဲ့စည်းထား သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကပင် တာဝန်ယူရသည်။

ထို့နောက် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ ထွန်းရှိန်(ဖေငြိမ်း)နှင့် ပတ်သက်သည့် ၃၁-၈-၆၈ ရက် က

ဆုံးဖြတ်ချက်ကိုပါ လက်မှတ်ရေးထိုး၍ အတည်ပြု လိုက်သည်။

ထွန်းရှိန်(ခေါ်) ဖေငြိမ်းအား အရေးယူရန် ပြည်သူ့တော်လှန်ရေးခုံရုံး သဘာပတိအဖွဲ့ကို သခင်ဇင် က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရပြီး သခင်ပုနှင့် ရဲဘော် ညိုအောင်တို့

ပါဝင်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌမှာ ရဲဘော်ညိုအောင်ဖြစ်သည်။ လူထုတိုက်ပွဲ ဦးစီးကော်မတီကို သခင်ပုက အဖွဲ့ဥက္ကဋ္ဌ အဖြစ် ဦးစီးသည်။

ဗဟိုဆေးကျောင်းမှ လူထုတိုက်ပွဲ ဦးစီး ကော်မတီလည်း ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ သို့နှင့် ထွန်းရှိန်အား သုတ်သင်ရန် သခင်ဇင်တို့အဖွဲ့သည် ဗဟိုဆေးကျောင်း

သို့ ခရီးထွက်သွားကြရလေသည်။

သခင်ဇင်တို့အဖွဲ့ ခရီးထွက်သွားသည်နှင့် ဗဟို ဌာနချုပ်စခန်းသည် ထွန်းငြိမ်းဂိုဏ်းသားများ ချေမှုန်း ရန် လုပ်ငန်းစတော့သည်။ ထုံးစံအတိုင်းပင် တပ်နီလူငယ်များ

နှင့် တပ်နီအမျိုးသမီးများသည် ထွန်းကျော်၊ ဘသန်းတို့ ငါးဦးအား သတ်ပစ်ရန် ကြွေးကြော်ကြတော့ သည်။ အချုပ်ခန်းအတွင်း၌မူ ရန်ကုန်တက္ကသိုလ်

ကျောင်းသားတပ်ဦးခေါင်းဆောင်များသည် ထိပ်တုံးနှင့် ချည်နှောင်ခံထားကြရပြီး ဖြောင့်ချက်များကို ရေးသား ကြရသည်။ တောခိုတက္ကသိုလ်ကျောင်းသား

ခေါင်း ဆောင်များသည် မိမိတို့ကိုယ်ကို အလေးအနက် စိစစ် ဝန်ခံပြီး စီရင်ချက်များ ချမှတ်လျှင် ပါတီအနေနှင့် သက်ညှာစွာ စဉ်းစားမည်ဟု သခင်သန်းထွန်း၊

ရဲဘော် အောင်ကြီးနှင့် သခင်ချစ်တို့က ပြောကြားသဖြင့် စိစစ် ဝန်ခံချက်နှင့် စီရင်ချက်များကို ရှည်လျားစွာ ရေးသား ကြရသည်။ မိမိတို့အား သေဒဏ်စီရင်

ပါဟူ၍လည်း စီရင်ချက်ချကြရသည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် သခင် သန်းထွန်းသည် ငြိမ်း-ရှိန်ဂိုဏ်းချေမှုန်းရေးစီမံကိန်းကို ရေးဆွဲထုတ်ပြန်လိုက်သည်။ ထို့နောက် စွဲချက်တင်

လူထု တိုက်ပွဲကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် စတင်တော့သည်။ ရဲဘော်ထွန်းကျော်၊ ရဲဘော်ဘသန်း၊ ရဲဘော်ဘိုးသာ၊ ရဲဘော်ခင်ဝင်းတို့လေးဦးကို

အချုပ်ခန်း မှ ဆွဲထုတ်လိုက်သည်။ တင်ဟန်(ခ)အောင်သိန်းနိုင်ကို မူ သတ်ဖြတ်ပြီးဖြစ်သဖြင့် လူအစား ဝါးလုံးတိုင်တွင် သစ္စာဖောက်တင်ဟန်ဟု စာတပ်၍

စွဲချက်တင်သည်။

သတ်ဖြတ်ပြီးသူ မင်းဝင်းထိန် ကိုမူ စွဲချက်မတင်တော့ ပေ။ မင်းဝင်းထိန်မှာ အောင်သိန်းနိုင်နှင့် တွဲနေသော ကြောင့် အဆစ်ပါသွားရသောသူသာဖြစ်သည်။

သဘာပတိအဖွဲ့ဥက္က သခင်ချစ်က မိန့်ခွန်းပြော ကြားသည်။ တပ်နီလူငယ်များနှင့် အမျိုးသမီးများက သံချပ်များ၊ ကြွေးကြော်သံများ အော်ဟစ်ကြသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က တောခိုကျောင်းသားများ ဖြစ်ကြသော ဘသန်း၊ ထွန်းကျော်၊ ဘိုးသာ၊ တင်ဟန်နှင့် ခင်ဝင်းတို့အား ထွန်းငြိမ်းနှင့် ကြံရာပါများအဖြစ် စွဲချက်

တင်လိုက်သည်။ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းကို အသိရှိရှိနှင့် ကျူးလွန်သည်ဟု စွပ်စွဲသည်။ ကျောင်းသား ဘဝကတည်းက ဖောက်ပြန်ခဲ့ကြခြင်းဟုလည်း ဆိုသည်။

စွဲချက်များမှာ ဗိုလ်ထွန်းငြိမ်းအပေါ် စွဲချက်ကဲ့သို့ပင် အချက်ခုနစ်ချက်ရှိသည်။ ထပ်တူနီးပါးပင်ဖြစ်သည်။ ရဲဘော်ထွန်းကျော်(ခ)စိုးဝင်းသည် ကြွေးကြော်သံများ

အော်ဟစ်နေစဉ်ပင် သတိလစ်သွားသဖြင့် ဆေးထိုး၍ ကုသပေးရသည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် လူထု တိုက်ပွဲနောက်ဆုံးနေ့အဖြစ် ကျင်းပသည်။ တပ်နီ အမျိုးသမီး မစိုးစိုးက တောခိုကျောင်းသားများအား

အမျိုးမျိုးစွဲချက်တင်သည်။ မညွန့်ညွန့်ကလည်း မိမိတို့ အား မိန်းမပျက်များသဖွယ် ဆက်ဆံစော်ကားခဲ့သဖြင့် ကိုယ်တိုင်လည်လှီးမည်ဟု ကြုံးဝါးသည်။ ပြည်သူ့

တော်လှန်ရေး တရားခုံရုံးသဘာပတိအဖွဲ့ကလည်း တောခိုကျောင်းသားများအား သေဒဏ်ချမှတ်လိုက် တော့သည်။ တောခိုကျောင်းသားများသည် အလေး အနက်

စိစစ်ဝန်ခံ၍ စီရင်ချက်ချလျှင် သက်ညှာမည် ဟူသော မူလကတိအတိုင်း ခံစားခွင့်မရကြတော့ပေ။

ရဲဘော်ဘသန်း(ခ)သိန်းထွန်းအား မညွန့်ညွန့် ခေါင်းဆောင်သည့် အမျိုးသမီးများကလည်းကောင်း၊ ရဲဘော်ထွန်းကျော်(ခ)စိုးဝင်း(လူထုဦးလှ-ဒေါ်အမာ သား)အား

မကြည်ဝင်းခေါင်းဆောင်သော အမျိုးသမီး များကလည်းကောင်း၊ ရဲဘော်ဘိုးသာ(ခ)ကျော်ခင်ကို မကြည်မြင့်ခေါင်းဆောင်သော အမျိုးသမီးများက လည်းကောင်း၊

ရဲဘော်ခင်ဝင်း(ခ)စိုးမြင့်ကိုလည်း မပု ခေါင်းဆောင်သော အမျိုးသမီးများကလည်းကောင်း လည်လှီး၍ သတ်ဖြတ်လိုက်ကြသည်။ အောင်သိန်းနိုင် နှင့် မင်းဝင်းထိန်

မှာမူ အသတ်ခံနှင့်ပြီးဖြစ်ကြသည်။

သို့ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သွေးထိုးမှုဖြင့် တောခိုလာကြသော တက္ကသိုလ်ကျောင်းသားခြောက်ဦး သည် ရက်စက်စွာ အသတ်ခံလိုက်ကြရခြင်းဖြင့် ဇာတ်

သိမ်းသွားကြရလေသည်။

ဗိုလ်ထွန်းရှိန်(ခ)ဖေငြိမ်း[ပြင်ဆင်ရန်]

သခင်သန်းထွန်းသည် ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ လ ၁၅ ရက်တွင် ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်းကို ဆက်လက်ချေမှုန်းရန် တိုက်တိုင်းအောင် တပ်ခွဲ(၂)သို့

ပေးစာတစ်စောင် ပေးပို့လိုက်သည်။ ထိုအချိန်တွင် ဗဟိုဆေးကျောင်းသည် တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြရာပင်ကြော၏ အနောက်စောင်းရှိ ဖြူးချောင်း၏

လက်တက်မြောင် ရှည်မြောင်တွင် ဖွင့်လှစ်ထားသည်။ ပြည်သူ့တော်လှန်ရေး တရားခုံရုံးဥက္ကဋ္ဌ သခင်ဇင်သည် စက်တင်ဘာလ ၁၅ ရက်မှာပင် မိန့်ခွန်းပြော၍

'ပြန် ပြင်ရေး သစ္စာဖောက် ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း ချေမှုန်း ရေး'ကို စတင်လိုက်သည်။ ထွန်းရှိန်ချေမှုန်းရေး စွဲချက် တင် လူထုတိုက်ပွဲတွင် ပြည်ပပြန် ရဲဘော်ရှိန်

(ခ) ထွန်းလှက စွဲချက်ကို ရှည်လျားစွာ ဖတ်ကြားတင်သွင်း သည်။ အဓိကစွဲချက်များမှာ အောက်ပါအတိုင်းဖြစ် သည်-

(၁) ဥက္ကဋ္ဌ သခင်သန်းထွန်းအမှူးပြုတဲ့ ဗဟိုဌာန ချုပ်ကို ပုန်ကန်ခြားနားပြီး စင်ပြိုင်ဗဟို ထူထောင်သူဖြစ်တယ်။

(၂) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပစ္စည်းမဲ့လူတန်း စား တော်လှန်ရေးလမ်းစဉ်ကို ဆန့်ကျင်ပြီး အရင်းရှင်လူတန်းစား ပြန်ပြင်ရေးလမ်းစဉ် နဲ့ စင်ပြိုင်လမ်းစဉ်

ထူထောင်သူဖြစ်တယ်။

(၃) ပါတီဗဟိုရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ပြည်သူ့ တပ်မတော်ရဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗဟို ဆေးကျောင်းပါတီနဲ့ တပ်မတော်ကို ဖျက်ဆီး သူဖြစ်တယ်။

(၄) ဗမာပြည်သူလူထုရဲ့ တော်လှန်ရေးသမိုင်း ကို ချေဖျက်ရုံမက လက်ရှိဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးစစ်ပွဲကိုလည်း ဖျက်ဆီးသူ ဖြစ်တယ်။

(၅) ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့တပ်မ တော်အတွင်းမှာ အကောက်ကျစ်ဆုံး ဂိုဏ်းခွဲ သူဖြစ်တယ်။

(၆) ကိုယ်ကျိုးရမ္မက်ကြီးသူ အာဏာရူး၊ တဏှာ ရူးဖြစ်တယ်။

(၇) ပါတီဗဟိုဌာနချုပ်ကို အကြမ်းဖက်လုပ်ကြံ မယ့် တန်ပြန်တော်လှန်ရေးသမား၊ ပြန်ပြင် ရေးသမားဖြစ်တယ်။

(၈) ပြည်တွင်းပြည်ပ တန်ပြန်တော်လှန်ရေး၊ ပြန်ပြင်ရေးဂိုဏ်းအသီးသီးရဲ့ မျိုးဆက်ဖြစ် တယ်။

(စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စွဲချက်မှ)

စုံစမ်းစစ်ဆေးရေးအဖွဲ့က ထွန်းရှိန်အား မသေ မချင်း သေဒဏ်ပေးရန် တောင်းဆိုလိုက်သည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် သခင်ဇင်သည် ပြည်သူ့တော်လှန်ရေးတရားခုံရုံး သဘာပတိအဖွဲ့၏ စီရင်ချက်ကို ဖတ်ကြား၍ ထွန်းရှိန် အား သေဒဏ်

ချမှတ်လိုက်တော့သည်။ ပြည်ပပြန် ထွန်းရှိန်ကို သခင်သန်းထွန်း၏နှမ မမြဝင်းခေါင်း ဆောင်သော အမျိုးသမီးများက ဝိုင်းဝန်းရိုက်နှက်ပြီး သတ်ဖြတ်လိုက်ကြသည်။ [၂]

သခင်သန်းထွန်းကျဆုံးခြင်း[ပြင်ဆင်ရန်]

ဗဟိုစခန်းဒုတိယအကြိမ်အတိုက်ခံရခြင်း[ပြင်ဆင်ရန်]

သခင်သန်းထွန်းနှင့် ပြည်ပပြန်များ က အာဏာ သိမ်းထားသော ဗဟိုဌာနချုပ်သည် ပြည်ပပြန်ပင်ဖြစ် သော်လည်း ဗိုလ်ထွန်းငြိမ်းနှင့် ထွန်းရှိန်ကို စိတ်မချ

သောကြောင့် သတ်ပစ်ခဲ့ကြသည်။ တောခိုတက္ကသိုလ် ကျောင်းသားများကိုလည်း ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း သားများဟုဆိုကာ သတ်ဖြတ်ပစ်ခဲ့ကြသည်။ ထိုသို့

ဖြုတ်ထုတ်သတ်လမ်းစဉ်ကို အတောမသတ် ကျင့်သုံး နိုင်ခြင်းအား သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များသည် မဟာအောင်ပွဲ များ

အဖြစ် သတ်မှတ်ခဲ့ကြသည်။

သခင်သန်းထွန်းသည် ထွန်းငြိမ်းဂိုဏ်းချေမှုန်းရေးကို နိဂုံးချုပ်ပေးလိုက်ပြီး နောက် ရဲဘော်စိုးသန်း ချေမှုန်းရေးကို ဆက်လက် အကောင်အထည်ဖော်ရန်

ပြင်ဆင်တော့သည်။ ထိုအချိန်တွင် ရဲဘော်စိုးသန်းသည် မြစ်ဝကျွန်းပေါ်မှ ပဲခူး ခရိုင်ဘက်သို့ ရောက်ရှိလာသဖြင့် စွဲချက်များ ကြိုတင် စီစဉ်ထားရန်နှင့် ထွန်းရှိန်

ဂိုဏ်းဝင် ဗိုလ်တင်ရှိန်ကို ဆက်လက်ချေမှုန်းရန် ဆောင်ရွက်တော့သည်။

ထို့နောက် ငြိမ်းရှိန်ဂိုဏ်းချေမှုန်းရေးအောင်ပွဲ ကျင်းပရန်လည်း အမြန်ဆုံးစီစဉ်တော့သည်။ ဗိုလ်ဘုန်းကျော်၊ ဗိုလ်ထွန်းတင်နှင့် ဗိုလ်တင်မောင် တို့ ခေါင်းဆောင်သော

အဖွဲ့သည် တိုက်တိုင်းအောင်(၂) ကို ပြန်လည်စုစည်းရန်အတွက် ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ပြည်ခရိုင်ဘက်သို့ ခရီး စတင်ထွက်ခွာသွားကြသည်။

ငြိမ်းရှိန်ဂိုဏ်းအောင်ပွဲခံရန် နွားပေါ်မည့်အဖွဲ့ သည်လည်း စက်တင်ဘာ ၁၇ ရက်တွင် ခရိုင်စခန်းမှ တစ်ဆင့် ရှမ်းစုရွာသို့ ဆင်းသွားသည်။ စခန်းတွင် ကျန်ရစ်သူများ

မှာ ပြဇာတ်တိုက်သူ သီချင်းတိုက်သူ များဖြင့် စိုပြည်စည်ကား၍နေသည်။ စက်တင်ဘာလ ၁၈ ရက်တွင်ကား ဆန်တင်း ၄ဝ သယ်ယူရေးကို ဆောင်ရွက်ကြသည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ နံနက် အရုဏ်ဦးတွင် တောင့်တင်းသော ရဲဘော် ၅ဝ ခန့်မှာ ဆန်သယ်ရန် မြရာပင်ကြောအရှေ့ဘက်သို့ ထွက်ခွာသွားကြသည်။

ဗဟိုစခန်းမှ လူအများစုမှာ ဆန်သယ်ရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် စခန်းအပြင် ရောက်နေကြသည်။ နံနက် ၉ နာရီတိတိတွင်ကား အမှတ် (၇၇)

ခြေမြန်တပ်မဌာနချုပ် ၏ တေဇစစ်ဆင်ရေးမှ စစ်ကြောင်းတစ်ကြောင်းဖြစ်သော အမှတ်(၁ဝ၅) ခြေမြန်တပ်ရင်းစစ်ကြောင်းသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏

ဗဟိုဌာနချုပ်စခန်းအား အငိုက်ဖမ်း၍ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်တော့၏။ ဗဟိုဌာနချုပ် သည် ရုတ်တရက် မမျှော်လင့်ဘဲ အတိုက်ခံရသော ကြောင့်

ပြန်လည်ခုခံချိန်ပင်မရပေ။ မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတပ်မှာ လက်နက်အသိမ်းခံထားရသောကြောင့် ပြန်လည်ပစ်ခတ်ရန် အခွင့်အရေး မရနိုင်ပေ။

တိုက်ပွဲစလျှင်စချင်းပင် ဗဟိုဌာနချုပ်မှ တစ်ဦးပြီးတစ်ဦး ကျဆုံးကုန်သည်။

သခင်သန်းထွန်း၊ ရဲဘော်အောင်ကြီး၊ သခင်ချစ်၊ ရဲဘော်သက်၊ ပြည်ပပြန်ရဲဘော်စိုးဝင်းတို့သည် ကျောပိုးအိတ်များကိုပင် သယ်ယူခြင်းမပြုနိုင်တော့ဘဲ ကစဉ့်ကလျား

အကွဲကွဲအပြားပြား ဆုတ်ခွာထွက်ပြေးကြရ တော့သည်။ ဗဟိုဌာနချုပ်မှာ လုံးဝပြိုကွဲသွားရသည်။ တပ်နီအမျိုးသမီးများမှာလည်း ကြောက်အားလန့်အား ဖြင့်

ထွက်ပြေးကြရသည်။

ယင်းတိုက်ပွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် အဆုံးအရှုံးများစွာ ကြီးမားခဲ့ရသည်။ လက်နက်ကိုင် တိုက်ပွဲ အနှစ် ၂ဝ အတွင်း အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး

အရှုံးပေါ်ခဲ့ခြင်းပင်ဖြစ်သည်။ ကျဆုံးသူ ၁၃ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဗိုလ်စိန်လွင် (မြစ်ဖျားဒေသတိုင်း)

(၂) ရဲဘော်ထွန်းရှိန် (မြစ်ဖျားဒေသတိုင်း)

(၃) ရဲဘော်ဝင်းအောင် (ပဲခူးခရိုင်)

(၄) ရဲဘော်ခင်မောင် (သရက်ခရိုင်)

(၅) ရဲဘော်ဘိုဆိုင် (ရေတာရှည်မြို့နယ်)

(၆) ရဲဘော်လှမြင့် (မွန်အမျိုးသား)

(၇) ရဲဘော်ချစ်(ခ)ညွန့်ထွေး (သာယာဝတီခရိုင်)

(၈) ရဲဘော်သန်းဖေ (သရက်ခရိုင်)

(၉) ရဲဘော်ဘမြင့် (ပြည်ခရိုင်)

(၁ဝ) ရဲဘော်သန်းလွင် (သာယာဝတီခရိုင်)

(၁၁) ရဲဘော်မညွန့်ညွန့် (မြစ်ဝကျွန်းပေါ်တိုင်း)

(၁၂) ရဲဘော်မစိုးစိုး (မြစ်ဝကျွန်းပေါ်တိုင်း)

(၁၃) ရဲဘော်မသန်းစိန် (မြစ်ဝကျွန်းပေါ်တိုင်း)

ပစ္စည်းပစ္စယဆုံးရှုံးမှုမှာလည်း အလွန်များပြားလှ သည်။ လက်နက်မျိုးစုံ ၂၂ လက် တပ်မတော်စစ်ကြောင်း က သိမ်းဆည်းရရှိသွားသည်။ ပြည်ပနိုင်ငံနှင့် ဆက်သွယ်

သည့် ကြိုးမဲ့ကြေးနန်းစက်နှင့် လက်လှည့်အားသွင်း စက်ဆုံးရှုံးသွားရခြင်းကား အသက်သွေးကြော ပြတ်သည့်နှယ်ပင်ဖြစ်သည်။ ရေဒီယိုအသံဖမ်းစက် မျိုးစုံ ၁၄ လုံး

ဆုံးရှုံးသောကြောင့်လည်း တပ်မတော်စစ် ကြောင်းများ၏ လှုပ်ရှားမှုကို ကြားဖြတ်ဖမ်းယူ၍ ခန့်မှန်းနိုင်ခြင်း မရှိတော့ပေ။ ရွှေ၊ ငွေနှင့် အရေးကြီးသော

စာရွက်စာတမ်းများကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဒဏ်ရာရသူများလည်းရှိပြီး လူချင်းကွဲသွားသူများမှာ ကျား၊ မ ၁၈ ဦးရှိသည်။ ရိက္ခာများကို သယ်ယူနိုင်ခြင်း မရှိတော့

သဖြင့်လည်း ဆုတ်ခွာရာ လမ်းတစ်လျှောက်တွင် အငတ်ငတ်အပြတ်ပြတ်ဖြင့်သာ ထွက်ခွာကြရသည်။

အမှတ်(၁ဝ၅) ခြေမြန်တပ်ရင်းစစ်ကြောင်းများ သည် ဗဟိုစခန်းအား ထွက်ပေါက်မရှိစေရန် ပိတ်ဆို့ ထားကြသော်လည်း စစ်ကြောင်းအချို့ အချိန်ကိုက်

ရောက်ရှိခြင်းမရှိသဖြင့် သခင်သန်းထွန်းတို့လူစုသည် ခြေလွတ်လက်လွတ် ထွက်ပြေးလွတ်မြောက်သွားကြရ သည်။ သခင်သန်းထွန်းသည် တိုက်ပွဲစတင်ဖြစ်ပွားပြီး

တစ်နာရီခန့်အကြာတွင် ဝင်းချောင်းနှင့် စပါးရိုးချောင်း အကြား တောင်ကြောပေါ်တွင် မိမိလူများကို ခေတ္တ စစ်ဆေးရန် စုစည်းရသည်။ သို့သော် တပ်မတော်

စစ်ကြောင်းက လိုက်လံတိုက်ခိုက်ပြန်သဖြင့် အနောက် စူးစူးသို့ ဆုတ်ခွာကြရသည်။ ထို့နောက် အမှတ်(၄) တိုက်နယ်စခန်းတွင် ခေတ္တခိုအောင်းကြရသည်။

မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်မှ ရဲဘော်များသည် လက်နက်အသိမ်းခံရသောကြောင့် တိုက်ပွဲတွင် ဆုံးရှုံးရကြောင်း ဝေဖန်လာကြတော့သည်။

သခင်သန်းထွန်းက မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်တပ်ဆင် ပေးလိုက်သည်။ သခင်သန်းထွန်းနှင့် ဗဟိုဌာနချုပ် သည်

ခြေဦးတည့်ရာသို့သာ ဆုတ်ခွာနေရသည်။ သွား လေရာရာတွင် တပ်မတော်စစ်ကြောင်းများနှင့် ရင်ဆိုင် တိုးနေသဖြင့် လမ်းခရီးက မတွင်တော့ပေ။ အစာရေစာ

မှာလည်း များစွာငတ်ပြတ်၍ နေသည်။ ထို့ကြောင့် တောင်ငူခရိုင်ကို ကျွမ်းကျင်သူရဲဘော်မြ၏ အကူအညီ ဖြင့် မြရာပင်ကြောကိုကျော်၍ ရန်ကုန်-မန္တလေး

ရထားလမ်းဘက်သို့ ကပ်ရန် ကြိုးစားရတော့သည်။ ထိုသို့ကပ်ရခြင်းမှာ လူသူနှင့်နီးသော်လည်း ကျေးရွာ များမှ ရိက္ခာရရှိရန် မျှော်လင့်ချက်ကြောင့်ပင်ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် တပ်မတော်စစ်ကြောင်းများ၏ ဝိုင်းရံပိတ်ဆို့ထားမှု ကြောင့် ပြေးစရာမြေမရှိဖြစ်နေသည့်အပြင် စားစရာ လည်း

မရှိတော့သဖြင့် အခြေအနေမှာ တစ်ရက်ထက် တစ်ရက်များစွာ ဆိုးရွားလာရလေသည်။

သခင်သန်းထွန်း လုပ်ကြံခံရခြင်း[ပြင်ဆင်ရန်]

အစာရေစာ ငတ်ပြတ်ပြီး အလဲလဲအကွဲကွဲ ဖရို ဖရဲဖြစ်နေသော ဗဟိုဌာနချုပ်သည် ကျွဲပွဲအနောက် ဘက် ငါးမိုင်ခန့်အကွာရှိ မင်းရဲချောင်းတောင်ဘက်

ကျောက်ချောင်းတွင် ခေတ္တခိုအောင်းနေရသည်။ သခင် သန်းထွန်း နှင့် ရဲဘော်အောင်ကြီးသည် ဗိုလ်လွင်(ခေါ်) အောင်သိန်းလွင်နှင့်အဖွဲ့ကို ရိက္ခာရရှိရေးအတွက်

ဇီး ကုန်းနှင့် တရုတ်ကုန်းရွာများသို့ စေလွှတ်လိုက်သည်။ လက်ရှိနေရာတွင် မရှိတော့ပါက ညောင်ခြေထောက် မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ

နတ်ရေတွင်း ရွာ ရော်ဘာခြံသို့ ပြန်ဆုံရန် စုရပ်အဖြစ် သတ်မှတ်ပေး လိုက်သည်။ ထို့နောက် ပိုမိုစိတ်ချရပြီး ချောင်ကျသည့် ကျောက်ချောင်းကမ်းပါးသို့ ပြောင်းရွှေ့

လိုက်ကြသည်။

သခင်သန်းထွန်းနှင့် ဗဟိုဌာနချုပ်သည် မျှစ်ပျံ ခေါ် အတော်အတန်မြင့်မားသော မျှစ်များ၏ အဖျား ပိုင်းများကို လှုပ်ချိုး၍ ပြုတ်စားနေခဲ့ကြရသည်။ သခင် သန်းထွန်း

သည် လုံခြုံရေးမှူးဖြစ်သူ ဗိုလ်လွင်အား ကင်းကို စနစ်တကျချခိုင်းသည်။ ထို့နောက် မိမိတွင် ပါသော ဓားလှီးဆေးများကို အားလုံးမျှ၍ ဆေးလိပ် သောက်နိုင်ရန်

ထုတ်ပေးလိုက်သည်။ သခင်သန်းထွန်း သည် ရဲဘော်မြ နှင့် စကားပြောပြီးနောက် ညနေ ၅ နာရီသာသာခန့်တွင် အခင်းကြီးသွားရန် ကမ်းပါးထစ် သို့ ထွက်သွားသည်။

အခွင့်အရေးကိုစောင့်နေသော မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတပ်မှ ရဲဘော်မြကြီးသည် ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ညနေ ၅ နာရီနှင့်

၁၅ မိနစ်တွင် သခင်သန်းထွန်းအား ရိုင်ဖယ်သေနတ်ဖြင့် တစ်ချက်တည်းပစ်ခတ်လိုက်တော့သည်။ ထို့နောက် ထိုနေရာမှ ထွက်ပြေး၍ တပ်မတော်စစ်ကြောင်းတွင်

လက်နက်ချ အလင်းဝင်သွားလေသည်။

ရိုင်ဖယ်ကျည်ဆန်သည် သခင်သန်းထွန်း၏ ကျောပြင်မှဖောက်ဝင်ပြီး လက်ယာဘက်ရင်အုံမှ ပေါက် ထွက်သွားသည်။ သခင်သန်းထွန်းသည် ချောက်အတွင်း မှ

ပြန်ပြေးတက်လာသည်။ ထို့နောက် ဘယ်ဘက်က ပစ်လိုက်တယ်မသိဘူးဟု ညည်းညူကာ လဲကျသွား သည်။ ရဲဘော်စိုးဝင်းနှင့် ရဲဘော်အောင်ကြီး

သခင် သန်းထွန်းကို ပွေ့ထားကြသည်။ ကျွန်တော့်တော့ ထိ သွားပြီဟုပြောကာ သခင်သန်းထွန်းသည် ဝေဒနာကို အပြင်းအထန်ခံစားရတော့သည်။ ဆေးမှူးဖြစ်သူ

ရဲဘော်လှမောင်က ဆေးထိုး၍ကုသသည်။ သို့သော် သခင်သန်းထွန်းသည် စကားမေးမရတော့ဘဲ ကျဆုံး သွားရတော့၏။ သခင်သန်းထွန်းကျဆုံးချိန်တွင် ညနေ

၅ နာရီ မိနစ် ၂ဝ ခန့်ရှိလေပြီ။ သခင်သန်းထွန်းကျဆုံးချိန်တွင် တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် သခင်ချစ်တစ်ဦးသာ ရှိသည်။ သခင်ဇင်မှာမူ

ထွန်းရှိန်အား သုတ်သင်ရန် ဗဟိုဆေးကျောင်းသို့ ခရီးထွက်သွားရာမှ ပြန်မရောက် သေးပေ။ သခင်ချစ်သည် ရဲဘော်မြနှင့်တိုင်ပင်၍ သခင် သန်းထွန်း၏

အလောင်းအား ရွှေ့ပြောင်း၍ သယ်ယူ စေသည်။

ထို့နောက် သခင်ချစ်သည် သခင်သန်းထွန်း ၏ အသုဘအခမ်းအနားအတွက် မိန့်ခွန်းပြောကြားပြီး သစ္စာအဓိဌာန်သုံးချက်ကို တိုင်ပေးလိုက်သည်။

၁။ ငါတို့ဟာ ဥက္ကဋ္ဌကြီး မရှိပေမယ့် ဥက္ကဋ္ဌကြီးရှေ့ဆောင်ခဲ့တဲ့ တော်လှန်ရေးကြီးကို ပြီးဆုံး အောင် ဆောင်ရွက်သွားပါမယ်။

၂။ ငါတို့ဟာ ဥက္ကဋ္ဌကြီးချမှတ်သွားတဲ့ တော်လှန် တဲ့လမ်းစဉ်အတိုင်း တက်တက်ကြွကြွ ဆက်လက်အကောင်အထည်ဖော်သွားပါ မယ်။

၃။ ငါတို့ ဥက္ကဋ္ဌကြီး တည်ဆောက်သွားတဲ့ ပါတီနဲ့ ဘယ်တော့မှ မခွဲမခွာ ရပ်တည်သွားပါ မယ်။

ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် သည် သခင်သန်းထွန်းအား နောက်ဆုံးအနေနှင့် အလေးနီပြုလိုက်ကြသည်။ အလေးနီပြုသည်ဆိုခြင်းမှာ

ညာလက်သီးကိုဆုပ်၍ တံတောင်ဆစ်ကို ၄၅ ဒီဂရီ ကွေးတင်ခြင်းပင်ဖြစ်သည်။ ထို့နောက် 'ဥက္ကဋ္ဌကြီး အလောင်း သင်္ဂြိုဟ်ရေးကော်မတီ'သည် အလောင်းကို

နာရီဝက်ခန့် ထမ်းသွားသည်။ ထို့နောက် ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီ ၂ဝ မိနစ်တွင် မြေမြုပ်၍ သင်္ဂြိုဟ်လိုက်ကြတော့သည်။

သခင်သန်းထွန်း ကျဆုံးကြောင်းကိုမူ လျှို့ဝှက်ထားရန် ဆုံးဖြတ်ကြသည်။ ထို့နောက် သခင်ချစ်ဦးဆောင်၍ ဗဟိုဌာနချုပ်သည် ခရီးဆက်လက်ထွက်ခွာကြသည်။

သခင်ချစ်မှာ စိတ် ထိခိုက်လွန်းသဖြင့် မိမိကိုယ်ကိုသတ်သေရန်ပင် စိတ်ကူး ခဲ့လေသည်။

၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် တောင်ငူခရိုင်၊ ဖြူးချောင်း၏တောင်ဘက်ကမ်းမှ လေလံ မြောင်ဝ၏အနီးတွင် သခင်ချစ်တို့အဖွဲ့နှင့် သခင်ဇင် တို့အဖွဲ့

ပြန်လည်ပူးပေါင်းမိသွားသည်။ သခင်ဇင်တို့ အဖွဲ့မှာ ထွန်းရှိန်ကိုသတ်ပြီး ဗဟိုဆေးကျောင်းမှ ပြန်လာခြင်းဖြစ်သည်။ ထို့နောက် အစည်းအဝေးတစ်ရပ် ကျင်းပပြီး

သခင်ဇင်က မိန့်ခွန်းတစ်ရပ်ကို ပြောကြား သည်။

ရဲဘော်တို့-

ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ဟာ သစ္စာဖောက်မြကြီးရဲ့လက်ချက်နဲ့ ကျဆုံး သွားရတာဟာ ကျွန်တော်တို့အဖို့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်။

ကျွန်တော်တို့အဖို့ ဖော်မပြ နိုင်တဲ့ ကြေကွဲမှုကြီးလည်းဖြစ်တယ်

ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒီကြေကွဲမှုကြီးကို အားအဖြစ် ပြောင်းလဲပစ်ကြရမယ်

ကျွန်တော်တို့ဥက္ကဋ္ဌကြီး ဟာ အလွန်ကို အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကြီးနဲ့ ပုဂ္ဂိုလ် ကြီးဖြစ်တယ်။ ခေါင်းဆောင်ကြီးမဟာမော်စီတုံး ရဲ့ အာဇာနည်

တပည့်ကြီးလည်း ဖြစ်တယ်

ဥက္ကဋ္ဌကြီး သခင်သန်းထွန်းဟာ သူ့ကိုယ်သူ ကျဆုံးနိုင်တယ်လို့ တွက်ခဲ့တယ်။ အကယ်၍ သူ ကျဆုံးလျှင် ဥက္ကဋ္ဌတာဝန်ကို ချက်ချင်းဆက်လက် ထမ်းဆောင်နိုင်ဖို့

ဒုတိယဥက္ကဋ္ဌ အဖြစ် ကျွန်တော့် ကို သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်

အခုတော့ ကျွန်တော်တို့ရဲ့ အချစ်မြတ်နိုး တကာ့ အချစ်မြတ်နိုးဆုံးဖြစ်တဲ့ ဥက္ကဋ္ဌကြီး သခင် သန်းထွန်းဟာ ကျဆုံးသွားတဲ့အတွက် ဥက္ကဋ္ဌ တာဝန်ကို ကျွန်တော်ကပဲ

ဆက်လက်ထမ်းဆောင် သွားမယ်

ကျွန်တော်တို့ဟာ ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ရဲ့ သွေးခင်းတဲ့လမ်းကြောင်းအတိုင်းပဲ တစ်သဝေ မတိမ်း လိုက်သွားမှာဖြစ်တယ်

ရဲဘော်တို့အားလုံးလည်း တော်လှန်တဲ့ ပါတီ ဗဟိုကို အစွမ်းကုန် ဝိုင်းရံသွားကြဖို့လိုတယ်

ကနေ့အခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးဟာ အောင်ပွဲခံဖို့နီးကပ်နေပြီ ဖြစ်တယ်

ကျွန်တော်တို့ဟာ အောင်ပွဲကို တကယ်တမ်း အရယူရဲသလား၊ မယူရဲဘူးလားဆိုတာ အဖြေကို ရဲရဲကြီးပေးဖို့ လိုနေပြီဖြစ်တယ်

ရဲဘော်တို့ဟာ အောင်ပွဲကိုယူဖို့ဆိုရင် ဥက္ကဋ္ဌကြီး သခင်သန်းထွန်းရဲ့ သွေးခင်းတဲ့လမ်း ကြောင်းအတိုင်းလိုက်ကြ

ဥက္ကဋ္ဌကြီး သခင်သန်းထွန်းရဲ့ သွေးခင်းတဲ့ လမ်းကြောင်းအတိုင်းလိုက်ကြ

ဤကား ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သော ပါတီဥက္ကဋ္ဌသစ် သခင်ဇင်၏ ပထမဆုံး အသစ်စက်စက်မိန့်ခွန်းပင်ဖြစ်သည်။

သခင်သန်းထွန်းကျဆုံးသွားသော်လည်း ပါတီ၏ ခေါင်းဆောင်မှုသည် သခင်ဇင်၊ သခင်ချစ်နှင့် ပြည်ပပြန် ရဲဘော်အောင်ကြီးတို့လက်ထဲတွင် ဆက်လက် ရှင်သန်

နေဆဲ ပင်ဖြစ်သည်။ ထို့အပြင် ပြည်ပပြန်များ သည် အရေးပါသောနေရာတိုင်းကို အုပ်စီးမိထားပြီ ဖြစ်သည်။ ထို့ကြောင့် ဖြုတ်ထုတ်သတ်လမ်းစဉ်သည် ဆက်လက်၍

အရုပ်ဆိုးအကျည်းတန်စွာပင် ပဲခူးရိုးမ တွင် လွှမ်းခြုံနေဦးမည်သာတည်း။

တပ်မတော်သည် စာနယ်ဇင်းဆရာများကိုရဟတ် ယာဉ်ဖြင့်ခေါ်ယူ၍ သခင်သန်းထွန်း၏ အလောင်းကို ဖော်ယူပြသခဲ့သည်။ ပြည်သူသို့လည်း သခင်သန်းထွန်း

ကျဆုံးပြီဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန် ကြေညာခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း သခင်သန်းထွန်းကျဆုံး

သည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကား အဓိကအားဖြင့် ပဲခူးရိုးမနှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင် ပြည်သူလူထု

ကို ရက်စက်ကြမ်းကြုတ်စွာ ဖိစီးနှိပ်စက် ဆဲ၊ ပါတီတွင်း၌လည်း ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် ဇာတ်တူသားစားဆဲသာတည်း။ [၃]

တော်လှန်ရေးကောင်စီ၏ အမျိုးသားညီညွတ်ရေး ကြိုးပမ်းချက်[ပြင်ဆင်ရန်]

မြေအောက်သောင်းကျန်းသူများ၏ယေဘုယျ အခြေအနေ(၁၉၆၈ ခုနှစ်)[ပြင်ဆင်ရန်]

တော်လှန်ရေးကောင်စီအစိုးရသည် အမျိုးသား ညီညွတ်ရေးအတွက် ၁၉၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ထုတ်ပြန်၍ ကြိုးပမ်းခဲ့သော်လည်း

သောင်းကျန်းသူအဖွဲ့အစည်းများဘက်က သဘောထား မမှန်ကန်သဖြင့် အောင်မြင်မှုမရရှိခဲ့ပေ။ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ

စသော လက်ဝဲအလွန်အကျွံပါတီများက မိမိတို့ပါတီ အကျိုးကိုသာ ကြည့်ခဲ့သကဲ့သို့ လူမျိုးစု သောင်းကျန်းသူ များကလည်း ဖက်ဒရယ်မူထက် ပိုမိုဆိုးရွားသော

တောင်းဆိုချက်များကိုသာ တောင်းဆိုခဲ့သည်။ စောဟံ တာသာမွှေး၏ ကေအာရ်စီသာ လက်နက်ချ အလင်းဝင် ခဲ့သည်။ ကျန်သောင်းကျန်းသူများမှာ တောခို၍

ဆက် လက်သောင်းကျန်းမြဲ သောင်းကျန်းနေခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြု၍ ဗမာ ပြည် ကွန်မြူနစ်ပါတီသို့ ပြည်ပပြန်များ ရောက်ရှိလာ ပြီး ပြည်ပလမ်းစဉ်ကို အကြွင်းမဲ့နာခံရန် အတင်း အကျပ်

ကြိုးစားလာကြသည်။ ပြည်ပလမ်းစဉ်ကို မနာ ခံဟု ထင်ရသော ရဲဘော်ဌေး၊ ဂိုရှယ်၊ ဗိုလ်ရန်အောင် တို့မှာ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသည်။ ပြည်ပပြန်

အချင်းချင်းမှာပင် အာဏာလုမည်ဟု ထင်ရသော ဗိုလ်ထွန်းငြိမ်းနှင့် ထွန်းရှိန်မှာ အသတ်ခံရသည်။ တောခိုကျောင်းသားများလည်း အသတ်ခံရသည်။ ပဲခူး

ရိုးမတွင်ကြီးစိုးနေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် အချင်းချင်း ဇာတ်တူသားစားရုံသာမကဘဲ ပြည်သူ လူထုကိုလည်း နည်းမျိုးစုံဖြင့် သတ်ဖြတ်နှိပ်စက်ခဲ့သည်။

ပဲခူးရိုးမ၌ အဆိုးရွားဆုံးဒေသမှာ ပေါက်ခေါင်း မြို့နယ်ပင်ဖြစ်သည်။ ပေါက်ခေါင်းမြို့နယ်တွင် အပြစ်မဲ့ တောင်သူလယ်သမားကြီးများမှာ လူမဆန်စွာ သတ်ဖြတ်

ညှဉ်းဆဲခြင်းခံခဲ့ရသည်။

ပဲခူးရိုးမနှင့် နင်လားငါလား လူသတ်ဝါဒ ထွန်းကားရာအရပ်ဒေသမှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ် သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ

ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)နှင့် ကေအင်န်ယူ ပါတီတို့သည် မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခုလုံးတွင် လူသတ်၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲ၊ ပစ္စည်းလု၊ ရွာမီးရှို့

စသည်ဖြင့် ထင်သလိုပင် ရမ်းကားခဲ့သည်။ ထို့ကြောင့် လည်း အချို့ကျေးရွာများတွင် ပြည်သူ့စစ်၏ အခြေခံ ဖြစ်သော သောင်းကျန်းသူဆန့်ကျင်ရေးတပ်ဖွဲ့များ

ဖွဲ့ စည်း၍ ရန်သူအား ပြန်လည်တိုက်ခိုက်နေကြလေပြီ။

ရခိုင်ဒေသတွင်လည်း မူဂျာဟစ်များမှာ ဆန် မှောင်ခိုအဆင့်သာရှိနေသော်လည်း ဗမာပြည်ကွန်မြူ နစ်ပါတီ၊ အလံနီပါတီနှင့် ရခိုင်ကွန်မြူနစ်ပါတီတို့

လှုပ်ရှားထကြွလျက်ရှိသည်။ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်မြောက်ပိုင်းတွင်ကား ကေအိုင်အေသောင်းကျန်း သူများ လှုပ်ရှားလျက်ရှိသည်။ အဝေးရောက်ဗမာပြည်

ကွန်မြူနစ်ပါတီသည် ပြည်တွင်းမှ ဗမာပြည်ကွန်မြူနစ် ပါတီကို ကယ်တင်နိုင်ရန်အတွက် နော်ဆိုင်းကို ရှမ်း ပြည်မြောက်ပိုင်းသို့ စေလွှတ်၍ အရှေ့မြောက်စစ်ဒေသ

သို့ တည်ဆောက်ရန် ကြိုးပမ်းနေသည်။ သို့သော် ကေအိုင်အေနှင့် ပဋိပက္ခဖြစ်ပြီး မကြာခဏ တိုက်ခိုက် နေကြရသည်။

ရှမ်းပြည်နယ်တစ်ခွင်လုံးတွင်လည်း ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်းလေးများက တသီးတခြားစီ ထကြွသောင်းကျန်းလျက်ရှိသည်။ ယင်းတို့ကို ဗမာပြည်

ကွန်မြူနစ်ပါတီနှင့် ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့တို့ က အပြိုင်အဆိုင် သိမ်းသွင်းလျက်ရှိသည်။ ကယား ပြည်နယ်တွင်လည်း ကယန်းပြည်သစ်ပါတီနှင့် ကရင်နီ

အမျိုးသားတိုးတက်ရေးပါတီတို့ လှုပ်ရှားနေကြသည်။ ယင်းတို့အချင်းချင်းလည်း အစေးမကပ်ကြပေ။ ကရင်ပြည်နယ်တွင်ကား ဗိုလ်မြအုပ်စုသည် မှောင်ခိုလုပ်ငန်း

ကို စတင်လုပ်ကိုင်လာကြပြီဖြစ်သည်။ တနင်္သာရီတိုင်း တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကေအင်န်ဒီအိုတို့သည် နယ်မြေလုလျက်ရှိသည်။

ငြိမ်းချမ်းရေးပန်းကို ကမ်းလင့်ခဲ့သော်လည်း လက်မခံသောကြောင့် တပ်မတော်သည် ထိုးစစ်များ ဆင်နွှဲ၍ တိုက်ခိုက်ရတော့သည်။ အမှတ်(၇၇) ခြေမြန်

တပ်မဌာနချုပ်၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် များဖွဲ့စည်း၍ စစ်ဆင်ရေးများ ဆင်နွှဲရသည်။ တစ်ချိန် တည်းမှာပင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း

တပ်မတော်သားများသည် အမာခံကေဒါများအဖြစ် ပါဝင်ဆောင်ရွက်နေရသည်။ နိုင်ငံရေးတာဝန်ကိုရော စစ်ရေးတာဝန်ကိုပါ ထမ်းဆောင်နေရခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း ပြည်တွင်း သောင်းကျန်းမှုအခြေအနေမှာ များစွာရှုပ်ထွေးလှသည်။ အဖွဲ့အစည်းသစ်များ ပေါ်ပေါက်သည်လည်းရှိသည်။

ထို့အပြင် အထူးခြားဆုံးမှာ လက်ဝဲလက်ယာပြည်ပ ပယောဂများ ပေါ်ပေါက်လာပြီး ပြည်တွင်းသောင်းကျန်းသူများအား ဝင်ရောက်ကူညီလာကြခြင်းပင်ဖြစ်လေသည်။

တော်လှန်ရေးကောင်စီဥက္ကဋ္ဌ က နိုင်ငံရေး ခေါင်းဆောင်များအား ဖိတ်ခေါ်ခြင်း[ပြင်ဆင်ရန်]

တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ထုတ်ပြန်၍ မြေအောက် သောင်းကျန်းသူများနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ သို့သော်

အောင်မြင်မှုမရရှိခဲ့ပေ။ ထိုစဉ်က ငြိမ်းချမ်း ရေး အန္တရာယ်ကို ကာကွယ်နိုင်ရန်အလို့ငှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနှင့် ဦးဝင်းတို့ကို ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှစ၍

ထိန်းသိမ်းခဲ့ရသည်။ ပထစခေါင်းဆောင် များဖြစ်သော သခင်တင်၊ သခင်တင်မောင်နှင့် ဗိုလ်မှူး အောင်တို့ကိုမူ ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ သည်။

ပမညတဦးစီးသော ပြည်သူ့ကော်မတီနှင့် ပြည်သူ့ငြိမ်းချမ်းရေးကော်မတီဝင်များသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်၍ ငြိမ်းချမ်းရေးပျက်စီး ရာ

ပျက်စီးကြောင်း ဆောင်ရွက်သဖြင့် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှစ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ရ သည်။

သို့သော် ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် ဦးနုနှင့် ဦးဗဆွေတို့ကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ

ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် နံနက် ဝ၉ဝဝ နာရီတွင် အမှတ် (၁၆) ဝင်ဒါမီယာ၌ အောက်ပါနိုင်ငံရေးခေါင်းဆောင် များကို

ဖိတ်ကြားလိုက်သည်-

(က) ဦးကျော်ငြိမ်း

(ခ) ဦးကျော်မင်း

(ဂ) ဗိုလ်ခင်မောင်ကလေး

(ဃ) ဗိုလ်ခင်မောင်

(င) သခင်ချစ်မောင်(ဝိဓူရ)

(စ) သခင်ချစ်မောင်(မြန်အောင်)

(ဆ) စဝ်စိုင်းလုံ

(ဇ) သခင်စံမြင့်

(ဈ) ဒူဝါဇော်ရစ်

(ည) ဒူဝါဇော်လွန်း

(ဋ) သခင်တင်

(ဌ) ဦးတင်ထွန်း

(ဍ) ဦးထပ်လှိုင်း

(ဎ) ဦးထွန်းမြင့်(လင်းခေး)

(ဏ) ဦးနု

(တ) စဝ်ပြည့်

(ထ) မွန်ဖိုးချို

(ဒ) ဦးဗဆွေ

(ဓ) ဗိုလ်မင်းခေါင်

(န) ဦးရွှေကြိုင်

(ပ) သခင်လွင်

(ဖ) သခင်လှကြွေ

(ဗ) သခင်လေးမောင်

(ဘ) ဦးလွန်ပုမ်

(မ) စဝ်ဝဏ္ဏ

(ယ) မန်းဝင်းမောင်

(ရ) ဖဒိုဝေသော

(လ) သခင်တင်

(ဝ) သခင်သာခင်

(သ) ဆရာသာထို

(ဟ) ဦးသာထွန်း

(ဠ) ဗိုလ်မှူးအောင်

(အ) နိုင်အောင်ထွန်း

အထက်ပါ နိုင်ငံရေးခေါင်းဆောင်များ သည် ပါလီမန် ဒီမိုကရေစီခေတ်တစ်လျှောက်လုံး မြန်မာ့နိုင်ငံရေးကို ကြိုးကိုင်ခဲ့သူများဖြစ်သည်။ တော်လှန်ရေး ကောင်စီ

သည် ထိုခေါင်းဆောင်များအား လုံးဝပစ်ပယ် မထားဘဲနှင့် နိုင်ငံရေးစင်မြင့်ပေါ်သို့ ဖိတ်ခေါ်ကာ အမျိုးသားညီညွတ်ရေးကို ကြိုးပမ်းဆောက်တည်ခြင်းပင် ဖြစ်သည်။

တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်ချုပ် ကြီး နေဝင်း၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးသန်းစိန်နှင့် ဗိုလ်မှူးကြီးလှဟန်တို့ ပါဝင် ကြသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက-

ဒီနေ့ ကျွန်တော်ဖိတ်တာကတော့ ဖိတ်ထားတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ပြောပြပါမယ်။ ရှေးဦး ဆုံးအပိုင်းကတော့ တိုင်းပြည်တကယ်အကျိုးပြုမယ့် အလုပ်တွေကို

လုပ်နေတဲ့အခါ တတ်နိုင် သမျှ ညီညွတ်ရေးရအောင် ဘယ်လိုများ ဆောင်ရွက်ရမယ်၊ ဆောင်ရွက်ရင် ကောင်းမယ် ဆိုတာကို အကြံဉာဏ်ပေးကြပါလို့ အကြံဉာဏ်

ပေးဖို့ ကျွန်တော်မေတ္တာ ရပ်ခံပါတယ် ဟု ပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးကြပြီး နံနက် ဝ၉ ၃၅ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။

၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် တော်လှန် ရေးကောင်စီသည် ကြေညာချက်အမှတ်(၇၂) ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့

ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့ဝင် ၃၃ ဦးမှာ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးပင်ဖြစ်သဖြင့် သတင်း စာအချို့က ၃၃ ဦး

ကော်မတီဟု ရေးသားခဲ့ကြသည်။ ယင်းအဖွဲ့၏လုပ်ငန်းကိုလည်း ၁၉၆၉ ခုနှစ်၊ မေလ ၃၁ ရက်အထိ သတ်မှတ်ပေးလိုက်သည်။ ထို့နောက် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ

၅ ရက်နေ့တွင် ကြေညာ ချက် အမှတ်(၇၄)ကိုထုတ်ပြန်၍ ပြည်တွင်းညီညွတ်ရေး အတွက် အကြံဉာဏ်များ တောင်းခံလိုက်ပြန်သည်။ တစ်ပြည်လုံးရှိ လုပ်သား

ပြည်သူများထံမှ အကြံဉာဏ် တောင်းခံခြင်းပင်ဖြစ်သည်။

တော်လှန်ရေးကောင်စီအစိုးရသည် နိုင်ငံတော် တစ်ခုလုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စေရေး အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ရာ ၁၉၆၃ ခုနှစ်၊

ပြည်တွင်းငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ၁၉၆၈ ခုနှစ်၊ ပြည်တွင်းညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းပေးခြင်းတို့သည် သမိုင်းတင်ရမည့် ထင်ရှားသော အမျိုးသားညီညွတ်ရေး

ကြိုးပမ်းချက်များပင် ဖြစ်သည်။ မြေအောက်နိုင်ငံရေး ပဋိပက္ခများကို တပ်မတော်က စစ်ဆင်တိုက်ခိုက်၍ ချေမှုန်းနေစဉ် မြေပေါ်ပဋိပက္ခများကို ဖြေရှင်းရန်

ကြိုးစားခြင်းပင်ဖြစ်သည်။ သို့သော် ပေါ်ပေါက်လာ သည့် အကျိုးဆက်များကို ရှေ့အခန်းများတွင် တွေ့ရ ဦးမည်ဖြစ်လေသည်။ [၄]

ပါလီမန်ဒီမိုကရေစီပါတီ သို့မဟုတ် ပြည်ပြေးနိုင်ငံရေးသမားများ ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့၏ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

တော်လှန်ရေးကောင်စီသည် လုံခြုံရေးအရ ထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအား ပြန်လွှတ်ပေးပြီးနောက် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

တွင် ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များအား ဖိတ်ကြား၍ အမျိုးသားညီညွတ်ရေးအတွက်ကြိုးပမ်းခဲ့ ကြောင်း တင်ပြပြီးပေပြီ။ တော်လှန်ရေးကောင်စီသည်

၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ကြေညာ ချက်အမှတ်(၇၂)ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့(ခေါ်)၃၃ဦး

ကော်မတီကိုဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့၏ လုပ်ငန်းများကိုလည်း ၁၉၆၉ ခုနှစ်၊ မေလ ၃၁ရက် အထိ သတ်မှတ်ပေးခဲ့သည်။ ၁၉၆၈ ခုနှစ်၊

ဒီဇင် ဘာလ ၅ ရက် တွင် လည်း ကြေညာချက် အမှတ် ၇၄ ဖြင့် တစ်ပြည်လုံးရှိ လုပ်သားပြည်သူများထံသို့ ပြည်တွင်းညီညွတ်ရေးအတွက်

အကြံပြုပါရန် အကြံ ဉာဏ်များတောင်းခံခဲ့သည်။ ဤကားတော်လှန်ရေး ကောင်စီ၏ ရိုးသားသောစေတနာဖြင့် ကြိုးပမ်းသည့် အမျိုးသားညီညွတ်ရေး

ကြိုးပမ်းချက်ပင် ဖြစ်သည်။

တော်လှန်ရေးကောင်စီသည် ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရန်(၆) လသက်တမ်းသတ်မှတ်ပေးထားသော်လည်း

လိုအပ် လျှင် အချိန်ထပ်တိုးပေးမည်ဆိုကပေးနိုင်ရန် ရည်ရွယ် ထားလေသည်။တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၈ ခုနှစ်၊

နိုဝင်ဘာလ ၂၉ ရက်တွင် နိုင်ငံရေးခေါင်းဆောင်များအား ဖိတ်ကြား၍ အောက်ပါအတိုင်း ပြောဆိုသွားသည်ကို သတိပြုနိုင်သည်။

နောက်တစ်ခုကတော့ ဒီဆွေးနွေးတယ်ဆိုတာက အချိန်အခါကတော့ ယူလုပ်ရင်ကောင်းမယ်၊ အဲဒီတော့ ကျွန်တော်တို့မှန်းတာကတော့ (၆)လပေါ့လေ၊ အချေ

အတင်ဆွေးနွေးနိုင်အောင် ဒါဆွေးနွေးကြရင်း ကိစ္စဝိစ္စ များ မပြီးဘူး၊ အချိန်ထပ်ပေးမှဖြစ်မယ်လို့ ဆိုလို့ရှိရင် လည်း အဲဒီပြီးတဲ့ နည်းတဲ့အချိန်ကျတော့ ထပ်ပြီး

ဆွေးနွေးကြ၊ ပြီးတော့ကာ အချိန်တိုးချင်လည်း တိုးလာ မှာပေါ့၊ အခု ယာယီသတ်မှတ်ထားတာကတော့(၆) လပဲဆိုပါတော့၊ လိုရင်လိုသလိုပေါ့ခင်ဗျာ၊

နည်းတွေ၊ စည်းတွေ လှေနံဓားထစ် (၆)လနဲ့ ပြီးရမယ်လို့ မဆိုလိုပါဘူး

တော်လှန်ရေးကောင်စီသည် နိုင်ငံရေးခေါင်း ဆောင် ၃၃ ဦးအား (၆)လအတွင်း လုပ်ငန်းဆောင်ရွက် နေစဉ် သုံးစွဲရန် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ စီ

ထောက်ပံ့ခဲ့သည်။

အကြံပေးအဖွဲ့ဝင်များသည် အမှတ် (၁၆) ဝင်ဒါမီယာလမ်းနေအိမ် (ယခင်ဝန်ကြီးချုပ် နေအိမ်)တွင် နေ့စဉ်ရုံးထိုင်ကြရသည်။ ဆွေးနွေးကြရ သည်။ သဘာပတိ

အဖြစ် သမ္မတဟောင်း ဦးဝင်းမောင် က ဆောင်ရွက်သည်။ အကြံပေးစာတမ်းများ မပြီးမီ၊ တော်လှန်ရေးကောင်စီသို့ မတင်သွင်းမီ အခြေအနေ ရှုပ်ထွေးမှုမရှိစေရန်

အတွက် နေ့စဉ်ဆောင်ရွက်ချက် များကို ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရန် ထိန်းသိမ်း ရေးကို တော်လှန်ရေးကောင်စီက မေတ္တာရပ်ခံခဲ့ သည်။ သို့သော်

တော်လှန်ရေးကောင်စီ၏ရိုးသား သော စေတနာမှာ အတွင်းကျိတ်အာဏာရူးနေသော နိုင်ငံရေးခေါင်းဆောင်အချို့ကြောင့် အရာမထင်ဖြစ် ခဲ့ရလေသည်။

နေ့စဉ်ဆွေးနွေးဆောင်ရွက်ချက်များမှာ နေ့စဉ်ပင် ပြင်ပသို့ ပေါက်ကြားလျက်ရှိသည်။ အထူးသဖြင့် ဦးနု သည် နေ့စဉ်ဆွေးနွေးချက်မှတ်တမ်းများကို စာကူးစက်

ဖြင့် ကူးယူရိုက်နှိပ်၍ သူ၏နောက်လိုက်နောက်ပါများ သို့ ဝေငှခဲ့သည်။ အဆိုးဆုံးကား ဦးနုသည် တော်လှန် ရေးကောင်စီသို့ တင်သွင်းရမည့်စာတမ်းကို မတင်သွင်း

မီ မပေါက်ကြားစေရဟူသော မေတ္တာရပ်ခံချက်ကို လိုက်နာခြင်းမရှိဘဲ အနောက်အုပ်စုရှိ သံရုံးအချို့သို့ ကြိုတင်ပေးပို့ထားခြင်းပင် ဖြစ်သည်။ အကြံပေးချက်

စာတမ်းများအား တော်လှန်ရေးကောင်စီသို့ တရား ဝင်တင်သွင်းသောရက်မှာ ၁၉၆၉ ခုနှစ်၊ မေလ ၃၁ ရက် ဖြစ်သည်။ တော်လှန်ရေးကောင်စီသည် ယင်း

စာတမ်း များအားစာအုပ်များအဖြစ် ရိုက်နှိပ်ဖြန့်ဝေ၍လည်း ကောင်း၊ သတင်းစာများတွင် ဖော်ပြ၍လည်းကောင်း၊ ပြည်သူများသို့ အသိပေးခဲ့သည်။ သို့သော်

ဖော်ပြပါ စာတမ်းများမှာ နိုင်ငံခြားသံရုံးအချို့သို့ ကြိုတင်ရောက် ရှိနေခဲ့ပြီး ပြည်ပစွက်ဖက်မှုများအတွက် လက်ယပ် ခေါ်နေသကဲ့သို့ ဖြစ်ခဲ့ပြီးနေလေပြီ။

ဦးနု၏တင်ပြချက်

ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ကာလသတ်မှတ် ချက်(၆)လ မပြည့်မီ ၁၉၆၉ ခုနှစ်၊ ဧပြီလ (၁၁)ရက် တွင် အိန္ဒိယပြည်သို့ ထွက်ခွာသွားခဲ့သည်။ ထိုသို့ မထွက်ခွာမီ

တွင် ယင်း၏ အကြံပြုချက်၊ တောင်းဆိုချက် စာတမ်းများအား ဗိုလ်မှူးအောင်မှတစ်ဆင့် ပေးပို့ထား ခဲ့သည်။ ယင်း၏စာတမ်းနှင့်ပတ်သက်၍ ရှင်းလင်းချက် မှာ

အောက်ပါအတိုင်းဖြစ်သည်-

ဒီစာတမ်းကို ဘာကြောင့်တင်ရသလဲ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏စီးပွားရေး၊ ငွေရေး၊ ကြေးရေး၊ လူမှုဖူလုံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာများသည် ပြည်ထောင်စု၏ လွတ်လပ်ရေးနှင့်

တည်တံ့ခိုင်မြဲရေးတို့အား ပြိုကွဲကျဆုံးသည့်ဘဝသို့ မရောက်ရောက်အောင် တစ်နေ့တခြား ပိုမိုတိုးတက်ပြင်းထန်စွာ တွန်းပို့ လျက်ရှိသည်ဟု

ကျွန်တော်မမှိတ်မသုန်ယုံကြည် သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဗိုလ်ချုပ်ကြီး နေဝင်းခေါင်းဆောင်သော အမျိုးသားအစိုးရ အဖွဲ့တစ်ဖွဲ့ကို

ချက်ချင်းအရေးတကြီးဖွဲ့စည်းပြီး အထက်တွင်ဖော်ပြထားသော အလွန်အရေးကြီး သည့်ပြဿနာများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိ သရွေ့ ချက်ချင်းဖြေရှင်း

စေချင်သည်။ ဤဆန္ဒ၏ တိုက်တွန်းချက်အရ ကျွန်တော်သည် ဤစာတမ်း ကို တင်သွင်းရခြင်းဖြစ်သည်။

ယခု ဖော်ပြခဲ့ပြီးသောပြဿနာများမှာ လက်ရုံး ရည်တစ်ခုတည်းနှင့်သာ မဟုတ်ဘဲ နှလုံးရည်ကိုပါ အသုံးပြုပြီး ဖြေရှင်းရမည့်ပြဿနာများဖြစ်သည်။

တပ်မတော်ခေါင်းဆောင်များထဲ၌လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်များထဲတွင်လည်းကောင်း လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝသူများ အမြောက်

အမြားရှိနေသည်။ သို့ဖြစ်၍ တပ်မတော် ခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ ပူးပေါင်းထားသည့် အမျိုးသားအစိုးရအဖွဲ့ကို

ဖွဲ့စည်းရန်အကြံပေးရခြင်းဖြစ်သည်။

အမျိုးသားအစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး အထက် တွင် ဖော်ပြထားသောပြဿနာများကို ဖြေရှင်း ရာ၌ အောင်အောင်မြင်မြင် ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက်

လူမျိုးစုများအပါအဝင်ဖြစ် သော ပြည်သူလူထုကြီးတစ်ရပ်လုံး၏ တစ်ခဲနက် ရက်ရက်ရောရော အားပါးတရထောက်ခံမှုကို လိုသည်။ ဤထောက်ခံမှုကို

ရရှိနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စာတမ်းတွင်ပါသောအချက် (၁ဝ)ချက်ကို အကြံပေးလိုက်ခြင်းဖြစ်သည်။

၎င်း(၁ဝ)ချက်ထဲတွင် နံပါတ်(၁)အချက်ကို အထူးရှင်းပြရန်လိုသည်။ ရှင်းမပြလျှင် ကျွန်တော် ၏စေတနာကို အထင်လွဲနိုင်စရာအကြောင်းရှိ သည်။

ထိုနံပါတ်(၁)အချက်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက ကျွန်တော့်အား အာဏာပြန်အပ်ရန် ကျွန်တော်အကြံပေးထားသည်။ ဤသို့အကြံ ပေးရခြင်းမှာ

အခြားအကြောင်းကြောင့်မဟုတ်။ တော်လှန်ရေးအစိုးရကို ပြည်သူလူထုက ကြည်ဖြူစွာတင်မြှောက်ထားသောအစိုးရအဖြစ် သို့

'ပြောင်းလဲပေးချင်သော'ဆန္ဒကြောင့် ဖြစ်သည်။

ဤသို့ပြောင်းလဲပေးချင်သောဆန္ဒ ကျွန်တော့်မှာ ဖြစ်ပေါ်လာရခြင်းမှာလည်း အခြားကြောင့်မဟုတ်။ ဤသို့ပြောင်းလဲပစ်မှ ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံမှုကို

ရရှိလိမ့်မည်ဟု မမှိတ်မသုန်ယုံကြည် သောကြောင့်ပင် ဖြစ်သည်။

ဤသို့ တော်လှန်ရေးအစိုးရဘဝမှ ပြည်သူလူထု အစိုးရဘဝ သို့ ပြောင်းလဲမည်ဆိုလျှင် ဗိုလ်ချုပ်ကြီး နေဝင်းက ကျွန်တော့်အား အာဏာပြန်အပ်ရန်ဆိုသော

အချက်သည် အလွန်အရေးကြီးသော အဓိကအချက်ဖြစ် သည်။ မလုပ်လျှင်မဖြစ်သောအချက်ပင်ဖြစ်သည်ဟု ကျွန်တော်မမှိတ်မသုန်ယုံကြည်သည်။

ကျွန်တော့်ကို အာဏာပြန်အပ်ပါဟူသော အကြံကို မပေးလိုသောကြောင့် အခြားနည်းများကို ကျွန်တော် အမျိုးမျိုးအဖုံဖုံ စဉ်းစားကြည့်ပါသေးသည်။ အခြား

ဘယ်နည်းကိုမျှ မမြင်သောကြောင့်သာ ဤအကြံကိုပေး ရခြင်းဖြစ်သည်။

အာဏာကိုပြန်၍မအပ်မချင်း တော်လှန်ရေး အစိုးရအဖွဲ့ဝင်များသည် အာဏာသိမ်းသွားသူများသာ ဖြစ်နေလိမ့်မည်။ မည်သည့် အသွင်သစ်၊ မည်သည့်

ပုံသဏ္ဌာန်အသစ်ကို ဆောင်နေကာမူ တော်လှန်ရေး အစိုးရအဖွဲ့ဝင်များသည် အာဏာသိမ်းသွားသူများသာ ဖြစ်နေလိမ့်မည်။ ပြည်သူလူထုကလည်း ၎င်းအတိုင်း

မြင်နေလိမ့်မည်။ အာဏာကို ပြန်အပ်လိုက်သည်နှင့် တစ်ပြိုင်နက် တော်လှန်ရေးအစိုးရအဖွဲ့ဝင်များသည် အာဏာသိမ်းသွားသူများအဖြစ်မှ တစ်ခါတည်း ရပ်စဲ

သွားမည်။

ကျွန်တော်သည် ယခုကဲ့သို့ ရိုးသားစွာ ယုံကြည် ချက်ရှိသဖြင့် အာဏာပြန်အပ်ရန် ရိုးသားစွာ အကြံပေး ရခြင်းဖြစ်သည်။

အကြံပေးအဖွဲ့ဝင်လူကြီးများတွင် တခြားနည်း လမ်းများရှိပါလျှင် ထိုနည်းလမ်းများကို ကျွန်တော်တို့ ကျေကျေလည်လည်ဆွေးနွေးသင့်ပါသည်။

အာဏာပြန်အပ်ရန် အကြံပေးရာ၌ ကျွန်တော် စဉ်းစားမိသည့်အခြားအချက်များ ရှိပါသေးသည်။ ၎င်း အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

တော်လှန်ရေးအစိုးရအဖွဲ့တွင် သက်ဦးဆံပိုင်သည့် အာဏာများ အပြည့်အဝရှိသည်။ ၎င်းအဖွဲ့ဝင်များ ကသာ အာဏာပြန်မအပ်ချင်ဘူးဟုဆိုလျှင် ၎င်းတို့အား

အတင်းအကျပ် တိုက်တွန်းဖို့ မပြောထားနှင့်၊ လက်ဖျား နှင့်ပင် တို့ရဲသူများမရှိပါ။ ဤမျှ တန်ခိုးအာဏာကြီးမား သူများက အလိုအလျောက် အာဏာပြန်အပ်ခြင်း

သည် ၎င်းတို့၏ သဘောထားကြီးမှု၊ အမြင်ကျယ်မှု၊ နိုင်ငံနှင့် လူမျိုးကောင်းစားစေမှုတို့ကို အလွန်လေးစားသည်။ သို့ဖြစ်ရာ သဘောထားကြီးသော၊ အမြင်ကျယ်သော

နိုင်ငံနှင့်လူမျိုး ကောင်းစားစေလိုသော တော်လှန်ရေး အစိုးရအဖွဲ့ဝင်များအား ပြည်သူလူထုက ယခုထက် အဆပေါင်းများစွာတိုးပြီး ကြည်ညိုလေးစားလာကြမည် မှာ

မလွဲနိုင်တော့ပေ။

၎င်းအပြင်လည်း သဘောထားကြီးမှု၊ အမြင်ကျယ် မှု၊ နိုင်ငံနှင့်လူထုကောင်းစားစေလိုမှုတို့ကို ဤသို့ ထုတ်ဖော်ပြသခြင်းသည် သာမန်ဖြစ်ပေါ်လာသော

အဖြစ်အပျက်မဟုတ်၊ အလွန်အရေးပါအရာရောက် သော အဖြစ်အပျက်ကြီးတစ်ရပ်ဖြစ်ရကား အလွယ် တကူနှင့် ပျောက်ကွယ်သွားမည်မဟုတ်၊ ပြည်ထောင်စု

မြန်မာနိုင်ငံတော်သမိုင်းတွင် အထင်အရှားမှတ်တမ်း တင်ပြီး ကျန်ရစ်ပေလိမ့်မည်။

ဤအချက်များအပြင် အခြားအချက်ကြီးတစ်ရပ် ရှိသေးသည်။ ၎င်းမှာ အောက်ပါအတိုင်းဖြစ်သည်-

တော်လှန်ရေးအစိုးရအဖွဲ့ဝင်များက ဤသို့ သဘောထားကြီးမှုကိုပြလျှင် နိုင်ငံရေးခေါင်းဆောင်များ ကလည်း-

၁။ ဖြစ်ပြီးသမျှ အကုန်မေ့ပစ်ခြင်းအားဖြင့် လည်းကောင်း၊

၂။ ဗိုလ်ချုပ်ကြီးနေဝင်း၏ခေါင်းဆောင်မှုကို တစ်ခဲနက် ကြည်ကြည်ဖြူဖြူထောက်ခံခြင်း ဖြင့် လည်းကောင်း၊

၃။ ပြည်ထောင်စု၏ အလွန်အရေးကြီးနေသော ပြဿနာများကို တပ်မတော်ခေါင်းဆောင် များနှင့်လက်တွဲကာ ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့

ဝိုင်းဝန်းဖြေရှင်းခြင်း အားဖြင့် လည်းကောင်း၊

တော်လှန်ရေးအစိုးရအဖွဲ့ဝင်များကဲ့သို့ပင် သဘောထားကြီးကြောင်းကို လိုက်၍ပြပေတော့မည်။ နိုင်ငံရေးခေါင်းဆောင်များသည် တော်လှန်ရေးအစိုးရ

အဖွဲ့ဝင်များကဲ့သို့ သဘောထားကြီးကြောင်းကို ဤသို့ မပြ၍ မဖြစ်တော့ပေ။

ဤသို့ နှစ်ဦးနှစ်ဖက်စလုံး၏ သဘောထားကြီးမှု သည် နောင်လာနောက်သားများအတွက် အတုယူစရာ သာဓကကြီးတစ်ရပ်ဖြစ်သဖြင့် ထာဝရရပ်တည်နေပေ

လိမ့်မည်။ နောင်သောအခါ အလားတူကိစ္စမျိုးပေါ် ပေါက်လာသည့်အခါ ငါတို့၏ နောင်တော့်နောင်တော် များလက်ထက်က ငါတို့၏မိဘဘိုးဘွားများလက်ထက် က

လက်ရုံးရည်ဖြင့် ဖြေရှင်းရမည့်ကိစ္စကို နှလုံးရည်ဖြင့် ဖြေရှင်းသွားခဲ့ကြဖူးသည်ဟူသော အသိဉာဏ်ကြီးသည် ၎င်းတို့၏ပြဿနာများကို ဖြေရှင်း ရာ၌

မီးရှူးတန်ဆောင်ကြီး ဖြစ်နေပေလိမ့်မည်။

ဤအချက်အားလုံးကို သေသေချာချာ အပြန်ပြန် အလှန်လှန် စဉ်းစားပြီးမှ ကျွန်တော့်အား အာဏာပြန် အပ်ပါဟူသောအကြံကို ကျွန်တော်ပေးရခြင်းဖြစ်သည်။

ဤအကြောင်းများကို ထောက်ထား၍ အကြံပေး အဖွဲ့ဝင်များသည် ၎င်းအကြံကို လက်ခံကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်လျက်ရှိသည်။

လက်ရှိအခြေခံအုပ်ချုပ်ရေးစည်းမျဉ်းကိုပြင် ဆင်ရသည့်ကိစ္စသည် လည်းကောင်း၊ စည်းမျဉ်းသစ် ရေးဆွဲရသည့်ကိစ္စသည်လည်းကောင်း လွယ်ကူသော

ကိစ္စများလည်းမဟုတ်ပါ။ အချိန်အနည်းငယ်အတွင်း ပြီးနိုင်သောကိစ္စများလည်းမဟုတ်ပါ။ သို့ဖြစ်ရကား ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အမျိုးသား

အစိုးရသည် ကျွန်တော်အကြံပေးထားသည့်အတိုင်း အမျိုးသားညီလာခံကြီးတစ်ရပ်ကို ဖွဲ့စည်းပြီး အခြေခံ စည်းမျဉ်းနှင့်ပတ်သက်သောကိစ္စရပ်ကို သေသေချာချာ

လေးလေးပင်ပင် စဉ်းစားသင့်သည်။

ကျွန်တော့်အနေနှင့်ဆိုလျှင် ပါလီမန်ဒီမိုကရေစီကို အခြေပြုထားသော စည်းမျဉ်းများမှတစ်ပါး အခြား စည်းမျဉ်းများကို လက်ခံနိုင်မည်မဟုတ်ရာ ပါလီမန်

ဒီမိုကရေစီကို အခြေခံသော စည်းမျဉ်းတစ်ခုကို အမျိုးသားညီလာခံက ရေးဆွဲရန် အကြံပေးရခြင်းဖြစ် သည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ယင်းအား အာဏာ ပြန်အပ်ရန်သာ အစဉ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ချုပ်ငြိမ်းသွားပြီဖြစ်သော ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်လည်

အသက်သွင်းရန်လည်း ရည်ညွှန်းထားသည်။ တော်လှန်ရေးကောင်စီအစိုးရအား မြှောက်ပင့်၍ တစ်မျိုး၊ မသိမသာ ခြိမ်းခြောက်၍တစ်ဖုံ အာဏာစွန့် ရန်သာ

တိုက်တွန်းထားသည်ကို တွေ့ရသည်။ ပြည်တွင်း ညီညွတ်ရေးအကြံပေးအဖွဲ့မှ အမျိုးမျိုးအဖုံဖုံတင်ပြကြ သော စာတမ်းများအနက် ဦးနု၏စာတမ်းသည် ပြည်သူ

လူထုအတွင်း များစွာဂယက်ရိုက်ခဲ့သည်။ ကြိုတင်ပေါက် ကြားနေသောကြောင့်လည်း ကောလာဟလသတင်း များ၊ များစွာထွက်ပေါ်ခဲ့သည်။ ဦးနု လိုလားသူများ

ကလည်း တီးတိုးဝါဒဖြန့်မှုများ ပြုလုပ်ကြသည်။

ဦးနုတင်သွင်းသောစာတမ်း[ပြင်ဆင်ရန်]

ဦးနုတင်သွင်းသောစာတမ်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်က ဗိုလ်ချုပ် ကြီးနေဝင်း ကိုယ်တိုင် တင်ပြသွားသောပြဿနာများ ကို ပြည့်ပြည့်စုံစုံ ဖြေရှင်းနိုင်ရန်အတွက် အောက်ပါ

အချက်များကို ဖော်ပြထားသည့် အစီအစဉ်အတိုင်း ဆောင်ရွက်သွားသင့်သည်ဟု ကျွန်တော်ယုံကြည်ပါ သည်။

အဆိုပါပြဿနာများကိုဖြေရှင်းရာ၌-

၁။ နိုင်ငံရေးသမားများမပါလျှင်လည်း မဖြစ်။

၂။ ဗိုလ်ချုပ်ကြီးနေဝင်းမပါလျှင်လည်း မဖြစ်။

၃။ ပါလီမန် ဒီမိုကရေစီနည်းဖြင့် မဖြေရှင်းလျှင် လည်းမဖြစ်။

ယခုအခါ ပြည်ထောင်စုအတွင်း၌ ဖြစ်ပေါ်လျက် ရှိသော လက်ငင်းပြဿနာများမှာ အလွန်အရေးကြီး သောပြဿနာများဖြစ်သည်။ အမှန်အတိုင်းပြောရလျှင်

ပြည်ထောင်စု၏အနာဂတ်သည် ဤလက်ငင်းပြဿနာ များကို ကျေကျေလည်လည် ဖြေရှင်းနိုင်ရေးအပေါ်တွင် ရာခိုင်နှုန်းအများကြီးတည်ရှိနေသည်။ သို့ဖြစ်ရာ

လက်ငင်းနှင့် အနာဂတ်ပြဿနာများကို တစ်ကဏ္ဍစီ မခွဲခြားဘဲတစ်ပြိုင်နက်တည်းတတ်စွမ်းသရွေ့ ဖြေရှင်း သွားသင့်သည်။

ဤလက်ငင်းနှင့် အနာဂတ်ပြဿနာများကို အချိန်မကုန်စေဘဲ လျင်လျင်မြန်မြန် ထိထိရောက် ရောက်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးသမားများ၊ ဗိုလ်ချုပ်ကြီးနေဝင်း

ထည့်သွင်းလိုသော ပုဂ္ဂိုလ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် အခြားပါသင့်ပါထိုက် သော ပုဂ္ဂိုလ်များ ပါဝင်ပြီးလျှင် ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်ခေါင်းဆောင်သော

အမျိုးသားအစိုးရအဖွဲ့ တစ်ဖွဲ့ကို အလျင်အမြန် ချက်ချင်းဖွဲ့သင့်သည်။

ထိုအစိုးရအဖွဲ့သည် အရေးကြီးသော လက်ငင်း ပြဿနာများကို ဖြေရှင်းနေရင်း အနာဂတ်ပြဿနာ များကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဖြေရှင်းသွားရမည်။

အထက်တွင် အကြံပေးထားသည့်နည်းအတိုင်း အမျိုးသားအစိုးရအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး လက်ငင်း နှင့် အနာဂတ်ပြဿနာများကို ထိထိရောက်ရောက်

ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအဆင့်(၁ဝ)အဆင့် တွင် ပါရှိသောကိစ္စရပ်များကို ဖော်ပြထားသည့် အစီအစဉ်များအတိုင်း ဆောင်ရွက်သင့်သည်ဟု

ကျွန်တော်ယုံကြည်သည်-

အဆင့်(၁ဝ)ဆင့်

၁။ ပထမအဆင့်အဖြစ်ဖြင့် တော်လှန်ရေးအစိုးရ ကို ပြည်သူလူထုကတင်မြှောက်သောအစိုးရအဖြစ်သို့ ပြောင်းလဲပစ်ရမည်။

ဤသို့ပြောင်းလဲပစ်နိုင်လျှင် အစိုးရအတွက်လည်း ကောင်းသည်။ နောင်လာနောက်သားများအတွက် လည်းကောင်းသည်။ ဤသို့ပြောင်းလဲပစ်နိုင်ရန်အတွက်

အောက်ပါအတိုင်းဆောင်ရွက်ရန် အကြံပေးလိုသည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီးနေဝင်းက ကျွန်တော့် အား အာဏာပြန်အပ်ရန်ပင်ဖြစ်သည်။ ကျွန်တော်က တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့နှင့်တိုင်ပင်ပြီး

အစိုးရဖွဲ့ရန်ဖြစ်သည်။ ဤသို့ အကြံပေးရခြင်းမှာ အခြားကြောင့်မဟုတ်ပါ။ ကျွန်တော် အမျိုးမျိုးအဖုံဖုံ စဉ်းစားပြီး တခြားနည်းမရှိဟု မမှိတ်မသုန်ယုံကြည်

သောကြောင့်ပင်ဖြစ်သည်။

သို့ဖြစ်ရာ အခြားနည်းကောင်းများရှိသည်ဟု ဆိုလျှင် ထိုနည်းကောင်းများကို ကျွန်တော်တို့ လေးလေး နက်နက်ဆွေးနွေးစဉ်းစားသင့်သည်။

၂။ အာဏာပြန်ရလျှင်ရခြင်း ကျွန်တော်က ပါလီမန် ကို ချက်ချင်းခေါ်ရန်ဖြစ်သည်။ လက်ရှိအခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းအရ လွှတ်တော်ကို သာမန် အားဖြင့်

ရက်ပေါင်း ၃ဝ အချိန်ပေးပြီးခေါ်ရမည်။ သို့သော် အရေးတကြီးကိစ္စတစ်ရပ်အနေဖြင့် လွှတ်တော် ကို တနင်္ဂနွေ (၂)ပတ် အချိန်ပေးပြီးခေါ်သင့်သည်။

ဤနေရာတွင် အထူးရှင်းပြစရာတစ်ခုရှိသည်။ လွှတ်တော်ကို ယခုကဲ့သို့ ခေါ်ယူခြင်းမှာ ပထမအစိုးရ ကို ပြန်လည်ဖွဲ့စည်းရန် မဟုတ်ပါ။ အောက်ပါလုပ်ငန်း များကို

ဥပဒေနည်းအရဆောင်ရွက်နိုင်ရန်ဖြစ်သည်။

၃။ လွှတ်တော်ကျင်းပသည့်နေ့မှ တနင်္ဂနွေ(၂) ပတ် အတွင်းတွင်-

(က) ဗိုလ်ချုပ်ကြီးနေဝင်းကို အုပ်ချုပ်ပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်ဆိုသည့် အချုပ်အခြာအာဏာကြီးသုံးရပ်ရှိသည့် အနက် အုပ်ချုပ်ပိုင်ခွင့်

အချုပ်အခြာအဏာ အပြည့်အဝရှိသော နိုင်ငံတော်သမ္မတအဖြစ် ဖြင့် လွှတ်တော်က ရွေးကောက်တင်မြှောက် နိုင်ရန်အတွက် လိုအပ်သည့်ဥပဒေတစ်ရပ် ကို

လည်းကောင်း၊

(ခ) လွှတ်တော်အမတ်များ ဝန်ကြီးရာထူးကို လက်မခံရ။ လွှတ်တော်အမတ်တစ်ဦး ဝန်ကြီး အဖြစ်ဖြင့် အခန့်ခံရလျှင် လွှတ်တော်အမတ် အဖြစ်မှ

နုတ်ထွက်ရမည်အစရှိသော ဥပဒေ တစ်ရပ်ကိုလည်းကောင်း။

(ဂ) ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ ကျွန်တော့်လက်တွင်းသို့ အာဏာကို ပြန်လွှဲ ပြောင်းပေးသည့်နေ့အချိန်အထိ အချိန် ကာလအတွင်း နိုင်ငံတော်အတွင်း၌

ကျူးလွန် ခဲ့မိသမျှသော အဖြစ်အပျက်များအားလုံးကို သင်ပုန်းချေပစ်ရန်အတွက် (Inaenty Act) ခေါ်သည့် သင်ပုန်းချေဥပဒေတစ်ရပ်ကို လည်းကောင်း။

(ဃ) အခြားလိုအပ်သော ဥပဒေများကိုလည်း ကောင်း ပြီးစီးအောင် ပြဋ္ဌာန်းရမည်။ ဤ အစိုးရအဖွဲ့သည် တစ်ဖက်က ဥပဒေဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရင်း

အခြားတစ်ဖက် က လက်ငင်းနှင့်အနာဂတ်ပြဿနာများကို တတ်စွမ်းသလောက်ဖြေရှင်းရမည်။

၄။ အထက်ပါ ဥပဒေများကို ပြဋ္ဌာန်းပြီးသည်နှင့် တစ်ပြိုင်နက် ဝန်ကြီးများအစည်းအဝေးက အောက်ပါ အဆိုတစ်ရပ်ကိုဆုံးဖြတ်ရန်ဖြစ်သည်-

ဗိုလ်ချုပ်ကြီးနေဝင်းအား အုပ်ချုပ်ပိုင်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတော်သမ္မတ အဖြစ်ဖြင့် လွှတ်တော်မှရွေးကောက်တင်မြှောက်

လိုပါသောကြောင့် အရွေးအကောက်ခံဖို့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းကို မေတ္တာရပ်ခံရန်

၅။ ဗိုလ်ချုပ်ကြီးနေဝင်း၏ သဘောတူညီချက်ကိုရရှိ လျှင်ရရှိခြင်း၊ လွှတ်တော်က ဗိုလ်ချုပ်ကြီး နေဝင်းကို အုပ်ချုပ်ပိုင်ခွင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံ

တော်သမ္မတအဖြစ်ဖြင့် ရွေးကောက်တင်မြှောက် ရန်ဖြစ်သည်။

ဤသို့ ရွေးကောက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်တော်နှင့်တကွ ဝန်ကြီးများအဖွဲ့က တစ်ဖွဲ့လုံး နုတ်ထွက်ရန်ဖြစ်သည်။

ဤနေရာတွင် အချက်တစ်ချက်ကို ဖော်ပြလိုသည်။ အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းအရ ရွေးကောက်ပွဲပြီး သည့်အချိန်မှ (၄)နှစ်စေ့သည့်အခါတွင် လွှတ်တော်

ပျက်သွားပြီ။

ထို့ကြောင့် လွှတ်တော်ကိုမခေါ်တော့ဘဲ တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့နှင့် တိုင်ပင် ပြီး ဂိုဏ်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ လူမျိုးစုနှင့် လူတန်းစား

အသီးသီးမှ ကိုယ်စားလှယ်များ ပြည့်ပြည့် စုံစုံပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး၊ ပါလီမန်တွင် လုပ်စရာရှိသော ကိစ္စအရပ်ရပ်ကို ၎င်းအဖွဲ့က ဆောင်

ရွက်သင့်သည်ဟု ဥပဒေပါရဂူအချို့က အကြံပေးသည်။ ၎င်းအကြံကိုလည်း စဉ်းစားသင့်သည်။

၆။ ဗိုလ်ချုပ်ကြီးနေဝင်းအား နိုင်ငံတော်သမ္မတ အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ပြီးနောက် သင့်တော် သည့်အခမ်းအနားဖြင့် ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပရ မည်။

နိုင်ငံတော်သမ္မတသည် မိမိသဘောကျအတိုင်း အစိုးရအဖွဲ့ကို ဖွဲ့ရန်ဖြစ်သည်။

ဤအစိုးရအဖွဲ့ကို ဖွဲ့ပြီးသည့်အချိန်မှစ၍ တစ်ပါတီတည်းသာရှိရမည်ဆိုသော အမိန့်ကို ဖျက်သိမ်း ပြီးလျှင်-

(က) လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊

(ခ) လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊

(ဂ) လွတ်လပ်စွာပြောဆိုပိုင်ခွင့် အစရှိသော မူလအခွင့်အရေးများကို ပြည်သူလူထုသို့ ပြန်လည်အပ်နှင်းရန် ဖြစ်သည်။

(ဃ) ကောင်းသောနိုင်ငံရေးအခြေအနေကို ဖန်တီး ရန်အတွက် အကျဉ်းခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း လွှတ်ပေးရန် အကြံ ပေးသည်။

ဤသမ္မတအစိုးရသည် ပြည်ထောင်စု၏လက်ငင်း နှင့် အနာဂတ်ပြဿနာများကို ဆက်လက်ဖြေရှင်းသွား မည်။

ဤအစိုးရကို ဖွဲ့စည်းပြီးသည့်အချိန်အခါတွင် တော်လှန်ရေးကောင်စီ၏အကြံပေးအဖွဲ့မှာ အောက်ပါ အတိုင်းအကြမ်းအားဖြင့် လူသုံးစု ကွဲသွားနိုင်စရာ

အကြောင်းရှိသည်-

(က) သမ္မတအစိုးရအဖွဲ့တွင် ဝန်ကြီးများအဖြစ် အခန့်ခံရမည့်သူများ။

(ခ) အစိုးရအဖွဲ့တွင် မပါလိုဘဲ ကျွန်တော်ကဲ့သို့ အပြင်မှနေ၍ လက်ငင်းနှင့် အနာဂတ် ပြဿနာများကိုဖြေရှင်းရာ၌ အစိုးရအဖွဲ့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့

ကူညီလိုသူများ။

(ဂ) အထက်ပါနှစ်စုထဲတွင် မပါဝင်ဘဲ ကျန်ရှိနေ သူများ။

ဤသို့ သုံးစုရှိရာတွင် တတိယအစုထဲမှတွင် ပုဂ္ဂိုလ် များအား နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ်ကြီးများ အဖြစ်ဖြင့် ဆက်လက်ခန့်ထားသင့်သည်။

၇။ နိုင်ငံတော်သမ္မတသည် ပါလီမန်ဒီမိုကရေစီကို အခြေပြုသော အခြေခံစည်းမျဉ်းသစ်တစ်ခုကို ရေးဆွဲ ရန်အတွက် အမျိုးသားညီလာခံကြီးတစ်ရပ်ကို ကျင်းပရန်

ကျွန်တော်တိုက်တွန်းလိုသည်။ အခြေခံစည်းမျဉ်း တစ်ခုကို ရေးဆွဲရန်ကိစ္စမှာ အလွန်အရေးကြီးသောကိစ္စ တစ်ရပ်ဖြစ်သဖြင့် အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ၊

လူမျိုးစုကိုယ်စားလှယ်များ၊ လူတန်းစားအသီးသီး၏ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ ပြည့်ပြည့် စုံစုံပါသင့်သည်။

အမျိုးသားညီလာခံကြီးသည် အခြေခံစည်းမျဉ်း ရေးဆွဲရန် ကိစ္စကို အလျင်စလို မလုပ်ဘဲ အချိန်ယူ စဉ်းစားဆွေးနွေးပြီးမှ ရေးဆွဲသင့်သည်။

၈။ အကယ်၍ လွှတ်တော်ခေါ်ယူရန်ဟူသော အကြံကိုလက်ခံလျှင် သမ္မတအစိုးရဖွဲ့ပြီးနောက် လွှတ်တော်ကို တစ်ကြိမ်တည်းသော်လည်းကောင်း ဖျက်သိမ်းရန်

ဖြစ်သည်။

ဤသို့ဖျက်သိမ်းပြီးနောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပရမည်။

လွှတ်တော်ကို တစ်ကြိမ်တည်း မဖျက်သိမ်းလိုဘဲ တစ်ကြိမ်လျှင် အမတ်သုံးပုံတစ်ပုံကို မဲချအထွက်ခိုင်း ပြီး ထိုသုံးပုံတစ်ပုံအတွက် ရွေးကောက်ပွဲလုပ်နိုင်သည်။

ဤသို့လုပ်လျှင် အထွေထွေရွေးကောက်ပွဲကို တစ်ကြိမ် တည်းမလုပ်ရန် သုံးကြိမ်ခွဲလုပ်ရမည်။ ဤသို့လုပ်ရ ခြင်းဖြင့် ရွေးကောက်ပွဲမှာ စနစ်တကျ ပိုပြီးဖြစ်နိုင် စရာ

အကြောင်းရှိသည်။ ဤအချက်ကိုလည်း စဉ်းစားသင့် သည်။

အကယ်၍ ပါလီမန်ကိုမခေါ်ဘဲ ဥပဒေပါရဂူများ အကြံပေးသည့်အတိုင်း ဥပဒေပြုရန်အတွက် အရေး ပေါ်အဖွဲ့တစ်ခုကိုဖွဲ့မည်ဆိုလျှင်လည်း သမ္မတအစိုးရ အဖွဲ့သစ်ကို

ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် ထိုအရေး ပေါ်အဖွဲ့ကို ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲ ကို ကျင်းပရမည်။

ထိုအထွေထွေ ရွေးကောက်ပွဲကြီးက ရွေးချယ်တင် မြှောက်လိုက်သောလွှတ်တော်သစ်တွင် အမျိုးသား ညီလာခံကြီးက အတည်ပြုလိုက်သော အခြေခံစည်းမျဉ်း

ဥပဒေကြမ်းကိုပြဋ္ဌာန်းနိုင်သည့် အာဏာအပြည့်အစုံ ရှိရမည်။

၉။ အမျိုးသားညီလာခံသည် အခြေခံစည်းမျဉ်း ဥပဒေကို ရေးဆွဲရန်အတွက် နှစ်နှစ်ခန့်အချိန်ယူစရာ အကြောင်းရှိသည်။ ၎င်းထက် ပိုလွန်စရာအကြောင်း မရှိပေ။

ရေးဆွဲပြီးလျှင် ဥပဒေအဖြစ်ပြဋ္ဌာန်းရန် လွှတ် တော်သို့ တင်ရမည်။

၁ဝ။ နိုင်ငံတော်သမ္မတနှင့် ဂိုဏ်းပေါင်းစုံပါဝင်သော ဝန်ကြီးများအဖွဲ့တို့ သဘောတူတိုင်ပင်ချိန်းဆိုထားသော အချိန်တွင် သမ္မတရွေးကောက်ပွဲကိုကျင်းပပြီး အရွေးခံ

ရသူသို့ နိုင်ငံတော်သမ္မတက အာဏာလွှဲပြောင်းပေးရန် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ယခုကဲ့သို့ လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းကိုခံယူပြီး နောက် နှစ်ကြိမ်တိုင်တိုင် သမ္မတအဖြစ် ရွေးကောက်ခံ

နိုင်ခွင့်ရှိရမည်။

ဦးနု တင်ပြချက်စာတမ်းမှာ မိမိအား အာဏာပြန် လည်အပ်နှံရေး၊ ယင်းတို့ လိုချင်သည့်ပုံစံဖြင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းရေးတို့ကိုသာ

တွင်တွင်တောင်းဆိုထားခြင်းဖြစ်သည်။ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ အား သမ္မတအဖြစ်တာဝန်ယူရန် အကြံပြုထားသော်လည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ သော

ပါလီမန်ဒီမိုကရေစီစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟောင်းအရ လက်တွေ့၌သမ္မတသည် ရုပ်ပြသာ ဖြစ်သည်။ တကယ်တမ်းအာဏာမရှိပေ။ ဖွဲ့စည်းပုံ

အခြေခံဥပဒေကို ပြန်လည်အသစ်ရေးဆွဲရန် ဦးနုက တင်ပြထားသော်လည်း ပါလီမန်ဒီမိုကရေစီစနစ်ကိုသာ အခြေခံရမည်ဟု စွဲမြဲစွာ ဆုပ်ကိုင်ထားသည်ကိုလည်း

စာတမ်းအရ လေ့လာတွေ့ရှိနိုင်သည်။

ဦးနုသည် ယင်းစာတမ်းများအား ဗိုလ်မှူးအောင်မှ တစ်ဆင့်ပေးပို့ပြီးနောက် ၁၉၆၉ ခုနှစ်၊ ဧပြီလ(၁၁) ရက်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ရာ

ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ရန်ပေးထားသည့်အချိန်ထက် တစ်လစော နေသေးသည်။ ဦးနုသည် ဗုဒ္ဓဂယာတွင် ဘုရားဖူးရန် နှင့်

ကျန်းမာရေးအတွက် ဆေးဝါးကုသရန်အကြောင်း ပြခဲ့သည်။ ဦးနုနှင့်အတူ ဇနီးဒေါ်မြရီ၊ သား မောင်အောင်၊ သမီး သန်းသန်းနုနှင့် ဦးမိုးကျော် (ခေါ်)

ဗိုလ်ကြီးဟောင်းစိုးမြင့်တို့ လိုက်ပါသွားကြ သည်။ ဦးနုသည် ကာလကတ္တားမြို့ဒမ်ဒမ်လေဆိပ် တွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ မြန်မာနိုင်ငံ သည်

ဇွန်လအတွင်း၌ ပါလီမန်ဒီမိုကရေစီစနစ်သို့ ဦးတည်ပြီး အပြောင်းအလဲဖြစ်လိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း၊ နိုင်ငံကိုခေါင်းဆောင်ရန်

'အစီအစဉ်မရှိကြောင်း၊'ဘာသာရေးအပေါ်တွင်သာ အလေးသာနေကြောင်း ပြောကြားခဲ့သည်။ မြန်မာ ကွန်မြူနစ်များက အကြမ်းဖက်တိုက်ခိုက်သဖြင့်

အစိုးရကပြန်တိုက်နေခြင်းဖြစ်ကြောင်း၊ ပါလီမန် ဒီမိုကရေစီစနစ်ကိုသာ ယုံကြည်ကြောင်း လည်း ပြောကြားခဲ့သေးသည်။

ဦးနု၏စာတမ်းမှာ ထိုအချိန်က တရားဝင်ထုတ် ဖော်သေးခြင်းမရှိပေ။ ဦးနုပြောကြားချက်သည် ပြည်သူ လူထုကို သို့လောသို့လောဖြစ်ပေါ်စေပြီး အခြေအနေ ကို

ရှုပ်ထွေးစေခဲ့သည်။ သို့သော် ဦးနုသည် ဘာသာရေး ကိုသာ အလေးအနက်ထား၍ ပြောကြားခဲ့သည်။ ဒုလ္လဘရဟန်းခံဦးမည်ဟုလည်း ဆိုသည်။ ဦးနုသည်

အိန္ဒိယနိုင်ငံတွင် ရှိနေစဉ်အတွင်း အမေရိကန်ဗဟို ထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ) နှင့် ပတ်သက်နေ သော ကမ္ဘာ့စာရိတ္တမြှင့်တင်ရေးအဖွဲ့ (MRA)နှင့်

ဆက်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံရှိနေးရှင်းသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးလောရုံ နှင့်လည်း အဆက် အသွယ်ရရှိခဲ့သည်။

ပြည်ပြေးတို့၏ အကြိုစစ်ရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဦးနုနှင့် အပေါင်းပါများ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ သွားချိန်တွင် နေးရှင်းသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးလောရုံသည် ပြည်ပသို့ထွက်ပြေးသွားကြသော နိုင်ငံ

ရေးသမားများအား စုစည်းထားပြီး ဖြစ်နေသည်။ ခေါင်းဆောင်မှုလိုအပ်ချက်ကြောင့် ထင်ထင်ပေါ်ပေါ် လှုပ်ရှားမှုများမပြုလုပ်ဘဲ လျှို့ဝှက်စွာလှုပ်ရှားမှုများကို သာ

ပြုလုပ်ခဲ့ရသည်။ ဦးလောရုံက ဦးနုအား ဆက်သွယ် နေချိန်တွင် ပြည်ပြေးအတော်များများမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြပြီးဖြစ်သည်။

ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဇာလီမော်၊ မစ္စတာပက် (နေးရှင်းသတင်းစာ အယ်ဒီတာဟောင်း)တို့ ပါဝင်သည့်အဖွဲ့ဝင် ၁၄ ဦးသည်

၁၉၆၅ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ရန်ကုန်မှ တိတ်တဆိတ်ထွက်ခွာသွားပြီး မုဒုံမြို့ရှိ တရုတ် အမျိုးသား ကင်ချွန်း၏အိမ်တွင် စုရုံးခဲ့ကြသည်။ ကင်ချွန်းက

ဗိုလ်ရန်နိုင်တို့လူစုအား ကြာအင်းဆိပ်ကြီး မြို့နယ် ဗိုလ်ကတော်ရွာ၊ သာယာကုန်းရွာ၊ အပလုံ ရွာများမှတစ်ဆင့် ထိုင်း-မြန်မာ နယ်စပ် ဝမ်ကသို့

ပို့ပေးလိုက်သည်။

ဗိုလ်ရန်နိုင်တို့လူစုသည် မွန်သောင်းကျန်းသူ ဗိုလ်ကွန်ပါ၏ အကူအညီဖြင့် ဝမ်ကရှိသာသနာပြုကျောင်းတွင် တဲတန်းလျားများ ဆောက်လုပ်၍ အခြေချခဲ့ကြသည်။

၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ စစ်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ကြသည်။ ၁၉၆၆ ခုနှစ်၊ မတ်လတွင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်

အမည်ဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ ဗိုလ်မှူးချုပ် ကြာဒိုးနှင့် ဗိုလ်မှူးကြီးရန်နိုင်ဟု လက်မှတ်ရေးထိုးခဲ့ ကြသည်။

၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း၌ ဗိုလ်ရန်နိုင်တို့လူစုသည် ကေအင်န်ယူသောင်းကျန်းသူ များနှင့် ပူးပေါင်း၍ဆီးတိုး ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ဆွေးနွေး ခဲ့ကြသည်။ ဗိုလ်ရန်နိုင်တို့လူစုတွင် ဗိုလ်ရန်နိုင်၊ စောကြာဒိုး၊ ဇာလီမော်၊ ဗိုလ်မြ (ကော်သူးလေ တပ်မ ၁၊ တပ်မမှူး)ဗိုလ်မှူးကြီး ဂျော်လီ၊

ဗိုလ်မှူးစောဘယ်နီထူး၊ မွန်ဘုန်းကြီး ဦးဉာဏရံသီတို့ပါဝင်ပြီး ဗန်ကောက်မြို့တွင် တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ဆီးတိုး

ကိုယ်စားလှယ်နှင့်ထိုင်းအရာရှိကြီးများ၏ အကြံပြုချက် အရ အမျိုးသားလွတ်မြောက်ရေးကောင်စီကို အောက်ပါအတိုင်းဖွဲ့စည်းလိုက်ကြသည်-

(၁) စောကြာဒိုး

(၂) ဗိုလ်ရန်နိုင်

(၃) ဗိုလ်မြ

(၄) ဗိုလ်ရွှေဆိုင်း

(၅) စောဘယ်နီထူး

(၆) ဇာလီမော်

(၇) ဦးဉာဏရံသီ

(၈) မဟာဒေဝီ

(၉) ရန်ကြီးစိန်(ကိုးကန့်အဖွဲ့)

(၁ဝ) ဦးလှိုင်

(၁၁) ဘုန်းကြီးဦးချစ်စိန်

(၁၂) ဇော်ဆိုင်း ကေအိုင်အေခေါင်းဆောင်

(၁၃) ဇော်တူး နှစ်ဦးအားလျာထား၍ဆက်သွယ်မှုပြုရန် ဆုံးဖြတ်သည်။

(၁၄) ဗိုလ်စကြာ

အမျိုးသားလွတ်မြောက်ရေးကောင်စီ၏လက်အောက်တွင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို လည်း ဖွဲ့စည်းလိုက်ပြီး စစ်နယ်မြေနှင့် စစ်ဦးစီးတာဝန်များ

ကိုပါ ခွဲဝေသတ်မှတ်ကြသည်။ ကရင်တပ်ကို ဗိုလ်မြ ကိုယ်တိုင်ဦးစီး၍လည်းကောင်း၊ မွန်တပ်ကို ဗိုလ် ရွှေဆိုင်းကဦးစီး၍လည်းကောင်း၊ မြန်မာတပ်ကို

ဗိုလ်ရန်နိုင်ကဦးစီး၍လည်းကောင်း၊ ရှမ်းတပ်ကို မဟာဒေဝီနှင့်ရန်ကြီးစိန်တို့က ဦးစီး၍လည်းကောင်း၊ ကချင် တပ်ကို ဇော်ဆိုင်းနှင့်ဇော်တူးတို့က ဦးစီး၍

လည်းကောင်း တာဝန်ယူဖွဲ့စည်းကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ရန်နိုင်တို့ ပြည်ပြေးတစ်စုသည် ကရင်သောင်းကျန်း သူ၊ မွန်သောင်းကျန်းသူ၊

ကချင်သောင်းကျန်းသူများ နှင့် ပူးပေါင်း၍ မဟာမိတ်ဖွဲ့ထားသော်လည်း ခိုင်မာ ကျစ်လျစ်သော အဖွဲ့အစည်းတစ်ခုအနေနှင့် ပေါ်ထွက် လာခြင်းကား မဟုတ်ပေ။

သောင်းကျန်းသူအဖွဲ့အစည်း များမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မကြာခဏ ခိုက်ရန်ဖြစ်ပွား လျက်ရှိရာ ဗိုလ်ရန်နိုင်အနေနှင့် ယာယီစုစည်း၍ ပြည်ပြေးသောင်းကျန်းမှုအတွက်

ခေတ္တမှီခိုခဲ့ရခြင်းသာ ဖြစ်သည်။

စစ်ဦးစီးမှူး ဗိုလ်ရန်နိုင်သည် တပ်ရင်းတစ်ရင်း လျှင် လူအင်အား ၅ဝဝ ကျော်ပါဝင်သောတပ်ရင်း ၉ ရင်းနှင့်တပ်မဟာ (၁၇)၊တပ်မဟာ(၂၇)၊တပ် မဟာ(၃၆)

တို့ကို စနစ်တကျဖွဲ့စည်း၍ တပ်မဟာ (၁၇)ကို ထားဝယ်ခရိုင်၊ တပ်မဟာ(၂၇)ကို မြိတ်ခရိုင်၊ တပ်မဟာ(၃၆)ကို မော်လမြိုင်ခရိုင် များတွင် တာဝန်ယူရန်

သတ်မှတ်လိုက်သည်။

စစ်ဆင်ရေးစီမံကိန်းကိုလည်း အောက်ပါအတိုင်း ရေးဆွဲလိုက်သည်-

(က) ပထမအဆင့်။ တနင်္သာရီတိုင်းနှင့် ကရင် ပြည်နယ်ကို ခြေကုပ်စခန်းပြုလုပ်၍ တိုက်ခိုက်ရန် (အထူးသဖြင့် စစ်တောင်းကမ်းခြေအထိ စစ်မျက်နှာ ဖွင့်ရမည်။)

(ခ) ဒုတိယအဆင့်။ စစ်တောင်းမှ ဆက်လက် တိုက်ခိုက်ရန်။

(ဂ) တတိယအဆင့်။ စတင် တိုက်ခိုက်ချိန်တွင် ပြည်နယ်များပါ တစ်ပြိုင်နက်တိုက်ခိုက်မှုများ ပြုလုပ် ရန်။

(ဃ) စတုတ္ထအဆင့်။ ပျဉ်းမနား၊ တောင်ငူပြည်မှ အထက်အောက် ဖြတ်တောက်ရန်။

(င) ပဉ္စမအဆင့်။ နောက်ဆုံးတနင်္သာရီတိုင်းကို မည်သည့်နည်းနှင့်မဆို တိုက်ခိုက်သိမ်းပိုက်ရန်။

(စ) ဆဌမအဆင့်။ ပဲခူးရိုးမ တိုင်းနှင့် မြစ်ဝကျွန်း ပေါ်တိုင်းသည် ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် နှင့် စစ်တောင်းမှလည်း ရန်ကုန်မြို့အား ပဲခူးမှ

ဖြတ်တောက်ရန်။

(ဆ) သတ္တမအဆင့်။ ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်၍ ဗမာပြည်တစ်ပြည်လုံးတွင် ပြင်းပြင်းထန် ထန် တိုက်ခိုက်ရန်။

ဤကား ဗိုလ်ရန်နိုင် ဖွဲ့စည်းရေးဆွဲခဲ့သော အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့်ပြည်သိမ်း စစ်ဆင်ရေးစီမံကိန်းပင်ဖြစ်သည်။ သို့သော် ဗိုလ်ရန်နိုင်၏ တပ်များ၊

တပ်မဟာများ၊ စီမံချက်များမှာ စာရွက် ပေါ်တွင်သာ ရှိသည်ဟု ဆိုရပေမည်။ ဗိုလ်ရန်နိုင်သည် ဗိုလ်တိုက်အောင်အား တပ်မဟာ (၁၇) တပ်မဟာမှူး အဖြစ်

ခန့်အပ်လိုက်သည်။

ဗိုလ်တိုက်အောင်သည် ၁၉၆၄ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သော ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာ လတွင်

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (အာရ်တီဘီ)တွင် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် နိုင်ငံတော်ပိုင် ငွေတစ်သောင်းကျော်အား

အလွဲသုံးစားလုပ်၍ ရန်ကုန်မြို့မှ ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် ကျုံဒိုး၊ ကော့ကရိတ်၊ ဖလူးမှတစ်ဆင့်ဝမ်ကရှိ ဗိုလ်ရန်နိုင် အဖွဲ့နှင့် ပူးပေါင်းသွားမိသူဖြစ်သည်။

ဗိုလ်တိုက်အောင် သည် ဝမ်ကစခန်းတွင် ဗိုလ်ရန်နိုင်စုစည်းထားသော လူ ၁၈ ယောက်ကို စစ်သင်တန်းပေးခဲ့ရသည်။ ၁၉၆၆ ခုနှစ်၊ မတ်လ ၂၅ ရက်တွင်

ဗိုလ်ရန်နိုင်နှင့် စောကြာဒိုး တို့က တပ်မဟာမှူးအဖြစ် တာဝန်ပေးချက်အရ တပ်မဟာ (၁၇)ကို ဖွဲ့စည်းရန် ဗိုလ်ကျော်ခေါင်၊ ကိုမြစိုးတို့နှင့်အတူ

ထားဝယ်သို့ထွက်ခွာခဲ့သည်-

သို့သော် ဗိုလ်တိုက်အောင်သည် တပ်မဟာမှူးဟု ဆိုသော်လည်း လူအင်အားလည်းမရှိ၊ လက်နက်လည်း မရှိ၊ ငွေကိုလည်း သထုံခရိုင်၊ မော်လမြိုင်ခရိုင်နှင့်

ထားဝယ်ခရိုင်များတွင် ကိုယ့်နည်းကိုယ်ဟန်ဖြင့် တစ်နှစ် လျှင် ဆက်ကြေးငွေသုံးသိန်းကျစီကောက်ခံ၍ ဆောင် ရွက်ရန်သာ တာဝန်ပေးအပ်ခြင်းခံရသဖြင့် များစွာ

စိတ်ဓာတ်ကျဆင်းပြီး ၁၉၆၆ ခုနှစ်၊ မေလ ၄ ရက်တွင် ထားဝယ်မြို့ အမှတ် (၂၅) ခြေလျင်တပ်ရင်းသို့ လက်နက်ချ အလင်းဝင်လိုက်ရတော့သည်။ သို့နှင့်

ဗိုလ်ရန်နိုင်တို့လူစု၏ အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဆိုသည်မှာ ဆီးတိုးကိုယ်စားလှယ်နှင့် ထိုင်းအရာရှိကြီးများရှေ့မှောက်ရှိ စာရွက်ပေါ်တွင်သာ

ပေါ်ပေါက်ခဲ့ရပြီး လေထဲမှာသာ လွင့်ပျောက်သွားရ တော့သည်။ ဗိုလ်ရန်နိုင်နှင့် ပြည်ပြေးတစ်စုသည်လည်း ကရင်သောင်းကျန်သူများထံတွင် မှီခိုကပ်ရပ်၍

တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်ပြီး အကူအညီတစ်စုံတစ်ရာ ရရှိရေးကိုသာ ကြိုးစားနေရလေသည်။ ဦးလောရုံသည် ဗိုလ်ရန်နိုင်၊ စောကြာဒိုး၊ မဟာဒေဝီစသော ပြည်ပြေး

များအား တစ်စတစ်စဆက်သွယ်၍ စုရုံးသိမ်းသွင်းပြီး ပြည်ပြေးသောင်းကျန်းမှုအတွက် ကြိုတင်ပြင်ဆင်လျက် ရှိလေသည်။

ပါလီမန် ဒီမိုကရေစီပါတီထူထောင်ခြင်း[ပြင်ဆင်ရန်]

ဦးနုနှင့်အဖွဲ့ အိန္ဒိယနိုင်ငံတွင်ရှိနေစဉ် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ဦးလောရုံသည် ဦးနု ထံသို့ ရောက်လာပြီး အစီအစဉ်အသေးစိတ်ကိုရှင်းပြရန်

ဦးနုအား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားလေသည်။ ဦးလောရုံက ဦးနုအား ထိုင်းနိုင်ငံ အာဏာပိုင်ကြီး တစ်ဦး၏ စာတစ်စောင်ကိုလည်း ပြသနိုင်ခဲ့သဖြင့် ဦးနု

များစွာအားတက်ခဲ့သည်ဟုလည်း ဆိုသည်။ ဦးလောရုံ သည် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သော ပြည်ပြေး နိုင်ငံရေးသမားဟောင်းကြီးများကို ထိုင်းနိုင်ငံတွင် စုရုံး၍

ပါလီမန်ဒီမိုကရေစီပါတီဖွဲ့စည်းရန် အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။ နိုင်ငံရေးအစဉ်အလာ ဩဇာတိက္ကမကြီးမားသည့်ခေါင်းဆောင်မှုကို လိုအပ်သောကြောင့်သာ

ဦးနုအား စည်းရုံးခေါ်ငင်ရခြင်းဖြစ် သည်။ ဦးနုသည် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ဦးလောရုံနှင့်အတူ ထိုင်းနိုင်ငံသို့ လိုက်ပါသွားခဲ့ရာ ဦးနုနှင့်အတူ

ဇနီး သားသမီးများအပြင် ဗိုလ်လကျာ်၊ ဦးမိုးကျော်(ခေါ်) ဗိုလ်ကြီးဟောင်းစိုးမြင့် တို့လည်း လိုက်ပါသွားကြသည်။

ဦးနုတို့လူစုသည် ထိုင်းနိုင်ငံသို့ရောက်ရှိသွားသောအခါ ဦးလောရုံကြိုတင်စုစည်းထားသော

စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဗိုလ်စကြာ၊ ညောင်ရွှေ မဟာဒေဝီစဝ်ဟိန်ခမ်း၊

လေတပ်ဦးစီးချုပ်ဟောင်း တီကလစ်တို့ လူစုနှင့် ပူးပေါင်းသွားသည်။ ထို့နောက် အာဏာပြန် လည်ရရှိရေး၊ အနောက်အုပ်စု အသိုင်းအဝိုင်းမှ

အကူအညီ ရရှိရေးတို့ကို ပြောင်ပြောင်တင်းတင်းပင် ကြိုးစား လာတော့သည်။

ဦးနုသည် ထိုင်းနိုင်ငံသို့မထွက်ခွာမီ အိန္ဒိယနိုင်ငံ၌ ရှိနေစဉ်တွင် မိမိအနေနှင့် ဘာသာရေးကိုသာ အဓိက ထား၍ လုပ်မည်ဖြစ်ကြောင်း

၁၉၆၉ ခုနှစ်၊ ဇွန်လ ၄ ရက် အေပီသတင်းက ဖော်ပြခဲ့သေးသည်။ ဦးလောရုံ နှင့်အတူ အိန္ဒိယမှ ထိုင်းနိုင်ငံသို့ လိုက်ပါသွားရာတွင် လည်း ဘုရားဖူးရန်

ဟူ၍သာ အကြောင်းပြခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ လန်ဒန်မြို့သို့ ရောက်ရှိသွားပြီးနောက် ဦးနုသည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပတော့သည်။

ဦးနုက ဦးလောရုံကို ပါလီမန်ဒီမိုကရေစီပါတီ၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် ပွဲထုတ်ပေးသည်။ ဦးနုက နယူးယောက်၊ တိုကျို၊ ဟောင်ကောင်မြို့များသို့

လှည့်လည်မည်ဟုလည်း ကြေညာခဲ့သည်။

အမေရိကန်နှင့် အခြားနိုင်ငံများ၏ အကူအညီဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရကို အကြမ်းဖက်၍ ဖြုတ်ချမည်။

ဌာနချုပ်ကို ဗန်ကောက်တွင် ဖွင့်လှစ်မည် ဟူ၍ လည်း အတိအလင်းကြေညာသည်။ ဦးနုတို့၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ကာလကတ္တား

မြို့တော်ထုတ် စတိတ်စမင်းသတင်းစာက အောက်ပါ အတိုင်း ရေးသားဖော်ပြခဲ့သည်-

(ကျွနု်ပ်တို့ လန်ဒန်ဌာနမှ)ဩဂုတ်လ ၂၅

ဗိုလ်ချုပ်ကြီးနေဝင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများအား ခေါင်းဆောင်ရန် ဦးနုက ဆုံးဖြတ် လိုက်ခြင်းသည် တိုင်းပြေး ပြည်ပြေးများ၏ မျှော်လင့်

အားထားချက်ကို ဖြည့်စွမ်းပေးလိုက်ခြင်းဖြစ်သည်။ အားတက်လာစေသည်။

တိုင်းပြေး ပြည်ပြေးများအနေဖြင့် ဗမာပြည်တွင်း ၌ အစိုးရအား နှောင့်ယှက်မှုများကို ပြုလုပ်လာမည်။ တိုင်းပြေးပြည်ပြေးများ ပါဝင်ဖွဲ့စည်းထားသည့် အလံ

တော်တစ်ခုတည်းအောက်တွင် ဦးနုလည်း ပါဝင်လာ မည်။

ဗမာပြည်တွင်း၌ လက်နက်ကိုင်သူပုန် ၄ဝဝဝဝ ရှိသည်။ ၎င်းတို့ စစ်ရေးလှုပ်ရှားမှုများကို ထိုင်းနိုင်ငံ အတွင်းရှိဌာနချုပ်(ယိုးဒယားအစိုးရက မြန်မာအစိုးရ နှင့်

တရားဝင်ပုံမှန်ဆက်သွယ်နေလင့်ကစား) က ကိုင်တွယ်ညွန်ကြားနေသည်။

ဦးနုနှင့် ဦးလောရုံတို့၏ သတင်းစာရှင်းလင်းပွဲမှာ ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် လန်ဒန်မြို့၌ ကျင်းပခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲမတိုင်မီ

တွင်လည်း လန်ဒန် ဘီဘီစီသတင်းထောက်နှင့် တွေ့ဆုံ ခဲ့သည်။ ဘီဘီစီအသံလွှင့်ဌာနမှ သတင်းဝေဖန်သူ မစ္စတာဘားနာဒ်ဆဲလ်ဘီ က ဦးနုသည် လွန်ခဲ့သည့်

အနှစ်(၂ဝ)ကကဲ့သို့ ဖြစ်နိုင်ပါဦးမည်လားဟု ဗြိတိန် လူထုက သံသယရှိနေကြောင်း အသံလွှင့်ဖော်ပြဝေဖန် ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ဦးလောရုံက ဦးနု၏

ကြေညာချက်ကိုဖတ်ပြရာ ကြေညာချက်မဖတ်ခင် ဦးနုက အောက်ပါအတိုင်း ပဏာမပြောကြားခဲ့ သည်။

ကြွလာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ ပါလီမန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဦးလောရုံက အသင့်ပြင်

ဆင်ပြီးဖြစ်တဲ့ ကြေညာချက်စာတမ်းကို ဖတ်ပြပါလိမ့် မယ်။ ပြီးတော့ ကျွန်တော်က မေးခွန်းများကိုဖြေပါ့မယ်။

ကြေညာချက်စာတမ်းကို ဖတ်မပြခင် ကျွန်တော် တို့ ကြေညာစာတမ်းကို ဘာဖြစ်လို့ လန်ဒန်မှာ ထုတ်ပြန်ရတယ်ဆိုတဲ့အကြောင်းကလေးကို ပြောပြချင်ပါ သေးတယ်။

ရာစုနှစ်များတစ်လျှောက်မှာ အဓမ္မအုပ်စိုး မှုတွေရှိနေတဲ့ မိမိတို့ရဲ့ တိုင်းပြည်က ထွက်ပြေးလာကြ တဲ့လူတွေဟာ ဒီမြို့ကြီးမှာ ခိုလှုံပြီးတော့ သူတို့ရဲ့လူမျိုး

လွတ်လပ်ရေးကို ကြိုးပမ်းစည်းရုံးမှုပြုကြပါတယ်။

အဲဒီကောင်းမွန်လှတဲ့ အစဉ်အလာကြီး အတိုင်းပဲ အခု ကျွန်တော်တို့ဟာလည်း ဒီကြေညာစာတမ်းကိုဖတ် ပြခြင်းနဲ့ ကျွန်တော်တို့ရဲ့လူမျိုး လွတ်လပ်ရေးကြိုးပမ်းမှု ကို

ပထမခြေလှမ်းအနေနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါ တယ်။

နောက်တစ်ကြောင်းကတော့ ကျွန်တော်ဟာ ကျွန်တော့်ပြည်သူတို့ရဲ့ကိုယ်စားလှယ်တစ်ဦးအဖြစ် ဒီမြို့တော်ကြီးကို လွန်ခဲ့တဲ့ ၂၂ နှစ်က ဗြိတိသျှအစိုးရ နဲ့

တွေ့ဆုံဆွေးနွေးမှုပြုဖို့ ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒီမြို့တော်ကြီးမှာပဲ ကျွန်တော်ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်ပေါ်လာစေတဲ့ နု-အက်တလီစာချုပ်ကို ချုပ်ဆို

လက်မှတ်ရေးထိုးခဲ့ကြရပါတယ်။ အဲဒီလိုပဲ ကျွန်တော် ဟာ လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။

ဦးနုက ဖော်ပြပါအတိုင်း အစပျိုးလိုက်ပြီးနောက် အစိုးရအဖွဲ့မခိုင်မာသေးခင်တွင် ကွန်မြူနစ်များသည် ကာလကတ္တားကွန်မြူနစ် ကွန်ဖရင့်၏ ညွှန်ကြားချက် အရ

ပုန်ကန်ကြသဖြင့် တိုင်းပြည်၏ ၁ဝ ပုံ ၉ ပုံ ကွန်မြူနစ်များလက်သို့ ရောက်ရှိသွားကြောင်း၊ မြန်မာ ပြည်သူများက ကွန်မြူနစ်စနစ်နှင့် ဒီမိုကရေစီစနစ် အနက်

ဒီမိုကရေစီကိုရွေးခဲ့ကြောင်း၊ မိမိအစိုးရက ကွန်မြူနစ်များ သိမ်းပိုက်ထားသည့်အနက် အားလုံးကို ပြန်သိမ်းနိုင်ခဲ့ကြောင်း ဆက်လက်ရှင်းပြသည်။ လွတ် လပ်ရေး

ခေတ်ဦးတွင် နယ်မြေအများအပြားကို သိမ်း ပိုက်ထားသော သောင်းကျန်းသူများမှာ ကွန်မြူနစ်များ သာဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး ကရင်သောင်းကျန်း

သူများအကြောင်းကိုမူ ထည့်မပြောခဲ့ပေ။ လန်ဒန် တက္ကသိုလ် အရှေ့တောင်အာရှသမိုင်းပါမောက္ခ ဒီဂျီ အီးဟောလ်၏ မြန်မာနိုင်ငံစာအုပ် စာမျက်နှာ ၁၇၈

တွင် မိမိကို ချီးကျူးထားကြောင်းလည်း ကောက်နုတ် ဖော်ပြသည်။ ထို့နောက် အောက်ပါအတိုင်း ဆက်လက် ပြောကြားပြန်သည်။

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ သက်ဦးဆံဖျား ဘေးဒုက္ခကြီးနှင့် ကြုံတွေ့နေရသလိုပဲ၊ ၁၉၆၂ ခုနှစ်မှာ လည်း ဘေးဒုက္ခကြီးတစ်ခုနဲ့ကြုံရပြန်တယ်။ ဒီတစ်ခါ တော့

သူပုန်သူကန်တွေကြောင့်မဟုတ်ဘူး။ ကျွန်တော့်ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့သစ္စာဖောက် မှုကြောင့်ပဲဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဒီမိုကရေ

စီစနစ်အရရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် အစိုးရကိုဖြုတ်ချလိုက်တယ်။ ကျွန်တော်တို့ဟာ ဒီလို လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ကျွန်တော်လည်း

နောက် ၅ နှစ်လုံးလုံးထောင်ထဲမှာနေခဲ့ရတယ်။

နောက်ဆုံး ၁၉၆၇ ခုနှစ်မှာ ကျွန်တော့်ကို လွှတ် လိုက်တဲ့အခါ ကျွန်တော်ဟာ ထောင်ကထွက်လာပြီး တိုင်းပြည်အခြေအနေကို ကြည့်လိုက်တော့ တိုင်းပြည်ရဲ့

အခြေအနေဟာ ကျွန်တော့်အဖို့ ရင်ကွဲစရာကြုံတွေ့ရ ပါတယ်။ အသေးစိတ်အချို့ကိုတော့ ကြေညာချက် ဖတ်ပြတဲ့အခါမှာ ကြားသိရပါလိမ့်မယ်။

ဒီလို ကြောက်စရာလန့်စရာအခြေအနေကို ပြောင်းပစ်ဖို့အတွက် ကျွန်တော်က ဗိုလ်ချုပ်ကြီးနေဝင်း ကို ဗမာပြည်မှာ ဒီမိုကရေစီစနစ်ထူထောင်ဖို့ တိုက်တွန်း

လိုက်ပါတယ်။

အဲဒီလိုသာ သူကလုပ်ရင် ကျွန်တော့်တို့ တစ်တွေဟာ သူရဲ့ခေါင်းဆောင်မှုအောက်မှာ လုပ် ဆောင်ကြဖို့အသင့်ရှိတယ်လို့ ကျွန်တော်က ဆိုပါတယ်။ ဒါပေမဲ့

ဗိုလ်ချုပ်ကြီးနေဝင်းက ဒီ ကျွန်တော်တို့ရဲ့အဆို ကို ပယ်ချလိုက်ပါတယ်။

ဦးနုက တိုင်းပြည်ကိုကယ်ဆယ်ရန် အခြားနည်း လမ်းများရှာဖွေရကြောင်း၊ ပြည်သူလူထုကို လန်ဒန်မှ တစ်ဆင့် မေတ္တာရပ်ခံကြောင်း၊ အစိုးရကိုဖြုတ်ချရန်

သေချာကျနစွာ စီစဉ်ပြီးမှဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသွားသည်။ ဦးလောရုံက အောက်ပါစာတမ်းကို ဆက်လက်ဖတ်ပြသည်-

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ် သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိ လာသော ပြည်ထောင်စုမြန်မာနိုင်ငံကို ပြည်သူလူထု

အား အချုပ်အခြာ အာဏာအပ်နှင်းသော အခြေခံ အုပ်ချုပ်ရေးဥပဒေ အရ အုပ်ချုပ်သည်။

အစ ကနဦးကတည်းကပင် ပြည်ထောင်စုမြန်မာ နိုင်ငံသည် ပြည်သူတို့က လွတ်လပ်စွာ ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်များ ပါဝင်သော

လွှတ်တော်နှစ်ရပ်ဖြင့် အုပ်ချုပ်သည့် ဒီမိုကရေစီနိုင်ငံ တော်တစ်ခုဖြစ်ပေသည်။ နောက်ဆုံးဖြစ်သော ၁၉၆ဝ နှစ်ပြည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး

ပါတီ ကြီး သုံးခုဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြရာ ပြည်ထောင်စုပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့သည်။ ထိုအခါတွင် ပါလီမန်က ဦးနုအား ဝန်ကြီးချုပ်

အဖြစ် ရွေးကောက်တင်မြှောက်လိုက်သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် အခြေခံအုပ်ချုပ်ရေးဥပဒေ ကိုစောင့်ထိန်းရန် ပေးအပ်ထားသော သစ္စာကိုဖောက် ဖျက်၍

အာဏာကိုသိမ်းယူပြီးလျှင် ပါလီမန်လွှတ်တော် ကို ဖျက်သိမ်းလိုက်လေသည်။

သမ္မတကြီး ဦးဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနု၊ တရား လွှတ်တော်ချုပ်၊ တရားဝန်ကြီးချုပ် ဦးမြင့်သိမ်းနှင့်တကွ ဝန်ကြီးချုပ်အဖွဲ့ဝင်အားလုံးတို့ကို ဖမ်းဆီး၍ ငါးနှစ်

ကျော်ကြာမျှ အကျဉ်းချထားခဲ့သည်။ ယင်းသို့ဖမ်းဆီး ချုပ်နှောင်ထားရာတွင် စွဲချက်တင်ခြင်း၊ တရားရုံးတော် တွင် စစ်ဆေးခြင်းမပြုဘဲထားခဲ့သည်။

အာဏာသိမ်းသောနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဗိုလ်ချုပ်ကြီးနေဝင်းက သူသည် ပြည်ထောင်စုကြီးပြိုကွဲမည့် အန္တရာယ်နှင့် ကြုံနေသော ကြောင့်

ဝင်ရောက်၍ အာဏာသိမ်းရခြင်းဖြစ်သည်ဟု ဆို၏။ ရှမ်းခေါင်းဆောင်များက ရှမ်းပြည်နယ်ကို ပြည်ထောင်စုကြီးထဲမှ ခွဲထုတ်ရန် တိတ်တဆိတ်ကြိုးပမ်း

နေကြသောကြောင့်ဖြစ်သည်ဟု အကြောင်းဆက်၍ပြ လေသည်။

လွတ်လပ်ရေးရရှိပြီးနောက် ဆယ်နှစ်ကြာလျှင် ရှမ်းပြည်နယ်က ပြည်ထောင်စုကြီးထဲမှ ခွဲထွက်နိုင်ခွင့် ရရှိနိုင်ကြောင်း မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်

အောင်ဆန်းက ကတိပေးခဲ့သည်။ ထိုကတိအတိုင်းပင် ထိုအခွင့်အရေးကို အခြေခံအုပ်ချုပ်ပုံ ဥပဒေတွင် ဖော်ပြထားပေသည်။ ထို အခွင့်အရေးကို ဗိုလ်ချုပ်ကြီး

နေဝင်းက ဖျက်ဆီးလိုက်သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ ယနေ့တိုင် ဗိုလ်ချုပ်ကြီးနေဝင်းသည် အမိန့်ပြန်တမ်းများဖြင့် နိုင်ငံ ကိုအုပ်ချုပ်လျက်ရှိသည်။ ထိုကာလတစ်ခုလုံးတွင်

ထောင်ပေါင်းများစွာသော ယောက်ျား၊ မိန်းမတို့အား ထောင်တွင် နှစ်ပေါင်းများစွာ အကျဉ်းချထားခြင်း၊ သတ်ဖြတ်မှု၊ ကိုယ်အင်္ဂချို့တဲ့စေမှု၊ ညှဉ်းဆဲမှုတို့ဖြင့်

နှိပ်စက်ကလူပြုခြင်းတို့သည် ရှိခဲ့ချေသည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် တက္ကသိုလ် ကျောင်းသားများစွာကို သေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဒဏ် ရာရစေခြင်းတို့ကို ပြုခဲ့သည်။ တက္ကသိုလ်ကျောင်းသား

သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုချဖျက်ဆီး ပစ်လိုက်သည်။

ထို့နောက် ဦးနု၏စာတမ်းတွင် တော်လှန်ရေး ကောင်စီအစိုးရ၏ ပြည်သူပိုင်သိမ်းခြင်းများကို အသေး စိတ်ပင် ရှုတ်ချထားသည်။ အစိုးရအဖွဲ့ဝင်များအား

ပုတ်ခတ်ထားပြန်သည်။ မြန်မာနိုင်ငံ၏ အခြေအနေ များစွာ ချို့တဲ့ယိုယွင်းလျက်ရှိပြီး ၁၉၆၇ ခုနှစ်တွင် တစ်ပြည်လုံးငတ်မွတ်လုနီးပါးရောက်နေပြီဟုဆိုသည်။

တစ်ပြည်လုံးအုံကြွဆူပူနေခြင်း၊ ပြည်နယ်များက ပုန်ကန်ခြင်း အိမ်နီးချင်းနိုင်ငံများနှင့် အဆင်မပြေခြင်း တို့ကြောင့် တော်လှန်ရေးအစိုးရသည် အဖတ်ဆယ်

နိုင်ရန် ၃၃ ဦးကော်မတီကို ဖိတ်ခေါ်ဖွဲ့စည်းရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ သို့သော် ၃၃ ဦး ကော်မတီ၏အဆိုပြုချက်များကို တော်လှန်ရေးအစိုးရ က

ပယ်ချလိုက်လေရာ တော်လှန်ရေးအစိုးရအား အင်တိုက်အားတိုက် ကန့်ကွက်ကြရန်သာရှိတော့ သည်ဟုလည်း ဆိုသည်။ ဦးနုအား အာဏာပြန်အပ်ရန် ကိုလည်း

အောက်ပါအတိုင်း တောင်းဆိုသည်။

ဤကြေညာချက်ဖြင့် ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား မတရားသိမ်းယူထားသော အာဏာကို ပြန်၍အပ်ရန် တောင်းဆိုလိုက်သည်။

မြန်မာတို့သည် နှိပ်စက်စိုးမိုးမှုကို ကြာရှည်မခံ သော အနိုင်မခံ အရှုံးမပေးသော ဂုဏ်မာနဖြင့် ပြည့်စုံသောလူမျိုးဖြစ်ကြောင်း

ဗိုလ်ချုပ်ကြီးနေဝင်း အား သတိပေးစကား ပြောကြားလိုက်သည်။ ပြည်သူ တို့သည် ဒီမိုကရေစီစနစ်ကို သူတို့အဖို့ လူနေမှု စနစ်တစ်ရပ်အဖြစ်

ရွေးချယ်ပြီးဖြစ်သည်။ မြတ်နိုး လျက်ရှိကြသည်။

စာတမ်းတွင် ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန် လည်အသက်သွင်းရေး၊ အာဏာပြန်လည်ရယူရေးတို့ကို သာမက ဖက်ဒရယ်မူကိုပင် ပြန်လည်အသက်သွင်းရ

တော့မည်ကဲ့သို့ တွင်တွင်ဖော်ပြထားသည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း ဖက်ဆစ်ဝါဒအဖြစ် စွပ် စွဲထားသည်။ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများကိုလည်း

အကူအညီပေးကြရန် တောင်းဆိုထားသည်။ ဗုဒ္ဓသာသနာ ထွန်းပြောင်စေရမည်ဟုလည်း ကတိပြု သည်။ အခြားဘာသာများအတွက်လည်း အာမခံသည်။

ပြည်သူတို့ကိုလည်း လွတ်လပ်ခွင့်ပေးမည်ဟု အမျိုးမျိုး ကတိပေးခဲ့သည်။

ဦးနုတို့လူစုသည် လန်ဒန်သတင်းစာ ရှင်းလင်းပွဲ တွင် ပါလီမန်ဒီမိုကရေစီ ပါတီသစ်တစ်ရပ် ထူထောင်ကြောင်း အတိအလင်းကြေညာလိုက်သည်။ ပါတီဥက္ကဋ္ဌ မှာ

ဦးနုဖြစ်ပြီး ဦးလောရုံမှာ အထွေထွေ အတွင်းရေး မှူးဖြစ်သည်။ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာ လ ၃ ရက်တွင်လည်း ဦးနု၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဦးနုသည်

လန်ဒန်မှ နယူးယောက်သို့ ထွက်ခွာရန်ရှိကြောင်း ကြေညာခဲ့သည်။ ထိုသို့ ကြေညာ ပြီးနောက် ဦးနုတို့လူစုသည် စက်တင်ဘာလ ၅ ရက်တွင် နယူးယောက်မြို့သို့

ရောက်ရှိသွားကြပြန်သည်။ ဦးနုတို့ အဖွဲ့သည် အမေရိကန်အစိုးရထံမှ အကူအညီရရှိရန် ကြိုးပမ်းခြင်း၊ စာနယ်ဇင်းများမှတစ်ဆင့် နိုင်ငံတကာ တွင် ဝါဒဖြန့်ချိရန်

စီစဉ်ခြင်းတို့ကို ဆောင်ရွက်နေကြ သည်။ အမေရိကန်အမျိုးသား အသံလွှင့်ဌာနကုမ္ပဏီ (အင်န်ဘီစီ)ရုပ်မြင်သံကြားအစီအစဉ်နှင့် တွေ့ဆုံ၍ ဦးနုက

တော်လှန်ရေးအစိုးရကိုဖြုတ်ချမည်ဟု ပြောပြန် သည်။ အမေရိကန်အစိုးရက တော်လှန်ရေးအစိုးရအား ထောက်ပံ့ကူညီမှုအားလုံး ရပ်ဆိုင်းရန်လည်း တောင်းဆို

ခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်တွင် ဦးနုက ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရအား ဖြုတ်ချရေးအတွက် အမေရိကန်အမျိုးသားများထံမှ အကူအညီတောင်းခံခဲ့ ပြန်သည်။

တရုတ်နီ၊ ဆိုဗီယက်တို့ထံမှလည်း အကူအညီတောင်းမည်ဖြစ်ကြောင်း၊ သို့သော် ပါလီမန် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးမည်ဖြစ်ကြောင်းဖြင့်လည်း ကြေညာခဲ့သည်။

ဦးနုသည် အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် ကမ္ဘာတစ်ပတ်လှည့်၍ အကူအညီရရှိရေးကို ကြိုးပမ်း ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ကို

တောင်းခံခဲ့သည်။ နိုင်ငံရေးခိုလှုံခွင့်ရရှိရန်အတွက် ဦးနုနှင့်အဖွဲ့သည် ထိုင်းအစိုးရအား ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး

ကိုမထိခိုက်စေရန် နိုင်ငံရေးလှုပ်ရှားမှုများ မပြု လုပ်ပါဟု အာမခံချက်ပေးရသည်။ ဦးနုသည် လေတပ်ဦးစီးချုပ်ဟောင်း တီကလစ်အိမ်တွင်နေမည် ဟုဆိုသည်။

ဦးနု၏ဇနီးနှင့်သမီးမှာမူ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လကတည်းက ဗန်ကောက်မြို့သို့ ကြိုတင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုင်းအစိုးရက ဦးနုအား ၁၉၆၉ ခုနှစ်၊

အောက်တိုဘာ လ ၂၇ ရက်တွင် နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်သည်။ ဦးနုတို့လူစုသည် နိုဝင်ဘာလ ၄ ရက်တွင် ဖနွမ်းပင်မှ တစ်ဆင့် ဗန်ကောက်

သို့ရောက်ရှိလာကြသည်။ စင်စစ် ဦးနု မရောက်မီတွင် ဝန်ကြီးဟောင်းဦးသွင်(ကျိုက်မရော ဦးသွင်) ခေါင်းဆောင်သော ပြည်ပြေးအဖွဲ့တစ်ဖွဲ့ ကိုလည်း ထိုင်းနိုင်ငံက

နိုင်ငံရေးခိုလှုံခွင့်ပေးပြီး ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော နိုင်ငံရေးသမား များ ထိုင်းနိုင်ငံတွင် စုရုံးနေခြင်း၊ ဦးနုတို့ လူစုက ပါလီမန်ဒီမိုကရေစီပါတီကို ထူထောင်ပြီး တော်လှန်ရေး အစိုးရ

အား ဖြုတ်ချမည်၊ အကြမ်းဖက်မည်ဟု ကမ္ဘာ လှည့်၍အတိအလင်းပြောကြားခဲ့ခြင်းတို့ကြောင့် ပြည်ပြေးများအား နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းသည် ထိုင်း

နိုင်ငံရေးလောကတွင်လည်း ဂယက်ရိုက်သွားခဲ့သည်။ ထိုင်းဘာသာဖြင့်ထုတ်ဝေသော သတင်းစာ ဆိုင်ယင်း ရတ်သ် နှင့် ဗန်ကောက်ပို့စ် သတင်းစာများက

ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုအတွက် အန္တရာယ်ရှိသည်ဟု သတိပေးခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချိန်းဂရေးမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ အမတ်

ဆောင်သက်ပါသာဒီးက ဝန်ကြီးချုပ် ထနွန်ကစ်တီကာချွန်အား ဦးနုတို့လူစုက ထိုင်းနိုင်ငံ ကို အသုံးချခြင်းမှ မည်သို့ကာကွယ်ထားကြောင်း မေးမြန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ထာနတ်ခိုမန်က မြန်မာအစိုးရနှင့် ဆက်ဆံရေးထိန်းသိမ်းမည်ဟု ကတိ ပေးခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထာနတ်ခိုမန်သည် ဦးနုတို့လူစုအနေနှင့် နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်မည် မဟုတ်ပါဟု အကြိမ်ကြိမ်ကတိပေးနေရသည်။ သို့သော်

ဦးနုတို့လူစုနှင့် ပြည်ပြေးများကား အငြိမ် မနေပါ။ လက်နက်ကိုင် ဆူပူသောင်းကျန်းရေးကို ကြိုတင်ပြင် ဆင်နေချိန်မှာပင် ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် နေ့စွဲပါ

ကြေညာချက်(မေတ္တာရပ်ခံချက်)တစ်စောင်ကို ရိုက်နှိပ်၍ ပြည်တွင်းသို့ ယင်းတို့၏ အမာခံများမှ တစ်ဆင့် ဖြန့်ချိဝါဒဖြန့် စည်းရုံးလာတော့သည်။ မေတ္တာ ရပ်ခံချက်

တွင် ဦးနုကိုယ်တိုင် လက်မှတ်ရေးထိုးထား ပြီး အောက်ပါအတိုင်း ဖြစ်သည်-

မေတ္တာရပ်ခံချက်(တတ်စွမ်းသလောက်ကူးယူ၍အဆင့်ဆင့်ဝေငှကြရန်)

ကိုယ်ကျိုးကိုရှာခေါင်းပုံဖြတ်သမားများဖြစ်ကြ ကုန်သော ဗိုလ်ချုပ်နေဝင်းနှင့်တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များခေါင်းဆောင်လျက်ရှိသည့် စစ်အာဏာရှင်

အစိုးရအဖွဲ့ကို ဖျက်ဆီးချေမှုန်းပစ်လိုသော ရဟန်း ရှင်လူပြည်သူလူထုတစ်ရပ်လုံးသည် တစ်ခဲနက်အုံကြွ လျက်ရှိသည်ကို မြန်မာပြည်မှ ထွက်မလာမီကပင်

ကျွန်တော်ကောင်းစွာသိရှိခဲ့သည်။

အုံကြွမှုကြီးမှာ တစ်နေ့တခြား ဒီရေအလားကဲ့သို့ ပေါက်ကွဲလုနီးနီးအဖြစ် ကြီးမားထွားကျိုင်းလျက်ရှိသည် ဆိုသောအချက်ကိုလည်း မကြာခဏ ကျွန်တော်တို့က

ရရှိနေသောလျှို့ဝှက်သတင်းများအရ ကျွန်တော်တို့ သိရှိရသည်။

ကိုယ်ကျိုးရှာခေါင်းပုံဖြတ်သမားများဖြစ်ကြကုန် သော ဗိုလ်ချုပ်နေဝင်းနှင့်အပေါင်းပါတစ်စု'တို့အား သုတ်သင်ရှင်းလင်းပစ်ရန်' ကျွန်တော်တို့သည် နေ့စဉ်

နှင့်အမျှ မနေမနားကြိုးပမ်းလျက်ရှိကြသည်။ အစကောင်းမှ အနှောင်းသေချာသည်ဆိုသော ပညာရှိ ကြီးများ၏စကားအရ အစကောင်းရန် ကျွန်တော်တို့ သည်

အထပ်ထပ် အကြိမ်ကြိမ် ကြိုးပမ်းလျက်ရှိကြသည်။

ကျွန်တော်တို့ကို ယုံကြည်၍ ကျွန်တော်တို့ ဦးဆောင်ရာသို့ လိုက်ပါလိုသူများအား ကျွန်တော်တို့ စွန့်စားရဲသည်ထက် ပိုမိုစွန့်စားကြစေလိုသောဆန္ဒများ

ကျွန်တော်တို့တွင် အနည်းငယ်ခန့်မျှမရှိရကား ကျွန်တော်တို့ကိုယ်တိုင်စတင်၍တိုက်ပွဲဝင်ပါပြီဟု ကြေညာသည့်နေ့အထိ အဆိုပါအုံကြွမှုကြီး

မပေါက်ကွဲအောင် သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီး က အထူးထိန်းသိမ်းစောင့်ရှောက်ထားကြပါရန် ကျွန်တော်တို့ အထူးမေတ္တာရပ်လိုသည်။

ပြည်ထောင်စုသူ ပြည်ထောင်စုသားတို့သည် ကိုယ် ကျိုးရှာ ခေါင်းပုံဖြတ်သမားများ၏ ဘေးအန္တရာယ်များမှ လျင်မြန်စွာ လွတ်မြောက်ရေးအတွက် မိမိတို့ယုံကြည်ရာ

ဘာသာအသီးသီးအရ အထူးဆုတောင်းကြစေချင်ပါ သည်။

ဗုဒ္ဓဘာသာဝင်များက မူကား ဝေသာလီပြည်ကို ဘီလူးသဘက်ဘေး၊ ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးတို့မှ လွတ်မြောက်စေခဲ့သော ရတနာသုတ်တော်ကို

အဓိပ္ပာယ်နှင့်တကွ ရဟန်းတော်များထံမှ သင်ယူပြီး နေ့စဉ် အကြိမ်ကြိမ်ရွတ်ဖတ်ကြရန် အထူး မေတ္တာရပ်ခံပါသည်။

ရဟန်းရှင်လူ ပြည်သူအများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။

တော်လှန်ရေးသမားအမည်ခံ ကိုယ်ကျိုးရှာခေါင်း ပုံဖြတ်သမားများ ကျဆုံးရမည်။

ရဟန်းရှင် ပြည်သူလူထု အောင်ရမည်။

(ပုံ)မောင်နု

ဥက္ကဋ္ဌ

ပါလီမန်ဒီမိုကရေစီအဖွဲ့

၂၃.၁၁.၆၉

ထိုင်းအစိုးရသည် ဦးနုနှင့်ပြည်ပြေးတစ်စုက ထိုင်း နိုင်ငံတွင် နေထိုင်၍ နိုင်ငံရေးမလုပ်စေရပါ၊ မြန်မာနိုင်ငံ နှင့်ချစ်ကြည်ရေးမပျက်စေရပါစသည်ဖြင့် အကြိမ်ကြိမ်

အထပ်ထပ်ကတိပေးခဲ့သည်။ သို့သော် ဦးနုတို့လူစုကား ခြေပုန်းခုတ်၍ ပြင်ဆင်လှုပ်ရှားနေကြပြီဖြစ်သည်။ ဖော်ပြပါ ကြေညာချက်ကို

၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့ တာမွေတိုက်နယ် ပထစ အတွင်းရေးမှူးဟောင်း မောင်စောထံမှ သက်ဆိုင်ရာ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မောင်စောထံမှ ဓာတ်ပုံ နှစ်ပုံပါ ဖမ်းဆီးရမိလေရာ ပထမဓာတ်ပုံတွင် (၁)ဗိုလ်လကျာ်၊ (၂) သန်းသန်းနု (ဦးနု၏ ဒုတိယသမီး)၊ (၃) ဦးနု၊(၄) ဒေါ်မြရီ (ဦးနု၏ဇနီး)၊

(၅) အယ်နီနာနိုးပါစီစမစ် (ဦးလောရုံ၏ဇနီး)၊ (၆) အမည်မသိ၊ (၇) ဒေါ်ကြည် (ရန်ကုန်မြို့ ယူအီးအိုင် အလွတ်ပညာသင် ကျောင်းအုပ်ဆရာကြီး အီးအေတော့ဒ်၏ဇနီး)၊

(၈) ဗိုလ်မှူးချုပ်ဟောင်း တီကလစ်၊ (၉) ဝန်ကြီးဟောင်း ကျိုက်မရောဦးသွင်၊ (၁ဝ) ဦးလောရုံ၏သား၊ (၁၁) ကျောင်းအုပ်ဆရာကြီး အီးအေတော့ဒ်၏သား

နှင့်အပေါင်းပါများပါဝင်ကြ သည်။

ဒုတိယဓာတ်ပုံတွင် (၁) ဦးလောရုံ၊ (၂) ဗိုလ်ရန် နိုင်၊ (၃) ဗိုလ်လကျာ်၊ (၄) ဦးနုသမီးသန်းသန်းနု၊ (၅) ဦးနု၊ (၆) ဒေါ်မြရီ၊ (၇) ဦးလောရုံ၏ဇနီး၊

(၈) ကျောင်းအုပ်ဆရာကြီး အီးအေတော့ဒ်၏သားနှင့် အပေါင်းပါများ ပါဝင်ကြသည်။ ထိုအချိန်တွင် ညောင်ရွှေ မဟာဒေဝီ စဝ်ဟိန်ခမ်းမှာ ဩစတြေးလျ

နှင့် ကနေဒါနိုင်ငံများသို့ ခရီးလှည့်လည်နေသည်ဟု ဆိုသည်။ ဦးသွင်သည် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ တွင် ရန်ကုန်မြို့မှ ခြေရာဖျောက်သွားပြီးနောက်

ဦးသွင်၊ ပါလီမန်အမတ်ဟောင်း ဗိုလ်ကျော်ထင်၊ ကျိုက်မရော ပထစအမတ်ဟောင်း ဦးစံအုန်းတို့အပါအဝင် နိုင်ငံရေးသမား ၁၁ ဦးအား ထိုင်းနိုင်ငံက

နိုင်ငံရေး ခိုလှုံခွင့်ပေးကြောင်း အောက်တိုဘာလ ၂၄ ရက် အေပီသတင်းက ဖော်ပြခဲ့ပြီးဖြစ်သည်။

စင်စစ်ပြည်ပြေးလှုပ်ရှားမှုကြီးတစ်ခုလုံးကို ကြိုးကိုင်ထိန်းသိမ်းနေသူမှာ ဦးလောရုံပင်ဖြစ်ကြောင်း ထင်ရှားလှသည်။ဦးနုသည်ပင်လျှင် ဦးလောရုံ၏ ညွန်ကြားချက်များ

အရ လိုက်နာဆောင်ရွက်နေရသည်။ သို့သော် ပြည်ပြေးများသည် ၁၉၆၉ ခုနှစ်ကုန် သည် အထိ စစ်ရေးအရ လှုပ်ရှားနိုင်ခြင်းမရှိသေးဘဲဟန်ရေး

သာပြနေကြရသည်။

လေတိုက်ပွဲသာ ဆင်နွှဲနေကြရ သည်။ ထိုအချိန်တွင် ပြည်ပြေးဆန့်ကျင်မှု ဆန္ဒပြပွဲများ တစ်ပြည်လုံးတွင် အနှံ့အပြားပေါ်ပေါက်ခဲ့ရာ သက်ဆိုင် ရာ

လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီများက ထိန်းသိမ်းခဲ့ကြရသည်။ သို့သော် ပြည်ပြေးများကား တစ်ပြည်လုံး ၏ ထောက်ခံမှုကို ရရှိနေသည်ဟုထင်မှတ်ကာ ပြည်ပ

စွက်ဖက်မှုများကို လိုလိုလားလားဖိတ်ခေါ်၍ လက်နက်ကိုင်တိုက်ပွဲများအတွက်သာ ပြင်ဆင်နေကြလေတော့ သည်။ [၅]

သုံးပါတီညီညွတ်ရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ပြည်ပြေးတို့၏ ဝါဒဖြန့်ချိချက်များ[ပြင်ဆင်ရန်]

ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီ ပါတီသည် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် ဗဟိုကော်မတီအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါ အတိုင်း

ဖွဲ့စည်းခဲ့ကြသည်-

၁။ ဥက္ကဋ္ဌ ဦးနု

၂။ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး လကျာ်

၃။ အထွေထွေအတွင်းရေးမှူးချုပ် ဦးလောရုံ

၄။ တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်သွင်

၅။ ဘဏ္ဍရေးမှူး ဗိုလ်ချုပ်တီကလစ်

၆။ စာရင်းစစ် ဗိုလ်မှူးကြီး မိုးကျော်

၇။ အလုပ်အမှုဆောင် ဗိုလ်ချုပ် စောကြာဒိုး

၈။ အလုပ်အမှုဆောင် ဗိုလ်ချုပ် ရန်နိုင်

၉။ ဥပဒေအကြံပေး ဗိုလ်မှူးကြီး ဇာလီမော်

၁ဝ။ ဗဟိုကော်မတီဝင် ဦးမန်းတလင်း

၁၁။ ဗဟိုကော်မတီဝင် ဗိုလ်မောင်ကလေး

၁၂။ ဗဟိုကော်မတီဝင် ဦးလှိုင်

၁၃။ ဗဟိုကော်မတီဝင် ကိုငြိမ်း

၁၄။ ဗဟိုကော်မတီဝင် ဗိုလ်စိန်တိုး

၁၅။ ဗဟိုကော်မတီဝင် ဗိုလ်ဂျင်မီ

၁၆။ ဗဟိုကော်မတီဝင် ဦးဘို

၁၇။ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးကျော်ဒင်

၁၈။ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးလှမောင် (ခလရ၉၇မှတပ်ပြေး)

၁၉။ ဗဟိုကော်မတီဝင် ဗိုလ်တက်ထွန်း (ဦးသွင်ယောက်ဖ)

၂ဝ။ ဗဟိုကော်မတီဝင် ဗိုလ်အောင်မြင့်

၂၁။ ဗဟိုကော်မတီဝင် ဗိုလ်အောင်ခင်

၂၂။ ဗဟိုကော်မတီဝင် ဗိုလ်အောင်ကြီး

၂၃။ ဗဟိုကော်မတီဝင် ဂျင်မီယန်း

၂၄။ ဗဟိုကော်မတီဝင် မစ္စတာ ဒေါ်နယ်ယန်း

၂၅။ ဗဟိုကော်မတီဝင် ကိုသုဝေ

၂၆။ ဗဟိုကော်မတီဝင် ကိုချစ်ညို

၂၇။ ဗဟိုကော်မတီဝင် ကိုတင်မောင်ဝင်း (ဦးဝင်း၏သား)

၂၈။ ဗဟိုကော်မတီဝင် ကိုရဲခေါင် (မြဝတီရဲခေါင်)

၂၉။ ဗဟိုကော်မတီဝင် ကိုအောင်လကျာ် (ဗိုလ်လကျာ်သား)

၃ဝ။ ဗဟိုကော်မတီဝင် ဘရိုင်ယန်မာကာ (နိုင်ငံခြား ကုမ္ပဏီမှ စာရေး)

၃၁။ ဗဟိုကော်မတီဝင် ကိုသောင်းထိုက် (ဦးနု၏သား)

၃၂။ ဗဟိုကော်မတီဝင် ကိုအောင် (ဦးနု၏သား)

၃၃။ ဗဟိုကော်မတီဝင် ကိုထွန်းရွှေ (အသံလွှင့်စက်ဆရာ)

၃၄။ ဗဟိုကော်မတီဝင် ဦးသန့်ဇင်

၃၅။ ဗဟိုကော်မတီဝင် ဦးယုံ

ပြည်ပြေးများသည် ပါလီမန် ဒီမိုကရေစီပါတီကို အတိအလင်း ဖွဲ့စည်း၍ နိုင်ငံတကာ၏ထောက်ခံမှု ရရှိရန် ကြိုးပမ်းနေကြသော်လည်း ယင်းတို့တွင် နောက်လိုက်

နောက်ပါ အင်အားကောင်းမွန်လှသည် မဟုတ်ပေ။ ဗဟိုကော်မတီအလုပ်အမှုဆောင်အဖွဲ့ သည်ပင်လျှင် တိုင်းပြည်မှ ထွက်ပြေးသွားကြသော နိုင်ငံ ရေးသမား

ဟောင်းကြီးများကို အခြေပြု၍ ယင်းတို့နှင့် အတူပါလာသော ဆွေမျိုးသားချင်းများ၊ နိုင်ငံရေး အစဉ် အလာမရှိသော တပည့်လက်သားများကိုပါ အားလုံးသိမ်းကျုံး

၍ ထည့်သွင်းဖွဲ့စည်းထားရခြင်းဖြစ်သည်။ သို့သော် ပြည်ပြေးတို့သည် အင်အားကောင်းမွန်ခြင်း မရှိသော်လည်း ပြည်သူလူထုတစ်ရပ်လုံး ယင်းတို့ဘက်သို့

ပါလာနိုင်စေရန်နှင့် အခြားသောင်းကျန်းသူအဖွဲ့များ၏ ထောက်ခံမှုရရှိလာစေရန်အတွက် နည်းမျိုးစုံဖြင့် ဝါဒဖြန့်ချိခြင်းကို ပြုလုပ်လာကြသည်။

နိုင်ငံခြားသတင်းစာဆရာများ၊ စာနယ်ဇင်းများ သည် ဦးလောရုံ၏ စီမံပေးချက်အရ ပြည်ပြေးများ ဘက်မှရပ်တည်၍ ဆောင်းပါးပေါင်းများစွာကိုဖော်ပြ၍

ဝါဒဖြန့်ချိပေးကြသည်။ ပြည်ပြေးအုပ်စုသည် ကရင် သောင်းကျန်းသူဗိုလ်မြအုပ်စု၏ ဘိနစခန်း တွင် ခိုကပ်၍ အမှီပြုနေရစဉ်တွင် အီယင်ဝပ်ဆိုသူက

၁၉၇ဝ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်ထုတ် လန်ဒန်ဒေးလီး ဂရပ်(ဖ်)သတင်းစာရန်ကုန်အုပ်စိုးမှုကို ဖြိုချရန် အတွက် မြန်မာသူပုန်များ၏စီမံချက်

အမည်ရှိ ဆောင်းပါးဖြင့် ပြည်ပြေးများကို ကြော်ငြာပေး လိုက်သည်။ အီယင်ဝပ်က ရေးသားရာတွင် ကရင် တိုင်းရင်းသားလူမျိုး၊ နိုင်ငံရေး၊ စစ်ရေး

ခေါင်းဆောင် များ၏ သုံးလကြာ ကွန်ဂရက်က တော်လှန်ရေးအစိုးရ အား ဖြုတ်ချရန် မြန်မာသူပုန်များ(ပြည်ပြေးများ)နှင့် ပူးတွဲလုပ်ဆောင်ကြရန်

တိုက်တွန်းထားကြောင်း၊ ကရင်သူပုန်သည် အင်အားအကြီးဆုံးဖြစ်ကြောင်း၊ မိမိသည် ကရင်သူပုန်နယ်သို့ ပထမဦးဆုံးဝင်ရောက်ခွင့်ရသော သတင်းစာ

ဆရာတစ်ဦးဖြစ်ကြောင်း၊ ထင်ရှားသော ကရင်အမျိုးသား အမျိုးသမီးများသည် အင်္ဂလိပ်ဘာသာ စကားကိုကျွမ်းကျင်ပြီး ဂလက်စ်တုံး၊ စမစ်၊ ကင်း၊ ဖရီးမင်း၊

ဝီလ်ဆင်၊ ဂျော်လီ စသော အင်္ဂလိပ်အမည် များကို လိုလားလက်ခံကြကြောင်း၊ ကရင်ခေါင်းဆောင် တစ်ဦးမှာ အမှတ် ၁၃၆ တပ်ဖွဲ့ (FORCE 136)မှ

ဖြစ်ကြောင်း၊ ကရင်သူပုန်များက ဦးနုကို ယုံကြည် ကြကြောင်း၊ ရေးသားဖော်ပြထားသည်။

မြန်မာပြည်ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ် ကလည်း လန်ဒန်ဒေးလီးတယ်လီဂရမ်(ဖ်) သတင်းစာသို့ ပေးစာတစ်စောင်ပေးပို့ရာ အပြည့် အစုံမှာ အောက်ပါ

အတိုင်းဖြစ်သည်-

ဒေးလီးတယ်လီဂရပ်(ဖ်)(ဧပြီ ၂ဝ၊ ၁၉၇ဝ)

တရုတ်ပြည်သည် ဗမာပြည်ကိုလွယ်ကူစွာ သိမ်းယူနိုင်ခြင်း

ကာနယ်ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်ထံမှ

ခင်ဗျား-

မစ္စတာအီယင်ဝပ်၏ ဧပြီလ ၁၃ ရက်စွဲပါ ဦးဆုံး အစီရင်ခံစာနှင့် မစ္စတာအီယင်ဝပ်၏ ကိုယ်တိုင်အား ထိုတိကျသော အထူးလုပ်ငန်းဆောင်ရွက်ချက်အတွက်

အထူးဝမ်းမြောက်ကြောင်း မေတ္တာစကားပါးလိုသည်။

ဗမာပြည်နယ်နိမိတ်သည် အိန္ဒိယ၊ တရုတ်၊ လာအို နှင့် ယိုးဒယားတို့ကဲ့သို့သော အခြားနိုင်ငံများနှင့် ဆက်စပ်နေသည့်အချက်ကို သတင်းစာဆရာ(သို့မဟုတ်)

သတင်းစာများက အလေးထားဖော်ပြခြင်းမှာ ဤ အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ အကယ်၍သာ တရုတ်ပြည်သည် ရန်ကုန်

သို့ ချီတက်ရန်ဆုံးဖြတ်ပါမူ ယင်းချီတက်မှုကို တားဆီး ရန် အနည်းငယ် သို့မဟုတ် ဘာမျှပင် ရှိလိမ့်မည်မဟုတ်ဟူသော ကြောက်လန့်ဖွယ် အတွေးပင်ဝင်မိပါသည်။

ကျွန်တော်တွက်ဆ၍ ရနိုင်သမျှဆိုပါက နေဝင်း၏ ဗမာပြည်သည် ပုလိပ်နိုင်ငံတစ်ခုသာလျှင် ဖြစ်ရမည် ဖြစ်သည်။ ကျွန်တော်ဘုရင်ခံမင်းကြီးဖြစ်စဉ်က

ကွန်မြူနစ်များ ဟု အထင်အရှားဖြစ်နေသူများ လက်သို့အာဏာနှင့်လုပ်ပိုင်ခွင့်များ လွှဲအပ်ပေးရ ခြင်းကို ကျွန်တော်၏ဆန္ဒနှင့် လွန်စွာဆန့်ကျင်ပြီး

ပြုလုပ်ခဲ့ရသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ မိတ်ဆွေများ ကို အားကိုးရာမဲ့အဖြစ်စွန့်ခွာပြီးထား ခဲ့ကြသည်။

ကရင်လူမျိုးများနှင့် တောင်တန်းသားများက အလုံးစုံအာဏာပိုင်ဝါဒကို စစ်ခင်း ဆန့်ကျင်ခဲ့ကြခြင်း မှာ မောင့်ဘက်တန် သို့မဟုတ် ဝင်းဂိတ် တို့အား

မျက်နှာလိုအားရပြုလုပ်ခဲ့ခြင်းမဟုတ်။ အလျှော့ပေးရန် ဆန့်ကျင်ခဲ့ကြသော ဆီဂရင်း၊ နိုဝဲလ်စတီဗင်ဆင် တို့အား အထူးတလည်ဂုဏ်ပြုခြင်းသာလျှင်ဖြစ်သည်။

ကျွနု်ပ်တွေးပြီး တကယ်အားဖြင့် ကြောက်လန့်နေသည် မှာ အကယ်၍သာ သူတို့ကလိုလားပါက တရုတ် တို့သည် ဗမာပြည်၏ အဓိကအပိုင်းကိုသိမ်းပိုက်ပြီး

ဘင်္ဂလားအော်အတွင်း၌ အခိုင်အမာခြေကုပ်ယူ နိုင်မည့် အရေးပင်ဖြစ်သည်။ ဤသို့ဆိုပါက လွန်စွာ ဆိုးရွားနိုင်ပေသည်။

အာ(ရ်)အိပ်(ခ်ျ)ဒေါ်မန်စမစ်

ဟက်စလမီးယား-ဆာရေး

ဘုရင်ခံဟောင်း ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် သည် တရုတ်ကွန်မြူနစ်အန္တရာယ်ဖြင့် ခြိမ်းခြောက်၍ မြန်မာနိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက် ကြရန်

အနောက်နိုင်ငံများသို့ တိုက်တွန်းလိုက်ခြင်းသာ ဖြစ်သည်။ ထိုစဉ်က အနောက်အုပ်စုနိုင်ငံကြီးများသည် တရုတ်ကွန်မြူနစ်တို့၏အန္တရာယ်ကိုစိုးရိမ်ပြီး အရှေ့

တောင်အာရှဒေသတွင် ဝင်ရောက်စွက်ဖက်နေချိန် ဖြစ်သည်။ အမေရိကန်သည် ဗီယက်နမ်စစ်တွင် ပါဝင် နေပြီး ဆီးတိုးစစ်စာချုပ်အဖွဲ့ကိုလည်း ဖွဲ့စည်းထား

သည်။ ပြည်ပြေးတို့လိုချင်သည်မှာလည်း ပြည်ပ စွက်ဖက်မှုများပင် ဖြစ်နေသည်။ ပြည်တွင်း၌ကား ထူးထူးခြားခြားလုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။ ကရင်

သောင်းကျန်းသူဗိုလ်မြအုပ်စုနှင့် မွန်သောင်းကျန်းသူ နိုင်ရွှေကျင်အုပ်စုကို အောက်ကျို့စည်းရုံးနေရချိန် ဖြစ်သည်။

၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ ၁ ရက် တွင် လန်ဒန် ဒေးလီးမေး(လ်)သတင်းစာ၌ အီယင်ဝပ်ကမြန်မာ နိုင်ငံအာဏာသိမ်းရေးအတွက် သူပုန်အဖွဲ့များ

ပူးပေါင်းမိကြပြီ ဟူသောခေါင်းစဉ်ဖြင့် ပါလီမန် ဒီမိုကရေစီပါတီ၊ ကေအင်န်ယူတပ်ဦးနှင့် မွန်ပြည်သစ် ပါတီတို့ ရန်ကုန်အာဏာရှင်စနစ်ကို ဖြုတ်ချရန်

ပူးပေါင်းသွားကြပြီဟု ရေးသားပြန်သည်။ ရှမ်းနှင့် ကချင်သောင်းကျန်းသူတို့ကလည်း ပူးပေါင်းရန် စဉ်းစားနေကြပြီဟုဆိုသည်။ အစိုးရအတွက်

ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုဖြစ်ပြီး သူပုန်တို့ သည် မြန်မာနိုင်ငံအရှေ့ဘက် တောတောင်များတွင် လေ့ကျင့်ရေးစခန်းများ ထူထောင်ထားကြကြောင်း၊

နည်းပြဆရာများမှာ အမှတ် ၁၃၆ တပ်ဖွဲ့ (FORCE 136) မှဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

၁၉၇ဝ ပြည့်နှစ်၊ ဧပြီလအတွင်း၌ပင် စတာ လင်ဆီးဂရေ့(ဖ်)ဆိုသူက အက်တလန်တစ်ရီဗျူး ဂျာနယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရသည် ရန်ကုန်မှ

မန္တလေးမြောက်ဘက် မိုင်အနည်းငယ်ခန့်သာ ခိုင်ခိုင်မာမာအုပ်ချုပ်နိုင်ကြောင်း၊ တိုင်းပြည်၏ သုံးပုံ နှစ်ပုံရှိ တောတောင်ထူထပ်သောအပိုင်းတွင်

ဒေသန္တရပြောက်ကျားတပ်များ၊ တရုတ်ကွန်မြူနစ် ပြည်သူ့စစ်များ အခြေစိုက်နေကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၏ ကြားနေဝါဒသည် ဆိုးရွားသောအန္တရာယ်

နှင့် ရင်ဆိုင်နေရကြောင်း၊ ဦးနုသည် ဗန်ကောက်သို့ ကျွမ်းကျင်စွာထွက်ပြေးလာနိုင်ပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဆန့်ကျင်ဖြိုချရန် အတိအလင်းကြေညာ

ခဲ့ကြောင်း၊ သူပုန်များသည် မြန်မာပြည်တွင်း၌ စတင် လေ့ကျင့်နေကြပြီဖြစ်ကြောင်း လုပ်ကြံဝါဒဖြန့်ချိ ရေးသားခဲ့သည်။

စတာလင်ဆီးဂရေ့(ဖ်)ဆိုသူမှာ အခြားမဟုတ် ပေ။ မြန်မာပြည်တွင် ငယ်စဉ်ကနေထိုင်ခဲ့ဖူးသူ သတင်း စာဆရာတစ်ဦးဖြစ်သည်။ ဒေါက်တာဂေါ်ဒွန်ဆီး ဂရေ့(ဖ်)

(သေဆုံး)၏သားဖြစ်ပြီး အက်ဒွပ်လောရုံ (ဦးလောရုံ) ၏ သမီးနှင့်အကြောင်းပါရာမှ သားမက် ဖြစ်လာသူပင်တည်း။ ထို့ကြောင့် ပြည်ပြေးများအတွက်

ဝါဒဖြန့်ချိပေးခြင်းမှာ မဆန်းလှပေ။

ဦးလောရုံသည် အီယင်ဝပ်နှင့် စတာလင်ဆီး ဂရေ့(ဖ်)တို့အား ၁၉၇ဝ ပြည့်နှစ်၊ ဧပြီလ ပထမပတ် နှင့် ဒုတိယပတ်တွင် ကေအင်န်ယူတပ်ဦးဌာနချုပ်သို့ ပို့ပေး

ခဲ့သည်။ ထိုစဉ်က ကေအင်န်ယူတပ်ဦးဌာနချုပ် မှာ သောင်ရင်းမြစ်တစ်ဖက်ကမ်း ဘိနတွင် တည်ရှိ သည်။ ဦးလောရုံသည် သားသမက်ဖြစ်သူ ဆီးဂရေ့(ဖ်) နှင့်

ဩစတြေးလျသတင်းထောက် အီယင်ဝပ်တို့ကို လုပ်ကြံ၍ ဝါဒဖြန့်ချိစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဦးနု နှင့် ဦးလောရုံသည် ပြည်ချစ်လူငယ်တပ်ပေါင်းစုကို

အရေးပေါ်ဖန်တီးပြီး ပြည်ချစ်လူငယ်တပ်ပေါင်းစု အသံလွှင့်ဌာနကို ထိုင်းနိုင်ငံမှ နိုင်ငံခြားသားအရင်းရှင် ကြီးများ၏အကူအညီဖြင့် တည်ထောင်ကြပြန်သည်။

ထို့နောက် ဂျပန်မှ အသံလွှင့်စက် သုံးလုံး မှာကြားပြီး ၁၉၇ဝ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီ ၅ဝ မိနစ်မှစ၍ ထိုင်းနိုင်ငံ

ဆူခိုထိုင် (သောက္ကတဲ)မြို့တွင် အခြေချကာ အသံလွှင့်ကြတော့ သည်။

ပြည်ချစ်လူငယ်တပ်ပေါင်းစု အသံလွှင့်ဌာန အတွက် အသံလွှင့်နိုင်ရေးနှင့် နေရာထိုင်ခင်း အဆောက်အအုံတို့ကို စီစဉ်ပေးသူမှာ ဆူခိုထိုင်မှ တစ်သီးပုဂ္ဂလ

လွှတ်တော်အမတ် ဆစ်ရွှေသမ် စွန်လောင်နှင့် ထိုင်းစီအိုင်ဒီမှ ပုလိပ်အရာရှိကြီးများ ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် အသံလွှင့်

အစီအစဉ်ကို သုံးပတ်မျှရပ်နားပြီး မဲဆောက် မှတစ်ဆင့် ဩဂုတ်လကုန်တွင် ဘိနစခန်းသို့ ရွှေ့ပြောင်း ခဲ့ကြသည်။ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်

မှစ၍ အစိုးရဆန့်ကျင်ရေးများကို အသံလွှင့်၍ လှုံ့ဆော်ကြပြန်သည်။ သို့သော် တပ်မတော် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ပတ္တမြားစစ်ဆင်ရေး

ကြောင့် စက်တင်ဘာလ ၂၄ ရက်တွင် အသံလွှင့် လုပ်ငန်းများ ရပ်ဆိုင်းသွားရတော့သည်။ တစ်ခါတစ်ရံ ၌သာ စက်စမ်းရင်း အသံလွှင့်ကြသေး

သော်လည်း ကျယ်ပြန့်သော အသံလွှင့်ဝါဒဖြန့်ချိခြင်းအဖြစ်သို့ ရောက်မလာနိုင်ခဲ့ပေ။

ပြည်ပြေးအသံလွှင့်ဌာနသည် ၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်တွင် ပါလီမန် ဒီမိုကရေစီပါတီ ကရင် အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)နှင့် မွန်ပြည်သစ်

ပါတီတို့ သုံးပါတီပူးပေါင်းပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု ဖွဲ့စည်းတည်ထောင်ရေးအတွက် လက်မှတ်ရေး

ထိုးပြီးကြောင်း ကြေညာခဲ့သည်။

နောက်တစ်နေ့ ၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် သုံးပါတီ၏ ပူးတွဲကြေညာချက်ကို အောက်ပါအတိုင်း အသံလွှင့်

ကြေညာပြန်သည်-

ပါလီမန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ နှင့် ကေအင်န်ယူကရင်အမျိုးသားအစည်းအရုံး များ၏ ပူးတွဲကြေညာချက်

(၁) မဟာဗမာဝါဒီ စစ်အာဏာရှင် ဗိုလ်နေဝင်း ငါ့မင်းငါ့ချင်း အစိုးရဖြုတ်ချရေး၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပြည်သူများ၏ လွတ်လပ်သော၊ တန်းတူသော၊

ဒီမိုကရေစီကျသော၊ တိုးတက်ဖွံ့ဖြိုးသော၊ ငြိမ်းချမ်း သာယာသော ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုသမ္မတ နိုင်ငံတော်သစ်တည်ဆောက်ရေးနှင့် တပ်ပေါင်းစု

ဖွဲ့စည်းရာတွင် တန်းတူသော၊ ဒီမိုကရေစီကျသော၊ အပြန်အလှန်အထောက်အကူပြုသော၊ တပ်ပေါင်းစုမှ နုတ်ထွက်လိုက နုတ်ထွက်နိုင်ခွင့်ရှိသော၊ အပြန်အလှန်

အကြံပေးမှုများရှိသော စည်းရုံးမှုများကို အခြေခံ၍ မြန်မာနိုင်ငံတော်အတွင်းရှိ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ရခိုင် အစရှိသော တိုင်း

ရင်းသားလူမျိုးပေါင်းစုံပါဝင်၍ စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းရန်။

(၂) တပ်ပေါင်းစုသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပြည်သူများကို စည်းရုံး၍ ရှေ့ဆောင်ကာ လက်နက်ကိုင်တိုက်ပွဲကို အဓိကထား၍ ဗိုလ်နေဝင်း အစိုးရကို

ဖြုတ်ချ၍ အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်-

(က) လူမျိုးတစ်မျိုး၏ အရည်အချင်းရှိသော မည်သည့် တိုင်းရင်းသားလူမျိုးမဆို လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ တရား မျှတသော

အကျယ်အဝန်းရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး အခွင့်အာဏာ အပြည့်အဝ ရှိသော ပြည်နယ်များဖွဲ့စည်းပေးရန်။

(ခ) တန်းတူရေးအခြေခံပေါ်တွင် ပြည်နယ် ပေါင်းစုံ ပြည်ထောင်စုသမ္မတနိုင်ငံ တည် ဆောက်ရန်နှင့် ပြဿနာရပ်များကို အကြမ်း မဖက်ဘဲ

ငြိမ်းချမ်းစွာဖြေရှင်းသွားရန်။

(၃) အဖွဲ့သုံးဖွဲ့သည် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တည်းဟူသော ပြည်နယ်သစ် သုံးပြည်နယ် ကို တည်ထောင်ဖွဲ့စည်းရန် သဘောတူကြသည်။

ဤကား ပြည်ပြေးတို့၏ဝါဒဖြန့်ချိချက်များပင် ဖြစ်သည်။ လက်တွေ့ဖြစ်ရပ်များနှင့်ကား များစွာကွာ ခြားနေကြောင်း ဆက်လက်ဖော်ပြသွားမည်ဖြစ်ပေသည်။

သုံးပါတီအစည်းအဝေး[ပြင်ဆင်ရန်]

ဦးနုနှင့် ပြည်ပြေးများ၏ ပါလီမန်ဒီမိုကရေစီ ပါတီ သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အမှတ် ၃၂ ဆွိုင် ၁၈ စုခုမ်းဗစ်တ်လမ်း(SOI,18 sukhumvit) တွင်

ဌာနချုပ်ဖွင့်လှစ်၍ အထင်အရှားအခြေစိုက်လျက်ရှိ သည်။ မန်းဘဇံ က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသော ကေအင်န်ယူတပ်ဦးသည် ဘိနစခန်း

တွင် ဌာနချုပ်ဖွင့် လှစ်ထားသည်။

နိုင်ရွှေကျင်၏ မွန်ပြည်သစ်ပါတီမှာ လူအင်အားမဆိုစလောက်နှင့်သာ လှုပ်ရှားနေရသည်။ ပြည်ပြေးများသည် တစ်ဖက်မှ နိုင်ငံတကာထောက်ခံ မှုရရှိရန်

ဆောင်ရွက်ရင်း ကရင်နှင့် မွန်သောင်းကျန်း သူများ၏ အားပေးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ကြိုးစားခဲ့ကြသည်။ ၁၉၇ဝ ပြည့်နှစ်၊ မေလ ၁၅ ရက်

တွင်ကား ဆွိုင် ၁၈ ဌာနချုပ်တွင် သုံးပါတီ အစည်းအဝေးကို စတင်ကျင်းပနိုင်ကြတော့သည်။ အစည်းအဝေးမှာ မေလ ၂၅ ရက်အထိ ၁ဝ ရက် တိုင်တိုင်

ကြာမြင့်ခဲ့သည်။ ဦးနုတို့လူစုသည် ယိုးဒယား ဝန်ကြီးချုပ်ဟောင်း မာရှယ်ဆွန်ဂရမ်'၏ ဇနီးတစ်ဦး' က ပေးထားသော အဆောက်အအုံတွင်နေထိုင်လျက်

ရှိကြ သည်။ ဦးလောရုံသည် သုံးပါတီအစည်းအဝေးသတင်း အား ဟောင်ကောင်နှင့် ဗန်ကောက်မှသတင်းထောက် များကို ခေါ်ယူ၍ တခမ်းတနားဓာတ်ပုံ

ရိုက်ကူးစေခဲ့ သည်။

သုံးပါတီခေါင်းဆောင်များသည် နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေးဆိုင်ရာများကို မေလ ၂၅ ရက် တွင် လက်မှတ်ရေးထိုးလိုက်ကြသည်။

တိုင်းရင်းသား လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ပေါင်းစုကိုလည်း ဖွဲ့စည်းလိုက်ကြသည်။ တပ်ပေါင်းစုနာယကမှာ ဦးနု ဖြစ်ပြီး ဥက္ကဋ္ဌ မှာ မန်းဘဇံဖြစ်သည်။

နိုင်ရွှေကျင်(ခေါ်) နိုင်ဘလွင်သည် အထွေထွေအတွင်းရေးမှူးဖြစ်သည်။ နိုင်ငံရေးနှင့်စည်းရုံးရေးဆပ်ကော်မတီအတွင်းရေးမှူး မှာ ဗိုလ်လကျာ်ဖြစ်ပြီး ဗိုလ်မြက

စစ်ရေးဆပ်ကော်မတီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ဘဏ္ဍာရေး ဆပ်ကော်မတီအတွင်းရေးမှူးမှာ တီကလစ်ဖြစ် သည်။

ပြည်ပြေးခေါင်းဆောင်များ၊ ကေအင်န်ယူတပ်ဦး ခေါင်းဆောင်များနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင် များသည် သုံးပါတီအစည်းအဝေးတွင် ညီညွတ်ရေးရ

ကြပြီး ပူးပေါင်းကြပါပြီဟုဆိုကာ လက်မှတ်ရေးထိုး၍ ကြေညာချက်ထုတ်ပြန်ခဲ့ကြသော်လည်း စင်စစ်တွင်ကား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ မဟုတ်ပေ။

ပြည်ပြေးများမှာ နိုင်ငံတကာတွင် ထင်ပေါ်လျက်ရှိပြီး ဟိတ်ဟန်ကြီးမားနေသော်လည်း လူသူလက်နက် အင်အား၊ စည်းရုံးရေးအင်အား မည်မည်ရရမရှိလှပေ။

မွန်ပြည်သစ်ပါတီမှာလည်း လူအင်အား အနည်းငယ် သာရှိပြီး ဗိုလ်မြအုပ်စုနှင့် အစေးမကပ်ခြင်းကြောင့် အခြေအနေအရကြည့်၍ ဆက်ဆံနေရသည်။ ဗိုလ်မြ

အုပ်စုမှာလည်း အခြားသောင်းကျန်းသူအဖွဲ့အစည်း များနှင့် ညီညွတ်ရန်မဆိုထားနှင့် ကရင်သောင်းကျန်းသူ အခြားအဖွဲ့အစည်းများနှင့်ပင် ပဋိပက္ခပြင်းထန်စွာ

ဖြစ်ပွားလျက်ရှိသည်။

စင်စစ်သောင်းကျန်းသူ သုံးဖွဲ့စလုံးမှာ အခက်အခဲ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသော ကြောင့် မိမိတို့အတွက် အသက်ရှူ ချောင်လိုချောင်ငြား၊

အခွင့်အရေး ရလိုရငြား ပူးပေါင်းကြခြင်းသာဖြစ်သည်။ ပြည်ပြေးအဖွဲ့သည် ပြည်တွင်းသို့ ပြန်လည်ထိုးဖောက် ဝင်ရောက်ရာတွင် ကရင်နှင့်မွန်သောင်းကျန်းသူ

တို့၏ နယ်မြေများကို အသုံးပြုရန်လိုအပ်နေသကဲ့သို့ ကရင် နှင့်မွန်သောင်းကျန်းသူများမှာလည်း နိုင်ငံတကာတွင် ဝင်ဆံ့နိုင်ရေးအတွက် ပြည်ပြေးအဖွဲ့ကို

ခုတုံးလုပ်ရမည့် အခြေအနေမျိုးတွင် ရောက်ရှိနေပေသည်။ သို့သော် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်စိတ်ချခြင်းကား မရှိကြပေ။ ဦးနုသည်

ဗမာပြည်နယ်ဖွဲ့စည်းရေးအပါအဝင် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးနှင့် မွန်ပြည်နယ် ဖွဲ့စည်းရေးတို့ကို မန်းဘဇံနှင့် နိုင်ရွှေကျင်တို့ အကြိုက်

လိုက်လျော သဘောတူခဲ့ရသည်။ သို့သော် ကရင်ပြည်နယ်တိုးချဲ့ဖော်ထုတ်ရေးနှင့် ခွဲထွက်ခွင့် ပြဋ္ဌာန်းရေးတို့တွင်မူ အငြင်းပွားနေကြသည်။

ကေအင်န်ယူတပ်ဦးက သုံးပါတီတပ်ပေါင်းစုကို မသန့်ရှင်းသော မသူတော်မဟာမိတ်ဖွဲ့မှု (UNHOLY ALLIANCE) ဟုသာ မြင်ထားသည်။

စင်စစ် သုံးပါတီညီညွတ်ရေး လှုပ်ရှားမှုမှာ တစ်ပါတီချင်း၊ တစ်ဖွဲ့ချင်းအတွင်း၌ ကမောက်ကမ မညီမညွတ်ဖြစ်နေကြသည့်အပြင် နိုင်ငံခြားသူလျှိုများ ပါ

ဝင်ရောက်စွက်ဖက်နေသဖြင့် ရှုပ်ထွေးပွေလီနေသော ဖြစ်စဉ်တစ်ခုဟုသာ ဆိုရပေမည်။

နိုင်ငံခြားသူလျှိုများ၊ သို့မဟုတ် ပြည်ပစွက်ဖက်မှု[ပြင်ဆင်ရန်]

ပြည်ပြေးလှုပ်ရှားမှုသည် နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အခြားသောသောင်းကျန်းမှုများ၏ လှုပ်ရှားမှုများထက်ပင် နေ့ချင်းညချင်း ထင်ပေါ်ကျော်

ကြားခဲ့သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ထို့အတူပင် နိုင်ငံခြား စွက်ဖက်မှုများ၊ ပြည်ပ ပယောဂများလည်း ပါဝင်ရှုပ်ထွေးခဲ့ရသည်။ ပြည်ပြေးခေါင်းဆောင်ပိုင်း

တွင် ပင် နိုင်ငံခြားသူလျှိုများ ပါဝင်သည်အထိ ဖြစ်ခဲ့ရသည်။ ပြည်ပြေးလှုပ်ရှားမှုကို အစီအစဉ်တကျကြိုးကိုင်နေသူမှာ နေးရှင်းသတင်းစာ အယ်ဒီတာချုပ်ဟောင်း

ဦးလောရုံဖြစ်သည်။

ဦးလောရုံသည် ပြည်တွင်းမှ ထွက်ပြေးသွားကြသော နိုင်ငံရေးခေါင်းဆောင်ဟောင်းများ ကို စနစ်တကျစုစည်း၍ ဦးနုကို စည်းရုံးကာခေါင်းဆောင်တင်ခဲ့သူ

ဖြစ်သည်။ ဦးလောရုံသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)အတွက် အလုပ် လုပ်ပေးခဲ့သူဖြစ်ကြောင်း ထင်ရှားသည်။

ဦးလောရုံအား အဘ စီအက်စ်တုန် အမိ မြစ်ကြီးနားသူ ရှမ်းအနွယ်ဝင် ဒေါ်စောရွှေ တို့မှ ၁၉၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် ကချင်ပြည်နယ်

ကာမိုင်း မြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က မန္တလေးမြို့စိန်ပီတာ ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၃ဝ ပြည့်နှစ် မှစ၍ မြန်မာပြည်မီးရထားဌာနတွင်

အမှုထမ်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှစစ်တပ်၌ အရာရှိအဖြစ် အမှုထမ်းသည်။ ၁၉၄၄ ခုနှစ်တွင်ကား အမေရိကန် တပ်သို့ ဝင်ရောက်ပြီး

လျှိုဝှက်ထောက်လှမ်းရေး မဟာဗျူဟာအဖွဲ့(အိုအက်စ်အက်စ်)တွင် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးအဆင့်ဖြင့် တာဝန် ယူခဲ့သည်။

၁၉၆၄ ခုနှစ်၊ ၄၇ခုနှစ် တွင် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့ ပို့ဆောင်ရေး အရာရှိချုပ်ဖြစ်လာသည်။

၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် နေးရှင်းအင်္ဂလိပ်သတင်းစာ ထုတ်ဝေသူ နှင့် အယ်ဒီတာချုပ်ဖြစ်လာသည်။

၁၉၆၁ ခုနှစ်တွင် နိုင်ငံသစ်သတင်းစာ ကို ထုတ်ဝေခဲ့ပြန်သည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရ ဆန်စပါးစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်

ဖြစ်ပြီး သတင်းစာနှင့် အနုစာပေ ဆိုင်ရာ ဖိလစ်ပိုင်သမ္မတ မက်ဆေးဆေးဆုကို ရရှိခဲ့ သည်။ သတင်းစာလောကတွင် များစွာလုပ်ကိုင်ခဲ့ပြီး ဩဇာတိက္ကမ

ရှိသူလည်း ဖြစ်သည်။

အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး မဟာဗျူ ဟာဌာန(အိုအက်စ်အက်စ်)သည် စီအိုင်အေအဖွဲ့ကြီး၏ အခြေခံပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက

ဂျပန် တို့၏ လက်ဦးမှုရယူတိုက်ခိုက်ခံရခြင်းမှာ သတင်း ထောက်လှမ်းရေးညံ့ဖျင်း၍ဟုယူဆပြီး ထိုစဉ်က အမေရိကန်သမ္မတရုစဘဲ့က အိုအက်စ်အက်စ်ကို

ထူထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၄၅ ခုနှစ်တွင်မူ သမ္မတ ထရူးမင်းက အိုအက်စ်အက်စ်ကို ဖျက်သိမ်းလိုက်ပြီး အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ ဥပဒေနှင့်

တစ်ဆက်တည်း စီအိုင်အေ အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့သည်။ စီအိုင်အေသည် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် တရားဝင်ပေါ်ပေါက် လာသည်။

စီအိုင်အေအဖွဲ့ကြီးသည် ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေးကို အဓိက ဦးတည်ချက်ထားပြီး နိုင်ငံတကာနိုင်ငံရေးလောကတွင် ဝင်ရောက်လှုပ်ရှားလာရာ ကမ္ဘာတွင်

လူသိများ၍လာသည်။

ဦးလောရုံသည် ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် နေးရှင်းအင်္ဂလိပ်သတင်းစာတိုက်ကို ထူထောင်ပြီး အယ်ဒီတာချုပ်အရေခြုံ၍ သူလျှိုလုပ်ငန်း ကို

စတင်တော့သည်။

ဦးလောရုံသည် စစ်မှုထမ်းအဖြစ် အမှုထမ်းခဲ့သော အင်္ဂလိပ်နှင့် အမေရိကန်နိုင်ငံများ အပေါ်တွင် နည်းမျိုးစုံဖြင့် အကျိုးပြုလာခဲ့သည်။ လွတ်လပ်ခါစနိုင်ငံတော်

အား အနောက်အုပ်စုနိုင်ငံ များက နိုင်ငံရေး၊ စစ်ရေးအကူအညီများ ဗန်းပြ၍ လည်းကောင်း၊ ခြိမ်းခြောက်၍လည်းကောင်း ဩဇာ လွှမ်းမိုးရန် ကြိုးစားနေကြချိန်

တွင် ဦးလောရုံကလည်း တိုးတက်သောသတင်းစာဆရာများအား ဖယ်ရှားပစ် နိုင်ရန် အာရှဖောင်ဒေးရှင်း၊ ဖို့ဒ်ဖောင်ဒေးရှင်းတို့၏ အကူအညီဖြင့်

သတင်းစာကလပ်တစ်ခုတည်ထောင်ရန် ကြိုးပမ်းသေးသည်။ သို့သော် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့် မြန်မာပြည်သတင်းထောက်အသင်း တို့က

ဝိုင်းဝန်းကန့်ကွက်ဆန့်ကျင်ခဲ့သဖြင့် မအောင်မြင် ခဲ့ပေ။

တော်လှန်ရေးအစိုးရတက်လာသောအချိန်တွင် ဦးလောရုံသည် နေးရှင်းသတင်းစာနှင့် နိုင်ငံသစ်သတင်း စာများမှ စောင်းမြောင်းပုတ်ခတ်တော့သည်။

၁၉၆၃ ခုနှစ်တွင် အစိုးရက ဦးလောရုံအား ထိန်းသိမ်းပြီး ၁၉၆၈ ခုနှစ်တွင် ပြန်လွှတ်လိုက်သည်။ ဦးလောရုံသည် ထိုနှစ်ကုန်တွင် အေဒီလမ်းရှိ အမှတ် ၁၄

(အေ) နေအိမ်အား ရုပ်ရှင်မင်းသားဝင်းဦးသို့ ရောင်းချ၍ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုက်သည်။

ဦးလောရုံသည် အေဒီလမ်း၌နေထိုင်ခဲ့စဉ် တစ်လျှောက်လုံး အိမ်နီးနားချင်းများဖြစ်သူ မစ္စတာ ဂျေအက်စ် ဖာနီဗယ်(ပြည်နှင်ဒဏ်ခံရသူ)၊ ပါမောက္ခ

ဒေါက်တာလုစ်တို့နှင့် တောက်လျှောက်အဆက်အသွယ် ရှိခဲ့သူဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် မြန်မာနိုင်ငံသား အဖြစ်မှစွန့်လွှတ်ပြီး အင်္ဂလန်နိုင်ငံသားအဖြစ်ခံယူမည်

ဟုဆိုကာ ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ သည်။ ထိုင်းနိုင်ငံသို့ရောက်ရှိသောအခါ ဗိုလ်ရန်နိုင်တို့ ကဲ့သို့သော ပြည်ပြေးအချို့မှာ ကြိုတင်ရောက်ရှိ

နေကြ ပြီး ဖြစ်သည်။ဦးလောရုံသည် ပြည်ပြေးအဖွဲ့လှုပ်ရှားမှု ပေါ်ပေါက်လာရန်အတွက် အဓိကကြိုးပမ်းသူပင် ဖြစ် သည်။

ဦးလောရုံသည် ပြည်ပြေးများအား စုစည်း၍ တော်လှန်ရေးအစိုးရအား ဖြုတ်ချနိုင်ရန်အတွက် ဦးနု အား ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ ဦးနုသည်

နိုင်ငံရေးဩဇာကြီးမားသည့်အပြင် မြန်မာနိုင်ငံတွင် ၁ဝ နှစ်ခန့် ဝန်ကြီးချုပ်အဖြစ် ခေါင်းဆောင်လုပ်လာသူဖြစ် သည်။ ဘာသာရေးအရ စည်းရုံးခဲ့သောကြောင့်

လည်း ဗုဒ္ဓဘာသာအများစု၏ ထောက်ခံမှု ရရှိနိုင်သည်။ ဦးနုအား ၁၉ဝ၇ ခုနှစ်၊ မေလ ၂၅ ရက်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း

အမိ ဒေါ်စောခင် တို့မှ မွေးဖွားခဲ့သည်။ ရန်ကုန် မြို့မ ကျောင်းမှ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက် သည်။ ၁၉၂၉ ခုနှစ်တွင် ဘီအေအောင်ပြီး

၁၉၃၅ ခုနှစ်တွင် ဘီအယ်လ်အောင်သည်။ ၁၉၃၅-၃၆ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး

၁၉၃၆ ခုနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်ဖြစ်လာသည်။ ဗြိတိသျှအစိုးရက ဦးနုအား ထောင်နှစ်နှစ် ချထားရာ ဂျပန်တပ်များဝင်လာမှ

လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ်တွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးများဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီး

ဗိုလ်ချုပ် အောင်ဆန်းကျဆုံးချိန်တွင် နု- အက်တလီ စာချုပ်ချုပ် ဆိုသည်အထိ ဗိုလ်ချုပ်အောင်ဆန်း၏နေရာကို ဝင်ခဲ့ ရသည်။

လွတ်လပ်ရေးရသောအခါ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာပြီး ဖဆပလဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူသည်။ ၁၉၅၈ ခုနှစ်တွင် သန့်ရှင်းဖဆပလ ကို

ထူထောင်ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ပါတီဟု အမည်ပြောင်းခဲ့သည်။

ဦးနုသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် တွင် ထိန်းသိမ်းခံရပြီး ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် တွင် ပြန်လွတ်လာသည်။

၁၉၆၇ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်တွင် ဦးဓမ္မဓဇဘွဲ့အမည်ဖြင့် ရဟန်းဝတ်သည်။ တရားဟောသည်။ အလှူခံ ထွက်သည်။ ရခိုင်လေဘေးကိုအကြောင်းပြ၍

နေရာ အနှံ့အပြားလှည့်လည် တရားဟောခဲ့သည်။

ဘာသာ ရေးကိုသာ ဆောင်ရွက်ပါတော့မည်ဟု အကြိမ်ကြိမ် ကြေညာသည်။ သို့သော် ဦးလောရုံက အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ခေါ်ယူသွားသောအခါတွင်

ကောက် ကောက်ပါအောင် လိုက်ပါသွားတော့၏။

ပြည်ပြေးအဖွဲ့၏ ခေါင်းဆောင်မှုအပိုင်းတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာလည်း ပါဝင်သည်။ ဗိုလ်စကြာသည် ၁၉၁၆ ခုနှစ်တွင် အဘ ဦးမြသာ၊

အမိ ဒေါ်သန်းတင် တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အစိုးရဆေးကျောင်းတက်ရာမှ တို့ဗမာအစည်းအရုံးဝင် နှင့် ရဲဘော်သုံးကျိပ်ဝင်ဖြစ်လာခဲ့သည်။

ဗမာ့ကာကွယ် ရေးတပ်မတော် ဗိုလ်မှူးကြီး အဖြစ်မှ ၁၉၄၂ ခုနှစ်တွင် ဒုတိယစစ်ဝန်ကြီးဖြစ်လာသည် ၁၉၄၃ -၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံဆိုင်ရာ

မြန်မာစစ်သံမှူးဖြစ်ပြီး ၁၉၄၇ ခုနှစ် တွင် ပါလီမန်အတွင်းဝန်ဖြစ်လာသည်။ ၁၉၅၂ ခုနှစ် တွင် ပါလီမန်အမတ်မှ နုတ်ထွက်ပြီး

ဗမာ့လေကြောင်း ပို့ဆောင်ရေး AIR BURMA နှင့် သီရိစကြာကုမ္ပဏီ ထူထောင်ခဲ့သည်။

အမေရိကန်ရုပ်ရှင်မင်းသား ဂရေဂရီပက်နှင့်တွဲ၍ ခရမ်းရောင်လွင်ပြင်ရုပ်ရှင် ကားတွင် ပါဝင်ခဲ့သော ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း နှင့် လက်ထပ်

ခဲ့သည်။ စောကြာဒိုး သည်လည်း တပ်မတော်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်အထိ တာဝန်ယူခဲ့ဖူးသူ နိုင်ငံရေးအစဉ်အလာရှိသူ ကရင်အမျိုးသား

ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ညောင်ရွှေမဟာဒေဝီ စဝ်ဟိန်ခမ်း သည်လည်း သိန္နီမြောက်ပိုင်း စော်ဘွား ကြီး၏သမီး၊ လွတ်လပ်ရေးရပြီးနောက်

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်(ကွယ်လွန်)၏ ဇနီး ဖြစ်ပြီး ပြည်သူ့လွှတ်တော်အမျိုးသမီးအမတ် ဖြစ်ခဲ့သူပင်ဖြစ်သည်။

တီကလစ် သည်လည်း ၁၉၆၃ ခုနှစ် အထိ တပ်မတော်တွင် လေတပ်ဦးစီးချုပ် (ဗိုလ်မှူးချုပ်)အဆင့်အထိ တာဝန်ယူခဲ့ပြီး နိုင်ငံတကာ

အတွေ့အကြုံရှိသူပင်ဖြစ်သည်။ ဗိုလ်ရန်နိုင် သည်လည်း ရဲဘော်သုံးကျိပ်ဝင်ဖြစ်ပြီး ဒေါက်တာဘမော်၏သမီး သဉ္ဇာမော်နှင့် လက်ထပ်ခဲ့သည်။

ဗိုလ်လကျာ် သည် လည်း ကာကွယ်ရေးဝန်ကြီးအထိ ဆောင်ရွက်ခဲ့ဖူးသူ ပင်ဖြစ်သည်။ ဦးသွင်နှင့်ဦးဝင်းတို့သည်လည်း ဝန်ကြီး ဟောင်းများပင်ဖြစ်သည်။

ထို့ကြောင့် ပြည်ပြေးခေါင်း ဆောင်များမှာ နိုင်ငံရေးအစဉ်အလာရှိသူ၊ ဩဇာတိက္ကမ ကြီးမားသူများပင် ဖြစ်သည်။

ဖော်ပြပါ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှုကိုယူ၍ တော်လှန်ရေးအစိုးရအား ဖြုတ်ချပါက ပြည်သူလူထု၏ ထောက်ခံမှုရလိမ့်မည်၊

လွယ်ကူစွာအောင်မြင်လိမ့်မည်ဟု နိုင်ငံခြားသူလျှိုများ က ထင်မြင်ယူဆခဲ့ပုံရသည်။ သို့သော် ပြည်ပြေး ခေါင်းဆောင်များမှာ မြန်မာနိုင်ငံ၏ မျက်မှောက်နိုင်ငံ

ရေးသမိုင်းတစ်လျှောက်အတွင်း ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲဖြင့် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ခဲ့ကြဖူးသူများ ဖြစ်သည်ကို မူကား ဦးလောရုံ၏ဆရာများ သတိပြုမိကြဟန်

မတူခဲ့ ပေ။

ပြည်ပြေးအဖွဲ့၏ခေါင်းဆောင်ပိုင်းမှာ နိုင်ငံရေး အစဉ်အလာရှိသူ ခေါင်းဆောင်ဟောင်းများ ဖြစ်နေ သကဲ့သို့ ပြည်ပြေးအဖွဲ့၏ နိုင်ငံခြားဆက်သွယ်ရေးနှင့်

ဝါဒဖြန့်ချိရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသူ များမှာလည်း နိုင်ငံခြားအဖွဲ့အစည်းများမှ သူလျှိုများ ပင်ဖြစ်သည်။ ဖဆပလအစိုးရ ဒုတိယဝန်ကြီးချုပ်

ဦးကျော်ငြိမ်း၏ အပါးတော်မြဲဖြစ်ခဲ့သူ သုဝေ သည် ၁၉၆၅ ခုနှစ် တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး ဗိုလ်ရန်နိုင် အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ပြည်ပြေးလှုပ်ရှားမှု

ထင်ရှားလာချိန်တွင် သုဝေသည် ဗန်ကောက် ဝေါလ်ဒ် သတင်းစာတိုက်တွင် အလုပ်လုပ်ရင်း နိုင်ငံခြားသူလျှိုအဖွဲ့အစည်းတစ်ခု၏ အထောက်တော်

ဖြစ်နေလေပြီ။ဘီဘီစီ ထွေးမြင့် သည် အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ရုံးအုပ် အဖြစ် အမှုထမ်းနေရာမှ ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်

လန်ဒန်သို့ တိတ်တဆိတ်ထွက်ပြေးပြီး ဘီဘီစီ အသံလွှင့်ဌာနတွင် အမှုထမ်းခဲ့သည်။ ထို့နောက် နိုင်ငံခြားလျှို့ဝှက်အဖွဲ့အစည်းတစ်ခု၏ အထောက် တော်အဖြစ်

ပြည်ပြေးအဖွဲ့ထဲသို့ ဝင်ရောက်လာသည်။ မြဝတီမဂ္ဂဇင်းလက်ထောက်စာတည်းဟောင်း ရဲခေါင် သည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့်

ပြည်ပကိုထွက်ပြေးသွားရသူဖြစ်သည်။ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် တွင် ပထမဝန်ကြီးဟောင်း ဦးဝင်း ခေါင်းဆောင်သော ၁၁ ဦး ပြည်ပသို့ထွက်ပြေး

ခဲ့ရာ ဦးဝင်း၏သား တင်မောင်ဝင်းနှင့် ချွေးမ ဘေဘီ တို့လည်း ပါသွားကြသည်။ သုဝေ၊ ထွေးမြင့်၊ ရဲခေါင် နှင့် တင်မောင်ဝင်း တို့သည် ဦးလောရုံ၏

အစီအစဉ်အရ အသံလွှင့်၍ ဝါဒဖြန့်ချိကြရသူများဖြစ်သည်။

ပြည်ပြေးအဖွဲ့၏လှုပ်ရှားမှုတွင် အဓိကကြိုးကိုင်သူ မှာ စီအိုင်အေ သူလျှိုကိုယ်စားလှယ် ဦးလောရုံဖြစ် ကြောင်း၊ ပြည်ပြေးခေါင်းဆောင်ပိုင်းနှင့် အရေးပါသော

နေရာများတွင် သူလျှိုများဝင်ရောက်လှုပ်ရှားနေကြောင်း၊ ဦးနုနှင့် ပြည်ပြေးခေါင်းဆောင်များသည် နိုင်ငံခြား အရင်းရှင်ကြီးများထံမှ အကူအညီရသည်သာမကဘဲ

အမေရိကန်ဦးဆောင်သော ဆီးတိုးစစ်အုပ်စုထံမှ အကူ အညီများရရှိနေကြောင်းများနှင့် ထိုင်းအစိုးရက ငြင်း ဆန်သော်လည်း ထိုင်းနိုင်ငံရေးသမားအချို့နှင့်

ပုလိပ်အာဏာပိုင်အချို့က ပြည်ပြေးများအား လိုအပ် သည်များကူညီနေကြောင်းတို့မှာ ကမ္ဘာတွင် ထင်ရှား သည်ထက် ထင်ရှားလာသည်။ ပြည်ပြေးများအား

ဦးလောရုံ၏သားမက်ဖြစ်သူ စတာလင်ဆီးဂရေ့ဖ်(နမ်းခမ်းဆေးရုံအုပ်ကြီးဂေါ်ဒွန်ဆီးဂရေ့ဖ်၏သား အမေရိ ကန်လူမျိုး)က သတင်းဆောင်းပါးများဖြင့် ကြော်ငြာ

ပေးရုံသာမကဘဲ ဆီးကရေ့ဖ်၏ဇနီး (ဦးလောရုံ၏သမီး) ဝင်ဒီဆီးဂရေ့ဖ်ကလည်း ဝင်းလင်းရောင်အမည်ဖြင့် ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၆ ရက်ထုတ်

ဗန်ကောက်မဂ္ဂဇင်းတွင် မေ့ပျောက်နေသော ဒိုမီနို ဖဲချပ်ဗမာပြည် (Burma; The Forgotten Domino ) ဆောင်းပါးကိုရေးသား၍ ပြည်ပြေးများအား

သိဒ္ဓိတင်ခဲ့ပြန်သည်။

ဝင်ဒီဆီးဂရေ့ဖ်သည် မြန်မာနိုင်ငံအား တရုတ် ကွန်မြူနစ်များက ကျူးကျော်နေပြီဖြစ်ကြောင်း လိမ်ညာ သတင်းလွှင့်၍ ကွန်မြူနစ်ဆန့်ကျင်ရေးအုပ်စုများက

ပြည်ပြေးတို့အား ကူညီလာစေရန် ဆွဲဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းကို တရုတ်တပ်များက သိမ်းပိုက်ထားသယောင်ယောင်ပင် အောက်ပါ

အတိုင်း လုပ်ကြံရေးသားခဲ့သည်။

ကမ္ဘာက တောင်ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့အား အာရုံပြုနေကြလင့်ကစား ဗမာ ပြည်တွင်းစစ်ရေးဖြစ်ပေါ်မှုများ မဖုံးကွယ်နိုင်လောက်

အောင်ဆိုးရွား၍နေပေသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ လာအိုနှင့် ယိုးဒယားအစိုးရအာဏာပိုင်အသီးသီး ကလည်း သတိရှိစွာဖြင့် စောင့်ကြည့်နေကြသည်။

ယခင်လများအတွင်းက ဗမာပြည်အရှေ့မြောက်ပိုင်း ဒေသများကို တိတ်တဆိတ်စိုးမိုးထားရာတွင် တိဗက်၊ ကိုရီးယားအရေးပြီးသည့်နောက်တွင်

တရုတ်နီတပ်များ အများအပြားကို အသုံးပြုခြင်းမှာ ပထမအကြိမ်ဟု ဆိုရပေမည်။

ပြည်ပြေးအသိုင်းအဝိုင်းတွင် ဗန်ကောက်ဝေါလ်ဒ် သတင်းစာ အယ်ဒီတာတစ်ဦးဖြစ်သူ အမျိုးသားသစ္စာ ဖောက် မရန်ဂျာလာလည်း ပါဝင်သည်။

မရန်ဂျာလာ သည် ဟူးကောင်းတောင်ကြား တိန်ကောက်ရွာ ဒူဝါ စွန်ဖုန်း၏သား ကချင်အမျိုးသားဖြစ်သည်။ နေးရှင်း သတင်းစာတွင် ဦးလောရုံ၏

လက်ထောက်အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းတွင် လက်ထောက် အရာရှိအဖြစ်

လုပ်ကိုင်ရာမှ ၁၉၆၅ ခုနှစ်တွင် ထိုင်း သို့ ထွက်ပြေးသွားသူဖြစ်သည်။ ထိုင်းတွင် တီကလစ် ၏ တွန်မီတိုးရစ်အေဂျင်စီ(Tommie tourist agency)

လုပ်ကိုင်နေစဉ် ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ကေအိုင်အေသောင်းကျန်းသူများ အတွက် လက်နက်များကို ဗန်ကောက်မြို့

ဒုံးမွန်း လေဆိပ် မှ မြို့တွင်းသို့သယ်ဆောင်လာစဉ် ထိုင်း ရဲဘက်မှ ဖမ်းဆီးမိပြီး ထောင်နှစ်နှစ်ကျခဲ့ရသည်။ ထောင်မှလွတ်လာသောအခါ

၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လတွင် ဗန်ကောက်ဝေါလ်ဒ်(Bangkok World) သတင်းစာတွင် ဝင်လုပ်သည်။ ဦးလောရုံ၏တပည့် လက်ရင်း သူလျှိုတစ်ဦးပင်

ဖြစ်သည်။

၁၉၇ဝ ပြည့်နှစ်၊ ဩဂုတ်လ ၂ဝ ရက်တွင် ဟောင်ကောင်မြို့ထုတ် ဖားအီစတန်အီကောနောမစ်ရီ ဗျူးဂျာနယ်တွင် ဒါရက်ဒေးဗိစ်(Derek Davies)

ဆိုသူက မြန်မာနိုင်ငံချိန်ခွင်လျှာ အလေးသာစေပြီ (Burma; Tilting The Scales)ဆောင်းပါးနှင့် ဂျိမ်းစ် ဒေါ်လတန် (James Dalton) ဆိုသူက

တောတွင်းက သူငယ်နပ်စားများ (Babies In The Wood) ဆောင်းပါးများရေး၍ ပြည်ပြေးများကို ကြော်ငြာပေး ကြပြန်သည်။ ယင်းဆောင်းပါးများမှာ

ဦးလောရုံ၏ အစီအစဉ်ပင်ဖြစ်ပြီး ထုံးစံအတိုင်း မြန်မာနိုင်ငံသည် တရုတ်နီကျူးကျော်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တော်လှန်ရေးအစိုးရ အကျပ်အတည်းနှင့်

ရင်ဆိုင်နေရ ကြောင်းဖော်ပြပြီး ဦးနု၏ ပါလီမန်ဒီမိုကရေစီပြန်လည် အသက်သွင်းရေးကိုသာ အမွှမ်းတင်ထားကြသည်။ စင်စစ်အရှေ့ဖျားစီးပွားရေးဂျာနယ်

သည် စီအိုင်အေနှင့် အရင်းရှင်ကြီးများ၏ ကျောထောက်နောက်ခံဂျာနယ် တစ်ခုသာဖြစ်သည်။

ဦးနုအား တောက်လျှောက် အကူအညီပေးနေ သော နိုင်ငံခြားသားများတွင် တစ်ချိန်က ပြည်တော်သာ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သော ကေတီအေ

(Knappen Tippets Abbet Engineering Company) တွင် ပါဝင်ခဲ့ဖူးသူ ရောဘတ်အာရ်နာသန် အဆိုစ် ယိတ်စ် အင်ကော်ပိုရေတက်

(Robert R.Nathan Associates Inc)မှ ရောဘတ်နာသန်(Robert Na-than)နှင့် ဦးနု၏ ပြည်တော်သာစီမံကိန်း စီးပွားရေး အရာရှိဖြစ်ခဲ့ဖူးသူ

လူးဝစ်ဂျေဝေါ်လင်စကီး ( Louis J.Wallinsky ) တို့လည်း အဓိကပါဝင်ခဲ့ကြသည်။ ၁၉၆၉ ခုနှစ်က ဦးနုလန်ဒန်မှ နယူးယောက်သို့ ရောက်ရှိလာစဉ်တွင်

ရောဘတ်နာသန်နှင့် ဝေါ်လင် စကီးတို့သည် ဦးနုအား လာရောက်တွေ့ဆုံကြသည်။ ထို့နောက် ဦးနုအား အမေရိကန်မှ လိုအပ်သူများနှင့် တွေ့ဆုံနိုင်ရန်

စီစဉ်ပေးခဲ့ကြသည်။ ဦးနုသည် ဝေါ်လင် စကီး၏စီစဉ်ပေးမှုဖြင့် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ တွင် ဦးနုလိုလားသူ နိုင်ငံခြားသားများ၊ မြန်မာများ၊

သတင်းထောက်များနှင့် တွေ့ခွင့်ရခဲ့သည်။ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင်လည်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှ ပုဂ္ဂိုလ်အချို့နှင့်

သီးသန့်တွေ့ဆုံညှိနှိုင်းခွင့်ရခဲ့သည်။

၁၉၇ဝ ပြည့်နှစ်၊ ဧပြီလ တွင် ရောဘတ်နာသန် သည် ဗန်ကောက်သို့ရောက်ရှိလာပြီး ဦးနုနှင့်တွေ့ဆုံခဲ့ သည်။ ရောဘတ်နာသန်သည် အမေရိကန်သို့ ပြန်သွား

ပြီးနောက် ဝေါ်လင်စကီး ဗန်ကောက်သို့ရောက်ရှိ လာကာ ဦးနုအတွက် လတ်တလောရပ်တည်ရေး လှုပ်ရှားမှုဆိုင်ရာများကိုပါ အကြံပေးဆောင်ရွက်ခဲ့ ပြန်သည်။

ပြည်ပြေးလှုပ်ရှားမှုတစ်ခုလုံးမှာသူလျှိုများ၊ ပြည်ပစွက်ဖက်မှုများဖြင့်သာ ရောပြွမ်း၍နေခဲ့သည်။ အာဏာရူးသူများက မည်သူ့ထံမှ အကူအညီကိုမဆို ယူပါမည်ဟု

မျက်နှာပြောင်တိုက်၍ ကြေညာသည်နှင့် ပြည်ပစွက်ဖက်မှုများမှာ အလုအယက်ပေါ်ပေါက်လာ သည်။ စီးပွားရေးသမားများကလည်း ကွန်မြူနစ်

အန္တရာယ်ဖြင့်ခြိမ်းခြောက်၍ နိုင်ငံကြီးများပါဝင်လာရန် လက်ယပ်ခေါ်ကြသည်။ သို့သော် ပြည်ပြေးများ ကိုယ်တိုင်မှာမူကား ဟိတ်ဟန်ကြီးမားသယောင်ရှိ

သော်လည်း ထိရောက်သော နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတစ်စုံတစ်ရာကိုမျှ ပြုလုပ်နိုင်ကြစွမ်း မရှိ သေးပေ။

ကရင်သောင်းကျန်းသူများ၏အခြေအနေ(၁၉၆၉- ၁၉၇ဝ)[ပြင်ဆင်ရန်]

ဦးနုတို့လူစုသည် တော်လှန်ရေးအစိုးရအား အကြမ်းဖက်တိုက်ခိုက်ဖြုတ်ချ၍ နိုင်ငံတော်အာဏာ ပြန်လည်ရယူရေးကို ကြိုးပမ်းကြရာတွင် အဓိက အားဖြင့်

ပြည်ပအရင်းရှင်နိုင်ငံများကို အားကိုးကြ သည်။ ထိုစဉ်က အနောက်အုပ်စုနိုင်ငံကြီး များသည် တရုတ်နီ၊ မြောက်ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယား

(ယခု ကမ်ပူးချား)နိုင်ငံများမှတစ်ဆင့် ကွန်မြူနစ်များ အရှေ့တောင်အာရှဒေသကို လွှမ်းမိုးသွားမည့် အန္တရာယ်ကို များစွာစိုးရိမ်နေကြသည်။

အမေရိကန် သည် ထိုင်းနိုင်ငံကဲ့သို့သော မဟာမိတ်နိုင်ငံများ ကျဆုံး သွားမည်ကို စိုးရိမ်သဖြင့် ဆီးတိုးစစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းထားရသည်။

ဗီယက်နမ်၊ လောနှင့် ကမ္ဘောဒီးယား ဟူသော အင်ဒိုချိုင်းနားဒေသတွင် အမေရိကန် စစ်တပ်သည် ကွန်မြူနစ်များနှင့် တိုက်ခိုက်နေရသည်။ ထိုင်းနိုင်ငံတွင်

အမေရိကန်တပ်များ ချထားရသည်။ ထိုအချိန်တွင် ပြည်ပြေးများသည် တရုတ်ကွန်မြူနစ် အန္တရာယ်ဖြင့် ခြိမ်းခြောက်ခြင်း၊ အနောက်အုပ်စု အကြိုက် ပါလီမန်

ဒီမိုကရေစီစနစ် ပြန်လည်အသက် သွင်းရေးကို ဗန်းပြခြင်းတို့ဖြင့် ပြည်ပစွက်ဖက်မှုများ ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေးအစိုးရ သည် နိုင်ငံအား

မထိန်းသိမ်းနိုင်တော့သဖြင့် တစ်ပြည်လုံးဆူပူနေကြောင်း၊ တရုတ်တပ်များကို ကာကွယ်နိုင်တော့မည်မဟုတ်ကြောင်းဖြင့်လည်း အကြိမ်ကြိမ် အထပ်ထပ်

ဝါဒဖြန့်ခဲ့ကြရသည်။

ပြည်ပြေးများသည် လက်နက်နှင့်ငွေကြေးရရှိရေး အတွက် ပြင်ပကို အဓိကအားကိုးခဲ့ကြသကဲ့သို့ ပြည်တွင်း လူအင်အားနှင့် စစ်ရေးလှုပ်ရှားမှုအတွက် ပဏာမအား

ဖြင့် ကရင်သောင်းကျန်းသူများကို အားကိုးခဲ့ကြသည်။ အီယင်ဝပ်နှင့် ဆာဒေါ်မန်စမစ်တို့ကလည်း ကရင် သောင်းကျန်းသူများသည် အင်အားအကြီးဆုံးဖြစ်

ကြောင်းဖြင့် အမွှမ်းတင်ပေးခဲ့ကြသည်။ သို့သော် ပြည်ပြေးများအားကိုးသည့် ကရင်သောင်းကျန်းသူများ မှာ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်များအတွင်းကကဲ့သို့

မြန်မာနိုင်ငံရှိမြို့ကြီးများကို သိမ်းပိုက်ထားနိုင်သော အင်အားစုများ မဟုတ်ကြတော့ပေ။ ကရင်သောင်းကျန်း သူများသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေကြပြီဖြစ်

သည်။ စောဟန်တာသာမွှေး၏ ကေအာရ်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်အရ အလင်းဝင်သွားပြီဖြစ်သည်။ ကေအင်န်ယူပါတီသည်

ကွန်မြူနစ်ဝါဒကိုလက်ခံပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းနေပြီဖြစ်သည်။ မန်းဘဇံ၏ကေအင်န်ယူ တပ်ဦးသာလျှင် ပြည်ပြေးအဖွဲ့နှင့် လတ်တလော

ပူးပေါင်းမိနေခြင်း ဖြစ်သည်။

ကရင်သောင်းကျန်းသူများအတွင်း ကွန်မြူနစ်ဝါဒ ဝင်ရောက်လာသည်မှ အစပြု၍ အုပ်စုများကွဲခဲ့ ကြောင်းကို တင်ပြခဲ့ပြီးလေပြီ။ ၁၉၅၉ ခုနှစ် ကေအင်န်ယူပါတီ

ပထမအကြိမ် ပါတီညီလာခံအပြီးတွင် ကရင် သောင်းကျန်းသူများသည် ကေအင်န်ယူပါတီ၊ ကေအာရ်စီ၊ ကေအင်န်ယူနှင့် ကေပီအယ်လ်အေ ဟူ၍

အုပ်စုကြီးလေးခုအထိပင် ကွဲပြားသွားခဲ့ရပြီး လက်ဝဲလက်ယာပဋိပက္ခသည်လည်း အတိအလင်း ပေါ်ပေါက်လာခဲ့ရသည်။ ၁၉၆၄ ခုနှစ်၊ ဧပြီလတွင်

စောဟန်တာသာမွှေး၏ ကေအာရ်စီ အလင်းဝင်ပြီး နောက် ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်တွင် ဗိုလ်မြအုပ်စုသည် ကေအင်န်ယူပါတီ၏ ဦးဆောင်မှု

အောက်မှခွဲထွက်သွားပြန်သည်။ ထို့နောက် ကရင် သောင်းကျန်းသူများတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းသော ကျော်မြသန်းအုပ်စု(ကေအင်န်ယူပီ)

နှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီ ဗိုလ်မြအုပ်စု (ကေအင်န်အယ်လ်စီ) ဟူ၍ အဓိကအားဖြင့် ကွဲပြားလာ သည်။ ကွန်မြူနစ်များနှင့် လုံးဝပူးပေါင်းခြင်းထက်

မဟာမိတ်အဖြစ်သာ ဆက်ဆံလိုသော မန်းဘဇံသည် ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်တွင် ကေအင်န်ယူပီမှခွဲထွက်ပြီး ဗိုလ်မြအုပ်စုနှင့် သွားရောက်

ပူးပေါင်းခဲ့သည်။ ကရင်သောင်းကျန်းသူ အင်အားစုကြီး နှစ်ရပ်သည် ပြန်လည်ညီညွတ်ကြရန် စေ့စပ်ဆွေးနွေး ကြရင်းမှ ရွှေကျင်၊ ကျောက်ကြီးနယ်မြေများတွင်

နယ်မြေလုကြရင်း တိုက်ပွဲများဖြစ်ပွားလာသည်။ မန်းဘဇံနှင့် ဗိုလ်မြကလည်း ပဲခူးရိုးမတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့်အတူ အခြေချနေသော

ကေအင်န်ယူပါတီ ဗဟိုနှင့် စင်ပြိုင် ကေအင်န်ယူကြားဖြတ်ဗဟို ကို ထူထောင်ထားခဲ့ကြသည်။

ကေအင်န်ယူကြားဖြတ်ဗဟိုသည် ၁၉၆၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ရခိုင်လွတ်မြောက်ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သဘောတူညီချက်များ

ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်းတို့ကို တင်ပြခဲ့ပြီးပေပြီ။

၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ တွင် ကေအင်န်ယူ ကြားဖြတ်ဗဟို (မန်းဘဇံအုပ်စု)သည် ကေအင်န်ယူ လမ်းစဉ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တို့ကို

ယှဉ်ပြသောဝါဒဖြန့်စာရွက်စာတမ်းများကို ကျေးရွာ များတွင် ဝေငှခဲ့သည်။ ယင်းစာရွက်စာတမ်းများတွင် တော်လှန်ရေးအစိုးရအား မဟာဗမာ လူမျိုးကြီးဝါဒ

ကျင့်သုံးသူ၊ သာသနာပြုကျောင်းများကို ပြည်သူပိုင် သိမ်းယူသူ၊ လွတ်လပ်ခွင့်များကို ပိတ်ပင်သူအဖြစ် ရှုတ်ချပြီး ဖက်ဒရယ်ပြည်ထောင်စုပုံစံ ကို

ပြန်လည်ဖော်ထုတ်ထားသည်။

၁၉၆၉ ခုနှစ် အကုန်ပိုင်းတွင်ကား ကေအင်န်ယူ ကြားဖြတ်ဗဟိုသည် ကေအင်န်ယူတပ်ဦး (KNUF) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ လက်အောက်ခံ

တပ်များကိုလည်း ကေအင်န်အယ်လ်အေ(KNLA) အဖြစ်ဖွဲ့စည်းလိုက်သည်။ ကေအင်န်အယ်လ် ဦးစီးဌာန ချုပ် (G.H.Q)အောက်တွင် တပ်မနှစ်ခုဖွဲ့စည်းရန်

ရည်ရွယ်ပြီး ကရင်ပြည်နယ်(ခေါ်)အရှေ့တိုင်းအတွက် တပ်မတစ်ခုနှင့် ကေအင်န်ယူပါတီ ကြီးစိုးနေသော မြစ်ဝကျွန်းပေါ်တွင် တပ်မတစ်ခုဖွဲ့စည်းရန်လျာထား

လိုက်သည်။ တပ်ခွဲနှစ်ခွဲကို တပ်ရင်းတစ်ရင်း၊ တပ်ရင်း နှစ်ရင်းကို တပ်မဟာတစ်ခုသတ်မှတ်ပြီး တပ်မ (၁) အောက်တွင် တပ်မဟာ (၅)ခု ဖွဲ့စည်းလိုက်သည်။

တပ်မဟာ(၁)သည် သထုံနယ်မြေ၊ တပ်မဟာ(၂) သည် သံတောင်နယ်မြေ၊ တပ်မဟာ (၃)သည် ရွှေကျင်ကျောက်ကြီးနယ်မြေ၊ တပ်မဟာ(၆)သည်

ကော့ကရိတ် ကြာအင်းဆိပ်ကြီးနှင့် ထားဝယ် နယ်မြေ၊ တပ်မဟာ(၇)သည် ဖာပွန်၊ လှိုင်းဘွဲ့နှင့် ကော့ကရိတ်နယ်မြေများကို အသီးသီးတာဝန်ယူ

ကြမည်ဖြစ်ပြီး တပ်မ(၁)ဌာနချုပ်ကို မဲသဝေါ (ကြူအိပ်ခ်ျ-၅၈၂၉) တွင် ဖွင့်လှစ်သည်။ တပ်မ(၁) တပ်မမှူးမှာ ဗိုလ်မြ ဖြစ်သည်။ ကေအင်န်အယ်လ်အေ ကို

အထောက်အကူပြုမည့် ကေအင်န်ဒီအို (KNDO) ကိုလည်း ပြန်လည်ဖော်ထုတ်ကြသည်။

ကေအင်န်ယူတပ်ဦးတွင် ဥက္ကဋ္ဌ မှာ မန်းဘဇံ ဖြစ်သော်လည်း တကယ်တမ်း အာဏာကို ထိန်းချုပ်ထား သူမှာ ဗိုလ်မြဖြစ်သည်။ မန်းဘဇံသည် အစဉ်အလာရှိ သူ

တစ်ဦးဖြစ်သောကြောင့် ဥက္ကဋ္ဌ တာဝန်ယူရသူဖြစ် သည်။ ထို့ကြောင့် ဗိုလ်မြသည် ကေအင်န်အယ်လ်အေ နှင့် ကေအင်န်ဒီအိုအတွက် အောက်ပါမူများကို ချမှတ်

စေခဲ့သည်။

(က) ကေအင်န်အယ်လ်အေအတွက် မူ(၅)ချက်

(၁) တပ်စိတ်ချေမှုန်းရေးမှ တပ်စုချေမှုန်းရေး။

(၂) ရဲချေမှုန်းရေးမှ တပ်ချေမှုန်းရေး၊ တပ်ညံ့ ချေမှုန်းရေးမှ တပ်မာချေမှုန်းရေး။

(၃) သာမန်လှုပ်ရှားနေသောဒေသတွင် အုပ်ချုပ် ရေးတပ်များချေမှုန်းရေးမှ တပ်မကြီးတပ်များ ချေမှုန်းရေး။

(၄) သာမန်လှုပ်ရှားနေသော ဒေသအုပ်ချုပ်ရေး တပ်များချေမှုန်းရေးမှ ထိုးစစ်ဆင်နေသော တပ်များချေမှုန်းရေး။

(ခ)ကေအင်န်ဒီအိုတပ်ဖွဲ့၏အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်ပုံ

(၁) ကေအင်န်ဒီအိုတပ်ဖွဲ့များသည် ဗဟို ကေအင်န်ဒီအိုဌာနလက်အောက်တွင်ရှိပြီး လိုအပ်သောညွှန်ကြားချက်လုပ်ငန်းများကို ဆင့်ကဲအောက်ခြေအဖွဲ့အထိ

ညွှန်ကြားသွား မည်။

(၂) ခရိုင် ကေအင်န်ဒီအို တာဝန်ခံနှင့်မြို့နယ် ကေအင်န်ဒီအိုတာဝန်ခံများကို သက်ဆိုင်ရာ နှင့် မြို့နယ်ကေအင်န်ယူအစည်းအရုံးမှ ရွေးချယ်တာဝန်ပေးအပ်၍

ကေအင်န်ဒီအို ဌာန၏အလုပ်ဝတ္တရားများကို ဆောင်ရွက် စေမည်။

(၃) မြို့နယ် ကေအင်န်ဒီအိုတာဝန်ခံသည် မြို့နယ် အတွင်းရှိ အချိန်ပြည့်ကေအင်န်ဒီအိုတပ်ဖွဲ့နှင့် ကျေးရွာတိုင်းရှိ ကေအင်န်ဒီအိုအဖွဲ့များကို

စနစ်တကျဖော်ထုတ်ဖွဲ့စည်းပြီး ကွပ်ကဲ အုပ်ချုပ်သွားရမည်။

(၄) ခရိုင်ကေအင်န်ဒီအိုတာဝန်ခံသည် ခရိုင် အတွင်းရှိ အချိန်ပြည့် ကေအင်န်ဒီအိုတာဝန်ခံ များနှင့် အချိန်ပိုင်းကေအင်န်ဒီအိုတပ်ဖွဲ့များ ကို

စနစ်တကျဖော်ထုတ်ဖွဲ့စည်းပြီး အုပ်ချုပ် ကွပ်ကဲသွားရမည်။

(၅) ခရိုင်နှင့်မြို့နယ် ကေအင်န်ဒီအိုတာဝန်ခံများ သည် ခရိုင်၊ မြို့နယ်ကေအင်န်ယူ အစည်းအရုံး ၏ အလုပ်အမှုဆောင်များဖြစ်ကြရမည်။

(၆) ခရိုင်၊ မြို့နယ်၊ ကျေးရွာကေအင်န်ဒီအို တာဝန်ခံများနှင့်တပ်ဖွဲ့များသည် သက်ဆိုင် ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာကေအင်န်ယူ အစည်းအရုံး၏

အုပ်ချုပ်ကွပ်ကဲမှုအောက် တွင်ရှိပြီး ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်း ဆောင်ကြရမည်။

(၇) ဗဟိုကေအင်န်ဒီအိုတာဝန်ခံသည် ကေအင်န်အယ်လ်အေ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဖြစ်ရ မည်။ တိုင်း ကေအင်န်ဒီအိုတာဝန်ခံသည် ကေအင်န်အယ်လ်အေ

ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူဖြစ်ရမည်။ ခရိုင် ကေအင်န်ဒီအို တာဝန်ခံသည် ကေအင်န်အယ်လ်အေ၏ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ရမည်။ မြို့နယ် ကေအင်န်ဒီအို

တာဝန်ခံသည် ကေအင်န် အယ်လ်အေ၏ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ရ မည်။ ကေအင်န်အယ်လ်အေနှင့်တွဲ၍ စစ်ရေး တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ရာစစ်ရေး

တာဝန်ခံတပ်မှူး၏အောက်တွင်ရှိစေရမည်။

ဗိုလ်မြသည် ကေအင်န်ယူပါတီမှ ခွဲထွက်အုပ်စု အဆင့်သာ ရှိနေသေးသော ယင်းတို့၏ အင်အားစုများ အား ကေအင်န်ယူပါတီနှင့် တသီးတခြားစီ ကွဲပြား

ခြားနားသွားစေရန် စနစ်တကျ ဖွဲ့စည်းလိုက်ခြင်းပင် ဖြစ်သည်။ ကေအင်န်အယ်လ်အေကို အမြဲတမ်းတပ် အသွင် ရည်ရွယ်ခဲ့ပြီး ကေအင်န်ဒီအိုအား ပြောက်ကျား

တပ်များအဖြစ် ရည်စူးခဲ့ခြင်းလည်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးညီလာခံကျင်းပခြင်း[ပြင်ဆင်ရန်]

၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ကေအင်န်ယူညီလာခံကို ဗဟို၌ကျင်းပခဲ့ပြီး မန်းဘဇံက သဘာပတိအဖြစ်လည်းကောင်း၊ ဗိုလ်မြက ဒုတိယ

သဘာပတိအဖြစ်လည်းကောင်း၊ သန်းအောင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဖဒိုဂေဒွဘွားနှင့် ဖဒိုထွန်းဖေ တို့က မှတ်တမ်းတင်မှူးများအဖြစ်

လည်း ကောင်း ဆောင်ရွက်ခဲ့ကြသည်။ ယင်းညီလာခံကို တောနော် တွင်ကျင်းပပြီး (၇)ကြိမ်မြောက်ညီလာခံဟု သတ်မှတ်ရန်ဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်နှင့်

ပဲခူး ရိုးမမှ ကိုယ်စားလှယ်များမပါဝင်သောကြောင့် ကရင် အမျိုးသားအစည်းအရုံးညီလာခံဟုသာ ခေါ်ဆိုသတ် မှတ်ခဲ့ကြသည်။ ကေအင်န်ယူတပ်ဦး

အခေါ်အဝေါ် နှင့် ပတ်သက်ပြီးရှင်းပြရန် ကိုယ်စားလှယ်များက တောင်းဆိုရာ မန်းဘဇံက တပ်ဦး ဟူသော ဝေါဟာရ ကြောင့် ကွန်မြူနစ်ဟု သံသယမဖြစ်စေ

လိုကြောင်း၊ တပ်ဦးအမည်ပါသော်လည်း မူနှင့်လုပ်ငန်းများ ပြောင်းလဲမှုမရှိကြောင်း ရှင်းလင်းခဲ့သည်။

ပြည်ပြေးများနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ယာယီ အကျိုးဖြစ်ထွန်းနိုင်သောကြောင့် ကေအင်န်ယူ နယ်မြေကို ဖြတ်သန်းခွင့် ပေးရန်နှင့် ပြည်ပြေးအမာခံ

စခန်းများကို ပြည်ပတွင်ပင် ထားရှိစေ၍ စီးပွားရေး လှုပ်ရှားမှုကိုခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ကေအင်န်ယူတပ်ဦးသည် စတင်ဖွဲ့စည်းခါစဖြစ် သည့်အပြင် ကရင်သောင်းကျန်းသူများအတွင်း လက်ဝဲ ဝါဒ၊ လက်ယာဝါဒ(ကွန်မြူနစ်နှင့်လူမျိုးရေး)

အငြင်းပွားမှုများ၊ ပဋိပက္ခများက ဂယက်ရိုက်ခတ်ဆဲဖြစ်နေသော ကြောင့် ပြဿနာများစွာရှိနေသည်။ အစိုးရအား တိုက်ခိုက်ရေး၊ ကေအင်န်ယူပါတီနှင့်

ဗမာပြည် ကွန်မြူနစ်ပါတီ အပေါ် သဘောထား၊ ပြည်ပြေးများအား လက်ခံရေး၊ လက်မခံရေးတို့မှာ အကြိတ်အနယ်ဆွေးနွေး စရာများဖြစ်နေသည်။

သို့နှင့်ညီလာခံသည် သုံးလခန့် ကြာမြင့်သည်အထိ ကျင်းပခဲ့ရသည်။

၁၉၇ဝ ပြည့်နှစ်၊ ဧပြီလ ၈ ရက်တွင် ၁၉၇ဝ/ ၁၉၇၄ ခုနှစ် အတွက် ကေအင်န်ယူ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို အောက်ပါအတိုင်း

ဖွဲ့စည်းလိုက်ကြ သည်-

(၁) မန်းဘဇံ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ဌာန

(၂) ဗိုလ်မြ ဒုတိယဥက္ကဋ္ဌ နှင့် ကာကွယ်ရေး

(၃) သန်းအောင် အတွင်းရေးမှူးချုပ်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဌာန

(၄) မောင်မောင် တွဲဖက်အတွင်းရေးမှူးနှင့် စည်းရုံးရေးဌာန

(၅) ဖဒိုသာပြည့် သစ်တောနှင့်လယ်ယာဌာန

(၆) ဖဒိုချာလေ ငါးဖမ်းလုပ်ငန်းဌာန၊စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဌာန

(၇) ဖဒိုဂေဒွဘွား ပညာရေး၊ ယဉ်ကျေးမှု၊ကျန်းမာရေးနှင့် ကယ်ဆယ် ရေးဌာန

(၈) ဖဒိုဘောယူဖော ကေအင်န်ဒီအိုဌာန

(၉) ဖဒိုဖူးလယ်ဝါး အခွန်နှင့်ဘဏ္ဍာရေးဌာန

(၁ဝ) ဖဒိုဖူးစံဝေး တရားရေးဌာန

(၁၁) ဖဒိုသာမောင် တရားလွှတ်တော်ချုပ်

(၁၂) ဖဒိုစကော်ထူး တရားလွှတ်တော်ချုပ်

၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ ၂ ရက် တွင် အေအင်န် ယူအက်ဖ်သည် မွန်ပြည်သစ်ပါတီ၊ ပါလီမန်ဒီမိုကရေစီ ပါတီတို့နှင့်အတူဆွေးနွေးရန် တိုင်းရင်းသားလူမျိုး

ပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ)တွင် ပါဝင်ခဲ့သည်။ စင်စစ်သုံးပါတီတို့သည် ကိုယ်စီကြုံနေရသောအခက်အခဲများ ယာယီပြေလည်

စေခြင်းအလို့ငှာ ယာယီမဟာမိတ်ဖွဲ့ကြခြင်းဖြစ်သည်။ မိမိအကျိုးစီးပွားများကိုသာ အဓိကထား၍ သဘောတူ ခဲ့ကြခြင်း ဖြစ်သည်။

သုံးပါတီတပ်ပေါင်းစု၏ အခြေခံမူ၁များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) တစ်ပါတီသဘောမျိုးမဟုတ်ဘဲ တူတာတွဲ လုပ်၊ မတူတာခွဲလုပ်ရေးသဘောပင်ဖြစ်ခြင်း။

(၂) အခြေခံလုပ်ငန်းစဉ်မူဝါဒများ တစ်ထပ်တည်း ရှိမှ တပ်ပေါင်းစု ဖွဲ့ရမည်ဟူသော တော်လှန် ရေးတပ်ပေါင်းစု တည်ဆောက်ရေးသဘော တရားမရှိခြင်း။

(၃) တပ်ပေါင်းစု တစ်ရပ်တည်ဆောက်ရာတွင် တစ်ပါတီအပေါ် စိုးရိမ်မှုကို အဓိကရှေ့တန်း မတင်ဘဲ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နည်းပရိယာယ်တိုက်ပွဲ

အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို လက်တွေ့ကျကျတွေ့ရှိ ရန် အရေးကြီးခြင်း။

(၄) အထက်ပါသဘောတရားများအတိုင်း ခံယူ ပြီး တပ်ပေါင်းစုကိုဖွဲ့စည်းသော်လည်း အမျိုးသားရေးသတိ အမြဲရှိရမည့်အပြင် အကျိုးဖြစ်ထွန်းမှုမရှိဟု

သဘောပေါက်ခံယူ သောနေ့တွင် အဖွဲ့အစည်းတိုင်း၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မူအရ ခွဲထွက်နိုင်ခြင်း။

အထက်ဖော်ပြပါ အခြေခံမူများကိုကြည့်ပါက သုံးပါတီတပ်ပေါင်းစုသည် ခိုင်မာခြင်းမရှိဘဲ ယာယီ သဘောမျိုး၊ အမည်ခံသဘောမျိုးသာဖြစ်ကြောင်း

လေ့လာတွေ့ရှိရမည်ဖြစ်သည်။ တပ်ပေါင်းစုဝင်များ သည် အခြားအဖွဲ့ဝင်များနှင့်တွဲ၍ ဆောင်ရွက်လိုမှသာ ဆောင်ရွက်နိုင်သည်။ အချိန်မရွေးခွဲထွက်နိုင်ခြင်း

ကြောင့် အချိန်မရွေးပင် ပဋိပက္ခဖြစ်ပွားပြီး တိုက်ခိုက် နိုင်သည်။ အခြေခံလုပ်ငန်းစဉ်မူဝါဒမှာလည်း တစ်ထပ်တည်းမရှိခဲ့ပေ။ တပ်ပေါင်းစုဖွဲ့စည်းရခြင်း

အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း ကြေညာခဲ့သည် -

(၁) ဖက်ဒရယ် ပြည်ထောင်စုပုံစံ ပါလာမည်ကို ဒီမိုကရေစီပါတီက လက်ခံခြင်း။

(၂) လူမျိုးကြီးငယ်သဘောမဟုတ်ဘဲ ဗမာအမျိုး သားများကိုလည်း လူမျိုးစုတစ်စုအဖြစ် အသိ အမှတ်ပြုရန်ဖြစ်ခြင်း။

(၃) အခြေခံလုပ်ငန်းစဉ် ၁၁ ချက်အနက် ၁ဝ ချက်ကို သဘောတူညီမှု ရရှိခဲ့ခြင်း။

(၄) ကွန်ဂရက်သဘောတူညီချက်အရ တပ်ပေါင်း စုဖွဲ့စည်းရေးမူ ငါးချက်တွင် လေးချက်ကို သဘောတူညီခဲ့ခြင်း။

(၅) နည်းပရိယာယ်တိုက်ပွဲတာဝန်အရ ဘုံရန်သူ ကို တညီတညွတ်တည်း ဦးတည်တိုက်ခိုက်ရန် သဘောတူညီခြင်း။

သုံးပါတီတပ်ပေါင်းစုတွင် ပါလီမန်ဒီမိုကရေစီ ပါတီသည် ဦးဆောင်သူသဖွယ် ဖြစ်နေခဲ့သည်။ သို့သော် ဦးနုတို့လူစုသည် မြန်မာပြည်အတွင်း ဝင်ရောက်နိုင်ရေး

အတွက် ကေအင်န်ယူ၏ထောက်ခံမှုမရလျှင် မဖြစ် သောကြောင့် ကေအင်န်ယူ၏ လိုလားချက်များကိုသာ အဓိကလိုက်လျောခဲ့ရခြင်းဖြစ်သည်။ သဘောတူညီချက်

အများစုမှာ မန်းဘဇံတို့၏အလိုတိုင်းသာ ဖြစ်သည်။ အာဏာရရှိလျှင် မန်းဘဇံသာ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဦးနုမှာ ဝန်ကြီးချုပ်လုပ်ခွင့်မရပေ။

၁၉၇ဝ ပြည့်နှစ် စက်တင်ဘာလထုတ် ကေအင်န်ယူ စာစဉ်(၈)တွင် တပ်ပေါင်းစုအဖွဲ့ဝင် များ၏တာဝန် ကိုးရပ်ကို အောက်ပါအတိုင်း

ဖော်ပြ ထားပြန်သည်။

(၁) တပ်ပေါင်းစုလုပ်ငန်းကို ကေအင်န်ယူတပ်ဦး ၏ရှေ့ဆောင်ညွှန်ကြားမှုအရ တိကျစွာလုပ် ဆောင်ရမည်။

(၂) တပ်ပေါင်းစုလုပ်ငန်း လုပ်ဆောင်ရာတွင် ကေအင်န်ယူလုပ်ငန်းများကို မနှောင့်နှေး စေရ။

(၃) အခြေခံအားဖြင့် ကေအင်န်ယူကြီးထွားမှ တပ်ပေါင်းစုကြီးထွားမည်ကို သဘောပေါက် အလေးအနက်ထားရမည်။

(၄) ကေအင်န်ယူလုပ်ငန်းအဝဝကို တပ်ပေါင်းစု လုပ်ငန်းနှင့် စနစ်တကျ ဆက်စပ်ပေးရမည်။ (တပ်ပေါင်းစု လုပ်ဆောင်ခဲ့ရာတွင် မိမိတို့ အဖွဲ့လုပ်ငန်းကိုပင်

အလေးမထားဘဲ ပေါ့လျော့ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်ကို သင်ခန်းစာယူခြင်းဖြစ်သည်။

(၅) တပ်ပေါင်းစု လုပ်ငန်းစဉ်များသည် ကေအင်န်ယူကို ဆန့်ကျင်သောလုပ်ငန်း မဟုတ်ခြင်းကြောင့် တိုက်ပွဲလုပ်ငန်းစဉ်များ၊ စည်းရုံးရေးဝါဒဖြန့်မှုများတွင်

ကေအင်န်ယူ မူနှင့် ပဋိပက္ခမဖြစ်ရန် သတိပြုရမည်၊ ကေအင်န်ယူ မူကိုဆန့်ကျင်ထိခိုက်လာပါက လိုအပ်သလို ဝေဖန်ထောက်ပြခြင်းနှင့် သတိပေးခြင်းများ

အမြန်ဆုံးပြုလုပ်ရမည်။

(၆) တပ်ပေါင်းစုမပြိုကွဲရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရမည်။

(၇) တပ်ပေါင်းစုကိစ္စ (ဥပမာ-ပြည်သူ့ပြည်ချစ် ပါတီ(ပီဒီပီ)သို့ သွားလိုသူ မည်သည့် လူပုဂ္ဂိုလ်၊ လူတစ်စုနှင့်တပ်ဖွဲ့များ မိမိဒေသ သို့ ရောက်လာပါက)

စနစ်တကျဆန်းစစ် ပြီး ဗဟိုသို့အကြောင်းကြားရမည်။ လက်နက် မှန်သမျှကို သိမ်းဆည်းရယူရမည်။

(၈) တပ်ပေါင်းစုပြဿနာတစ်ခုခုကြောင့် ခရိုင် အတွင်း မည်သည့် အခက်အခဲရှိလာသည်ကို ဗဟိုသို့ လိုအပ်သလို တင်ပြရမည်။

(၉) တပ်ပေါင်းစုဖွဲ့စည်းခြင်းသည် အကျိုးရှိသည့် အတွက် ဖွဲ့စည်းလုပ်ဆောင်သလို အကျိုးမရှိ တော့ပါက ကေအင်န်ယူသည် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

အခွင့်အရေးကို အသုံးပြု သွားမည်ဖြစ်သည်။

ဖော်ပြပါအချက်များကား တပ်ပေါင်းစုနှင့် ပြည်ပြေးများအပေါ် ကေအင်န်ယူတပ်ဦး၏ သဘော ထားပင်ဖြစ်သည်။ စင်စစ်သုံးပါတီအဖွဲ့ဝင်များသည် မြွေမြွေချင်း

ခြေမြင်ကြသည်ပင်ဖြစ်သည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်စိတ်ချခြင်း မရှိကြပေ။ ထို့ကြောင့် မန်းဘဇံနှင့် ဗိုလ်မြတို့သည် ပြည်ပြေးများနှင့်ပတ်သက် ၍

မျက်နှာသာမပေးဘဲ မိမိတို့က အပေါ်စီးရနေစေရန် သဘောတူညီချက်များ၊ ကြိုတင်ကာကွယ်မှုများပြုလုပ် ကြခြင်းဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနှင့်

ပတ်သက် ၍ ပြည်ပြေးများကို ခုတုံးလုပ်ရေးနှင့် လောလောဆယ် ရန်သူအဖြစ် စစ်မျက်နှာနောက်တစ်ဖက် ထပ်မဖွင့်ရ ရေးသာလျှင် ကေအင်န်ယူ၏

ရည်ရွယ်ချက်ဖြစ်သည်။

ထိုအချိန်တွင် ကေအင်န်ယူပါတီသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် လုံးဝပူးပေါင်းနေပြီဖြစ်သည်။ ကေအင်န်ယူ ညီလာခံကျင်းပနေစဉ် ၁၉၇ဝ ပြည့်နှစ်

ဇန်နဝါရီလ ၌ပင် ကေအင်န်ယူပါတီမှ ဗိုလ်ချုပ်ကျင်ဖေ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုတို့သည် ကြို့ပင် ကောက်မြို့နယ်၊ ဝိုင်းရွာ(ကြူအေ-၁၉၁၇)၊

ချောင်း စောက် (ကြူအေ-၂ဝ၁၈) ဒေသများတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တပ်မဟာအဆင့်တွင်လည်း ကျော်မြသန်းနှင့်မန်းဘဇံ သည် တစ်ဖက်နှင့်

တစ်ဖက် မကျူးကျော်ရေး၊ နိုင်ငံရေးအရဖြေရှင်းရေးတို့ကို ဆွေးနွေးထားကြသည်။ ကေအင်န်ယူပါတီဗဟိုသည် ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လတွင်

ပဲခူးရိုးမသို့ ပြောင်းရွှေ့ရန် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဆက်သွယ် ပြီး ကရင်နီ၊ ကယန်းတို့နှင့် ညီညွတ်ရေးကိုလည်း ကြိုးစားခဲ့သည်။

ကျောက်ကြီးနယ်လုပွဲနှင့်ပတ်သက်၍ ၁၉၇ဝ ပြည့်နှစ်၊ ဩဂုတ်လတွင် နော်ပဲဒိုး(ကြူ-၃၈၂၂)၌ ကေအင်န်ယူပါတီမှ ဗိုလ်ချုပ်မြမောင်နှင့် ကေအင်န်ယူတပ်ဦးမှ

ဗိုလ်မြ၊ ဒေဝတို့က ဦးဆောင် ကျင်းပခဲ့ရာ ကေအင်န်ယူပါတီမှ အနိုင်ရခဲ့သည်။ သို့သော် ကေအင်န်ယူပါတီသည် ဗိုလ်မြအုပ်စုက အင်အားသုံးလာမည်ကို

စိုးရိမ်သဖြင့် ပဲခူးရိုးမသို့ ရွှေ့ပြောင်းကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်း လိုက်သည်။

ဦးနုသည် ကေအင်န်ယူ တပ်ဦးအား လိုလားချက် များကို လိုက်လျော၍ ချဉ်းကပ်ခဲ့ရသည့်အပြင် မွန်ပြည်သစ်ပါတီကိုလည်း ငွေသိန်း ၃ဝ ကျော်

လာဘ် ထိုးခဲ့ရသည်။ ပြည်ပြေးများသည် ကေအင်န်ယူနှင့် မွန် ပြည်သစ်ပါတီတို့၏နယ်မြေများကိုအခြေခံ၍ ပြည်တွင်း သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်

ကြိုးစားနေကြချိန်တွင် မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်မှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြပေသည်။ [၆]

မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ ချုပ်ငြိမ်းခြင်း[ပြင်ဆင်ရန်]

မြစ်ဝကျွန်းပေါ်ဒေသမှ သောင်းကျန်းသူများ[ပြင်ဆင်ရန်]

တော်လှန်ရေးအစိုးရက ၃၃ ဦး ကော်မတီအား ဖိတ်ခေါ်၍ ပြည်တွင်းညီညွတ်ရေးအတွက် ကြိုးပမ်း နေစဉ်မှာပင် မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူ

အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များမှာ အဆိုးရွားဆုံးသော အခြေအနေသို့ ရောက်ရှိလာသည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်ရေစပါးပေါများပြီး

ရေလုပ်ငန်းကောင်းစွာ ဖွံ့ဖြိုးသည့်အလျောက် သောင်းကျန်းသူတို့အတွက် လက်မလွတ်နိုင်သော ဒေသကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၊

ကေအင်န်ယူပါတီနှင့် အမျိုးသားဒီမိုကရေစီ ညီညွတ် ရေးတပ်ပေါင်းစု(မဒညတ)တို့သည် နယ်မြေအသီးသီး သတ်မှတ်၍ လှုပ်ရှားစိုးမိုးနေကြသည်။ ကေအင်န်ယူ

ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်း၍ မဒညတအသွင်ဖြင့်လည်းကောင်း၊ သီးခြား အစီအစဉ် ဖြင့်လည်းကောင်း လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင်

ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို၌ ဖြုတ်၊ ထုတ် သတ်လမ်းစဉ် (ခေါ်)လူသတ်ဝါဒ ထွန်းကားလာပြီ ဖြစ်ရာ ဖြုတ်ထုတ်သတ်လမ်းစဉ်သည် မြစ်ဝကျွန်းပေါ်

သို့လည်း ကူးစက်လာသည်။ သို့သော် မြစ်ဝကျွန်းပေါ် သို့ ကူးစက်လာသော လူသတ်ဝါဒမှာ အချင်းချင်း သတ်ဖြတ်ကြသည်ထက် အပြစ်မဲ့ပြည်သူလူထုကို

သတ်ဖြတ်နှိပ်စက်သည်က ပိုမိုများပြားကြောင်း တွေ့ ရသည်။

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(ခေါ်) မဒညတကို ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် စတင် ဖွဲ့စည်းခဲ့ရာ အဓိက အင်အားစုများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ

နှင့် ကေအင်န်ယူပါတီပင် ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသသည် ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကေအင်န်ယူပါတီနှစ်ရပ်လုံးအတွက် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေးတို့အတွက် အခြေစိုက်ရာ

အချက်အချာဒေသပင်ဖြစ်သည်။ ထို့ကြောင့် ပါတီနှစ်ရပ်စလုံးသည် မြစ်ဝကျွန်းပေါ်တိုင်းမဒညတ အား အထူးအာရုံစိုက်ခဲ့ကြသည်။

မြစ်ဝကျွန်းပေါ် ဒေသတွင် ကေအင်န်ယူပါတီဗဟိုသည် မြစ်ဝကျွန်း ပေါ်တိုင်း ကေအင်န်ယူပါတီနှင့် ပူးတွဲနေသကဲ့သို့ မဒညတဗဟိုသည်လည်း

မြစ်ဝကျွန်းပေါ်ဒေသ၌ပင် အခြေစိုက်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ကေအင်န်ယူဗဟိုနှင့် မဒညတဗဟိုအား မြစ်ဝကျွန်း ပေါ်တိုင်း

ကေအင်န်ယူပါတီမှတစ်ဆင့် ဦးဆောင် လမ်းညွန်မှုများပေးခဲ့သည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှု အောက်မှ

တကယ်တမ်းအာဏာရှိသည်မှာ မြစ်ဝကျွန်းပေါ်တိုင်း ကေအင်န်ယူပါတီသာလျှင် ဖြစ်သည်။ သို့နှင့် ဗမာပြည် ကွန်မြူနစ်ပါတီသည် မြစ်ဝကျွန်းပေါ် တိုင်း

ကေအင်န်ယူပါတီမှတစ်ဆင့် ကေအင်န်ယူပါတီ (ဗဟို)အား မဟာမော်စီတုန်းအတွေးအခေါ်ကို လိုက်နာကျင့်သုံးစေရန် တွန်းအားပေးနိုင်ခဲ့သည်။

၁၉၆၇ ခုနှစ်၊ ဇူလိုင်တွင် ကေအင်န်ယူပါတီ(ဗဟို) သည် ဗဟိုကော်မတီ အစည်အဝေးတစ်ရပ်ကိုကျင်းပ ပြီး ဒုတိယအကြိမ်မြောက် ကေအင်န်ယူပါတီ

ကွန်ဂရက်အပြီး ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပ သည့် (၆)ကြိမ်မြောက် ကေအင်န်ယူပါတီ ဗဟို ကော်မတီ အစည်းအဝေးတွင်

တင်သွင်းသော ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာဟု ခေါ်တွင် သည့်လမ်းစဉ် ပေါ်လစီအသစ်တစ်ရပ်ကို ချမှတ် လိုက်သည်။ ယင်းလမ်းစဉ်သည်

ဗမာပြည်ကွန်မြူနစ် ပါတီ၏ ၆၄ လမ်းစဉ်နှင့် ၁၉၆၅ ခုနှစ်၊ ဇွန်လ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို အခြေခံ ထားခြင်းဖြစ်သည်။ ၁၉၆၇ ခုနှစ်၊

အောက်တိုဘာလ ၂ဝ ရက်တွင်လည်း မဒညတသဘာပတိအဖွဲ့(ဗဟို) က အထွေထွေနိုင်ငံရေးသဘောထားနှင့် လမ်းညွန် ကို ချမှတ်ပြန်သည်။

ထို့နောက် မဒညတမြစ်ဝကျွန်းပေါ်စစ်နယ်မြေ စစ်ဦးစီးကော်မတီသည် အောင်ပွဲသံစစ်ဆင်ရေး စီမံကိန်းကို ချမှတ်ခဲ့ကြသည်။ အောင်ပွဲသံ စစ်ဆင်ရေး

စီမံကိန်းကို အကောင်အထည်ဖော်မည့်ကာလမှာ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၆၉ ခုနှစ် အကုန်အထိဖြစ်သည်။ အောင်ပွဲသံစစ်ဆင်ရေး စီမံကိန်းကို

မဒညတအဖွဲ့ဝင် ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကေအင်န်ယူပါတီတို့က အကောင်အထည် ဖော်မည်ဖြစ်ပြီး ထိုအချိန်တွင် ကရင်တော်လှန်ရေး ကောင်စီ

(ကေအာရ်စီ)မှ စောစိန်မှုန်နှင့် ကိုလမ် ဘတ်(စ်)တို့ လူစုလည်း မြစ်ဝကျွန်းပေါ်တွင် သီးခြား လှုပ်ရှားနေသည်။ ဖျာပုံခရိုင်အတွင်း အလံနီအင်အား

အနည်းငယ်လည်းရှိသည်။ စင်စစ်မဒညတမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏တိုက်ရိုက် ဦးဆောင်မှု အောက်တွင်သာ တည်ရှိနေသည်။

မြစ်ဝကျွန်းပေါ်တိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ တွင် တိုင်းကော်မတီ(၆)ဦးရှိရာ အတွင်းရေးမှူးမှာ ရဲဘော်စိုးသန်းဖြစ်ပြီး ရဲဘော်ဝင်းမောင်၊ ဗိုလ်သော်၊

ဗိုလ်အောင်ဖေ၊ ရဲဘော်ဗိုလ်ဦး(မြောင်းမြ)နှင့် ရဲဘော်အောင်ခင်(ဖျာပုံခရိုင်)တို့ပါဝင်ကြသည်။ ခရိုင်အားဖြင့် ဖျာပုံခရိုင်တို့ ပါဝင်ကြသည်။ ခရိုင် အားဖြင့်

ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်ဟူ၍ ငါးခရိုင်သတ်မှတ် ပြီး ဟံသာဝတီခရိုင် အနောက်ခြမ်းကိုလည်း

မြစ်ဝကျွန်းပေါ်တိုင်းအတွင်းတွင် ထည့်သွင်းဖွဲ့စည်း ထားသည်။ ပဲခူးရိုးမတွင် ဖြုတ်၊ ထုတ်၊ သတ်လမ်းစဉ် ထွန်းကားပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီသည်

မြစ်ဝကျွန်းပေါ်တိုင်းအား အစားထိုးဖွဲ့စည်းရန်နှင့် ရဲဘော်စိုးသန်းအား သုတ်သင်ပစ်ရန် စီစဉ်လျက် ရှိပြီဖြစ်ကြောင်း၊ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃)

တွင် အကျယ်တဝင့်တင်ပြခဲ့ပြီးဖြစ်ပေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးစီမံကိန်းအတွက် တိုင်း၊ ခရိုင်၊

မြို့နယ်အသီးသီးမှ ကေဒါ ၁၅ဝ ရွေးချယ်ပြီး ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ အဓိကအားထားရာနှင့် မဒညတ၏ မဏ္ဍိုင် ဒေသမှာ မြောင်းမြခရိုင်ဖြစ်သည်။ မြောင်းမြခရိုင် ဗမာ

ပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်မှာ သခင်ဗိုလ်ဦး ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် သခင်ဗိုလ်ဦး အား မြှောက်စား၍တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့်

တိုင်း ကော်မတီကိုပင်လျှင် သခင်ဗိုလ်ဦးက ညွှန်ကြားကွပ်ကဲ လာသည်။ သခင်ဗိုလ်ဦးသည်တော်လှန်သော ဗဟိုကော် မတီဝင်တစ်ဦးပင်ဖြစ်သည်။

ရဲဘော်စိုးသန်းအား ချေမှုန်းသုတ်သင်ရန် စီစဉ်နေသည့်အချိန်တွင် သခင် ဗိုလ်ဦးသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အစွမ်းကုန် လှုပ်ရှားတော့သည်။

ခရီးသည်တင်သင်္ဘောများဖြစ် သော ရွှေပြည်သာ၊ ရေတမာ၊ ဒဂုံမေ၊ ဒဂုံလွင်၊ တိုးကြွယ်၊ မင်းကြီး၊ မင်းလှ၊ ချမ်းသာကြီးတို့ကို အတင်းအဓမ္မဖမ်းဆီး၍

ခရီးသည်များကို လုယက်ကြ သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၂၉ ရက်တွင်လည်း လပွတ္တာမြို့နယ်မှ အိမ်ခြေ ၈ဝဝ ကျော်ရှိသော ရွှေပြည်သာရွာကြီးကို

မီးရှို့ခဲ့ကြသည်။ ပုသိမ်ခရိုင် ခေါင်းဆောင် ရဲဘော်မြင့်အောင်နှင့် ဗိုလ်ထွန်းဦး တို့ကလည်း ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလတွင်

သာပေါင်းမြို့နယ် ကြက်သွန်ခင်းကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့ကို မီးရှို့ပစ်ခဲ့ကြသည်။

စာသင်ကျောင်းများ၊ ဆေးပေးခန်းများမှာလည်း အမြောက်အမြားမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဗမာ ပြည်ကွန်မြူနစ်ပါတီဗဟိုမှ အာဏာနီကို ချက်ချင်း

တည်ဆောက်ရန်နှင့် အဖျက်လုပ်ငန်းများဆောင်ရွက် ရန် ညွှန်ကြားချက်များကို မြစ်ဝကျွန်းပေါ်တိုင်း ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီ

တို့သည် အကြွင်းမဲ့ပင် လိုက်နာကြသည်။

ဒုတိယပတ် ဗဟိုမာ့က်စ်လီနင်ဝါဒ ကျောင်းဆင်း ဖြစ်သော ရဲဘော်ဘအောင် သည် လပွတ္တာမြို့နယ် အတွင်းတွင် အလယ်အလတ်တန်းစားလယ်သမားနှင့်

ချမ်းသာသော လယ်သမားများ၏ ကျွဲနွားပစ္စည်းများကို ဝမ်းစာစပါးပင်မချန်ဘဲ အဓမ္မလိုက်လံသိမ်းဆည်းခဲ့ သည်။ ရဲဘော်ဘအောင်အား ဆန့်ကျင်မိသူများမှာ

အသတ်ခံကြရသောကြောင့် လယ်သမားမိသားစု အမြောက်အမြားပင် မြို့သို့ပြေးခဲ့ကြရသည်။

ရဲဘော်ဘအောင်သည် မြောင်းမြခရိုင်၊ လပွတ္တာ မြို့နယ်တွင် မဟာအတွေးအခေါ်ရှင်ကြီးအဖြစ်များစွာ တန်ခိုးအာဏာထက်မြက်ခဲ့သည်။ ရဲဘော်ဘအောင်

သည် မြောင်းမြခရိုင်ကော်မတီအတွင်းတွင် ခရိုင် မြေယာတာဝန်ခံ ရဲဘော်စောအေးနှင့် ခရိုင်စစ်ရေး တာဝန်ခံ ဗိုလ်စိုးတင့်တို့ကိုပင် ကျောရိုးအဖြစ်

အသုံးချ နေသည်။ ခရိုင်အတွင်းရေးမှူး သခင်ဗိုလ်ဦးပင်လျှင် ကျောရိုးတစ်ပိုင်းဖြစ်လာသည်။ သို့နှင့် မြောင်းမြ ခရိုင်ကော်မတီသည် ရဲဘော်ဘအောင်၏

အာဏာစက် အောက်သို့ ရောက်သွားသည်။ ရဲဘော်ဘအောင်သည် သခင်သန်းထွန်းတို့ လူစု၏ ကျောထောက်နောက်ခံဖြင့် ဖျာပုံခရိုင်ကော်မတီကိုလည်း

လှမ်း၍ချုပ်ကိုင်ညွှန် ကြားခဲ့သည်။ ဖျာပုံခရိုင်ခေါင်းဆောင်ရဲဘော်အောင်ခင် က မနာခံသောအခါ ရဲဘော်ဘအောင်သည် ရဲဘော် အောင်ခင်အား ၅၅

ပြန်လည်ပြင်ဆင်ရေးသမားဟု သတ်မှတ်လိုက်သည်။

ရဲဘော်ဘအောင်သည် ၁၉၆၈ ခုနှစ်၊ ဇွန်လတွင် မြောင်းမြခရိုင်အာဏာနီတည်ဆောက်ရေးပြင်ဆင်မှု ကော်မတီကို ဖွဲ့စည်းလိုက်သည်။ လပွတ္တာမြို့နယ်၊

မောင်းဒီးဒိုင်နယ်ကိုလည်း စံပြအဖြစ်ရွေးချယ်လိုက် သည်။ အမျိုးသမီးများအား အပျိုအအိုမရွေးစော်ကား နေသူများ၊ အကျင့်ပျက်နေသူများကိုလည်း

ကျောရိုး အဖြစ် စုစည်းလိုက်သည်။ ရဲဘော်ဘအောင်နှင့် ကျောရိုး ကိုအောင်တို့သည် မောင်းဒီးဒိုင်နယ်မှ အမျိုးသမီး များစွာကို ခြေတော်တင်၍

ဖျက်ဆီးခဲ့ကြသည်။ ရဲဘော် ဘအောင်သည် အမျိုးသမီးများနဖူးတွင် ဆံယဉ်ချ၍ ဆံထုံးထုံးသည်ကိုပင်လျှင် အာဏာနီဒေသတွင် ဂေါတမဆံထုံး

မထုံးရ။ ဂေါတမဆိုတာ ပဒေ သရာဇ်ကြီး သုဒ္ဓေါဒနရဲ့သားဖြစ်တယ်။ အဲဒီ ဆံထုံးဟာ အရင်းရှင်နှင့်ပဒေသရာဇ်တို့ စပ်ကျပြီးမှ ပေါ်လာတာဖြစ်တယ်။

အလွန်ဖောက်ပြန်တယ် ဟုဆိုကာ ပိတ်ပင်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာ လကုန်တွင်ကား ရဲဘော်ဘအောင်နှင့် ကိုအောင် တို့သည် ယင်းတို့၏

လုပ်ရပ်များအား ဖော်ကောင်လုပ် နိုင်သည့် စံပြကျောရိုး ကိုဟန်ရှိန်အား သင်တောရွာ အနီးတွင် ဓားဖြင့်ခုတ်သတ်လိုက်ကြသည်။ ရဲဘော် ဘအောင်တို့သည်

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလတွင် မြောင်းမြမြို့နယ်တောင်ပိုင်း ကျောက်ဖြူရွာမှ ကိုချစ်လှိုင်ကိုလည်း သတ်ပစ်ခဲ့သည်။

မြောင်းမြခရိုင်တွင် ရဲဘော်ဘအောင်တို့လူစု အကြောင်းမဲ့သတ်ဖြတ်ခဲ့သော လူပေါင်းမှာ စာရင်း အတိအကျပင်မရှိပေ။ ထို့ပြင် တိတ်တိတ်ပုန်းတစ်မျိုး၊

အတိအလင်းတစ်မျိုး ခြေတော်တင်ဖျက်ဆီးခြင်းခံခဲ့ရ သည့် အမျိုးကောင်းသားသမီးများ၏အရေအတွက်မှာ လည်း မနည်းလှပေ။ စင်စစ် မြောင်းမြခရိုင်၏

အာဏာနီတည်ဆောက်ရေးမှာ ပြည်သူလူထုနစ်မွန်းဖို့ဖြစ်လာ ခဲ့သည်။ မြောင်းမြခရိုင် မဒညတကလည်း အောက်ပါ အရေးပေါ်ညွှန်ကြားချက်နှင့်ကြေညာချက်

ကို ၁၉၆၇ ခုနှစ်၊ မေလမှစ၍ ထုတ်ပြန်ထားခဲ့သည်။

(က) ကျေးရွာများအတွင်း၌ရှိသော စပါးများကို မည်သည့်အကြောင်းပြချက်များနှင့်မှ အပြင် သို့ မထုတ်ရ၊ မထွက်စေရ။

(ခ) ကျေးရွာများအတွင်း၌ရှိသော ဆန်နှင့်စပါး များကို မဒညတ၏စီမံခန့်ခွဲမှုအရသာဖြစ်စေ ရမည်။

(ဂ) မဒညတ၏တားမြစ်ချက်များကို ဖောက်ဖျက်သူများသည် ကြီးလေးသောအပြစ်ပေးခြင်းကို ခံကြရမည်။

မဒညတ ကေအင်န်ယူပါတီ ကရင်ပြည်သူ့ ပြောက်ကျားတပ်ရင်း (ကေဂျီအက်ဖ်)တပ်ရင်း(၆)တပ် ခွဲ(၁)ခွဲမှူး ဗိုလ်အောင်သန်းတို့လူစုသည် ဝမ်းစာကြိတ်

ခွဲရန်သွားသော ရွာသားများထံမှ စပါးများကိုပါ ဖြတ်၍ လုယက်ကြသည်။ ကေအင်န်ယူပါတီ အမှတ်(၂) ခရိုင်ဥက္ကဋ္ဌ နှင့် မဒညတသဘာပတိအဖွဲ့ဝင်

စောဘီဖိုး၏တပည့် လှမင်းနှင့် ဝိုက်စမိုးတို့ကလည်း စပါးသိမ်းခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကို အတင်းအဓမ္မ ပြုလုပ်ပြီး၊ ဆန့်ကျင်သောရွာသားများအား

ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသည်။ တံခွန်တိုင်ရွာမှ ဦးစမြဲနှင့် မောင်ထွန်းတို့အား လှမင်းနှင့် ဝိုက်စမိုးက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ရန် ပြင်ဆင်ခဲ့သည်။

ဦးစမြဲနှင့်မောင်ထွန်းသည် ပြန်လည်ခုခံပြီး ဝိုက်စမိုးကို သုတ်သင်နိုင်ခဲ့သည်။ လှမင်းကား ဓားဒဏ်ရာဖြင့် ထွက် ပြေးရသည်။ ဤကား မခံမရပ်နိုင်သော

ပြည်သူလူထု ၏ တုံ့ပြန်မှု တစ်စွန်းတစ်စပင်ဖြစ်သည်။ လမ်းသမိုင် ရွာ သည် ၁၉၆၅ ခုနှစ်မှစ၍ သောင်းကျန်းသူဆန့်ကျင် ရေးအတွက် စတင်ပြင်ဆင်ခဲ့သည်။

လမ်းသမိုင်ရွာ သားများသည် ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလတွင် ဆန်လုသော မဒညတ စံလှနှင့် မောင်မောင်တို့ ခိုအောင်းရာစခန်းကို ရှိသည့်အင်အားဖြင့်

တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြလေသည်။

၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်ညတွင် မဒညတ၏ကေအင်န်ယူပါတီမှ ဗိုလ်အောင်သန်းနှင့် အင်အား ၅ဝ ကျော်သည် လက်နက်မျိုးစုံကိုင်၍

လမ်းသမိုင်ရွာအား အငြိုးကြီးစွာ လာရောက်တိုက်ခိုက် ကြသည်။ သို့သော် လမ်းသမိုင်ရွာမှ ယောက်ျား၊ မိန်းမ၊ ကလေးမကျန် ရွာသားများဖြင့် အပြင်းအထန်

ခုခံတိုက် ခိုက်ကြရာ ဗိုလ်အောင်သန်းတို့လူစု ဆုတ်ခွာထွက်ပြေး ကြရတော့သည်။ ဤကား ကျေးရွာများတွင် ပေါ်ပေါက် လာသော ပြည်သူ့စစ် အသွင်သဏ္ဌာန်ပင်

ဖြစ်သည်။ လမ်းသမိုင်ရွာသည် တပ်မတော်နှင့်ပူးပေါင်း၍ ရန်သူ ကိုဆန့်ကျင်ရန် ဆုံးဖြတ်လိုက်တော့သည်။ တပ်မတော် က လမ်းသမိုင်ရွာကို

လက်နက်တပ်ဆင်ပေးလိုက်ရာ မဒညတများအနေနှင့် များစွာအထိနာခဲ့ရသည်။

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဘာဘူချောင်း ကျေးရွာ သည်လည်း ကေအင်န်ဒီအို၊ သုံးပါတီ၊ ကေအင်န်ယူပါတီ၊ ကရင်ပြည်သူ့ပြောက်ကျားတပ်ရင်း

အမှတ်(၆)စသည်ဖြင့် အမည်နာမအမျိုးမျိုးတပ်ဆင် ထားသည့် သောင်းကျန်းသူများ၏နှိပ်စက်ကလူပြုမှုကို အနှစ် ၂ဝ ခန့် ခေါင်းငုံ့ခံခဲ့ရသောရွာပင်ဖြစ်သည်။

အသတ်ခံရသူများ၊ အနိုင်ကျင့်ခံရသူများမှာလည်း မနည်းလှပေ။ ထို့ကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ပါတီယူနစ်သို့တင်ပြကာ ၁၉၆၈ ခုနှစ်၊

ဧပြီလခန့်တွင် အင်အား(၈ဝ)ခန့်ရှိသော ပြည်သူ့ စစ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ ၁၉၆၉ ခုနှစ်၊ မေလ ၁၇ရက်တွင်ကား

ကရင်ပြည်သူ့ပြောက်ကျား တပ်ရင်း(၆) တပ်ခွဲ(၁)မှ တပ်ခွဲမှူးအောင်သန်းနှင့် အင်အား ၆ဝ သည် တပ်မတော်စစ်ဝတ်စုံများ ဝတ်ဆင်ပြီး

တပ်မတော်အယောင်ဆောင်၍ ဘာဘူ ချောင်းကျေးရွာကို ဝင်စီးလိုက်ကြသည်။ ပြည်သူ့စစ် ၃ဝ ကျော်ကိုဖမ်းဆီး၍ တစ်ရွာလုံးကို လုယက်ကာ မီးတင်

ရှို့လိုက်သည်။ မဒညတဆက်ကြေးတာဝန်ခံ စောလေးက ဖမ်းဆီးလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များကို စတင်းဂန်းဖြင့် ရက်စက်စွာရိုက်နှက်၍ နှိပ်စက်သည်။

ဗိုလ်အောင်သန်းတို့လူစုသည် ပြည်သူ့စစ်ခေါင်း ဆောင်ဟုယူဆရသူခြောက်ဦးကို ဘာဘူချောင်းကျေးရွာ နှင့် ကိုက် ၅ဝဝ ခန့်အကွာတွင်ရှိသော ဝင်းချောင်း

ကမ်းပါးသို့ တရွတ်တိုက် ဆွဲခေါ်သွားကာ အင်္ကျီ လုံချည် များချွတ်၍ ရက်ရက်စက်စက်ပင် သတ်ဖြတ်လိုက်ကြ သည်။ အသတ်ခံရသူများမှာ အောက်ပါအတိုင်း

ဖြစ် သည်-

(၁) ဦးဟန်တိန်။ အသက်(၄၅)နှစ်ကျော်ရှိပြီး ဇနီးဒေါ်ဂျမ်းပုံနှင့် သားသမီးကိုးဦးကျန်ရစ် ခဲ့သည်။

(၂) ဦးမောင်အေး။ အသက်(၅ဝ)ကျော်ရှိပြီး ဇနီး ဒေါ်ပိုက်မိနှင့် လူမမယ်သားသမီး(၃)ဦး ကျန်ရစ်ခဲ့သည်။

(၄) ဦးသောင်းကျော်။ အသက်(၆၇)နှစ်ရှိပြီး ဇနီး ဒေါ်အေးသိန်းနှင့် သားသမီး(၂)ဦး ကျန် ရစ်သည်။

(၅) ဦးစိုးတင့်။ အသက်(၂ဝ)။

(၆) ဦးဟန်သိန်း။ အသက်(၅ဝ)ရှိပြိး ဝါးခယ်မ မြို့မှ ခေတ္တရောက်ရှိနေသူဖြစ်သည်။

အောင်သန်းနှင့် စောစေးတို့သည် ဖော်ပြပါရွာ သားများအား လူမဆန်စွာပင်နှိပ်စက်၍ သတ်ဖြတ်ခြင်း ဖြစ်သည်။ ဦးဟန်တိန်နှင့် ဦးမောင်အေးတို့ကို ဝါးရင်း

တုတ်များဖြင့် ရိုက်၊ ဓားဖြင့် ထိုးပြီတော့မှ မသေမရှင် ဖြစ်နေချိန်တွင် မီးပုံတွင်းသို့ အရှင်လတ်လတ်မီးရှို့သတ် ခြင်းဖြစ်သည်။ ဦးခွေးသည်လည်း

မချိမဆံ့နှိပ်စက်ခြင်း ခံရပြီးမှ အသက်ဆုံးရှူံးရသည်။ ဦးသောင်းကျော်သည် လည်လှီး၍ အသတ်ခံရသူဖြစ်သည်။ မသေခင်ဝှေးစေ့ ကိုပါ အဖြတ်ခံရသည်။

ကိုစိုးတင့်ကိုကား အကြိုင်၊အခြင်း၊ စောစေးနှင့် ဗိုလ်မောင်နီတို့လူစုက အရှင် လတ်လတ်ရင်ခွဲပြီးမှ အသည်းကိုထုတ်ယူကာ ကြော်၍ အရက်နှင့်မြည်းခဲ့ကြသည်။

အောင်သန်းတို့လူစု၏ ကမ်းကုန်အောင်ရက်စက်မှုကြီးကို ဝင်းချောင်းအနီး လယ်တဲမှ မြင်တွေ့ခဲ့ရသည့် ကိုလှရွှေဆိုသူမှာ စိတ် နောက်၍ ရူးသွပ်သွားခဲ့ရသည်။

ကျန်ရစ်သူမိသားစုများ မှာလည်း ရူးသူရူးသွားခဲ့ရသည်။ ထိုနေ့က ကိုလှငွေ ဆိုသူလည်း သေနတ်နှင့် ပစ်သတ်ခံရသည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ သောင်းကျန်းသူများမှာ ပြည်သူလူထုအား ထင်သလိုနှိပ်စက်၍ ထင်သလိုပင် အနိုင်ကျင့်ခဲ့ကြသည်။ ကရင်ပြည်သူ့ပြောက်ကျား

တပ်ရင်း (၇)မှ ဒုတပ်ရင်းမှူးဖလော့မယ်ခလှီးနှင့် စံထွန်းမောင်တို့ သည် ဝဲဒေါင့်၊ ပတ္ကော်၊ စစ္စလီကုန်း၊ တောင်ပို့ကြီး၊ ဘုရားတောင်၊ ကျိုက်ပိရွာ

များ ပါဝင် သည့် ဘုံတောင်စုကွင်း တွင် ရမ်းကားချင်တိုင်း ရမ်းကားခဲ့ကြရာ ကျိုက်လတ်မြို့နယ် အလမ်းချောင်း ရွာမှ ကိုယ်ဝန်(၈)လရှိ အမျိုးသမီးတစ်ဦးကို

ပင် အဓမ္မ ကျင့်ကြံခဲ့ကြသည်။ ဖလော့မယ်ခလှီးသည် တစ်အိမ် တည်းရှိမိန်းမပျိုသုံးဦးစလုံးကိုပင် မတရားကျင့်ကြံခဲ့ ကြသည်။ ဘုံတောင်စုချောင်းကမ်းပါးရှိ

တဲစုမှ ဦးဟန်စိန် ၏သမီးနှစ်ယောက်နှင့် တူမတစ်ဦးမှာ တပ်ရင်း(၇)၊ ဒုတပ်ရင်းမှူး၏ဖျက်ဆီးခြင်းကို ခံရသည်သာမက ဦးဟန်စိန်ကိုယ်တိုင်ပင်လျှင် သေနတ်ဖြင့်

ပစ်သတ်ခံ ခဲ့ရသည်။

မြစ်ဝကျွန်းပေါ်ဒေသကြီးရှိ သောင်းကျန်းသူများ မှာ ပဲခူးရိုးမရှိဗမာပြည်ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးချုပ် ကိုင်မှုအောက်သို့ လုံးဝရောက်ရှိနေပြီး၊ မဟာမော်စီတုံး

အတွေးအခေါ်၊ အာဏာနီတည်ဆောက်ရေးစသည် တို့ကို ကြွေးကြော်လျက်ရှိကြသည်။ သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီဖြစ်စေ၊ ကေအင်န်ယူပါတီဖြစ်စေ၊

မဒညတအသွင်ဖြင့် ဖြစ်စေ၊ သောင်းကျန်းသူများ၏ လုပ်ရပ်မှာ ပြည်သူလူထုအား ထင်သလိုအနိုင်ကျင့်ရေး သာဖြစ်နေသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ

ပြည်သူလူထု သည် ဆန်ရေစပါး၊ ပစ္စည်းဥစ္စာများကို မတရားအသိမ်း ခံခဲ့ကြရသည်။ ဆက်ကြေးငွေကို ပုံစံအမျိုးမျိုးဖြင့် ပေးခဲ့ရသည်။

ထင်သလိုအသတ်ဖြတ်ခံခဲ့ရသည်။ သားပျိုသမီးပျိုများ စော်ကားခံခဲ့ရသည်။ ရွာလုံးကျွတ် မီးရှို့ခံခဲ့ကြရသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ

ထင်သလိုစိုးမိုးခြယ်လှယ်ခဲ့ကြ သည်မှာ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ စတင် သော် ၁၉၆၈ -၆၉ ခုနှစ်အထိ နှစ်ပေါင်း(၂ဝ)ခန့် ကြာမြင့်ခဲ့ရသည်။

၁၉၆၈-၆၉ ခုနှစ်တွင်ကား သောင်းကျန်းသူတို့၏ နှိပ်စက်ညှဉ်းပန်းမှုများ အမြင့်မား ဆုံးသို့ရောက်လာသည်။ ထို့အတူ ပြည်သူလူထု၏ သည်းခံနိုင်စွမ်း

သည်လည်း အဆုံးစွန်းသို့ရောက်ရှိ သွားပြီဟုဆိုရပေမည်။

နွေဦးစစ်ဆင်ရေး[ပြင်ဆင်ရန်]

တပ်မတော်သည် မြစ်ဝကျွန်းပေါ်ဒေသတွင် ထကြွသောင်းကျန်းလျက်ရှိသော သောင်းကျန်းသူများ အား စစ်ဆင်ရေးဆင်နွှဲ၍ အစဉ်တစိုက် တိုက်ခိုက်

ချေမှုန်းခဲ့သည်။ ဒေသခံတပ်များဖြင့် နယ်မြေထိန်းသိမ်း စိုးမိုးရေးသာမကဘဲ စစ်ဆင်ရေးတပ်ဖွဲ့များဖြင့်လည်း ထိုးစစ်ဆင်နွှဲခဲ့သည်။ ထို့အပြင်

သောင်းကျန်းသူများ၏ လျှို့ဝှက်အမာခံများ အဆက်အသွယ်များကို ဖော်ထုတ် သည့်စစ်ဆင်ရေးတစ်ရပ်ကိုလည်း ဆင်နွှဲခဲ့သည်။ ယင်း စစ်ဆင်ရေးမှာ

ရန်ကုန်မြေအောက်ကလာပ်စည်းများ ကို ဖော်ထုတ်သည့် နွေဦးစစ်ဆင်ရေးပင် ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ပဲခူးရိုးမနှင့် မြစ်ဝ ကျွန်းပေါ်ဒေသအား ဆက်သွယ်ရာတွင် ရံဖန်ရံခါ၌ ရန်ကုန်မြို့ပေါ်ရှိမြေအောက်ကလာပ်စည်းဝင်များမှ တစ်ဆင့်

နိုင်ငံခြားသံရုံးနှင့်ပါ စပ်ဆက်သည့်အဆက် အသွယ်အချို့မှာလည်း မြစ်ဝကျွန်းပေါ်မှတဆင့် ပဲခူးရိုးမသို့ရောက်ရသည်။ တရုတ်ကျောင်းသားများ

အရေးအခင်းနောက်ပိုင်းတွင် တောခိုတရုတ်အမျိုးသားများ၊ ပြည်ပမှပို့ပေးသည့် တရုတ်ကေဒါများသည် မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပဲခူးရိုးမသို့ရောက်ရှိသွားသည်။

ရှေ့တန်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၇၇၁) နည်းဗျူဟာ ကွပ်ကဲမှုအဖွဲ့ လက်အောက်ခံ အမှတ်(၆)ခြေလျင်တပ်ရင်းမှ အမှတ်(၁)တပ်ခွဲ

သည် တာဝန်သိလုပ်သားပြည်သူ များ၏သတင်းပေးချက်အရ ညောင်လေးပင်မြို့နယ် လေးအိမ်စုကျေးရွာသို့ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

တွင် သွားရောက်ရှင်းလင်းရာ ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ချစ်မောင်(ခေါ်) သာမြ အောင်နှင့် ရဲဘော်မောင်ဆန်းတို့ကို အရေးကြီးသော

စာရွက်စာတမ်းများ၊ ရေဒီယိုနှစ်လုံး၊ အသံသွင်းကြိုးခွေ နှစ်ခွေတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရဲဘော်ချစ်မောင်(ခေါ်)သာမြအောင်သည် ဗမာ ပြည်ကွန်မြူနစ်ပါတီ၏မြေအောက်ရန်ကုန်အဖွဲ့အစည်း မှခေါင်းဆောင်တစ်ဦးဖြစ်သည်။ ရဲဘော်ချစ်မောင် သည်

ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်နှင့် ရခိုင်တိုင်း၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့နှင့် တိုက်ရိုက်ဆက်သွယ်ရ သူဖြစ်သည်။ ရဲဘော်ချစ်မောင်သည် ရန်ကုန်မြို့ပေါ်

တွင်လည်း မြေအောက်ကလာပ်စည်းများကို စည်းရုံး၍ ဖွဲ့စည်းထားသည်။ စက်မှုလက်မှုတိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်းရုံးမှ ဌာနခွဲစာရေးတစ်ဦးအဖြစ် အမှု

ထမ်းရာမှ ၁၉၆၇ ခုနှစ်တွင် တောခိုခဲ့သူဖြစ်သည်။ တောခိုသည်ဆိုသော်လည်း ရန်ကုန်တွင်ပင် မြေအောက် လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်

ပါတီ၏ အရေးကြီးသောဆက်သားတစ်ဦးပင်ဖြစ်သည်။ မောင်ဆန်းမှာ ဂုန်လျှော်စက်ရုံမှဖြစ်သည်။

ရဲဘော်ချစ်မောင်တို့ထံမှ ဖမ်းဆီးရမိသည့် စာရွက် စာတမ်းများအရ နွေဦးစစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ၁၉၆၉ ခုနှစ်၊ မတ်လ ၁ ရက်တွင် ရန်ကုန်မြို့

ဂွတ္တလစ်၌ ခင်အောင်မြင့်နှင့်ဇနီး မမြင့်မြင့်သန်း (ခေါ်)ဝါဝါတို့အား ဗမာပြည်ကွန်မြူနစ်ပါတီမြစ်ဝကျွန်း ပေါ်တိုင်းမှ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်သို့

ပေးပို့သော အစီရင်ခံစာများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ ခင်အောင်မြင့်တို့အိမ်မှာပင် မြောင်းမြခရိုင်မှ သခင်ဗိုလ်ဦး၏ ဆက်သားဖြစ်သူ မောင်ပိန်(ခေါ်)

ကျော်မြင့်ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။ ခင်အောင်မြင့်သည် ရည်ညွှန်းဆိုသည့် ကလောင်အမည်ဖြင့် ကဗျာရေး နေသော ကဗျာဆရာပေါက်စဖြစ်သည်။

ခင်အောင်မြင့် သည် စာရူးကဗျာရူးများကို စည်းရုံးသိမ်းသွင်းခဲ့သည်။ ယင်းလူငယ်များအား ဗဟိုဌာနချုပ်မှ သခင်ဇင်နှင့် သခင်ချစ်တို့က တောတွင်းသို့

ခေါ်ယူလေ့ကျင့်ကာ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်များ ချမှတ် ပေးခဲ့သည်။ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးကို မြောင်းမြ ခရိုင်အတွင်းရေးမှူး

သခင်ဗိုလ်ဦးနှင့် မအူပင်ခရိုင် အတွင်းရေးမှူးရဲဘော်တုတ်တို့က အကောင်အထည် ဖော်ရန် အသေးစိတ်စီစဉ်နေကြသည်။ လျှို့ဝှက်လုပ်ကြံ ရေးတွင် ရန်ကုန်နှင့်

မြစ်ဝကျွန်းပေါ်မြို့ကြီးများတွင် နေထိုင်ကြသော နိုင်ငံခြားသားမှတ်ပုံတင်ကိုင် တရုတ် အမျိုးသားများလည်း ပါဝင်ကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် သခင် သန်းထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် တပ်မတော်အရာရှိကြီး ၁ဝ ဦးကို လုပ်ကြံရန်စီစဉ် ခြင်းဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက် အဆက်အသွယ်များကို ဖော်ထုတ်ဖမ်းဆီးလိုက်သော အခါ လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်ရေးအစီအစဉ်များ သည်

ထင်ရှားစွာပေါ်လာတော့သည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသော တပ်မတော်အရာရှိကြီး များသည် ၁၉၆၉ ခုနှစ်၊ မတ်လ (၆) ရက်တွင်

အနောက်တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ပုသိမ်မြို့ သို့ရောက်ရှိလာပြီး တိုင်းမှူး ဗိုလ်မှူးကြီးစန်ကြည်၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး

ဗိုလ်မှူး ကြီး အေးကို တို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

နွေဦးစစ်ဆင်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်များကို တားဆီးနိုင်ရုံသာမကဘဲ၊ ပဲခူရိုးမနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ

ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့၏ အခြေ အနေကိုလည်း အထိုက်အလျောက်သိရှိလာစေခဲ့သည်။ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမမှ

လုပ်သားပြည်သူများ သာမကဘဲ ရန်ကုန်မြို့ပေါ်ရှိ လုပ်သားပြည်သူများကပါ ရန်သူ့အမာခံများ မြေအောက်ကလာပ်စည်းများကို ဖော်ထုတ်ပေးခြင်း၊

ရန်သူလှုပ်ရှားမှုသတင်းပေးပို့ခြင်း ဖြင့် တပ်မတော်အား ကူညီလာကြသည်။ အချို့နေရာ များတွင် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်း များ၊

ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်း၍ ရန်သူအား တပ်မတော်နှင့် လက်တွဲတိုက်ခိုက်လာကြသည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း ရန်သူကိုအန်တုတုံ့ပြန် ကြသည်

များလည်း ပေါ်ပေါက်လာသည်။

မဒညတ စစ်ဦးစီးကော်မတီသည် အမိန့်များ၊ ညွှန်ကြားချက်များကို မကြာခဏထုတ်ပြန်ခဲ့သည်။ သို့သော် ထွက်လာသမျှသော အမိန့်နှင့်ညွှန်ကြားချက် များမှာ

အကောင်အထည်ဖော်လိုက်သောအခါ ပြည်သူလူထု ထိခိုက်နစ်နာဖို့သာ ဖြစ်ပေါ်လာလေ့ရှိသည်။ သောင်းကျန်းသူများ၏နှိပ်စက်မှုများ ပိုမိုတိုးပွားဆိုးရွားလာလေ၊

သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်းများမှာလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်ပေါက်လာလေပင် ဖြစ် သည်။

မြောင်းမြခရိုင်သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ များသည် တပ်မတော်နှင့်ပူးပေါင်း၍ တိုက်ပွဲဝင်ကြရာ ၁၉၆၉ ခုနှစ်၊ နွေဦးကာလမှာပင် တိုက်ပွဲကြီး ၁၁ ပွဲ

ဆင်နွှဲအောင်မြင်ခဲ့သည်။ သောင်းကျန်းသူများထဲတွင် လည်း လက်နက်ချသူများ တစ်စတစ်စ များပြားလာ သည်။

ရွှေလင်းယုန်နှင့်မိုးဟိန်းစစ်ဆင်ရေးကြီးများ[ပြင်ဆင်ရန်]

မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခုလုံးတွင် သောင်းကျန်းသူများ၏ ကမ်းကုန်အောင်ရက်စက်ရမ်းကားမှု များ ပေါ်ပေါက်လျက်ရှိရာ တပ်မတော်နှင့်ပြည်သူများ သည်

စစ်ဆင်ရေးကြီးများ အဆင့်ဆင့်ဆင်နွှဲ၍တိုက် ခိုက်ချေမှုန်းခဲ့ရသည်။ အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်

၏ ကွပ်ကဲမှုအောက်ရှိတပ်များဖြင့် ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်မှ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်အထိ နှစ်နှစ်ကျော်ကာလ အတွင်း

ရွှေလင်းယုန်စစ်ဆင်ရေးအဆင့်(၁)မှ အဆင့် (၁ဝ)အထိ ဆင်နွှဲခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်မှ ၁၉၇၁ ခုနှစ်၊ အောက်တိုဘာ လ(၂၁)ရက်အထိ

ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ အဆင့်(၅)အထိ ဆင်နွှဲခဲ့သည်။ ရှေ့တန်းအမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်များသည် လည်း

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ ၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ (၂၇)ရက်အထိ မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ အဆင့် (၅) အထိ ဆင်နွှဲ၍ တိုက်ခိုက် ခဲ့သည်။

ရွှေလင်းယုန် စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေးနှင့် ရွှေလဝင်းစစ်ဆင်ရေးများ၏ထူးခြားချက်မှာ ပြည်သူ များကပါ အင်တိုက်အားတိုက်ပူးပေါင်းပါဝင်တိုက်ခိုက်

ကြခြင်းပင်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူ များသည် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ အလုအယက်ဖွဲ့စည်း၍ စစ်ဆင်

ရေးကြီးများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ သောင်းကျန်း သူများမှာလည်း တပ်မတော်နှင့်ပြည်သူတို့၏ ထိုးစစ် များကို ရှောင်တိမ်းရင်း ပြဿနာမျိုးစုံကို

ဖြေရှင်းနေရ သည်။ အချင်းချင်းပဋိပက္ခများပေါ်ပေါက်လာသည်။ ရဲဘော်ကျော်အေးသည် မခံမရပ်နိုင်တော့သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ

မြောင်းမြခရိုင်ဌာနချုပ် အထွေထွေတာဝန်ခံ ရဲဘော်သန်းကြွယ်အား နားထင် ကို ရိုင်ဖယ်နှင့်ပစ်သတ်၍ ၁၉၆၉ ခုနှစ်၊ မေလ (၄) ရက်တွင်

တပ်မတော်သို့လက်နက်ချလာသည်။

၁၉၆၉ ခုနှစ်၊ ဧပြီလ (၁၁) ရက် တွင် လင်းယုန် အဆင့်(၃) စစ်ဆင်ရေး စတင်သည်။ ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်အဖွဲ့သည်

လမုအုပ်စခန်းမှ အရန်စခန်းများဖြစ်သော တယ်ချောင်းစခန်း၊ ဦးတိုစခန်း၊ မာလာကွင်းစခန်း၊ မာလာကွဲစခန်းအပြင် လေးခွစခန်း၊ ပျဉ်းမချောင်း စခန်း

စသည့်စခန်းများသို့ အဆင့်ဆင့် တိမ်းရှောင် နေကြရသည်။ မေလ (၁၂)ရက်တွင် အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ခိုင်၏ ကွပ်ကဲမှု အောက်၌ရှိသော

အမှတ်(၂၇)ခြေလျင်တပ်ရင်းသည် လုပ်သားပြည်သူ ၈ဝဝ ကျော်နှင့်အတူ ကကရံမြစ် နှင့် ဧရာဝတီမြစ်အကြား ကကရံထင်းတောကို ကွက်ပြည့်နင်း၍

စတင်ရှင်းလင်းကြသည်။ မေလ (၁၇) ရက်တွင် လင်းယုန်(၁၃)စစ်ကြောင်းသည် ဗမာပြည် ကွန်မြူနစ်ပါတီမြောင်းမြခရိုင်ဌာနချုပ်မှ

ရဲဘော် လှကြိုင်(ခေါ်)မန်းလျူး နှင့် ခရိုင်သစ်တောတာဝန်ခံ ရဲဘော်မောင်သန်းတို့အား ဖမ်းဆီးရမိလိုက်သည်။ ရဲဘော်လှကြိုင်၏သတင်းပေးမှုအရ

တပ်မတော်နှင့် လုပ်သားပြည်သူများသည် အလျားသုံးမိုင်၊ အနံနှစ်မိုင်ခွဲ ရှိသော ဓနုံးကျွန်းကြီးကိုထွက်ပေါက်မရှိအောင် ပိတ်ဆို့ဝန်းရံထားလိုက်သည်။

မေလ(၁၈)ရက်တွင် တပ်မတော်က အသံချဲ့စက်ဖြင့် လက်နက်ချကြရန် လှည့်လည်ဖိတ်ခေါ်သည်။ မေလ (၂ဝ) ရက်တွင် လင်းယုန်(၁၃)စစ်ကြောင်း

သည် နိုင်ငံခြားမှလျှို့ဝှက် ဝင်ရောက်လာသော တရုတ်အမျိုးသားဝေါင်နီမွန်း (ခေါ်)အောင်ကျော်အား အသေဖမ်းဆီးရမိခဲ့သည်။

လက်နက်ချရန် တပ်မတော်က အကြိမ်ကြိမ် ဖျောင်းဖျသော်လည်း သခင်ဗိုလ်ဦးတို့လူစုက ခေါင်းမာ နေသည်။ စစ်ကြောင်းများအား နေရာအနှံ့အပြားမှ

ခုခံနေသည်။ ၁၉၆၉ ခု၊ မေလ (၂၃)ရက်တွင် တိယွန် ချောင်ယီး(ခေါ်) ချန်ဂျိပိန်(ခေါ်)မစ္စတာချောင် (ခေါ်)အောင်မြင့် အမည်ရှိ တရုတ်အမျိုးသားကို

အသေရရှိပြန်သည်။ ထို့နောက် မြောင်းမြခရိုင် အတွင်းရေးမှူး သခင်ဗိုလ်ဦးသည် သားငယ်ဇော်ဦး၊ မော်ဦးတို့နှင့်အတူ ပြည်သူတို့၏ဒဏ်ခတ်တိုက်ခိုက်မှုကြောင့်

မိုက်ဇာတ်သိမ်းသွားရတော့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီမြောင်းမြခရိုင်သည် လင်းယုန်အဆင့် (၃)၏ချေမှုန်းခြင်းကိုခံလိုက်ရတော့သည်။ သေသူသေ၊

ဒဏ်ရာရသူရ၊ လက်နက်ချသူချဖြင့် ပြိုကွဲသွားတော့ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီမြောင်းမြခရိုင်အဖွဲ့ အထိနာနေခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသကြီး တစ်ခုလုံးမှ လုပ်သားပြည်သူများက တပ်မတော်နှင့်အတူ ရွှေလင်းယုန်နှင့်

မိုးဟိန်းစစ်ဆင်ရေးကြီးများကို ဆင်နွှဲလာခြင်း၊ ပြည်သူလူထု၏လုံးဝဆန့်ကျင်မှုကို ရင်ဆိုင်နေရခြင်း တို့ကြောင့် သောင်းကျန်းသူများမှာ ပြေးစရာမြေမရှိ

အောင်ဖြစ်လာကြသည်။ မြောင်းမြခရိုင်အတွင်းမှ မဒညတများသည် ၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး မြစ်ချောင်းတောတောင်ထူထပ်သည့် သိလ္လာကျော ထဲတွင်

ခိုအောင်းနေရသည်။ သိလ္လာကျောသည် သဘာဝအတားအဆီးများသောကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့် မဒညတတို့သည်

သေနင်္ဂဗျူဟာပြောက်ကျားအခြေခံဒေသအဖြစ် သတ်မှတ်ပြီး ဌာနချုပ်၊ ဌာနခွဲများ စခန်းချနေခဲ့ ကြသည်။ တပ်မတော်၏စစ်ဆင်ရေးများကို ရင်ဆိုင် ရတိုင်း

သိလ္လာကျောအတွင်းသို့ပင် ပြေးလွှားဝင်ရောက် ပုန်းအောင်းလေ့ရှိသည်။

၁၉၆၉ ခုနှစ်၊ မေလ (၁၅)ရက်တွင်ကား ဒုဗိုလ်မှူးကြီးကွက်ကော့သည် မဒညတခေါင်းဆောင် များအား စုစည်းလိုက်သည်။ ကွက်ကော့ ကား

မြစ်ဝကျွန်းပေါ်တစ်ခုလုံး ဟိုးဟိုးကျော်သူတစ်ဦး ဖြစ်သည်။ ငါးသုံးလုံးစီးကရက်ကိုသာ အမြဲသောက်ပြီး နိုင်ငံခြားဖြစ် အရက်၊ ပစ္စည်းတို့ဖြင့် ဇိမ်ခံလေ့ရှိသည်။

ကွက်ကော့ခေါ်ယူသည့် အစည်းအဝေးသို့ ကေအင်န်ယူ ပါတီအမှတ်(၂)ခရိုင် ဥက္ကဋ္ဌ နှင့် မဒညတ သဘာပတိ အဖွဲ့ဝင် စောဘီဖိုး(ခေါ်) စောအယ်မူဖိုး

ကရင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ကေပီအယ်လ် အေ) အမှတ် (၂)တပ်ရင်း၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သောင်းညွန့်၊ အမှတ်(၂)ခရိုင် ကေအင်န်ယူပါတီ

အတွင်းရေးမှူးနှင့် မဒညတ သဘာပတိအဖွဲ့ဝင် စောအယ်ကော် တို့ တက်ရောက်ကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်စစ်ရေးတာဝန်ခံ

ဗိုလ်မှူးစိုးတင့်လည်း မြောင်းမြခရိုင်ကိုယ်စား တက် ရောက်သည်။

ထိုအချိန်တွင် သိလ္လာကျော၌ ဒုဗိုလ်မှူးကြီးကွက် ကော့နှင့် တပ်စုနှစ်စု၊ ဒုဗိုလ်မှူးကြီး သောင်းညွန့်နှင့် တပ်စုနှစ်စု၊ ကေအင်န်ယူပါတီ ကျောင်းကုန်းမြို့နယ် ဥက္ကဋ္ဌ

နှင့် အမှတ် (၃) ကရင်ပြည်သူ့ပြောက်ကျား တပ်မတော်၏ဒုတပ်ရင်းမှူး ဗိုလ်သန်းရှိန် နှင့် တပ်စု တစ်စု၊ ဗမာပြည် ကွန်မြူနစ်ပါတီ မြောင်းမြမြို့နယ် တပ်နှင့်

ပါတီဝင်အား ၁ဝဝ ခန့်အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်ကော်မတီ၏ အရန် ဥက္ကဋ္ဌ နှင့် မဒညတ သဘာပတိအဖွဲ့ဝင် ရဲဘော်စောအေး(ခေါ်)

တင်ကြွယ် တို့လည်း စုဝေးရောက်ရှိ နေကြသည်။ စုစုပေါင်း သောင်းကျန်းသူအင်အားမှာ ၂၅ဝ ကျော်ခန့်ရှိသည်။ စင်စစ် ကွက်ကော့တို့လူစုသည်

ဓနုံးကျွန်းတွင် သခင်ဗိုလ်ဦးတို့လူစု ပိတ်မိနေသကဲ့သို့ သိလ္လာကျောအတွင်းချောင်ပိတ်မိနေခြင်းပင်ဖြစ်သည်။ သို့သော် ကွက်ကော့တို့လူစုသည် အသက်ရှူချောင်

လို ချောင်ငြား ၁၉၆၉ ခု၊ မေလ (၂၅)ရက်တွင် မြောင်းမြ မြို့နှင့် အမှတ်(၉၃)ခြေလျင်တပ်ရင်းကို ဝင်စီးရန် ကြံစည်လိုက်ကြသည်။ သို့သော် ယင်းအကြံအစည်မှာ

မအောင်မြင်ခဲ့ပေ။

၁၉၆၉ ခုနှစ်၊ ဇွန်လ(၂)ရက်တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်တို့သည် ရွှေလင်းယုန်အဆင့်(၄)နှင့်

မိုးဟိန်းအဆင့်(၂)စစ်ဆင်ရေးများကို စတင်ရန် ဆုံးဖြတ်လိုက်သည်။ စစ်ဆင်ရေးကြီးတစ်ရပ်လုံးကို တိုင်းမှူး ဗိုလ်မှူးကြီး စန်ကြည်က ကွပ်ကဲသည်။

အမှတ် (၁) စစ်ဗျူဟာအဖွဲ့ကိုလည်း စစ်ဗျူဟာမှူး အဖြစ် ဗိုလ်မှူးကြီးစန်ကြည်ကိုယ်တိုင်ကွပ်ကဲပြီး အောက်ပါတပ်များဖြင့် ဖွဲ့စည်းခဲ့သည်-

(၁) အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်း

(၂) အမှတ် (၂၇) ခြေလျင်တပ်ရင်း

(၃) အမှတ် (၃၈) ခြေလျင်တပ်ရင်း

(၄) အမှတ် (၉၃) ခြေလျင်တပ်ရင်း

(၅) အမှတ် (၉၈) ခြေလျင်တပ်ရင်း

(၆) အမှတ် (၅) တိုင်း ဗဟိုလေ့ကျင့်ရေးစခန်း

(၇) ဧရာဝတီတိုင်းပြည်သူ့ရဲတပ်ဖွဲ့ဝင်များ

တပ်မတော်(ရေ)မှလည်း နဝရတ်၊ အင်းမ၊ အမှတ်(၃ဝ၂)တိုက်ရေယာဉ် အမှတ်(၃ဝ၆)တိုက် ရေယာဉ်များကို ဗိုလ်မှူးမောင်ဆွေက ကွပ်ကဲ၍ တိုက်ခိုက်ရန်

စီစဉ်ခဲ့သည်။ အမှတ်(၈၈၁) နည်းဗျူဟာ ကွပ်ကဲမှုအဖွဲ့ ကို ဗိုလ်မှူးကြီးအေးကို က ကွပ်ကဲပြီး အောက်ပါတပ်များ ပါဝင်သည်-

(၁) အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၂) အမှတ် (၁ဝ၈) ခြေမြန်တပ်ရင်း

(၃) အမှတ် (၁၁) ခြေလျင်တပ်ရင်း

ထို့အပြင် ရန်မနိုင်၊ ကြာကန်၊ ပုလ၊ ငါးရာဘို၊ ကွမ်းခြံစသည့်ကျေးရွာပေါင်းများစွာမှ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်

လုပ်သားပြည်သူများကလည်း စစ်ဆင်ရေးကြီးတွင် တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။ သိလ္လာကျောကြီးအား တပ်မတော်နှင့်ပြည်သူများက ပိတ်ဆို့ဝန်းရံထားကြချိန်

မှာ စပါးစိုက်ပျိုးချိန်ဖြစ်လေရာ စပါးစိုက်ပျိုးရေး လုပ်ငန်းများ မထိခိုက်စေရန်အတွက်လည်း တပ်မတော် က ကုန်ထုတ်ရင်းတိုက်၊ တိုက်ရင်းကုန်ထုတ်

ဆောင်ပုဒ်အရ အစီအစဉ်များချမှတ်ဆောင်ရွက်ခဲ့ သည်။ ၁၉၆၉ ခုနှစ်၊ ဇွန်လ (၇)ရက်တွင် စစ်ဆင်ရေး စစ်ကြောင်းများသည် ရန်သူနှင့် စတင်

ထိတွေ့တော့ သည်။ ကွက်ကော့တို့လူစုသည် တပ်မတော် ဆက်သွယ်ရေးစက်များကို ကြားဖြတ်ဖမ်းခြင်း (INTERCEPT)ဖြင့် ရှောင်တိမ်းနိုင်မြဲဖြစ်သော်လည်း

သိလ္လာကျောအတွင်း၌ကား ကြားဖြတ်ဖမ်း၍မရတော့ ချေ။

ရွှေလင်းယုန်အဆင့်(၄)နှင့် မိုးဟိန်းအဆင့်(၂) စစ်ဆင်ရေးများသည် တိုက်ခိုက်ရေးစစ်ကြောင်းကြီး လေးကြောင်းခွဲ၍ ရန်သူကို တိုက်ခိုက်ပိတ်ဆို့ကြသည်။

တပ်မတော်(ရေ)မှ မြစ်တွင်းတိုက်ရေယာဉ်များနှင့် လုပ်သားပြည်သူများက သိလ္လာကျောကို ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားကြသည်။ ကေအင်န်ယူပါတီ

ကျောင်းကုန်းမြို့နယ် ဥက္ကဋ္ဌ နှင့် ကရင်ပြည်သူ့ပြောက် ကျားတပ်ရင်း (၃) ဒုတပ်ရင်းမှူး ဗိုလ်သန်းရှိန် တို့ လူစု သည် အထူးလျှို့ဝှက်၍ ကျောင်းကုန်းမြို့နယ်သို့

ထွက် ပြေးရသည်။ ကွက်ကော့လည်း အမှတ်(၁၁)ခြေလျင် တပ်ရင်း၏တိုက်ခိုက်မှုကြောင့် ခြေလွတ်လက်လွတ် ထွက်ပြေးရသည်။ ကွက်ကော့သည် ကစဉ့်ကလျား

ဆုတ်ပြေးနေစဉ် အရက်ကိုသာ ဖိသောက်နေခဲ့ သည်။

မဒညတများသည် တပ်မတော်နှင့် ပြည်သူများ၏ စစ်ကြောင်းများနှင့် ဝေးမည်ထင်ရာသို့ ခြေဦးတည့်ရာ ဆုတ်ခွာထွက်ပြေးနေကြရသည်။ ထိုအချိန်တွင်

ကွက် ကော့သည် လူ ၂ဝဝ ကျော်နှင့်အတူ ထွက်ပြေးလျှင် လုံခြုံမှုရှိမည် မဟုတ်သဖြင့် ကိုယ်လွတ်ရုန်းရန် စောအယ်ကော်(ခေါ်)ဦးတာ အား တိုင်ပင်ခဲ့သည်။

စစ်ဆင်ရေးစစ်ကြောင်းများကလည်း နေ့ရောညပါ မနားတမ်း ထက်ကြပ်လိုက်၍ စစ်ဆင်တိုက်ခိုက်နေ သည်။ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၅ ရက် နံနက် ၉ နာရီ တွင်

ဖရိုဖရဲဖြစ်နေသော မဒညတစစ်ကြောင်းများ အား တပ်မတော်နှင့်ပြည်သူတို့က ပြင်းထန်စွာ တိုက်ခိုက်ရာ မဒညတများမှာ နှစ်စုကွဲ၍ ထွက်ပြေး ကြရပြန်သည်။

ပထမတစ်စုတွင်ကွက်ကော့၊ ဗမာပြည် ကွန်မြူနစ်ပါတီမြောင်းမြမြို့နယ် စစ်ရေးတာဝန်ခံ ဗိုလ်တင်ဖေ၊ ရဲဘော်ဘအောင် (ဒုတိယပတ် ဗဟို

မာ့က်စ်လီနင်ဝါဒကျောင်းဆင်း)တို့ပါဝင်ပြီး ကစဉ့်ကလျား အစိတ်စိတ်အမြွှာမြွှာပြိုကွဲ၍ ခြေဦးတည့်ရာ ပြေးကြသည်။ စောအယ်ကော်နှင့် ဗိုလ်သာမင်း

တို့မှာမူ လူ ၅ဝ ကျော်ကို စုစည်းပြီး ထွက်ပြေးနိုင်ခဲ့ ကြသည်။

၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် စောအယ် ကော်နှင့် ဗိုလ်သာမင်းတို့ခေါင်းဆောင်သော မဒညတ အင်အား ၅၈ ယောက်သည် စကားမြားစခန်း

ရှိ တပ်မတော်(ရေ)တပ်ဖွဲ့ရှိရာသို့ ရဲဘော်ဉာဏ်စိန် ကို စေလွှတ်ပြီး လက်နက်ချရေးအတွက် ကမ်းလှမ်းခဲ့ သည်။ တပ်မတော်(ရေ)မှ ဗိုလ်ကြီးအောင်သန့်ဇင်

က လက်နက်ချရေးကိုကြိုဆိုကြောင်း စာပြန်ရေး၍ အစီအစဉ်များပြုလုပ်ပေးသည်။ စောအယ်ကော် ခေါင်းဆောင်သော မဒညတ ၅၈ ယောက်သည်

လက်နက်ကြီး/လက်နက်ငယ်မျိုးစုံ ၃၆ လက်ဖြင့် လက်နက်ချအလင်းဝင်လိုက်ကြသည်။ လက်နက်ချ အပ်သူများအား တပ်မတော်နှင့် လုပ်သားပြည်သူများ က

လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ နောင်တွင်ဘဝအာမခံချက်ရရှိရေးအတွက်လည်း ဆိုင်ရာမှ စီစဉ် ပေးခဲ့ကြသည်။

ကွက်ကော့သည် မဒညတ အဖွဲ့ဝင်များနှင့်အတူ ဆုတ်ခွာနေရာမှ ၁၉၆၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်တွင် ဆေးမှူးဖိုးဆီ၊ ကြားဖြတ်ကြိုးမဲ့ကြေးနန်းဖမ်းယူသူ

လောအယ်၊ ဒေသကျွမ်းကျင်သူ အခွာ တို့အားခေါ်ကာ ကိုယ်လွတ် ရုန်းကာ ခွဲခွာသွားခဲ့သည်။

ဗိုလ်စန်ကောင်းနှင့် ဗိုလ်တင်ဖေတို့မှာမူ မဒညတအဖွဲ့ဝင် ၆ဝ ကျော်နှင့်အတူ ကျန်ရစ်ခဲ့ကြ သည်။ ခေါင်းဆောင်လုပ်သူက မိမိကိုယ်ကျိုးကိုသာ ကြည့်ပြီး

ငယ်သားများအား ပစ်ပြေးသွားသောကြောင့် လည်း အကြီးအကျယ် စိတ်ဓာတ်ကျသွားကြသည်။ ဗိုလ်စန်ကောင်းတို့လူစုသည် ရက်ပေါင်းများစွာ

အစာရေစာငတ်ပြတ်နေရာ ညောင်ပင်ကြီးရွာသို့ ထမင်းကျန်ဟင်းကျန်များ ဝင်ရောက်တောင်းရမ်းကြရ သည်။ ရွာသားများက အလင်းဝင်မည်ဆိုမှ ထမင်းကျွေး

မည်ဟုဆိုကာ အလင်းဝင် လက်နက်ချရန်တိုက်တွန်း ကြသည်။ သို့နှင့် ဗိုလ်စန်ကောင်းတို့ လူစုလည်း အမှတ် (၂၇)ခြေလျင်တပ်ရင်း စစ်ကြောင်းသို့ လက်နက်

မျိုးစုံ နှင့်တကွ အစုလိုက် အပြုံလိုက် လက်နက်ချ အလင်းဝင် လိုက်ကြရတော့သည်။

ကရင်ပြည်သူ့ပြောက်ကျားတပ်ရင်း(၆)တပ်ရင်းမှူး ကွက်ကော့နှင့် နောက်ပါသုံးဦးမှာမူ တပ်မတော် နှင့်ပြည်သူတို့၏ လုံးဝချေမှုန်းသုတ်သင်ခြင်းကို

ခံလိုက် ကြရသည်။ ဤသို့ဖြင့် စစ်ဘုရင်တစ်ဆူ၊ စစ်အာဏာရှင် တစ်ဆူနှယ် ကြီးစိုးခဲ့သော ကွက်ကော့တစ်ယောက် မိုက်ဇာတ်သိမ်းရတော့သည်။ ကွက်ကော့

နှင့်အတူ ငွေ နှစ်သောင်းကျော်နှင့် ရွှေများကိုလည်း သိမ်းဆည်းရမိ ခဲ့သည်။

မြောင်းမြခရိုင်ကေအင်န်ယူပါတီဥက္ကဋ္ဌ နှင့် မဒညတသဘာပတိအဖွဲ့ဝင် စောဘီဖိုးနှင့်ဇနီး ဗိုလ်ကတော် အပါအဝင် ၁ဝ ဦးကိုလည်း သိလ္လာကျော မှပင်

အသေရမိခဲ့သည်။ ကရင်ပြည်သူ့လွတ်မြောက် ရေးတပ်မ(၂)၏ တပ်မဆေးမှူးဆရာကလောဒီသည် စောဘီဖိုးတို့နှင့်အတူ သေပွဲဝင်ခဲ့ရသည်။ စောဘီဖိုးတို့

လင်မယားမှာ ရွာသူရွာသားများထံမှ ငိုစားရယ်စား ခေါင်းပုံဖြတ်ခဲ့သူများဖြစ်သည်။ စောဘီဖိုးက ဆက်ကြေး ကို မတန်တဆတောင်းသည်။ ငွေမရှိသော ရွာသားများ

မှ ရှိစုမဲ့စုရွှေတိုရွှေစများကို ဗိုလ်ကတော်ထံတွင် ဈေး အနှိမ်ခံ၍ရောင်းချပေါင်နှံပြီးပေးရသည်။ နှစ်ဖက်ခွ၍ ခေါင်းပုံဖြတ်သူများပင်ဖြစ်သည်။ စောဘီဖိုးနှင့် ဗိုလ်

ကတော်တို့ လင်မယားကို ပြည်သူလူထုက အထူးပင် အော့နှလုံးနာပြီး ရွံရှာမုန်းတီးကြသည်။

ကရင်တော်လှန်ရေးကောင်စီ(ကေအာရ်စီ)မှ ကိုလံဗတ်စ်နှင့် ၁ဝ ယောက်သည်လည်း စောဘီဖိုးတို့ နှင့်အတူ ခိုအောင်းနေရာမှ သရောကွင်းရွာအနီးတွင်

ပြည်သူ့စစ်အမျိုးသား အမျိုးသမီး ၁ဝဝဝ ကျော်က ပိတ်ဆို့ထားသဖြင့် လက်နက်ချအညံ့ခံလိုက်ကြရ သည်။

မြောင်းမြခရိုင်အတွင်းတွင် မဒညတနှင့်ကေအင်န် ယူပါတီတို့အကြီးအကျယ် အရေးရှုံးနိမ့်လာသောအခါ ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း ခေါင်းမာမနေနိုင်

တော့ပေ။ မြောင်းမြခရိုင်ကော်မတီ ရဲဘော်သန်းလွင် နှင့် မြို့နယ်ကော်မတီများ၊ တပ်မှူးများသည် အစုလိုက် အပြုံ လိုက် လက်နက်ချကြရတော့သည်။

ခရိုင်တပ်ခွဲမှူး မောင်မှုံလည်း လက်နက်ချလိုက်ရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီတော်လှန်သော ဗဟိုဌာနချုပ်မှ သခင်သန်းထွန်းနှင့် ရဲဘော်အောင်ကြီးတို့၏

အထူး အားထားခဲ့ရသော ပေါက်ခေါင်းကောင်စီပြန် ရဲဘော်ဘအောင် (ဒုတိယပတ် ဗဟိုမာ့က်စ်လီနင်ဝါဒ ကျောင်းဆင်း)သည်လည်း သိလ္လာကျောအတွင်းရှိ

ရှစ်အိမ်တန်းရွာအနီးတွင် ပြည်သူတို့၏ သုတ်သင် ချေမှုန်းခြင်းကိုခံလိုက်ရတော့သည်။ ရဲဘော်ဘအောင် ကား အပြစ်မဲ့ပြည်သူများစွာကို သတ်ဖြတ်ခဲ့သူ၊

အမျိုးသားကောင်းသားသမီးများစွာကို စော်ကား ဖျက်ဆီးခဲ့သူပင် ဖြစ်သည်။ သို့နှင့် သိလ္လာကျောထဲတွင် ဒုဗိုလ်မှူးကြီးသောင်းညွန့်နှင့် အင်အားလေးယောက် သာ

ကျန်ရစ်ခဲ့ရလေသည်။

ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ကေပီ အယ်လ်အေ)တပ်ရင်း(၂)၊ တပ်ရင်းမှူးသောင်းညွန့်အား လက်နက်ချရေးအတွက် တပ်မတော်သည် ပုသိမ်အရှေ့

ပိုင်းမှ သောင်းညွန့်၏ဖခင် ဦးကျော်အောင်နှင့် ညီဖြစ် သူ ကိုရွှေမြတို့အား ခေါ်ယူ၍ သောင်းညွန့်ထံ စေလွှတ် ပြီး စေ့စပ်ခဲ့သည်။ သောင်းညွန့်ကား လက်မခံပေ။

သို့နှင့် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ (၈) ရက် နံနက်(၈) နာ ရီတွင် သောင်းညွန့်တို့လူစုသည် တပ်မတော်နှင့် ပြည်သူတို့၏ချေမှုန်းခြင်းကိုခံလိုက်ရ၏။

သောင်းညွန့်၏ ညာလက်ရုံး မှိုင်းဝေ မှာမူ လက်နက်ချခဲ့သည်။ မှိုင်းဝေ က နေ့စဉ်မှတ်တမ်းတွင်-

တော်လှန်ရေးတို့မည်သည် တောတောင် ရေမြေသဘာဝ၊ ရာသီဥတုအခြေအနေ မည်မျှပင်ကောင်းမွန်စေကာမူ၊ ပြည်သူ မပါဝင်လျှင်

မည်သို့ မျှမအောင်မြင်နိုင်ပါချေ တကား

ဟုရေးသားခဲ့လေသည်။

သို့နှင့် သိလ္လာကျောတွင် သောင်းကျန်းသူများ ရှင်းလင်းသွားရသည်။

သိလ္လာကျောအတွင်းတွင် တပ်မတော်နှင့် ပြည်သူ များ၏ချေမှုန်းတိုက်ခိုက်မှုကြောင့် မဒညတများသည် သေသူသေ၊ လက်နက်ချသူချနှင့် အထိနာသွားကြလေ ရာ

ကျန်ရစ်သူများမှာ သိလ္လာကျောတွင် ခြေမချဝံ့တော့ ဘဲ ခြေလွတ်လက်လွတ်ထွက်ပြေးသွားကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်ကော်မတီ

ရဲဘော်မြဒင်နှင့် အဖွဲ့သည် မဒညတ၏ ကရင် ပြည်သူ့လွတ်မြောက်ရေးတပ်မ(၂)၏ ဒုစစ်ဦးစီး ဌာနမှူး ဗိုလ်ချုပ်အက်စ်သိန်း(ခေါ်)သထော်တို့

လူစုနှင့် တိတ်တဆိတ်သွားရောက်ပူးပေါင်းရသည်။ အက်စ်သိန်းတို့အဖွဲ့တွင် ကရင်ပြည်သူ့ပြောက်ကျား တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကျော်ငွေ

(ခေါ်) ကြောင်တရာတို့လူစုလည်း ပူးပေါင်းပါဝင်ကြသည်။ ထို့အပြင် ကေအင်န်ယူပါတီနှင့် အစေးမကပ်သဖြင့် သီးခြားခွဲထွက်ခဲ့သော

ကရင်တော်လှန်ရေးကောင်စီ (ကေအာရ်စီ)မှ ဗိုလ်ချုပ်စောစိန်မှုန်သည်လည်း ကကရံကြိုးဝိုင်းအတွင်းတွင် ပုန်းလျှိုး၍နေရသည်။

ကကရံကြိုးဝိုင်းသည် မြောင်းမြခရိုင်လပွတ္တာ မြို့နယ်၏အရှေ့တောင်ဘက်တွင်ရှိပြီး ကျေးရွာ ၂၂ ရွာပါဝင်သည်။ အကျယ်အဝန်း ၅၄ စတုရန်းမိုင်ခန့်ရှိပြီး

မြစ်ချောင်းအင်းအိုင်ချုံနွယ်ပိတ်ပေါင်းတို့ ထူပြောသည်။ အက်စ်သိန်း၊ ကြောင်တရာ၊ ရဲဘော်မြဒင်နှင့် စောစိန် မှုန်တို့လူစုသည် ကကရံကြိုးဝိုင်းထဲတွင်

ပြည်သူ့စစ်အဖွဲ့ နှင့်သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ဝင် ၅ဝဝ ကျော် တို့၏ ပိတ်ဆို့မှုကို ခံနေကြရသည်။ အနောက်တောင် တိုင်းစစ်ဌာနချုပ်သည်

၁၉၆၉ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်တွင် လင်းယုန်အဆင့်(၅)အပိုင်း(၁) စစ်ဆင် ရေးကြီးကို စတင်လိုက်သည်။ စစ်ဆင်ရေးတွင်

တိုင်းလက်အောက်ခံတပ်များမှတပ်ခွဲလေးခွဲ၊ အမှတ် (၈၈)ခြေမြန်တပ်မဌာနချုပ် အမှတ်(၈၈၁)နည်းဗျူဟာ ကွပ်ကဲမှုအဖွဲ့နှင့် တပ်မတော်(ရေ)မှ အကူတိုက်

ရေယာဉ်ဝိုင်အမျိုးအစားနှစ်စင်းတို့ပါဝင်ကြသည်။ တပ်မတော်သည် တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်း တိုက်ဆောင်ပုဒ်ကို လက်တွေ့ကျင့်သုံး၍ ပြည်သူ

လူထုနှင့်တစ်သားတည်းဖြစ်နေသည်။ ဩဂုတ်လ (၁၉)ရက်တွင် ဒုတိုင်းမှူးသည် ပိုးလောင်းရွာနှင့် အနီးအနားမှ ကျေးရွာခုနှစ်ရွာမှ ပြည်သူတို့နှင့်

ဆွေးနွေးခဲ့သည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်အက်စ်သိန်းနှင့် မဒညတ ခေါင်းဆောင်များသည် ပြည်သူလူထုအား အန်တုခြင်း ငှာမစွမ်းသာတော့ပေ။

ကရင်ပြည်သူ့လွတ်မြောက် ရေးတပ်မ(၂)မှ ဗိုလ်ချုပ်အက်စ်သိန်း၊ တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးကြောင်တရာနှင့် နောက်လိုက် ၁၇ ဦး၊

ကရင်တော်လှန်ရေးကောင်စီမှ ဗိုလ်ချုပ်စောစိန်မှုန်နှင့် နောက်လိုက် ၃ဝ ဦးတို့သည် လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ လက်နက်ချလိုက်ကြရ တော့သည်။

ဗိုလ်ချုပ်အက်စ်သိန်းက-

အရင်က ကျွန်တော်တို့ကို အကူအညီပေးခဲ့တဲ့ လူထုတွေကလည်း ကျွန်တော်တို့ကို ပြန်ပြီးလိုက်နေကြ တယ်။ ဝိုင်းနေကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ ကိုယ့်

အခြေအနေနဲ့ ကိုယ့်ဘဝကို မှန်မှန်ကန်ကန်နားလည် ပြီး အခုလို အလင်းဝင်လာတာ ဖြစ်ပါတယ်။ တကယ် တော့ ကျွန်တော်တို့ဟာ လူထုကောင်းစားရေးဆိုပြီး

လုပ်ခဲ့ကြပေမယ့် လူတွေကိုသာ အမျိုးမျိုးဒုက္ခရောက် အောင် လုပ်ခဲ့ကြတယ်။ အခုတော့ လူတွေက မခံနိုင်လို့ ပြန်ချပြီလေ၊ အဲဒီတော့ ကျွန်တော်တို့လဲ

မနေနိုင်တော့ ဘူး၊ ဒီအတိုင်းမိုက်မိုက်ကန်းကန်းဆက်သွားရင်တော့လဲ ခွေးသေဝက်သေပဲ သေကြရတော့မှာပါပဲ

ဟူ၍ပြောကြားခဲ့သည်။ ကြောင်တရာကလည်း-

အခု တပ်မတော်ကလုပ်တဲ့ စစ်ဆင်ရေးကသိပ် ကို ထူးခြားတယ်။ လူထုဟာ အူလှိုက်သဲလှိုက်ကို ပါဝင် ပြီး တိုက်ခိုက်လာတယ်။ ကျွန်တော်တို့ဟာ လေးဖက်

တန်ကဝိုင်းပြီး ပိတ်ဆို့တာကို ခံခဲ့ရတယ်။ ကျွန်တော်တို့ မှာ ပြေးစရာမြေမရှိတော့ဘူး။ ဒါကြောင့် စိတ်ဓာတ်ကျ ပြီး တပ်မတော်မှာ လက်နက်ချတာပဲ။ ကျွန်တော်တို့

တောထဲမှာရှိတုန်းက ကျွန်တော်တို့မှာ သံသယတွေရှိခဲ့ ကြတယ်။ တို့ဝင်ရင်တော့ ထောင်ချမယ်၊ သတ်မယ်၊ ညှဉ်းဆဲမယ်နဲ့ အမျိုးမျိုးတွေးခဲ့တယ်။ အခု ဒီရောက်

တော့ အထင်နဲ့အမြင်ဟာတခြားစီပဲ၊ ကျွန်တော်တို့ကို အားလုံးလက်ခံကြိုဆိုကြတယ်။ ဒါ့ကြောင့်မို့ သိပ်ကို ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ အထင်နဲ့သံသယတွေ

ကလည်း လုံးလုံးမရှိတော့ပါဘူး ဟု ခံစားရသမျှကို ရင်ဖွင့်ပြောကြားခဲ့သည်။

သို့နှင့် ရွှေလင်းယုန်အဆင့်(၅) အပိုင်း(၁)သည် ကကရံကြိုးဝိုင်းတွင် လုံးဝအောင်ပွဲခံနိုင်ခဲ့သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် (၈၈)ခြေမြန်တပ်မဌာနချုပ်တို့သည် ရွှေလင်းယုန် အဆင့်(၅) အပိုင်း(၂)စစ်ဆင်ရေးကို မြောင်းမြခရိုင်၊

မော်လမြိုင်ကျွန်းမြို့နယ်၏ အနောက်တောင်ဘက်ရှိ ကျေးရွာ ၁၉ ရွာပါဝင်သော ဗန္ဓုလကြိုးဝိုင်းတွင် ဆက် လက်ဆင်နွှဲပြန်သည်။ ဗန္ဓုလကြိုးဝိုင်းသည်လည်း

ပျောက်ကြိုးဝိုင်း၊ ကုလားရိုက်ကြိုးဝိုင်းနှင့် ညီနောင် ကြိုးဝိုင်းများကို စုပေါင်းခေါ်ဆိုခြင်းဖြစ်ပြီး အကျယ် အဝန်း ၄၆ စတုရန်းမိုင်ရှိသည်။ တောထူသည်။ မြစ်

ချောင်းပေါသည်။ တောဆင်ပေါင်း ၁ဝဝ ကျော်ပင်ခို အောင်းကျက်စားလျက်ရှိသည်။ ဗန္ဓုလကြိုးဝိုင်းအတွင်း ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့်

မဒညတတို့သာမက အလံနီကွန်မြူနစ်ပါတီ တောင်ပိုင်းဗျူရိုမှ ရဲနီမယ် ခိုင်ထွန်းမယ်တို့လူစုပါ ခိုအောင်းလျက်ရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊

မြစ်ဝကျွန်းပေါ်တိုင်းကော်မတီဝင် ရဲဘော် အောင်ခင်(ခေါ်)ဦးထွန်းစိန်နှင့် ကရင်ပြည်သူ့ ပြောက်ကျားတပ်ရင်း(၇) တပ်ရင်းမှူးဂျော်နီတို့၏

အခြေစိုက်ရာလည်း ဖြစ်သည်။

သိလ္လာကျောမှ ထွက်ပြေးလာသော မြောင်းမြခရိုင် စစ်ဆင်ရေးတာဝန်ခံ ဗိုလ်မှူးစိုးတင့်နှင့် ခရိုင်ကော်မတီ ရဲဘော်မြဒင်တို့လူစုလည်း ခိုအောင်းနေကြသည်။

ယင်းဒေသ၏ဒေသတာဝန်ခံမှာ ဗမာပြည်ကွန်မြူနစ် ပါတီ မော်လမြိုင်ကျွန်းမြို့နယ်ကော်မတီ ရဲဘော် မင်းဝဏ်ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၁ဝဝဝ ကျော်သည် ရရာလက်နက်များကိုကိုင်စွဲ၍ ဗန္ဓုလ ကြိုးဝိုင်းကြီးအား

ကင်းတဲများ၊ လင့်စင်များ၊ ကတုတ်များ နှင့်တကွ ခြံစည်းရိုးပါခတ်ပြီး ဝိုင်းရံပိတ်ဆို့လိုက်ကြ သည်။ ခလရ (၂၇)၊ ခလရ(၉၃)၊ ချင်း(၂)၊ ခလရ(၃၈)၊

တပ်မတော်(ရေ)မှ တိုက်ရေယာဉ်များ၊ ပြည်သူတို့၏ အင်အားကို အန်မတုနိုင်တော့သဖြင့် မော်လမြိုင်ကျွန်း မြို့နယ်ကော်မတီ ရဲဘော်မင်းဝဏ်သည်

နောက်ပါ ၂ဝ ယောက်၊ ကျောရိုး ၃ဝ ယောက်၊ လက်နက်မျိုးစုံနှင့်အတူ လက်နက်ချလိုက်တော့သည်။ ရဲဘော်မြဒင်သည်လည်း လက်နက်ချ

အလင်းဝင်လိုက်သည်။ လက်နက်မချသူ များမှာ ပြည်သူတို့၏သုတ်သင်ချေမှုန်းမှုကို ခံကြရ သည်။ ကျန်ရစ်သူများမှာလည်း ကျီးလန့်စာစား အငတ်ငတ်

အပြတ်ပြတ်ဖြင့် ပုန်းအောင်းပြေးလွှားနေရ သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်တို့သည် ရန်သူကို ဆက်လက်ချေမှုန်းရေးအတွက် ရွှေလင်းယုန်အဆင့် (၆) နှင့်

မိုးဟိန်းအဆင့်(၃)စစ်ဆင်ရေးကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်တွင် စတင်လိုက် ပြန်သည်။ စစ်ဆင်ရေးဒေသမှာ ပုသိမ်ခရိုင်၊ ကျုံပျော်

မြို့နယ်အရှေ့ခြမ်း၊ ကျောင်းကုန်းမြို့နယ်၊ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ်နှင့် မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်များကို အခြေပြုသည်။ ပတ်လည် ၁၅၅ မိုင်နှင့်

၄ ဖာလုံရှိပြီး၊ ဧရိယာစတုရန်းမိုင်ပေါင်း ၅၄ဝ မျှ ကျယ်ဝန်းသည်။ ရွာပေါင်း ၁၇၆၃ ရွာရှိရာ စစ်ဆင်ရေး ဒေသကြီးတစ်ခုလုံးကို ပြည်သူလူထုက ဝါးစည်းရိုး

နှစ်ထပ်ကို တစ်ထပ်နှင့်တစ်ထပ် ၁ဝ ပေကွာ ဆောက် လုပ်၍ ဝိုင်းရံထားသည်။ ကိုက် (၃ဝ)ခန့်အကွာတွင် ကင်းတဲလင့်စင်တစ်ခုကျစီ ဖြင့် ကင်းတဲလင့်စင်ပေါင်း

၁၂၆ဝ ဆောက်လုပ်၍လည်း ရန်သူထွက်ပေါက်မရှိ အောင် မျက်ခြည်မပြတ်စောင့် ကြပ်ပိတ်ဆို့ထားသည်။ ရန်သူခိုအောင်းနိုင်သမျှ ချုံနွယ်ပိတ်ပေါင်းများကိုလည်း

ကရင်ဗမာပြည်သူများက ခုတ်ထွင်ရှင်းလင်းထားကြ သည်။

စစ်ဆင်ရေးနယ်မြေအတွင်းတွင် စုစုပေါင်း သောင်းကျန်းသူ ၄ဝဝ ကျော်ခန့် ခိုအောင်းနေရာ ကရင်ပြည်သူ့ပြောက်ကျားတပ်ရင်း(၃) ဒုတပ်ရင်းမှူး

ဗိုလ်သန်းရှိန်နှင့်အင်အား ၁ဝဝ ခန့်၊ ကရင်ပြည်သူ့ ပြောက်ကျားတပ်ရင်း(၆)မှ အင်အား ၉ဝ ခန့်၊ ကေအင်န်ယူပါတီခရိုင် ဥက္ကဋ္ဌ မန်းဆိုင်းမွန်နှင့်

အင်အား ၄ဝ ကျော်ခန့်၊ အမှတ် (၇) ခရိုင် ကေအင်န်ယူပါတီဥက္ကဋ္ဌ မန်းအယ်တူးနှင့် အင်အား ၁၂ဝ ခန့်ပါဝင်သည်။ ရန်သူအင်အားစု အားလုံး၏

အဓိကမဏ္ဍိုင်မှာ ဗိုလ်သန်းရှိန်ဖြစ်သည်။ အမှတ်(၂)ဗမာ့သေနတ်ကိုင်တပ်ရင်းနှင့် အမှတ် (၁၁) ခြေလျင်တပ်ရင်းတို့သည် သရက်ကုန်း အောက်ဘက်သို့

ရှောင်ကွင်းထွက်ခွာသွားသော ဗိုလ်သန်းရှိန်ကို ကျုံးသွင်းရန်ကြိုးစားနေကြသည်။ ရန်သူများမှာ ပြည်သူလူထု အလုံးအရင်းနှင့် ဝိုင်းရံ ပိတ်ဆို့ထားသောကြောင့်

ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ ဗိုလ်သန်းရှိန်သည် တပည့်ခြောက်ဦးနှင့် အတူ ခွဲထွက်ပြီး ကိုယ်လွတ်ရုန်းပြေးရန်ကြံတော့သည်။

ကျောင်းကုန်းမြို့နယ်တွင်းတပ်ရွာတွင် သန်းရှိန်၏ ညာလက်ရုံးဖြစ်သူ ဒုတပ်ခွဲမှူး နက်ကလေး၏အဖွဲ့နှင့် ဆုံသည်။ ထို့နောက် တစ်ရွာပြီး တစ်ရွာ ရွှေ့ပြောင်း

ပုန်းအောင်းသည်။

၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်တွင် ဗိုလ်သန်းရှိန်နှင့် ထွန်းလှအေးတို့နှစ်ယောက်သည် ဂုံညှင်းတန်းရွာရှိ တပည့်ဖြစ်သူ အုန်းကြွယ်အား

တွေ့ဆုံ ကာ ပါလာသောပစ္စည်းများကို လျှို့ဝှက်အပ်နှံခဲ့သည်။ ထို့နောက် အစုကြီးရွာသို့သွားကာ တပည့်ဖြစ်သူ စိန်လှိုင်ဘို နှင့် တွေ့ဆုံသည်။ ရွာလူကြီး

ဦးဘိုက် ကိုလည်း ခေါ်ခိုင်းသည်။ ထို့နောက် သန်းရှိန်က ဆင်ခေါင်းကျေးရွာရှိ အပျော်မယားဖြစ်သူ မုဆိုးမ မချစ်ပိုကို ခေါ်ခိုင်းသည်။ မချစ်ပိုသည် သန်းရှိန်

ထုတ်ပေးထားသောငွေအရင်းအနှီးဖြင့် ငွေတိုးချေးစား နေသူဖြစ်သည်။ ဦးဘိုက်သည် ဆင်ခေါင်းကျေးရွာတွင် စစ်ကြောင်းများ ရှိသဖြင့် မချစ်ပိုအား မခေါ်နိုင်ဘဲ

အစုကြီးရွာသို့ ပြန်ခဲ့ရသည်။

ဗိုလ်သန်းရှိန်က အကျပ်ကိုင်သဖြင့် ဦးဘိုက်၏ဇနီး ဒေါ်ကောက်ကို စေလွှတ်၍ မချစ်ပိုအား ခေါ်ပေးလိုက် ရသည်။ ဗိုလ်သန်းရှိန်သည်

၁၉၆၉ ခုနှစ်၊ အောက်တို ဘာလ (၂၄)ရက် တွင် ဆင်ခေါင်းရွာသို့ ရောက်ရှိပြီး ခိုအောင်းနေသည်။ ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်တွင်ကား

အမှတ်(၁ဝ၈) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးသန်းရှိန်နှင့် ဗိုလ်ကြီးကံဦးတို့ဦးစီးသော တပ်စုလေးစု စစ်ကြောင်းသည် ပြည်သူတို့၏ သတင်း ပေးချက်အရ

သန်းရှိန်အား ဝိုင်းဝန်းထားလိုက်သည်။ သန်းရှိန်ကို လက်နက်ချပေးရန် ဖျောင်းဖျသော်လည်း မရသဖြင့် တိုက်ခိုက်ရလေရာ ကရင်ပြည်သူ့

ပြောက်ကျားတပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်သန်းရှိန် နှင့် ထွန်းလှအေးတို့ကို အသေရရှိတော့သည်။ သန်းရှိန် တွင် ဇနီးနှစ်ယောက်နှင့် အပျိုအရွယ်သမီး

နှစ်ယောက် ကျန်ရစ်သည်။ တိတ်တိတ်ပုန်းတစ်မျိုး၊ အတိအလင်း တစ်မျိုး မိန်းမတွေမှိုလိုပေါက်အောင်ယူထားပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် နာမည်ဆိုးနှင့်

ကျော်ကြား သူပင် ဖြစ်လေသည်။

၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် တပ်မတော် မှအရာရှိကြီးများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများသည် စာရေးဆရာဦးသိန်းဖေမြင့်

အပါအဝင် သတင်းစာဆရာများ၊ အယ်ဒီတာများကို စစ်ဆင်ရေး နယ်မြေသို့ ဖိတ်ကြားပြသခဲ့သည်။ စာနယ်ဇင်းသမား များသည် ပြည်သူနှင့်

တပ်မတော်တို့ပူးပေါင်းဆင်နွှဲ နေသော စစ်ဆင်ရေးကြီးများကို တအံတဩမြင်တွေ့ ကြရသည်။ အလင်းဝင်ရဲဘော်များဖြစ်သော ဗိုလ်ချုပ် အက်စ်သိန်း၊

စောအယ်ကော်၊ မန်းစံမင်း၊ စောမြအောင်၊ ဗိုလ်ဇော်ဝိတ်၊ ဦးစာမိ၊ စောထူးအေး စသော ပုဂ္ဂိုလ် ၁၆ ဦးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့ကြ သည်။

ပြည်သူလူထုနှင့်လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ကြသည်။

သတင်းစာဆရာများ၏ တစ်ဆင့်တင်ပြချက်များ ကြောင့် ရွှေလင်းယုန်နှင့်မိုးဟိန်းစစ်ဆင်ရေးကြီးများ၏ အောင်ပွဲသတင်းသည် တစ်ပြည်လုံးသို့

ပျံ့နှံ့သွားသည်။ တစ်နိုင်ငံလုံးက မြစ်ဝကျွန်းပေါ်ပြည်သူများကို ချီးကျူး ထောမနာပြုကြသည်။ လေးမြို့နယ်စစ်ဆင်ရေးနယ်မြေ အတွင်း ကျဆုံးသူ၊

လက်နက်ချသူ၊ ဖမ်းဆီးရမိသူ သောင်းကျန်းသူပေါင်းမှာ ၃၁၅ ဦးရှိခဲ့သည်။ လက်နက် မျိုးစုံ ၁၅ဝ နှင့် ငွေကျပ်တစ်သိန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်။

ကေအင်န်ယူပါတီ အမှတ် (၅)ခရိုင်သည် မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့၏သုံးပွင့်ဆိုင် ဒေသဖြစ်ပြီး၊ အောက်ပါမြို့နယ်များ ပါဝင်သည်-

(၁) မော်-ဘိုမြို့နယ်။ မော်လမြိုင်ကျွန်း မြို့နယ်နှင့် ဘိုကလေးမြို့နယ်တစ်ပိုင်းစီကို ပူးပေါင်းထားခြင်း ဖြစ်သည်။

(၂) မော်-ကျိုက်မြို့နယ်။ မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ် တစ်ပိုင်းစီကို ပူးပေါင်းထားသည်။

(၃) မအူ-ကျိုက်မြို့နယ်။ မအူပင်မြို့နယ် တစ်ပိုင်းနှင့် ကျိုက်လတ်မြို့နယ် တစ်စိတ် တစ်ပိုင်းတို့ပါဝင်သည်။

(၄) ငွေသောင်ယံမြို့နယ်။ ဖျာပုံခရိုင် ပင်လယ် ပိုင်း။

အမှတ်(၅)ခရိုင်တွင် ကေအင်န်ယူပါတီဥက္ကဋ္ဌ မှာ နယ်လဆင်(ခေါ်)ကော့မှူး ဖြစ်ပြီး အတွင်းရေးမှူးမှာ စကောစေးထူး ဖြစ်သည်။

ကရင်ပြည်သူ့ပြောက်ကျား တပ်ရင်း(၇)ကို တပ်ရင်းမှူး ဂျော်နီ နှင့် ဒုတပ်ရင်းမှူး ဗိုလ်ပြူး တို့က ဦးဆောင်လှုပ်ရှားသည်။ ကရင်ပြည်သူ့

လွတ်မြောက်ရေးတပ်မတော်တပ်ရင်း(၂)တပ်ခွဲ(၂) တပ်ခွဲမှူး ချစ်လေးမောင်တို့လည်း လှုပ်ရှားကျက်စား နေသည်။ အမှတ်(၅)ခရိုင် ဗမာပြည်ကွန်မြူနစ်ပါတီ၏

ဦးဆောင်မှုအောက်တွင်ရှိသည်။ ဗမာပြည်ကွန်မြူနစ် ပါတီ မြစ်ဝကျွန်းပေါ်တိုင်းကော်မတီ ရဲဘော်ထွန်းစိန် (ခေါ်) အောင်ခင် ဖျာပုံခရိုင်ကော်မတီနှင့် ဗဟို

တောင်သူလယ်သမားသမဂ္ဂ၊ ဗဟိုအလုပ်အမှုဆောင် ရဲဘော်ကျော်သိန်း(ခေါ်)အေးကျော် တို့က အမှတ်(၅) ခရိုင် မဒညတကို ကွပ်ကဲသည်။

အမှတ်(၅)ခရိုင်အတွင်းမှ သောင်းကျန်းသူများ သည် ဗကပ၊ ကေအင်န်ယူပီ၊ မဒညတ စသည်ဖြင့် မည်သို့ပင် အမည်နာမတပ်ထားသည်ဖြစ်စေ ပြည်သူလူထုအား

နှိပ်စက်ရာတွင်မူ အပြိုင်အဆိုင်ပင် ဖြစ် သည်။ အမှတ်(၅)ခရိုင်ကို ၁၉၅၆ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ရာ အသတ်ခံရသူများ အစော်ကားခံရသူ အမျိုး သမီးများမှာ

စာရင်းမကောက်နိုင်အောင်ပင် ရှိခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ မေလ (၈)ရက် တွင် ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂)တပ်ခွဲ(၂) တပ်ခွဲမှူး

စောချစ်လေးမောင်သည် ကေအင်န်ယူပါတီ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကျော်မြသန်းထံသို့ လက်ရှိ ကေအင်န်ယူပါတီ၏ရှေ့ဆောင်မှုဖြင့် တော်လှန်ရေး

မအောင်မြင်နိုင်ကြောင်း၊ ကရင်အမျိုးသားများ ကိုပင် သိမ်းသွင်း၍မရကြောင်း၊ အခြေခံနိုင်ငံရေး လမ်းစဉ်၊ စစ်ရေးလမ်းစဉ်အား အပြည့်အစုံပေး

ပို့ စေလိုကြောင်း စာရေး၍အကြောင်းကြားခဲ့သည်။ ထိုအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်တို့သည်

ရွှေလင်းယုန်အဆင့်(၈)နှင့် မိုးဟိန်းအဆင့်(၅) စစ်ဆင်ရေးကို ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။ စစ်ဆင်ရေးသည် ၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက်နေ့

၁၅ဝဝ နာရီ တွင် စတင်သည်။ စစ်ဆင်ရေးတွင် အောက်ပါတပ်များ ပါဝင်သည်-

(က) အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ် များ

(၁) ချင်း(၂)စစ်ကြောင်းငါးကြောင်း

(၂) ခလရ(၂၇) စစ်ကြောင်းငါးကြောင်း

(၃) ခလရ(၉၃) စစ်ကြောင်းသုံးကြောင်း

(၄) ခလရ(၉၈)

(ခ) အမှတ်(၈၈)ခြေမြန်တပ်ဌာနချုပ်တပ်များ

(၁) သနက(၂)

(၂) ခမရ(၁ဝ၈)

(ဂ) တပ်မတော်(ရေ)မှ မြစ်တွင်းတိုက်ရေ ယာဉ်များ

(၁) အင်းယား

(၂) အင်းလေး

(၃) မြစ်တွင်းတိုက်ရေယာဉ် ၃ဝ၉

(၄) မြစ်တွင်းတိုက်ရေယာဉ် ၃၁ဝ

(၅) မြစ်တွင်းတိုက်ရေယာဉ် စကု

(၆) တိုက်ရေယာဉ် ၁ဝ၁

ရွှေလင်းယုန် အဆင့်(၈)နှင့် မိုးဟိန်းအဆင့် (၅) စစ်ဆင်ရေးသည် ပရိုက်ချောင်းမြစ်လက်တက် ဖြစ်သော သဖန်းချောင်းအတွင်း၌ ကရင်ပြည်သူ့

ပြောက်ကျားတပ်မတော်မှ တပ်ရင်း(၆)၊ တပ်ခွဲ(၁) အား ပြည်သူလူထု၏အကူအညီဖြင့် ဝိုင်းပတ်ချေမှုန်း လျက်ရှိသည်။ တိုက်ပွဲစပြီး လေးမိနစ်အကြာမှာပင်

တပ်ခွဲမှူးလုပ်သူ ဗိုလ်အောင်သန်းကျဆုံးသွားသော ကြောင့် တပ်ခွဲသည် ကစဉ့်ကလျားဖြစ်သွားရသည်။ ဒုတိယတပ်ခွဲမှူးဖြစ်သူ ဗိုလ်ကြီးမောင်နီ

သည်လည်း ကိုယ်လွတ်ရုန်းပြေးခဲ့ရသည်။ တိုက်ပွဲသည် ဇွန်လ(၂၈) ရက် နံနက်(၉)နာရီ (၁၅)မိနစ်သာ ကြာမြင့်ခဲ့သော် လည်း အမှတ်(၁ဝ၈)

ခြေမြန်တပ်ရင်းစစ်ကြောင်းသည် တပ်ခွဲမှူး အောင်သန်းနှင့် ကိုးယောက်ကို အသေရ မိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဒုတပ်ခွဲမှူးမောင်နီသည် အောင်သန်း၏ဇနီးမယ်ငို နှင့်အချက်ပြဆက်သွယ်ရေးတပ်သားသိန်းရွှေ၊ ဇနီး မစန်းဌေးတို့နှင့်ပူးပေါင်း၍ ထွက်ပြေးရာမှ ကျောတွင်

ဒဏ်ရာရထားသော သိန်းရွှေအား စွန့်ပစ်ထားခဲ့သဖြင့် သိန်းရွှေသည်သေဆုံးခဲ့ရသည်။ မောင်နီသည် ဘုံထောင်စုကွင်းဘက်ရှိ ချစ်လေးမောင်တို့ဘက်သို့

ဦးတည်ဆုတ်ခွာခဲ့ကြသည်။ တပ်သားငွေလှိုင်မှာမူ လွတ်လမ်းမမြင်တော့သဖြင့် ဂရမ်းချောင်းနောက် ကျောရှိ နွားတင်းကုပ်တစ်ခုတွင် ဆွဲကြိုးချ၍ မိမိကိုယ်ကို

အဆုံးစီရင် သွားခဲ့ရသည်။

ရွှေလင်းယုန်အဆင့်(၈)နှင့်မိုးဟိန်းအဆင့်(၅) စစ်ဆင်ရေးသည် အမှတ်(၁)ဦးတည်ရန်သူဖြစ်သော အောင်သန်းနှင့် အင်အား ၆ဝ ကို ကစဉ့်ကလျားဖြစ် ကာ

ပြိုကွဲသွားစေပြီးနောက် ကရင်ပြည်သူ့ ပြောက်ကျား တပ်မတော်တပ်ရင်း(၇) ဒုတပ်ရင်းမှူး ဗိုလ်ပြူးနှင့် စဘီးတို့ကို ချေမှုန်းနိုင်ရန် စိုင်းပြင်း ပြန်သည်။

ဗိုလ်ပြူးအဖွဲ့သည် ဘုံထောင်စုကွင်းမှ ဂရမ်းချောင်းဖျားသို့ အင်အား ၇၆ ဦးဖြင့် ရွှေ့ပြောင်း သွားခဲ့ကြသည်။ ဗိုလ်ပြူးအဖွဲ့သည် ဘောက်တူလှေ ၂၇ စင်းဖြင့်

လှုပ်ရှားသွားလာနေခြင်းဖြစ်သည်။

ကျေးရွာပြည်သူလူထုက ဗိုလ်ပြူးတို့လူစု ခိုအောင်း နေသည့် နေရာအားတပ်မတော်စစ်ကြောင်းများသို့ သတင်းပို့ပြီး လိုက်လံပြသပေးကြသည်။ ၁၉၇ဝ ပြည့်နှစ်

ဇူလိုင်လ (၈)ရက်တွင်ကား ဗိုလ်ပြူးနှင့် စဘီးခေါင်း ဆောင်သောအဖွဲ့သည် အစာရေစာငတ်ပြတ်ပြီး တပ်မတော်နှင့် ပြည်သူတို့၏ ပိတ်ဆို့ဝိုင်းရံထားမှုကို

ခံယူနေရပြီဖြစ်သည်။ ထို့ကြောင့် ဗိုလ်ပြူးနှင့်အင်အား စုစုပေါင်း ၄၆ ယောက်သည် အမှတ်(၂) ဗမာ့သေနတ် ကိုင်တပ်ရင်း စစ်ကြောင်းသို့ ကမ်းလှမ်း၍ လက်နက်

ခဲယမ်းမျိုးစုံနှင့်တကွ လက်နက်ချအပ်လိုက်ကြတော့ သည်။ သို့နှင့် ရွှေလင်းယုန်၊ မိုးဟိန်း စစ်ဆင်ရေးသည် ဦးတည်ရန်သူနံပါတ်(၂) နှင့် နံပါတ်(၃) ကိုဖြိုဖျက်လိုက်

နို်င်လေသည်။

ချစ်လေးမောင်သည်လည်း ကျံပိုင်းလေးတိုက်ပွဲ တွင် ဒဏ်ရာရရှိသွားပြီးနောက် တပ်မတော်နှင့်ပြည်သူ တို့၏ ပူးပေါင်းစစ်ဆင်ရေးမှ လွတ်မြောက်ရန်တစ်ပြေး

တည်းပြေးနေရလေသည်။ ၁၉၇ဝ ပြည့်နှစ် ဇူလိုင်လ (၁၈)ရက်တွင်ကား အမှတ်(၁ဝ၈) ခြေမြန်တပ်ရင်း စစ် ကြောင်းသည် ကရင်ပြည်သူ့လွတ်မြောက်ရေး

တပ် မတော် တပ်ရင်း (၂) တပ်ခွဲ(၂)၏ တပ်ခွဲမှူးဖြစ်သူ ချစ်လေးမောင်နှင့်အဖွဲ့အား ဝါးတောချောင်းဖျားတွင် ချေမှုန်းနိုင်လိုက်တော့သည်။ ချစ်လေးမောင်နှင့်

အဖွဲ့ သည် ကတုတ်ကျင်းများတူး၍ နောက်ဆုံးအချိန်အဖြစ် ခုခံတိုက်ခိုက်နေကြသဖြင့် တပ်မတော်သားများက အသက်စွန့်၍ တိုက်ခိုက်ချေမှုန်းကြရသည်။

သောင်းကျန်းသူများမှလည်း တပ်မတော်သားတို့၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကြောင့် တစ်ယောက်ပြီး တစ်ယောက် ကျဆုံးကြရသည်။ နောက်ဆုံးတွင်ကား

ချစ်လေးမောင်တို့လူစုသည် မိုက်ဇာတ်သိမ်းသွားကြရ တော့၏။

ချစ်လေးမောင်အဖွဲ့မှ ၁၆ ယောက်မှာ လက်နက် အပြည့်အစုံနှင့် လက်နက်ချခဲ့ကြပြီးဖြစ်သည့်အပြင် တိုက်ပွဲများတွင်လည်း တပ်စုမှူးအယ်ဆိုးနှင့် ခုနစ်ယောက်

သေခဲ့ပြီးဖြစ်သည်။ လက်နက်ချရန် ခေါင်းမာ နေသော သောင်းကျန်းသူကိုးယောက်မှာ ချစ်လေး မောင်နှင့်အတူ သေကျေပျက်စီးကြရလေတော့၏။

မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခုလုံးမှ လုပ်သား ပြည်သူများသည် တပ်မတော်စစ်ကြောင်းများနှင့်အတူ သောင်းကျန်းသူများအား တစ်ယောက်မကျန် ပိုက်စိတ်

တိုက်၍ ရှာဖွေသုတ်သင်လျက်ရှိသည်။ ရွာများတွင် မင်းမူနေသော ရန်သူကျောရိုးများကိုဖော်ထုတ်ဖမ်းဆီး ကြသည်။ ဘာဘူချောင်းနှင့် နှင်းဆီကုန်းတွင် အစုလိုက်

အပြုံလိုက်လူသတ်ပွဲကြီးများကို ကျင်းပခဲ့ကြသော ဗိုလ်ကြီးမောင်နီ သည်လည်း ရေမကြီးတန်းရွာသား များ က မြတ်ခုတ်ဓားဖြင့် ဝိုင်းဝန်းသုတ်သင်ခြင်းကို

ခံလိုက်ရသည်။ ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် တွင် မိခင်ဖြစ်သူက လက်နက်ချရန်ဖျောင်းဖျသည်ကိုပင် လက်မခံသော စိန်ပန်းသည်လည်း ခလရ(၉၃)နှင့်

ပြည်သူ့စစ်များကြောင့် မိုက်ဇာတ်သိမ်းသွားရသည်။

ပြည်သူ့စစ်အောင်ပွဲ[ပြင်ဆင်ရန်]

မြစ်ဝကျွန်းပေါ်ဒေသကြီးတွင် မှီတင်းနေထိုင်ကြ သော ကရင်မြန်မာ တိုင်းရင်းသား လုပ်သားပြည်သူများသည် ပြည်တွင်းသောင်းကျန်းမှု၏ နှိပ်စက်ဖိစီးမှုများကို

ကာလများစွာပင် ခံစားခဲ့ကြရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ကရင်-မြန်မာ အဓိကရုဏ်း ကြောင့် အသက်အိုးအိမ်စည်းစိမ်အချို့ ပျက်စီးခဲ့ရ သည်။

သခင်စိုး၏အလံနီများသည် လွတ်လပ်ရေးမရ ခင်ကပင် လက်နက်စွဲကိုင်ပြီးမြစ်ဝကျွန်းပေါ်ဒေသတွင် ဆူပူသောင်းကျန်းခဲ့ကြသည်။ လွတ်လပ်ရေးရသော

အခါတွင်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီး အတော်များများမှာ အစိုးရအားပုန်ကန်သူ ကရင် စစ်ရဲများ၊ ကေအင်န်ဒီအိုများ၏ လက်သို့ကျ ရောက်ခဲ့ရလေရာ

တပ်မတော်ကပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ရသည်။

မြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းအင်းအိုင် အလွန်ထူထပ်သည်။ ဆန်ရေစပါးနှင့် ရိက္ခာသားငါး ပေါများသော အရပ်လည်းဖြစ်သည်။ လူနေလည်း ထူထပ်

စည်ကားသည်။ အချို့နေရာများတွင် ကျူတော ကိုင်းတောများ ပိတ်ဆီး၍နေသည်။ သစ်တောကြိုးဝိုင်း များလည်းရှိသည်။ ထို့ကြောင့် ပထဝီဝင်သဘောအရ

သောင်းကျန်းသူများအနေနှင့် အခြေစိုက်လှုပ်ရှားရန် အကောင်းဆုံးဒေသကြီးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကေအင်န်ယူပါတီတို့သည် မြစ်ဝကျွန်းပေါ်

ဒေသကို အထူးအာရုံစိုက်ခဲ့ကြသည်။ မြစ်ဝကျွန်းပေါ် ဒေသကို ပိုင်နိုင်စွာ ထိန်းသိမ်းထားနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် ရိုးသားသော ကရင် ဗမာတောင်သူလယ်သမားကြီးများ၊ ရေလုပ်သား ကြီးများမှာ လူများစုဖြစ်သည်။ ကျေးရွာများသည်

သောင်းကျန်းသူများနှင့် နှစ်ရှည်လများ ဆက်ဆံခဲ့ရ သည်။ လူမျိုးရေးသံယောဇဉ်ကြောင့်သော်လည်း ကောင်း၊ သောင်းကျန်းသူများ၏စည်းရုံးမှုကို နားယောင်

၍သော်လည်းကောင်း၊ လူသားအချင်းချင်း စာနာ ထောက်ထားညှာတာတတ်သည့် စိတ်ဓာတ်နှင့်ဖော်ရွေ တတ်သော အစဉ်အလာကြောင့်သော်လည်းကောင်း၊

သောင်းကျန်းသူများ၏လက်နက်ဖြင့် ခြိမ်းခြောက်မှု ကြောင့်သော်လည်းကောင်း သောင်းကျန်းသူများသည် မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများထံမှ အကူအညီ

များစွာရရှိခဲ့ကြလေသည်။

ထို့ကြောင့်ပင် မြစ်ဝကျွန်းပေါ်ဒေသကြီးတွင် ကရင်လက်နက်ကိုင်သောင်းကျန်းသူ အင်အားစုအား လုံး၏ ဗဟိုချက်မဖြစ်သော ကေအင်န်ယူပါတီသည်

နှစ်ပေါင်းများစွာကြီးစိုးနိုင်ခဲ့သည်။ ကေအင်န်ယူပါတီ သည် ၁၉၅၂ ခုနှစ်၊ ဇွန် (၉)ရက် တွင် ဝါးခယ်မ မြို့နယ်အတွင်း၌ကျင်းပခဲ့သော

စိန့်ထောင်ကွန်ဖရင့် မှ စတင်၍ လက်ဝဲယိမ်းလာခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တစ်စတစ်စပူးပေါင်းမိလာသည်။ ကေအင်န်ယူပါတီအတွင်းမှ

လက်ယာဝါဒီ၊ ကျဉ်းမြောင်း သောလူမျိုးရေးဝါဒီများသည် ခွဲထွက်ပြီး စစ်တောင်းမြစ် အရှေ့ခြမ်း သံလွင်မြစ်ဝှမ်းဒေသနှင့် ထိုင်းနယ်စပ်ဘက် တွင်

သွားရောက်အခြေချကြသည်။

မြစ်ဝကျွန်းပေါ် ဒေသတွင်ကား ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န် ယူပါတီတို့သည် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အဖြစ်

လှုပ်ရှားလာကြသည်။

ကာလကြာမြင့်သောအခါ သောင်းကျန်းသူများ၏ လှုပ်ရှားမှုများသည် ပြည်သူ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ သာဖြစ်လာခဲ့သည်။ ကေအင်န်ယူပါတီက မြစ်ဝကျွန်း

ပေါ်ဒေသကို အမှတ်(၁)ခရိုင်မှ အမှတ်(၇)ခရိုင်ထိ ခွဲခြား၍လှုပ်ရှားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ခရိုင်ငါးခုခွဲ၍လှုပ်ရှားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီတွင်း

တွင် ၁၉၆၃ ခုနှစ်နောက်ပိုင်းမှစ၍ ဖြုတ်ထုတ် သတ်လမ်းစဉ်(ခေါ်)လူသတ်ဝါဒ ထွန်းကားလာသော အခါ ယင်းလူသတ်ဝါဒသည် မြစ်ဝကျွန်းပေါ်သို့ လည်း

ကူးစက်လာခဲ့သည်။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသ တွင် အချင်းချင်းသတ်ဖြတ်ကြခြင်း၊ ပြည်သူလူထု ကို သတ်ဖြတ်နှိပ်စက်ခြင်းက ပိုမိုများပြားခဲ့သည်။

သောင်းကျန်းသူများသည် လူသတ်ခြင်းလုပ်ငန်းကို ထင်သလိုပြုလုပ်ကြသည်။ သောင်းကျန်းသူများ၏ လက်ချက်ကြောင့်သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူ

များ၏အရေအတွက်မှာ စာရင်းကောက်၍မရနိုင်ခဲ့ပေ။ ဖျက်ဆီးစော်ကားခြင်းခံရသော အမျိုးကောင်းသားသမီးများမှာလည်း မရေမတွက်နိုင်အောင်ပင်ရှိခဲ့သည်။

ဆက်ကြေးအသွင်ဖြင့်လည်းကောင်း၊ ရိက္ခာစုဆောင်း ခြင်းအသွင်ဖြင့်လည်းကောင်း၊ အဓမ္မလုယက်ယူငင် ခြင်းဖြင့်လည်းကောင်း သောင်းကျန်းသူများကို ပေးခဲ့

ရသောငွေကြေးရိက္ခာပစ္စည်းတန်ဖိုးမှာလည်း ငွေ သိန်းပေါင်းများစွာပင်ရှိလိမ့်မည်ဖြစ်သည်။ မီးရှို့ဖျက်ဆီး ခြင်းခံရသောရွာပေါင်းမှာလည်း မနည်းလှပေ။

မြစ်ဝကျွန်းပေါ်ဒေသကြီးတွင် သောင်းကျန်းသူတို့ ၏နည်းမျိုးစုံဖြင့် နှိပ်စက်ကလူပြုမှုများမှာ ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင် အဆိုးရွားဆုံးသောအခြေအနေသို့

ရောက်ရှိလာသည်။ ကျေးရွာများမှာ ကျီးလန့်စာစား ဖြစ်လာကြသည်။ သောင်းကျန်းသူတို့၏ရက်စက် ကြမ်းကြုတ်မှုကို ကြောက်ရွံ့သဖြင့် ကျေးရွာသူကျေးရွာ

သားအများအပြားသည် လယ်ယာအိုးအိမ်တို့ကိုပစ်၍ မြို့သို့တက်ပြေးကြရသည်။ သမီးရှင်များမှာ ကိုယ့်ရပ် ကိုယ့်ရွာတွင်မနေရဲကြတော့ပေ။ သောင်းကျန်းသူ

ခေါင်းဆောင်များသည် မိန်းမဆိုလျှင် အပျိုအို လင်ရှိ၊ မရှိမရွေး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်ပင်မချန်ဘဲ အဓမ္မကျင့်ကြံစော်ကားခဲ့ကြသည်။ သတ်ရာဖြတ်ရာတွင်

လည်း လူမဆန်စွာ ကမ်းကုန်အောင်ရက်စက်ကြတော့ သည်။ အရှင်လတ်လတ် ရင်ခွဲ၍ အသည်းကိုထုတ်ယူ ကြော်စားခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို

သွေးအေးအေးဖြင့် ဖြတ်တောက်ညှဉ်းပန်းခြင်း၊ မီးရှို့ သတ်နည်းအပါအဝင် နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်းတို့ သည် အရိုင်းခေတ်အတွင်း ရောက်ရှိနေသကဲ့သို့ပင်

ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ်ဒေသကြီးသည် အကြမ်း ဖက်မှုများ၊ အဓမ္မအနိုင်ကျင့်မှုများ၊ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများဖြင့် ပြွမ်းတီးပြည့်နှက်ကာ

အမှောင် အတိဖုံးလွှမ်းနေခဲ့ရတော့သည်။

ကြာတော့လည်း ပြည်သူလူထုမှာ သည်းညည်းခံ နိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် အစကနဦးတွင် ရန်သူ ကို ဒေသန္တရစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ချေမှုန်း

နေသောတပ်မတော်အား သတင်းပေးခြင်း၊ လျှို့ဝှက် အကူအညီပေးခြင်းဖြင့် တိုးတိုးတိတ်တိတ်ကူညီကြသည်။ သောင်းကျန်းသူများကလည်း တပ်မတော်အား

ကူညီ သူများကိုဖော်ထုတ်၍ ရက်စက်စွာ နှိပ်စက်သုတ်သင် ကြသည်။ ဒုတိယအဆင့် တွင်ကား ရွာသူရွာသားများ သည် တစ်ယောက်ချင်းနှစ်ယောက်ချင်း

မိမိအစီအစဉ် ဖြင့် မိမိတို့ခုခံတိုက်ခိုက်အန်တုမှုများ ပေါ်ပေါက်လာ သည်။ မခံမရပ်နိုင်သဖြင့် ရန်သူအား ခုခံအန်တုမှုများ သည် တောမီးပမာပင်

ကူးစက်ပြန့်ပွားလာသည်။ တတိယအဆင့် တွင် ပြည်သူလူထုသည် ပေါက်ကွဲတော့ သည်။ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များကို ပြောင်ပြောင်တင်းတင်း

ဖွဲ့စည်းလာကြတော့သည်။ ရန်သူကို အတိအလင်းပင် အုံကြွ၍ဆန့်ကျင်တော့ သည်။ ထိုအခြေအနေသည် ပြည်သူ့စစ်ဖြစ်ထွန်းရန် အသင့်တော်ဆုံးသော

အခြေအနေပင်ဖြစ်လေသည်။

ရွှေလင်းယုန်နှင့် မိုးဟိန်းစစ်ဆင်ရေးကြီးများသည် ပြည်သူ့စစ်ကိုအခြေခံ၍ ပြည်သူလူထုပါဝင်သော စစ်ဆင်ရေးကြီးများဖြစ်သည့်အလျောက် နိုင်ငံတော်၏

သမိုင်းတွင် ထူးခြားသောမှတ်တိုင်များပင် ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်တွင် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်သည် မိုးဟိန်းစစ်ဆင်ရေးအဆင့်

(၁)ကို စတင်ခဲ့သည်။ တစ်နှစ်အကြာ ၁၉၆၉ ခုနှစ် ဇန်နဝါရီလ (၆)ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်သည် ရွှေလင်းယုန်စစ်ဆင်ရေးအဆင့် (၁)

ကို စတင်သည်။ ထို့နောက် ရွှေလင်းယုန်နှင့် မိုးဟိန်း စစ်ဆင်ရေးများသည် အဆင့်လိုက်ပူးပေါင်း၍ တစ်ပြိုင် နက်တည်း ဆင်နွှဲလာခဲ့ခြင်းဖြစ်သည်။

၁၉၇ဝ ပြည့်နှစ် ဇွန်လ ၂၇ ရက် တွင် မိုးဟိန်း အဆင့်(၅)စစ်ဆင်ရေး ပြီးဆုံးသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် တွင်

ရွှေလင်းယုန်အဆင့်(၁ဝ)စစ်ဆင်ရေး ပြီးဆုံး သည်။ ထိုအချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခု လုံးမှ ၁၉၇၁ ခုနှစ် အောက်တိုဘာလ (၂၁)ရက်

အထိ ဆင်နွှဲသော ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ အဆင့်(၅) သည် ကြွင်းကျန်ရစ်သောရန်သူများကို ကောက်သင်းကောက် ရှင်းလင်းခြင်းပင်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ လုံးဝကင်းစင်ရှင်းလင်းသွားသည်အထိ ချေမှုန်းတိုက် ခိုက်နိုင်ခဲ့ခြင်းမှာ တပ်မတော်နှင့် ဒေသခံလုပ်သား

ပြည်သူများ တစ်သားတည်းရှိသည်အထိ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော ပြည်သူ့စစ်ကြောင့်ပင် ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့်

မဒညတအဖွဲ့များမှ လက်နက်ချအလင်းဝင်လာကြ သောရဲဘော်များဖြစ်သည့် စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်မြ၊ ရဲဘော်ဘခက်နှင့် ရဲဘော်သံဒိုင်

တို့သည် 'ပြည်သူ့စစ်၊ ဒို့စစ် ဒို့စစ်' စာအုပ်ကိုရေးသားပြုစု၍ ၁၉၇ဝ ပြည့်နှစ် ဩဂုတ်လ (၂၆) ရက်တွင် မြရာပင် စာပေမှ ထုတ်ဝေဖြန့်ချိခဲ့ ကြသည်။

ပြည်သူ့စစ် ဒို့စစ် ဒို့စစ် စာအုပ်ပြုစုသူများက မြစ်ဝကျွန်းပေါ်တွင် ပြည်သူ့စစ် အောင်ပွဲခံရခြင်းကို အောက်ပါအတိုင်း သုံးသပ်တင်ပြကြသည် -

မြစ်ဝကျွန်းပေါ်တိုင်း ရွှေလင်းယုန်၊ မိုးဟိန်း စစ်ဆင်ရေးကြီးသည် သောင်းကျန်းသူများ၏ နှစ်ရှည်လများ အခြေစိုက်ခဲ့သော အခြေခံစခန်း နှင့် အဓိကအင်အား

ကို ချေမှုန်းနိုင်ခြင်းနှင့် တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းမှုမြင့်မားသော အဆင့်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ထူးထူး ခြားခြား အောင်မြင်နေသော

စစ်ဆင်ရေးကြီး၊ ပြည်သူ့စစ်ပွဲကြီးအဖြစ် ပေါ်လွင်လျက်ရှိသည်။

မြစ်ဝကျွန်းပေါ်တိုင်း အတွေ့အကြုံအရ ဆိုသော် ပြည်သူ့စစ်ပွဲကြီးကို စည်းရုံးဖော်ထုတ်ရာတွင် အကြောင်း (၂)ချက်ကြောင့် အောင်မြင်သည် ကို တွေ့ရှိရပေသည်။

ယင်းအကြောင်း (၂)ချက် မှာ -

(၁) ပြည်သူ့စစ်ဖြစ်ပေါ်နိုင်သော အခြေအနေ တည်ရှိနေခြင်းနှင့်

(၂) မှန်ကန်သော စည်းရုံးရေးပေါ် လစီ တို့ပင် ဖြစ်သည်။

အခြေအနေ ဆိုသည်မှာ တကယ်ဖြစ်ပေါ် တည်ရှိနေသော အခြေအနေတို့ကို ဆိုလိုပြီး ပေါ်လစီ ဆိုသည်မှာ မှန်ကန်သော ခေါင်းဆောင်မှုပင် ဖြစ်သည်။

ပြည်သူ့စစ်ဖြစ်ပေါ်နိုင်သော အခြေအနေ မရှိပါဘဲလျက် ခေါင်းဆောင်မှုက ပြည်သူ့စစ်ကို မည်မျှပင်ဖော်စေကာမူ ပြည်သူ့စစ်ပွဲသည် မပေါ် ပေါက်နိုင်။ ထို့အတူ

အခြေအနေရှိပါလျက် ခေါင်းဆောင်မှုတွင် မှန်ကန်သောပေါ်လစီမရှိလျှင် ပြည်သူ့စစ်ပွဲသည် မပေါ်နိုင်ပေ။

ထို့ကြောင့် ပြည်သူ့စစ်ပွဲဖြစ်ပေါ်ထွန်းကား ရန်မှာ ဖြစ်ပေါ်နိုင်သည့် အခြေအနေလည်း တည်ရှိနေပြီး ခေါင်းဆောင်မှုကလည်း မှန်မှန် ကန်ကန်

စည်းရုံးဖော်ထုတ်နိုင်စွမ်းရှိရန် လိုပေ သည်။

မြစ်ဝကျွန်းပေါ်တိုင်းတွင်မူ အခြေအနေက လည်း ရှိနေသည်။ အခြေအနေသည် ရင့်မှည့်၍ ပင်နေသည်။ ခေါင်းဆောင်စည်းရုံးသောအပိုင်းက လည်း

မှန်ကန်သောပေါ်လစီကို ကိုင်စွဲနိုင်ခဲ့သည်။ ထို့ကြောင့်သာလျှင် မြစ်ဝကျွန်းပေါ်တွင် ပြည်သူ့ စစ်ပွဲသည် အုံကြွဖြစ်ပေါ်လာနေခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ်တိုင်းအတွင်း၌ရှိသော တိုင်းရင်းသား လုပ်သားပြည်သူများသည် နယ်ချဲ့စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ၊

မြေရှင်စနစ်ဆိုးဆန့်ကျင်ရေးတိုက်ပွဲ၊ ပြည် တွင်းဖောက်ပြန်ရေး အမျိုးမျိုးကို ဆန့်ကျင်ရေး တိုက်ပွဲများ အဆက်ဆက်တွင် ပါဝင်ခဲ့ကြသော

တိုက်ပွဲအတွေ့အကြုံရှိပြီးသူများဖြစ်ကြသည်။

အနှစ်(၂ဝ)ကျော်အတွင်း ဗကပနှင့် ကေအင်န်ယူပါတီတို့၏ လွဲမှားသောလမ်းစဉ်များ အောက်တွင် အလူးအလိမ့်လည်းခံခဲ့ကြရသည်။ တောတွင်း

အဖျက်သမားများ၏ လက်ဝဲ အလွန် အကျွံလမ်းစဉ်အောက်တွင် အကြမ်းတမ်း အရက် စက်ဆုံး လုယက်သတ်ဖြတ်မှုများကို မည်သည့် အခါကနှင့်မျှမတူအောင်

ခံစားနေကြရသည်။

ထို့ကြောင့် မြစ်ဝကျွန်းပေါ်တိုင်း၌ရှိသော တိုင်းရင်းသားလုပ်သားပြည်သူလူထုသည် မခံမရပ် နိုင်ဖြစ်ကာ အုံကြွသည့်အခြေအနေသို့ပင် ဆိုက်ရောက်

နေကြပေသည်။ သို့သော် ယင်းသို့သောအခြေအနေဆိုးသို့ ဆိုက်ရောက်နေသော လုပ်သားပြည်သူများကို မှန်ကန်စွာ စုစည်းနိုင်သောအဖွဲ့အစည်းများသည်

မပေါ်ပေါက်ခဲ့။ ရှိပြီးအဖွဲ့အစည်းများကလည်း မှန်ကန်စွာ ရှေ့မဆောင်နိုင်၊ မစည်းရုံးနိုင်ဖြစ်ခဲ့ သည်။ ဖဆပလ အဖွဲ့အစည်းနှင့် အစိုးရအဆက် ဆက်သည်

အရာရာတွင် လုပ်သားပြည်သူများ အတွက် စိတ်ရောကိုယ်ပါအလုပ်အကျွေးပြုသော ရပ်တည်ချက်လည်း မရှိ။ အလုပ်အကျွေးပြုသော ရပ်တည်ချက်လည်းမရှိ။

အလုပ်သမား၊ လယ် သမား လူတန်းစားများကို အခြေခံလိုသည့်စိတ် လည်း မရှိ။ လူထုအမြင်၊ လူထုလမ်းစဉ်ကိုလည်း မကျင့်သုံးပါဘဲ

လူထုဆန့်ကျင်ရေးပေါ်လစီများကို သာ အတောမသတ် ဆင်နွှဲခဲ့ကြသည်။ ပြည်သူလူထုမပါသော စစ်ဆင်ရေးများကိုသာ ဆင်နွှဲခဲ့ကြ သည်။ ပြည်သူလူထု၏ဆန္ဒ

နှင့် လုံးဝဆန့်ကျင်သော ကျေးရွာများကိုပြောင်းရွှေ့သည့် 'သေနင်္ဂဗျူဟာ ရွာ'များကိုပင် ဖန်တီးခဲ့ကြသည်။

ထို့ကြောင့် ဖဆပလအစိုးရ အဆက်ဆက် စစ်ဆင်ရေးများသည် လုပ်သားပြည်သူလူထုတို့ကို ဆန့်ကျင်သော စစ်ဆင်ရေးများသာ ဖြစ်ခဲ့သည်။ အောင်မြင်မှုလည်း

မရခဲ့ချေ။

မြစ်ဝကျွန်းပေါ်တိုင်းတွင် ယနေ့ဆင်နွှဲနေ သော စစ်ဆင်ရေးများ အထူးသဖြင့် 'ရွှေလင်းယုန်၊ မိုးဟိန်း' စစ်ဆင်ရေးများမှာမူ ယခင် စစ်ဆင်ရေးများနှင့်

အခြေခံကအစ မတူခြားနား လျက်ရှိကြောင်း တွေ့ရသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်မတော်သားများ၊ အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်လက်အောက်ရှိ တပ်မတော်သားများ၊ ရေတပ်မတော်သားများ၊

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ တို့သည် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ရှေးဦးစွာစုစည်းလိုက်ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ယုံကြည် ချက်နှင့် အဓိဌာန်ပြုချက်ကို တပ်မတော်တပ်မှူး တပ်သားတိုင်းက အလေးအနက်ခံယူကြသည်။

ယင်းယုံကြည်ချက်အရ လူလူချင်း ခေါင်းပုံ ဖြတ်၍ မတရားအမြတ်ရှာစားသော စီးပွားရေး စနစ်ဆိုးများဖြစ်သည့် မြေရှင်စနစ်၊ အရင်းရှင် စနစ်တို့ကို

ပြုတ်ပြုတ်ပြုန်းချေမှုန်းကာ လုပ်သားပြည်သူတို့ သာယာဝပြောစေမည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက် ရန်ဟူသော ရည်ရွယ်ချက်ကို

ခိုင်ခိုင်မာမာ စိုက်ထူလိုက်ကြသည်။

မွန်မြတ်သော ဤရည်ရွယ်ချက်ပေါ်တွင် လက်နက်ကိုင်ရဲဘော်တိုင်း စည်းလုံးမှုကို အရယူ ကြသည်။ ယင်းရည်ရွယ်ချက်ကို ကျယ်ပြန့်သော

လုပ်သားပြည်သူများအတွင်း ရှင်းလင်းတင်ပြကြ သည်။ တပ်မတော်သားများသည် ပြည်သူလူထုနှင့် အတူနေ၊ အတူစား၊ အတူအလုပ်လုပ်၊ အတူအိပ် ရင်း

လမ်းစဉ်ပါတီ၏ရည်ရွယ်ချက်ကို ပြည်သူက အလေးအနက်ခံယူလာအောင် စိတ်ရှည်လက်ရှည် စည်းရုံးနိုင်ကြသည်။

သောင်းကျန်းသူများ၏ဒဏ်ကြောင့် မခံမရပ် နိုင်ဖြစ်နေသော လုပ်သားပြည်သူများသည် လမ်းစဉ်ပါတီ၏ ဆိုရှယ်လစ်ရေးရည်ရွယ်ချက်များ ကို

နားလည်သဘောပေါက်လာကြသည်နှင့်အမျှ နိုးကြားတက်ကြွလာကြသည်။ အုံကြွတော်လှန်လာ ကြသည်။ တပ်မတော်နှင့် လက်တွဲပြီး စစ်ပွဲတွင် စိတ်ရော

ကိုယ်ပါ ပါဝင်လာကြသည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်တိုင်း သောင်းကျန်းမှုဆန့်ကျင်ရေး ပြည်သူ့စစ်ပွဲကြီးတွင် ကရင်ဗမာ တိုင်းရင်းသား

လုပ်သားပြည်သူတို့၏ညီညွတ်မှုသည်လည်း အဆုံး အဖြတ်အခန်းတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် တိုင်း ရင်းသားလုပ်သားပြည်သူဆိုသည်မှာ ကရင်လယ်သမား၊

ဗမာလယ်သမားများပင်ဖြစ်သည်။ ထို့အတူ ကရင်အလုပ်သမားများနှင့် ဗမာအလုပ်သမားများ လည်း ပါဝင်ကြသည်။

ယခုအခါတွင် ကရင်ဗမာ တိုင်းရင်းသား လုပ်သားပြည်သူတို့သည် ပြည်ထောင်စုအရေး၊ ဆိုရှယ်လစ်အရေးတို့အတွက် စည်းလုံးညီညွတ်သော အခြေခံ

အုတ်မြစ်နှင့်မဏ္ဍိုင်ကို တည်ဆောက် နေကြပြီဖြစ်သည်။

ဤသို့ တပ်မတော်နှင့်တိုင်းရင်းသားလုပ်သား ပြည်သူ ပူးပေါင်းမိသည်နှင့် 'ရွှေလင်းယုန်၊ မိုးဟိန်း' စစ်ဆင်ရေးသည် ကြီးမားကျယ်ပြန့်လာသည်။

ပြည်သူ့စစ်ပွဲကြီးအဖြစ်သို့ ဖြစ်ထွန်းလာကာ အောင်ပွဲများကို တစ်ပွဲပြီးတစ်ပွဲ ရယူနိုင်ခဲ့သည်။

ဤသည်မှာ မြစ်ဝကျွန်းပေါ်တိုင်း အတွေ့ အကြုံများမှ လေ့လာရရှိသော ရှေးဦးသင်ခန်းစာ ကြီးပင်ဖြစ်သည်။

(ပြည်သူ့စစ် ဒို့စစ်၊ ဒို့စစ်၊ စာမျက်နှာ ၃၂၉ မှ ၃၃၃ အထိ)

ပြည်သူ့စစ် ဒို့စစ် ဒို့စစ် စာအုပ်တွင် စာရေးသူ များသည် သောင်းကျန်းသူတို့၏ ရက်စက်ကြမ်းကြုတ် ကြပုံ၊ ပြည်သူက အုံကြွ၍ တပ်မတော်နှင့်ပူးပေါင်းကာ

ပြည်သူ့စစ်ပွဲကြီးဆင်နွှဲကြပုံတို့ကို မြေပုံများ၊ ဓာတ်ပုံ များနှင့်တကွ ဖော်ထုတ်ရေးသားခဲ့ကြသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အောင်ပွဲခံနိုင်ကြခြင်းမှာ ပြည်သူ့စစ်

အခြေခံ သဘောတရားကို ပါတီ၏ဦးဆောင်မှုဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်တင်ပြခဲ့ကြသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် တပ်မတော်နှင့်ပြည်သူများ လုံးဝပူးပေါင်းပြီး တစ်ခဲနက်ပါဝင်လာကြစေရန် မဟာဗျူဟာချမှတ်၍

စနစ်တကျစည်းရုံးနိုင်ခဲ့သည်။ နည်းဗျူဟာ ပိုင်းတွင်လည်း အသေးစိတ်စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။

ပထမအဆင့်တွင် တပ်မတော်မှ ဒေသန္တရတပ် များက ရန်သူ့သတင်းထောက်လှမ်းရေးနှင့် နယ်မြေ စိုးမိုးရေးကို ဆောင်ရွက်နေကြစဉ်တွင် ပြည်သူလူထု သည်

ရန်သူသတင်းကို ရှာဖွေဖော်ထုတ်ပေးခြင်း၊ ရန်သူ ရှိရာနေရာကို ရှာဖွေပြသခြင်းဖြင့် အကူအညီပေးလာ ကြသည်။

ဒုတိယအဆင့်တွင် သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များသည် သီးခြားသော် လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း

၍သော်လည်းကောင်း ရန်သူကို မိမိတို့ တတ်နိုင်သမျှ ချေမှုန်းသုတ်သင်တိုက်ခိုက်ကြသည်။

တတိယအဆင့်တွင်ကား ပြည်သူ့စစ်များနှင့် တပ်မတော်သည် ရန်သူကို သတ်ကွင်းအတွင်းရောက်ရှိ ရန် ကျုံးသွင်း၍လည်းကောင်း၊ ရန်သူများ ခိုအောင်း

နေသည့်နေရာကို သတ်ကွင်းအဖြစ် ဖန်တီး၍လည်း ကောင်း၊ နယ်မြေများ၊ ခွင်များ ခွဲခြား၍ လှုပ်ရှားကြ သည်။ သို့နှင့် ရန်သူသည် သတ်ကွင်းအတွင်းတွင်

ချောင်ပိတ် မိနေတော့သည်။ သို့မဟုတ် ရန်သူများစုဝေး ခိုအောင်းနေသည့်နေရာများသည် သတ်ကွင်းအဖြစ်သို့ ရောက်ရှိသွားရသည်။

စတုတ္ထအဆင့် တွင် ဒေသခံပြည်သူလူထုသည် ယောက်ျား၊ မိန်းမ၊ ကလေးမကျန်ရအောင် ပါဝင်၍ ရန်သူအား ရရာလက်နက်စွဲကိုင်ကာ ဝိုင်းရံထား

လိုက်ကြလေသည်။ ထိုသို့ ဝိုင်းရံရာတွင် ရန်သူထွက်ပေါက် မရှိစေရန်အတွက် ဝါးစည်းရိုးအတားအဆီးများကို မိုင်ပေါင်းရာနှင့်ချီ၍ ရှည်လျားသည်အထိ

အထပ်ထပ် ဆောက်လုပ်ကာ ဝိုင်းရံကြခြင်းဖြစ်သည်။ ကင်းတဲများ၊ လင့်စင်များကိုလည်း ထောင်နှင့်ချီ၍ ဆောက်လုပ်ကြ သည်။ ထို့နောက် လက်ချင်းဆက်မိ

သည်အထိ ဝိုင်းရံ ထားကြလေရာ ရန်သူသည် ထွက်ပေါက်မရှိတော့သဖြင့် အဆက်အသွယ်ပြတ်တောက်ခြင်း၊ အစာရေစာ ငတ် ပြတ်ခြင်းတို့ကြောင့် စိတ်ဓာတ်

ကျဆင်းလာပြီး စိတ်ဝမ်း ကွဲပြားလာသည်။ ခေါင်းဆောင်များက ကိုယ်လွတ်ရုန်း ပြေးလာကြသည်။ တစုတစည်းတည်း မရှိတော့ဘဲ အင်အားချည့်နဲ့လာသည်။

ပဉ္စမအဆင့် ကား ချေမှုန်းရေးအဆင့်ပင်ဖြစ်သည်။ သတ်ကွင်းအတွင်း ပြည်သူလူထု၏ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသော ရန်သူကို တပ်မတော်နှင့် ပြည်သူ့စစ်

လက်နက်ကိုင် တပ်ဖွဲ့များက ဝင်ရောက်၍ ချေမှုန်းကြ သည်။ သို့နှင့် ရန်သူအင်အားစုများသည် ပြိုကွဲကုန် သည်။ တိုက်ပွဲတွင် သေသူက သေပြီး လက်နက်ချသူ

လက်နက်ချ အညံ့ခံလိုက်ကြရသည်။

ပြည်သူ့စစ်ပွဲကြီး ဆင်နွှဲနေစဉ်အတွင်း ပြည်သူများ သည် မိမိတို့၏ စီးပွားရေးကိစ္စများကို စိတ်မဝင်စားနိုင် ကြပေ။ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းတို့ကို လျစ်လျူ

ရှုထားကြရသည်။ သို့သော် တပ်မတော်သည် တိုက်ရင်း ကုန်ထုတ်၊ ကုန်ထုတ်ရင်း တိုက်ဟူသောဆောင်ပုဒ်အရ ပြည်သူတို့၏စီးပွားရေးလုပ်ငန်းများ

မထိခိုက်ရစေရန် ဝင်ရောက်အကူအညီပေးနိုင်ခဲ့သည်။ သက်ဆိုင်ရာ ပါတီနှင့် လူထုလူတန်းစားအဖွဲ့အစည်းများက လုပ်ငန်း ခွင်မပျက်ရလေအောင် စီစဉ်

ပေးနိုင်ခဲ့သည်။ ပါတီက စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ နိုင်ငံရေးစစ်ကြောင်း၊ စစ်ရေးစစ်ကြောင်း၊ စီးပွားရေး စစ်ကြောင်း၊ လူမှုရေး

စစ်ကြောင်း နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးစစ်ကြောင်းဟူသော စစ်ကြောင်းကြီး (၅) ကြောင်းသည် ဒေသခံပြည်သူတို့အတွက် စည်းရုံးရေး၊ စီးပွားရေး၊ ဖူလုံရေး၊

ပညာပေးရေး၊ သက်သာချောင်ချိ ရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ အုပ်ချုပ်ရေးကိစ္စများ ကို စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်။

အဘက်ဘက်မှ ပြည့်စုံစွာ စီစဉ်နိုင်သောကြောင့် မြစ်ဝကျွန်းပေါ်ဒေသကြီး၏ ပြည်သူ့စစ်ဆင်နွှဲမှုသည် စစ်ရေးအရသာ အမြတ်ရသည်မကဘဲ နိုင်ငံရေးအရပါ

အနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။ ကရင်-ဗမာ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးကျင့်သုံးရမည့် ပြည်သူ့စစ်နှင့်ပတ်သက်

သည့် သင်ခန်းစာ နမူနာများကိုလည်း ထင်ရှားစွာ မီးမောင်းထိုးပြသနိုင်ခဲ့သည်ဟု ဆိုရပေမည်။ [၇]

အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုစတင်ခြင်း[ပြင်ဆင်ရန်]

အဝေးရောက် ဗဟိုကော်မတီ၏ကြိုးပမ်းမှုနှင့် ဗဟိုခွဲ[ပြင်ဆင်ရန်]

ပဲခူးရိုးမတွင် ဗဟိုဌာနချုပ်ကိုအခြေစိုက်၍ လှုပ်ရှားနေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြား ပြီးနောက်

ပါတီတွင်း ပဋိပက္ခများနှင့် ဖြုတ် ထုတ် သတ် လမ်းစဉ်(ခေါ်) လူသတ်ဝါဒကြောင့် အခြေအနေယိုင်နဲ့ လာခဲ့သည်။ ဒေသခံပြည်သူလူထုအပေါ်တွင်လည်း များစွာ

ဖိစီးနှိပ်စက်လာသောကြောင့်လည်း ပြည်သူ လူထုထောက်ခံမှုလျော့ပါးလာသည့်အပြင် ဆန့်ကျင် အန်တုမှုများကိုပင် ကြုံတွေ့လာရသည်။ တပ်မတော်၏

စစ်ဆင်ရေးများကြောင့်လည်း ဗဟိုဌာနချုပ်သည်ပင် မကြာခဏ နေရာရွှေ့ပြောင်းနေရသည်။ ထို့ကြောင့် ဆိုးရွားစွာကျဆင်းလာသော ဗမာပြည်ကွန်မြူနစ်ပါတီ

အား ကယ်တင်ရန် တစ်ဖက်နိုင်ငံရှိ အဝေးရောက် ဗဟိုကော်မတီသည် အရှေ့မြောက်ဒေသ ဗကပကို ဖန်တီးဖော်ထုတ်ပေးခဲ့ရသည်။ ပြည်တွင်းပြိုကွဲမှုများကို

ကျားကန်ပေးနိုင်ရန်နှင့် ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်နိုင် ရန်အတွက် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ စ၍ အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုကို စတင်

အကောင်အထည်ဖော်ခဲ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းအခြေခံ ဒေသနှင့် ပြည်ပ ကွန်မြူနစ်နယ်မြေများ ဆက်စပ်မိ စေရေးကို ရှေးဦးမဆွကပင် အစီအစဉ်များ ချမှတ်ခဲ့

ဖူးပြီဖြစ်သည်။ ရွှေလီချိုင့်ဝှမ်းဒေသမှတစ်ဆင့် ကသာခရိုင်နှင့်ဆက်စပ်မှုရှိရေးကို ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူနစ်

ပါတီဗဟိုကို အတိုက်ခံနေရစဉ် အဝေးရောက် ဗမာ ပြည်ကွန်မြူနစ်ပါတီသည် သခင်တင်ထွန်း အား ဗဟိုခွဲ အဖြစ် အင်တောကျောက်ဂူဒေသတွင်

အခြေခံ စခန်းတည်ဆောက်စေခဲ့သည်။ ဗဟိုခွဲသည် ၁၉၆၆ ခုနှစ်တွင် တစ်ဖက်နိုင်ငံ၏ကူညီပံ့ပိုးမှုဖြင့် ပြည်မ ထိုးဖောက်ရေးမှတစ်ဆင့် ဗမာပြည်တစ်ပြည်လုံး

သိမ်းပိုက်ရေးအတွက် မိုးလုံးဟိန်း ငါးနှစ်စီမံကိန်းကို ရေးဆွဲခဲ့သည်။

မိုးလုံးဟိန်း ငါးနှစ်စီမံကိန်း၏ရည်ရွယ်ချက်မှာ ဗကပအင်အား ၅ဝဝ ကျော်၊ ရှမ်းသောင်းကျန်းသူ ၃ဝဝ ကျော်၊ ပအို့ဝ်သောင်းကျန်းသူ ၂ဝဝ ကျော် ရရှိအောင်

စည်းရုံးသိမ်းသွင်း၍ တစ်ဖက်နိုင်ငံသို့ စေလွှတ်ကာ သင်တန်းတက်စေပြီးမှ လက်နက်ခဲယမ်းများတပ်ဆင်၍ ရှမ်းပြည်နယ်အား တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။

ရှမ်းပြည်နယ်မှတစ်ဆင့် ပြည်မနယ်မြေများအား ထိုးဖောက်တိုက်ခိုက်ရန်ဖြစ်သည်။ ထို့ကြောင့် ဗမာ ပြည်ကွန်မြူနစ်ပါတီသည် ရှမ်းပြည်နယ်အား

သေနင်္ဂဗျူဟာအခြေခံစခန်း အဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုင်းနိုင်ငံ၊ လောနိုင်ငံနယ်မြေများနှင့် တစ်ဆက်တစ်စပ် တည်းဖြစ်စေရန်လည်း

ရည်ရွယ်ခဲ့သည်။ ဗဟိုခွဲဖွဲ့စည်းရေးအတွက် အဝေးရောက် ဗဟို ကော်မတီသည် ၁၉၆၅ ခုနှစ် တွင် သခင်ဖေတင် အား ရှမ်းပြည်နယ်စပ်မှတစ်ဆင့်

တစ်ဖက်နိုင်ငံသို့ ခေါ်ယူခဲ့ သည်။ အဝေးရောက် ဗဟိုကော်မတီတွင် အထူး လေ့ကျင့်ပေးခဲ့သော ဗိုလ်သူရ(စစ်ကိုင်း)နှင့် ရဲဘော် စံသူ(ပျော်ဘွယ်)တို့ကိုလည်း

ရှမ်းပြည်နယ်သို့ လျှို့ဝှက် စေလွှတ်၍ အထူးတာဝန်များပေးအပ်ခဲ့သည်။

ဗဟိုခွဲ၏ အမြင့်ဆုံးတာဝန်ခံမှာ သခင်တင်ထွန်း ပင်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ရှမ်းပြည် နယ်အား အပိုင်းကြီး သုံးပိုင်းခွဲ၍ ခရိုင် သုံးခု သတ်မှတ်

ခဲ့သည်။ ယင်းတို့မှာ -

(၁) မြောက်ပိုင်းခရိုင်

(၂) အလယ်ပိုင်းခရိုင်

(၃) တောင်ပိုင်းခရိုင်

မြောက်ပိုင်းခရိုင်ကို ဗိုလ်ကျင်မောင် က တာဝန် ယူပြီး အလယ်ပိုင်းခရိုင်ကို ဗိုလ်စိုးမောင် က တာဝန် ယူရသည်။ တောင်ပိုင်းခရိုင်တာဝန်ခံမှာ ဗိုလ်ပု

ဖြစ် သည်။ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလ (၁)ရက်က ဖွဲ့စည်းခဲ့သော ပြည်သူ့တပ်မတော်တွင် သခင် တင်ထွန်းနှင့် ဗိုလ်စိုးမောင်သည် ဒုဗိုလ်ချုပ်ကြီး

အဆင့် ရှိသူများဖြစ်သည်။ သို့သော် ရှမ်းပြည်နယ် ဗဟိုခွဲ သည် ယင်းတို့၏ သီးခြားအင်အားဖြင့် မိုးလုံးဟိန်းငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်

နိုင်စွမ်းမရှိပေ။ ထို့ကြောင့် အဝေးရောက်ဗဟိုကော်မတီသည် အရှေ့ မြောက်ဒေသမှ ထိုးဖောက်ရန် စီစဉ်ခဲ့ရလေသည်။

ဗကပ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ဖွင့်လှစ်ခြင်း[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော တရုတ် ကျောင်းသားများအရေးအခင်းကြောင့် မြန်မာနိုင်ငံနှင့် တစ်ဖက်နိုင်ငံတို့ဆက်ဆံရေး မပြေမလည်ဖြစ်သည်ကို

အခွင့်ကောင်းယူ၍ ဗမာပြည် ကွန်မြူနစ်ပါတီအဝေးရောက် ဗဟိုကော်မတီသည် ၁၉၆၇ ခုနှစ်တွင် ဗကပ အရှေ့မြောက် စစ်ဒေသဌာနချုပ်အား ဖွင့်လှစ်ခဲ့သည်။

အဝေးရောက် ဗကပ ဒုဥက္ကဋ္ဌ သခင်ဗသိန်းတင်သည် အရှေ့မြောက်စစ်ဒေသအတွက် တစ်ဖက်နိုင်ငံတွင် ခိုလှုံနေထိုင်လျက်ရှိသော တပ်ပြေးနော်ဆိုင်း

အင်အားစုများကိုအသုံးချခဲ့သည်။ ဗကပအရှေ့မြောက် စစ်ဒေသဌာနချုပ်တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်ဗသိန်းတင်နှင့်ခင်မောင်ကြီးတို့က

လည်းကောင်း၊ စစ်ရေးခေါင်းဆောင်အဖြစ် နော်ဆိုင်းကလည်းကောင်း တာဝန်ယူကာ အကြံပေးအဖွဲ့အဖြစ် တစ်ဖက်နိုင်ငံ တပ်မှ ဗိုလ်ချုပ်တစ်ဦး

ခေါင်းဆောင်သောအဖွဲ့က အနီးကပ် ကွပ်ကဲဆောင်ရွက်သည်။ ဗကပတပ်ရင်းကြီး (၃ဝ၃)ကိုလည်း အဓိကအင်အားစုအဖြစ် အင်အား ၄ဝဝ ခန့်ဖြင့်ဖွဲ့စည်းခဲ့သည်။

ဗကပတပ်ရင်းကြီး(၃ဝ၃) သည် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်တွင် တပ်မတော်မှ တပ်စွဲထားသော မုံးကိုးစခန်းအား တိုက်ခိုက် သိမ်းပိုက်၍ အရှေ့မြောက်

စစ်ဒေသ ဗကပလှုပ်ရှားမှု ကို စတင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗကပများသည် ရှမ်းပြည်နယ် ဗဟိုခွဲနှင့်ဆက်စပ်မိရေးအတွက် အင်အားအချို့ အား ရွှေလီချိုင့်ဝှမ်း မိုးမိတ်ဒေသသို့ ဝင်ရောက်

လှုပ်ရှားစေခဲ့သည်။ ထိုအချိန်က နယ်ခံဖြစ်သော သောင်းကျန်းသူများမှာ ကေအိုင်အေသောင်းကျန်းသူများဖြစ်ရာ ဗကပတို့သည် ကေအိုင်အေများနှင့်

ပြေလည်ရေးအတွက် ကချင်တိုင်းရင်းသားဖြစ်သူ နော်ဆိုင်းအား ခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ဗကပတို့သည် ကေအိုင်အေများနှင့်

ညှိနှိုင်း နေစဉ် ၁၉၆၈ ခုနှစ် အတွင်း၌ တပ်မတော် တပ်စခန်းများဖြစ်သော ဖောင်းဆိုင်၊ ပန်စုတိုင်၊ ဖော်ကျုံး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကောင်းလုံ၊ လုံထန်

နှင့် နမ့်ပေါ်တံတားများ ကို တိုက်ခိုက်ခဲ့ကြသည်။

၁၉၆၉ ခုနှစ်အတွင်းမှာပင် ဗကပတို့သည် အရှေ့ မြောက်ဒေသတွင် အခြေခံနယ်မြေ၊ လှုပ်ရှားနယ်မြေ များတိုးချဲ့လာကြသည်။ အင်အားသုံးရသည့် အဆုံး

အဖြတ်ပေးတိုက်ပွဲများလည်း ဖော်ထုတ်လာကြသည်။ ၁၉၆၉ ခုနှစ် မေလတွင် ကေအိုင်အေမှ သဘောထား ကွဲလွဲပြီး ခွဲထွက်လာသည့် စခုံတိမ်ယိမ်းနှင့်

လယောက်ဇေလွမ်း တို့ခေါင်းဆောင်သော မရူ(ခေါ်) လောင်ဝေါ် နှင့် လရှီ(ခေါ်)လချိတ် တိုင်းရင်းသား အင်အား ၂၅ဝ အား တစ်ဖက်နိုင်ငံတွင် သင်တန်းပေးပြီး

ဗကပတပ်ရင်းကြီး (၁ဝ၁) အဖြစ် ဖွဲ့စည်းပေး ခဲ့သည်။ ဗကပတပ်ရင်းကြီး (၁ဝ၁)သည် ကချင် ပြည်နယ်၊ မေခမြစ် အရှေ့ခြမ်း ချီဖွေ၊ လောခေါင်၊

ဆော့လော်ဒေသ များသို့ ဝင်ရောက်ကာ တပ်မတော် စခန်းငယ်များကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဗကပ အဝေးရောက်ဗဟို ကော်မတီသည်

တပ်ရင်းကြီး(၂ဝ၂) ကိုဖွဲ့စည်း၍ ရွှေလီချိုင့်ဝှမ်းဒေသစိုးမိုးရေးကို ဆောင်ရွက်ပြန်သည်။

ဗကပတပ်ရင်းကြီး (၄ဝ၄)ကိုဖွဲ့စည်း၍လည်း ကိုးကန့်နယ်မြေကုန်ကြမ်းစခန်း ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ၁၉၆၉ ခုနှစ်အတွင်းမှာပင်

ဗကပ တပ်ရင်း (၁ဝ၆)၊ တပ်ရင်း (၁ဝ၇)၊ တပ်ရင်း (၁ဝ၈) နှင့် တပ်ရင်း (၈ဝ၁)တို့အား တိုးချဲ့ဖွဲ့စည်းပြန်သည်။ တပ်ရင်းကြီး(၄ဝ၄)၏လက်အောက်

တွင်လည်း 'ဝ'တိုင်းရင်းသားများအား စည်းရုံး၍ တပ်ရင်း(၅ဝ၁)၊ (၅ဝ၂)နှင့် (၅ဝ၃) တို့ကို ဖွဲ့စည်းကြပြန်သည်။ ထို့နောက်

အမှတ်(၈ဝ၈)စစ်အကြံပေးအဖွဲ့ဌာနချုပ်ကို မုံးကိုး တွင်လည်းကောင်း၊ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို မိုးယား တွင်လည်းကောင်း၊ သံလွင်မြစ်

အရှေ့ခြမ်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို မုံးယားတွင်လည်း ကောင်း ဖွင့်လှစ်အခြေစိုက်၍ တပ်ရင်းကြီး (၂ဝ၂)ကို မုံးကိုးဒေသတွင်လည်းကောင်း၊

တပ်ရင်းကြီး (၃ဝ၃)ကို မုံးယားတွင်လည်းကောင်း၊ တပ်ရင်းကြီး(၄ဝ၄)ကို ကိုးကန့်ဒေသနှင့် 'ဝ'နယ်တွင်လည်းကောင်း အခြေပြု ၍ လှုပ်ရှားစေခဲ့သည်။

တစ်ဖက်နိုင်ငံ၏ ပါဝင်ပတ်သက်မှု[ပြင်ဆင်ရန်]

ဗကပတို့သည် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ (၁) ရက် တွင် မုံးကိုးစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ၌ အင်အား ၃ဝဝ ခန့်ပါဝင်ပြီး တစ်ဖက်နိုင်ငံ၏ အကူအညီ

ရယူခဲ့သည်။ ၁၉၆၈ ခုနှစ် အကုန်တွင်ကား ဗကပ အင်အားသည် ၅ဝဝ ခန့်အထိ တိုးတက်များပြားလာ ပြီး အခြေခံနယ်မြေ၊ လှုပ်ရှားနယ်မြေများလည်း

တစ်စ တစ်စ ကျယ်ဝန်းများပြားလာခဲ့သည်။ ၁၉၆၉ ခုနှစ် တွင် အင်အား ၂၁၆၂ ယောက် အထိ တိုးတက်လာပြီး ၁၉၇ဝ ပြည့်နှစ်တွင်

အင်အား ၂၄၁၈ ယောက် ခန့် ရှိလာသည်။ ၁၉၇၁ ခုနှစ်တွင်ကား ၃၅၄၈ ယောက် အထိ တိုးတက်များပြားလာခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် အရှေ့မြောက် စစ်ဒေသကိုတည်ဆောက်ရာ၌ ဒေသခံတိုင်းရင်းသား သောင်းကျန်းသူများကိုစည်းရုံးသိမ်းသွင်းခဲ့သည်။ ရွှေလီ

ဒေသတွင် တပ်မတော်၏ စစ်ဆင်ရေးနှင့် အဖွဲ့တွင်း ပဋိပက္ခကြောင့် ကျဆုံးမှုရှိနေသော ရှမ်းသောင်းကျန်း သူ ကံရွဲ့ အဖွဲ့သည် ဗကပတို့၏သိမ်းသွင်းမှုကြောင့်

ဗကပနှင့်ပူးပေါင်းသွားခဲ့သည်။ ရှမ်းတရုတ်လူမျိုးများ အတွင်းသို့လည်း ထိုးဖောက်စည်းရုံးလာခဲ့သည်။ ဗကပတပ်ရင်း(၁ဝ၇)သည် ကံရွဲ့အဖွဲ့နှင့် ရှမ်းတရုတ်

လူမျိုးများကို အခြေခံခဲ့သည်။ ကေအိုင်အေနှင့် ယာယီမဟာမိတ်ဖွဲ့နိုင်သည်ကို အခွင့်ကောင်းယူ၍ တစ်ဖက်နိုင်ငံသား ကချင်လူမျိုးစုများ အများဆုံး

ပါဝင်သည့် ဗကပတပ်ရင်းကြီး (၃ဝ၃) ကို ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ ဗကပတပ်ရင်းကြီး (၄ဝ၄) သည် စီးပွားရေးဆိုင်ရာ သဘောကွဲလွဲမှုကြောင့်

တောခိုသွား သော ဖုံကြားရှင်၏ ကိုးကန့်ကာကွယ်ရေးအဖွဲ့ကို အခြေခံ၍ ဖွဲ့စည်းခြင်းဖြစ်သည်။ ဆုံကရာမန်နှင့် ပန်ဝိုင်နယ်ရှိ နယ်ခံ 'ဝ' ကာကွယ်ရေးများ

ကိုလည်း သိမ်းသွင်းခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဗကပတပ်ရင်းကြီး (၂ဝ၂)သည် မိုးကုတ်အရှေ့ခြမ်းရှိ နယ်ခံ နစ်ဖြူများနှင့် ဆက်စပ်မိလာသည်။

ကေအိုင်အေခေါင်းဆောင် ဇော်တူး သည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလအထိ တစ်ဖက်နိုင်ငံသို့ သွားရောက်ပြီး မော်စီတုံး၏

ဩဝါဒကို နာခံရန် ကတိပြုခဲ့သောကြောင့်လည်းကောင်း၊ အရှေ့ မြောက်စစ်ဒေသ၏ စစ်ရေးခေါင်းဆောင်မှာ ကချင် တိုင်းရင်းသားများအပေါ် ဩဇာရှိသော

ကချင်တပ်ပြေး နော်ဆိုင်း ဖြစ်နေသောကြောင့်လည်းကောင်း၊ ဗကပတို့ သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကေအိုင်အေနယ်မြေ များတွင် အခွင့်ကောင်းယူ၍

လှုပ်ရှားနိုင်ခဲ့သည့်အပြင် ဒေသခံ ကချင်တိုင်းရင်းသားအချို့ကိုလည်း စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကြသည်။ သို့သော် ကွန်မြူနစ်ဝါဒကို ကေအိုင်အေ အောက်ခြေ

အဆင့်က လက်မခံနိုင်ခြင်း၊ ဗကပတို့၏နယ်မြေတိုးချဲ့မှုတွင် ဆက်ကြေးရိက္ခာကိစ္စ ၌ အငြင်းပွားလာခြင်း၊ ၁၉၆၈ ခုနှစ် မတ်လတွင် မရူ လူမျိုး ကေအိုင်အေ

တပ်ရင်း(၄) အဖွဲ့(၁)မှူး ဇော်လွမ်း၊ အဖွဲ့(၅)မှူး စခုံတိမ်ယမ်းတို့ လူစုခွဲထွက်ခြင်းတို့ကြောင့် ကေအိုင်အေနှင့် ဗကပတို့ မပြေမလည်ဖြစ်လာကြပြန် သည်။

၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်၌ ကေအိုင်အေ တပ်မဟာ (၂)ဌာနချုပ်တွင် ပြုလုပ်သောအစည်းအဝေး က နော်ဆိုင်းခေါင်းဆောင်သော ဗကပများအား

နံပါတ် (၁) ရန်သူဟုသတ်မှတ်ခဲ့သည်။ ထို့နောက် ဇွန်လမှစ၍ ကေအိုင်အေတို့သည် ဗကပနှင့်စစ်ရေးအရ ရင်ဆိုင်မှု များပြုလုပ်လာသည်။ ဇော်တူးသည်

ကွန်မြူနစ်ဝါဒကို စွန့်လွှတ်ကြောင်းကြေညာခဲ့သည်။ သို့သော် လက်နက် ခဲယမ်းရရှိရေးအတွက်မူ တစ်ဖက်နိုင်ငံ ကွန်မြူနစ် အာဏာပိုင်များနှင့်

ဆက်သွယ်နေရသည်။ တစ်ဖက် နိုင်ငံက ကေအိုင်အေအား လက်နက်ထောက်ပံ့ရာတွင် ဗကပမှတစ်ဆင့် ထောက်ပံ့ရန် ကြိုးစားလာသည်။ ကေအိုင်အေကလည်း

ထိုင်းနိုင်ငံမှတစ်ဆင့် အနောက်အုပ်စု၏အကူအညီရရှိရန် ကြိုးစားခြင်းဖြင့် အကျပ်ကိုင်ထားသည်။ စင်စစ် အရှေ့မြောက်ဒေသ ဗကပ လှုပ်ရှားမှုနှင့်

ကေအိုင်အေလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံသည် ၁၉၆၇ ခုနှစ် တရုတ်ကျောင်းသားများ အရေးအခင်းမှစ၍ အကူအညီအမျိုးမျိုး ပေးလာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်စိုးမောင်ကျဆုံးခြင်း[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဆင်တဲရွာ၌ တိုက်ပွဲဖြစ်ပွားရာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ်

ကော်မတီ ဗိုလ်ချုပ်စိုးမောင်ကို အသေဖမ်းဆီး ရမိခဲ့သည်။ ဗိုလ်ချုပ်စိုးမောင်သည် ရှမ်းပြည်မြောက်ပိုင်း ခရိုင်၏တာဝန်ခံပင် ဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင်

အမှတ် ၁၃၆ တပ်ဖွဲ့ (FORCE 136) ၌ သင်တန်းတက် ပြီး ပြည်တွင်းသို့ လေထီးနှင့်ဆင်းခဲ့ဖူးသည်။ ဗိုလ်စိုးမောင်အား ကပ္ပလီစိုးမောင်ဟု လူသိများခဲ့သည်။

၁၉၄၉ ခုနှစ်တွင် တပ်မတော်တပ်ရင်း (၃) တောခိုသောအခါ ဗိုလ်ကြီးအဆင့်ရှိ ဗိုလ်စိုးမောင် လည်း ပါဝင်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပြည်သူ့

ဒီမိုကရေစီတပ်ပေါင်းစု ဗဟိုစည်းရုံးရေးကော်မတီ တွင်ပါဝင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်တွင် ဒုဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ ရသည်။

၁၉၅၅-၅၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်အား ချေမှုန်းရန် ကြိုးစားလာသည့် အောင်မာဃ စစ်ဆင်ရေး ကို တန်ပြန်ရင်ဆိုင်ရာ၌

သခင်သန်းထွန်းအတုနှင့် ဗဟိုဌာနချုပ်အတု တို့ကို ဖန်တီးလှည့်စားခဲ့ရာ ဗိုလ်စိုးမောင်သည် သခင် သန်းထွန်းအတုအဖြစ် သရုပ်ဆောင်ခဲ့ရသည်။

ဗိုလ်စိုးမောင်သည် သခင်သန်းထွန်းနှင့် ဗဟိုဌာနချုပ် အယောင်ဆောင်၍ အောင်မာဃစစ်ဆင်ရေးတပ်များ အား ရခိုင်ပြည်နယ်ဘက်သို့ အာရုံပြောင်းစေခဲ့သည်။

၁၉၅၆ ခုနှစ် မှစ၍ ရှမ်းပြည်နယ်ကော်မတီဖြစ်လာ သည်။ ၁၉၆၃ ခုနှစ် ပဏာမငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗိုလ် စိုးမောင်၏ခေါင်းဆောင်မှုနှင့်အရည်အချင်းအပေါ်တွင် အားကိုးအားထားပြုခဲ့ခြင်းမရှိပေ။ ဗိုလ်စိုးမောင်၏

လက်ထပ်ခွင့်တင်ပြမှုများကြောင့် ကိုယ်ရေးကိုယ်တာ ဦးစားပေးသူအဖြစ်သာ မြင်ထားကြသည်။ ထို့ကြောင့် ဗိုလ်စိုးမောင်ကျဆုံးခြင်းနှင့်ပတ်သက်၍ ဗကပတို့

အနေ နှင့် အလေးအနက်ထားခြင်း မရှိခဲ့ကြပေ။

အရှေ့မြောက်စစ်ဒေသ ဗကပတို့၏ မဟာဗျူဟာ နှင့် နည်းဗျူဟာများ[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီ၊ အဝေးရောက် ဗဟို ကော်မတီသည် တစ်ဖက်နိုင်ငံ၏ ပံ့ပိုးကူညီမှုများဖြင့် အရှေ့မြောက် စစ်ဒေသကိုတည်ဆောက်၍ ပဲခူးရိုးမ ရှိ

ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုအား ကယ်တင်ရန် ကြိုးစားရာတွင် အောက်ပါနိုင်ငံရေးမဟာဗျူဟာများ ကို ချမှတ်ခဲ့သည် -

(က) လက်နက်ကိုင်တိုက်ပွဲဖြင့် စစ်အနိုင်တိုက် အာဏာသိမ်းရေး။

(ခ) အစိုးရ၏အုပ်ချုပ်ကွပ်ကဲမှုနှင့် အလှမ်းဝေး သော နေရာဒေသတို့တွင် အာဏာနီ တည်ဆောက်ရေး။

(ဂ) တိုင်းရင်းသားလူမျိုးစုများနှင့် မဟာမိတ် ဖွဲ့၍ ဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု တိုးချဲ့ရေး။

(ဃ) ပြည်သူလူထုကို အဆက်မပြတ် စည်းရုံး သိမ်းသွင်းရေး။

(င) သံလွင်မြစ်အရှေ့ခြမ်းဒေသအား တိုက်ခိုက် သိမ်းပိုက်ပြီး စင်ပြိုင်အစိုးရထူထောင်ရေး။

(စ) မာ့က်စ်လီနင်၊ စတာလင်နှင့် မော်စီတုံး အတွေးအခေါ် သဘောတရားများကို အကြွင်းမဲ့ခံယူရေး။

(ဆ) တစ်ဖက်နိုင်ငံအပေါ် ရေရှည်မှီခိုရေး။

(ဇ) လူတန်းစားတိုက်ပွဲအပေါ် အခြေခံပြီး အစိုးရအား အဘက်ဘက်မှ ချေမှုန်းတိုက် ဖျက်ရေး။

စစ်ရေးမဟာဗျူဟာ များ မှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ကျေးလက်နှင့်နယ်စပ်ဒေသများကို အခြေ ခံ၍ မြို့နှင့်အချက်အချာဒေသများကိုသိမ်း ပိုက်ပြီးလျှင် တစ်ပြည်လုံးသိမ်းပိုက်ရေး။

(ခ) အင်အား အချိုးအစား အခွင့်မသာစဉ်တွင် ရေရှည်စစ်ကို မျှော်မှန်းပြီး ပြောက်ကျား စစ်ကို အခြေခံရေး။

(ဂ) တိုင်းရင်းသားလူမျိုးစု သောင်းကျန်းသူများ အား စည်းရုံးသိမ်းသွင်း၍ လက်နက်ကိုင် အင်အား ကြီးထွားရေး။

(ဃ) သိမ်းပိုက်ပြီးသော နယ်မြေများအား အခြေ ခံ ခိုင်မာအောင် ဘက်စုံမှတည်ဆောက် ပြီး ယင်းမှတစ်ဆင့် စစ်ရေးလှုပ်ရှားမှုများ ကို နိုင်ငံရေးလှုပ်ရှားမှုဖြင့်

ပေါင်းစပ်၍ အခြေခံနယ်မြေအသစ်များ တိုးချဲ့စိုးမိုး သိမ်းပိုက်ရေး။

(င) ရွှေလီချိုင့်ဝှမ်းနှင့် သိမ်းပိုက်ပြီး သံလွင် အရှေ့ခြမ်းဒေသတို့မှ သံလွင်အနောက် ခြမ်း၊ ရှမ်းပြည်နယ်ဒေသအတွင်းသို့ လမ်း ကြောင်းဖွင့် ဝင်ရောက်ရေး။

(စ) တစ်ပြည်လုံးကို မသိမ်းပိုက်နိုင်မီစပ်ကြား သံလွင်အရှေ့ခြမ်းအား လွတ်မြောက်သော ဒေသအဖြစ် ဖန်တီးရာ၌ အချက်အချာ ဖြစ်သော ကွမ်းလုံဒေသနှင့်

ကျိုင်းတုံဒေသ များအား မရမနေ တိုက်ခိုက်သိမ်းပိုက်ရေး။

အရှေ့မြောက်ဒေသ ဗကပတို့သည် အထက် ဖော်ပြပါအတိုင်း နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာများ ကို ချမှတ်ပြီးနောက် ပြောက်ကျားလှုပ်ရှားမှုများကို

နည်းဗျူဟာများအဖြစ် ဖော်ထုတ်လာကြသည်။ တပ်မတော်စခန်းများအား သမားရိုးကျနည်းဖြင့် တိုက်ခိုက်မည်ဆိုလျှင် အင်အားအဆပေါင်းများစွာကို သုံးပြီးမှ

တိုက်ခိုက်လာကြသည်။ ပြောက်ကျားစစ် နည်းဗျူဟာအမျိုးမျိုးကိုသာမကဘဲ အင်အားသုံးရသည့် သမားရိုးကျ စစ်နည်းဗျူဟာများကိုပါ အသုံးပြုလာကြ သည်။

တစ်ချိန်တည်းမှာပင် ကွမ်းလုံနှင့် ရွှေလီဒေသရှိ ကေအိုင်အေ နယ်မြေများကိုလည်းကောင်း၊ တန့်ယန်းရှိ အက်စ်ယူအေ နယ်မြေများကို လည်းကောင်း၊

မိုင်းရယ်ရှိ အက်စ်အက်စ်အေ နယ်မြေများကိုလည်းကောင်း၊ မိုင်းကိုင်ရှိ အက်စ်ယူ အာရ်အေ နယ်မြေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ

ရလလဖ နယ်မြေ များကိုလည်းကောင်း နိုင်ငံရေး၊ စစ်ရေးအရ ထိုးဖောက်ဝင်ရောက်လာကြ သည်။ တပ်ရင်း (၁ဝ၇) နှင့် (၂ဝ၂)တို့ကိုလည်း

တပ်ရင်းကြီး အဆင့်အထိ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးစားလာကြသည်။

အရှေ့မြောက်ဒေသ ဗကပတို့သည် ဒေသခံ တိုင်းရင်းသား သောင်းကျန်းသူအဖွဲ့အစည်းများအား စည်းရုံးသိမ်းသွင်းရာတွင် စစ်ရေးအင်အားနည်းပါး သော

ဒေသများ၌ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ထိုးဖောက်လေ့ရှိသည်။ ကချင်ပြည်နယ် မေခအရှေ့ ခြမ်းဒေသသို့ ထိုးဖောက်ရာတွင် တစ်ဖက်နိုင်ငံရှိ

ဖီးမော်၊ ဂေါ်လန်ဒေသများကိုအခြေပြု၍ တပ်မတော် ယန်းတုံရဲစခန်းကို တိုက်ခိုက်ဝင်ရောက်ခြင်းဖြစ်သည်။ ကေအိုင်အေ အင်အားနည်းပါးသည့်

ဆော့လော်မြို့နယ် မှ မန်ကျီ၊ မျောချောင်း ဒေသများကို ထိုးဖောက် ဝင်ရောက်လာရာ တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ရသည်။

တပ်ရင်း (၂ဝ၂)သည် မုန်းစီးဒေသကို ထိုးဖောက်ပြီးနောက် နောင်ချိုနယ်ရှိ ဗကပဗဟိုခွဲနှင့်အဆက်အသွယ်ရရှိခဲ့သည်။ တပ်မတော် သည် မုံးကိုးနှင့်

မုံးပေါ်ကြားရှိ မန်ကန်စခန်း အား အခြေအနေအရ လက်လွှတ်ပေးခဲ့ရရာ ဗကပများ သည် မုံးကိုး၊ ဖောင်းဆိုင်အပြင် မန်ကန်၊ ဖော်ကျုံး၊ ရီခူး၊ ကပ္ပနားသို့တိုင်

အခြေခံနယ်မြေကို တိုးချဲ့လာ ခဲ့ကြသည်။

၁၉၇ဝ ပြည့်နှစ်တွင် တပ်ရင်းကြီး (၁ဝ၆) နှင့် (၁ဝ၈)တို့သည် တစ်ဖက်နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြပြီး ပြန်လည်ပြင်ဆင်၍ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် အမှတ်(၈ဝ၈)စစ်ဆင်ရေးအကြံပေး ဌာနချုပ်ကို မုံးကိုးတွင်လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို မုံးယားတွင်လည်းကောင်း၊ သံလွင်

အရှေ့စစ်ဆင်ရေးညွှန်ကြားရေးဌာနချုပ်ကို မန်ဝိန်း တွင်လည်းကောင်း၊ တပ်ရင်း(၁ဝ၇)ကို ရီခူးတွင်လည်း ကောင်း၊ တပ်ရင်းကြီး (၂ဝ၂) ကို မုံးလီတွင်

လည်းကောင်း၊ (၃ဝ၃)ကို မုံးယားတွင်လည်းကောင်း၊ (၄ဝ၄) ကို ကိုးကန့်ဒေသတွင်လည်းကောင်း အသီးသီးအခြေ ပြုလှုပ်ရှားစေခဲ့သည်။ ထို့နောက် ပန်ဆန်းနှင့်

မုံးပေါ် ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့်အပြင် ဖန်ကျုံး၊ လွယ်မွန်၊ မန်ဟိုင်း၊ ဆွတ်မွန်၊ ကောင်စိုင်၊ ဆမ်ဝမ်း၊ ပွိုင့် ၄ဝ၇၇ နှင့် မိုင်းမောတို့တွင် တိုက်ပွဲကြီးများ

ဖြစ်ပွားခဲ့ရာ တပ်မတော်အင်အားနည်းစခန်းများ၊ စစ်ကြောင်းများမှာ အကျအဆုံးများပြားခဲ့ရသည်။

၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း တရုတ် နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ရာ ဗကပများ တွေဝေသွားခဲ့ရသည်။ သို့သော် အရှေ့

မြောက်ဒေသလှုပ်ရှားမှုများကို အရှိန်မပျက်စေရန် ထိန်းသိမ်းခဲ့သည်။ တိုက်ခိုက်ရေးတပ်ရင်းကြီးများကို 'ဝ'နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် တိုးချဲ့ဖွဲ့စည်း

ကြသည်။ တပ်ရင်းကြီး(၁ဝ၇)မှ တပ်ခွဲတစ်ခွဲကို အမှတ် (၈ဝ၁)ဒေသန္တရတပ်ဖွဲ့အမည်ဖြင့် မန်ဟီးရိုး တွင် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ တပ်ရင်း (၅ဝ၁)၊ (၅ဝ၂) နှင့်

(၅ဝ၃) တို့ကိုလည်း လောကြောင် က ခေါင်းဆောင် ဖွဲ့စည်းပြီး 'ဝ'နယ် မိုင်းမောတွင် လှုပ်ရှားလာကြသည်။ ၁၉၇၁ ခုနှစ်၊ ဩဂုတ်လတွင် 'ဝ'နယ်ထဲမှ

တိုက်ခိုက် ရေးတပ်များသည် ကွမ်းလုံ၊ ပန်လုံဒေသများကို တစ်စတစ်စနှင့် ထိုးဖောက်ဝင်ရောက်၍လာကြသည်။ ကချင်ပြည်နယ် မေခအရှေ့ခြမ်းဒေသ

တွင်လည်း ရစ်ကျော်နှင့် လဂွီစခန်း များကို အင်အားသုံး၍ တိုက်ခိုက်လာကြသည်။

ဗကပတို့၏မူလရည်မှန်းချက်ဖြစ်သည့် ရွှေလီ ချိုင့်ဝှမ်းကို စိမ့်ဝင်ထိုးဖောက်၍ ရှမ်းပြည် ဗဟိုခွဲမှ တစ်ဆင့် ပဲခူးရိုးမရှိ ဗကပဗဟိုနှင့်ဆက်စပ်ရေးမှာ ၁၉၇ဝ

ပြည့်နှစ်ကုန်သည်အထိ အောင်မြင်မှုမရှိခဲ့ပေ။ ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် ကိုးကန့်နယ်နှင့် 'ဝ'နယ် တို့ကို ဆက်စပ်၍ အခြေခံဒေသတည်ဆောက်ရန်

ပြောင်းလဲလှုပ်ရှားလာကြသည်။ ကွမ်းလုံကိုလည်း အကြိမ်ကြိမ် ထိုးဖောက်တိုက်ခိုက်ရန် ကြိုးစားလာကြ သည်။

အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံ ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံခြား သတင်းစာများက တရုတ်နီတပ်များ မြန်မာနိုင်ငံကို ကျူးကျော်

နေကြောင်း ရေးသားခဲ့ကြသည်။ အထူး သဖြင့် ပြည်ပြေး၊ ကေအင်န်ယူတပ်ဦး စသော လက်ယာစွန်းရောက်အင်အားစုများသည် ကွန်မြူနစ် အန္တရာယ်ဖြင့်

ခြိမ်းခြောက်၍ အနောက်အုပ်စုနိုင်ငံ များမှ အကူအညီရရန် ကြိုးစားခဲ့ကြလေသည်။[၈]

သခင်သန်းထွန်းကျဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ[ပြင်ဆင်ရန်]

သခင်ဇင်နှင့် သခင်ချစ်[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း သည် ဗဟိုကင်းတပ်ဖွဲ့ဝင် ရဲဘော်မြကြီးက

ရိုင်ဖယ်သေနတ် ဖြင့် ပစ်ခတ်လုပ်ကြံသောကြောင့် ကျဆုံးခဲ့ရသည်။ ထိုအချိန်က ဗကပဒုတိယဥက္ကဋ္ဌ မှာ သခင်ဇင်ဖြစ် သည်။ သခင်ဇင်သည် မိမိကိုယ်မိမိ

ဥက္ကဋ္ဌ ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ဟာ သူ့ကိုယ်သူ ကျဆုံးနိုင်တယ်လို့ တွက်ခဲ့တယ်၊ အကယ်၍ ကျဆုံးခဲ့ရင် ဥက္ကဋ္ဌ တာဝန်ကို ချက်ချင်းဆက်လက် ထမ်းဆောင်နိုင်ဖို့

ဒုတိယဥက္ကဋ္ဌ အဖြစ် ကျွန်တော့် ကို သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်

ထို့နောက် သခင်ဇင်သည် ဥက္ကဋ္ဌ ကြီး သခင် သန်းထွန်းရဲ့ သွေးခင်းတဲ့လမ်းကြောင်းအတိုင်း လိုက်ကြဟု တိုက်တွန်းလိုက်တော့သည်။ ဗမာပြည်

ကွန်မြူနစ်ပါတီအထွေထွေကျဆင်းမှုများကိုလည်း ယာယီအခက်အခဲများသာဖြစ်သည်ဟု သုံးသပ်လိုက် သည်။ ဆက်လက်ရပ်တည်ရမည့်လမ်းစဉ်အဖြစ် ၆၄

လမ်းစဉ်ကိုသာ ဆုံးဖြတ်သည်။ ထိုအချိန်တွင် ဗဟို ဌာနချုပ်သည် သရက်ခရိုင် အရှေ့ခြမ်း၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင်

အဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြတ်နေချိန်ဖြစ် သည်။ သို့သော် သခင်ဇင်သည် အောင်ပွဲနီးကပ်လာ သောကြောင့် အခက်အခဲများ ကြီးမားလာခြင်းဖြစ်

သည်ဟူ၍သာ သုံးသပ်ခဲ့သည်။

သခင်ဇင်သည် ၁၉၁၂ ခုနှစ်တွင် ဖခင်ဦးကျော် ဇော၊ မိခင်ဒေါ်အေးညိုတို့မှ ဒိုက်ဦးမြို့တွင် မွေးဖွားခဲ့ သည်။ အင်္ဂလိပ်-မြန်မာဆယ်တန်းအထိ ပညာသင်ကြား

ခဲ့ပြီး သစ်ကန်ထရိုက်တာ ကိုယ်စားလှယ်အဖြစ် ရဲနွယ်ချောင်း၊ ဗိုင်းဒါးချောင်းဒေသများတွင် လုပ်ကိုင်ခဲ့ဖူး သည်။ ထို့နောက် ရန်ကုန်မြို့ကြီးပွားရေးမဂ္ဂဇင်းတိုက်၌

အလုပ်လုပ်ခဲ့သည်။ ၁၉၄၂-၄၃ ခုနှစ်တွင် ညောင်လေး ပင်မြို့နယ်၊ တို့ဗမာဆင်းရဲသား အစည်းအရုံး အလုပ်အမှုဆောင်ဖြစ်လာပြီး ဗမာပြည်ကွန်မြူနစ်ပါတီသို့

ဝင်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကာလတွင် ညောင်လေးပင်မြို့နယ်နှင့် ရွှေကျင် မြို့နယ်တို့တွင် နိုင်ငံရေးမှူးအဖြစ်

ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင်ကျင်းပသော ဗမာပြည် ကွန်မြူနစ်ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် အရွေးခံခဲ့ရသည်။

သခင်ဇင်သည် ညောင်လေးပင် မြို့တွင်နေထိုင်သော ဦးဘဦး၊ ဒေါ်လွယ် တို့၏ သမီး ဒေါ်ကြည်ကြည်နှင့် လက်ထပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် တွင်

ဗမာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ (ဗဟို ဌာနချုပ်)တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈)ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ

တောခိုသောအခါ လိုက်ပါသွားပြီး ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ဗဟိုကော်မတီအစည်းအဝေးတွင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)

အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ်က သခင်ဇင်သည် ဗဟိုကော်မတီအဆင့်အတန်းအရ အဆင့်(၆)တွင် ရှိနေပြီး အထက်၌ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊

သခင်တင်ထွန်း၊ ရဲဘော်လှသောင်း၊ သခင်သန်းမြိုင်တို့ ရှိနေခဲ့လေသည်။

၁၉၅ဝ ပြည့်နှစ်တွင် သခင်ဇင်သည် အောက် ဗမာပြည်ဌာနခွဲမှ ပျဉ်းမနားမြို့နယ်ရှိ ဗဟိုဌာနချုပ်သို့ ပြောင်းရွှေ့တာဝန်ယူရသည်။ ၁၉၅၂ ခုနှစ်တွင် မြစ်ဝ

ကျွန်းပေါ်တိုင်းသို့ စုံစမ်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူ နစ်ပါတီ တောင်ပိုင်းစစ်ဌာနချုပ်

နိုင်ငံရေးမှူးကြီး အဖြစ် ယာယီတာဝန်ယူခဲ့ရသည်။ ၁၉၅၅ ခုနှစ်တွင် ပဲခူးရိုးမ၌ တာဝန်ယူသည်။ ၁၉၅၈ ခုနှစ်တွင် သခင်ဇင်သည် အစိုးရနှင့်စေ့စပ်ရေး

ကို အထူးဝါယမ စိုက်ထုတ်လုံးပန်းခဲ့သည်။ နိုင်ငံရေးကျဆင်းမှုနှင့် ပတ်သက်၍ ၁၉၆၂ ခုနှစ် ဗဟိုကော်မတီအစည်း အဝေးတွင် သခင်ဇင်သည်

သခင်သန်းထွန်း၊ သခင်ချစ် တို့နှင့်အတူ ဗဟိုကော်မတီနှင့် အောက်ခြေထုတို့၏ ပြင်းထန်စွာပြစ်တင်ရှုတ်ချ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ ၁၉၆၃ ခုနှစ်

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလတွင် ပြည်ပနှင့်အဆက်အသွယ်ရရှိပြီးမှ ထွက်ပေါက်ရသွားခဲ့ကြခြင်းဖြစ်သည်။ ၁၉၆၄ ခုနှစ်

ဗဟိုကော်မတီအစည်းအဝေးတွင် သခင်သန်းထွန်း နှင့် ရဲဘော်အောင်ကြီးတို့က သခင်ဇင်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်လိုက်ကြသည်။ ရဲဘော်ဌေးနှင့်

ဂိုရှယ်တို့အား သုတ်သင်သတ်ဖြတ်ရာတွင် သခင်ဇင် သည် တက်ကြွစွာပါဝင်ဦးဆောင်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းရေးမှူးမှာ သခင်ချစ် ဖြစ်သည်။ သခင်ချစ်သည် ဦးနွဲ့၊ ဒေါ်အေးချို တို့မှ ပဲခူးခရိုင် သနပ္ပင်မြို့တွင် ၁၉၁ဝ ပြည့်နှစ်၌မွေးဖွား

ခဲ့ သည်။ သနပ္ပင်မြို့နှင့်ရန်ကုန်မြို့တွင် ပညာသင်ကြား ခဲ့ပြီး ၁၉၃ဝ ပြည့်နှစ်တွင် ကျောင်းဆရာဖြစ်လာသည်။ နဂါးနီဦးထွန်းရွှေနှင့်ဆက်သွယ်၍လည်း

နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို့ ရေကျော် ရပ်မှ ခင်သန်းညွန့်(ခေါ်)အမာ(ခေါ်)မချစ်မေ(ခေါ်) မခင်သန်းနှင့်လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက်၊

သား တစ်ယောက်ထွန်းကားခဲ့သည်။ တို့ဗမာဆင်းရဲသား အစည်းရုံးနှင့် ဗမာပြည်ဆိုရှယ်လစ်ပါတီတို့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း (၄)၌ နိုင်ငံရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီတွင်း ဝင်ရောက်ပြီး ၁၉၄၇ ခုနှစ်တွင်

သိမ်ဖြူတိုက်နယ်မှ ပါလီမန် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသောအခါ ပါဝင်ပြီး ဗဟိုကော်မတီတွင်

အဆင့်(၇)ဖြစ်သည်။ အနောက် တိုင်းဌာနခွဲတွင် ဒေါက်တာနတ်၊ မျိုးမြင့်၊ ဖြူဝင်း(ခေါ်) မူကာဂျီ၊ ဆရာရာဂျန်တို့နှင့်အတူ တာဝန်ယူခဲ့ရပြီး

၁၉၅ဝ ပြည့်နှစ်တွင် ပေါ်လစ်ဗျူရိုဖြစ်လာသည်။ ၁၉၅၁ ခုနှစ်၌ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့်

နိုင်ငံရေးမှူးချုပ်ကြီးရာထူး ရရှိခဲ့သည်။

သခင်ချစ်သည် အထူးလျှို့ဝှက်ဆောင်ရွက်ရသော မြေအောက်လုပ်ငန်းများကို ဝါသနာထုံပြီး လုပ်ကြံ သတ်ဖြတ်ရေးအစု (Terrorist Group) တွင်လည်း

ခေါင်းဆောင်ဖြစ်ခဲ့သည်။ မြေအောက်လျှို့ဝှက် စည်းရုံးရေးဌာန၏တာဝန်ခံလည်းဖြစ်သည်။ ရဲဘော် ချစ်ကောင်း၊ လေထီးအုန်းမောင်နှင့် ဆရာရာဂျန်

(ခေါ်)အောင်နိုင်တို့အား တောခိုရန် ညွှန်ကြားသော်လည်း မလိုက်နာသဖြင့် ပါတီဝင်အဖြစ်မှထုတ်ပစ်ရေး ကို သခင်ချစ်ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။ ရဲဘော်

ချစ်ကောင်း (ကာနယ်ချစ်ကောင်း)သည် ညွှန်ကြားချက် အရ တောခိုပြီး သာမန်တပ်သားအဖြစ် တာဝန်ယူ နေစဉ် ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်

တွင် သနက(၆)နှင့်တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရလေ သည်။

သခင်ဇင်နှင့် သခင်ချစ်သည် သခင်သန်းထွန်းနှင့် ပြည်ပပြန်များဦးဆောင်ဆင်နွှဲသော ဖြုတ် ထုတ် သတ် စီမံကိန်းတွင်တက်ကြွစွာပါဝင်ခဲ့သည်။ သခင်သန်းထွန်း

က သခင်ဇင်အား တော်လှန်သော ဒုတိယဥက္ကဋ္ဌကြီး ဟူ၍လည်းကောင်း၊ သခင်ချစ်အား တော်လှန်သော အတွင်းရေးမှူးချုပ်ဟူ၍လည်းကောင်း ချီးကျူး

ထောမနာပြုသည်ကို ခံခဲ့ကြရသည်။ သခင်သန်းထွန်း ကျဆုံးသွားသောအခါတွင်ကား ဗမာပြည်ကွန်မြူနစ် ပါတီ၏ခေါင်းဆောင်မှုသည် သခင်ဇင်နှင့် သခင်ချစ်

တို့၏လက်သို့ အလိုအလျောက်ပင် ရောက်ရှိလာသည်။ အဝေးရောက် ဗဟိုကော်မတီကလည်း သခင်ဇင်နှင့် သခင်ချစ်အား တော်လှန်သောဥက္ကဋ္ဌကြီး နှင့်

တော်လှန် သော အတွင်းရေးမှူးဟူ၍ အသိအမှတ်ပြုကာ အထူး တာဝန်များကို ပေးအပ်ခဲ့သည်။

သခင်ဇင်နှင့်သခင်ချစ်သည် သခင်သန်းထွန်း ကျဆုံးပြီး ဖရိုဖရဲဖြစ်သွားသော ဗဟိုဌာနချုပ်အား အသက်ဆက်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

တစ်ချိန်တည်းတွင် အဝေးရောက်ဗဟိုကော်မတီက လည်း အရှေ့မြောက်ဒေသ ဗကပကို အလုံးအရင်းဖြင့် တိုးချဲ့လှုပ်ရှားပေးခြင်းဖြင့် ပဲခူးရိုးမတွင် စစ်ဆင်ရေး

လုပ်နေသော တပ်မတပ်များ ရုပ်သိမ်းသွားစေရန် ဆောင်ရွက်ပေးခဲ့ကြသည်။ ချုပ်ငြိမ်းပျက်ပြုန်းလုနီးပါး ဖြစ်နေသော ဗဟိုဌာနချုပ်သည် အဝေးရောက်ဗဟို

ကော်မတီနှင့် တစ်ဖက်နိုင်ငံ၏ကယ်တင်ခြင်းကြောင့် အသက်ရှူချောင်ခဲ့ရသည်ဟု ဆိုနိုင်သည်။

သခင်ဇင်နှင့်သခင်ချစ်သည် ပဲခူးရိုးမဒေသတွင် ပြန်လည်၍နာလန်ထူနိုင်ရေးအတွက် တိုက်တိုင်းအောင် တပ်များ ဆက်လက်တည်ဆောက်ဖွဲ့စည်းရေး၊ အောင်

နိုင်တပ်များကို မဒညတပူးတွဲတပ်များအသွင်ဖြင့် ဖွဲ့စည်းလှုပ်ရှားရေး၊ အောင်ဇေယျမြို့သိမ်းတပ်ဖွဲ့စည်း ရေးစီမံကိန်းများကို ရေးဆွဲ

အကောင်အထည်ဖော်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ ကို ကျဆုံးစေခဲ့သောအကြောင်းရင်းတစ်ရပ်ဖြစ်သည့် ဖြုတ် ထုတ် သတ်လမ်းစဉ်

ကိုလည်း လက်မလွှတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ကျင့်သုံးကြလေသည်။

ဆက်လက်ရင်ဆိုင်ရသောအရှုံးများ[ပြင်ဆင်ရန်]

သခင်သန်းထွန်းကျဆုံးပြီးနောက် သခင်ဇင် ခေါင်းဆောင်သော ဗဟိုကော်မတီဌာနချုပ်သည် တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူလူထု၏ဝိုင်းဝန်း ပိတ်ဆို့မှုကို

ရှောင်ကွင်းပြေးလွှားနေရသည်။ သခင်သန်းထွန်းသည် ၁၉၆၈ ခုနှစ် စက်တင်ဘာလ(၂၄)ရက် တွင် ကျဆုံးခြင်းဖြစ်ရာ သခင်သန်းထွန်းမကျဆုံးမီ ရက်ပိုင်းအတွင်း

စက်တင်ဘာလ ၁၉ ရက် စပါးရိုးစခန်း တိုက်ပွဲတွင် ကေဒါ ၁၂ ဦးကျဆုံးခဲ့ရပြီး လက်နက်ပစ္စည်း များစွာဆုံးရှုံးခဲ့သဖြင့် ဗဟိုဌာနချုပ်သည် များစွာ အင်အား

ချည့်နဲ့နေပေသည်။

ထိုသို့အခြေအနေဆိုးနေဆဲမှာပင် ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် ဗဟိုကော်မတီဝင်နှင့် မြစ်ဝကျွန်းပေါ်တိုင်း

ကော်မတီဥက္ကဋ္ဌ ရဲဘော်စိုးသန်းအား ဖြုတ် ထုတ် သတ် လမ်းစဉ်အရ ရက်စက်စွာသတ်ဖြတ်ကြပြန်သည်။ ရဲဘော် စိုးသန်းအား ဟင်္သာတဖုန်းမြင့်က ရင်ဝသို့

ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ဌာနချုပ်ချေမှုန်းရေးအား မရပ်မနားပင် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုရာပေါင်းများစွာ

သည် တပ်မတော်နှင့်အတူပူးပေါင်း၍ ဗကပများအား ဝိုင်းဝန်းပိတ်ဆို့နိုင်ရန် ကြိုးပမ်းနေကြသည်။ ၁၉၆၉ ခုနှစ်၊ ဧပြီလ (၄)ရက်တွင်ကား တပ်မတော်၏

ချေမှုန်း တိုက်ခိုက်ခြင်းကြောင့် ပြည်ပပြန် ရဲဘော်အောင်ကြီး နှင့် ကေဒါ ၃ဝ ကျော်မှာ ငါးပြေမ စားကျက်တော၌ အတုံးအရုံးသေဆုံးကြပြန်လေသည်။

ရဲဘော်အောင် ကြီးသည် ဖြုတ် ထုတ် သတ် လမ်းစဉ်၏ အဓိက ဇာတ်ဆရာတစ်ဦးပင် ဖြစ်သည်။ သခင်သန်းထွန်းအား ပြည်ပလမ်းစဉ် လိုက်နာရေး ကို

ဆောင်ရွက်ခဲ့သူ၊ ပါတီ တွင်းတွင် ပြည်ပလမ်းစဉ် အကြွင်းမဲ့လိုက်နာရေးကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ ရဲဘော်အောင်ကြီးသည် သခင်သန်းထွန်း၏ အဓိက

ညာလက်ရုံးပင်ဖြစ်သည်။

ရဲဘော်စိုးသန်းကို ရင်ဝသို့ ဓားဖြင့်ထိုးသတ်ခဲ့သော ဟင်္သာတဖုန်းမြင့်သည်လည်း ရဲဘော်အောင်ကြီးနှင့် အတူ ငါးပြေမစားကျက်တွင် ရင်ဝ၌ရရှိသောဒဏ်ရာ

ဖြင့်ပင် သေဆုံးခဲ့ရသည်။ ဖြုတ် ထုတ် သတ် ကဗျာ ဆရာ ဝင်းမောင် (တိုင်းကော်မတီ)သည်လည်း ကျဆုံး ခဲ့ရသည်။ ၁၉၆၉ ခု မေလ ၅ ရက်ထုတ် လုပ်သား

ပြည်သူ့နေ့စဉ်သတင်းစာတွင် ဗဟိုကော်မတီဝင် ဟောင်း ရဲဘော်မြက သခင်ဇင်၏ ရှေးဦးနောက်ဆုံး နေ့များအမည်ရှိ ဆောင်းပါးကို ရေးသားခဲ့ရာ

ဗမာပြည်ကွန်မြူနစ်ပါတီတွင်း၌ ဖြုတ် ထုတ် သတ် လမ်းစဉ် ထွန်းကားလာပုံ၊ ဖြုတ် ထုတ် သတ် လမ်းစဉ် အကောင်အထည်ဖော်သောသူများကိုယ်တိုင်ပင်လျှင်

ဖြုတ် ထုတ် သတ်လမ်းစဉ်ဖြင့် ပြန်လည်အသတ်ခံရပုံ၊ တိုက်ပွဲများတွင် ကျဆုံးကြရပုံတို့ကို ဖော်ထုတ်တင်ပြ ခဲ့သည်။ တစ်ဖက်နိုင်ငံတွင်ရောက်ရှိနေသော အဝေး

ရောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင်လည်း ရာခိုင်နှုန်း ၆ဝ သည် အသတ်ဖြတ်ခံရပြီးဖြစ်သည်ဟု ဆိုလေ သည်။

ဗကပ ဗဟိုသည် အခြေအနေဆိုးရွားနေသည့် ကြားမှပင် ဖြုတ် ထုတ် သတ် လမ်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်မြဲဖော်လျက်ပင်ရှိသည်။ ၁၉၄၉ ခုနှစ်

ဧပြီလ (၁၈)ရက်တွင် ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁) တပ်ခွဲမှူးအဖြစ်မှ တောခိုခဲ့သော ဗိုလ်နေဝင်း သည် ၁၉၆၉ ခုနှစ် ဇူလိုင်လ (၂၄)ရက်၌ ဖြုတ် ထုတ်

သတ်လမ်းစဉ်အရ အသတ်ခံရပြန်သည်။ ဗိုလ် နေဝင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်တို့

တွင်ပါဝင်ခဲ့သော အစဉ်အလာရှိသူဖြစ်သည်။ တောခို ပြီးနောက် တော်လှန်သော ဗမာ့တပ်မတော် တပ်မဟာ (၂) တပ်ရင်း (၃)တွင် တပ်ရင်းမှူးဖြစ်လာသည်။

၁၉၅ဝ ပြည့်နှစ် ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးအဖြစ် ခန့်အပ် ခံရပြီး ၁၉၆၃ ခုနှစ်မှစ၍ သရက်ခရိုင် ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ရသည်။ ၁၉၆၆ ခုနှစ်

တွင် ဒုတိယ ပတ် ဗဟိုမာ့က်စ်လီနင်ဝါဒကျောင်းတွင် ဗိုလ်နေဝင်း သည် အထူးတက်ကြွခဲ့ပြီး ရဲဘော်ဘခက်အား ဝေဖန် သူများတွင် ထိပ်ဆုံးမှပါဝင်ခဲ့သည်။

ဗိုလ်နေဝင်းသည် ၁၉၆၇ ခုနှစ် ဩဂုတ်လမှစ၍ သရက်ခရိုင်လက်နက်ကိုင်တပ်ကို ကိုယ်တိုင်ကွပ်ကဲကာ အောင်လံမြို့နယ် (ယခုမြေထဲမြို့နယ်)နှင့် ဆင်ပေါင်ဝဲ

မြို့နယ်ရှိ လှံတင်တလုပ်ပင်ကိုင်း၊ တာလပါး၊ ကုတင် ရင်သာ၊ တပလိုင်း၊ ကရင်မစမ်း စသောကျေးရွာများ တွင် အာဏာနီတည်ဆောက်ခဲ့ရာ အပြစ်မဲ့ရွာသား

များစွာအား အမိန့်ပေး၍ သတ်ဖြတ်စေခဲ့သူဖြစ်သည်။ သို့သော် သရက်ခရိုင်တွင် အဆုံးအရှုံးများပြားလာသောအခါ အဓိကတရားခံမှာ ဗိုလ်နေဝင်းဖြစ်ခဲ့ရသည်။

သရက်ခရိုင်ကော်မတီ ရဲဘော်မြင့်နိုင်၊ ချင်းဦးစီးအဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော်ကျော်လှနှင့် တော်လှန်သော ကေဒါများ၊ တော်လှန်သော အမျိုးသမီးများက

ဗိုလ် နေဝင်းအား ပြန်လည်ပြင်ဆင်ရေးသမား၊ ပါတီ ဆန့်ကျင်ရေးသမား၊ အာဏာသိမ်းရေးကို ဆန့်ကျင်သူ စသည်ဖြင့် ကရင်မစမ်းရွာအနီး ကမြင်းနီစခန်း

တွင် ရက်စက်စွာ သတ်ဖြတ်လိုက်ကြတော့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ မြစ်ဖျားတိုင်း အခြေစိုက်ရာ ကသာခရိုင်တွင်လည်း ပြည်သူတို့သည် တပ်မတော်နှင့်လက်တွဲ၍ ချေမှုန်းတိုက်ခိုက်လျက်ရှိကြ သည်။

အဝေးရောက်ဗမာပြည်ကွန်မြူနစ်ပါတီမှ ၁၉၆၃ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ပြည်တွင်းသို့ ပြန်ရောက်လာသော ပြည်ပပြန် ရဲဘော်မင်းအောင် သည်

တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ပူးပေါင်း စစ်ဆင်ရေးကြောင့် ၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၉) ရက်တွင်ကျဆုံးသွားရပြန်သည်။ ရဲဘော် မင်းအောင်

သည် (၁၉၆၃ ခုနှစ်) ပဏာမငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအနက်မှ နောက်ဆုံးအသက် ဆုံးရှုံးရသောသူဖြစ်ရာ ကျန်ကိုယ်စားလှယ်များဖြစ် သည့်

ဗိုလ်ပု၊ ဗိုလ်စိုးမောင်၊ ရဲဘော်အောင်ကြီး၊ ရဲဘော်ဌေး၊ ဗိုလ်ဇေယျနှင့် ရဲဘော်ခင်ကြီးတို့မှာ အားလုံးပင် သေဆုံးကုန်ကြပြီဖြစ်သည်။ ရဲဘော်သက်တင် တစ်ဦး

သာလျှင် လက်နက်ချခဲ့သောကြောင့် အသက်မသေဘဲ ကျန်ရစ်ခဲ့ရလေသည်။

၁၉၇ဝ ပြည့်နှစ် ဧပြီလနှင့် မေလအတွင်းတွင် ပဲခူးရိုးမတိုင်း ပါတီကလာပ်စည်း အတွင်းရေးမှူး ရဲဘော် တင်စိုး (ခေါ်) မောင်ညိုအား တိုင်းကော်မတီ

ဗိုလ်ဘုန်းကျော်၏ ညွှန်ကြားချက်အရ အထူးမြို့နယ် ကော်မတီ ဗိုလ်ထွန်းလှိုင်က သေဒဏ်အမိန့်ပေးလိုက် ပြန်သည်။ ရဲဘော်တင်စိုးအား ကျော်သိန်း နှင့်

မောင်ငယ်တို့က အလစ်တွင် ဖမ်းဆီးပြီး ရက်စက်စွာ ဓားဖြင့်ထိုးသတ်ခဲ့သည်။ ညောင်လေးပင်မြို့နယ် ကော်မတီ ရဲဘော်မြတ်စံ(ခေါ်)အောင်ဝင်း သည်

လည်း မရှေးမနှောင်းမှာပင် တော်လှန်သော ဗဟိုနှင့် ပဲခူးခရိုင်ကော်မတီ၏ ညွှန်ကြားချက်အရ အသတ်ခံရ ပြန်သည်။ တောင်ငူခရိုင် စစ်ရေးတာဝန်ခံ

ဗိုလ်လေး ထွန်းတင် (ခေါ်) အောင်သန်း တို့လူစုကလည်း ဗဟို၏ ညွှန်ကြားချက်အရ တောင်ငူခရိုင်ကော်မတီ ဗိုလ်မင်းမောင်ကို ဖမ်းဆီး၍

ရိုက်သတ်လိုက်ကြပြန်သည်။ ဤသို့ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အောက်ခြေ ထုကို မြှောက်ပေးခြင်း၊ အကျပ်ကိုင်ခြင်းဖြင့် စစ်ရေး ရှုံးနိမ့်သောဒေသ၊

ခရိုင်နှင့် မြို့နယ်များမှ ခေါင်းဆောင် များအား သတ်ဖြတ်ခဲ့ကြသည်။

၁၉၇ဝ ပြည့်နှစ် မေလ နောက်ဆုံးပတ်တွင် မြစ်ဝကျွန်းပေါ် တိုင်းကော်မတီ ဦးအောင်ခင် (ခေါ်) ဦးထွန်းစိန်သည် ဆေးထိုးမှား၍ သေဆုံးရပြန်သည်။

ဦးအောင်ခင်သည် ၁၉၄၃ ခုနှစ်ကတည်းက ကွန်မြူနစ် ပါတီဝင်ဖြစ်လာသော အစဉ်အလာရှိသူတစ်ဦးဖြစ် သည်။ ထိုအချိန်တွင် ဦးအောင်ခင်နှင့် မယား

ညီအစ်ကို တော်စပ်သူ ပထစဝန်ကြီးဟောင်းဦးဝင်း သည်လည်း ပြည်ပြေးဘဝဖြင့် ဇာတ်သိမ်းသွားခဲ့ရပြီဖြစ်သည်။ ရှမ်း ပြည်နယ်တွင်ရှိသော ဗဟိုခွဲ

၌လည်း သခင်တင်ထွန်း (ခေါ်) လှဖေ (ခေါ်) မောင်မောင်သည် တိုက်ပွဲတွင် ကျဆုံးခဲ့ရပြီးဖြစ်သည်။ ဗိုလ်ပု(ခေါ်)ဦးဘတင့် (ခေါ်) ဦးထွန်းဝေသည်လည်း

၁၉၆၉ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရောဂါပေါင်းစုံဖြင့် သေဆုံးခဲ့ရပြန်သည်။ ရဲဘော်သိန်းလွင်မှာ အောက်တိုဘာလ (၇)ရက်ကတည်းက ရောဂါဖြင့်

သေဆုံးခဲ့သည်။

သို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ပိုင်းတွင် လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက်ကတည်းက စ၍ ပါဝင်လာသော၊ နိုင်ငံရေးအတွေ့အကြုံ

များပြား သော၊ အစဉ်အလာ ကြီးမားသော ခေါင်းဆောင်များမှာ တဖြည်းဖြည်းလျော့ပါးပျက်စီးကုန်ပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ သိသာစွာ

ကျဆင်းလာရသည်။ သို့သော် သခင်ဇင်နှင့် ဗဟိုဌာနချုပ်သည် သခင် သန်းထွန်း၏ လမ်းစဉ်အတိုင်း ခေါင်းဆောင်အိုကြီးများ ကို အားမကိုးပေ။ တစ်ဖက်နိုင်ငံ

ယဉ်ကျေးမှုတော်လှန် ရေး၏ပုံစံအတိုင်းပင် ကွန်မြူနစ်လူငယ်များ၊ တပ်နီ လူငယ်များ၊ အမျိုးသမီးလူငယ်များကိုသာ သွေးထိုး မြှောက်ပင့်၍ပေးသည်။

အစဉ်အလာရှိသူများကို လူငယ် မိုက်ရူးရဲများ၏အင်အားဖြင့် ဖယ်ရှား၍ ဖြုတ် ထုတ် သတ်သည်။

ထိုအချိန်တွင် အရှေ့မြောက်ဒေသ ဗကပကို ဖန်တီး၍ အဝေးရောက်ကွန်မြူနစ်ပါတီက ဗဟိုဌာနချုပ် အား ကယ်တင်ရန်ကြိုးစားလျက်ရှိသည်။ အရှေ့မြောက်

ဒေသ ဗကပများ လျင်မြန်စွာ အင်အားတိုးချဲ့နေစဉ် မှာပင် သခင်ဇင်တို့လူစုသည် အသက်ရှူချောင်လာ သည်ကို အခွင့်ကောင်းယူ၍ ဖြုတ် ထုတ် သတ် လမ်းစဉ်

ကိုသာ အကောင်အထည်ဖော်နေကြတော့သည်။ ပြည်သူလူထုတစ်ရပ်လုံးသည် ညှဉ်းပန်းနှိပ်စက်မှုများ ကို မခံနိုင်တော့သဖြင့် တပ်မတော်နှင့်လက်တွဲနေပြီ

ဖြစ်ကြောင်းကိုကား သခင်ဇင်တို့လူစု သတိမမူမိခဲ့ကြ ပေ။

တိုက်တိုင်းအောင် တပ်များ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ်ပါတီသည် အဝေးရောက် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့် (၆၄) လမ်းစဉ် ကို တိကျစွာ အကောင်အထည်ဖော်နိုင်ရေးအတွက်

မူလရှိပြီးသား ခရိုင်တပ်များ၊ မြို့နယ်တပ်များကို တိုက်တိုင်းအောင်တပ်များအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ သည်။ နိုင်ငံရေးအာဏာကို ပြည်ပပြန်များက တစ်စ

တစ်စသိမ်းယူသွားသည့်နည်းတူ စစ်ရေးနှင့်ပတ်သက်၍လည်း တိုက်တိုင်းအောင်တပ်များကို ပြည်ပပြန်များ ၏ ခေါင်းဆောင်မှုအောက်သို့ သွတ်သွင်းခဲ့ကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် တိုက်တိုင်းအောင်တပ် များကို အောက်ပါအတိုင်းဖွဲ့စည်းလှုပ်ရှားခဲ့လေသည်-

(က) တိုက်တိုင်းအောင်(၁) ။ သာယာဝတီ ခရိုင် အင်အားစုများကိုအခြေခံ၍ ၁၉၆၇ ခုနှစ်၊ ဩဂုတ်လတွင် ဖွဲ့စည်းရန် စတင်ခဲ့ ခြင်းဖြစ်သည်။

အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ်၏ မော်နိုင်စစ်ဆင်ရေးကို တုံ့ပြန်ရန်ရည်ရွယ်ခဲ့သည်။ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် သာယာဝတီခရိုင် တပ်သို့

ရဲဘော် အောင်ကြီး (ပြည်ပပြန်)ဗိုလ်ဘုန်းကျော်၊ ရဲဘော်မျိုးတင့် (ပြည်ပ ပြန်)၊ ရဲဘော် အောင်သိန်းတို့ကို ဗဟို ကိုယ်စားလှယ်အဖွဲ့အဖြစ် စေလွှတ်

လိုက် သည်။ ဗဟိုကိုယ်စားလှယ်အဖွဲ့သည် သာယာဝတီခရိုင် ပါတီကော်မတီ ဗိုလ်စိန်မင်း၊ ဗိုလ်တင်ရှိန် (ပြည်ပပြန်)၊ ဗိုလ်ထွန်းလင်းတို့နှင့်ပူးပေါင်းကာ

တိုက်တိုင်းအောင်စစ်ဆင်ရေးစီမံကိန်း နှင့် တိုက်တိုင်းအောင်စစ်မျက်နှာ ကော်မတီကို ဖွဲ့စည်းခဲ့သည်။ တိုက်တိုင်းအောင်(၁)ကို ၁၉၆၇ ခုနှစ်

စက်တင်ဘာ လ(၁)ရက်တွင် သာယာဝတီခရိုင်တပ်၊ ဗဟိုဌာနချုပ်ကင်းတပ်မှ တပ်စိတ်နှစ်စိတ်၊ နတ္တလင်းမြို့နယ်တပ်နှင့် တောင်ညိုဒေသမှ လက်နက်ကိုင်

တပ်များကို အခြေခံ၍ ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေး၊ စစ်ရေး အာဏာပိုင်မှာ ဗိုလ်ထွန်းငြိမ်း(ပြည်ပပြန်) ဖြစ်ပြီး ထွန်းရှိန်(ခေါ်) ဖေငြိမ်း(ပြည်ပပြန်)က တွဲဖက်ဖြစ်သည်။

သို့သော် တိုက်တိုင်းအောင်(၁)၏သက်တမ်း တစ်နှစ် မပြည့်ခင်မှာပင် ထွန်းငြိမ်းနှင့် ထွန်းရှိန်မှာ ပြန်လည်ပြင်ဆင်ရေးသမားများအဖြစ် ရက်စက်စွာ ဖြုတ် ထုတ်

သတ် ခံလိုက်ကြ ရသည်။ တိုက်တိုင်းအောင်(၁)မှ တောခို တက္ကသိုလ်ကျောင်းသားငါးဦးလည်း အသတ်ခံရသည်။ တပ်မှူး ဗိုလ်တင်ရှိန် (ပြည်ပပြန်)မှာ ဖြုတ်

ထုတ် သတ် ခံရတော့ မည်ကို ကြိုတင်သိရှိသဖြင့် ရှေ့တန်း အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၇၇၂)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့သို့ နတ္တလင်းမြို့နယ်

ပါတီယူနစ်မှတစ်ဆင့် လက်နက်ချအလင်းဝင်ခဲ့သည်။ ဗိုလ်စိန် မင်းသည်လည်း သတ်ဖြတ်ရန် ကြိုးတုပ် မည့်ဆဲဆဲ ထွက်ပြေးလွတ်မြောက်ပြီး

လက်နက်ချလာခဲ့သည်။ ဗိုလ်ထွန်းလင်း မှာမူ အသတ်ခံလိုက်ရသည်။ ထို့နောက် ရဲဘော်စုကို တော်လှန်သော တပ်မှူးအဖြစ် တင်မြှောက်ပြီးမှ ပြန်လည်

ပြင်ဆင်ရေး သမားဟုဆိုကာ ရက်စက်စွာ သတ်ဖြတ် ကြပြန်သည်။ တိုက်တိုင်းအောင်(၁)သည် ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ငရုတ် ကောင်းမြောင်ရှိ

ဗဟိုဌာနချုပ်သို့ ရောက်ရှိ လာပြီး ဗဟိုဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု အောက်သို့ရောက်ရှိသွားသည်။ သခင်ဇင် သည် တိုက်တိုင်းအောင်(၁)ဖြင့်

အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၏ တံခွန် စစ်ဆင်ရေးကို တုံ့ပြန်ရန်ရည်ရွယ်ခဲ့သည်။ သို့သော် တိုက်တိုင်းအောင်(၁)သည် အချင်းချင်း ဖြုတ် ထုတ်

သတ်ကြခြင်း၊ တပ်မတော်၏ ထိုးစစ်များတွင် သေကျေ ဒဏ်ရာရ လက်နက်ချကြခြင်းတို့ကြောင့် အဘက်ဘက်မှ ချည့်နဲ့နေပြီဖြစ်လေသည်။

(ခ) တိုက်တိုင်းအောင်(၂)။ တိုက်တိုင်း အောင်(၂)ကို ပြည်ခရိုင်အင်အားစု များအား အခြေခံ၍ တပ်မတော်၏ ပြည်သာယာစစ်ဆင်ရေးကို တုံ့ပြန်ရန်

ဖွဲ့စည်းခဲ့သည်။ ကြို့ပင်အိုင်၊ သဖန်းချောင်းလမ်းမြောက်ဘက် ပြည်ခရိုင်နယ်မြေတွင်လှုပ်ရှားသည်။ ဗဟိုကင်း တပ်ဖွဲ့၊ တောင်ငူခရိုင် လက်နက်ကိုင်တပ် နှင့်

ပြည်ခရိုင် လက်နက်ကိုင်တပ်တို့မှ အင်အားထုတ်နုတ်ဖွဲ့စည်းပြီး နိုင်ငံရေးမှူး မှာ ဗဟိုဌာနချုပ်မှ ဗိုလ်တင်မောင်(ခေါ်) သိန်းထွန်း (ခေါ်) လှဟန် ဖြစ်သည်။

တိုက်တိုင်းအောင်(၂)တွင် အမျိုးသမီး ၁ဝ ဦးအပါအဝင် အင်အား ၁ဝ၇ ဦးရှိပြီး အသက် (၁၈)နှစ်အောက် ငယ်ရွယ်သူ များပြားသည်။ သို့သော် စစ်ရေးအရ

အထိ နာပြီး ဆုံးရှုံးမှုများလာသောအခါ ၁၉၆၈ ခုနှစ်၊ ဇွန်လ (၃ဝ)ရက်တွင် တပ်စုမှူး မောင်တိုးအား စစ်ပြေးအတွေးအခေါ် သမားဟု စွပ်စွဲကာ တရားခံ

ရှာ၍ သတ် ဖြတ်လိုက်ကြလေသည်။

(ဂ) တိုက်တိုင်းအောင်(၃)။ တိုက်တိုင်း အောင်(၃)ကို ပဲခူးခရိုင်အတွက်ရည်ရွယ်၍ ၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်း ခဲ့သည်။ နိုင်ငံရေးမှူးမှာ

ရဲဘော်သက် (ခေါ်)ဦးမြ ဖြစ်သည်။ တပ်မှူးမှာ ဗိုလ်စောအောင် ဖြစ်သည်။ ပဲခူးခရိုင် အရှေ့ခြမ်းတပ်မှ တပ်စိတ်(၁)စိတ်၊ အနောက်ခြမ်းမှ တပ်စိတ်(၂)စိတ်၊

ဗဟို ကင်းတပ်မှ တပ်စိတ်(၃)စိတ်တို့ကို အခြေခံ၍ ဖွဲ့စည်းခဲ့သည်။ သခင်ဇင်သည် ငါးပြေမ စားကျက်တွင် စစ်ရေးအရဆုံးရှုံး မှုများအား တိုက်တိုင်းအောင်(၃)

ဖြင့် အဖတ်ဆယ်ရန်ကြံစည်ခဲ့သည်။ သို့သော် တပ်မတော်ကိုတိုက်ခိုက်ခြင်းထက် ပဲခူး ခရိုင်အရှေ့ခြမ်းတပ်မှ ဗိုလ်မြတ်ထွဋ်အား လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေး

ကိုသာဦးစား ပေးခဲ့သည်။ ဗိုလ်မြတ်ထွဋ်နှင့် ရဲဘော် မြတ်ကျော်တို့အား သုတ်သင်ပြီးမှ တိုက် တိုင်းအောင်(၃)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တိုက်တိုင်းအောင်(၃)သည်

ဗိုလ်မြတ်ထွဋ် တို့အား ကောက်ကျစ်စွာ လုပ်ကြံခြင်း ကြောင့် မကျေမနပ်ဖြစ်လာသည်။ ဖရိုဖရဲ ဖြစ်လာသည်။

ထိုအခါ သခင်ဇင်က တိုက်တိုင်း အောင်(၃)ကို ဗဟိုသို့ခေါ်ယူ၍ စည်းရုံးရေး အရပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗဟိုကင်း တပ်ကို တပ်စု(၁)စွန်ညိုတပ်ဖွဲ့

တိုက်တိုင်းအောင်(၃)ကို တပ်စု(၂) ခြင်္ဘေ့တပ်ဖွဲ့၊ ဗဟိုရုံးတပ်ဖွဲ့ကို တပ်စု(၃) ဂဠုန်တပ်ဖွဲ့ဟု အမည်ပေးကာ တိုက်တိုင်း အောင်(၃)ကို ဗဟို၏ တိုက်ရိုက်

ကွပ်ကဲမှု အောက်တွင် ထားလိုက်သည်။ ထို့နောက် နိုင်ငံရေးမှူးအဖြစ် ရဲဘော်ညိုအောင် (ခေါ်) ပြည်ပပြန်ဉာဏ်ကျော်၊ ဒုတိယ နိုင်ငံရေးမှူးအဖြစ် ရဲဘော်သက်၊

တပ်မှူး အဖြစ် ဗိုလ်ဘုန်းကျော်၊ ဒုတိယတပ်မှူး အဖြစ် ဗိုလ်စောအောင်တို့ကိုခန့်အပ်လိုက် သည်။ တိုက်တိုင်းအောင်(၃)ကို ဗဟို၏ ပင်မတိုက်ခိုက်ရေးတပ်

အဖြစ်ဖွဲ့စည်းပြီး သောအခါ ၁၉၇၁ ခုနှစ်တွင် တိုက်ကွက်ဖော်လာနိုင်ပြီး လက်နက်အချို့ရရှိလာ သည်။ ဝက်ပက်တိုက်ပွဲ၊ မရမ်းချောင်း တိုက်ပွဲ၊

ဝိုင်းကြီးရွာတိုက်ပွဲများတွင် အောင်မြင်မှုရလာသည်။ ထို့နောက် သခင်ဇင်သည် တိုက်တိုင်းအောင်(၃)အား မြေပြန့်ဒေသရှိ တပ်မတော်စခန်းများ အား

မဖြစ်ဖြစ်သည့်နည်းနှင့်တိုက်ခိုက်ရန် စေခိုင်းခဲ့သည်။ ဒိုက်ဦးမြို့နယ် ဂွေးပင်လူးရွာ၌ တပ်စွဲထားသော ခလရ (၉)မှ တပ်စုတစ်စုကို တိုက်ခိုက်ရာ

အောင်မြင်မှုမရသည့်အပြင် အထိနာခဲ့ ရသည်။ ယင်းတိုက်ပွဲအား မတိုက်သင့် ကြောင်း ဒုတိယတပ်မှူး ဗိုလ်စောအောင် က ဆန္ဒပေးခဲ့သည့်အပြင် တက်ကြွမှုမရှိခဲ့

သောကြောင့် ပြည်ပပြန်ရဲဘော်ညိုအောင် နှင့်ရဲဘော်သက်က ဗိုလ်စောအောင်အား ကွန်မြူနစ်ပါတီထဲ ခိုအောင်းနေတဲ့ ကရင်သစ္စာဖောက် တစ်ဦးဟု

စွပ်စွဲလိုက် ကြသည်။ ထို့နောက် တိုက်တိုင်းအောင် (၁)ကိုတာဝန်ပေး၍ ရက်စက်စွာသတ်ဖြတ် လိုက်ကြလေသည်။

(ဃ) တိုက်တိုင်းအောင်(၄)။ တိုက်တိုင်း အောင် (၄)သည် တောင်ငူခရိုင်တပ်အား ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့သောတပ်ဖြစ် သည်။ ၁၉၇ဝ ပြည့်နှစ်၊

နိုဝင်ဘာလ (၂၇)ရက် တွင် ဗိုလ်ထွန်းတင်ခေါင်းဆောင် သော တောင်ငူခရိုင်တပ်သည် အုတ်တွင်း မြို့နယ်ဘုန်းရွာရှိခလရ(၄၈)စစ်ကြောင်း

အားလာရောက်တိုက်ခိုက်ရာ ဗိုလ်ထွန်းတင် နှင့် အများအပြားသေကျေခဲ့ရသည်။ သခင်ဇင်က ဗိုလ်ထွန်းတင်ကျဆုံးသည့် အတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး

တိုက်တိုင်းအောင်(၄)ကိုဖွဲ့စည်းခဲ့ရာ နိုင်ငံရေးမှူးမှာ ဗိုလ်လွင်ဖြစ်သည်။ ဗိုလ်လွင်သည် စိတ်ဓာတ်ကျဆင်းပြီး ဖရိုဖရဲဖြစ်နေသော တိုက်တိုင်းအောင်(၄) ကို

ခေါင်းဆောင်၍ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဖြူးမြို့နှင့်ဇေယျဝတီ အကြား၌ ခလရ (၅၉)လိုက်ပါလာသော အစောင့်ရထား (အေပီတီ)ကို တိုက်ခိုက်

ခဲ့ ကြရာ ဗိုလ်လွင်တို့လူစု အထိနာပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ကြရ သည်။ ဗိုလ်လွင်သည် ဖရိုဖရဲဖြစ်နေသော တပ်အား လမ်းတွင်ပြန်လည်စုစည်း

နေစဉ် နောက်ကျောမှ ပစ်ခတ်လုပ်ကြံသော ကျည်ဆန်ဖြင့် သေဆုံးခဲ့ရသည်။ ယာယီ တပ်မှူး စောအောင်ရွှေက တိုက်တိုင်း အောင်(၄)ကို ဦးဆောင်နေစဉ်

၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် ခလရ(၃၉) မှ ဝင်ရောက်တိုက်ခိုက်သဖြင့် များစွာ ထိခိုက်ကျဆုံးခဲ့ရပြန်သည်။ သခင်ဇင်သည် အရှုံးပေါ်နေသော

တိုက်တိုင်းအောင်(၄) အတွက် တိုက်တိုင်းအောင်(၁)၏ လင်းယုန်တပ်ဖွဲ့ကို အထူးတာဝန်ပေးအပ် လိုက်သည်။ တိုက်တိုင်းအောင်(၄)၏ နိုင်ငံရေးမှူးနှင့်

တပ်မှူးအဖြစ် လင်းယုန် တပ်ဖွဲ့မှ ရဲဘော်ဉာဏ်ထွေးကို တာဝန် ပေးသည်။ ရဲဘော် ကံရင်နှင့် မခင်ညို (ခေါ်) မစန်းရီ (သခင်ချစ်၏သမီးငယ်) တို့ကိုလည်း

အသေခံတပ်မှူးများအဖြစ် သစ္စာအဓိဌာန်ပြုစေကာ တာဝန်ပေးအပ်ခဲ့ သည်။ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလ(၂ဝ) ရက်တွင် တုံးခမ်းဆားပြင်လမ်း၌ ခလရ (၁ဝ)

နှင့် တိုက်ပွဲဖြစ်ပွားပြန်ရာ ဒုတိယ နိုင်ငံရေးမှူးရဲဘော်ကံရင်ကျဆုံးသွားသည်။ ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက် တွင် အုတ်တွင်းပေါက်ခေါင်းလမ်း

တောက်တဲ့ရွာ၌ ခလရ(၄၈)မှ လမ်း လုံခြုံရေးတပ်စိတ်နှင့်တိုက်ပွဲဖြစ်ပွားပြန် ရာ သခင်ချစ်၏သမီးဖြစ်သူ ဒုတိယ နိုင်ငံရေးမှူးနှင့်ဒုတိယတပ်မှူး မခင်ညို

ကျဆုံးပြန်သည်။ ၁၉၇၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၂ ရက်တွင် ဇေယျဝတီနှင့် လင်းယောခင်ကြား၌ ရှေ့ပြေးရထားကို တိုက်ခိုက်ပြန်ရာ နိုင်ငံရေးမှူးနှင့် တပ်မှူး

ရဲဘော် ဉာဏ်ထွေး ကျဆုံးပြန်သည်။ သို့နှင့် တိုက်တိုင်းအောင်(၄)သည် ပြိုကွဲ ပျက်စီးလာလေသည်။

အောင်နိုင်၊ သို့မဟုတ် မဒညတပူးတွဲတပ်[ပြင်ဆင်ရန်]

သခင်ဇင်နှင့် သခင်ချစ်တို့သည် ပဲခူးရိုးမတွင် အထွေထွေကျဆင်းမှုနှင့် ရင်ဆိုင်နေရသော ဗမာပြည် ကွန်မြူနစ်ပါတီအား နာလန်ထူနိုင်ရေးအတွက် ကြိုးပမ်း

ကြရာတွင် တိုက်တိုင်းအောင်တပ်များဖြင့် ကြိုးစားခဲ့ သည်။ တိုက်တိုင်းအောင်တပ်များကို စိတ်ဓာတ်မြှင့်တင် ပေးပြီး တပ်မတော်စခန်းများ၊ စစ်ကြောင်းများကို

အတင်းအဓမ္မအသေခံတိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်။ ပြောက်ကျားစစ်ကို ရေရှည်ဆင်နွှဲနေခြင်းထက် ရှိသမျှ အင်အားကိုစုစည်း၍ သမားရိုးကျ စစ်ဆန်ဆန်

တိုက် ကွက်များဖော်လာခြင်းဖြစ်သည်။ တပ်မတော်မှ စစ်ဆင်ရေးတပ်များ အရှေ့မြောက်ဒေသသို့ ဖဲ့ထုတ်ပေးရချိန် တွင် တိုက်တိုင်းအောင်တပ်များသည်

တပ်မတော် အင်အားနည်းစခန်းများ၊ စစ်ကြောင်းများကို စုစည်း အင်အားအလုံးအရင်းဖြင့် ဖိတိုက်ကြရာ အောင်မြင်မှု အသင့်အတင့်ရရှိခဲ့သည်။ သခင်ဇင်နှင့်

သခင်ချစ်တို့ သည် ပေါ်ပေါက်လာသော အနိုင်ရမှုအနည်းငယ်ကို လွဲမှားစွာသုံးသပ်ပြီး သမားရိုးကျတိုက်စစ်များကို တိုးချဲ့ ခဲ့ကြသည်။ ထိုအချိန်တွင်

တိုက်တိုင်းအောင်တပ်များမှာ တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများဖြင့် ရင်းနှီးခဲ့ရခြင်း၊ အချင်းချင်းဖြုတ်ထုတ်သတ်ကြခြင်းတို့ ကြောင့် ချည့်နဲ့

လာပြီဖြစ်သည်။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့သည် တိုက်တိုင်းအောင်တပ်များအား အတင်းအဓမ္မပင် အသေခံတိုက်ခိုင်းကြရာ တိုက်တိုင်းအောင်တပ်များ

မှာ ပိုမို၍ အထိနာလာပြီး အရှုံးများလာ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် တိုက်ပွဲဆုံးရှုံး မှုများနှင့်ပတ်သက်၍ နိုင်ငံရေးမှူး၊ တပ်မှူးများအပေါ် ပုံချကာ ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် သုတ်သင်ဖယ်ရှား

ခဲ့သည်။ နိုင်ငံရေးမှူးအသစ်၊ တပ်မှူးအသစ်များကို လည်း ထပ်မံခန့်အပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ကေအင်န်ယူပါတီ၏ အင်အားစုများကို သိမ်းသွင်း၍

မဒညတပူးတွဲလှုပ်ရှားမှုများကို အကောင်အထည်ဖော် ခဲ့ကြသည်။ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ ပတ်တွင် ဒိုက်ဦးမြို့နယ်၊ ပဲခူးချောင်း၏လက်တက်

ဖြစ် သော ထားဝယ်ချောင်းဖျား၌ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကိုယ်စားလှယ်အဖွဲ့နှင့် ကေအင်န်ယူပီ ဗဟို ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံကာ အစည်းအဝေး

တစ်ခု ပြုလုပ်ခဲ့ကြသည်။ ယင်းအစည်းအဝေးကို မဒညတ (ဗဟို) သဘာပတိအဖွဲ့အစည်းအဝေး အဖြစ် သတ်မှတ်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်ခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ကေအင်န်ယူပီ ဗဟိုအဖွဲ့ကိုယ်စားလှယ်အဖွဲ့

(၁) ဥက္ကဋ္ဌ ဗိုလ်ချုပ်စောကော်ထူး

(၂) အတွင်းရေးမှူး ဗိုလ်ချုပ်မြမောင်

(၃) ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဘော်ဒွင်(ခေါ်) လေးတော

(၄) ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်ကိုကြည်

(၅) အရန်ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်ဟန်ကြည်

(ခ) ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကိုယ်စားလှယ် အဖွဲ့

(၁) ဥက္ကဋ္ဌ သခင်ဇင်

(၂) အတွင်းရေးမှူး သခင်ချစ်

(၃) ဗဟိုစခန်းကော်မတီနှင့် ရုံးအုပ် ရဲဘော်ညို(ပြည်ပပြန်)

(၄) ဗဟိုကြိုးမဲ့ကြေးနန်းတာဝန်ခံ ရဲဘော်အေးလွင်(ခေါ်) တင့်ဆွေ

(၅) တပ်နီလူငယ် ဝါဝါ(ခေါ်)မခင်မြိုင်

ဝါဝါ(ခေါ်)မခင်မြိုင်သည် ရှမ်းပြည်အထူးဒေသ တာဝန်ခံနှင့် ဗဟိုခွဲခေါင်းဆောင် သခင်တင်ထွန်း (ခေါ်) ကိုလှဖေ၏သမီးကြီးဖြစ်သည်။ သခင်တင်ထွန်း

ကျဆုံးပြီးနောက် ဝါဝါသည် ဗဟိုဌာနချုပ်သို့ရောက်လာခဲ့သည်။ ဝါဝါသည် အရှေ့မြောက်ဒေသ အခြေအနေကိုသိသူဖြစ်သဖြင့် ကေအင်န်ယူပီခေါင်းဆောင်များ

အား ဝါဒဖြန့်နိုင်ရန် ကိုယ်စားလှယ်အဖြစ် ပါဝင်ရခြင်းဖြစ် လေသည်။ ဗကပနှင့် ကေအင်န်ယူပီ ဗဟိုခေါင်းဆောင် များသည် အစည်းအဝေးတွင်

အောက်ပါတို့ကိုဆွေးနွေး ခဲ့ကြသည် -

(က) ဗကပနှင့် ကေအင်န်ယူပီ ညီညွတ်ရေး။

(ခ) လက်နက်ကိုင် အင်အားစုနှစ်စု၏ ညီညွတ်ရေး။

(ဂ) မဒညတ ဗဟို ပူးတွဲတိုက်ခိုက်ရေးတပ် တည်ဆောက်ရေး။

(ဃ) စစ်အနိုင်တိုက်ရေး၊ အာဏာသိမ်းရေး။

(င) ထိုးစစ်ကို ထိုးစစ်ဖြင့် ချေမှုန်းရေး။

ထိုအစည်းအဝေး၌ မဒညတဗဟိုသဘာပတိအဖွဲ့ သည် ပစ္စည်းမဲ့ပူးတွဲတပ်မတော်တစ်ရပ်ကို ချက်ချင်း ဖွဲ့စည်းရန် ဆုံးဖြတ်ပြီး ပစ္စည်းမဲ့ပူးတွဲတပ်မတော်ကို

လည်း အောင်နိုင်တပ်ဖွဲ့ဟု ကင်ပွန်းတပ်ခဲ့ကြသည်။ အောင်နိုင်တပ်ဖွဲ့ သည် တစ်ပြည်လုံး၏စံပြနှင့် ရှေ့ဆောင်အဖြစ် ကျယ်ပြန့်စွာလှုပ်ရှားရမည်

ဖြစ် သည်။ အင်အားအနေဖြင့် ဗကပတို့ဘက်မှ အမျိုးသမီး တပ်စုတစ်စုအပါအဝင် တပ်စု (၁)၊ (၂)၊ (၃)၊ ကြိုးမဲ့ ကြေးနန်းအဖွဲ့၊ ရုံးအဖွဲ့၊ ဆေးအဖွဲ့တို့ပါဝင်ပြီး

အင်အား ၁၁ဝ ပါဝင်သည်။ ကေအင်န်ယူပီပါတီဘက်မှ တပ်စု (၁)၊ (၂)၊ ကြိုးမဲ့ကြေးနန်းအဖွဲ့၊ ဆေးအဖွဲ့၊ ရုံးအဖွဲ့ တို့ပါဝင်ပြီး အင်အား ၇ဝ ရှိသည်။ အောင်နိုင်တပ်

စစ်ဦးစီးကော်မတီကိုလည်း အောက်ပါအတိုင်း တာဝန်ပေးဖွဲ့စည်းခဲ့သည် -

(က) နိုင်ငံရေးမှူး ရဲဘော်ညိုအောင် (ဗကပ)

(ခ) ဒုတိယနိုင်ငံရေးမှူး ဗိုလ်မှူးဘော်ဒွင် (ကေအင်န်ယူပီဗဟို)

(ဂ) တပ်မှူး ရဲဘော်သက် (ဗကပ/ပဲခူးရိုးမတိုင်း)

(ဃ) ဒုတိယတပ်မှူး ဗိုလ်မှူးကိုကြည် (ကေအင်န်ယူပီဗဟို)

(င) ထောက်ပံ့ရေးမှူး ပြည်ပပြန် ရဲဘော် အောင်သိန်း (ဗကပ)

(စ) ဒုတိယထောက်ပံ့ရေးမှူး ဗိုလ်မှူးဟန်ကြည် (ကေအင်န်ယူ အရန်ဗဟို ကော်မတီဝင်)

အောင်နိုင်တပ်၏ စစ်ဆင်ရေးဒေသအဖြစ် ပဲခူး ရိုးမ တောင်ပေါ် (၁၄) ရွာကို သတ်မှတ်ခဲ့သည်။ အောင်နိုင်တပ်ကို မဒညတ (ဗဟို)သဘာပတိအဖွဲ့ ကိုယ်စား

သခင်ဇင်နှင့်သခင်ချစ်က တိုက်ရိုက်ချုပ်ကိုင် ကွပ်ကဲသည်။ အောင်နိုင်တပ်သည် နှစ်ပါတီ၏ အဓိက တိုက်ခိုက်ရေးတပ်ဖွဲ့ကြီးဖြစ်သဖြင့် ပဲခူးရိုးမ ကေအင်န်ယူ

ပါတီနှင့် ဗကပတို့၏ကော်မတီအဆင့်ဆင့်သည် အောင်နိုင်တပ်ကော်မတီ၏ တိုက်ရိုက်ရှေ့ဆောင်မှု နှင့် ညွှန်ကြားမှုတို့ကို လိုက်နာရသည်။ ဗကပနှင့်

ကေအင်န်ယူပါတီတို့သည် အောင်နိုင်တပ်ကို နှစ်ပါတီ၏ အဓိကတိုက်ခိုက်ရေးတပ်အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ သော်လည်း အနှစ်သာရအားဖြင့်

အောင်နိုင်တပ်သည် တိုက်တိုင်းအောင်တပ်များကို အဖတ်ဆယ်ရန် ကြိုးစား သော ဗကပ၏အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့သာ ဖြစ်လာ ခဲ့ရသည်။ ပါတီဥက္ကဋ္ဌ သည်

အောင်နိုင်တပ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အကြွင်းမဲ့ခေါင်းဆောင်မှု ထူထောင်ရေးအတွက် လျှို့ဝှက်စည်းရုံးခဲ့သည်။ ကေအင်န်ယူပါတီကို

လုံးဝခေါင်းဆောင်နိုင်ရေးနှင့် အောင်နိုင်တပ်ကို အကြွင်းမဲ့ချုပ်ကိုင်နိုင်ရေးအတွက် သခင်ဇင်သည် ရဲဘော်ဉာဏ်ကျော် မှတစ်ဆင့် အောင်နိုင်တပ်ကော်မတီ

သို့ လျှို့ဝှက်ညွှန်ကြားခဲ့သည်။ ဗကပတို့သည် ကေအင်န်ယူပါတီဝင်များအား နည်း အမျိုးမျိုးဖြင့် စည်းရုံးခဲ့ကြသည်။ ကေအင်န်ယူပါတီ တပ်ခွဲ(၂)မှ ဗိုလ်ဝင်းဦး

(ခေါ်) အေးသိန်း (ကေအင်န် ယူပါတီ မြို့နယ်ကော်မတီ)နှင့် ရဲဘော်စိန်ဝင်း တို့ နှစ်ဦး ဗကပတို့ဘက်သို့ပါသွားလေရာ ကေအင်န်ယူ ပါတီဝင်များမှာ

မကျေမနပ်ဖြစ်ခဲ့ကြရသည်။

ကေအင်န်ယူပါတီဝင်များက ဗကပသည် အနိုင်ကျင့်ကြောင်း၊ ပါတီကြီးဝါဒကျင့်သုံးကြောင်းဖြင့် ဝေဖန် ခဲ့ကြသည်။ ဗိုလ်ဝင်းဦးနှင့် ရဲဘော်စိန်ဝင်းကိုလည်း

ကေအင်န်ယူပါတီမှ အပြီးအပိုင်ထုတ်ပယ်ပစ်လိုက်ကြ သည်။ ဗကပက ဗိုလ်ဝင်းဦးတို့နှစ်ဦးအား မိမိတို့တပ်ဖွဲ့ တွင်း၌ တာဝန်ပေးလိုက်ကြသည်။ သို့နှင့် နှစ်ပါတီ

ပူးတွဲ တိုက်ခိုက်ရေးတပ်သည် တိုက်ပွဲတစ်ပွဲမျှ မဆင်နွှဲရသေး မီမှာပင် ပဋိပက္ခများ၊ ပြဿနာများနှင့် ရောပြွမ်းလာရ တော့သည်။

အောင်နိုင်တပ်ဖွဲ့၏ ပထမစီမံကိန်းကာလ အတွင်း၌ ပဲခူးရိုးမ၌ရှိသော ရန်သူ့စစ်စခန်းများကို အပြီးအပိုင် ချေမှုန်းပစ်ရမည်။ ရန်သူတစ်ယောက် မျှ

လွတ်မပြေးစေရဟူ၍ ဗကပ ဗဟိုဌာနချုပ်က အမိန့်ပေးခဲ့ သည်။ အောင်နိုင်တပ်သည် ယင်းအမိန့်ကို အကောင် အထည်ဖော်ရေးအတွက် ၁၉၇၁ ခုနှစ်

ဒီဇင်ဘာလ (၁)ရက်တွင် တောင်ပေါ်(၁၄)ရွာ၏ ပိန်းချောင်း တောင်ဘက်လက်တက် ဇယားချောင်းဖျား ၌ ခလရ (၃၉) စစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်ခဲ့ရာ

ရဲဘော်ပန်းရှိန် (ဝါမီး) ရဲဘော်ဖြိုး (တောခို ကျောင်းသားဟင်နရီထွေး)၊ ရဲဘော်မြဉာဏ် (သာယာဝတီ)၊ ရဲဘော်သန်းမြင့်(သာယာဝတီ)တို့လေးဦး

ကျဆုံးပြီး ခုနစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ အထိနာ ခဲ့ရသည်။ သခင်ဇင်သည် ဇယားချောင်းဖျားတိုက်ပွဲ အရေးနိမ့်မှုနှင့်ပတ်သက်၍

ပါတီကို သွေးနဲ့ တည် ဆောက်ရမည်။ ဇယားချောင်းဖျားတိုက်ပွဲအတိုင်း အသေခံကြရမယ်ဟု ဂုဏ်ပြုပြောကြားခဲ့သည်။

အောင်နိုင်တပ် ဒုတိယစီမံကိန်း၏လမ်းညွှန် ပေါ်လစီမှာ အာဏာဖြူဖြိုချ၊ အာဏာနီ တည်ဆောက်၊ ရန်သူ့တပ်ချေမှုန်းဖြစ်ပြီး တောင်ပေါ်(၁၄)ရွာနှင့်

ပဲခူးချောင်းဖျားဆက်စပ်ဒေသ များ လွတ်မြောက်ရန် အဓိကရည်ရွယ်ခဲ့သည်။ အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်က ပဲခူးရိုးမတွင် စစ်ဆင်ရေးပြုလုပ်

လာသောအခါ အောင်နိုင်တပ်သည် ဒိုက်ဦးမြို့နယ် မြေပြန့်သို့ ရှောင်တိမ်းလာပြီး ၁၉၇၂ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဒိုက်ဦးမြို့နယ် ဘုရား ငုတ်တိုကျေးရွာ

သမဝါယမဆိုင်ကို ဝင်ရောက်လုယက် ကြသည်။ ထို့နောက် ညောင်လေးပင်မြို့နယ်အတွင်းရှိ ပုဂံကွဲ၊ သာယာကုန်း၊ ကဒက်မြောင်ကျေးရွာ

သမဝါယမဆိုင်များ ကိုလည်း ဝင်ရောက်လုယက်ခဲ့ကြ ပြီး စစ်ရေးမဟာအောင်ပွဲကြီးများအဖြစ် သတ်မှတ် ခဲ့ကြလေသည်။

အောင်နိုင်တပ်သည် စစ်ရေးအရ အရှုံးများဖြင့် သာ ရင်ဆိုင်ခဲ့ရပြီး လက်နက်မဲ့သမဝါယမဆိုင်များ၊ ကျေးရွာပြည်သူလူထုများကိုသာ အနိုင်ယူနိုင်ခဲ့သည်။

တပ်မတော်ထိုးစစ်များကို ထိုးစစ်ဖြင့် ချေမှုန်းရေးတွင် ကား လုံးဝအောင်မြင်မှုမရရှိခဲ့ပေ။ ထို့ကြောင့် သခင် ဇင်နှင့်သခင်ချစ်သည် အောင်နိုင်တပ်၏ နိုင်ငံရေးမှူး

နှင့်တပ်မှူးတို့ကို ခေါ်ယူသုံးသပ်စေခဲ့သည်။ အောင်နိုင်တပ်၏နိုင်ငံရေးမှူး ပြည်ပပြန် ရဲဘော်ညိုအောင် (ခေါ်)ဉာဏ်ကျော်ကို ဗဟိုဌာနချုပ်သို့ ပြန်လည်

ခေါ်ယူပြီး ရဲဘော်သက်(ခေါ်)ဦးမြင့်ကို နိုင်ငံရေးမှူး အဖြစ်လည်းကောင်း၊ ပဲခူးရိုးမတိုင်းစစ်ရေးတာဝန်ခံ ဗိုလ်ဘုန်းကျော်အား တပ်မှူးအဖြစ်လည်းကောင်း

တာဝန်ပေးခဲ့သည်။ ရဲဘော်သက်(ခေါ်)ဦးမြင့်သည် မိမိတွင် အတွေးအခေါ်ချွတ်ယွင်းနေကြောင်း၊ စစ်ပြေး အတွေးအခေါ်များလွှမ်းနေကြောင်း စာဖြင့်

ရေးသား၍ ဝန်ခံစိစစ်ခဲ့ရသည်။

အောင်နိုင်တပ်မှာ အရှုံးများနှင့်သာ ဆက်တိုက် ရင်ဆိုင်နေရလေရာ ၁၉၇၂ ခုနှစ် ဇွန်လ ၁၅ ရက်တွင် လည်း ခလရ (၁၃) တပ်ခွဲ(၂)နှင့် တိုက်ပွဲဖြစ်ပွားရာ

ရဲဘော်တင်ဦးနှင့် ရဲဘော်ခင်ညိုတို့သည် နောက် ကျောမှ အချင်းချင်းပစ်ခတ်လုပ်ကြံခြင်းကြောင့် သေဆုံးခဲ့ရပြန်သည်။ အောင်နိုင်တပ်၏အရှုံးများနှင့်

ပတ်သက်၍ သခင်ဇင်နှင့်သခင်ချစ်သည် ရဲဘော်သက်၊ ဗိုလ်ဘုန်းကျော်နှင့် ရဲဘော်အောင်သိန်း(ပြည်ပပြန်) တို့ကို တရားခံများအဖြစ် အပြစ်ပုံချလိုက်သည်။

အောက်ခြေထုကိုမြှောက်ပေး၍ အကျပ်ကိုင်ခဲ့သည်။ ရဲဘော်သက်နှင့် ဗိုလ်ဘုန်းကျော်သည် အောက်ခြေထု၏ အကျပ်ကိုင်မှုကြောင့် အဓိကတာဝန်ရှိကြောင်း

ဝန်ခံ ခဲ့ကြရသည်။ အောင်နိုင်တပ်သည် စတင်ဖွဲ့စည်းပြီး (၇)လအတွင်း၌သာ လက်နက် ၅ဝ လက်ရရှိအောင် တိုက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် အရှုံးပွဲများသာ ဆက်

လာတော့သည်။ ဗဟိုကလည်း ရဲဘော်သက်နှင့် ဗိုလ်ဘုန်းကျော်ကို စစ်ပြေးအတွေးအခေါ်သမားများ အဖြစ် စွဲချက်တင်ရန် လျှို့ဝှက်ပြင်ဆင်လျက်ရှိလေ သည်။

သခင်ဇင်သည် အောင်နိုင်တပ်ပါတီကော်မတီများ ဖြစ်သော ရဲဘော်သက်(ခေါ်) ဦးမြင့်၊ ဗိုလ်ဘုန်း ကျော်နှင့် ရဲဘော်အောင်သိန်း(ပြည်ပပြန်)တို့အား စစ်ပြေး

အတွေးအခေါ်သမားများ၊ ရန်သူကိုအထင်ကြီးသူများ၊ ဆန္ဒစွဲအမြင်၊ စိတ်ဝါဒအမြင်ရှိသူများ၊ ဗဟို ဆန့်ကျင်သူများ၊ အခွင့်ထူးခံသူများ စသည်ဖြင့် စွဲချက်

အမျိုးမျိုးတင်ရန် ပြင်ဆင်တော့သည်။ တစ်ချိန် တည်းမှာပင် အောင်နိုင်တပ်အောက်ခြေရဲဘော်များ အနက်မှ အသက်အရွယ်ငယ်ရွယ်သူများအား

ဗိုလ်မထားဝါဒသမားများ၊ မင်းမဲ့ဝါဒသမားများ၊ တဇောက်ကန်းဝါဒသမားများအဖြစ် မွေးမြူ မြှောက်စား၍ မိုက်ရူးရဲများဖြစ်လာအောင် စည်းရုံးခဲ့ သည်။

အောက်ခြေထုကလုပ်သမျှကို ဂုဏ်ပြု၍ အားပေး ခဲ့သည်။ ရဲဘော်သက်တို့သုံးဦးအား ဖြုတ်ထုတ်သတ် နိုင်ရန် အောင်နိုင်တပ်ဖွဲ့အတွင်း၌ ဂိုဏ်းအုပ်စုများဖွဲ့ပြီး

ကျောရိုးများကိုလည်း ကြိုတင်မွေးမြူထားခဲ့သည်။

အောင်နိုင်တပ်ဖွဲ့အတွင်းတွင် ပဋိပက္ခများ၊ ပြဿနာများ ကြီးထွားလာရာ လူမှုရေးဖောက်ပြန်မှု များလည်း ပေါ်ပေါက်လာသည်။ ရဲဘော်သက်သည်

လက်နက်ချသွားသော ဇနီးသည် ဒေါ်ကြည်အား အကြီးဆုံးရန်သူအဖြစ် ကြေညာ၍ ဒိုက်ဦးမြို့နယ်မှ ရဲဘော်မအေးမြင့်နှင့် ရှုပ်ထွေးငြိစွန်းခဲ့သည်။

မအေးမြင့်သည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက် တွင် ခမရ (၁ဝ၃)နှင့်ဖြစ်ပွားသော ရေအေးမြောင် တိုက်ပွဲ၌ သေတမ်းစာကို ကြိုတင်ရေးသားပြီး

အသေခံ သွားခဲ့သည်။ သေတမ်းစာတွင် ရဲဘော်သက်နှင့်ငြိစွန်း နေသဖြင့် ပါတီတွင်း ပြည့်တန်ဆာဖြစ်ခဲ့ရကြောင်း၊ အမှားများအတွက် သွေးနှင့်ဆေးကြော

သွားကြောင်း ရေးသားထားခဲ့သည်။ ကိုကိုးကျွန်းတွင် ထိန်းသိမ်းထား ရာမှ ပြန်လွတ်လာပြီး တောခိုခဲ့သော မြတ်စံဦး (ခေါ်) မောင်မောင်သည်လည်း

ခလရ(၃၅)နှင့် ကညင်တုံး တွင် တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးခဲ့သည်။ ၁၉၇၃ ခု မတ်လ (၁၄)ရက်တွင်လည်း ဖြူးစုရွာရှိ ခမရ(၁ဝ၆) စစ်ကြောင်းသို့

'ဒုတိယစုမှူးစန်းမောင်၊ ဝင်းညွန့်၊ တင်စိန်၊ မကြည်စိုး၊'မသောင်းရွှေ၊ မခင်ဝင်း၊ မသိန်းငွေ၊ မခင်အုန်းမြင့်၊ မလေးညွန့်တို့သည် အစုလိုက် အပြုံလိုက်

လက်နက်ချ အလင်းဝင်ရောက် ခဲ့ကြသည်။ သို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူ ပါတီတို့၏ ပါတီအဓိကပူးတွဲတိုက်ခိုက်ရေးတပ်ဖြစ်သော

အောင်နိုင်တပ်သည် စစ်ရေးရှုံးနိမ့်လာပြီး သေသူ၊ ဒဏ်ရာရသူ၊ လက်နက်ချသူ၊ အချင်းချင်းသတ်ဖြတ်ခြင်း ခံရသူတို့ တဖြည်းဖြည်းတိုးပွားလျက်ရှိရာမှ ယိုယွင်း

ချည့်နဲ့၍ လာပြန်လေသည်။

အောင်ဇေယျ၊ သို့မဟုတ် မြို့သိမ်းတပ်[ပြင်ဆင်ရန်]

သခင်ဇင်နှင့် သခင်ချစ်တို့သည် အခက်အခဲများ အား ကျော်လွှားနိုင်ရေး၊ မြောက်ပိုင်းနယ်မြေများအား တိုးချဲ့နိုင်ရေးအတွက် ဗဟို၏အဓိကတိုက်ခိုက်ရေးတပ်

ကို အောင်ဇေယျတပ်အမည်ဖြင့် ဖွဲ့စည်းကြပြန်သည်။ စင်စစ် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာသော တိုက်တိုင်းအောင်တပ်များအား အောင်နိုင်တပ်ဖြင့်

ကျားကန်ပေးသကဲ့သို့ အောင်နိုင်တပ်ကျဆင်းလာချိန် တွင် အောင်ဇေယျတပ်ဖြင့် အဖတ်ဆယ်ရန် ကြိုးစား ခြင်းပင်ဖြစ်သည်။ အောင်ဇေယျတပ်ကို

၁၉၇၃ ခုနှစ် မတ်လ (၂၉)ရက်တွင် မြရာပင်ကြော၊ တောင်ပေါ် (၇)ရွာထဲမှ ထန်းလက်ကုန်းရွာအနီး ကွင်းချောင်း စခန်းတွင် ဖွဲ့စည်းခဲ့သည်။

အောင်ဇေယျတပ်ရင်းကို အတွင်းရေးမှူး သခင်ချစ်ကိုယ်တိုင် ဦးစီးကွပ်ကဲဖွဲ့စည်း ပြီး အောက်ပါတပ်များကို အောင်ဇေယျတပ်ရင်းအဖြစ် စုစည်းခြင်းဖြစ်သည် -

(က) အောင်မြေတပ်။ တိုက်တိုင်းအောင် (၁)၊ တိုက်တိုင်းအောင် (၄) နှင့် ကွင်းချောင်း တပ်ဖွဲ့။

(ခ) တိုက်တိုင်းအောင်(၂)။ ပြည်ခရိုင်နှင့် သရက်ဒေသတပ်ဖွဲ့။

(ဂ) စွန်ညိုတပ်ဖွဲ့။ ဗဟိုကင်းတပ်။

အောင်ဇေယျတပ်ရင်းတွင် ပြိုပျက်လုနီးပါးဖြစ်နေ သော တိုက်တိုင်းအောင် (၁)၊ (၂)၊ (၄) တို့ကို စုစည်း ထားပြီး တပ်စု(၇)စုနှင့် အမျိုးသမီးတပ်စုတစ်စုအပါအဝင်

အင်အား ၁၅ဝ ကျော်ရှိသည်။ အဓိကတာဝန် မှာ စစ်ရေးအရ ပထမဆုံး ဇေယျဝတီကို သိမ်းပိုက်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲရန်၊ နိုင်ငံရေးအရ

မြို့နေလူတန်းစားလမ်းစဉ် အကောင်အထည်ဖော်ရန်၊ ကွင်းဒေသ အာဏာဖြူဖြိုချပြီး အာဏာနီတည်ဆောက်ရန်နှင့် တိုးချဲ့ရန်တို့ဖြစ်သည်။ တပ်ရင်းပါတီ

ကော်မတီ မှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ရဲဘော်ညိုအောင် (ခ) ဉာဏ်ကျော် (ပြည်ပ ပြန်) နိုင်ငံရေးမှူး

(ခ) ဗိုလ်တင်မောင် (ခေါ်) ဗိုလ်သိန်းထွန်း၊ တပ်မှူး

(ဂ) ရဲဘော်တင်ထွန်း၊ ဒုတိယနိုင်ငံရေးမှူး

(ဃ) ရဲဘော်မြဟန်၊ ဒုတိယတပ်မှူး

(င) ရဲဘော်မင်းသိန်း (ခ) သန်းမြင့်၊ ကြိုးမဲ့ ကြေးနန်းဆက်သွယ်ရေးတာဝန်ခံ

(စ) ရဲဘော်ကျော်ဝေ (ခ) ဝင်းမောင်၊ ဆက်သွယ်ရေး

၁၉၇၃ ခု မတ်လ (၂၈)ရက်တွင် ဗဟိုဌာနချုပ် သည် ပြည်သူ့တော်လှန်စစ် (၂၅)နှစ်မြောက်နေ့ အခမ်းအနားကိုကျင်းပရာ ကျေးရွာများမှ ပရိသတ် ၅ဝဝ

ကျော် တက်ရောက်ခဲ့ကြသည်။ သခင်ဇင်နှင့် သခင်ချစ်တို့သည် ယင်းအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး ထိုးစစ်ကို ထိုးစစ်ဖြင့်ချေမှုန်း ရေး၊

ပြည်သူ့စစ်များတိုးချဲ့ရေး၊ ပြည်သူ့အာဏာ တည်ဆောက်ရေးတို့ကို လမ်းညွှန်ပေးခဲ့ကြသည်။ ထို့နောက် မော်စီတုံး၏ဩဝါဒဖြစ်သည့်

သန္နိဌာန်ချ၊ အသက်စွန့်ရန် မကြောက်၊ အခက်အခဲ ဖယ်ရှား၊ အောင်ပွဲအရယူဟူသော ဆောင်ပုဒ်အရ အောင်ဇေယျတပ်အတွင်းတွင်

သေအတွေးအခေါ်၊ သေဝါဒ ကို ချမှတ်ပေးပြန်သည်။ သေအတွေးအခေါ်၊ သေဝါဒမှာ အသေခံရန်မြှောက်ပင့် သွေးထိုးပေးခြင်းသာဖြစ်ပြီး

အောင်ဇေယျတပ်မှ တပ်သားအများအပြားပင် သေတမ်းစာများ ကြိုတင်ရေးသားပြီး အကျိုးမဲ့ အသေခံတိုက်ခိုက်ခဲ့ကြရလေသည်။

၁၉၇၃ ခုနှစ် မေလ (၂၃) ရက် ညတွင် အောင်ဇေယျတပ်သည် ဖြူးမြို့နယ် ရှမ်းစုရွာ၌ တပ်စွဲထားသော အမှတ်(၁ဝ၅)ခြေမြန်တပ်ရင်းမှ တပ်ခွဲစခန်းကို

သွားရောက်တိုက်ခိုက်ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးခဲ့ကြ ရသည်။ အောင်ဇေယျတပ်မှာ ဝါးအစည်းပြေသကဲ့သို့

စုစည်းမရအောင်ပင်ဖြစ်သွားရသည်။ ၁၉၇၃ ခု ဇူလိုင် လ (၂၇)ရက်တွင် လက်နက်ခြောက်လက်နှင့်အတူ သုံးယောက် လက်နက်ချပြီး နှစ်ယောက် လက်နက်မဲ့

ထွက်ပြေးသွားသည်။ လင်းယုန်တပ်ဖွဲ့မှ နှစ်ယောက် နှင့် အုတ်တွင်းမြို့နယ် တပ်မှူးစိုးနိုင်လည်း ထွက်ပြေး ပြီး လက်နက်ချသွားသည်။ ဇူလိုင် (၃ဝ)ရက်တွင်

ကွင်းချောင်းတပ်မှ ခုနစ်ယောက် လက်နက်ချသွားပြီး ဩဂုတ် (၃) ရက်တွင် ကွင်းချောင်းတပ်မှ ရဲဘော် ထွန်းကျန် ကျဆုံးပြန်သည်။ ထွက်ခွင့်တင်သူ

များပြား လာပြီး ဩဂုတ်(၁၄)ရက်တွင် လင်းယုန်မှ လေးယောက်၊ ဩဂုတ် (၁၅) ရက်တွင် ရှစ်ယောက် ထွက်ပြေးပြီး လက်နက်ချကြပြန်သည်။

ဩဂုတ် (၁၆) ရက်တိုက်ပွဲ တွင် သုံးယောက်သေဆုံးပြီး လက်နက် ၁ဝ လက် တပ်မတော်က သိမ်းဆည်းရရှိခဲ့သည်။ စက်တင်ဘာလအတွင်းတွင်လည်း

ထွက်ပြေးသူများ၊ တိုက်ပွဲတွင် သေရသူများမှာ မဆုံးနိုင်သေးပေ။ အောက်တိုဘာလတွင်လည်း ၁၇ ဦးတစ်ဖွဲ့၊ ၁၂ ဦး တစ်ဖွဲ့၊ ခုနစ်ဦးတစ်ဖွဲ့ အစုလိုက် အပြုံလိုက်

ထွက်ပြေး ပြီး လက်နက်ချကုန်ကြသည်။ မကြာခဏလည်း တပ်မတော်၏တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးသူဦး ရေတိုးသည်ထက်တိုးနေသည်။

ထွက်ခွင့်တင်သူများ၊ လက်နက်ပြန်အပ်သူများလည်း ပေါ်လာသည်။ သို့နှင့် အောင်ဇေယျ မြို့သိမ်းတပ်သည်လည်း မည်သည့်မြို့ကိုမျှ မသိမ်းပိုက်နိုင်မီမှာပင်

အဘက်ဘက် မှ ယိုယွင်းကျဆင်း၍လာလေသည်။

ဖြုတ်ထုတ်သတ်လမ်းစဉ်ပုံစံသစ်[ပြင်ဆင်ရန်]

သခင်သန်းထွန်းကျဆုံးပြီးနောက် ဥက္ကဋ္ဌသခင်ဇင် နှင့် အတွင်းရေးမှူးသခင်ချစ်တို့သည် ဖြုတ်ထုတ်သတ် လမ်းစဉ်ကို ဆက်လက်ကျင့်သုံးခဲ့ကြသော်လည်း

ရဲဘော် ဌေး၊ ဂိုရှယ်၊ ဗိုလ်ရန်အောင်တို့အား သတ်ဖြတ်စဉ်က ကဲ့သို့ အခမ်းအနားများ ကြီးကျယ်စွာပြင်ဆင်၍ စွဲချက် များအဆင့်ဆင့်တင်ကာ ရေရှည်

ညှဉ်းပန်းသတ်ဖြတ် ခြင်းများကို မပြုလုပ်ကြတော့ပေ။ တပ်မတော်၏စစ်ဆင် ရေးများက ဆက်တိုက်ဆင်နွှဲနေသဖြင့်လည်း ထိုသို့ ပြုလုပ်ရန် အချိန်မရတော့ပေ။

ပါတီတွင်း မကျေနပ် မှုများ ကြီးထွားလာမည်ကိုလည်း စိုးရိမ်နေရသည်။ ထို့ကြောင့် ဖြုတ်ထုတ်သတ်လမ်းစဉ်ကို ပုံစံတစ်မျိုးဖြင့် ကျင့်သုံးလာကြရတော့သည်။

ဖြုတ်ထုတ်သတ်လမ်းစဉ် ပုံစံသစ်မှာ အတိအလင်းစွဲချက်တင်၍ အပုပ်ချပွဲများကို ရှည်ကြာစွာကျင်းပမနေဘဲ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

ပဲခူးရိုးမဒေသ၌ ဗကပဗဟိုဌာနချုပ်၏ တိုက်ရိုက် ညွှန်ကြားချက်အမိန့်အရ အတိအလင်း သတ်ဖြတ် ဖယ်ရှားခံရသူများမှာ (၅ဝ) ဦးခန့်ပင်ရှိခဲ့သည်။ ထို

အရေအတွက်မှာ ပဲခူးရိုးမတွင်သာဖြစ်ပြီး အခြားတိုင်း များ၊ ပြည်နယ်များမပါဝင်ပေ။ လျှို့ဝှက်လုပ်ကြံသတ် ဖြတ်ခံရသူများ စုစုပေါင်းမှာမူ ရာနှင့်ချီ၍ရှိခဲ့သည်။

ဤကား ဗကပပါတီတွင်း သတ်ဖြတ်ခဲ့ကြခြင်းသာဖြစ် သည်။ အာဏာနီတည်ဆောက်ရေးဟုဆိုကာ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခဲ့ခြင်းမှာမူ တစ်ပြည်လုံး

တွင် ရာနှင့်ထောင်နှင့်ချီ၍ရှိခဲ့သည်။ လျှို့ဝှက်လုပ်ကြံ သတ်ဖြတ်ရေးသာမကဘဲ အတင်းအဓမ္မ ဖိအားပေး၍ အကျပ်ကိုင်ပြီး အသေခံခိုင်းသောကြောင့် တိုက်ပွဲများ

တွင် မိမိကိုယ်မိမိ သတ်သေသည့်နှယ် အသေခံသွား ရခြင်းများမှာလည်း ဖြုတ်ထုတ်သတ်ပုံစံသစ်ဟုပင် ဆိုရပေမည်။ ဖြုတ်ထုတ်သတ်ပုံစံသစ်နှင့်ပတ်သက်၍

သွေးကို သွေးဖြင့် သန့်စင်ရေးဟု ကြွေးကြော်ခဲ့ကြ သည်။

ပဲခူးခရိုင်အရှေ့ခြမ်းတပ်မှ အစဉ်အလာရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မြတ်ထွဋ်သည် တိုက်တိုင်းအောင် (၃) ဖွဲ့စည်းရာတွင် ဗဟိုက လိုသလို

ကြိုးဆွဲ၍မရနိုင်သူဖြစ်သဖြင့် ပဲခူးမြို့နယ်အနောက်ခြမ်း ဘောနီချောင်းထဲတွင် ရဲဘော်သောင်းမြင့်က နောက်ကျောမှ ကာဘိုင်သေနတ်ဖြင့် ပစ်ခတ်

လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ဗိုလ်မြတ်ထွဋ်နှင့်အတူ ပါလာသူ ရဲဘော် မြတ်ကျော်ကိုလည်း ရဲဘော်သက်တို့လူစုက ဘောနီချောင်း ထဲမှာပင် ရက်စက်စွာ

လုပ်ကြံသတ်ဖြတ်လိုက် ကြသည်။ ဤကား သခင်ဇင်နှင့် သခင်ချစ်တို့ကိုယ်တိုင် လျှို့ဝှက်စီစဉ်သော ဖြုတ်ထုတ်သတ် ပုံစံသစ်ပင်ဖြစ် သည်။ ဗိုလ်မြတ်ထွဋ်နှင့်

ရဲဘော်မြတ်ကျော်အား ပါတီ ဗဟိုက စစ်ပြေးအတွေးအခေါ်သမားများ၊ ပြန်လည် ပြင်ဆင်ရေးသမားများအဖြစ် ကြိုတင်၍ စွဲချက်တင်ပြီး ဖြစ်လေသည်။

တိုက်တိုင်းအောင် (၃)မှ ဒုတိယတပ်မှူး ဗိုလ်စောအောင် ကိုလည်း ရဲဘော်သက်နှင့် ရဲဘော် ဉာဏ်ကျော်တို့က အလစ်တွင် ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင် ၍

ရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။ ဗိုလ်စောအောင်အား သုတ်သင်ရာတွင် တိုက်တိုင်းအောင်(၃)မှ တပ်သားများ မသိရှိစေရန် တိုက်တိုင်းအောင်(၁)က လျှို့ဝှက်

တာဝန် ယူခဲ့ခြင်းဖြစ်သည်။

တောင်ငူခရိုင်ကော်မတီနှင့် ခရိုင်စစ်ရေးတာဝန်ခံ ဗိုလ်ထွန်းတင်သည်လည်း စစ်ပြေးသမားနှင့် ပြန်လည် ပြင်ဆင်ရေးသမားအဖြစ် စွဲချက်တင် ဖိအားပေးခြင်း

ခံခဲ့ရသောကြောင့် ၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလ (၂၇) ရက် ဘုန်းရွာတိုက်ပွဲတွင် အသေခံတိုက်ခဲ့ရလေသည်။ တိုက်တိုင်းအောင်(၄)၏ နိုင်ငံရေးမှူးသစ်ဖြစ်သော

ဗိုလ်သွင်(ခ)တင့်ဆန်း(ခ)အောင်သိန်းလွင်သည်လည်း ၁၉၇၂ ခု ဩဂုတ်လ (၁)ရက် အစောင့်ရထားတိုက်ပွဲ မှ ဆုတ်ခွာပြီး ပြန်လည်ဖွဲ့စည်းနေစဉ်

နောက်ကျောမှ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ၁၉၇၂ ခု ဇွန်လ (၁၅)ရက်တွင်လည်း အောင်နိုင်တပ်မှ တပ်စု နိုင်ငံရေးမှူးဖြစ်သူ ရဲဘော်တင်ဦးသည်

ကွန်မြူနစ်လူငယ် အမျိုးသမီး မကြည်စိုးနှင့်ငြိစွန်းပြီး ပြင်းထန်စွာရှုတ်ချ ၍ စွဲချက်အတင်ခံခဲ့ရပြီး တိုက်ပွဲတွင် ရဲဘော်မခင်ညို နှင့်အတူ နောက်ကျောမှ

ပစ်သတ်ခြင်းကို ခံခဲ့ရလေ သည်။

ရဲဘော်သက်နှင့်ငြိစွန်းခဲ့သော မအေးမြင့်မှာမူ ၁၉၇၂ ခု ဒီဇင်ဘာလ (၂၃)ရက် ရေအေးမြောင် တိုက်ပွဲတွင် သေတမ်းစာကို ကြိုတင်ရေးသား၍

ကျည်ဆန်လာရာသို့ မျက်နှာမူ မတ်တတ်ရပ်ကာ အသေ ခံခဲ့ရသည်။ ကွန်မြူနစ်လူငယ်ခေါင်းဆောင် ရဲဘော် မောင်သန်းသည်လည်း ၁၉၇၃ ခုနှစ်

ဧပြီလ (၂၆) ရက်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဝိုင်းရွာတပ်စခန်း အား သွားရောက်တိုက်ခိုက်စဉ် နောက်ကျောမှ ပစ်ခတ် ခံရသောကြောင့် သေဆုံး

ခဲ့ရပြန်သည်။ သခင်ဇင်က သေအတွေးအခေါ်ကို ချမှတ်ပေးပြီးသောအခါတွင် ကား ဖြုတ်ထုတ်သတ်ပုံစံသစ်အရ အသေခံကြရသူ များမှာ ပိုမိုများပြား

လာရတော့သည်။ ပါတီဗဟိုသည် အပြစ်ရှိသူများ၊ စွဲချက်အတင်ခံရသူများကို သေအတွေး အခေါ်သွတ်သွင်းပြီး အတင်းအကျပ်ပင် အကျပ်ကိုင် ကြသည်။

သေအတွေးအခေါ်အရ အသေခံကြရမည့် သူများသည် သေတမ်းစာကို ကြိုတင်ရေးသားပြီးနောက် တိုက်ပွဲတွင် ကိုယ့်ကိုယ်ကို သတ်သေသည့်အနေနှင့်

အသက်စွန့်ခဲ့ကြရသည်။

သရက်ခရိုင်တွင် တိုက်တိုင်းအောင်(၅)ဖွဲ့စည်း ရန် ကြိုးစားလျက်ရှိရာ ရဲဘော်မောင်ငွေ၊ မအုံးရီ၊ မနီ၊ ရဲဘော်ကြည်၊ ရဲဘော်ဆလိုင်း အေးမောင်

တို့ သည် သေတမ်းစာများကို ကြိုတင်ရေးသား၍ တိုက်ပွဲ များတွင် ရှေ့ဆုံးတန်းမှ အသေခံခဲ့ကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များသည် တပ်မတော်မှ

ဆင်နွှဲသည့် စစ်ဆင်ရေးများတွင် ကျဆုံးရသည့်အပြင် တရားဝင် ဖြုတ်ထုတ်သတ်ခံရသူများ၊ လျှို့ဝှက်လုပ်ကြံ ခံရသူများ၊ အတင်းအကျပ် အသေခိုင်းသဖြင့်

အသေခံ ကြရသူများ စသည်ဖြင့် ဆုံးရှုံးပျက်စီးကြရသူများ များပြားလာသောကြောင့် စစ်ရေးအရ အရေးနိမ့် လာကြသည်။ ဗဟို၏ ဖြုတ်ထုတ်သတ်ပုံစံကို

မနှစ်သက် ကြခြင်း၊ ၆၄ လမ်းစဉ်ကိုမကျေနပ်ခြင်း၊ အဘက်ဘက်မှ ချွတ်ယွင်းပြီး စိတ်ဓာတ်ကျဆင်းလာခြင်းတို့ကြောင့် လက်နက်ချသူများမှာလည်း

မနည်းလှပေ။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့ကမူ စစ်ရေးရှုံးနိမ့်ရခြင်းကို ပင်လျှင် ယာယီအခက်အခဲများ၊ အောင်ပွဲများအဖြစ် သုံးသပ်၍ လှည့်စားစည်းရုံး

နေကြလေသည်။

တပ်မတော်စစ်ဆင်ရေးများနှင့် ဗကပတို့၏ သုံးသပ်ချက်[ပြင်ဆင်ရန်]

တပ်မတော်သည် ပဲခူးရိုးမဒေသအတွင်း ဗကပတို့ အား ချေမှုန်းနိုင်ရေးအတွက် အောက်ပါစစ်ဆင်ရေး များကို ဆင်နွှဲခဲ့သည် -

(က) ကြံတိုင်းအောင်စစ်ဆင်ရေး

(ခ) မော်နိုင်စစ်ဆင်ရေး (၁၉၆၇ ခုနှစ် ဩဂုတ် လမှ နိုဝင်ဘာလ)

(ဂ) ပြည်သာယာ စစ်ဆင်ရေး (၁၉၆၇ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၈ ခုနှစ် ဩဂုတ်လ)

(ဃ) တေဇစစ်ဆင်ရေး (၁၉၆၈ ခုနှစ် စက်တင် ဘာလမှ ၁၉၆၉ ခုနှစ် မတ်လ)

(င) တံခွန်စစ်ဆင်ရေး (၁၉၆၉ ခုနှစ် မတ်လမှ ဧပြီလ)

(စ) ဇွဲသတ္တိမိုးစစ်ဆင်ရေး (၁၉၆၉ ခုနှစ် မေလမှ စက်တင်ဘာလ)

(ဆ) ဇွဲသတ္တိဆောင်းစစ်ဆင်ရေး (၁၉၆၉ ခုနှစ် စက်တင်ဘာလမှ ၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာ လ)

ထို့နောက် တပ်မတော်သည် အရှေ့မြောက်ဒေသ တွင် ရန်သူအလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်လာ ခြင်းကို စစ်ဆင်ရေးများဖြင့် ကာဆီးနေစဉ်မှာပင် ပဲခူး

ရိုးမတွင်လည်း ဆက်တိုက်ဆိုသလိုပင် ထိုးစစ်များကို ဆက်လက်ဆင်နွှဲခဲ့သည်။ တပ်မတော်၏ ထိုးစစ်များ အပေါ်တွင် ပဲခူးရိုးမဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့်

အနောက်မြောက်တိုင်းဒေသအလိုက် ခွဲခြား၍ သခင်ဇင် နှင့်သခင်ချစ်က အောက်ပါအတိုင်းသုံးသပ်ခဲ့သည်-

ပဲခူးရိုးမ ထိုးစစ်ကို ထိုးစစ်နဲ့ ချေမှုန်းရေး အတွေ့အကြုံများ

(က) ပဲခူးရိုးမစစ်မျက်နှာ

မော်နိုင်ထိုးစစ်

ကာလ - ၆၇ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာ လကုန်အထိ လေးလကြာ

ဒေသ- သာယာဝတီခရိုင်၊ တောင်ညို ဒေသ

ရည်ရွယ်ချက်- ပါတီဗဟိုကို ချေမှုန်းရေး

ပါဝင်တဲ့တပ်များ- တပ်မ(၈၈)ရဲ့တပ်ရင်း (၃) ရင်း၊ လပခ က (၂) ခွဲ၊ မြစ်ဝကျွန်းပေါ်က (၁) ရင်း၊ ပေါင်း (၄) ရင်း၊ (၁) ခွဲ။

ပါတီခေါင်းဆောင်မှု

- တစ်ပြည်လုံးမှာ ရန်သူကို တပ်စိတ် အလိုက် ချေမှုန်းရေးလုပ်ပြီး တပ်စု အလိုက်ချေမှုန်းရေးကို တက်လှမ်းနေ။

- ပါတီတွင်း တော်လှန်ရေး အုံကြွနေ။

စိန်ပိန်ကိုတော့ ချေမှုန်းလိုက်။

- ထိုးစစ်ကိုထိုးစစ်နဲ့ ရိုက်ချိုးရေးစစ်လမ်းညွှန် မှုကိုချမှတ်ပြီး နေဝင်းရဲ့ဖောက်ပြန်တဲ့ ယုတ်မာတဲ့ မော်နိုင်စစ်ဆင်ရေးကို ရိုက်ချိုး ကြလို့

တစ်ပြည်လုံးတောင်းဆို။

- တတအ(၁)ကို ဖွဲ့ပြီး နဘဲကုန်းစိတ်ဓာတ် မွေးဖို့လှုံ့ဆော်ခဲ့၊ ရဲသုံးရဲစိတ်ဓာတ်လှုံ့ဆော်။

- ဒီကာလအတွင်း ချေမှုန်းရေးတိုက်ပွဲများ

၁။ ၆၇ ခုနှစ် ဇန်မှာ တောင်ငူ၊ ရန်ကုန်၊ မန္တလေးလမ်းမကြီးပေါ်မှာ ရန်သူ တပ်စုတစ်စုကိုချေမှုန်းတဲ့ သပြေ တန်း လမ်းခွဲတိုက်ပွဲ။

၂။ ဇူလိုင်လမှာ ပေါက်ခေါင်းအနီး တောင်ငူ၊ ပြည်လမ်းမှာ ရန်သူတစ်စု ကို ချေမှုန်းတဲ့ရွာဘုတိုက်ပွဲ။

၃။ နိုဝင်ဘာလ ၂၁ ရက်မှာ တပ်မ(၈၈) ချင်း (၁)၊ (၂)စိတ်ကို ချေမှုန်းတဲ့ မြို့ကျတိုက်ပွဲ။

ဒီတိုက်ပွဲဟာ ပြည်သူ့တော်လှန်စစ်မှာ အလှည့်အပြောင်းဖြစ်တယ်လို့ ဥက္ကဋ္ဌ ကြီးက ညွှန်ပြ -

- ပြည်သူ့စစ်များ၊ အတက်ကြွဆုံး ပါဝင် တိုက်ခိုက်ကြ။

နိဂုံး

ရဲဘော်သန်းထွန်းရဲ့ ကိုယ်တိုင်ဦးစီးမှု၊ ရန်သူထိုးစစ်ကို မိမိထိုးစစ်နဲ့ ချေမှုန်းရေး လမ်းစဉ်မှန်ကန်မှု၊ တပ်နဲ့ပြည်သူပူးတွဲတိုက် ပွဲဝင်မှု၊

ပြည်သူ့စစ်အကျယ်အပြန့်ဆင်နွှဲမှုတို့ ကြောင့် မော်နိုင်ထိုးစစ်ကို ရိုက်ချိုးနိုင်ခဲ့။

(ခ) ပြည်သာယာထိုးစစ်

ကာလ ၆၇ ခုနှစ် နိုဝင်ဘာလကုန်မှ ၆၈ ခုနှစ် စက်တင်ဘာလအထိ ၁ဝ လကြာ။

ဒေသ သာယာဝတီခရိုင် မြောက်ခြမ်းနဲ့ ပြည်ခရိုင်တောင်ခြမ်း၊ တောင်ညို ရွှေလေးဒေသ။

ရည်ရွယ်ချက် ပါတီဗဟိုချေမှုန်းရေး၊ အုံကြွ လာတဲ့ ဆင်းရဲသောလယ် သမားထုကို နှိပ်ကွပ်ရေး။

ရန်သူတပ် တပ်မ(၇၇)မှ တပ်ရင်း (၅) ရင်း

နောက်ခံကား ပေါက်ခေါင်းမှာ ဆင်းရဲ သားတို့ရဲ့ အာဏာနီ ထူထောင်ရေး အုံကြွမှုကြီး ပေါ်နေချိန်ဖြစ်။

ပါတီခေါင်းဆောင်မှု

- စိန်ပိန်ဂိုဏ်း စစ်ရေးခေါင်းဆောင် ရန်အောင် ကို ချေမှုန်း။

- တတအ(၁)ကို ဒီမိုကရေစီလှုပ်ရှားမှုလုပ်ပြီး တိုင်း တပ်နဲ့ပေါင်းပေးလိုက်တယ်။

- မြစ်ဝက ဆေးကျောင်းသား မာ့ခ်စ်လီနင် ကျောင်းသားများရဲ့ဘဝဟစ်တိုင်လှုပ်ရှားမှု လုပ်။

- တတအ(၁)ကို ထွန်းငြိမ်းက ဖျက်ဆီးပစ်တယ်။

- ရန်သူချေမှုန်းရေးမပါဘဲ တည်ဆောက်ရေး သာ အဓိကလုပ်တယ်။

- တပ်စုစည်းရုံးရေးကို ဆန့်ကျင်ပြီး ဖြန့်ခွဲတယ်။

- ပြည်သူ့စစ်အုတ်မြစ်ချရေး၊ ဒေါက်တိုင်ရှင်း ရေးလို့ ဆိုတယ်။

- ပြည်ခရိုင်တပ်ဟာ ရန်သူကို အထိနာအောင် သုံးကြိမ်တိုက်ပေမယ့် အထီးတည်းတိုက်နေရ။ ထွန်းငြိမ်းရဲ့ ပြည်သူ့စစ်အုတ်မြစ်ချရေး ကြောင့်

ရန်သူချေမှုန်းရေးမရဘဲ ကေဒါတွေ ကျခဲ့ရတယ်။

- ဒီအခြေအနေမှာ ပါတီဗဟိုဟာ ၆၈ ခုနှစ် ဧပြီ လမှာ အတိုက်ခံရတယ်။

- ရဲဘော်ဗိုလ်ဇေယျ၊ ရဲဘော်ရန်အောင် ကျဆုံး ရတယ်။

- အရေးကြီး စာရွက်စာတမ်းနဲ့ ပစ္စည်းလည်း ဆုံးရှုံးရတယ်။

- ရန်သူကို အလေးမထားတာကြောင့် အတိုက်ခံ ရတာဖြစ်။(ထွန်းကြည်သစ္စာဖောက်မှုကြောင့်)

- ဒီကာလအတွင်း ကန ကျောင်း ဖွင့်နိုင် တယ်။

- ပြည်ခရိုင်တပ်ကို ပါတီဗဟိုနဲ့ တောင်ငူက တပ် အချို့ပေါင်းပြီး တတအ(၂)ကိုဖွဲ့စည်းလိုက် တယ်။ ၆၈ ခု ဇွန်မှာ ဖြစ်တယ်။

- တောင်ငူခရိုင်တပ်ဟာ ပါတီဗဟိုရဲ့ရှေ့ဆောင် မှုနဲ့ ခလရ(၆)တစ်စိတ်ပါတဲ့တပ်ကို ၆၈ ခုနှစ် ဇွန်လမှာ ချေမှုန်းလိုက်တယ်။

- ထွန်းငြိမ်းဟာ မြစ်ဝကျွန်းပေါ်ရဲ့တပ်ဖွဲ့ကို စည်းရုံးပြီး ပါတီဗဟိုအာဏာသိမ်းဖို့လုပ်လာ တဲ့အတွက် ထွန်းငြိမ်းနဲ့ဂိုဏ်းသားတွေကို ချေမှုန်းလိုက်တယ်။

၆၈ ခုနှစ် စက်တင်ဘာလ မှာဖြစ်တယ်။

နိဂုံးချုပ်

- ပြည်သာယာထိုးစစ်မှာ တတအ(၁) (၂) များ ဟာ ရန်သူချေမှုန်းဖို့ သူမတူအောင် အဆင်းရဲ အပင်ပန်းခံလုံးပန်းပေမယ့် ထွန်းငြိမ်းရဲ့ရန်သူ မချေမှုန်းရေး

စစ်ပြေးအတွေးအခေါ်ကြောင့် ရန်သူချေမှုန်းရေးတစ်ပွဲမှမရ။ တပ်တွေရဲ့ ခေါင်းဆောင်မှုအတွင်း ထွန်းငြိမ်းဝါဒဟာ နက်နက်ရှိုင်းရှိုင်း လှိုက်စားနေတယ်။

(ဂ) တေဇထိုးစစ်

ကာလ ၆၈ ခု စက်တင်ဘာလမှ ၆၉ ခု မတ်လအထိ (၇)လကြာတယ်။

ဒေသ အုတ်တွင်းမြို့နယ် စင်းချောင်း ဝှမ်း။

ရည်ရွယ်ချက် ပါတီဗဟိုကို ချေမှုန်းဖို့ဖြစ် တယ်။

ရန်သူတပ် တပ်မ(၇၇)နဲ့ (၈၈)တပ်များ ဖြစ်တယ်။

နောက်ခံကား

- ဒီထိုးစစ်ဟာ ပါတီဗဟိုရောက်ဖူးတဲ့အောင်စိန် ရဲ့ သစ္စာဖောက်မှုကြောင့် ပြုလုပ်လာတာဖြစ်။ သူ့ရဲ့သစ္စာဖောက်မှုကြောင့် ၆၈ ခုနှစ် စက်တင်ဘာလ

၁၉ ရက်နေ့မှာ ဒုတိယ အကြိမ် အတိုက်ခံရပြန်တယ်။

- အတွင်းရန် ထွန်းငြိမ်းကို အပြင်းအထန် တိုက်ပွဲဆင်ပြီးစ အချိန်ဖြစ်။ အတွင်းရန်ကို အလေးထားတိုက်ပွဲဆင်စဉ် အပြင်ရန်ကို အာရုံစိုက် ပေါ့လျော့နေစဉ်

ခံရတာဖြစ်။

- ဒီတိုက်ပွဲမှာ မာ့ခ်စ်လီနင်ကျောင်းသားနဲ့ မြစ်ဝကျွန်းပေါ် တည်ဆောက်ရေး ကျောင်း သားထဲမှ ရဲဘော် ၁၂ ယောက် ကွဲထွက်သွား တယ်။ ဒါ့အပြင်

အရေးကြီးတဲ့ စာရွက်စာတမ်း များ၊ ကနပစ္စည်း များ၊ ရွှေ၊ ငွေအမြောက် အမြား ဆုံးရှုံးရပြန်တယ်။

- စက်တင်ဘာလ ၂၄ ရက်နေ့ကျတော့ ထွန်းငြိမ်း ကျောရိုးငမြကြီးရဲ့လုပ်ကြံမှုကြောင့် ဥက္ကဋ္ဌကြီးကျဆုံးခဲ့ရတယ်။

- ဒီကာလအတွင်းမှာ ပါတီဗဟိုဟာ အတွင်း အပြင်ရန်သူနှစ်ဦးကြားမှာ အလူးအလဲခံနေ ရတယ်။ ရိက္ခာအကျပ်အတည်းကလည်း အလွန်ကြီးတယ်။

ရောဂါအန္တရာယ်ကလည်း တစ်ဖက်က ခြိမ်းခြောက်ခံနေရတယ်။

- ဆေးကျောင်းဟာလည်း ရန်သူရဲ့ချေမှုန်းတာ ခံလိုက်ရတယ်။ ရန်သူနဲ့ ရှေ့မှာရင်ဆိုင်နေ၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေက နောက် ကျော

ဓားနဲ့ထိုးတာခံရတဲ့အတွက် ရဲဘော် ၂ဝ ကျော်ကျဆုံး၊ လက်နက်များဆုံးရှုံးရပြန်တယ်။

- ဘယ်လိုပင်ဖြစ်စေ လူထု၊ အထူးသဖြင့် တောင်ပေါ်ကရင် ဗမာလူထုရဲ့ အကူအညီနဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှား နိုင်ခဲ့တယ်။

တေဇထိုးစစ်ဟာလည်း မအောင် မြင်ဘဲ ရုပ်သိမ်းသွားရတယ်။

သခင်ဇင်နှင့် သခင်ချစ်တို့သည် တပ်မတော်၊ စစ်ဆင်ရေးများကြောင့် ကြုံတွေ့ရသော အရှုံးများကို တတ်နိုင်သမျှ ဖုံးကွယ်ပြီး အနိုင်များကိုသာ ရွေးနုတ်၍

သုံးသပ်ခဲ့ကြသည်။ ဖုံးဖိ၍မရသော အရှုံးများအတွက် မူကား နိုင်ငံရေးစစ်ရေးခေါင်းဆောင်များအား စစ်ပြေး သမား၊ ပြန်လည်ပြင်ဆင်ရေးသမားဟုဆိုကာ

အပြစ် ပုံချခဲ့သည်။ အမှတ်(၇၇)နှင့် အမှတ်(၈၈) ခြေမြန်တပ်မ များ၏ ၁၉၆၉ ခုနှစ်၊ မတ်လမှ မေလအထိ သုံးလကြာ ဆင်နွှဲခဲ့သော တံခွန်စစ်ဆင်ရေး

ကိုလည်း ဤအတိုင်း သုံးသပ်ခဲ့သည်။ ငါးပြေမစားကျက်တွင် ရဲဘော် အောင်ကြီးနှင့် အများအပြားကျဆုံးရခြင်းကို လက်နက် ချသွားသော သစ္စာဖောက်များ

ကြောင့်ဟု သုံးသပ်ကြ သည်။ အမှတ်(၈၈)ခြေမြန်တပ်မက ၁၉၆၉ ခုနှစ်၊ မေလမှ စက်တင်ဘာလအထိ ငါးလကြာဆင်နွှဲသော ဇွဲသတ္တိစစ်ဆင်ရေး

တွင်လည်း ပါတီဗဟိုသည် ရှောင် တိမ်းပြေးလွှားနေခဲ့ရရာ သခင်ဇင်ကမူ အောင်ပွဲဟုသာ သတ်မှတ်သည်။ အမှတ်(၉၉)ခြေမြန်တပ်မ၏

ဇွဲသတ္တိ စစ်ဆင်ရေးကိုလည်း ရိုက်ချိုးလိုက်နိုင်သည်ဟု တော်လှန်ရေးအကောင်းမြင်ဝါဒဖြင့် သုံးသပ်ခဲ့သည်။ လက်တွေ့တွင်မူ ကျဆုံးသူ၊

ဒဏ်ရာရသူ၊ လက်နက်ချ သူများပေါ်ပေါက်လာပြီး လက်နက်များလည်း ဆုံးရှုံး ခဲ့ရလေသည်။

သခင်ဇင်နှင့် သခင်ချစ်တို့သည် အမှတ်(၉၉) ခြေမြန်တပ်မ၏ ဇွဲသတ္တိစစ်ဆင်ရေးကို ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ပထမကာလ၊

၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇ဝ ပြည့်နှစ်၊ ဇွန်လ အထိ ဒုတိယကာလ၊ ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လမှ ဒီဇင် ဘာလအထိ တတိယကာလဟူ၍ ကာလသုံးရပ်ခွဲပြီး

သုံးသပ်ခဲ့ကြသည်။ ပထမကာလတွင် ဗကပတို့က လက်ဦးမှုရသည်ဟု သုံးသပ်သည်။ သို့သော် ထိခိုက် ကျဆုံးမှုများကိုလည်း ဖုံးကွယ်မထားနိုင်ပေ။ ဒုတိယ

ကာလတွင် တပ်မတော်၏ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားလာမှုကို အခွင့်ကောင်းယူ၍ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ခမရ(၁ဝ၉)မှ ရိက္ခာပို့

တပ်စိတ်နှစ်စိတ်ကိုဖြတ်တိုက်ခဲ့သည်။ ဒီဇင်ဘာလ ၂ဝ ရက်တွင် ဂုံညင်းတန်း၌ ခမရ(၁ဝ၃)မှ ရိက္ခာပို့တပ်စိတ် နှစ်စိတ်ကိုချုံခိုတိုက်ပြန်သည်။

၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင်လည်း တိုက်ပွဲဖြစ်ရာ ခလရ(၁ဝ)မှ အရာရှိတစ်ဦးကျဆုံးပြီး စစ်သည်နှစ်ဦးဒဏ်ရာရရှိသွား ခဲ့ရရှိသွားခဲ့သည်။

၁၉၇ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ခလရ(၁ဝ)မှ တပ်စုတစ်စုကိုတိုက်ခိုက်ပြီး ထိုလမှာပင် ခလရ(၃)မှ တပ်စုစစ်ကြောင်းကို တိုက်ခိုက် ခဲ့သည်။

၁၉၇ဝ ပြည့်နှစ် ဧပြီလ ၂၆ ရက်တွင် ခလရ (၁၂)မှ တပ်စုတစ်စုကိုတိုက်ပြီး မေလ ၃ ရက်တွင် ခလရ(၁ဝ)မှ တပ်စုတစ်စုကို တိုက်ခဲ့သည်။

ဇွန်လ ၂၇ ရက်တွင် ကျောက်ဖျာတောင်ကြောပေါ်ရောက်နေ သော ခလရ(၁၃)မှ တပ်ခွဲတစ်ခွဲကို တိုက်ခဲ့သည်။ ထိုတိုက်ပွဲများကို ဗကပတို့က

ချေမှုန်းရေးစစ်ဟု သတ်မှတ်သည်။

ပြောက်ကျားလှုပ်ရှားမှုများအနေနှင့် ချောင်းပစ် ခြင်း၊ မီးရထားလမ်းကို ဖျက်ဆီးခြင်းများလည်း လုပ်ခဲ့ သည်။ ရန်သူ (၁၅ဝ) ကျော် (တပ်မတော်)ကို ချေမှုန်း

နိုင်ခဲ့သည်ဟု သုံးသပ်သည်။ သို့သော် မရန်းချောင်းစု တိုက်ပွဲမှလွဲ၍ ကျန်တိုက်ပွဲများတွင် လုံးဝဥဿုံချေမှုန်း ရှင်းလင်းနိုင်မှုမရှိခြင်းကိုလည်း ဖုံးကွယ်

၍မရပေ။ တိုက်ပွဲများတွင် လက်လှမ်းမီရုံသာ သိမ်းဆည်းနိုင်ခဲ့ခြင်း ကို ချေမှုန်းသည်ဟု သတ်မှတ်သော်လည်း အဆုံးစွန် အကြွင်းမဲ့မချေမှုန်းနိုင်ခြင်းကိုကား

တိုက်ပွဲခေါင်းဆောင် သူများ၏ အတွေးအခေါ်အားနည်းခြင်းကြောင့်ဟု အပြစ်ပုံချခဲ့ကြသည်။

တတိယကာလတွင် တပ်မတော်စစ်ကြောင်းများသည် နယ်မြေဒေသစိုးမိုးရေးကို အဓိကထားဆောင်ရွက်ပြီးလုပ်သားပြည်သူများ၏ သတင်းပေးချက်များအရ

ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်လာသည်။ ပြည်သူလူထုနှင့် တပ်မတော်ပူးပေါင်း၍ ကွက်ပြည့်နင်းစစ်ဆင်ရေးများ ကိုလည်း သုံးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည်။

ဗကပဗဟို သည် ရှောင်ကွင်းပြီးနောက် မြေပြန့်ရွာများသို့ဆင်း၍ အာဏာနီတည်ဆောက်ခြင်းဖြင့် စစ်ဆင်ရေးမြားဦး ကို လှည့်ပစ်ရန် ကြိုးစားခဲ့သည်။

၁၉၇ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ရဲဘော်မြခေါင်းဆောင်သော အင်အားလေးယောက် ကင်းပုန်းဖြင့်တိုး၍သေဆုံးခဲ့ ရသည်။ ဤသို့ဖြစ်ရခြင်းမှာ

ကွင်း(မြေပြန့်)တွင် ရန်သူ ချေမှုန်းရေးမလုပ်ရဲသည့် စောအောင်ကြောင့်ဖြစ်သည် ဟု ဗကပဗဟိုက သုံးသပ်သည်။

အမှတ်(၉၉)ခြေမြန်တပ်မမှ တပ်ရင်းသုံးရင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းနှစ်ရင်းနှင့် ပြည်သူ့ရဲများသည် ပြည်သူလူထု ၁ဝဝဝ ကျော်နှင့်အတူ

၁၉၇ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၂၈ ရက်ထိ တောင်ပေါ်ဒေသတွင် ကွက်ပြည့်နင်း၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသည်။ သို့သော်ဗကပဗဟိုသည်

လွတ်အောင် တိမ်းရှောင်နိုင်ခဲ့သည်။ အမှတ်(၉၉)ခြေမြန် တပ်မ ဌာနချုပ်၏ဇွဲသတ္တိစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်း ၅ဝ ကျော်ဖြစ်ပွားခဲ့ရာ တပ်မတော်သား

၂ဝဝ ကျော်ကို ချေမှုန်းနိုင်ပြီး လက်နက် ၁ဝဝ ကျော်သိမ်းဆည်းရမိခဲ့ သည်ဟုဆိုသည်။

ပဲခူးရိုးမတွင်ဆင်နွှဲလာသော တပ်မတော်၏ထိုးစစ် များကို ဗကပတို့ကချေမှုန်းစစ်ဖြင့် ရိုက်ချိုးလိုက်နိုင် သည်ဟုသုံးသပ်ခဲ့သည်။ တပ်မတော်၏ထိခိုက်ကျဆုံးမှု

နှင့် ရရှိသောလက်နက်များကိုသာကြည့်ပြီး သုံးသပ်ခဲ့ ခြင်းကြောင့်ဖြစ်သော်လည်း မိမိ၏ထိခိုက်ကျဆုံးမှုများ ကိုမူ ဗကပများသည် ထည့်မစဉ်းစားခဲ့ကြပေ။

မြစ်ဝကျွန်းပေါ်စစ်မျက်နှာတွင်လည်း တပ်မတော်က ထိုးစစ်များအဆက်မပြတ်ဆင်နွှဲနေစဉ် အောက်ပါ ချေမှုန်းရေးတိုက်ပွဲများကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်-

(၁) ၆၉-ခုနှစ်၊ မတ်လက အိမ်မဲ-ကျောင်းကုန်း လမ်းမှာတပ်မ(၈၈)က ခလရ(၁၁)တပ်စု တစ်စုကို ချေမှုန်းခဲ့သည်။

(၂) မေလ ၁ ရက်မှာလည်း တပ်မ(၈၈) စစ်ကြောင်းတစ်ကြောင်းမှ တပ်စုတစ်စုကို ချေမှုန်းခဲ့။

(၃) မေလ ၁၆ ရက်နေ့က ကျောင်းကုန်းအလယ် ရွာမှာ ခလရ (၁)က တပ်ခွဲတစ်ခွဲလုံးချေမှုန်း ခဲ့။

(၄) ဒါတွေသာမက ရိက္ခာပို့ကားကို ချေမှုန်းတဲ့ ပုသိမ်ခရိုင်ရှောပြာတိုက်ပွဲ၊ ချင်း(၂)ကို ချေမှုန်းတဲ့ပုသိမ်နွယ်ပတ်၊ သလပ်ခွာချောင်း တိုက်ပွဲ၊

မအူပင်ရေလယ်သောင်တိုက်ပွဲများ လည်း တိုက်ခိုက်ခဲ့သည်။

(၅) ဂွမြို့၊ ဒေးဒရဲမြို့၊ မြို့သိမ်းတိုက်ပွဲ၊ ငရုတ်ကောင်း ရန်သူ့စခန်းချေမှုန်းရေးတိုက်ပွဲ၊ ဖျာပုံ၊ မြောင်းမြ၊ ဝါးခယ်မ၊ ကျုံမငေးမြို့တွင်း တိုက်ပွဲများလည်း

အောင်မြင်စွာဆင်နွှဲနိုင်ခဲ့။ (တပ်မ(၈၈) ပဲခူးရိုးမရွှေ့ပြောင်းလာစဉ် တပ်မှူးများက မြစ်ဝကျွန်းပေါ်ထိုးစစ် မအောင်မြင်ခဲ့တဲ့အကြောင်း မိမိတို့သာ

အထိနာခဲ့ကြောင်း ဝန်ခံပြောဆိုတဲ့အထိ ဖြစ်တယ်။ ၁၉၇ဝ ပြည့်နှစ်အတွင်း ရန်သူ ၁ဝဝ ကျော် ချေမှုန်းနိုင်ခဲ့တယ်။)

ဗကပ ဗဟိုသည် မြစ်ဝကျွန်းပေါ်တွင် ချေမှုန်းရေး တိုက်ပွဲများဆင်နွှဲနိုင်သည်ဟု အထင်ရောက်ခဲ့သော် လည်း စင်စစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မဒညတ

နှင့် မဟာမိတ်ကေအင်န်ယူပါတီမှာ လုံးဝနီးပါးချေမှုန်း ခံနေရပြီး ဗကပအင်အားစုများမှာ အနောက်ဘက်ရခိုင်ရိုးမတောင်စွယ်သို့ကပ်၍ ပြောင်းရွှေ့ခိုအောင်း

နေကြရ ပြီဖြစ်သည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ လက်နက်ချသူများ လည်း အတောမသတ်နိုင်အောင် များပြားခဲ့သည်။ မြို့နယ်များ၊ ခရိုင်များကိုလည်း စွန့်လွှတ်

ခဲ့ရသည်။ ထိုအချက်ကို မဖုံးကွယ်နိုင်သဖြင့် ဗကပတို့သည် ရန်သူချေမှုန်းရေးတိုက်ပွဲများရပေမယ့်၊ ရန်သူ့ ထိုးစစ်ကို မရိုက်ချိုးနိုင်ဟု သုံးသပ်ခဲ့ရသည်။

ထိုသို့ ဖြစ်ရခြင်းကိုလည်း ထုံးစံအတိုင်း မြစ်ဝကျွန်းပေါ် ခေါင်းဆောင်ပိုင်း၏ စစ်ပြေးအတွေးအခေါ်ကြောင့်ဟု လွယ်လွယ်နှင့် အပြစ်ပုံချခဲ့သည်။ လက်ရှိမြစ်ဝ

ကျွန်းပေါ်တိုင်းခေါင်းဆောင်များသည် စိုးသန်းဝါဒကို ကုန်စင်အောင် မတိုက်နိုင်သေးသောကြောင့်ဟု အဖြေ ရှာခဲ့သည်။

အနောက်မြောက်ဒေသနှင့် အနောက်မြောက်တိုင်း စစ်မျက်နှာကို သုံးသပ်ရာတွင်လည်း မိမိဆုံးရှုံးမှုများကို တတ်နိုင်သမျှဖုံးကွယ်ပြီး အောင်ပွဲရရှိမှုများကို

သာ အမွှမ်းတင်ခဲ့သည်။ ဂဠုန်စစ်ဆင်ရေးကာလ အတွင်း ဗိုလ်သက်ထွန်းက ထိုးစစ်ကိုရှောင်ကွင်း၍၁၉၆၇ ခုနှစ်၊ မတ်လ ၆ ရက်တွင် အမ်းမြို့ကို စီးနင်း

တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံနှင့်ငွေနှစ်သိန်းကျော်ရရှိ ခဲ့သည်။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့က ဗိုလ်သက်ထွန်းအား မချီးမွမ်းဘဲ စစ်ပြေးအတွေး

အခေါ် သမားဟုဆိုကာ အရေးယူရန် စီစဉ်ခဲ့ကြသည်။ ဗိုလ်သက်ထွန်းသည် ဗဟို၏ အာဏာစက်နှင့် ကင်းလွတ်နေပြီး စစ်ရေးအောင်မြင်မှုရရှိရန်ကိုသာ

ကြိုးစားခဲ့သူ ဖြစ်သည်။

သခင်ဇင်နှင့် သခင်ချစ်တို့၏သုံးသပ်ချက်များမှာ မိမိတို့၏ဆုံးရှုံးမှုများကို တတ်နိုင်သမျှ ဖုံးကွယ်ထားပြီး မဖုံးကွယ်နိုင်သောဆုံးရှုံးမှုများအတွက်လည်း

သက်ဆိုင် ရာခေါင်းဆောင်များကိုသာ အပြစ်ပုံချခဲ့ကြသည်။ ထို့နောက်တာဝန်ရှိသူများကို ဖြုတ်ထုတ်သတ်ရန်သာ ဆက်လက် ပြင်ဆင်နေကြပြန်သည်။

ဖြုတ်ထုတ်သတ်လမ်းစဉ်ဆက်လက်ကျင့်သုံးခြင်း[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြု၍ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် အတန်ကြာအဆက်အသွယ်ပြတ်နေခဲ့ရသော

အဝေးရောက်ဗဟိုကော်မတီနှင့် အဆက်အသွယ်ပြန်ရ ခဲ့ကြောင်း၊ ပြည်ပပြန်များက ဗဟိုကိုလွှမ်းမိုးလာ ကြောင်း ပြည်ပမှချမှတ်ပေးသော လမ်းစဉ်များကို

အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း၊ ပြည်ပ လမ်းစဉ်ကို အကြွင်းမဲ့နာခံရန် ငြင်းဆန်ကြသော အစဉ်အလာရှိသည့် ခေါင်းဆောင်များအား ဖြုတ်ထုတ်

သတ်လမ်းစဉ်ခေါ် လူသတ်ဝါဒဖြင့် ဖယ်ရှားကြကြောင်း ကို ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃)တွင် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖော်ပြခဲ့ပြီးပေပြီ။

ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်ဖက်နိုင်ငံကွန်မြူနစ်ပါတီ က ဆင်နွှဲသော ယဉ်ကျေးမှုတော်လှန်ရေး၏ ဂယက် ရိုက်ခတ်မှုကြောင့် အပုပ်ချပွဲများ၊

စွဲချက်တင်ပွဲများကို ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ ထို အတောအတွင်း အစဉ်အလာရှိသော အောက်ပါ ခေါင်းဆောင်များသည်

ဖြုတ်ထုတ်သတ်လမ်းစဉ်အရ ၅၅ လမ်းစဉ်သမားများ၊ ပြန်လည်ပြင်ဆင်ရေးသမား များ၊ ဗဟိုဆန့်ကျင်သူများ၊ ပြည်ပပြန်ဆန့်ကျင်သူ များ

စသောစွဲချက်အမျိုးမျိုးဖြင့် ရက်စက်စွာသတ်ဖြတ် ခြင်းခံခဲ့ရလေသည်။

(က) ဗဟိုဌာနချုပ်

(၁) ရဲဘော်ဘတင်(ဂိုရှယ်) (လူမျိုးစုဌာန တာဝန်ခံ၊ ဗဟိုကော်မတီ၊ မြေယာဌာန တာဝန်ခံနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဝင်)

(၂) ရဲဘော်ဌေး (ဗဟိုကော်မတီအတွင်းရေးမှူးနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဝင်)

(၃) ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်၊ ဗဟိုကော်မတီဝင်)

(၄) ဗိုလ်ထွန်းငြိမ်း (ပြည်ပပြန်နှင့် တိုက်တိုင်းအောင်တပ်များ တည်ဆောက်ရေးမှူး)

(၅) ရဲဘော်ထွန်းရှိန်(ပြည်ပပြန်နှင့် ဗဟို ဆေးကျောင်းတာဝန်ခံ)

(၆) ရဲဘော်အောင်သိန်းနိုင် (ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်း ဆောင်)

(၇) ရဲဘော်စိုးဝင်း(လူထုဦးလှ၊ ဒေါ်အမာ ၏သား)

(၈) ရဲဘော်ကျော်ခင် (ရခိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်)

(၉) ရဲဘော်သိန်းထွန်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်)

(၁ဝ) ရဲဘော်ခင်ဝင်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်)

(၁၁) မင်းဝင်းထိန် (မွန်အမျိုးသား၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်း ဆောင်)

(၁၂) ရဲဘော်စိုးသန်း (မြစ်ဝကျွန်းပေါ်တိုင်း ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင်)

(၁၃) ရဲဘော်ရှိန်(ပြည်ပပြန်၊ ဗဟိုမာ့ခ်စ် လီနင်ဝါဒကျောင်း၊ နိုင်ငံရေးဘောဂ ဗေဒနည်းပြဆရာ)

(၁၄) မတင်မြ(ကွန်မြူနစ်လူငယ်)

(၁၅) ရဲဘော်စိုးမြင့်

(ခ) ပဲခူးရိုးမအထူးမြို့နယ်

(၁) ရဲဘော်စိုးသန်း (ညောင်လေးပင် မြို့နယ်)

(၂) မဒေါင်းရင်(ဟင်္သာတ)

(၃) ရဲဘော်မောင်ညို(သထုံ)

(၄) ဗိုလ်ထွန်းလင်း(ကုလား)

(၅) ရဲဘော်မြင့်နိုင်

(ဂ) တောင်ငူခရိုင်

(၁) ဗိုလ်မင်းမောင်(ခ)ရွှေစံအောင် (ခရိုင် ကော်မတီအတွင်းရေးမှူး)

(၂) ရဲဘော်ထွန်းတင် (ခရိုင်ကော်မတီ အဖွဲ့ဝင်)

(၃) ရဲဘော်စောသန်း (ခရိုင်ကော်မတီ ဟောင်း)

(၄) ရဲဘော်စိုးနိုင်

(၅) ရဲဘော်လှကြည်

(ဃ) ပဲခူးခရိုင်(တိုက်တိုင်းအောင် ၃)

(၁) ဗိုလ်စောအောင်(ခရိုင်ကော်မတီ၊ ခရိုင် စစ်ရေးတာဝန်ခံ)

(၂) ဗိုလ်မြတ်ထွဋ်(ပဲခူးမြို့နယ်ကော်မတီ၊ မြို့နယ်စစ်ရေးတာဝန်ခံ)

(၃) ရဲဘော်အောင်ဝင်း(ခ)မြတ်စံ (တောခို ကျောင်းသားခေါင်းဆောင်)

(၄) ရဲဘော်မြတ်ကျော်

(၅) ရဲဘော်မြသွေး (ဒိုက်ဦးမြို့နယ် ကော်မတီ၊ မြို့နယ်စစ်ရေးတာဝန်ခံ)

(၆) ရဲဘော်ပန်းမောင်

(၇) ရဲဘော်အောင်သိန်း

(၈) မတင်လှ

(၉) ရဲဘော်စိန်မြင့်

(င) သာယာဝတီခရိုင်(တိုက်တိုင်းအောင်-၁)

(၁) ဗိုလ်ထွန်းလင်း(ခရိုင်ကော်မတီ၊ ခရိုင် တပ်မှူး)

(၂) ရဲဘော်စု (မြို့နယ်ကော်မတီအတွင်း ရေးမှူး၊ တိုက်တိုင်းအောင်-၁ စစ် ကော်မတီဝင်)

(၃) ရဲဘော်အောင်သိန်း(ဇီးကုန်းမြို့နယ် ကော်မတီ)

(၄) ရဲဘော်လှကြည်

(၅) မခင်အေး

(၆) ရဲဘော်ထွန်းရွှေ

(၇) မသိန်းမြင့်(ကွန်မြူနစ်လူငယ်)

(စ) ပြည်ခရိုင်၊ သရက်ခရိုင်(တိုက်တိုင်း အောင် -၂)

(၁) ရဲဘော်တိုး(တပ်စုမှူး)

(၂) ရဲဘော်သိန်းလှိုင်(ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးဌာန)

(၃) ရဲဘော်အောင်မောင်း

(၄) ဗိုလ်နေဝင်း (ခရိုင်ကော်မတီအတွင်း ရေးမှူး၊ ခရိုင်စစ်ရေးတာဝန်ခံ)

ဗကပအတွင်း ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် သေဆုံးရသူများမှာ ဖော်ပြပါစာရင်းထက်မကပေ။ မထင်မရှားအသတ်ခံရသူများ၊ တိုက်ပွဲများတွင် နောက်ကျောမှ

ပစ်ခတ်လုပ်ကြံခံရသူများမှာလည်း များစွာရှိခဲ့သည်။ ဖြုတ်ထုတ်သတ်လမ်းစဉ်သည် ဗကပတို့၏ပျက်စီးရာပျက်စီးကြောင်း တစ်ချက်ပင် ဖြစ်သည်။

နိုင်ငံရေးအစဉ်အလာကြီးမားသော ခေါင်းဆောင်နှင့် ငယ်သားအများအပြားသေဆုံးခဲ့ ကြရသည့်အပြင် စိတ်ဝမ်းကွဲပြားမှု၊ စိတ်ဓာတ်ကျဆင်းမှု၊

အထက်ဗဟိုအဖွဲ့အစည်းအပေါ် မယုံကြည်မှုများကို လည်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့်လည်း တိုက်ပွဲတွင် ကျဆုံးသူ၊ အချင်းချင်းအသတ်ခံရသူများအပြင်

လက်နက်ချသူ အများအပြားပင်ပေါ်ပေါက်ခဲ့သည်။ သို့သော် ဗကပတို့သည် ဖြုတ်ထုတ်သတ်လမ်းစဉ်ကို ရပ်စဲရန် မစဉ်းစားကြပေ။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဗဆွေလေးသည် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု များ၊ ဆန္ဒပြပွဲများကို ဗကပတို့၏ လမ်းညွန်ချက်အရ

အကောင်အထည်ဖော်နေရာမှ ဗကပတို့၏ လမ်းညွန် ချက်အရပင် ၁၉၆၃ ခုနှစ်တွင် တောခိုခဲ့ရသည်။ ဗဆွေလေးသည် ပညာတတ်ဖြစ်သဖြင့် ဓနရှင်ပေါက်စ

ဖြစ်သည်ဟုဆိုကာ သခင်ဇင်နှင့်သခင်ချစ်တို့သည် မြစ်ဝကျွန်းပေါ်တိုင်းစစ်ရေးတာဝန်ခံဗိုလ်အောင်ဖေ နှင့်ညှိနှိုင်း၍ အရေးယူရန်စီစဉ်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊

ဇန်နဝါရီလ ၂၁ ရက် ငါးသိုင်းချောင်းမြို့နယ်၊ ညောင်ပင်သာတောချောင်း လှည်းလမ်းဆုံတိုက်ပွဲတွင် တော်လှန်သော ဗဟိုပြန် ရဲမောင်က နောက်ကျောမှ

ပစ်သတ်လိုက်သောကြောင့် ဗဆွေလေးသည် သေပွဲဝင် ခဲ့ရလေတော့သည်။ [၉]

အလံနီပါတီ၏နိဂုံး[ပြင်ဆင်ရန်]

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

သခင်စိုးခေါင်းဆောင်သော အလံနီပါတီ(ခေါ်) ကွန်မြူနစ်ပါတီ(ဗမာပြည်)သည် မြန်မာနိုင်ငံပြည်တွင်း သောင်းကျန်းမှုသမိုင်းဖြစ်စဉ်တစ်လျှောက်တွင် အဓိက

ကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး

ကျင်းပကြရာမှ စ၍ သခင်သန်းထွန်းခေါင်းဆောင် သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သခင်စိုးခေါင်း ဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်)ဟူ၍ ပါတီ

နှစ်ခြမ်းကွဲခဲ့ရသည်။ ထိုစဉ်က အစည်းအဝေးတက်ရောက်သော ဗဟိုကော်မတီ ၂၈ ဦးအနက် ၇ ဦးသာ သခင်စိုးဘက်ပါခဲ့သည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီ

(ဗမာပြည်)သည် အလံနီကွန်မြူနစ်ပါတီဟူ၍ ထင်ရှားလာပြီး ဆူပူအုံကြွရေးလှုပ်ရှားမှုများကိုဆောင်ရွက်လာ ခဲ့သည်။

သခင်စိုးနှင့် အလံနီအင်အားစုများသည် ဗြိတိသျှ အစိုးရက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ဆန့်ကျင် ပြီး ၁၉၄၆ ခုနှစ်၊ မေလ (၁)ရက်တွင် ပုဇွန်တောင်

ပန်းခြံ၌ တရားပွဲပြုလုပ်ခဲ့သည်။ မင်းမနိုင်ကွက်သစ် တွင်လည်း သခင်စိုးခေါင်းဆောင်ပြီး ကျူးကျော်အိမ်ရာများ ဆောက်လုပ်နေထိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်

အလံနီ ပါတီသည် မတရားအသင်းကြေညာခံခဲ့ရလေရာ ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုများ အင်အားမလျော့စေလိုသဖြင့်

တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုရန် ဆောင်ရွက်ပေးခဲ့ ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်တွင် သခင်စိုး ခေါင်းဆောင်သော

အလံနီများသည် လယ်သမား ၃၅ဝဝ ခန့်ကို စည်းရုံး၍ အတွင်းဝန်ရုံးအား ဝိုင်းဝန်း ဆန္ဒပြကြပြန်သည်။ ဇန်နဝါရီလ(၂၃)ရက် တွင် အလံနီပါတီကို

ဒုတိယအကြိမ်မတရားအသင်း ကြေညာခံရပြန်သည်။ သခင်စိုးကိုလည်း ဗားကရာဆိပ်ကမ်းတွင် ဖမ်းဆီးပြီး ထောင်ချထားခဲ့သည်။ အလံနီနှင့် ရခိုင်အလံနီများ

မှာ ထိုအချိန်ကစ၍ ပုန်းလျှိုး ကွယ်လျှိုးသာလှုပ်ရှားကြရပြီး လက်နက်များကြိုတင် စုဆောင်းနေခဲ့ကြသည်။

သခင်စိုးသည် ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင်လည်း အဖမ်းခံခဲ့ရသေးရာ ဗိုလ်ချုပ်အောင်ဆန်းကြောင့် ပြန်လည်လွတ်မြောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်

၁၉၄၈ ခုနှစ်၊ မတ်လ(၂၄) ရက်တွင် အလံနီဌာနချုပ် သည် အောက်ခြေအဆင့်သို့သူပုန်ထရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့သည်။ မတ်လ (၂၈) ရက်

တွင် ဗမာပြည်ကွန်မြူနစ်ပါတီတောခိုသည်။ အလံနီပါတီမှာမူ ၁၉၄၈ ခုနှစ်၊ မေလကျမှ လက်နက်စွဲကိုင်တိုက်ခိုက်မှု များစတင်ခဲ့သည်။ အလံနီပါတီတောခိုပြီး

ထကြွပုန်ကန် သောအခါ သခင်စိုးမှာထောင်ထဲတွင်ပင်ရှိနေခဲ့သည်။ အလံနီများသည် ဖက်ဆစ်တော်လှန်ရေးတစ်လျှောက်လုံး သခင်စိုး ခိုအောင်းလှုပ်ရှား

ခဲ့သည့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်နယ်များကို အခြေခံ၍လှုပ်ရှားခဲ့ကြသည်။ အထက်မြန်မာနိုင်ငံတွင် ကွပ်ကဲနေသူများမှာ ကိုထူး နှင့် ထွန်းစိန်တို့ဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် ရဲဘော် ဖြူများ ဆူပူသောင်းကျန်းကြပြီး သာယာဝတီထောင်ကို ဖွင့်လိုက်ရာ သခင်စိုးလည်း ထောင်ကလွတ်မြောက် လာသည်။

သခင်စိုးသည် ဒေးဒရဲနယ်တွင် အခြေခံပြီး အလံနီများကို ခေါင်းဆောင်သည်။ အလံနီဌာနချုပ်မှာ ကျိုက်လတ်နှင့် ဒေးဒရဲနယ်အတွင်း ရွှေ့ပြောင်းနေ သည်။

၁၉၅ဝ ပြည့်နှစ်တွင် အလံနီများနှင့် ကေအင်န်ဒီအို တို့ ပဋိပက္ခဖြစ်ကြရာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ သည်။ ကျိုက်လတ်မြို့နယ်ဖိုးစံရွာရှိ အလံနီပါတီ

ဌာနချုပ်က ကေအင်န်ဒီအိုများကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ နှစ်လကြာတိုက်ခိုက်ပြီးနောက် အလံနီနှင့်ကေအင်န်ဒီအိုများ ပြေလည်မှုရရှိပြန်သည်။

တပ်မတော်က သောင်းကျန်းသူများအား ထိုးစစ်ဆင်နွှဲ၍ တိုက်ခိုက်ရာ အလံနီဌာနချုပ်သည် တွံတေးတောကြီးတန်းသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထို့နောက်

ခနောင်တို သို့ ရွှေ့ပြောင်းကြရပြန်သည်။ တပ်မတော်၏ ထိုးစစ် များကြောင့် အလံနီပါတီဌာနချုပ်သည် ၁၉၅၂ ခုနှစ် တွင် မြစ်ဝကျွန်းပေါ်ဒေသမှ

အထက်မြန်မာနိုင်ငံ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ဝက်ကျရွာသို့ ရွှေ့ပြောင်း ကြရပြန်သည်။ သခင်စိုးတို့ရွှေ့ပြောင်းရေးကို အလံနီ ပါတီမှ ဗမာပြည်

ကွန်မြူနစ်ပါတီသို့ ကူးပြောင်းသွား သော သခင်တင်မြတို့က အကူအညီပေးခဲ့ကြသည်။ သခင်စိုးနှင့် အလံနီဌာနချုပ် အထက်မြန်မာနိုင်ငံသို့ ရောက်သွား

သောအခါ အထက်မြန်မာနိုင်ငံတွင် ခေါင်းဆောင်နေသူများမှာ ကိုထူးနှင့်ထွန်းစိန်တို့ဖြစ် ပြီး အလံနီစုစုပေါင်း အင်အားမှာ ၇ဝဝဝ မှ

၈ဝဝဝ အထိရှိလာသည်။

၁၉၅၃ ခုနှစ်တွင် ကိုထူးနှင့် ကိုထွန်းစိန်တို့က သခင်စိုးကိုမကျေနပ်သဖြင့် ထူးစိန်ပါတီဟု သီးခြားခွဲ ထွက်ခဲ့သည်။ သခင်စိုးကို ထောက်ခံသူများမှာ

စစ်သေနာပတိ ဗိုလ်ချုပ်မြင့်အောင်၊ ရဲနီကျော်ဝင်း၊ ဗိုလ်ချုပ်လေး မျိုးဆွေတို့ဖြစ်သည်။ ၁၉၅၃ ခုနှစ်၌ပင် သခင်စိုးသည် ဗိုလ်ချုပ်မြင့်အောင်အား ရာထူးမှ

ချထား ၍ ရဲနီကျော်ဝင်းကို စစ်သေနာပတိအဖြစ် ခန့်ထားပြန် သည်။ ၁၉၅၃ ခုနှစ်တွင် သခင်စိုး ခေါင်းဆောင်သော အလံနီပါတီဌာနချုပ်သည် ထီးလင်းမြို့နယ်

ထဲတွင် ခို အောင်းလျက်ရှိသည်။

၁၉၅၄ ခုနှစ်၊ ဧပြီလထဲတွင် မငွေစံသည် သခင်စိုး ရှိရာ ဌာနချုပ်သို့ရောက်ရှိလာရာ သခင်စိုးသည် ဇနီးဖြစ်သူ မနှင်းမေအား အတင်းအဓမ္မနှင်ထုတ်၍ မငွေစံ

အား ပေါင်းသင်းခဲ့သည်။ ထို့အပြင် ဝင်းကြည်ဆိုသူ သည် မနှင်းမေနှင့်ရှုပ်ထွေးငြိစွန်းနေသည်ဟု ဆိုကာ ရဲနီကျော်ဝင်းတို့လူစုအား ပစ်ဖမ်းခိုင်းသဖြင့် ပစ်ခတ်

ဖမ်းဆီးခဲ့ကြရာ ဝင်းကြည်ဒဏ်ရာရရှိခဲ့သည်။ မနှင်းမေ ကိုလည်း အရေးယူရန် စီစဉ်ခဲ့သည်။ ဗဟိုကော်မတီများက ဝိုင်းဝန်းတင်ပြမှသာ ဝင်းကြည်နှင့်

မနှင်းမေ ကိုလက်ထပ်ခွင့်ပြုခဲ့သည်။ ဝင်းကြည်သည်လက်ထပ်ပြီး တစ်ပတ်အကြာ(ဒဏ်ရာရပြီး သုံးလအကြာ)တွင် ရရှိ သော ဒဏ်ရာကြောင့် သေဆုံး

သွားခဲ့ရသည်။ ထိုအချိန် မှစ၍ အလံနီပါတီအတွင်းတွင် သခင်စိုး၏ခေါင်းဆောင်မှုကို သံသယရှိသူများ ပိုမိုများပြားလာရသည်။

အလံနီပါတီ တွင်လည်း အကြမ်းဖက်လုပ်ရပ်များ၊ လူသတ်ဝါဒများ ထွန်းကားလာရာ ၁၉၅၅ ခုနှစ်တွင် ဆင်စွယ်ရွာသူကြီးဖိုးအုပ်ခြုံအား သေဒဏ်ပေး

ခဲ့ကြ သည်။ ထိုသို့သေဒဏ်ပေးပြီး အသတ်ခံကြရသော ရွာသူရွာသားများမှာ မနည်းလှပေ။ မနှင်းမေသည် ဝင်းကြည်သေသွားပြီးနောက် ဗဟိုကော်မတီ

နေဒွန်း နှင့် လက်ထပ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မနှင်းမေကို တပ်မတော်စစ်ကြောင်းက ဖမ်းမိသွားခဲ့သည်။ သခင်စိုး သည် မနှင်းမေနှင့် ရီရီစိုး၊ နီနီစိုး

ဟူသော သမီးများရရှိ ထွန်းကားခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ကျင်းပသော ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ၏ အကြိမ်(၂ဝ)မြောက်ကွန်ဂရက် အစီရင်ခံစာကိုမကျေနပ်သဖြင့် သခင်စိုးက ခရုရှက်ဖ်

အား ခုံရုံးတင်၍စစ်ဆေးပြီး သေဒဏ်ပေးသည်ဟု ဆိုသည်။ အလံနီအားလုံး ခရုရှက်ဖ်ရှုတ်ချပွဲများ ပြုလုပ် ကျင်းပကြရသည်။ မြစ်ဝကျွန်းပေါ်ရှိအလံနီများက

လည်း ၁၉၅၈ ခုနှစ်တွင် ဘိုကလေးမြို့နယ် ငွေသောင် ယံကွန်ဖရင့် ကိုကျင်းပ၍ ခရုရှက်ဖ်ကို ရှုတ်ချခဲ့ကြ သည်။

သခင်စိုးခေါင်းဆောင်သော အလံနီပါတီသည် ဆိုဗီယက်ခေါင်းဆောင်ခရုရှက်ဖ်အား စွဲချက်တင်တိုက်ခိုက်ပြီးဖြစ်သဖြင့် စတာလင်လမ်းစဉ်ကိုသာ လုံးလုံး

လျားလျားလက်ခံလာခဲ့သည်။ ခရုရှက်ဖ်သည် စတာလင်၏လမ်းစဉ်ကိုဝေဖန်တိုက်ခိုက်၍ ပါလီမန် ဒီမိုကရေစီလမ်းကြောင်းဘက်သို့ ယိမ်းယိုင်လာသည်ဟု

အလံနီများကဆိုကြသည်။၁၉၅၆ ခုနှစ်တွင် တပ်မတော်က အောင်မာဃစစ်ဆင်ရေးကို စတင် ဆင်နွှဲခဲ့ရာ အလံနီများအထိနာခဲ့ကြရသည်။

အလံနီ များလှုပ်ရှားရာ ပခုက္ကူခရိုင်၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ယော၊ လောင်းရှည် စသောနယ်များမှ ပြည်သူလူထု ကလည်း အလံနီများ၏အကြမ်းဖက်

လုပ်ရပ်ကိုမနှစ်မြို့ သဖြင့် ဆန့်ကျင်လာ ကြသည်။ တပ်မတော်ကိုသတင်းပေးခြင်း၊ ကူညီခြင်းတို့ကို ပြုလုပ်လာကြသည်။ အလံနီဌာနချုပ်သည်လည်း

ဂန့်ဂေါမြို့နယ် ကျောချောင်းရွာမှ ထီးလင်းမြို့နယ် တိုးရွာချောင်းသို့ ပြောင်းခဲ့ကြရသည်။ အောင်မာဃစစ်ဆင်ရေးပြီးမှ ကျောက်မစင်ချောင်း

မြောက်ဘက် လက်ပြာချောက် သို့ ပြန်ပြောင်းခဲ့ကြရသည်။ စစ်ဆင်ရေးကာလ အတွင်း အလံနီများသည် တပ်မတော်၏ထိုးစစ်မှ သက်သာရာရရှိစေရန်

အတွက် ပြည်သူလူထုက အလံနီ နှင့်အစိုးရဆွေးနွေး၍ ငြိမ်းချမ်းရေးရယူရန် တောင်းဆို ပုံမျိုးလက်မှတ်ထိုး၍ အမြောက်အမြားဖန်တီး တောင်းဆိုခဲ့ကြသည်။

ရဲနီကျော်ဝင်းသည် ရဲဘော်ဖြူနှင့် မတိုက်ခိုက်ရန် လက်မှတ်ထိုးဖူးသဖြင့် တပ်သားအဆင့်အထိလျှော့ချ ခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်အတွင်းတွင် အလံနီပါတီ၌

ပါတီစည်းကမ်းထိန်းသိမ်းမှု၊ စည်းလုံးညီညွတ်မှု၊ မသန့်ရှင်းသော သစ္စာဖောက်များကိုသုတ်သင် ရှင်းလင်းရေး၊ ပါတီနှင့်တပ်မတော်(အလံနီ)ကို

စွန့်ခွာရန်ကြံနေသူများကို စည်းရုံးရေးလှုပ်ရှားမှု များကိုဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီကျော်နိုင်၊ ကိုထွန်းတင်၊ မစောကြည်နှင့်ကိုသိန်း တို့

အပါအဝင် အလံနီပါတီဝင်များနှင့်ရွာသားများ အများအပြား အသတ်ခံခဲ့ကြရသည်။

အလံနီပါတီသည် ထူးစိန်ပါတီ ခွဲထွက်ပြီးသည့် နောက်ပိုင်း ပါတီတွင်းပြဿနာများပိုမို၍ပေါ်ပေါက် ရှုပ်ထွေးလာရာ ပါတီအင်အားမှာလည်း ချည့်နဲ့၍

လာ သည်။ ၁၉၅၇ ခုနှစ်တွင် လင်မယားများ သုံးညလျှင် တစ်ညသာအတူအိပ်ရမည်