ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂

ဝီကီပီးဒီးယား မှ

ပြည်တွင်းသောင်းကျန်းမှုသမိုင်းမှ အဆက်ဖြစ်သည်

ကေအင်န်ယူများ လမ်းစဉ်ပြောင်းသွားခြင်း[ပြင်ဆင်ရန်]

ပထမလမ်းစဉ်[ပြင်ဆင်ရန်]

ကေအင်န်ယူအဖွဲ့သည် ကရင်သေနတ်ကိုင် တပ်ရင်းများ၊ ကရင်စစ်ရဲများနှင့် ကေအင်န်ဒီအိုအဖွဲ့ များအား ကျဉ်းမြောင်းသော လူမျိုးရေးဝါဒလမ်းစဉ်ဖြင့် စည်းရုံး၍

တောခိုသောင်းကျန်းသည်အထိ သွေးထိုး လှုံ့ဆော်ပေးနိုင်ခဲ့သည်။ သို့သော် ကရင်လက်နက် ကိုင်တပ်များသည် တောခိုခါစတွင် အလစ်အငိုက် မမျှော်လင့်ဘဲ

ရရှိလာသော စစ်ရေးအောင်မြင်မှုများ တွင် ယစ်မူးလာသည်။ ဩဇာအာဏာမှာ ကေအင်န် ဒီအို လက်နက်ကိုင်တပ်မှူးများ၏ လက်တွင်း၌သာ တည်ရှိလာသည်။

မိမိတို့သိမ်းပိုက်ထားသော နယ်မြေ များတွင် စစ်အုပ်ချုပ်ရေးဖြင့် ကရင်လက်နက်ကိုင် တပ်များက တိုက်ရိုက်အုပ်ချုပ်ကြသောအခါ ကေအင်န် ယူအဖွဲ့၏

နိုင်ငံရေးကဏ္ဍာ မှာ ကျဆင်း၍ လာသည်။

ကရင်သောင်းကျန်းသူများ၏ ပထမလမ်းစဉ်မှာ လူမျိုးရေးမုန်းတီးမှုနှင့်စစ်ရေးဝါဒသက်သက်သာ ဖြစ်သည်။ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်စွဲ ဖြင့်

ထုတ်ဝေသော အလင်းရောက် ကော်သူးလေ ရဲဘော်များ၏တင်ပြချက်ဖြစ်သည့် ကော်သူးလေ တော်လှန်ရေးစစ်တမ်းစာအုပ်တွင် ပထမလမ်းစဉ်နှင့် ပတ်သက်၍

အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရသည် -

ငါတို့၏တော်လှန်ရေးကို ပထမလမ်းစဉ်အရ ဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားကို ၁၉၄၉ ခုနှစ်ဆန်းမှ ၁၉၅၁ ခုနှစ် ကုန်သည်အထိဟု သတ်မှတ်ရပေမည်။

ငါတို့တော်လှန်ရေး စတင်ပေါ်ပေါက်လာသော အချိန်တွင် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ပါက စစ်ပြီး ကမ္ဘာကြီးတွင် ဆိုရှယ်လစ်

အုပ်စုကြီးသည် အရင်းရှင်နယ်ချဲ့အုပ်စုအား ယှဉ်ပြိုင် ရပ်တည်လာနိုင်မှုသည် ကိုလိုနီနှင့် အမှီအခိုပြု နိုင်ငံ ကလေးများ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ

များအတွက် များစွာအထောက်အကူဖြစ်ခဲ့လေသည်။ အာရှတိုက်ရှိ နိုင်ငံတိုင်းလိုလိုပင် ကိုလိုနီစနစ်၊ ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ရင်း ဒီမိုကရေစီ

တော်လှန်ရေးကို ဆင်နွှဲနေကြပေသည်။

ဤကဲ့သို့ ကိုလိုနီစနစ်ကြီးသည် အကြီးမားဆုံး သော အကျပ်အတည်းကို တွေ့ရချိန်တွင် ဗမာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် အောင်ပွဲ ဆင်နွှဲခဲ့ပေသည်။

သို့သော် လွတ်လပ်ပြီးခါစ ဗမာပြည် သည် စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး အစရှိသည် တို့တွင် များစွာ အင်အားနုနယ်ချည့်နဲ့နေသော အချိန် ဖြစ်ပေသည်။

ရခိုင်သူပုန်၊ မူဂျာဟစ်သူပုန်တို့လည်း ထကြွချိန် ဖြစ်ပေသည်။ ဤကဲ့သို့သောအချိန်တွင် နိုင်ငံရေးပါတီအချင်းချင်း ပဋိပက္ခဖြစ်ကြပြီး အလံနီ ကွန်မြူနစ်ပါတီ၊

ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ ရဲဘော်အဖွဲ့နှင့် ဗမာ့တပ်မတော် သေနတ်ကိုင် တပ်ရင်း(၃)တို့ တောခိုခဲ့ကြခြင်း၊ အလုပ်သမားသပိတ် များ၊ အမှုထမ်း၊ အရာထမ်း

စာရေးစာချီသပိတ်များ ဆက်ကာဆက်ကာ ပေါ်ပေါက်ခဲ့ခြင်းသည် ဖဆပလ အစိုးရအတွက် ကြီးမားသော အခက်အခဲများ ဖြစ် ပေသည်။

ဖဆပလအစိုးရသည် ဤကဲ့သို့ အလွန်တရာ ကြီးမားလှသော အကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် ကရင်လူထုကြီးသည် အမျိုးသားရေးစိတ် ပြင်းပြ ထက်သန်စွာနှင့်

ကေအင်န်ယူအစည်းအရုံး၏ အလံ အောက်တွင် စုရုံးနေကြပေသည်။ ၎င်းအပြင် ကယား အမျိုးသားများ၊ ပအိုဝ်းအမျိုးသားများ၊ မွန်အမျိုးသား များကိုလည်း

အတော်အတန် စည်းရုံး၍ ရခဲ့ပေသည်။ ထို့ပြင် ဗမာ့တပ်မတော်မှ ကရင်လက်နက်ကိုင်တပ်ရင်း (၃)ရင်း၊ ယူအမ်ပီ(စစ်ရဲ)တပ်ရင်း (၂) နှင့် (၂၁) တို့မှ

ကရင်တပ်ခွဲများကို ငါတို့ဘက်ပါအောင် စည်းရုံးထား နိုင်ခဲ့သည်သာမက အခြားလူမျိုးစု လက်နက်ကိုင် တပ်ရင်းအချို့၏ စေတနာကိုပင် ရယူနိုင်ခဲ့ပေသည်။ ငါတို့

ကေအင်န်ဒီအို လက်နက်ကိုင်တပ်ဦးရေမှာလည်း အခြား တောခိုအသင်းအဖွဲ့များအားလုံး၏ လက်နက် ကိုင်စုစုပေါင်းထက် များစွာပိုမိုခဲ့၏။

ဤကဲ့သို့ ကမ္ဘာ့အခြေအနေ၊ ဗမာပြည် အခြေ အနေနှင့် ငါတို့၏ လက်နက်ကိုင်စည်းရုံးရေးအခြေ အနေတို့အရ ငါတို့သည် လက်နက်ကိုင်တော်လှန်ရေး ကို

စတင်ဆင်နွှဲခဲ့ကြခြင်းသည် အချိန်အခါအားဖြင့် လုံးဝကောင်းမွန်ပေသည်။

အစစ အရာရာတွင် အင်အားချည့်နဲ့ပြီး စစ်ရေး ပြင်ဆင်မှုများ တိတိကျကျ ဘာတစ်ခုမျှ မလုပ်နိုင် သေးသော ဖဆပလအစိုးရအား ငါတို့၏တော်လှန် ရေးက

တစ်ချက်တည်းနှင့် အပြီးအပိုင် အလဲထိုးနှက် နိုင်အောင် အခြေအနေက အခွင့်အခါကောင်း ပေး ခဲ့ပေသည်။

သို့သော် ငါတို့ မအောင်မြင်ခဲ့၊ အဘယ့်ကြောင့် နည်း။ အသေအချာ ပြန်လည်သုံးသပ် ဝေဖန်ဆန်းစစ် ကြည့်သော် တစ်ခွန်းတည်းသောစကားဖြင့် ချုပ်၍ ပြောရလျှင်

ငါတို့ညံ့ဖျင်းမှုကြောင့်ဟု ဆိုရပေမည်။ အခြားညီနောင် တော်လှန်ရေးအင်အားစုများကလည်း ငါတို့လောက်နီးနီး ညံ့ဖျင်းခဲ့ကြသည်မှာ မျက်မြင်ဖြစ် ခဲ့ပေသည်။

ငါတို့ ဘယ်မှာညံ့ဖျင်းခဲ့သနည်း။ ငါတို့သည် ဝါဒသဘောတရား၊ ခေါင်းဆောင်မှု၊ အုပ်ချုပ်ကွပ်ကဲမှု၊ စည်းရုံးရေး၊ ထောက်ပံ့ရေး၊ ဘဏ္ဍာရေး၊ လက်နက်

ခဲယမ်းမီးကျောက်ဖူလုံရေး၊ ပြည်သူလူထုထောက်ခံမှု စသည်တို့တွင် ငါတို့သည် အတိုင်းအတာမသိ ညံ့ဖျင်း ခဲ့ကြပေသည်။

ငါတို့ စတင်တော်လှန်ချိန်တွင် ထားရှိခဲ့သော ဝါဒသဘောတရားကား နိုင်ငံရေးဝါဒသဘောတရား မဟုတ်ဘဲ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ

သဘောတရားသာ ဖြစ်ခဲ့ပေသည်။

ငါတို့သည် ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒထားရှိခဲ့သည့်အတွက် နိုင်ငံရေးအတွေ့အကြုံ သဘောတရားရေး မရင့်ကျက်သေးသည့် အခြား ညီနောင်

တော်လှန်ရေးအင်အားစုများထဲတွင်လည်း ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်သည် ပြန်လည် လွှမ်းမိုးလာခဲ့ပေသည်။ ဤဝါဒ၏ အကျိုးသက်ရောက်မှု ကား

ပြင်းထန်သော ကရင်-ဗမာလူမျိုးရေးအဓိကရုဏ်း ဖြစ်ပေသည်။ အခြားတော်လှန်ရေးအင်အားစုများ သည်လည်း သဘောတရားရေး နုနယ်သေးသည့် အလျောက်

ဂိုဏ်းဂဏစိတ်များပြင်းထန်ကာ အသင်း အဖွဲ့အချင်းချင်း လက်နက်ကိုင်တိုက်ပွဲဝင် ဆင်နွှဲခဲ့ ကြကုန်၏။ ဤအချိန်တွင် တော်လှန်ရေး၏အသွင်မှာ

ရှုပ်ထွေးသောအသွင်ကို ဆောင်နေပေသည်။ ဤအခြေ အနေသည် တော်လှန်ရေးအင်အားစုအားလုံးကို နစ်နာစေလေသည်။ ဤအခြေအနေသည် ဖဆပလ

အစိုးရအား ချောက်ထဲကျရန် လက်နှစ်လုံးသာလို တော့သည့်ဘဝမှ ကယ်တင်ခဲ့ပေသည်။ ကျဉ်းမြောင်း သော အမျိုးသားရေးဝါဒကြောင့် ငါတို့ တော်လှန်ရေး သည်

ထိုအချိန်အခါမှစ၍ ကျဆင်းခဲ့ပေသည်။

ငါတို့ခေါင်းဆောင်ခန်းကို ပြန်လည်ဆန်းစစ် ကြည့်လျှင်လည်း ငါတို့ ကေအင်န်ယူအစည်းအရုံး ခေါင်းဆောင်ပိုင်းတွင် မြေရှင်၊ ဓနရှင်၊ အစိုးရအမှု ထမ်းဟောင်းနှင့်

ပညာတတ်များသာ ပါရှိခဲ့ကြရာ ဓနရှင်ပေါက်စလူတန်းစား ခေါင်းဆောင်မှု ဖြစ်နေ ကြောင်း တွေ့ရှိရပြီး တော်လှန်ရေးကိုလည်း အမျိုးသား ဓနရှင်တော်လှန်ရေးဟု

ခေါ်ဆိုရပေမည်။ ငါတို့ ခေါင်းဆောင်များသည် ဓနရှင်ပေါက်စလူတန်းစား၏ လက္ခဏာကို ဆောင်ကြဉ်းနေရကား ၎င်းတို့ချမှတ်ခဲ့ သော လုပ်ငန်းစဉ်များမှာလည်း

ဓနရှင်အကျိုးပြု လုပ်ငန်းစဉ်များသာ ဖြစ်ခဲ့ပေသည်။ ခေါင်းဆောင်မှုပေးခန်း၌လည်း ဓနရှင်ပေါက်စလူတန်းစား၏ မပြတ် မသား တွေဝေယိမ်းယိုင်တတ်သည့်

သဘာဝအလျောက် မကြာခဏပင် နောက်မြီးဆွဲဝါဒအတိုင်း ကျင့်သုံးကြ သည်သာမက ကရင်အမျိုးသားတို့၏အရေးကို ဘော်ဒွင်၊ တူးလောက်၊

ကင်းဘဲလ်သူလျှိုဂိုဏ်း၏လက်ထဲသို့ ဝကွက် အပ်နှင်းလိုက်ပြီး အင်္ဂလိပ် နယ်ချဲ့၏အကျိုးပြုတန်ပြန် တော်လှန်ရေးကို ဆင်နွှဲခဲ့ပေသည်။ တော်လှန်ရေးစတင်

ဆင်နွှဲနေချိန်တွင် ကေအင်န်ယူအစည်းအရုံး၏အခန်း လုံးလုံးပျောက်ကွယ်ခဲ့ပြီး ကော်သူလေးလက်နက်ကိုင် တပ်များ၏ဦးဆောင်မှုကိုသာတွေ့ခဲ့ရခြင်းမှာလည်း

တော်လှန်ရေးစစ်ပွဲ၏ကြမ်းတမ်းသောသရုပ်၏ဒဏ်ကို ဇွဲရှိရှိမခံရဲသော၊ မိမိအစွမ်းအစကို မိမိမယုံကြည်သော ဓနရှင်ပေါက်စလူတန်းစား၏လက္ခဏာကို ပိုမိုထင်လင်း

စွာပြသခြင်းဖြစ်ပေသည်။ ကော်သူလေးလက်နက်ကိုင် တပ်များတွင်လည်း မှန်ကန်သောနိုင်ငံရေးအသိ၊ တင်း ကျပ်သောသံမဏိစည်းကမ်း၊ ထိရောက်သောဗဟိုကြိုး

ကိုင်မှုတို့မရှိခဲ့သည့်အတွက် စစ်ဘုရင်ဝါဒများ ပေါ် ပေါက်ခဲ့သောကြောင့် တပ်နှင့်ပြည်သူလူထုကင်းကွာ ခဲ့ပေသည်။

စားနပ်ရိက္ခာနှင့်လက်နက်ပစ္စည်းများသာမက ဘဏ္ဍာရေး၌ပင် လူထုအားမှီခိုသဟဲပြုရသည့်အား လျော်စွာ လူထုကြီးအားဆက်ကြေးတောင်း၊ မိုက်ကြေး ခွဲ

စသည့်လုပ်ငန်းများကို လုပ်လာကြပေသည်။ စားပေါက်ချောင်မည့်အင်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ စပါး လုပ်ငန်းများစသော စီးပွားရေးလုပ်ငန်းများကိုမူကား

စစ်ဘုရင်များက လုံးဝအုပ်စိုးထားခဲ့ပေသည်။

'ဗမာအမျိုးသားများ၏ဖိနှိပ်ချုပ်ချယ်မှုကို ငါတို့ မခံမရပ်နိုင်၍ ငါတို့တော်လှန်ခဲ့ကြသည်ဟုဆိုသော် လည်း ငါတို့သိမ်းပိုက်ပြီးသော နယ်မြေများအတွင်းရှိ ဗမာ၊ မွန်၊

ပအိုဝ်း၊ ကုလား၊ တရုတ်အစရှိသောလူမျိုးစု မှန်သမျှကို ငါတို့ဖိနှိပ်ချုပ်ချယ်လက်ဝါးကြီးအုပ်ခဲ့ကြ သည်။ နိုင်ငံရေးစကားအရပြောလျှင် ဗမာလူမျိုးကြီး ဝါဒကို

ငါတို့တော်လှန်ခဲ့ကြသော်လည်း ငါတို့အာဏာ စိုက်ထူနိုင်သောအချိန်ပိုင်းကလေးတွင်ပင် အခြားလူမျိုး စုအားလုံးအပေါ်တွင် ငါတို့သည် ပိုမိုရက်စက်ကြမ်း ကြုတ်သော

ကရင်လူမျိုးကြီးဝါဒတစ်ရပ်ကို ကျင့်သုံးခဲ့ ကြပေသည်။ ထို့ကြောင့်လည်း မည်သည့်လူမျိုးစုမျှ အကြွင်းမဲ့ထောက်ခံမှုကို ငါတို့မရရှိခဲ့သည်သာမက ငါတို့အား

အထင်သေးမှု၊ မုန်းတီးရွံရှာမှုတို့ကိုဖြစ်ပေါ် စေခဲ့၏။ လက်နက်ကိုင်အနေနှင့်ကျေးရွာပြည်သူလူထု အား နှိပ်စက်ညှဉ်းပန်းသတ်ဖြတ် ရမ်းကားခြင်းများ

ပြုလုပ်ကြပေရာ အခြားအမျိုးသားများမဆိုထားဘိ၊ ကရင်အမျိုးသားကပင်လျှင် ၎င်းတို့အားရွံရှာစက်ဆုပ် ကာ တော်လှန်ရေးကိုပင်ငြီးငွေ့လာကြပေသည်။

စစ်ဆင်ရေး၌လည်း အင်္ဂလိပ်ခေတ် ဗမာ့ တပ်မတော်၊ ဖဆပလခေတ် ဗမာ့တပ်မတော်များတွင် အမှုထမ်းခဲ့သောစစ်ပြန်ကြီးတွေပင် ကေအင်န်ဒီအိုများ ၏

စည်းမဲ့ကမ်းမဲ့စစ်ဆင်ပုံစစ်ဆင်နည်းကို နားမလည် နိုင်လောက်အောင်ဖြစ်ခဲ့သဖြင့် ၎င်းတို့နှင့်တွဲ၍ပင် စစ်မတိုက်တတ်ပေ၊ ဤအထဲတွင် အဆိုးဆုံးကား စစ်

တိုက်ရာတွင် မီးရှို့၊ လူသတ်၊ ပစ္စည်းယူ၊ ကျွဲဆွဲ၊ နွားဆွဲ ခြင်း၊ ကိုယ့်သဘောနှင့်ကိုယ်စစ်တက်စစ်ဆုတ်ခြင်းတို့ ဖြစ်ပေသည်။ ဤစစ်ဆင်ရေးများကို ပိုမိုရှုပ်ထွေးလာစေ

သည့် အချက်ကား လက်ရုံးတပ်များဟု ငါတို့ခေါ်ဝေါ် ကြသည့် တုတ်၊ ဓား၊ ဝါးချွန်၊ ဒူးလေးကိုင် ကရင်အရပ် သားအုပ်စုပင်ဖြစ်ပေသည်။ ၎င်းလက်ရုံးတပ်များကား

ငါတို့၏စစ်ဆင်ရေးကို အကျိုးပြုသည်ထက် အကျိုးယုတ် စေသည်က များသည်မှာလက်တွေ့ပင်ဖြစ်ပေသည်။

အကယ်၍ အထက်ပါပထမလမ်းစဉ်အရ ဆောင် ရွက်ခဲ့ပုံကို နိုင်ငံရေးသေနင်္ဂဗျူဟာတစ်ရပ်အဖြစ်ချမှတ် ပြရမည်ဆိုပါက-

ရည်ရွယ်ချက်။ သီးခြားလွတ်လပ်သော ကရင်ပြည်ထူထောင်ရေး၊ ကရင်လူမျိုးတည်တံ့ရေး။

အဓိကရန်သူ။ ဖဆပလအစိုးရ။

ဒုတိယရန်သူ။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့၊ တောခိုဘားမားရိုင်ဖယ်။

သာမညရန်သူ။ ဗမာလူမျိုး။

သွယ်ဝိုက်ရန်သူ။ ကရင်လူငယ်များအစည်းအရုံး။

အဓိကအင်အားစု။ ဗမာ့တပ်မတော် ကရင်လက်နက်ကိုင်တပ်များ၊ ကေအင်န်ဒီအို တပ်ဖွဲ့များ။

အနီးကပ်ဆုံးအရန်အင်အားစု။ ကရင်လက်ရုံးတပ်များ။

သွယ်ဝိုက်သောအင်အားစု။ တရုတ်ဖြူတပ်များ၊ အင်္ဂလိပ် - အမေရိကန်သူလျှိုဂိုဏ်းများ၊ ရခိုင်သူပုန်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊

ပြည်သူ့ရဲဘော်အဖွဲ့၊ တောခိုဘားမားရိုင်ဖယ်၊ မူဂျာဟစ်။

ကြားထားရမည့်အင်အားစု။ ဗမာ့တပ်မတော်အတွင်းရှိ အခြားလူမျိုးစုလက်နက်ကိုင်တပ်များ။

မဟာမိတ်။ ရှမ်း၊ ကယား၊ မွန်၊ ပအိုဝ်းတော်လှန်ရေးသမားများ။

အဓိကဝင်ရိုး။ ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး။

တာဝန်များ။ ကရင်လက်နက်ကိုင်တပ်များသည် ဗမာလက်နက်ကိုင်တပ်မှန်သမျှ၏ခုခံ မှုကို အားနှင့်ချေမှုန်းပြီးလျှင် ဗမာတွေ့လျှင်သတ်၊ ဗမာရွာမီးရှို့၊ ဗမာပစ္စည်း

လုခြင်းအားဖြင့် ကရင့်စီးပွားရေးကို ထူထောင်ပေးပြီး ကရင်အမျိုးသားတို့ ၏ တက်ကြွသောကူညီထောက်ခံမှုကို အရယူကာ ကရင်လူငယ်များအစည်း အရုံး၏

မတည်ငြိမ်မှုကိုသွက်ချာပါဒ အကြောလိုက်ပြီး ငြိမ်သွားစေရန် အတွက် လူမျိုးစုတော်လှန်ရေးသမားများနှင့်မဟာမိတ်ဖွဲ့ပြီး ဗမာပြည် တစ်ပြည်လုံးကိုသိမ်းပိုက်၍

ကရင်ပြည်ဟု ပြန်လည်အမည်ကင်ပွန်းတပ်ကာ တော်လှန်ရေးကို ပြီးဆုံးအောင်ဆောင်ရွက်ရမည်။

ဟူ၍ပင်ချမှတ်ရပေလိမ့်မည်။ ဤသေနင်္ဂဗျူဟာ ကိုကြည့်ခြင်းအားဖြင့် ငါတို့၏ပထမလမ်းစဉ်သည် မည်မျှမှားယွင်းကြောင်း၊ ဗမာလူမျိုးနှင့်ကမ္ဘာ၏ထောက်

ခံမှုမရနိုင်ကြောင်း၊ အောင်ပွဲဆင်ရန်လမ်းမရှိကြောင်း တို့ကိုသိရှိနိုင်ပေသည်။

ထို့ကြောင့် အမှားပေါင်းမရေမတွက်နိုင်လောက် အောင် ပြွမ်းတီးနေသောကရင်တော်လှန်ရေးပထမ လမ်းစဉ်၏အကျိုးသက်ရောက်မှုများကို အောက်ပါ

အတိုင်းတွေ့ရှိခဲ့ရပေသည်။

ငါတို့၏ပထမလမ်းစဉ်ကြောင့် ကရင်ရွာရော ဗမာရွာပါရွာပေါင်းထောင်နှင့်ချီပြီး မီးလောင်မြေပြာပုံ တလင်းဖြစ်ခဲ့၏။ အပြစ်မဲ့သောကရင်လူထုရော ဗမာ လူထုပါ

ထောင်သောင်းမက မိမိတို့၏အသက်များကို အစတေးခံလိုက်ကြရ၏။ ကရင်သားကောင်းရတနာ ခေါင်းဆောင်များလည်း အများအပြားကျဆုံးခဲ့ကြရ၏။

ပထမလမ်းစဉ်လွဲမှားမှုအပေါ် ငါတို့၏တော်လှန်ရေး အရေးနိမ့်ခဲ့ခြင်းနှင့်အစိုးရ၏နိုင်ငံရေးထိုးစစ် ကြောင့် ထောင်ပေါင်းများစွာသော ငါတို့၏ရဲဘော်ရဲ

ဘက်တပ်သားများသည် အစိုးရဩဇာခံပြည်ထောင်စု ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့များထဲသို့ ဝင်ရောက်ခဲ့ကြပြီး ငါတို့၏ရန်သူပင်ပြန်ဖြစ်ကုန်ကြ၏။ ငြိမ်းချမ်းရေး လက်

ခံသောနယ်မြေများ တစ်နေ့ထက်တစ်နေ့ကျယ်ဝန်း လာသည်နှင့်အမျှ ငါတို့သိမ်းပိုက်ခဲ့သော ငါတို့၏ဩဇာ ခံနယ်မြေများလည်း ပို၍ပို၍ကျဉ်းမြောင်းသွားခဲ့၏။

အစိုးရတပ်မတော်၏ပြင်းထန်သောထိုးစစ်ကြောင့် သေနင်္ဂဗျူဟာရေးရော နည်းပရိယာယ်ရေးတွင်ပါ ခံစစ် သေ ကျင့်သုံးသော ငါတို့၏တပ်များသည် ငါတို့သိမ်း

ပိုက်ထားခဲ့သောမြို့ပေါင်းအားလုံးမှ ဆုတ်ခွာခဲ့ကြရ၏။ ငါတို့တပ်သားများ၏စိတ်ဓာတ်သည်လည်း အကြီး အကျယ်ကျဆင်းခဲ့ကာ အစိုးရထံအညံ့ခံလက်နက်ချ

သူပေါင်းမြောက်မြားစွာရှိခဲ့ပေသည်။ ငါတို့သည်လည်း တောရွာဇနပုဒ်များတွင် အခြေခံစခန်းများပြုလုပ်ခဲ့ရ ပေသည်။

ငါတို့၏အသက်သွေးကြောဖြစ်ခဲ့သည့် စပါးရောင်း ဝယ်ရေးလုပ်ငန်းကိုလည်း အစိုးရကစီးပွားရေးပိတ်ဆို့ မှုအားဖြင့် ငါတို့အတွက် အကျိုးမရှိအောင်ပြုလုပ်နိုင်ခဲ့

ပေသည်။ ဤအသက်သွေးကြောပြတ်သွားသည်နှင့်အမျှ ငါတို့၏ဘဏ္ဍာရေး၊ ထောက်ပံ့ရေးတို့မှာ အကြီးအကျယ် ထိခိုက်လာကာ ငါတို့၏စစ်ဆင်ရေးတို့မှာလည်း

လေငန်း ဖြတ်သည့်အလား မလှုပ်နိုင် မယှက်နိုင်ဖြစ်ကုန်၏။ ငါတို့၏တပ်များသည်လည်း တစ်လလုံးတွင် တိုက်ပွဲ တစ်ပွဲသာလျှင် တိုက်နိုင်တော့သော အခြေအနေသို့

ဆိုက်ရောက်ကုန်ကြ၏။

ငါတို့၏စစ်အုပ်ချုပ်ရေးစနစ်သည် ပြိုလဲပျက်စီး သွားပြီး ငါတို့တပ်များတွင်လည်း တပ်သားအင်အား အမှန်သည် ဖွဲ့စည်းပုံအင်အားထက်များစွာလျော့နည်း

သွားခဲ့စေသည်။ ငါတို့တပ်မှူးများ၏ လုပ်နည်းလုပ်ဟန် သည်လည်း ဗျူရိုကရက်ဆန်လျက်ပင်ရှိသေး၏။ ငါတို့ ၏တပ်သားများသည်လည်း ဆိုးမြဲတိုင်းဆိုး၊

စည်းကမ်း မဲ့မြဲတိုင်းမဲ့ဖြစ်နေသေး၏။

အခြားတော်လှန်ရေးပါတီများနှင့်ဆက်လက်ပြီး တိုက်ပွဲများဖြစ်မြဲတိုင်းဖြစ်နေပေရာ ငါတို့သည် စစ် မျက်နှာပေါင်းများစွာကို တစ်ချိန်တည်းတွင်တိုက်ခိုက်

နေကြရသဖြင့် အရေးနိမ့်မှုမှာ ဆက်လက်၍သာဖြစ် ပေါ်ခဲ့ပေသည်။

ပထမလမ်းစဉ်အရ ငါတို့၏တော်လှန်ရေးကျဆင်း သည့်အကြောင်းအကျဉ်းချုပ်အားဖြင့် ကျဉ်းမြောင်း၍ တစ်ဖက်စွန်းရောက်သောလူမျိုးရေးဝါဒအရကျင့်သုံးမှု၊

နိုင်ငံရေးအတွေ့အကြုံ အမြော်အမြင် အားနည်းမှု၊ ဗျူရိုကရက်ဆန်မှု၊ ရန်သူနှင့်မိတ်ဆွေအစစ်အမှန်ကို ခွဲခြားနိုင်စွမ်းမရှိမှု၊ ကရင်လူမျိုးကြီးဝါဒကျင့်သုံးမှု၊

စစ်ဘုရင်ဝါဒကျင့်သုံးမှု၊ ဂိုဏ်းဂဏဝါဒကျင့်သုံးမှု စသည်တို့ကြောင့်ဟုဆိုရပေမည်။

ထို့ကြောင့် ငါတို့၏အောင်မြင်ချက်များနှင့်ဆုံးရှုံး မှုများကို ပြန်လည်ဆန်းစစ်လိုက်ပါမူကား ချိန်ခွင်လျှာ သည် ဆုံးရှုံးမှုဘက်သို့ အရှိန်ပြင်းစွာနှင့်ထိုးဆင်းလျက်

နေသည်ကိုသာတွေ့မြင်ရပေသည်။

ဤအခြေအနေအောက်တွင် ငါတို့၏ခေါင်းဆောင် ကြီးများဖြစ်သော စောဘဦးကြီးနှင့်စောစံကေတို့သည် ကျဆုံးခဲ့ရကား တိုက်ခိုက်ရေးအင်အားသုံးပုံတစ်ပုံခန့်

သာကျန်တော့သော ငါတို့၏လက်နက်ကိုင်တပ်၊ ငါတို့၏ တော်လှန်ရေးသည် ဘယ်ဆီဘယ်လမ်း ဘယ်စခန်းသို့ မြန်းရပါတော့မည်နည်း။

အထက်ဖော်ပြပါကောက်နုတ်ချက်မှာ 'ကော်သူး လေ တော်လှန်ရေးစစ်တမ်း စာမျက်နှာ(၉)မှ (၁၈) အထိတွင် ပါဝင်သမျှဖြစ်သည်။ ဒေါက်တာမောင်မောင် ကလည်း

မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်စာမျက်နှာ ၃၃၃တွင် ကေအင်န်ယူတို့၏ လမ်းစဉ်အပြောင်းအလဲနှင့်ပတ်သက်၍ အောက်ပါ

အတိုင်းရေးသားခဲ့သည်။

၁၉၄၉ခုနှစ်မှ ၁၉၅၂ခုနှစ်ပိုင်းလောက်တွင် ကေအင်န်ဒီအိုတို့သည် အနောက်နိုင်ငံများမှ စစ်ကူ ရမည်လားဟုမျှော်ကိုးခဲ့သည်။ စောဘဦးကြီးနှင့် စောစံကေတို့သည်

ယင်းသို့အနောက်အုပ်စုနှင့် ဆက်သွယ်ရန် နယ်စပ်ဘက်အသွားကျဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ အနောက်ကိုမျှော်ပါသော်လည်း အကူအညီမရခဲ့ပေ။

နယ်ခြားကိုကျော်၍ မြန်မာ့သစ်၊ သတ္တုတို့ကိုထုတ်ကာ ရောင်းချ၍ လက်နက်ပစ္စည်းဝယ် ကြရသည့် မှောင်ခိုသမားကြီးတွေသာဖြစ်ခဲ့ရသည်။

ပစ္စည်းဝယ်သူများကလည်း လေးလေးစားစား ဆက်ဆံ ခြင်းမပြုကြ။ သူပုန်တွေပဲဆိုကာ မထီလေးစားပြုကြ သည်။ သူတို့ကြိုက်သလို နှိမ်၍ပေးသောဈေးကို

လက်ခံခဲ့ကြရသည်။

ဒုတိယလမ်းစဉ်သို့[ပြင်ဆင်ရန်]

ကေအင်န်ဒီအိုတို့၏ ထကြွသောင်းကျန်းမှုအခြေခံ တွင် နိုင်ငံခြားသားမျက်နှာဖြူတို့၏ မြှောက်ပင့်သွေးထိုး မှုများ မကင်းခဲ့ပေ။ လွတ်လပ်ရေးမရခင်

စောဘဦးကြီး တို့ အင်္ဂလန် သွားစဉ် အင်္ဂလန်ကွန်ဆာဗေးတစ်များ သည် သောင်းသောင်းဖြဖြကြိုဆိုခဲ့သည်။ သို့သော် မစ္စတာအက်တလီ၏အာဏာရ

လေဘာအစိုးရက ကေအင်န်ယူခေါင်းဆောင်များအား အကူအညီပေးရန် ကတိမပေးခဲ့ကြပေ။ သို့သော် ပြည်တွင်းတွင်ရှိနေသော သာသနာပြုပုဂ္ဂိုလ် ဘော်ဒွင်သည်

ကေအင်န်ယူများ အား အားပေးကူညီရုံသာမကဘဲ ကိုယ်ထိလက်ရောက် ပါဝင်ကူညီခဲ့သည်။ ကာလကတ္တားမှကာနယ်တူးလောက် နှင့် ဒေးလီးမေးလ်သတင်းထောက်

ကင်းဘဲလ်တို့သည် ကေအင်န်ဒီအိုများအား လက်နက်ခဲယမ်းအကူအညီရရှိ စေရန် ကိုယ်ထိလက်ရောက်ကြိုးပမ်းပေးခဲ့ကြသည်။ ဦးစောအား သေနတ်ထုတ်ပေးခဲ့သူ

ကပ္ပတိန်ဗီဗီယန် သည် စောဘဦးကြီးနှင့်အတူ သေဆုံးသည်အထိ ကေအင်န်ဒီအိုများနှင့် ပူးပေါင်းခဲ့သည်။

ကင်းဘဲလ်-တူးလောက်အရေးအခင်းတွင် ဗြိတိသျှ အစိုးရက မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ကြေညာ ခဲ့သောအခါ ကေအင်န်ဒီအိုတို့စိတ်ဓာတ်ကျခဲ့ရသည်။

သို့သော်စစ်ဆင်ရေးအောင်မြင်မှုရရှိလာချိန် အနောက် အုပ်စု၏အကူအညီကိုမျှော်ကိုးကြပြန်သည်။ ဗြိတိသျှတို့ ထံမှအကူအညီမရသောအခါ တရုတ်ဖြူများနှင့်ပေါင်း၍

အမေရိကန်နိုင်ငံမှ အကူအညီရလိုရငြားကြိုးစားကြ ပြန်သည်။ သို့သော် တရုတ်ဖြူများကိုလည်း တပ်မတော် က တိုက်ထုတ်လိုက်နိုင်သဖြင့်အကျိုးမထူးပေ။

ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာမျက်နှာ ၃၃၃တွင်-

'အနောက်မျှော်ချိန်၌ပင် ကေအမ်တီတရုတ်ဖြူတို့ နှင့် ပေါင်းကြည့်ခဲ့ကြသေးသည်။ သူတို့ကလည်း သူတို့ အကျိုးကိုသာကြည့်သည်။ သူတို့တပည့်ဖြစ်ခဲ့ရတာသာ

အဖတ်တင်သည်။ ပြည်တွင်းရေးပိုမိုရှုပ်ထွေးခဲ့ရတာသာ အဖတ်တင်သည်' ဟူ၍ ဖော်ပြရေးသားခဲ့သည်။

ကေအင်န်ဒီအိုများစစ်ရေးအရရှုံးနိမ့်လာစဉ်မှာပင် ပါလီမန်လွှတ်တော်က ၁၉၅၁ခုနှစ်၊ အောက်တိုဘာလ ၅ရက်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင် ၍

ကရင်ပြည်နယ်ကို ထူထောင်ပေးလိုက်သည်။ ထို့ကြောင့် ကရင်အမျိုးသားအတော်များများမှာကျေနပ် သွားကြသည်။ စစ်ကိုလည်းငြီးငွေ့နေလေပြီ။ ကေအင်န်

ဒီအိုတို့၏ ပြည်သူ့ဆန့်ကျင်ရေးလုပ်ငန်းများကိုလည်း အော့နှလုံးနာနေလေပြီ။ ပြည်သူလူထု(ကရင်လူမျိုးများ အပါအဝင်)၏ ထောက်ခံချက်မရသည့်အပြင် တပ်မ

တော်၏ထိုးစစ်ကြောင့် သုံးပုံတစ်ပုံခန့်အထိအင်အား လျော့ကျသွားသော ကေအင်န်ဒီအိုတို့သည် ဆက်လက် ၍ အသက်ရှူချောင်စေရန်နည်းလမ်းများ

ရှာကြံလာကြ သည်။

ကော်သူးလေတော်လှန်ရေးစစ်တမ်း(၁၉၅၉ခုနှစ်) တွင် ဒုတိယလမ်းစဉ်သို့တွန်းပို့ခဲ့သည့် အခြေအနေဟူ သော ခေါင်းစဉ်ဖြင့် ကေအင်န်ယူပါတီ၊ ပေါ်လစ်ဗျူ

ရိုလူကြီးစောမောင်တိုး၊ ဗဟိုကော်မတီနှင့်ပဲခူးရိုးမတိုင်း သဘာပတိဆရာဘာဟူး၊ ဦးစီးပဲ့ကိုင်ကော်မတီ စော ကျော်စိန်နှင့်အခြားအလင်းရောက် ကော်သူလေး

ရဲဘော်များက အောက်ပါအတိုင်းသုံးသပ်တင်ပြခဲ့ ကြလေသည်။

ငါတို့၏တော်လှန်ရေးကို ငါတို့စတင်ခဲ့စဉ်က ငါတို့၏အစွမ်းကို ငါတို့ယုံကြည်မှုထက် သူတစ်ပါးကို အားကိုးသောစိတ်၊ သူတစ်ပါး၏ အကူအညီရရေးကို

မျှော်လင့်သောစိတ်တို့က လွန်စွာကြီးမားခဲ့ပေသည်။

ဗြိတိန်နိုင်ငံအက်တလီအစိုးရ၏လက်ထက်တွင် ငါတို့၏တော်လှန်ရေးအတွက်အကူအညီရရန်လမ်းစ မမြင်ခဲ့၍ ချာချီအစိုးရတက်လာရန်ကိုသာ မျှော်မှန်းခဲ့ ပေသည်။

ထို့ကြောင့်ချာချီအစိုးရတက်လာသောအခါ ငါတို့အလွန်အမင်းဝမ်းမြောက်ဝမ်းသာရှိခဲ့ပေသည်။ သို့သော်ချာချီအစိုးရသည် ဘော်ဒွင်-တူးလောက်-

ကင်းဘဲလ်သူလျှိုဂိုဏ်းကိုအသိအမှတ်မပြုဟုကြေညာပြီး ငါတို့၏တော်လှန်ရေးအား ဘာမှအကူအညီမပေးခဲ့ချေ။ ငါတို့သည် အလှည့်စားခံရလေပြီ။

ထို့ထက်တစ်ဆင့်တိုး ၍ ချာချီအစိုးရသည် ငါတို့တော်လှန်ရေးကို နှိမ်နင်းရန် အတွက် ဖဆပလအစိုးရအား အင်းတော်၊ အင်းလေး၊

အင်းယားစသောအမြောက်တင်ရေယာဉ်လေးစင်းအား အကူအညီပေးခဲ့ပေသည်။ ငါတို့အားကယ်တင်မည့်သူ ဟု ငါတို့ကိုးစားခဲ့သော အင်္ဂလိပ် သည် ငါတို့၏ရန်သူ

ပြန်ဖြစ်နေချေပြီ။

ထိုနည်းတူစွာ အမေရိကန်ပြည် ထရူးမင်းအစိုးရ ကလည်း ဖဆပလအစိုးရအား ဒေါ်လာ၁ဝသန်း တစ်ကြိမ်၊ တိုက်ရေယာဉ် ၁ဝစင်းတစ်လီအပြင်(အီးစီ အေ)

(တီစီအေ)စသောစီမံကိန်းများအရဒေါ်လာသန်း ပေါင်းများစွာ အကူအညီပေးခဲ့ပေသည်။

ငါတို့အား မိခင်သဖွယ်စောင့်ရှောက်ခဲ့သည်ဟု ငါတို့ယုံကြည်ခဲ့သော အမေရိကန်သည် လွတ်လပ်ပြီး ခါစ ဗမာပြည်ကို အင်္ဂလိပ် နှင့်အပြိုင်အဆိုင် လက်ဝါး

ကြီးအုပ်လိုသည့်အတွက် ငါတို့တစ်မျိုးလုံး၏အသက်ကို ဖဆပလ၏လက်ထဲသို့ ဝကွက်အပ်နှင်းလိုက်ခဲ့ပေသည်။

ဤဖြစ်ရပ်များသည် ရေနစ်သူကိုဝါးကူထိုးနေ သည့်အလားဖြစ်ပေသည်။ ငါတို့လည်း နောင်တကြီးစွာ ရပြီး အင်္ဂလိပ် ၊ အမေရိကန်ကိုလုံးလုံးအားကိုးလိုစိတ် များ

တဖြည်းဖြည်းမှေးမှိန်သွားခဲ့ပေသည်။

အခက်အခဲတွေ့ကြုံနေရသူတစ်ဦးသည် မိမိကိုယ် တိုင် ထိုအခက်အခဲကို ကျော်လွန်နိုင်အောင် မစွမ်း ဆောင်နိုင်လျှင် အားကိုးရာအားကိုးကြောင်းကို ရှာရ ပေသည်။

ထိုသို့ရှာဖွေရာတွင် တစ်ခုကိုအားကိုးမပြုနိုင် တော့သည့်အချိန်တွင် အားကိုးဖွယ်ရာတစ်ခုကို ရှာဖွေ သည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ ငါတို့သည်လည်း

အားကိုးဖွယ်ရာအသစ်တစ်ခုကိုရှာဖွေနေချိန်ဖြစ်ပေ သည်။

၎င်းကာလတွင်း၌ တရုတ်ပြည်မကြီးတစ်ခုလုံးကို တရုတ်ကွန်မြူနစ်များက သိမ်းပိုက်လိုက်ခြင်း၊ ကိုရီးယား ပြည်တွင် အမေရိကန်ကြီးမှူးသောကုလသမဂ္ဂတပ် များကို

ကွန်မြူနစ်တပ်များက ကြံ့ကြံ့ခံတိုက်နိုင်ခြင်း၊ ဗီယက်နမ်တွင် ကွန်မြူနစ်များအောင်ပွဲဆက်တိုက်ဆင် နေခြင်း၊ ဆိုဗီယက်ရုရှားသည်အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင် ဗုံးများကို

အောင်မြင်စွာစမ်းသပ်ဖောက်ခွဲနေခြင်း၊ စစ်ပြီးကမ္ဘာတွင် ဆိုဗီယက်အုပ်စုကြီးသည် အရင်းရှင် နယ်ချဲ့အုပ်စုနှင့်စင်ပြိုင်ရပ်တည်လာနိုင်ခြင်း၊ ကမ္ဘာ့ စစ်အေးတိုက်ပွဲတွင်

ဆိုဗီယက်အုပ်စုက အရေးသာနေ ခြင်း၊ စစ်ပြီးခေတ်နယ်ချဲ့အရင်းရှင်၏ကိုလိုနီစနစ်သည် အကြီးမားဆုံးသောအကျပ်အတည်းတွေ့ကာ တဖြည်း ဖြည်းပြိုကျနေခြင်း၊

ကွန်မြူနစ်နိုင်ငံများတိုးတက်များ ပြားလာခြင်းစသည့်ကမ္ဘာ့နိုင်ငံရေးရာတို့၏လှိုင်းဂယက် သည် တစ်ကမ္ဘာလုံးအားရိုက်ခတ်လာသည့်အလျောက် ငါတို့သည်

ဆိုဗီယက်အုပ်စုကို အထင်ကြီးလာရာမှအစ ၎င်းအုပ်စုကို အားကိုးအားထားပြုလိုစိတ်များပေါ် ပေါက်လာခဲ့ပေသည်။

အခက်အခဲတွေ့ကြုံနေရသူတစ်ဦးသည် ထွက်ရပ် လမ်းကို ရှာဖွေစမြဲဖြစ်၏။ ငါတို့ကိုယ်တိုင်ကလည်း မှန် ကန်သောလမ်းစဉ်တစ်ရပ်မချမှတ်တတ်သေးသဖြင့်

ငါတို့သည် အမျိုးသားလွတ်မြောက်ရေးဟူသော ထွက် ရပ်လမ်းကိုရှာဖွေကြရာ အင်္ဂလိပ် အမေရိကန်တို့၏ ဝါဒလမ်းစဉ်များမှာ လူမျိုးငယ်များ၏အမျိုးသားခန်းကို

ငါတို့ကျေနပ်လောက်အောင်ပြတ်ပြတ်သားသား ရေး သားချမှတ်ထားသည်ကို မတွေ့ရချေ။ သို့သော် မာ့ခ်စ် လီနင်ဝါဒမှချမှတ်ထားသောအမျိုးသားလွတ်မြောက်ရေး

လမ်းစဉ်များကို ငါတို့များစွာနှစ်ခြိုက်ခဲ့ပေသည်။

ဗမာပြည်ရေးရာကိုပြန်ကြည့်လျှင်လည်း ဖဆပလ အစိုးရသည် ပြုတ်ကျမယောင်ယောင်နှင့်အရစ်ကျရွေး ကောက်ပွဲစနစ်ဖြင့် အစိုးရအာဏာကိုဆက်လက်ထိန်း

သိမ်းထားနိုင်ပေသည်။ အစိုးရပြောင်းလဲလျှင် ငါတို့သည် သာမည်ဟူသောမျှော်လင့်ချက်များမှာလည်း ပျက်ပြား သွားခဲ့ပေသည်။

ဗမာပြည်နယ်စပ်သို့ တရုတ်ဖြူများဝင်ရောက် လှုပ်ရှားမှုကို အကဲဖြတ်ရာတွင် အမေရိကန်ကသွယ်ဝိုက် သောနည်းအားဖြင့် ငါတို့အားအကူအညီပေးလာပြီဟု

အစပိုင်းတွင် ငါတို့ထင်မှတ်ခဲ့ပေသည်။ တရုတ်ဖြူတပ် များနှင့်ငါတို့တပ်များပေါင်းပြီး ဗမာပြည်ကြီးကို သိမ်းနိုင် သည်ဟု ငါတို့စိတ်ကူးယဉ်ခဲ့ကြသည်။ သို့သော်

ဖဆပလ အစိုးရကို ကြိုးကိုင်နိုင်ရန်အတွက် အမေရိကန်က တရုတ်ဖြူကိုလက်ကိုင်တုတ်အဖြစ် အသုံးချပြီး ဖဆပလ အစိုးရအား ကစားနေကြောင်းကို နောက်ပိုင်းတွင်

ငါတို့ သိရှိလာကြပေသည်။ ငါတို့ကိုလည်း အမေရိကန်က လက်ကိုင်တုတ်၊ ဓားစာခံပြုလုပ်လိုကြောင်းလည်း ငါတို့ သဘောပေါက်လာကြပေသည်။ ထို့ကြောင့်

တရုတ်ဖြူ အရေးနှင့်ပတ်သက်၍ သွယ်ဝိုက်သောအကူအညီရရေး ဟူသော မျှော်လင့်ချက်များမှာလည်း ပြိုလဲပျက်စီးခဲ့ လေသည်။

အခြားတော်လှန်ရေးအင်အားစုများသည်လည်း ပြည်ကွန်ဖရင့်မှ အစပြု၍ ကွဲပြဲခဲ့ခြင်းမှာ ဤအချိန် တိုင်အောင်ပင်ဖာထေး၍ မရသေးဘဲအချင်းချင်းတိုက်

ကောင်းတုန်းအချိန်ဖြစ်ပေသည်။ ငါတို့မျှော်မှန်းထား သော ညီနောင်ပါတီများညီညွတ်ရေးသည်လည်း သူရူး တစ်ယောက်၏ဆောင်းတွင်းအိပ်မက်မျှသာဖြစ်ခဲ့ရသော

အချိန်လည်းဖြစ်ပေ၏။

ငါတို့၏အခြေအနေမှာလည်း ငါတို့၏ခေါင်း ဆောင်ကြီးများကျဆုံးပြီးသည့်နောက် ငါတို့သည် ခေါင်းဆောင်မရှိသော တော်လှန်ရေးတစ်ရပ်ကို ဆက် လက်ဆင်နွှဲရင်း

နောက်လိုက်ငယ်သားများ တစ်စထက် တစ်စ လျော့နည်းသွားကာ တောကြိုအုံကြားချုံကြိုချုံ ကြားသို့ရောက်နေသောအချိန်လည်းဖြစ်ပေသည်။

ဤသို့သောအချိန်၊ ဤသို့သောအခြေအနေတို့တွင် ငါတို့သည် ပထမလမ်းစဉ်အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက ငါတို့သည် မကြာမီအတော

အတွင်းပင် ပြုတ်ပြုတ်ပြုန်းကြချေမည်။ ဤအခြေအနေ များသည် ငါတို့အားလမ်းစဉ်အသစ်တစ်ရပ်သို့ အတင်း အကျပ်တွန်းပို့နေခဲ့ပေသည်။

ထို့ကြောင့်လည်းပူပူနွေးနွေးအောင်ပွဲဆင်ပြီးခါစ တရုတ်ပြည်တော်လှန်ရေးကို ငါတို့သည် အလွန်အားကျ ရကား ငါတို့သည်မာ့ခ်စ်လီနင်ဝါဒလမ်းစဉ်အတိုင်း

ကျင့်သုံးရန်ငါတို့ခေါင်းဆောင်ပိုင်းက လက်ခံလာကြပေ သည်။

ထိုအချိန်မှစ၍ ငါတို့၏တော်လှန်ရေးမှာလည်း လမ်းစဉ်ကူးပြောင်းရေးအဆင့်တွင် ရောက်ရှိနေသော ကြောင့် ငါတို့သည် ညီနောင်တော်လှန်ရေးပါတီအသီး

သီးနှင့်အတိုက်အခိုက်ရပ်စဲရေးများပြုလုပ်ကာ ဖဆပလ အစိုးရအားတစ်ဦးတည်းသောရန်သူအဖြစ် ဦးတည် တိုက်ခိုက်ရန် ဆောင်ရွက်ခဲ့ပေသည်။ ငါတို့သည်

ကေအင်န်ယူတပ်ဦးပါတီကိုလည်း ပါတီစနစ်အတိုင်း တည်ဆောက်ပြီးမာ့ခ်စ်လီနင်ဝါဒလမ်းညွှန်မှုကိုခံယူ ခဲ့ပေသည်။ စစ်ရေးအားဖြင့်လည်း ငါတို့၏တပ်အချို့ကို

ပြောက်ကျားတပ်များအဖြစ်ဖွဲ့စည်းပြီး ခံစစ်ရှင်နည်း ပရိယာယ်များကို စမ်းသပ်လာခဲ့သည်။

ဤသို့ ပထမလမ်းစဉ်မှဒုတိယလမ်းစဉ်သို့ ကူးပြောင်းရေးအဆင့်ကို မြစ်ဝကျွန်းပေါ်တွင် ၁၉၅၂ ခုနှစ် တစ်နှစ်လုံးနှင့်အရှေ့ပိုင်းတွင် ၁၉၅၃ခုနှစ်မှ ၁၉၅၄

ခုနှစ်ကုန်အထိ အချိန်ကာလအားဖြင့် ပိုင်းခြား သတ်မှတ်ရပေမည်။

(ကော်သူးလေ တော်လှန်ရေးစစ်တမ်း စာမျက်နှာ ၁၉မှ ၂၃အထိ)

ကေအင်န်ဒီအိုများအကြီးအကျယ်ရှုံးနိမ့်လာကြခြင်း မှာ နိုင်ငံရေးဦးဆောင်မှုမရှိဘဲ စစ်ရေးဝါဒသက်သက် ကို ကျင့်သုံးခြင်းကြောင့်ဟု ကေအင်န်ယူခေါင်းဆောင်

များက အကဲဖြတ်ကြသည်။ အနောက်အုပ်စုကို လိုလား သောကြောင့် လက်ယာဝါဒီများဟု သတ်မှတ်ခံရကာ အခြားသောင်းကျန်းသူများကလည်း ဆန့်ကျင်တိုက်

ခိုက်ခဲ့ကြသောကြောင့် နှစ်ဖက်ညှပ်၍ စစ်ရေးတွင် ကျဆုံးခဲ့ရသည်ဟု ယူဆသည်။ ထို့ကြောင့်ကေအင်န် ယူခေါင်းဆောင်များသည် မာ့ခ်စ်လီနင်ဝါဒကိုလက်ခံ သော

ကေအင်န်ယူပါတီကိုတည်ဆောက်ရန်ကြိုးပမ်း လာကြတော့၏။

ကေအင်န်ယူ၏ဝိန့်ထောင်ကွန်ဖရင့်[ပြင်ဆင်ရန်]

၁၉၅၃ခုနှစ်၊ ဇွန်လ ၉ရက်တွင် ကရင်လက်နက် ကိုင်ခေါင်းဆောင်များသည် မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်၊ ပရိုက်သောင်တန်းရွာအနီးရှိ စခန်းတစ်နေရာ တွင်

ကွန်ဖရင့်တစ်ရပ်ကိုကျင်းပခဲ့သည်။ ယင်းကွန်ဖရင့် ကို ဝိန့်ထောင်ကွန်ဖရင့်ဟုခေါ်သည်။ ကေအင်န်ယူတို့၏ ပထမလမ်းစဉ်မှာ လူမျိုးရေးကို အခြေခံသောလမ်းစဉ်

ဖြစ်သည်။ သို့သော် ဝိန့်ထောင်ကွန်ဖရင့်သည် ပထမ လမ်းစဉ်ကိုပြောင်း၍ ဒုတိယလမ်းစဉ်ကိုချမှတ်ပေး လိုက်သည်။ မဟာမိတ်သောင်းကျန်းသူများဖြစ်သော

ပအိုဝ်းနှင့်မွန်သောင်းကျန်းသူများကိုလည်း ပြည်နယ် များခွဲပေးလိုက်သည်။ ဒုတိယလမ်းစဉ်အရ ကရင် တော်လှန်ရေးအတွက် ပါတီ၊ တပ်မတော်နှင့် တပ်ပေါင်း

စုရှိရမည်ဟုချမှတ်ကြသည်။ သို့နှင့်ကေအင်န်ယူပါတီ ဟူ၍ပေါ်ပေါက်လာသည်။

၁၉၅၄ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ မြစ်ဝ ကျွန်းပေါ်တွင် ပါတီဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကျင်းပပြီး အောက်ပါဆုံးဖြတ်ချက်များကို ချမှတ် ပြန်သည်-

(က) ကေအင်န်ယူပါတီလမ်းစဉ်။

(ခ) နိုင်ငံရေးလမ်းစဉ်။

(ဂ) စည်းရုံးရေးလမ်းစဉ်။

(ဃ) မြေယာလမ်းစဉ်။

(င) ပြည်သူ့အုပ်ချုပ်ရေးလမ်းစဉ်။

(စ) စစ်ရေးလမ်းစဉ်။

(ဆ) ကေပီအယ်အေ နှင့် ကေပီဂျီအက်(ဖ်) ဖွဲ့ စည်းပုံစည်းကမ်းဥပဒေများရေးဆွဲရေး။

(ဇ) စီးပွားရေးစီမံကိန်းများရေးဆွဲခြင်း။

(ဈ) စစ်ဆင်ရေးရေးဆွဲခြင်း။

(၁) ပူးတွဲစစ်ဆင်ရေး။

(၂) မိမိပါတီအဖွဲ့အစည်းစစ်ဆင်ရေး။

ကေအင်န်ယူတို့သည် ပေါ်လစီနှင့်လုပ်ငန်းစဉ် များကို ၁၉၅၄ခုနှစ်၊ ဩဂုတ်လတွင်ရေးဆွဲချမှတ်ပြီး နောက် အကောင်အထည်ဖော်ရန် ၁၉၅၄ခုနှစ် စက်တင်ဘာလ၊

အောက်တိုဘာလများတွင် မြစ်ဝကျွန်း ပေါ်တပ်မှူးပေါင်းစုံကွန်ဖရင့်ကျင်းပခဲ့သည်။ ကွန်ဖရင့် တွင် ဗဟိုကော်မတီ၏လမ်းစဉ်ကိုအတည်ပြုလိုက်ကြပြီး ဇုန်နယ်များကို

အောက်ပါအတိုင်းခွဲခြားကြပြန်သည်။

(က) ဇုန်(၁)။ ညောင်တုန်းမြစ်ကမ်းမှ သာရဝေါ အထိ အမှတ်(၁)ခရိုင်အဖြစ်သတ် မှတ်သည်။ အမှတ်(၃)ခရိုင်ကို ညောင်တုန်းတောင်ဘက်မှရန်ကုန် အထိ၊

အမှတ်(၆)ခရိုင်ကို ပဲခူးရိုးမ အဖြစ် သတ်မှတ်၍ ယင်းအမှတ် (၁) (၃) (၆)ခရိုင်များကို ဇုန်(၁) တွင်းထည့်သွင်းရန်။

(ခ) ဇုန်(၂)။ ဇုန်(၂)တွင် အမှတ်(၄)(၇)နှင့်(၈) ခရိုင်များပါဝင်ပြီး အမှတ်(၄)မှာ ဟင်္သာတခရိုင်၊ အမှတ်(၇)မှာ ဓနု ဖြူ၊ ညောင်တုန်းနှင့်မအူပင်မြို့နယ် များ၊

အမှတ် (၈)ခရိုင်မှာ ငဝန်မြစ် အနောက်ဘက်ကမ်းခြေသံတွဲ နယ်စပ်အထိတို့ဖြစ်သည်။

(ဂ) ဇုန်(၃)။ ဇုန်(၃)တွင်အမှတ်(၂)နှင့်(၅) ခရိုင် တို့ပါဝင်ပြီး အမှတ်(၂)ခရိုင်မှာ ပုသိမ်အရှေ့ပိုင်းနှင့်မြောင်းမြခရိုင် တစ်ခုလုံး၊ အမှတ်(၅)ခရိုင်မှာ ဖျာ

ပုံခရိုင်တို့ဖြစ်သည်။

ကေအင်န်ယူပါတီသည် ဇုန်အသီးသီးကို ဗဟို ကော်မတီက ခေါင်းဆောင်စေခဲ့သည်။ တပ်များကို လည်း ပြန်လည်ကျုံ့ပစ်လိုက်ပြီး မူလကတပ်များကို

ကေအင်န်ယူအက်(ဖ်) ကေအင်န်ယူတပ်ရင်း(၁)၊ (၂) (၃)အဖြစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။ ကေပီဂျီ အက်(ဖ်) တပ်မဟာ(၄)နှင့်(၅)ကိုလည်း ဖွဲ့စည်းလိုက် သည်။

သို့ရာတွင် ပဲခူးရိုးမကြီးတစ်ခုလုံးနှင့် အရှေ့ ကော်သူးလေတွင် ဇုန်နယ်များမဖွင့်နိုင်ခဲ့ကြသေးပေ။ ၁၉၅ဝ ပြည့်နှစ် ဩဂုတ်လ ၁၂ရက်တွင်စောဘဦးကြီး

သေဆုံးပြီးနောက်ကေဂျီဘီ ဟူ၍ ဂျေဖူးညို ဦးစီး သော ကော်သူးလေ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့သေးသည်။ ယင်းအဖွဲ့သည်လည်း ၁၉၅၅ခုနှစ်အထိ

တည်မြဲနေခဲ့သည်။ ကေအင်န်ယူသောင်းကျန်းသူများ၏ လှုပ်ရှားမှုတွင် အရှေ့ကော်သူးလေနယ်နှင့်အနောက် ကော်သူးလေနယ်သည် ထိုအချိန်ကပုံသဏ္ဌာန်ချင်း

မသိမသာကွာခြားနေခဲ့ပြီးဖြစ်သည်။ ကေအင်န်ယူ ပါတီဗဟိုသည် ရံဖန်ရံခါတွင် ဒေါနတောင်တန်း၊ ဖာပွန် ကော့ကရိတ်နယ်များမှ ကေအင်န်ဒီအိုများအပေါ်တွင်

ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ် မှစ၍ ရောင်စုံသောင်းကျန်းသူများပေါ်ပေါက်ခဲ့ရာ ၁၉၄၉ခုနှစ်သည် အခြေအနေအဆိုးဆုံးနှစ်ဖြစ်ခဲ့ သည်။

၁၉၅ဝပြည့်နှစ်မှစ၍ သောင်းကျန်းမှုအရှိန် အဟုန်မှာလျော့ပါးလာခဲ့ရသည်။ ကေအင်န်ယူ၊ ဗမာ ပြည်ကွန်မြူနစ်ပါတီ၊ မွန်၊ ပအိုဝ်း၊ ပဒေါင်စသည့်

ရောင်စုံသောင်းကျန်းသူများအား တပ်မတော်မှ တိုက် ခိုက်နှိမ်နင်းနေရစဉ်မှာပင် ကေအမ်တီကျူးကျော်မှု ပေါ်ပေါက်ခဲ့သည်။ သောင်းကျန်းသူများသည် ပြည်ပရန်

ကေအမ်တီကျူးကျော်မှုကိုအခွင့်ကောင်းယူ၍ နောက် ကျောကိုဓားနှင့်ထိုးခြင်း၊ ပြည်ပရန်နှင့်ပူးပေါင်း၍ အမျိုး သားရေးသစ္စာဖောက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသော်လည်း

တပ်မတော်သည်သောင်းကျန်းသူများအား လျော့နည်း သည်ထက်လျော့နည်းအောင် ချေမှုန်းနိုင်ခဲ့လေသည်။

ကေအင်န်ယူပါတီသည် အနောက်အုပ်စုလိုလား သည့် လက်ယာယိမ်းအယူအဆများမှ အရှေ့အုပ်စုကို အားကိုးသည့်လက်ဝဲဝါဒီများအဖြစ်သို့ကူးပြောင်းလာ သည်။

သို့သော်ခေါင်းဆောင်များသည် အောက်ခြေ ငယ်သားများအထိ တစ်ပြေးတည်းပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ခေါင်းဆောင်များ၌ပင်လျှင် အချို့ခေါင်း

ဆောင်များမှာလက်ဝဲဝါဒီများမဟုတ်ခဲ့ကြ။ ကေအင်န် ယူပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ကြိုးကိုင်ခြယ် လှယ်မှုကို တစ်စတစ်စခံယူလာရာ ဗမာပြည်ကွန်မြူ

နစ်ပါတီအတွင်းမှ နိုင်ငံရေးအယူအဆကွဲပြားမှုဂယက် များသည် ကေအင်န်ယူပါတီကိုပါ ရိုက်ခတ်ထိပါးခဲ့ သည်။

ကေအင်န်ယူပါတီသည် လက်ဝဲအယူအဆသို့ ပြောင်းလဲလာသည်နှင့်အမျှ အခြားလက်ဝဲဝါဒီသောင်းကျန်းသူများနှင့် ပြေလည်မှုအတန်အသင့်ရလာသော် လည်း

မိမိ၏အဖွဲ့အစည်းအတွင်း၌မူ နိုင်ငံရေးပဋိပက္ခ များရှုပ်ထွေး၍လာသည်။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ် စာမျက်နှာ

၃၃တွင် ကေအင်န်ယူတို့၏ဒုတိယလမ်း စဉ်နှင့်ပတ်သက်၍ အောက်ပါအတိုင်းဖော်ပြထားသည်။

'၁၉၅၃ခုနှစ်မှ ၁၉၆ဝပြည့်နှစ်ပိုင်းတွင် အနောက် ကိုစွန့်ခွာ၍ အရှေ့ကိုမျှော်ကြပြန်သည်။ လက်ဝဲဝါဒီ များကိုလေ့လာခံယူကြသည်။ ဝါဒစွဲလွန်၍ အချင်းချင်း ပင်

သူကဓနရှင်ပေါက်စ၊ ငါကမှပစ္စည်းမဲ့ဟုပြိုင်ဆိုင် လာကြသည်။ လယ်တစ်ဧက ငွေတစ်ဆယ်လောက်မှ မပိုင်တဲ့ကျွန်တော်တို့ကိုတောင်မှ ဓနရှင်ပေါက်စဟု

ခေါ်ကာခေါင်းဆောင်နေရာမှ ဖယ်ရှားရန်လုပ်ကြသည်ဟု စောဟန်တာသာမွှေးက ဆိုလေသည်။ ဖောက် ပြန်ရေးသမား၊ သွေဖည်ရေးသမားစသည်ဖြင့် အပြန်

အလှန်ခေါ်ဝေါ်စွပ်စွဲကာအချင်းချင်းကဲ့ရဲ့ကြရသည်သာ အဖတ်တင်သည်

ကေအင်န်ယူပါတီသည် စစ်ရေးဝါဒီများအဖြစ်မှ နိုင်ငံရေးဦးဆောင်မှုရှိသူများအဖြစ်ကိုပြောင်းလဲရာ တွင် ကရင်လက်နက်ကိုင်အားလုံးတစ်ချိန်တည်းတွင်

ပြောင်းလဲခဲ့ခြင်းမဟုတ်ဘဲ ပဋိပက္ခများစွာပေါ်ပေါက်ခဲ့ ရလေသည်။

ဒုတိယလမ်းစဉ်[ပြင်ဆင်ရန်]

ကေအင်န်ယူတို့၏ဒုတိယလမ်းစဉ်မှာလက်ဝဲ ယိမ်းသောလမ်းစဉ်ဖြစ်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုကိုခံယူရတော့သည်။

ဒုတိယလမ်းစဉ်၏အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ ကော်သူးလေတော်လှန်ရေးစစ်တမ်း(၁၉၅၉)တွင် အောက်ပါအတိုင်းတွေ့ရသည်-

ဒုတိယလမ်းစဉ်အရ ငါတို့ဆောင်ရွက်နေကြသည့် ကာလအပိုင်းအခြားကိုမြစ်ဝကျွန်းပေါ်တိုင်းတွင် ၁၉၅၃ ခုနှစ်မှစ၍ ယနေ့အထိဟုသတ်မှတ်ရပေမည်။ အရှေ့

တိုင်းတွင်မူကား ၁၉၅၅ ခုနှစ်မှစ၍သာ အတိအကျ စတင်ခဲ့ပေသည်။

ဒုတိယလမ်းစဉ်သည်အောက်ပါသဘောတရား အချက်အလက်များအပေါ်အခြေခံရပေသည်-

  • စစ်ရေးသည် နိုင်ငံရေး၏အဆက်ဖြစ်သော ကြောင့် ငါတို့၏လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲသည် ကရင့်နိုင်ငံရေးကိုဆက်လက်

လုပ်ခြင်းဖြစ်သည်။

  • နိုင်ငံရေးဦးဆောင်မှုကို စစ်ရေးကခံယူရ မည်။
  • ငါတို့၏တော်လှန်ရေးကို ပထမလမ်းစဉ်မှာကဲ့ သို့ စစ်ရေးက ဦးဆောင်မှုမပေးတော့ဘဲ နိုင်ငံရေးကဦးဆောင်မှုပေးရမည်။
  • ငါတို့၏တော်လှန်ရေးသည် လက်နက်ကိုင် တိုက်ပွဲဖြစ်၍ လက်နက်ကိုင်စည်းရုံးရေးသည် အဓိကစည်းရုံးရေးအသွင်ဖြစ်သည်။
  • ငါတို့၏တော်လှန်ရေးသည်အမျိုးသားလွတ် မြောက်ရေးတိုက်ပွဲနှင့်လူတန်းစားလွတ်မြောက် ရေးတိုက်ပွဲဟူသောအသွင်နှစ်ရပ်ကိုဆောင် သည်။
  • ငါတို့၏တော်လှန်ရေးသည် ဗမာနိုင်ငံပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး၏အစိတ်အပိုင်း ဖြစ်သည်။
  • ဗမာပြည်တော်လှန်ရေးသည် တရုတ်ပြည် တော်လှန်ရေးနှင့်ဆင်သဖြင့် တရုတ်တော်လှန် ရေး၏သင်ခန်းစာများကိုနည်းယူရမည်။
  • ဗမာပြည်သည် ပဒေသရာဇ်တစ်ပိုင်း ကိုလိုနီ တစ်ပိုင်းနိုင်ငံဖြစ်သည်။
  • ဗမာပြည်၏စီးပွားရေးသည် အဓိကအားဖြင့် နယ်ချဲ့လက်ထဲတွင်ရှိသည်။
  • ဖဆဆိုရှယ်အစိုးရသည် အဓိကအားဖြင့် နယ်ချဲ့အလုပ်အကျွေးပြုအစိုးရဖြစ်သည်။
  • ဖဆဆိုရှယ်အစိုးရသာလျှင် ဗမာပြည် တော်လှန်ရေး၏ တစ်ဦးတည်းသော ရန်သူ ဖြစ်သည်။
  • ကေအင်န်ယူအစည်းအရုံးကို ပါတီစနစ်အရ ပြန်လည်ဖွဲ့စည်းရမည်။
  • ကေအင်န်ယူပါတီဖြစ်လာလျှင် မာ့ခ်စ်လီနင် ဝါဒ၏လမ်းညွှန်မှုကိုခံယူရမည်။
  • ကေအင်န်ယူပါတီ၏လက်အောက်တွင် သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းအလိုက်ဖွဲ့ စည်းထားသောလူထုအဖွဲ့အစည်းများရှိရမည်။
  • ပါတီ၊ စစ်တပ်နှင့်လူထုတို့သည် တစ်သား တည်းဖြစ်စေရမည်။
  • လယ်သမားလူတန်းစား၏ဘဝကိုမြ§င့်တင်ရ မည်။
  • ကရင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကို တည်ဆောက်ရမည်။
  • လူမျိုးစုတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည်။
  • လူမျိုးငယ်ညီညွတ်ရေးတပ်ဦးတစ်ရပ်ကို တည်ဆောက်ရန်လိုသည်။
  • တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများ နှင့် အခြေအနေအရ ပူးတွဲဆောင်ရွက်သင့် သည်။
  • တော်လှန်ရေးအင်အားစုအားလုံးတို့၏ ညီညွတ်ရေးတပ်ပေါင်းစုကြီးတစ်ရပ်တည် ဆောက်ရန်လိုသည်။

ဤသဘောတရားများဖြင့် ၂၆-၆-၅၆ရက်၌ ကျင်းပသောဒုတိယအကြိမ်မြောက်ကော်သူးလေ ပြည် လုံးဆိုင်ရာ ကွန်ဂရက်တွင်အောက်ပါရည်ရွယ်ချက်နှင့်

လုပ်ငန်းစဉ်များကို ငါတို့တင်သွင်းအတည်ပြုခဲ့ကြ ပေသည်။

ရည်ရွယ်ချက်။(၁) ကရင်အမျိုးသားများ၏ အချုပ် အခြာအာဏာပိုင် ကရင်ပြည်နယ် ရရှိရေး။

(၂) မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုး စုအားလုံး အချုပ်အခြာ အာဏာပိုင် ပြည်နယ်များရရှိရေး။

(၃) ဆန္ဒအရပူးပေါင်း၍ စည်းလုံး ညီညွတ်လွတ်လပ်ပြီး ငြိမ်းချမ်း သာယာသော ပြည်သူ့ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကို

တည်ဆောက်ရန်။

(၄) အဆုံးသတ်ရည်မှန်းချက်အားဖြင့် ထာဝစဉ်ငြိမ်းချမ်းရေးနှင့်ဆိုရှယ်လစ် လောကတည်ဆောက်ရန်။

အဓိကရန်သူ။ နယ်ချဲ့ပဒေသရာဇ်။

အဓိကတိုက်ကွင်း။ ဖဆဆိုရှယ်အစိုးရ။

တော်လှန်ရေးအင်အားစုအနေအထား။ (၁) အလုပ်သမားလူတန်းစားကရှေ့ဆောင် ၍ (၂) တောင်သူလယ်သမားလူတန်းစားကို မဟာမိတ်ဖွဲ့ကာ

(၃) လူမျိုးစုများ၊ အရင်းရှင်ပေါက်စနှင့် လူလတ်တန်းစားများ ပူးပေါင်းပြီး(၄) တိုင်းရင်းသားဓနရှင်များကို နယ်ချဲ့ဆန့် ကျင်သောအခါတွင် ပူးပေါင်းရမည်။

'ဤအချက်နှင့်လုပ်ငန်းစဉ်များကိုရေးဆွဲထား သောပုံသည် သေနင်္ဂဗျူဟာဆန်ပေသည်။ ၎င်းသေနင်္ဂဗျူဟာပါ အင်အားစုအနေအထားကိုကြည့်လျှင် အလုပ်

သမားလူတန်းစားက ရှေ့ဆောင်ရန်ကိုတွေ့ရှိရပေ သည်။ သို့သော်လက်တွေ့မှာမူကား ကရင်အမျိုးသား များထဲတွင် အလုပ်သမားလူတန်းစား၏အင်အားမှာ

အလွန့်အလွန်နည်းပါးသည်ကိုတွေ့ရှိရပေသည်။ ထို့ ကြောင့် အလုပ်သမားလူတန်းစားကသာလျှင် ဦးဆောင် မှုပေးရမည်ဆိုပါက ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုကို သာ

ငါတို့ခံယူရပေမည်။ သို့သော်လည်း ကွန်မြူနစ်ပါ တီမှာလည်း သခင်သန်းထွန်းခေါင်းဆောင်သော ဗမာ ပြည်ကွန်မြူနစ်ပါတီနှင့်သခင်စိုးခေါင်းဆောင်သော

အလံနီကွန်မြူနစ်ပါတီဟူ၍ ကွဲပြားနေပေရာ မည်သည့် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုနောက်သို့ လိုက်ရမည်မှာ ပြဿနာတစ်ရပ်ဖြစ်ပေသည်။

တစ်ဖန် ၎င်းသေနင်္ဂဗျူဟာတွင် တောင်သူလယ်သမားလူတန်းစားကို အဓိကမဟာမိတ်ဖွဲ့ရမည်ဆိုပေ သည်။ သို့သော်ဖြစ်ရပ်အမှန်ကား ကရင်အမျိုးသား

အများစုကား တောင်သူလယ်သမားများဖြစ်ကြ၏။ ထို့ ကြောင့် ကရင်တောင်သူလယ်သမား လူတန်းစားသည် ငါတို့တော်လှန်ရေး၏ အဓိကမဟာမိတ်မဟုတ်ဘဲ

အဓိကအင်အားစုသာလျှင် ဖြစ်ရပေမည်။ ထို့ကြောင့် ကရင်တောင်သူလယ်သမားလူတန်းစားကို အဓိက မဟာမိတ်အဖြစ်သတ်မှတ်ခြင်းအားဖြင့် သေနင်္ဂဗျူဟာ ရေး

မှားယွင်းမှုရှိပေသည်။

၎င်းနောက် အရင်းရှင်ပေါက်စလူတန်းစား၊ လူလတ်တန်းစားတို့နှင့်ပူးပေါင်းပြီး တိုင်းရင်းသား ဓနရှင်များကို အခါအားလျော်စွာ ပူးပေါင်းရမည်ဟု

ချမှတ်ထားပြန်သဖြင့် ရန်သူလူတန်းစားပျောက်ကွယ် လုမတတ်ဖြစ်သွား၏။ ထို့အပြင် ယာယီမဟာမိတ်ဖွဲ့ ရမည့် လူတန်းစားများ အစရှိသည်တို့ကိုလည်း

သတ်မှတ်မထားခဲ့သဖြင့် သေနင်္ဂဗျူဟာရေးအမြင်နှင့် ကြည့်လျှင် တိကျပြတ်သားခြင်းမရှိသည့် ရှုပ်ထွေးသော သေနင်္ဂဗျူဟာသာ ဖြစ်သည်ဟုမှတ်ချက်ချရပေမည်။

ဤရှုပ်ထွေးသော သေနင်္ဂဗျူဟာ မှပေါက်ဖွားလာသော နည်းပရိယာယ်ရေး လုပ်ငန်းမှန်သမျှသည်လည်း ရှုပ်ထွေးနေမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် ငါတို့သည် ငါတို့တော်လှန်ရေး၏ အသွင်လက္ခဏာများကို ကျကျနနမငုံမိသောကြောင့် ငါတို့ရေးဆွဲသတ်မှတ်ခဲ့သောသေနင်္ဂဗျူဟာ နှင့်နည်း

ပရိယာယ်များတိုက်ပွဲအသွင်၊ စည်းရုံးရေးအသွင်များ နှင့် ကြွေးကြော်သံများသည် အံကိုက်ခြင်းမရှိဘဲ သပွတ်အူလိုက်နေကာ ငါတို့၏အသွေးအရောင်များ

မှာလည်း နီသယောင်ယောင်၊ ဖြူသယောင်ယောင် ရှိနေကြပေသည်။ ဤသို့သော ဖြစ်ရပ်များသည်ကား ငါတို့တော်လှန်ရေးအတွက် အန္တရာယ်အလွန်များပေ သည်။

တစ်ဖန်ဤဒုတိယလမ်းစဉ်အရ ဆောင်ရွက်ခဲ့ သောကာလအပိုင်းအခြားအတွင်း ငါတို့၏နိုင်ငံရေး၊ စည်းရုံးရေး၊ ပါတီရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး

အစရှိသည်တို့ ပြန်လည်ဆန်းစစ်ရန် လိုအပ် ပေသည်။ ငါတို့သည် ကျဉ်းမြောင်းသော လူမျိုးရေး အသိမှ တစ်ဆင့်တက်၍ နိုင်ငံရေးအယူအဆများကို

လက်ခံလာကြခြင်းမှာ ငါတို့အတွက် အောင်မြင်ချက်ဟု ဆိုရပေမည်။ ငါတို့တပ်မှူးတပ်သားများသည်လည်း ဤနိုင်ငံရေးသဘောတရားများကြောင့် စာရိတ္တရေး၊

လူထုဆက်ဆံရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးတို့တွင် တိုးတက်ကောင်းမွန်လာခဲ့ခြင်းမှာ ငါတို့၏ကြီးမားသော အောင်မြင်ချက်ဖြစ်ပေသည်။

နိုင်ငံရေးအရ ဤသို့သောအောင်မြင်ချက်များရှိ သော်လည်း ဤအောင်မြင်ချက်များသည် ငါတို့ ကော်သူးလေတစ်ပြည်လုံးအတွက်အကျုံးဝင်သည် မဟုတ်ပေ။

အရှေ့တိုင်းတွင် နိုင်ငံရေးအရတိုးတက်မှု မှာ နှေးကွေးလှပြီး ငါတို့၏နိုင်ငံရေး၊ သဘောတရားရေး အမြင်သစ်များကို ယခုထက်တိုင်လက်မခံသူအများ

အပြားရှိနေပေသေးသည်။ ထိုနည်းတူစွာမြစ်ဝကျွန်းပေါ် တိုင်းတွင်လည်း နိုင်ငံရေးအရတစ်ပြေးညီစွာ တိုးတက်ခဲ့သည်မဟုတ်ပေ။ တိတိကျကျဖော်ပြရလျှင်

မြစ်ဝကျွန်းပေါ်တပ်မဟာ(၁)၊ (၄) နှင့် (၇) ဧရိယာ တို့မှလွဲ၍ ကျန်ဧရိယာများသည် သဘောတရားရေးရာ တွင် အဆင့်အတန်းလွန်စွာနိမ့်ကျလျက်ရှိနေပေသေး သည်။

ထို့ကြောင့် နိုင်ငံရေးအယူအဆနှင့်ပတ်သက် လျှင် ငါတို့သည် အနည်းငယ်မျှသော ငါတို့၏ရဲဘော် များကို ပြုပြင်နိုင်ခဲ့သလောက် ကျန်ရဲဘော်များနှင့်

ကရင်လူထုကြီးအား နိုင်ငံရေးအရတက်ကြွလာကြ အောင် နှိုးဆွခြင်းမပြုနိုင်သေးပေ။

ငါတို့၏နိုင်ငံရေးအယူအဆပြောင်းလဲလာသည် နှင့်အမျှ ဗမာပြည်ကွန်မြူနစ်ပါတီ၏လိမ္မာပါးနပ်သော လမ်းညွှန်မှုအောက်သို့ ငါတို့ကိုယ်ငါတို့မသိဘဲ တဖြည်း

ဖြည်းရောက်ခဲ့ကြသည်မှာ ငါတို့မငြင်းကွယ်နိုင်ပေ။ ထို့ကြောင့်လည်း ငါတို့၏လုပ်ငန်းစဉ်များရေးဆွဲ ချမှတ်ရာတွင်လည်းကောင်း၊ ပါတီတွင်း၊ တပ်တွင်း

ပညာပေးရေးတွင်လည်းကောင်း၊ ငါတို့သည် ကွန်မြူနစ် ပါတီ၏ အတွေ့အကြုံများ၊ စာရွက်စာတမ်းများတို့ကို ငါတို့မှီငြမ်းပြုခဲ့ကြပေသည်။ ပြည်သူလူထုအနေဖြင့်

လည်း ငါတို့သည် ကွန်မြူနစ်များဖြစ်ကုန်ပြီဟု အထင်အမြင်ရှိလာကြပေသည်။ ငါတို့၏လုပ်ငန်းစဉ် များသည်လည်း ကွန်မြူနစ်ပါတီ၏ဗမာပြည်

တော်လှန်ရေးသေနင်္ဂဗျူဟာတွင် အကျုံးဝင်လာရ ပေသည်။ ဥပမာဆိုလျှင် သုံးပါတီညီညွတ်ရေး တပ်ပေါင်းစုက ဒီမိုကရေစီငြိမ်းချမ်းရေးညွန့်ပေါင်း အစိုးရဖွဲ့ရေး၊

ပြည်တွင်းစစ်ရပ်စဲရေး၊ တရုတ်ဖြူ တိုက်ထုတ်ရေးတို့ကို ကြွေးကြော်လျှင် ငါတို့ကလည်း ဤအတိုင်းပင် ကြွေးကြော်ခဲ့ကြသည်။ ကွန်မြူနစ် ပါတီက

စေ့စပ်ရေးဖြင့်ပြည်တွင်းစစ်ကို ရပ်စဲလော့၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းလော့ ဟု ကြွေးကြော်လျှင် ငါတို့ကလည်း ထိုနည်းအတိုင်း

ကြွေးကြော်ခဲ့သည်။

(ကော်သူးလေတော်လှန်ရေးစစ်တမ်းစာမျက်နှာ ၂၃မှ ၂၉အထိ)

ကေအင်န်ယူများသည် စစ်ရေးအရရှုံးနိမ့်လာ သဖြင့် နိုင်ငံရေးအရပြန်လည် အဖတ်ဆယ်နိုင်စေရန် လမ်းစဉ်ပြောင်းလဲလာသကဲ့သို့ ဗမာပြည်ကွန်မြူနစ်

ပါတီသည်လည်း စစ်ရေးအရရော နိုင်ငံရေးအရပါ ရှုံးနိမ့်လာသဖြင့် ပြန်လည်အဖတ်ဆယ်ရန်မူဝါဒလမ်း စဉ်များကို အပြောင်းအလဲလုပ်လာရသည်။ အလံနီ ပါတီ၊

ပြည်သူ့ရဲဘော်တို့နှင့် လက်နက်ကိုင်တိုက်ခိုက် ကြသည်အထိပဋိပက္ခဖြစ်ပွားခဲ့ကြရာမှ သုံးပါတီ ညီညွတ်ရေးကို ကြွေးကြော်လာကြသည်။ ကေအင်န်ယူ များကို

နယ်ချဲ့နောက်မြီးဆွဲလက်ယာဝါဒီများဟု သတ်မှတ်ထားရာမှ လက်ဝဲဆန်လာသောအခါ လက်အောက်ခံအဖွဲ့အစည်းအဖြစ် သိမ်းသွင်းရန် ကြိုးစားလာသည်။ [၁]

ဗမာပြည်ကွန်မြူနစ်ပါတီ လမ်းစဉ်ပြောင်းလဲခြင်း[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ၊ ရဲဘော်ဖြူ တို့၏ သုံးပါတီညီညွတ်ရေး[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ရဲဘော်အဖွဲ့(ပီစီပီ)တို့မှ

ကိုယ်စားလှယ်တို့သည် ပါတီတစ်ခုတည်း ဖြစ်ပေါ်ရေး အတွက် သုံးပါတီညီညွတ်ရေး ကွန်ဖရင့်တစ်ရပ် ကျင်းပ ကြသည်။ ၇၅ ရက်တိုင်တိုင်ကျင်းပ

သော ထိုကွန်ဖရင့်တွင် ငြိမ်းချမ်းရေးညွန့်ပေါင်းအစိုးရလမ်းစဉ်ကို ဆွေးနွေးကာ သဘောတူညီချက်များရရှိခဲ့ကြသည်။ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ

တော်လှန်ရေး၏ အခြေခံ ဝါဒနှင့်လမ်းစဉ်၊ ထာဝစဉ်ငြိမ်းချမ်းရေးအတွက် တစ်မျိုးသားလုံး ညီညွတ်သွေးစည်းကြဟူသော ငြိမ်းချမ်းရေးနှင့်ညီညွတ်

ရေး လမ်းစဉ် တို့ကို ဆုံးဖြတ် ခဲ့ကြသည်။

ထို့အပြင် စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးများ တွင် ပူးတွဲဆောင်ရွက်နိုင်ရန်အတွက် သုံးပါတီ ဗဟို ပူးတွဲကော်မတီများကိုလည်းဖွဲ့စည်းခဲ့ကြသည်။

သုံးပါတီသဘာပတိအဖွဲ့(နိုင်ငံရေးအာဏာပိုင်အဖွဲ့) သည် သုံးပါတီ တစ်ပါတီဖြစ်ရေး၊ အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုပေါ်ပေါက်ရေး၊ တစ်ခုတည်း

သော ပြည်သူ့တပ်မတော်ပေါ်ပေါက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားရန် သဘောတူညီထားကြသည်။ သို့သော် သုံးပါတီညီညွတ်ရေးမှာအထက်

အဖွဲ့အစည်း အတွင်း၌ပင် နိုင်ငံရေးအယူအဆကွဲလွဲမှုများကြောင့် အောက်ခြေအဆင့်အထိ မခိုင်မြဲနိုင်ခဲ့ပေ။

ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီနှင့်ရဲဘော်ဖြူတို့ သုံးပါတီညီညွတ်ရေးအတွက် ဆောင်ရွက်နေချိန်တွင် တပ်မတော်သည် နိုင်ငံ၏အရှေ့ဘက်

တစ်လွှားလုံး တွင် ကေအမ်တီတရုတ်ဖြူကျူးကျော်ရေးသမားများအား စစ်ဆင်ရေးကြီးများဆင်နွှဲ၍ တိုက်ခိုက်မောင်းထုတ်ရ သည်။

ကေအင်န်ဒီအိုများမှာမူ တရုတ်ဖြူနှင့်အတိ အလင်းပေါင်းသင်းနေကြသည်။ ထိုအတောအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီသည် အခွင့်ကောင်း

ယူ၍ တပ်စခန်းငယ်များကိုဝင်ရောက်စီးနင်းခြင်း၊ ကေအမ်တီ ဆန့်ကျင်ရေးအကြောင်းပြ၍ အင်တောကျောက်ဂူဒေသ တွင် ဝင်ရောက်

အခြေချခြင်း၊ ဖြူး၊ ညောင်ပင်သာဒေသ တွင် တပ်မတော်ကို ချုံခိုတိုက်ခိုက်၍ နှောင့်ယှက်ခြင်း များကိုပြုလုပ်ခဲ့ကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗဟိုဌာနချုပ်ကို ၁၉၅၂ ခုနှစ်၊ မေလတွင် ပျဉ်းမနားနယ်မှ ပခုက္ကူ ယောဒေသသို့ ပြောင်းရွှေ့လိုက်သည်။ သုံးပါတီ

ညီညွတ်ရေး ဆွေးနွေးချိန်တွင်မူ မုံရွာ-ပုလဲဒေသသို့ ပြောင်းရွှေ့ထားသည်။ သို့သော်ထိုနေရာတွင် သုံးလသာ ကြာမြင့်ပြီးနောက် ၁၉၅၂ ခုနှစ်၊

အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပခုက္ကူ-ယောချောင်းကို ပြန်ရွှေ့ပြန် သည်။ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သရက်လက်ပန်ခုန်ရွာ

တွင် ဗဟိုဌာနချုပ်ဖွင့်လှစ်ပြီး မေလမှစက်တင်ဘာလအထိ မင်းဘူး-စေတုတ္တရာ ဒေသ၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပခုက္ကူ- ယောချောင်း

ဒေသ၊ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ မုံရွာ-ပုလဲဒေသ၊ ဩဂုတ်လမှ ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလအထိ ပခုက္ကူ-ယောချောင်းဒေသ စသည်ဖြင့်

ဗဟိုဌာနချုပ်သည် နေရာအမျိုးမျိုး ရွှေ့ပြောင်းခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် အလံနီများ အများဆုံးရှိသည့် ဧရာဝတီအနောက်ခြမ်း ဒေသတွင်

ဗဟိုဌာနချုပ်ဖွင့်လှစ်ခြင်းဖြင့် သုံးပါတီ ညီညွတ်ရေးတွင် အပေါ်စီးရအောင်ဆောင်ရွက်ခဲ့ သည်။ သို့သော် အောင်မြင်မှုမရခဲ့ပေ။

သခင်စိုး၏ အလံနီပါတီသည် သုံးပါတီညီညွတ် ရေးတွင် ကွန်ဖရင့်မှ ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေး ညီညွတ်ရေးလမ်းစဉ်ကို အန္တရာယ်ရှိသည်ဟု

ယူဆခဲ့ သည်။

ထို့ကြောင့် ပြန်လည်စဉ်းစားမည်ဟု ဆိုလာကြ သည်။ အလံနီတို့၏ တောင်းဆိုချက်အတိုင်း သုံးပါတီ ခေါင်းဆောင်များ ပြန်လည်ဆွေးနွေးကြသော်

လည်း ပြေလည်မှုမရှိခဲ့ပေ။ သို့နှင့်သုံးပါတီဆက်ဆံရေးမှာ အခြေအနေတင်းမာလာခဲ့ရသည်။ သခင်စိုးက သုံးပါတီ လမ်းစဉ်ကို စေ့စပ်ရေးလမ်းစဉ်

အဖြစ် စွပ်စွဲလိုက်သည်။

သခင်သန်းထွန်းပါတီနှင့် ပြည်သူ့ရဲဘော်တို့သည် အချောင်သမား မင်ရှီဗစ်များဖြစ်သည်ဟူ၍လည်း စွပ်စွဲ လိုက်သည်။ အလံနီများသည် ကျန်နှစ်ပါတီ

အပေါ် သံသယဝင်နေပြီဖြစ်သဖြင့် အလံနီကွန်မြူနစ်ပါတီ ဗဟိုကော်မတီစုံ ကွန်ဖရင့်တွင် ကျန်နှစ်ပါတီကို ပုတ်ခတ်တော့သည်။

၁၉၅၄ ခုနှစ်၊ မေလနှင့်ဇွန်လတွင် သုံးပါတီ သဘာပတိအဖွဲ့ အစည်းအဝေးကျင်းပပြီး သုံးပါတီ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးလမ်းစဉ်ကို ပြန်လည်သုံးသပ်

ဆွေးနွေးကြပြန်သည်။ သခင်သန်းထွန်းသည် သုံးပါတီ လမ်းစဉ်တွင် ဖဆပလနှင့် ငြိမ်းချမ်းရေး ညွန့်ပေါင်း အစိုးရတည်ထောင်ရန် ထည့်သွင်းထားချက်

ကို ပြန်လည်ပြင်ဆင်လိုက်သည်။ အပြုတ်တိုက်ရေးကိုသာ ပြောဆိုလာသည်။ အလံနီများကလည်း ငြိမ်းချမ်းရေး ညီညွတ်ရေးလမ်းစဉ်ကို

ဝေဖန်လာသည်။ သို့နှင့် သုံးပါတီသဘာပတိအဖွဲ့သည် ငြိမ်းချမ်းရေး၊ ညီညွတ် ရေးလမ်းစဉ်ကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက် ကြပြန်သည်။

သို့သော် 'ဗမာပြည်-ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးလမ်းစဉ်' ကို ဆွေးနွေးကြသောအခါတွင် တစ်ပါတီကို အယူအဆတစ်မျိုးစီဖြစ်နေကြပြန်

လေ သည်။ သခင်သန်းထွန်းက အမေရိကန်နယ်ချဲ့ကို အဓိကရန်သူအဖြစ် သတ်မှတ်ထားခြင်းမှ ပြင်ဆင်လို ပြီး သခင်စိုးကမူ အမေရိကန်နယ်ချဲ့ကို

အဓိကရန်သူ အဖြစ်သာ သတ်မှတ်လိုသည်။ ပြည်သူ့ရဲဘော်အဖွဲ့ကမူ ယတိပြတ်အဖြေမပေးခဲ့ပေ။

ထို့နောက် သုံးပါတီသဘာပတိအဖွဲ့သည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှစ၍ ငြိမ်းချမ်းရေး၊ ညီညွတ် ရေးလမ်းစဉ်ကို ရုပ်သိမ်းရန်

သဘောတူလိုက်ကြသည်။ အလုံးစုံသဘောတူညီမှုမရရှိကြသော်လည်း ယာယီ သဘောတူညီချက်အချို့ကိုလည်း ဆုံးဖြတ်ကြသည်။ သို့သော်

သုံးပါတီသဘာပတိအဖွဲ့ အစည်းအဝေး ပြီးဆုံး၍ ရက်ပိုင်းမျှသာရှိသေးသော ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်တွင် အလံနီကွန်မြူနစ်များက ယင်းတို့

၏အာဘော်ဖြစ်သော အာဏာသစ်ဂျာနယ်တွင် ကျန် နှစ်ပါတီကို ပုတ်ခတ်ရေးသားပြန်လေသည်။ သို့နှင့် သုံးပါတီအခြေအနေမှာ နိုင်ငံရေး

အယူအဆနှင့် ရှေ့လုပ်ငန်းစဉ်များ မူဝါဒများတွင် မတူညီကြသော ကြောင့် တစ်ပါတီနှင့်တစ်ပါတီ သံသယများဝင်လာပြီး ပူးပေါင်းဆောင်ရွက်မှုဟူ၍

လည်းမရှိခဲ့ပေ။

သုံးပါတီညီညွတ်ရေးမှာ တဖြည်းဖြည်း အခြေအနေဆိုး၍ဆိုး၍လာသည်။ သဘာပတိအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များမှာလည်း အကောင်

အထည်ပေါ်လာခြင်းမရှိခဲ့ပေ။ ယင်းတို့၏သုံးပါတီမှာ တစ်ပါတီနှင့်တစ်ပါတီ ညီညွတ်ရေးကို ဆောင်ရွက်ဖို့ နေနေသာသာ မိမိတစ်ပါတီချင်း

ညီညွတ်ရေးကိုပင် မဆောင်ရွက်နိုင်ခဲ့ကြပေ။ အလံနီကွန်မြူနစ်များ အတွင်းတွင် ဘော်ရှီဗစ်-မင်ရှီဗစ်အစုအလိုက် တိုက်ပွဲ များဖြစ်ပေါ်နေပြီး

သခင်သန်းထွန်း၏ အလံဖြူ ကွန်မြူနစ်များတွင်လည်း တိုင်း ၃ အုပ်စုဟူ၍ ပေါ်လာ သည်။ အောက်ဗမာပြည် တိုင်းကော်မတီသည် ဗဟို

ချုပ်ကိုင်မှုများကို မနာခံမှုများပြုလုပ်လာသည်။

တပ်မတော်၏ ထိုးစစ်ကြောင့်လည်း တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီများသည် အစည်းအဝေးမထိုင်နိုင်ခဲ့ကြပေ။ ပါတီတွင်း စုပေါင်းခေါင်းဆောင်မှု

မှာလည်း ပျက်ပြား လာသည်။

၁၉၅၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပ သော ဆိုဗီယက် ကွန်မြူနစ်ပါတီ အကြိမ် ၂ဝ မြောက် ကွန်ဂရက်တွင် ခရူးရှက်(ဖ်)ကတင်သွင်း

သော အစီရင် ခံစာကို အလံနီများက အပြင်းအထန်ကန့်ကွက်ပြီး သခင်သန်းထွန်းတို့ လူစုကထောက်ခံခဲ့ကြသည်။ ယင်း အယူအဆရေးရာ

သဘောကွဲလွဲမှုသည် တစ်စထက် တစ်စပြင်းထန်လာပြီး သုံးပါတီညီညွတ်ရေးမှာ အမည်ခံမျှသာကျန်ရှိလေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၅၅ လမ်းစဉ်[ပြင်ဆင်ရန်]

၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူ နစ်ပါတီသည် ယင်း၏ ဗဟိုဌာနချုပ်ကို ပခုက္ကူဒေသ၊ ထွန်သက်ကယ်ကျင်းကျေးရွာအနီးတွင်

ယာယီစခန်းချခဲ့ သည်။ ယင်းအချိန်တွင် ပြည်ပမှ ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုကော်မတီအတွက် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ် အပြည့်အစုံကို

ပို့ပေးမည်ဟု ကြိုးမဲ့ကြေးနန်းစက်ဖြင့် အကြောင်းကြားခဲ့သည်။ ၁၉၅၅ ခုနှစ်၊ နှစ်ဆန်း၌ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်သည် စေတုတ္တရာ

ဝါးရုံတောဒေသသို့ ရောက်ရှိလာသည်။ ထို့နောက် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်သည် ပြည်ပမှ ကြိုးမဲ့ကြေးနန်း

ဖြင့် ရောက်ရှိ လာတော့သည်။ သို့သော် ထိုလမ်းစဉ်အား ဗမာပြည် ကွန်မြူနစ်ပါတီအနေနှင့် တစ်လုံးတစ်ပါဒမျှ ပြင်ဆင် ခြင်းမပြုရန် ပြည်ပမှ

တင်းကျပ်စွာ သတိပေးခဲ့သည်။ ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အကြွင်းမဲ့ လက်ခံလိုက်ရပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တွင်

၁၉၅၅ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေခံ လုပ်ငန်းစဉ်အဖြစ် ကြေညာလိုက်ရတော့၏။

ဖော်ပြပါလမ်းစဉ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၅၅ လမ်းစဉ်ပင်ဖြစ်သည်။ ယင်းလမ်းစဉ်၏ အနှစ် သာရမှာ 'ဖဆပလအစိုးရသည် နယ်ချဲ့အစိုးရ

နှင့် လုံးဝ ပူးပေါင်းသွားခြင်းမဟုတ်။ ထို့ကြောင့် ပေါင်းလည်း ပေါင်း၊ တိုက်လည်းတိုက်ရမည်။ ဖဆပလအစိုးရသည် အမျိုးသားဓနရှင်အစိုးရ

ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရာ တွင် (က)ကွန်မြူနစ်ပါတီတရားဝင်တည်ရှိရေး၊ (ခ)ဒီမို ကရေစီ အခွင့်အရေးများပေးရေး၊ (ဂ) နိုင်ငံရေး

အကျဉ်းသမားများလွှတ်ပေးရေး စသည့်အချက် သုံးချက်အရ တွေ့ဆုံဆွေးနွေး၍ ဥပဒေအတွင်း ဝင်ရောက်ရပ်တည်ရမည်။ ဥပဒေအတွင်း

ဝင်ရောက်ပြီး မှ အာဏာရရှိရေးအတွက် လုပ်ဆောင်ကြရမည်။

တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရေးအတွက် စစ်ရေး လှုပ်ရှားမှုနှင့် ဥပဒေတွင်းလှုပ်ရှားမှုကို ပေါင်းစပ်ရ မည်။ အဓိကမှာ ဥပဒေအတွင်း

တိုက်ပွဲသဏ္ဌာန်ကို ဖော်ဆောင်ကြရမည်'ဟူ၍ဖြစ်သည်။ ၅၅ လမ်းစဉ်မှာ ဥပဒေဘောင်အတွင်းမှ အာဏာသိမ်းယူရေးလမ်းစဉ် ပင်ဖြစ်သည်။

စင်စစ် ဗမာပြည်ကွန်မြူနစ်ပါတီသည် သုံးပါတီ သဘာပတိအဖွဲ့၏ သဘောတူညီချက်အရ သုံးပါတီ လမ်းစဉ်ဟောင်းကို ရုပ်သိမ်းပြီး လမ်းစဉ်

သစ်ကို ချမှတ် ရန် တာဝန်ရှိနေလေသည်။ သို့သော် သုံးပါတီညီညွတ် ရေးမှာ ခိုင်မာမှုမရှိသဖြင့် သုံးပါတီလမ်းစဉ်သစ်ကို မချမှတ်ရသေးခင်

သီးခြားလုပ်ဆောင်ရန် သဘော တူညီချက်အရ ဗမာပြည်ကွန်မြူနစ်ပါတီသည် မိမိ အတွက် လမ်းစဉ်သစ်ကို ရှာနေရလေသည်။ ဗမာပြည်

ကွန်မြူနစ်ပါတီတွင် ရှေ့လုပ်ငန်းစဉ်ဟူ၍ မည်မည်ရရ မရှိချိန်တွင် သခင်သန်းထွန်းသည် ဗဟိုကော်မတီ အစည်းအဝေးကို လေးလမှ ခြောက်လ

ကြာ သည်အထိ ကျင်းပခဲ့သည်။ အောက်လက်ကလည်း အထက်၏ ခေါင်းဆောင်မှုကို အယုံအကြည်မရှိတော့ဘဲ အုပ်စုဖွဲ့ ခြင်းများ ပြုလုပ်

လာကြသည်။ ထိုအချိန်တွင် ပီကင်း၌ ရောက်ရှိနေသော သခင်ဗသိန်းတင်တို့လူစုက တစ်ဖက် နိုင်ငံ ကွန်မြူနစ်ပါတီ၏ အကူအညီဖြင့် ၅၅

လမ်းစဉ် ကို ရေးဆွဲပေးပို့လိုက်ခြင်းဖြစ်ရာ သခင်သန်းထွန်းမှာ များစွာ အသက်ရှူချောင်သွားခဲ့ရတော့၏။

၅၅ လမ်းစဉ်အရ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ဖဆပလအစိုးရ ထံသို့ အောက်ပါအချက်သုံးချက်အား

တရားဝင် တောင်းဆိုလိုက်လေသည်။

(၁) ဗမာပြည်အစိုးရသည် အင်္ဂလိပ်၊ အမေရိကန် နယ်ချဲ့သမားတို့၏ ကျူးကျော်ရေးဂိုဏ်း အတွင်းသို့မပါဝင်ဘဲ အမျိုးသားလွတ်လပ်ရေးနှင့်

ငြိမ်းချမ်းစွာအတူရှိရေးဟူသောဝါဒ (ပေါ်လစီ)ကို ပြတ်သားစွာကျင့်သုံးရမည်။

(၂) တစ်ပြည်လုံးတွင် ဒီမိုကရေစီအခွင့်အရေး များ ပေးရမည်။ ပြည်သူတို့၏ဒီမိုကရေစီ အခွင့်အရေးများကို အာမခံရမည်။ ကွန်မြူနစ်ပါတီဝင်

နှင့် အခြားတိုးတက်သော နိုင်ငံရေးအကျဉ်းသမားအားလုံးကို ထောင်မှ လွှတ်ပေးရမည်။

(၃) ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှိသမျှ ဒီမိုကရေစီ ပါတီများ လူထုအဖွဲ့အစည်းများ၏ ဥပဒေ တွင်း တည်ရှိခွင့်နှင့်လုပ်ကိုင်ဆောင်ရွက်ခွင့် များကို

အာမခံရမည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖော်ပြပါအချက် သုံးချက်ကိုတောင်းဆိုလိုက်ပြီး ပြည်တွင်းစစ်ရပ်စဲရေး အတွက် အစိုးရနှင့်တိုက်ခိုက်နေသော

ပါတီအဖွဲ့အစည်း များ မျက်နှာစုံညီဆွေးနွေးမည်ဖြစ်ကြောင်း၊ တောင်းဆို သည့် အချက်သုံးချက်ရရှိပါက ဗမာပြည်ကွန်မြူနစ်ပါတီ သည်

ဥပဒေဘောင်အတွင်းဝင်၍ ရပ်တည်သွားမည် ဖြစ်ကြောင်းကြေညာသည်။ ထို့နောက် ၅၅ လမ်းစဉ် ကို ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် ကြွေးကြော်

လာပြီး စစ်ရပ်စဲရေးလှုပ်ရှားမှု တစ်ပြည်လုံးတွင် ကျယ်ပြန့်လာ စေရန် ကြိုးစားလာကြသည်။ ဖဆပလအစိုးရက လက်ခံ ဆွေးနွေးရန်

အသံလွှင့်ပြန်ကြားသောအခါ တောတွင်း မှ ကွန်မြူနစ်ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာသည်။

ဖဆပလအစိုးရသည် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၉၅၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လက်နက်ချသူများအတွက် လွတ်ငြိမ်း

ချမ်းသာခွင့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်စွန့်ဒီမိုကရေစီ ဘောင်ထဲဝင်ဟူသောမူကို

လက်မခံဘဲ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရေးမူကိုသာ အသေဆုပ်ကိုင်ထား သဖြင့် တောတွင်းလက်နက်ကိုင်လမ်းစဉ်မှာ ရပ်စဲခြင်း မရှိဘဲ

ဆက်လက်ရှင်သန်နေရလေတော့သည်။

ဖဆပလအစိုးရသည်လည်း ဗမာပြည်ကွန်မြူနစ် ပါတီ၏ တောင်းဆိုချက်သုံးရပ်ကို မလိုက်လျောခဲ့ပေ။ လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ ထုတ်ပြန်

ကြေညာပေးခဲ့ သည်။

ဖဆပလအစိုးရက အစိုးရ၏ ငြိမ်းချမ်းရေးဝါဒ မှာ ကြားနေဝါဒဖြစ်သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တောင်းဆိုချက်ကို ဆွေးနွေးရန်မလိုကြောင်း၊

လက်နက် မကိုင်လျှင် မည်သူမဆို အတိုက်အခံပါတီ ထူထောင် ခွင့်ရှိကြောင်း၊ နိုင်ငံရေးအမည်ခံပြီး လူသတ်မှု၊ ဓားပြ မှု၊ မုဒိမ်းမှု၊ တံတားချိုးမှု၊

နိုင်ငံတော်သစ္စာဖောက်မှု စသည့် ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံရေး အကျဉ်းသမားများအဖြစ် သတ်မှတ်ကာ ပြန်မလွှတ် ပေးနိုင်ကြောင်း၊

လက်နက်ကိုင်နေသရွေ့ ကွန်မြူနစ် ပါတီတရားမဝင်နိုင်ကြောင်း အသံလွှင့်၍ ကြေညာခဲ့ သည်။ ၅၅ လမ်းစဉ်အရ ဗမာပြည်ကွန်မြူနစ်ပါတီသည်

ဖဆပလနှင့် ပေါင်းလည်းပေါင်း၊ တိုက်လည်းတိုက်ရ မည်ဖြစ်လေရာ လက်နက်စွန့်ရန် ညွန်ကြားချက်မပါ ပေ။ ဖဆပလအစိုးရကလည်း လက်နက်

မစွန့်လျှင် လက်မခံနိုင်သောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ရန်မှာ မျှော်လင့်ချက်မရှိ ဖြစ်နေခဲ့ကြရလေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ တောတွင်းကိုယ်စား လှယ်သည် ဗိုလ်လကျာ်ကို ကြားလူအဖြစ်ထားပြီး အစိုးရနှင့် ဆွေးနွေးခဲ့သည်။ (တိုက်ရိုက်

ဆွေးနွေးခြင်း မဟုတ်ပါ။)

အစိုးရသည် ၁၉၅၆ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ လက်နက် ချဖွယ်ရှိကြောင်း အသံလွှင့်ကြေညာခဲ့သည်။

သို့သော် ကွန်မြူနစ်များမှာ လက်နက်ချရေးကို မကြိုးစားခဲ့ကြ ပေ။ သို့နှင့် ငြိမ်းချမ်းရေးမှာ အလှမ်းဝေးခဲ့ရသည်။ တပ်မတော်သည်လည်း

ပခုက္ကူနှင့် မင်းဘူးဒေသအတွင်း အောင်မာဃစစ်ဆင်ရေးဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ အလံနီနှင့်သုံးပါတီဌာနချုပ်များအား တိုက်ခိုက်

ချေမှုန်းရာ ဖရိုဖရဲဖြစ်ကြရတော့သည်။ ၁၉၅၇ ခုနှစ် အတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းခြေမှ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ

အစုလိုက် အပြုံလိုက် လက်နက်ချကြရာထိုဒေသတွင် အလံနီများသာ ပုန်းအောင်းကျန်ရစ်ကြရလေသည်။

ကေအင်န်ယူတိုင်းများ ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖဆပလအစိုးရ နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရေးကို ကြိုးစားနေသော် လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ဖဆပလအစိုးရ၏

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာလည်း သတ်မှတ်ထား သည့် မတ်လ ၃၁ ရက်သို့ ရောက်ရှိလာသည့်တိုင် အဖွဲ့အစည်းအလိုက် လက်နက်ချမှုများမရှိခဲ့ပေ။

သုံးပါတီသည်လည်းကောင်း၊ ကေအင်န်ဒီအိုများသည် လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက် ဆုပ်ကိုင်ထားလျက်ပင်ရှိသည်။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ

တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဝန်ကြီးချုပ်ထံသို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စာတစ်စောင်ပို့ခဲ့ သည်။ ထို့နောက် ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက် တွင်

ပြည်တွင်းငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟူသော စာတစ်စောင်ကို ပေးပို့ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာ လ ၁၅ ရက်တွင်လည်း သုံးပါတီ သဘာပတိအဖွဲ့ဝင်

ကိုးဦးလက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေး ကမ်း လှမ်းချက်ကို ပေးပို့ပြန်လေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ၅၅ လမ်းစဉ်ကို အကောင်အထည်ဖော်ရေး၊ သုံးပါတီညီညွတ်ရေး အတွက် အကြိတ်အနယ်ကြိုးစားနေစဉ်မှာပင်

ကေအင်န်ယူပါတီသည် ၁၉၅၆ ခုနှစ်၊ ဧပြီလတွင် တိုင်းစစ်ဌာနချုပ်သုံးခုကို ပြန်လည်ဖွဲ့စည်းလိုက်လေ သည်။ ယင်းတိုင်းစစ်ဌာနချုပ်သုံးခုတွင် အရှေ့တိုင်း၊

မြစ်ဝကျွန်းပေါ်တိုင်းနှင့်ပဲခူးရိုးမတိုင်းတို့ပါဝင်သည်။ ထို အချိန်တွင် ကေအင်န်ယူပါတီက စောဟန်တာသာမွှေး သည် ၁၉၅၅ ခုနှစ်ကတည်းက ကေဂျီဘီခေါ် ကရင်

ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုဖျက်သိမ်း၍ ကေအာရ်စီခေါ် ကရင်တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီးဖြစ်လေ သည်။

မြစ်ဝကျွန်းပေါ်တိုင်းတွင် ဇုန်နယ် (၃)ခု၊ ပဲခူးရိုးမ တိုင်းတွင် ဇုန်နယ်(၂)ခုနှင့် တိုးချဲ့ဒေသ၊ အရှေ့တိုင်း တွင် ဇုန်နယ် (၃) ခု ထည့်သွင်းဖွဲ့စည်းထားသည်။

တိုင်း၏အကျယ်အဝန်းကိုလိုက်၍ ဗဟိုကော်မတီဝင် နှစ်ဦးစီ ဦးဆောင်စေပြီး ကျဉ်းသောတိုင်းကို ဗဟို ကော်မတီဝင်တစ်ဦး ဦးဆောင်ရန် သတ်မှတ်ထားသည်။ ၁၉၅၆

ခုနှစ်၊ ဇွန်လ ၂၇ ရက်ထိမူ ကွန်ဂရက်တွင် မြစ်ဝကျွန်းပေါ်တိုင်းမှတင်ပြသော ဖွဲ့စည်းပုံနှင့်လမ်းစဉ် ကိုလည်း လက်ခံခဲ့သည်။

ကေအင်န်ယူပါတီသည် တစ်ပြည်လုံးတွင် ရှိနေ သော ကရင်လက်နက်ကိုင်တပ်များဖြစ်သည့် ကေပီ အယ်အေ၊ အေပီဂျီအက်(ဖ်)၊ ကေအင်န်ဒီအို စသော

ကရင်အမျိုးသားလက်နက်ကိုင်တပ်များကို မိမိ၏ ဦးဆောင်မှုတစ်ခုတည်းအောက်သို့ ရောက်ရှိနေစေရန် ကြိုးစားနေခြင်းဖြစ်ရာ ကေအင်န်ယူ(မူလကရင်

အမျိုးသားအစည်းအရုံး) သည် မှေးမှိန်လာပြီး ကေအင်န်ယူပီ(ပါတီ) သည်သာ ထင်ရှားလာတော့ သည်။ ကေအင်န်ယူပီ၏ စစ်ရေးရည်ရွယ်ချက်တွင်

တစ်ခုတည်းသော ကရင်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖွဲ့ (K.P.L.A.F) ဖွဲ့စည်းရန် ပါဝင်သည်။ ဤအချက်တွင် သုံးပါတီ၏ရည်ရွယ်ချက်ဖြစ်သော

တစ်ခုတည်းသော ပြည်သူ့တပ်မတော်ဖွဲ့စည်းရေးနှင့် တူညီသည်။ သို့သော်ကေအင်န်ယူပါတီသည် တောင်ပေါ်ဒေသများပေါ်မှ ကေအင်န်ဒီအိုများအပေါ် ရံဖန်ရံခါတွင်

ဩဇာသက်ရောက်ခြင်းမရှိခဲ့ပေ။

ကေအင်န်ယူပါတီ၏ ဦးဆောင်လှုပ်ရှားမှုကာလ မြင့်မားလာချိန်တွင် ကေအင်န်ယူပါတီဗဟိုအဖွဲ့ဝင် များထဲတွင် နိုင်ငံရေးအယူအဆများ ကွဲပြားလာကြ သည်။

မန်းဘဇံနှင့် ဆရာသာမြိုင်တို့လူစုမှာ လက်ဝဲ အယူဝါဒကို လက်ခံသည်။ ထိုလူစုတွင် စောသန်းအောင် နှင့် မောင်မောင်ပါဝင်ခဲ့သည်။ စောဟန်တာသာမွှေး နှင့်

စောမင်းမောင်တို့လူစုမှာ အမျိုးသားရေး(လူမျိုး ရေး)အုပ်စုဖြစ်သည်။ သို့သော် ကေအင်န်ယူပါတီ အတွင်း ပဋိပက္ခမှာ ၁၉၅၉ ခုနှစ်အထိ အတိအလင်း ပေါ်ပေါက်ခြင်း

မရှိခဲ့ပေ။

ကူမင်တန်များ ပြန်လည်အင်အားကြီးထွားလာခြင်းနှင့် တပ်မတော်၏ စစ်ဆင်ရေးများ[ပြင်ဆင်ရန်]

တပ်မတော်သည် ရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းတိုက်ခိုက်နေစဉ်မှာပင် ပြည်ပရန်ဖြစ်သော ကူမင်တန် တရုတ်ဖြူကျူးကျော်မှုကိုလည်း ရင်ဆိုင်

တိုက်ခိုက်ခဲ့ရသည်။ တစ်ဖက်မှာလည်း ဖဆပလအစိုးရ သည် ပြည်တွင်းပြည်ပရန်များ ငြိမ်းအေးစေရန် နိုင်ငံရေးအရ ကြိုးစားမှုများရှိခဲ့သည်။ ကုလသမဂ္ဂ၏

ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် မြန်မာ၊ ထိုင်း၊ အမေရိကန်နှင့် ဖော်မိုဆာ အစိုးရတို့၏ လေးနိုင်ငံစစ်ဘက်ကော်မရှင်ဆွေးနွေးပွဲကို

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၁၉၅၃ ခုနှစ်၊ မေလ ၂၂ ရက်မှ စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံမှ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့မှာ

အောက်ပါအတိုင်းဖြစ်သည်-

(၁) ဗိုလ်မှူးကြီးအောင်ကြီး (ခေါင်းဆောင်)

(၂) ဒုတိယဗိုလ်မှူးကြီးသိန်းမောင် (ဒုတိယခေါင်းဆောင်)

(၃) ဒုတိယဗိုလ်မှူးကြီးထွန်းစိန် (မြောက်ပိုင်းတိုင်း)

(၄) ဗိုလ်မှူးကိုကို (ဦးစီးဒုတိယတန်း)

(၅) ဒုတိယဗိုလ်မှူးကြီး မျိုးမြင့် (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး)

ယင်းဆွေးနွေးပွဲကို အမေရိကန်စစ်သံမှူးဖြစ်သူ ဗိုလ်မှူးကြီးဒီပါး(လ်)မားက ကြီးကြပ်ခဲ့သည်။ ဇူလိုင်လ တွင် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယွန်း၊ မိုင်းယောင်းစခန်း

များကို လွှဲပြောင်းပေးအပ်ရန် သဘောတူညီချက်အရ တပ်မတော်သည် သံလွင်မြစ်ကိုကူးရန် စခန်းများလက်ခံ ရန်ဆောင်ရွက်ခဲ့သည်။ မိုင်းပုအွန်သို့

ရောက်သောအခါ တရုတ်ဖြူတပ်များက စခန်းများကိုလွှဲပြောင်းပေးရန် ငြင်းဆန်ကြပြန်သည်။ ဆွေးနွေးပွဲတွင်လည်း ပြေလည် မှုမရရှိသဖြင့်

မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်တွင် ဗန်ကောက် ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။

တပ်မတော်သည် ကူမင်တန်များကို တိုက်ခိုက်ရန် ဆုံးဖြတ်ပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် အမေရိကန်၊ ထိုင်းနှင့်တရုတ်ဖြူကိုယ်စားလှယ်များ

သည် ဗန်ကောက်မြို့တွင် ဆက်လက်၍ဆွေးနွေးခဲ့သည်။ ထို့နောက် ၁၉၅၃ ခုနှစ် ကုန်ဆုံးသည်အထိ ကလေး လူကြီး အိမ်ထောင်သည်များအပါအဝင်

တရုတ်ဖြူ အင်အား ၆ဝဝဝ ခန့်သည် မြန်မာနိုင်ငံမှ အသုတ် နှစ်သုတ်ခွဲ၍ထွက်ခွာသွားကြသည်။ တပ်မတော်၏ တိုက်ခိုက်မှုကြောင့်လည်း ၁၉၅၃ ခုနှစ်၊

ဒီဇင်ဘာလတွင် သံလွင်မြစ်၏အနောက်ဘက်ကမ်း၌ ကေအမ်တီများ မရှိသလောက်ဖြစ်သွားသည်။

တရုတ်ဖြူအရေးသည် ငြိမ်သက်သွားသယောင် ထင်ရသည်။ တပ်မတော်သည် ရောင်စုံသောင်းကျန်း သူများကို ဦးစားပေး၍ နှိမ်နင်းနေရပြန်သည်။ သို့သော်

တရုတ်ဖြူတပ်များမှာ သံလွင်မြစ်အရှေ့ဘက်ခြမ်းဒေသ များတွင် ခိုအောင်းမြဲခိုအောင်းနေကြလေသည်။

၁၉၅၄ ခုနှစ်တွင် သံလွင်မြစ်အရှေ့ခြမ်း ကေအမ်တီမြောက်ပိုင်းဌာနချုပ်မှ တပ်များသည် မိုင်းဆတ်နှင့်မိုင်းတုံဘက်သို့ ရွှေ့ပြောင်းလာကာ

မြောက်ပိုင်းဌာနချုပ်အသစ်အဖြစ် ဖွဲ့စည်းလာကြသည်။ မိုင်းဆတ်တွင်ရှိနေသော ဂျင်နရယ်လီမီ၏ဌာနချုပ် ကိုလည်း ထိုင်းနိုင်ငံနယ်စပ်နှင့်ငါးမိုင်ခန့်

ကွာသော ပုံပါကျင်သို့ရွှေ့ပြောင်း၍ ဗဟိုဌာနချုပ်သစ်အဖြစ် လည်းကောင်း၊ တောင်ပိုင်းဌာနချုပ်အဖြစ် လည်းကောင်းရော၍ ဖွဲ့စည်းထားသည်။ ကေအမ်တီ

အင်အားမှာလည်း ၁၁ဝဝဝ ကျော်ဖြစ်၍လာပြန်သည်။ မြောက်ပိုင်း ဝနယ်၊ သိန္နီနယ်နှင့် ကျိုင်းတုံအရှေ့ပိုင်း တို့၌ ပြောက်ကျားဧရိယာအဖြစ်သတ်မှတ်ကာ

တပ် အနည်းငယ်စီကိုချန်ထားကြသည်။ ကေအမ်တီများ သည် ကွန်မြူနစ်ဆန့်ကျင်ရေး ကြွေးကြော်သံကို ကြွေးကြော်ကာ မြန်မာနိုင်ငံအတွင်းမှ ထွက်ပေး

မယောင်ယောင်နှင့် ဆက်လက်တပ်စွဲထားပြန်သည်။ တချို့နေရာများတွင် တိုင်းရင်းသားများအား နည်းမျိုးစုံ နှင့်နှိပ်စက်လာကြသည်။ တိုင်းရင်းသားအချို့ကို

စစ်မှုထမ်းခိုင်းရုံသာမက တိုင်းရင်းသူများကိုလည်း မတော်မတရားကျင့်ကြံသိမ်းပိုက်ခြင်းများ ပြုလုပ်လာ ကြသည်။

သို့နှင့် တပ်မတော်သည် ၁၉၅၄ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဘုရင့်နောင်စစ်ဆင်ရေးကြီးကို စတင်ဆင်နွှဲ ရတော့သည်။ တပ်မတော်သည် တရုတ်ဖြူဌာနချုပ်နှင့်

မိုင်းဆတ်လွင်ပြင်၊ မိုင်းတုံ၊ မိုင်းဟန်၊ ပုံပါကျင်လွင်ပြင် နှင့် မိုင်းပုအွန်လွင်ပြင်ဒေသသုံးခုကို တစ်လခွဲခန့် အချိန်အတွင်း တိုက်ခိုက်၍သိမ်းပိုက်လိုက်ရာ

ကေအမ်တီတို့ အဆုံးအရှုံးများခဲ့ရသည်။ တပ်မတော် သည် လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့သည်။ ထိုအချိန်တွင် ပြည်တွင်း၌လည်း အမျိုးသားရေး

စိတ်ဓာတ်များပြင်းထန်အုံကြွလာကာ ကေအမ်တီ ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ ကေအမ်တီများမှာ ဖရိုဖရဲဖြစ်လာပြီး စိတ်ဓာတ်ကျဆင်း

လာကြသည်။ ကေအမ်တီကလေးလူကြီး ၃၄ဝဝ ကျော် သည် လက်နက် ၈ဝဝ ခန့်ကို အပ်နှံကာ မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာသွားကြသည်။

ဘုရင့်နောင်စစ်ဆင်ရေးနှင့် တစ်ချိန်တည်းမှာပင် တပ်မတော်သည် ကော့ကရိတ်၊ မြဝတီနယ်မြေ၌ ရှင်မဖြူ စစ်ဆင်ရေးကိုဆင်နွှဲ၍ ကေအမ်တီများကို

တိုက်ခိုက်ပြန်သည်။ ကေအင်န်ဒီအိုများနှင့် ပူးပေါင်း နေရာမှ မြန်မာ့မြေအတွင်း ခိုအောင်းနေသည့် ကေအမ် တီ ၁၇ဝဝ ခန့်မှာ ထိုင်းနိုင်ငံဘက်သို့

ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးကြရသည်။

ဘုရင့်နောင် စစ်ဆင်ရေးကြီးစတင်ရာမှ တစ်နှစ် အကြာ ၁၉၅၅ ခုနှစ်၊ မတ်လတွင် တပ်မတော်သည် ရန်ကြီးအောင်စစ်ဆင်ရေးကြီးကို ဆင်နွှဲပြန်သည်။

ရန်ကြီးအောင်စစ်ဆင်ရေးတွင် ကေအမ်တီ တရုတ်ဖြူ အင်အား ၆ဝဝဝ ကျော်ရှိနေသောစခန်းလေးခုကို တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများမှာ များစွာပြင်းထန်ပြီး

ကေအမ်တီများ အကျအဆုံးများပြားခဲ့သည်။ အချို့ ကေအမ်တီများမှာ ထိုင်းနိုင်ငံအတွင်းသို့ ကစဉ့်ကလျား ဆုတ်ခွာကြရသည်။ ၁၉၅၅ ခုနှစ်၊ မေလတွင်

ရန်ကြီး အောင် စစ်ဆင်ရေးပြီးဆုံးခဲ့ရာ ကေအမ်တီအင်အား မှာ ၃ဝဝဝ ခန့်အထိ လျော့ကျသွားခဲ့ရသည်။ ကေအမ် တီများသည် ကျိုင်းတုံနှင့်

လောနိုင်ငံနယ်စပ်မဲခေါင်မြစ် ကမ်းအကြားတွင်သာ အလုံးအရင်းဖြင့် အခြေချနိုင် တော့သည်။

ကေအမ်တီကျူးကျော်မှုအရေးအခင်းမှာ ၁၉၆ဝ ပြည့်နှစ်များ ရောက်လာမှ မှေးမှိန်သွားခဲ့ခြင်းဖြစ် သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် အမေရိကန်နှင့်

မြန်မာအစိုးရချုပ်ဆိုသော အီးစီအေစာချုပ် (၁၉၅၁)၊ တီစီအေစာချုပ်(၁၉၅၂) နှင့်တကွ ကေတီအေ၏ ပြည်တော်သာစီမံကိန်း၊ ကေအမ်တီကျူးကျော်မှု

စသည်တို့ကို အမေရိကန်နယ်ချဲ့သမား၏လက်ရာ အဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။ ကေအမ်တီကို ဆန့်ကျင် တိုက်ခိုက်ရန် သုံးပါတီနှင့်ဖဆပလအစိုးရပူးပေါင်း

မည်ဟူ၍ပင်ကြေညာခဲ့သည်။ သို့သော် ကွန်မြူနစ် သောင်းကျန်းသူများသည် ကေအမ်တီကျူးကျော်မှုကို ဆန့်ကျင်တိုက်ခိုက်ကြရာတွင် ကိုယ်တိုင်ကိုယ်ကျ

ပါဝင်ခြင်းလုံးဝမရှိခဲ့ပေ။ [၂]

ရခိုင်တိုင်းတွင် သောင်းကျန်းမှုအရှိန်လျော့ကျသွားခြင်း[ပြင်ဆင်ရန်]

မူဂျာဟစ်ထိုးစစ်[ပြင်ဆင်ရန်]

တပ်မတော်သည် ၁၉၅၁ ခုနှစ်၊ မတ်လတွင် ရခိုင် တိုင်းမြောက်ပိုင်းရှိ သောင်းကျန်းသူများကိုစတင်၍ ထိုးစစ်ဆင်သည်။ မူဂျာဟစ်များသည်

အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်နိုင်ငံ)ဘက်သို့ ထွက်ပြေးဆုတ်ခွာကြပြီး တပ်မတော်စစ်ကြောင်းများ ပြန်လည်ရုပ်သိမ်းသွား သောအခါ ထကြွမြဲ၊

ထကြွကြပြန်သည်။ မူဂျာဟစ်များ သည် လူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာ အဓိကရုဏ်း များစွာကိုဖန်တီးခဲ့ကြသည်။ ရခိုင်လူမျိုးများအား သတ်ဖြတ်

နှိပ်စက်ခြင်း ၊ ရခိုင်ရွာများအား ရွာလုံးကျွတ် တိုက်ခိုက်လုယက်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာ ရခိုင်အမျိုးသမီးများအား မတရားကျင့်ကြံစော်ကား

ခြင်း၊ ဘုရားကျောင်းကန်များအား ဖျက်ဆီးခြင်းတို့ကို ရက်စက်ကြမ်းတမ်းစွာပြုမူခဲ့ကြသည်။

တပ်မတော်သည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလ တွင် မေယုစစ်ဆင်ရေးကိုစတင်ပြန်သည်။ နိုဝင်ဘာလ တွင် မူဂျာဟစ်ဌာနချုပ်တည်ရှိရာ

လက်ပံတောင် (ပီအမ် ၂၅၈၇)ကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ ထို့ကြောင့် အဗ္ဗဒူကာစင်ခေါင်းဆောင် သည့် မူဂျာဟစ်များမှာ

များစွာအင်အားနည်းပါးသွားခဲ့ ရသည်။ သို့သော် တပ်မတော်သည် ရခိုင်မြောက်ပိုင်း တွင် အချိန်ကြာမြင့်စွာ တပ်စွဲထားနိုင်ခြင်းမရှိခဲ့ပေ။

တစ်နိုင်ငံလုံးတွင် ပြည်တွင်းသောင်းကျန်းမှုများရှိနေ ပြီး တရုတ်ဖြူကျူးကျော်မှုများကိုလည်း ရင်ဆိုင်နေရ လေရာ တပ်ရင်းတပ်ဖွဲ့များသည်

စစ်ဆင်ရေးကာလ ကုန်ဆုံးလျှင် ပြန်လည်ရုပ်သိမ်းသွားရလေ့ရှိသည်။ မူဂျာဟစ်များသည် တပ်မတော်စစ်ကြောင်းများမရှိ သည်နှင့် ရခိုင်

ကျေးရွာများကို ထိပါးနှောင့်ယှက်လာကြ ပြန်သည်။

၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်သည် ဘူးသီးတောင်နှင့်မောင်တောနယ်မြေများတွင် မုတ်သုံ စစ်ဆင်ရေးကိုဆင်နွှဲပြန်သည်။

တပ်မတော်စစ်ကြောင်း များသည် မူဂျာဟစ်တို့၏ ဗဟိုဌာနချုပ်နှင့်အခိုင်အမာ ခြေကုပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက် ချေမှုန်းပစ်နိုင်ခဲ့သဖြင့်

အဗ္ဗဒူကာစင်သည် အရှေ့ ပါကစ္စတန်နယ်ထဲသို့ ထွက်ပြေးပုန်းအောင်းခဲ့ရသည်။ ကာစင်မရှိသောအခါ ကာနယ်စီဘာ(လ်) ရော်ရှင်၊ မေဂျာအာဘတ်၊

မေဂျာမူစတော်ဖီစသော မူဂျာဟစ် များက ကာစင်၏နေရာကိုဆက်ခံကြပြီး တပ်မတော် စစ်ကြောင်းများကို ခုခံတိုက်ခိုက်ကြသည်။

သို့သော် တပ်မတော်သည် ဘာ(လ်)ရော်ရှင်၊ အာဘတ်၊ မူစတော်ဖီနှင့် မူဂျာဟစ်တပ်ခွဲမှူးများကို အသေဖမ်းဆီးရမိခဲ့သည်။ အနှစ်နှစ်အလလက

စုဆောင်းသိုဝှက်၍သိမ်းဆည်းထားသော လက်နက် ခဲယမ်းများနှင့် ရိက္ခာပစ္စည်းစသည်တို့ကိုလည်း တပ်မတော်ကသိမ်းပိုက်ရရှိခဲ့သည်။

မူဂျာဟစ်များသည် ၁၉၅၄ ခုနှစ်တွင် အင်အား ၄ဝဝ ခန့်ရှိနေသေးရာမှ ၁၉၅၅ ခုနှစ်ဦးတွင် အင်အား ၂ဝဝ ခန့်အထိ ကျဆင်း သွားပြီး

အရှေ့ပါကစ္စတန်နယ်စပ်သို့ ဆုတ်ခွာထွက်ပြေး ကြရသည်။

၁၉၅၅၊ ၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင်ကား မူဂျာဟစ် များမှာ ပြောပလောက်အောင်အင်အား မရှိတော့ဘဲ နယ်စပ်တွင် ခိုအောင်းရင်း ဆန်မှောင်ခိုလုပ်ခြင်း၊

ကုန်သည်များထံမှ ပစ္စည်းပစ္စယများကို ဓားပြတိုက် လုယက်ခြင်းစသည်တို့ကိုသာ ရံဖန်ရံခါမှလုပ်ကိုင်နိုင် တော့ပြီး မှောင်ခိုဓားပြဂိုဏ်းအဆင့်သို့

နိမ့်ဆင်းလျော့ကျ သွားရလေတော့သည်။

ရခိုင်သောင်းကျန်းသူများလက်နက်ချခြင်း[ပြင်ဆင်ရန်]

တပ်မတော်သည် ရခိုင်ပြောက်ကျားများ၊ အလံနီ တောခိုရဲဘော်ဖြူတို့ သိမ်းပိုက်ထားသည့် မြို့ရွာများကို တစ်မြို့ပြီးတစ်မြို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်

ခဲ့ရာ ၁၉၅ဝပြည့်နှစ်တွင် အမ်းမြို့နှင့်ဂွမြို့မှအပ ကျန်မြို့ရွာအားလုံးလိုလိုကိုပြန်လည်ရရှိခဲ့သည်။ ရခိုင် သောင်းကျန်းသူများသည် စစ်တွေမြို့မှအပမြို့ရွာ

တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ယင်းတို့အချင်းချင်း ပဋိပက္ခများဖြစ်ပွားကာ လက်နက် ကိုင်တိုက်ခိုက်မှုများရှိခဲ့သဖြင့် ရခိုင်

သောင်းကျန်းသူ များသည် အဖွဲ့အစည်းတစ်ခုတည်းအဖြစ် စည်းလုံး ခဲ့ခြင်းမရှိခဲ့ပေ။ ပြည်မတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ တောခိုတပ်နှင့်ရဲဘော်ဖြူ

တို့၏ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုပြိုကွဲသောအခါ ရခိုင်တွင်လည်း ပြိုကွဲ သွားသည်။

၁၉၅၂ ခုနှစ်တွင် ရခိုင်တောခိုအဖွဲ့များကို သခင်စိုး၏အလံနီပါတီကလွှမ်းမိုးရန် ကြိုးစားလာ သည်။ တောခိုအဖွဲ့ခေါင်းဆောင်များသည် အလံနီပါတီ

နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် သခင်စိုးက အချစ်လဲလှယ်ရေးသဘောတရားနှင့် ပတ်သက်သည့် သဘောတရားကိုတင်ပြသည်။

ယင်း တင်ပြချက်ကို ဗုံပေါက်သာကျော်ကလက်မခံဘဲ ဝေဖန် ရာမှ သခင်စိုးနှင့်ဗုံပေါက်သာကျော်တို့ ပဋိပက္ခဖြစ် လာကြသည်။ သခင်စိုးက

ဗုံပေါက်သာကျော်ကို ဗဟို ဆန့်ကျင်ရေးသမားဟု စွပ်စွဲလိုက်သည်။ ရခိုင် လက်နက်ကိုင်အများအပြားကို သခင်စိုးက ဗဟို ဆန့်ကျင်ရေးသမားများ

ဟုသာ သတ်မှတ်ခဲ့သည်။

ဗုံပေါက်သာကျော်သည် အလံနီပါတီနှင့်ပူးပေါင်း နေရာမှခွဲထွက်ပြီး ဒီမိုကရေစီပါတီဟု အမည်ပြောင်း ၍လှုပ်ရှားခဲ့သည်။ ဗုံပေါက်သာကျော်၏ရခိုင်

ပြောက်ကျားများမှာ အလံနီပါတီနှင့်ပြေလည်မှုမရှိ သည့်အပြင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်လည်း အစေး မကပ်လှပေ။ ဦးစိန္တာ၏ပြည်သူ့

လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့ရဲဘော်(အဖြူ)အဖွဲ့တို့နှင့်လည်း တသီးတခြား စီဖြစ်နေခဲ့သည်။

တပ်မတော်သည် ၁၉၅၄ ခုနှစ်ကုန်တွင် မူဂျာဟစ် များကိုနှိမ်နင်းပြီးနောက် ရခိုင်သောင်းကျန်းသူများ ကြီးစိုးရာ ရခိုင်တောင်ပိုင်းသို့

ထိုးစစ်ဆင်လာသည်။ သောင်းကျန်းသူများမှာ အခြေမလှဖြစ်လာပြီး အချင်းချင်းလည်း သွေးကွဲကာသတ်ဖြတ်မှုများဖြစ်ပေါ် လာသည်။

ဗုံပေါက်သာကျော်သည် တောတွင်း၌ တော်လှန်ရေးဝါဒပျောက်ဆုံးပြီး လူသတ်ဝါဒ ထွန်းကားနေသည်ဟုဆိုကာ ၁၉၅၅ ခုနှစ်တွင် မင်းပြား မြို့၌

နောက်လိုက်နောက်ပါများနှင့်အတူ လက်နက် ချခဲ့သည်။ ဗုံပေါက်သာကျော်နှင့်အတူ ဦးထွန်းမြ၊ ဦးအောင်မြသာ၊ ဦးချစ်သိန်း၊ ဦးထွန်းလင်း၊

ဦးကံကြီး၊ ဦးသာကျော်အောင်၊ ဦးထွန်းအောင်ဖြူ(ကျောက်ဖြူ)တို့ ပါဝင်လာပြီး လက်နက်ကိုင်အင်အား ၇ဝဝ ကျော် လက်နက်ချခဲ့ကြသည်။

သို့နှင့် လွတ်လပ်ရေးမရခင်ကတည်းက ဆူပူခဲ့ ကြသော ရခိုင်ပြောက်ကျားများမှာ ခေါင်းဆောင် လုပ်သူ ဗုံပေါက်သာကျော်နှင့်အတူ ၁၉၅၅ ခုနှစ်

တွင် လက်နက်ချခြင်းအားဖြင့် ချုပ်ငြိမ်းသွားကြသည်။ သို့သော် သခင်စိုး၏အလံနီ၊ ဗိုလ်မင်းလွင်၏ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်နှင့်

ဦးစိန္တာ၏ ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်တို့မှာမူ ရခိုင်တွင် ဆက်လက် သောင်းကျန်းနေကြဆဲပင်ဖြစ်လေသည်။

[၃]

လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ[ပြင်ဆင်ရန်]

ကိုရီးယားစစ်ပွဲဂယက်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည်နှင့် တစ်ပြိုင်နက် ပြည်တွင်းသောင်းကျန်းမှုလည်း အတိ အလင်း စတင်ပေါ်ပေါက်လာသည်ဟု ဆိုရပေမည်။

ရှုပ်ထွေးနေသော အခြေအနေများအတွင်း လက်ဝဲ အင်အားစုများ၏ ပဋိပက္ခများနှင့်အတူ ပြည်ပမှ ပါဝင်စွက်ဖက်မှုများလည်း ရှိလာခဲ့သည်။ တူးလောက်-

ကင်းဘဲလ်အရေးအခင်း၊ ဆီဝရေးအရေးအခင်း၊ အမေရိကန်ထောက်ခံအားပေးသော ကူမင်တန် ကျူးကျော်မှုတို့မှာ ပြည်ပပယောဂများပင်ဖြစ်သည်။

လူမျိုးစုများစွာ ဆူပူအုံကြွခဲ့ပြီး အချင်းချင်းသတ်ဖြတ် မှုများ၊ လုပ်ကြံမှုများလည်း ပေါ်ပေါက်ခဲ့သည်။ သခင်နု ၏ဖဆပလအစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်

လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့သော်လည်း ယင်းလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း အချင်းချင်းညီညွတ်မှု မရှိခဲ့ပေ။

အစိုးရအဖွဲ့အစည်း၏အခြေအနေမှာလည်း ခိုင်မာတောင့်တင်းမှုမရှိဘဲ အကွဲအပြဲများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံအကြောင်း စာအုပ်များကို ရေးသား ပြုစုခဲ့သူ အမေရိကန်စာရေးဆရာကြီး ဗတ်ဝဲ (Butwell) က တွက်ချက်ပြရာတွင် မြန်မာနိုင်ငံသည်

၁၉၄၈ ၊ ၄၉၊ ၅ဝ နှစ်များတွင် ပြည်တွင်းစစ် အခြေ အနေများကြောင့် စိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၅ ရာခိုင်နှုန်း ပလပ်သွားရသည်ဟုဆိုသည်။

လူဦးရေ သုံးသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီး ပြည်သူလူထု ၂၂ဝဝဝ ခန့်၊ အစိုးရ၏စစ်ဘက်နှင့် မြို့ပြဘက် အမှုထမ်း ၅၇ဝဝ ခန့် အသက်ဆုံးရှုံးခဲ့ကြရသည်။

အစိုးရပစ္စည်း ဒေါ်လာငါးသန်းဖိုးနှင့် ပြည်သူလူထု၏ ပစ္စည်းဒေါ်လာ ၉၅ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုမှာ ဒေါ်လာသန်း ၁ဝဝ ခန့်ရှိလေ သည်။

နိုင်ငံအတွင်း စစ်ပွဲခင်းကျင်းခဲ့သဖြင့် အမျိုးသား အင်အားများ ပြုန်းတီးဆုံးရှုံးလျက်ရှိသည်ကို မလိုလား နိုင်သည့် ခေါင်းဆောင်အချို့က ငြိမ်းချမ်းရေးအတွက်

ကြိုးပမ်းမှုများလည်းရှိခဲ့သည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက် တွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ သံဃာတော်များစွာ ကို

ပင့်ဖိတ်စုဝေးပြီး ငြိမ်းချမ်းရေးအတွက် မေတ္တာ ရပ်ခံခဲ့လေသည်။ သို့သော် ရန်ကုန်ရှိ ကျောင်းတိုက် ပေါင်း ၁ဝဝ ကျော်မှ သံဃာတော်ပေါင်း ၃ဝဝဝ ကျော် သည်

ဝန်ကြီးချုပ်ဦးနုထံ မေတ္တာရပ်ခံချက်တစ်စောင် ရေးသားပေးပို့ခဲ့ရာ ဝန်ကြီးချုပ်က တစ်စုံတစ်ရာ အကြောင်းမပြန်ခဲ့ပေ။

၁၉၄၈ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်အတွင်း မြန်မာ နိုင်ငံသည် အဆိုးရွားဆုံးသော ပြည်တွင်းသောင်းကျန်း မှုကာလကို ဖြတ်ကျော်ခဲ့ရလေသည်။ ၁၉၅ဝ ပြည့်နှစ်မှ

၁၉၅၆ ခုနှစ်အတွင်း သောင်းကျန်းမှုမီးလျှံများ လျော့နည်းသွားခဲ့ရသည်ဆိုသော်လည်း နိုင်ငံသည် ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲသာရှိ သည်။

ဖဆပလအစိုးရသည် ပြည်တွင်း၌အရင်းရှင် လူတန်းစား၏အကျိုးစီးပွားကိုသာ ကိုယ်စားပြုလာပြီး ပြည်ပတွင် ကြားနေရေးဝါဒကို အမည်ခံခဲ့သော်လည်း ၁၉၅၃၊

၁၉၅၄ ခုနှစ်များတွင် အင်္ဂလိပ်၊ အမေရိကန် တို့နှင့် ပူးပေါင်းမှုများရှိခဲ့လေသည်။

ကိုရီးယားစစ်ပွဲဖြစ်ပွားလာသောအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါး စေမည့် အန္တရာယ်ပေါ်ပေါက်နိုင်သဖြင့် ဝင်ရောက် ထိန်းသိမ်းရန်

ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို မြန်မာအစိုးရကထောက်ခံခဲ့သည်။ အထွေထွေညီလာခံ တွင် အမေရိကန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို

ကျူးကျော်သူဟုသတ်မှတ်ရန် အဆိုတင်သွင်းရာ ယင်း အဆိုကိုမူ မြန်မာအစိုးရက မထောက်ခံခဲ့ပေ။ တရုတ် နှင့်မြောက်ကိုရီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ

တင်ပို့ရောင်းချခြင်းမပြုရန် ဆုံးဖြတ်ချက်ကိုမူ မြန်မာ ပြည်မှ တရုတ်ပြည်သို့ပို့သော ကုန်ပစ္စည်းပမာဏမှာ အခြားပြည်ပပို့ကုန်ပစ္စည်းများ၏ တစ်ဒသမတစ်

ရာခိုင်နှုန်းသာရှိကြောင်း၊ ယင်းပစ္စည်းများတွင် စစ် ပစ္စည်းများမပါဝင်ကြောင်းဖြင့် ရှင်းပြခဲ့သည်။

ဖဆပလအတွင်းတွင် ၁၉၄၉ ခုနှစ်က ဆိုရှယ်လစ် များ နုတ်ထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်း ဖြည်း ပြန်ဝင်လာကြပြန်သည်။ လက်ဝဲစွန်းအမတ်များ က

ကိုရီးယားပြဿနာနှင့်ပတ်သက်၍ အစိုးရ၏ ဆုံးဖြတ်ချက်များကို ပြင်းထန်စွာဝေဖန်ကြသည်။ ဝိဓူရ သခင်ချစ်မောင်၊ သခင်လွင်နှင့် အခြားအမတ်များက

ဖဆပလမှခွဲထွက်ပြီး အလုပ်သမား၊ လယ်သမားပါတီ ကို ထူထောင်ကြသည်။ ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ် အောင်ဆန်း၏အစ်ကို ဦးအောင်သန်းတို့သည်လည်း

အလုပ်သမား၊ လယ်သမားပါတီတွင် ပါဝင်လာကြသည်။ ယင်းပါတီကို ဖဆပလအစိုးရက ဆိုရှယ်နီဟူ၍ လည်းကောင်း၊ မြေပေါ်ကွန်မြူနစ်များဟူ၍ လည်းကောင်း

ကင်ပွန်းတပ်ခဲ့သည်။

နိုင်ငံ၏စီးပွားရေးကို နိုင်ငံခြားသားများကသာ လက်ဝါးကြီးအုပ်ထားခြင်း၊ အစိုးရသည် အင်္ဂလိပ်၊ အမေရိကန် စသော အနောက်အုပ်စုနိုင်ငံများနှင့်

ရင်းနှီးစွာဆက်ဆံခြင်းတို့ကို ဖဆပလအတွင်းအပြင်ရှိ လက်ဝဲဝါဒီများကမကျေနပ်ကြဘဲ အစိုးရကို လက်ယာ ယိမ်းသောအစိုးရ၊ အရင်းရှင်တို့၏ စီးပွားရေးကို

ကာကွယ်သော အစိုးရအဖြစ်ဝေဖန်ခဲ့ကြသည်။ အစိုးရ ကလည်း နိုင်ငံခြားသားများကိုဖိတ်ခေါ်၍ စီးပွားရေး ထူထောင်ခွင့်ပေးခဲ့သည်။ မြေပေါ်မြေအောက်

အတိုက်အခံများက အစိုးရအား လက်ယာဆိုရှယ်လစ် အင်အားစုဟုသတ်မှတ်ခဲ့သည်။ အစိုးရ၏စစ်ဝန်ထမ်း၊ ကာကွယ်ရေး၊ ပြောက်ကျား၊ လဲဗီး၊ ပျူစောထီး စသော

တပ်များကို ခါးပိုက်ဆောင်တပ်များအဖြစ် စွပ်စွဲခဲ့ကြ လေသည်။ ၁၉၅၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲကြီး သည် လွတ်လပ်သော မြန်မာနိုင်ငံ၏ပထမဆုံး

ရွေးကောက်ပွဲကြီးဖြစ်သော်လည်း လူသတ်၊ ဖမ်းဆီး၊ မီးရှို့၊ မဲခိုး၊ ပြန်ပေးဆွဲ စသော မတရားမှုများနှင့် ပြည့်နှက်နေလေရာ အစိုးရ၏ဩဇာမှာ များစွာကျဆင်း

ခဲ့ရသည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း အစိုးရသည် လွတ်ငြိမ်းချမ်းသာခွင့်များကို လေးကြိမ်တိုင်တိုင်ထုတ် ပြန်ခဲ့သေးသော်လည်း လက်နက်ကိုင်သောင်းကျန်းသူ

များနှင့်ညှိနှိုင်းမှုမရှိသောကြောင့် ငြိမ်းချမ်းရေးမရနိုင် ခဲ့ပေ။ ၁၉၅ဝ ပြည့်နှစ်တွင် ဖဆပလအဖွဲ့မှခွဲထွက်၍ ထူထောင်ခဲ့သော ဗမာပြည်အလုပ်သမား၊ လယ်သမား

ပါတီသည် အစိုးရ၏ဖိနှိပ်မှုကိုခံရကာ ပါတီဦးစီး အဖွဲ့ဝင်များဖြစ်သည့် ရဲဘော်ဗချိုနှင့် ရဲဘော်လှဒင်ကြီး တို့မှာ လုပ်ကြံခံခဲ့ရပြီး ရဲဘော်ဗချိုကွယ်လွန်ခဲ့သည်။

၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် ဖဆပလသည် မဲ အရေအတွက် အဆမတန်ကျဆင်းသွားပြီး တစ်သန်းနှင့် ခုနစ်သိန်းသာရရှိခဲ့သည်။ ပမညတ အတိုက်အခံ

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုများက တစ်သန်းနှင့် လေးသိန်းနီးပါး မဲရရှိခဲ့ကြသည်။ ဖဆပလအစိုးရမှာ ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နင်းနိုင်မှုမရှိခြင်း၊

နိုင်ငံ၏စီးပွားရေးကျဆင်းခြင်း၊ ပါတီတွင်း အကွဲအပြဲ များစွာရှိပြီး မတရားမှုများပေါ်ပေါက်နေခြင်းတို့ ကြောင့် ဩဇာအာဏာမှာ တဖြည်းဖြည်းကျဆင်း၍

လာလေသည်။

ဖဆပလအဖွဲ့သိက္ခာကျဆင်းလာခြင်း[ပြင်ဆင်ရန်]

မြေအောက်သောင်းကျန်းသူအဖွဲ့အစည်းမျိုးစုံက ဆူပူသောင်းကျန်းကာ ကျေးလက်ပြည်သူလူထုအား ဖိစီးနှိပ်စက်နေကြစဉ်တွင် မြေပေါ်တွင်လည်း ရာဇဝတ် မှု၊

အကျင့်စာရိတ္တပျက်ပြားမှု၊ လာဘ်စားမှု စသည် တို့ကြောင့် ငြိမ်ဝပ်ပိပြားမှုမရှိခဲ့ပေ။ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၇ ခုနှစ်၊ မတ်လကုန်အထိ ပြည်သူ့ပစ္စည်းအလွဲ

သုံးစားမှုကြီးမှာ ၃၉၁ မှုအထိရှိခဲ့ပြီး ငွေပေါင်း ၇၁ သိန်းငါးသောင်းကျော်ဆုံးရှုံးခဲ့ရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်မှ ၁၉၅၃ ခုနှစ်၊ ဩဂုတ်လ ၆ ရက်

အတွင်း အမှုကြီးပေါင်း ၁၁၆မှုတွင် အမှုထမ်းပေါင်း ၂၂၅ ဦး ပါဝင်ပတ်သက်ခဲ့ပြီး ယိုဖိတ်သည့် ငွေပေါင်း မှာ ၄၁၆၂၄၉ဝ/၇၃ ကျပ်ဖြစ်သည်။ ဖဆပလအစိုးရ ၏

ကာကွယ်ရေးအသုံးစရိတ်များမှာလည်း တိုးသည် ထက်တိုးလာခဲ့ရာ ၁၉၄၈-၄၉ ခုနှစ်တွင် ကျပ်ငွေ ကုဋေပေါင်း ၁ဝ ဒသမ ၃၁ ကုဋေရှိခဲ့ရာမှ ၁၉၅၇-၅၈ ခုနှစ်တွင်

၃၇ ဒသမ ၃၃ ကုဋေအထိ လေးဆ နီးပါးခန့် တိုးလာရလေသည်။

၁၉၅၆ ခုနှစ်၊ ပါလီမန်ရွေးကောက်ပွဲမှစ၍ ပမညတအဖွဲ့သည် အင်အားကောင်းသောအတိုက်အခံ ပါတီတစ်ရပ်ဖြစ်လာသော်လည်း ဖဆပလအစိုးရကိုမူ

ဖြုတ်ချနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ၁၉၅၆ခုနှစ် ရွေးကောက်ပွဲ တွင် ပျူစောထီးတပ်ဖွဲ့များ၏ ဝင်ရောက်စွက်ဖက်မှုမှာ များစွာ အရုပ်ဆိုးခဲ့ရသည်။ ပျူစောထီးတပ်ဖွဲ့များကို

ဖဆပလပါတီ၏ခါးပိုက်ဆောင်တပ်ဖွဲ့များဟူ၍ အတိုက်အခံများက စွပ်စွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင်မူ သာယာဝတီ၊ မင်းလှ ရွေးကောက်ပွဲတွင်

လေးလောင်းပြိုင်လူသတ်မှုကြီး ပေါ်ပေါက်လာရာ ဖဆပလ၏လက်ချက်ဟူ၍ပင် စွပ်စွဲ ခဲ့ကြသည်။

ဖဆပလအစိုးရအတွင်း အကွဲအပြဲများ ကြီးမား သည်ထက် ကြီးမားလာရာ အောက်ခြေအမတ်များတွင် မိတ္ထီလာအုပ်စု၊ အောင်ပင်လယ်အုပ်စု၊ လယ်ဝေး-ပျဉ်း

မနားအုပ်စုများ ကွဲပြားလာသကဲ့သို့ အထက်ဗဟိုတွင် လည်း ကမ္ဘာအေးအုပ်စု၊ စက်မှုလက်မှုအုပ်စု၊ သမ ဝါယမအုပ်စု၊ ဗတလစ(ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ

လယ်သမားအစည်းအရုံး) အုပ်စု စသည်ဖြင့် အုပ်စု များ ကွဲ၍လာလေသည်။ ဤသို့ဖြင့် ဖဆပလအစိုးရ၏ ဩဇာအာဏာနှင့် သိက္ခာမှာကျဆင်းလာသဖြင့်

ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၅ ခုနှစ်ကတည်းက အာဏာရခေါင်းဆောင်များနှင့် တွေ့ဆုံ၍ အန္တရာယ် ကို ညွန်ပြခဲ့သည်။ ၁၉၅၆-၅၇ ခုနှစ်များတွင်လည်း

အစိုးရအဖွဲ့၏ နိုင်ငံရေးသိက္ခာကို အမြန်ဆုံး သိဒ္ဓိတင် ဖို့လိုကြောင်း မကြာခဏ သတိပေးခဲ့သည်။ သို့သော် ဖဆပလအစိုးရသည် နိုင်ငံ၏အခြေအနေကို

ထိန်းသိမ်း နိုင်စွမ်းမရှိဘဲ တစ်နိုင်ငံလုံးမှာ မတရားမှုများ၊ မကျေ နပ်မှုများဖြင့်သာ ပြည့်နှက်၍နေလေသည်။

နိုင်ငံ၏နိုင်ငံရေးအခြေအနေ ပျက်စီးကျဆင်း သည့်အလျောက် စီးပွားရေးအခြေအနေမှာလည်း များစွာ ကျဆင်းလာသည်။ နိုင်ငံခြားသို့ ပို့ကုန်တန်ဖိုးမှာ

၁၉၄၈-၄၉ မှ ၁၉၅၅-၅၆ ခုနှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှကျပ်သန်းပေါင်း (၁ဝ၁၃) သန်းဖြစ်သည်။ ယင်းပမာဏမှာ စစ်မဖြစ်ခင်က ပမာဏကိုမမီပေ။ ပို့ကုန်မှာ

တစ်နှစ်လျှင် ကျပ်သန်းပေါင်း (၁ဝဝဝ) ဖိုးခန့် နစ်နာသည်ဟုဆိုသည်။ ၁၉၅ဝ-၅၁ ခုနှစ်မှ ၁၉၅၅-၅၆ ခုနှစ်အထိ ခြောက်နှစ်ကာလအတွင်း ပို့ကုန်တန်ဖိုး နစ်နာမှုမှာ

ကျပ်သန်းပေါင်း ၆၈၈၂ သန်းဖြစ်သည်။ လက်နက်ကိုင်သောင်းကျန်းမှုကြောင့် စပါးအထွက်နှုန်း မှာလည်း များစွာကျဆင်းခဲ့သည်။ စစ်မဖြစ်မီက မြန်မာ

နိုင်ငံမှလယ်များသည် တစ်ဧကလျှင် အနည်းဆုံး စပါးတင်း (၃ဝ)ထွက်သော်လည်း ၁၉၅၆ ခုနှစ်တွင် တစ်ဧကလျှင် (၂၅)တင်းပင် မထွက်တော့ပေ။

ဆန်စပါးပြီးလျှင် ပြည်ပပို့ကုန်အနေနှင့် အားအကိုးရဆုံးဖြစ်သည့် သစ်တောထွက်ကုန်မှာလည်း စစ်မဖြစ်မီကထက် ၃၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ရ သည်။

သစ်တောလုပ်ငန်းသည် ခြောက်နှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၈၃၈ သန်း နစ်နာခဲ့သည်။ သတ္တု လုပ်ငန်းမှာမူ ခြောက်နှစ်အတွင်း ကျပ်သန်းပေါင်း ၃၄၅ဝ သန်းမျှ

နစ်နာခဲ့သည်ဟုဆိုသည်။ ၁၉၅ဝ-၅၁ မှ ၁၉၅၅-၅၆ ခုနှစ်အထိ ခြောက်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏အထွေထွေနစ်နာဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း

၈၄ဝဝ သန်းခန့် ရှိခဲ့သည်ဟုဆို၏။ ၁၉၅၅ ခုနှစ်အထိ အရပ်သားပေါင်း ၂၂ဝ၇၇ ယောက် သေကျေပျက်စီးခဲ့ရပြီး ပြည်သူ့ဝန်ထမ်းပေါင်း ၅၆၉၄

ယောက်သေကျေခဲ့သည်။ ထိုသူများမှာ ပြည်တွင်း သောင်းကျန်းမှုကြောင့် သေရခြင်းဖြစ်သည်။

ဖဆပလအဖွဲ့ကြီးသည် ဖက်ဆစ်ဂျပန်တော်လှန် ရေးမတိုင်မီ စတင်ဖွဲ့စည်းခါစကာလ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလများကကဲ့သို့ နိုင်ငံရေးအင်အားစု များအားလုံး

စုပေါင်းပါဝင်သည့် ဩဇာတိက္ကမကြီးမား သော တပ်ပေါင်းစုကြီးတစ်ခုမဟုတ်တော့ပေ။ သာမန် ဂိုဏ်းဂဏဆန်သော နိုင်ငံရေးပါတီမျိုးတစ်ရပ်သာ ဖြစ်လာသည်။

ဖဆပလမှခွဲထွက်သွားသည့် နိုင်ငံရေး အင်အားစုများသည် အတိုက်အခံများအဖြစ် အားကောင်း၍လာသည်။ ထိုအချိန်တွင် ဖဆပလမှာ ပြိုကွဲလုနီးပါးဖြစ်၍နေလေပြီ။

အစိုးရအာဏာကိုရရှိ ထားသည့်ဖဆပလအဖွဲ့ကြီး များစွာယိုယွင်းပျက်စီး လာသော်လည်း လက်နက်ကိုင်သောင်းကျန်းသူများ အကဲသာ၍မလာကြပေ။

အစိုးရအဖွဲ့နိုင်ငံရေးအာဏာ ကျဆင်းနေစဉ်တွင် တပ်မတော်သည် သောင်းကျန်းသူ များအားတိုက်ခိုက်ချေမှုန်းနေဆဲပင်ဖြစ်သောကြောင့် သောင်းကျန်းသူများသည်

အစိုးရချို့ယွင်းလာသော် လည်း ခေါင်းထောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

[၄]

သောင်းကျန်းသူများ၏ လမ်းစဉ်အဆင့်ဆင့်[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီ[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီသည် စတင်ပေါ်ပေါက် လာစဉ်မှစ၍ လမ်းစဉ်အမျိုးမျိုးချမှတ်ခဲ့ရာ လမ်းစဉ် မှားယွင်းမှုများ မကြာခဏပေါ်ပေါက်ခဲ့ပေသည်။

မှားပြီးရင်းမှားရင်းဖြစ်နေသော နိုင်ငံရေးလမ်းစဉ်နှင့် ပတ်သက်၍လည်း ပါတီဝင်အချို့မှာ မကျေမနပ်ဖြစ် လာကြသည်။ ၁၉၄၈-၄၉ ခုနှစ်များအတွင်း မြို့ရွာ

အချို့ကိုသိမ်းပိုက်ထားနိုင်ခဲ့သော စစ်ရေးအခြေအနေ မျိုးကိုပြန်လည်ရောက်ရှိရန်လည်း ကြိုးပမ်းနိုင်ခြင်း မရှိတော့ပေ။ ပါတီ၏အမှားများနှင့်ပတ်သက်၍

သခင်တင်မြက 'သမိုင်းတစ်ခေတ် သစ်ခဲ့ပြီ' စာအုပ် စာမျက်နှာ ၉ တွင် အောက်ပါအတိုင်း ရေးသားထား သည်ကိုတွေ့ရှိနိုင်သည်။

'ကျွန်တော်၏အတွေ့အကြုံအရ ရေးသားတင်ပြ ခဲ့ရသော ကွန်မြူနစ်ပါတီ၏သမိုင်းဆိုင်ရာအချက် အလက်များတွင် ပါတီသည် မှန်ကန်သောလမ်းစဉ်နှင့်

လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်က နည်းပါးပြီး မှားယွင်းစွာလုပ်ဆောင်ခဲ့မှုများက များပြားနေသည်ကို တွေ့ခဲ့ရပေသည်။'

'ပါတီ၏သမိုင်းဆိုင်ရာ အချက်အလက်များကို ရေးသူဖြစ်သော ကျွန်တော်သည်ပင် မိမိရေးသားခဲ့သည် ကိုကြည့်ရင်း တို့ပါတီကတော့ ခြေလှမ်းတိုင်းကို မှားနေ

သလောက်ဖြစ်နေပြီ၊ အမှန်နှင့်အောင်မြင်မှုကနည်းပြီး အမှားနှင့်ဆုံးရှုံးမှုတွေ များနေပါကလားဟုပင် မကျေ မနပ်ဖြစ်ခဲ့ရသည်။ ပါတီခေါင်းဆောင် ပေါ်လစ်ဗျူရို

လူကြီးများကလည်း ခင်ဗျားရေးသားချက်တွေကပါတီ ရဲ့မှန်ကန်မှုတွေ၊ အောင်မြင်မှုတွေထက် မှားယွင်းမှုနှင့် ဆုံးရှုံးမှုတွေကိုသာ မှတ်တမ်းတင်ထားသလို ဖြစ်နေပါ

လားဟုမေးခဲ့ကြသည်။'

'ပါတီကအမှားတွေ အများအပြားလုပ်ခဲ့ရင် ပါတီ ရဲ့ သမိုင်းမှတ်တမ်းမှာ အမှားတွေကများနေတာ တွေ့ရမှာပဲဟုသာ ကျွန်တော်အဖြေပေးခဲ့ရသည်။'

'ယခုအခါတွင်ကား ကွန်မြူနစ်ပါတီ၏ သမိုင်း မှတ်တမ်းတွင် ထပ်ဖြည့်ရေးသားရင်း မှားယွင်းသော လမ်းစဉ်များနှင့် ခြေလှမ်းများ၊ လုပ်ငန်းများကား ပို၍ သာ

များလာခဲ့ပေပြီ။'(သခင်တင်မြ၏သမိုင်းတစ်ခေတ်သစ်ခဲ့ပြီ)(စာမျက်နှာ ၉)

ဗမာပြည်ကွန်မြူနစ်ပါတီ၏ မှားယွင်းသော လမ်းစဉ်များကို လေ့လာကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်-

၁။ ၁၉၄၅ ခုနှစ်။ ဂျပန်တော်လှန်ရေးအပြီးတွင် ဗြိတိသျှနယ်ချဲ့သမားနှင့်ပူးပေါင်းရေးဝါဒ ဖြစ်သော ဘရောက်ဒါဝါဒလမ်းစဉ်။

၂။ ၁၉၄၆ ခုနှစ်။ ကွန်မြူနစ်ပါတီကို နှစ်ခြမ်းကွဲ စေပြီး မည်သည့်အခါမျှ ပြန်လည်မညီညွတ် နိုင်တော့သော ဂိုဏ်းဂဏဝါဒလမ်းစဉ်။

၃။ ၁၉၄၆ ခုနှစ်။ နိုင်ငံလွတ်လပ်ရေးကို ကြိုးပမ်း နေသော နိုင်ငံရေးတပ်ပေါင်းစုဖြစ်သည့် ဖဆပလအဖွဲ့ကြီးမှ ထုတ်ပယ်ပစ်ခြင်းခံခဲ့ရ သော

ပါတီကိုသာဦးစားပေးရေးလမ်းစဉ်။

၄။ ၁၉၄၈ ခုနှစ်။ တစ်မျိုးသားလုံး၏ နှစ်ရှည် လများ ခက်ခဲပင်ပန်းစွာ ကြိုးစားတော်လှန် ခဲ့မှုများကြောင့် ရရှိလာသည့် လွတ်လပ်ရေး ကို အတုအယောင်

လွတ်လပ်ရေးအဖြစ် သတ်မှတ်ကာ တောခိုခဲ့သည့် လက်နက်ကိုင် လမ်းစဉ်။

၅။ ၁၉၄၈ ခုနှစ်။ လက်နက်ကိုင်လမ်းစဉ် စတင်စဉ်တွင် အစိုးရဘက်က စစ်ရပ်စဲရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့်များဖြင့် ကမ်းလှမ်းခဲ့သော်လည်း

စစ်ရေးသက်သက် ဖြင့် အာဏာသိမ်းရန်သာ ကြံစည်ခဲ့သော အပြုတ်တိုက်ရေးလမ်းစဉ်။

၆။ ၁၉၄၉ ခုနှစ်။ အကုန်သိမ်း၊ အကုန်ဝေဟူ သော ကြွေးကြော်သံဖြင့် ပြုလုပ်ခဲ့သည့် မြေယာ ဝေခြမ်းရေးလမ်းစဉ်။

၇။ ၁၉၄၉၊ ၅ဝ ပြည့်နှစ်။ ပြည်သူ့ရဲဘော်(အဖြူ) နှင့် အလံနီပါတီ စသော လက်ဝဲဝါဒီများနှင့် လက်နက်ကိုင်တိုက်ခိုက်ခဲ့သော ဂိုဏ်းဂဏ ဝါဒလမ်းစဉ်။

၈။ ၁၉၅ဝ ပြည့်နှစ်၊ ပြည်သူ့ဒီမိုကရေစီ တပ် ပေါင်းစု ပျက်သွားပြီး အခြားအဖွဲ့အစည်း များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသဖြင့် မိမိ အင်အား

ယုတ်လျော့နည်းပါးသွားစဉ်တွင် တစ်ရှူးထိုးစစ်ရေးဝါဒဖြင့် ကြွေးကြော်ခဲ့သော နှစ်နှစ်အတွင်းစစ်အနိုင်တိုက်ရေးလမ်းစဉ်။

၉။ ၁၉၅၁၊ ၅၃ ခုနှစ်။ ငြိမ်းချမ်းရေး ညွန့်ပေါင်း အစိုးရဖွဲ့စည်းရန် ကြိုးစားခဲ့သော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့် မိမိ ပါတီအကျိုးကိုသာ

ကြည့်သောလမ်းစဉ်။

၁ဝ။ ၁၉၅၃၊ ၅၅ ခုနှစ်။ သုံးပါတီညီညွတ်ရေး ပျက်သွားပြီးနောက် ကွန်မြူနစ်ပါတီသည် မည်သည့်လမ်းစဉ်ကိုမျှ ချမှတ်နိုင်ခဲ့ခြင်း မရှိဘဲ သူတစ်လူငါတစ်မင်းသာ

ဆောင်ရွက် နေခဲ့ကြသဖြင့် ဗဟိုချုပ်ကိုင်မှု အားနည်း ခဲ့သည်။

၁၁။ ၁၉၅၅၊ ၅၆၊ ၅၇၊ ၅၈ ခုနှစ်။ ရက်ပေါင်း ၁ဝဝ ကျော် အစည်းအဝေးထိုင်ပြီးမှ ချမှတ်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးလမ်းစဉ်

သို့မဟုတ်၊ ၅၅ လမ်းစဉ်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ခဲ့ရသော ကြောင့် ၅၅ လမ်းစဉ်ကိုချမှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံ

ရေးအကျပ်အတည်းအရ ဗဟို၏ဩဇာအာဏာမှာ များစွာကျဆင်းလာရာ ကျောက်ခဲကို နို့ညှစ်၍ရလျှင် သာရမည်၊ လက်ရှိဗဟိုကော်မတီခေါင်းဆောင်မှုကား

အမှန်ကိုရှာဖွေပေးနိုင်မည်မဟုတ်တော့ဟု အောက်ခြေ က တင်ပြလာကြသည်။ ဗဟိုကော်မတီနုတ်ထွက်ပေး၊ သခင်သန်းထွန်း၏ ပါတီဥက္ကဋ္ဌ ခေါင်းဆောင်မှုကို

ပြောင်းလဲပေး ဟူ၍လည်း တောင်းဆိုလာကြသည်။ ထို့ကြောင့် သခင်သန်းထွန်းနှင့်ဗဟိုကော်မတီသည် ပါတီတွင်း ဩဇာအာဏာပြန်လည်ရရှိရေးအတွက်

လမ်းစဉ်မဲ့အနေအထားမှ ၅၅ လမ်းစဉ်ကို အစားထိုး ပေးခဲ့ခြင်းဖြစ်လေသည်။

စစ်ရေးအရ အကျပ်အတည်းမှာလည်း ဆိုးရွား လျက်ရှိသည်။ ဗမာ့တပ်မတော်သည် တစ်ပြည်လုံးအနှံ့ အပြားတွင် ထိုးစစ်ကြီးများကို အောင်မြင်စွာဆင်နွှဲ လျက်ရှိရာ

ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင် တပ်များမှာ များစွာထိခိုက်ကျဆုံးခဲ့ရသည်။ တပ်မတော် ၏ဂုဏ်သိက္ခာမြင့်မားလာသည့်အလျောက် လူသူ

လက်နက်ပစ္စည်းများ တစ်စထက်တစ်စတိုးတက်များ ပြားလာသော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှာမူ လျော့ပါးသွားသော စစ်အင်အားကို ပြန်လည်၍

အစားမထိုးနိုင်ခဲ့ချေ။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ စီးပွားရေးမှာလည်း ချွတ်ခြုံကျ၍လာသည်။ ပါတီရန်ပုံငွေမှာ စစ်ဘေးစစ် ဒဏ်အမျိုးမျိုးကြောင့် ဆင်းရဲမွဲတေနေသော ကျေးလက်

လူထုထံမှ အတင်းအကျပ်ကောက်ခံရသော ဆက်ကြေး ငွေအပေါ်တွင် မှီခိုနေရသည်။ အစိုးရကို ယှဉ်ပြိုင် တိုက်ခိုက်နေသော်လည်း အစိုးရကဲ့သို့ ဝင်ငွေရသော

စီးပွားရေးလုပ်ငန်းများ မရှိခဲ့ပေ။ စားရေရိက္ခာကိုလည်း ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကျေးလက်လူထုကိုသာ လုံးဝ မှီခိုနေရလေရာ ကျေးလက်ပြည်သူလူထု၏ ငြိုငြင်မှု၊

ဆန့်ကျင်မှုများကိုလည်း ကြုံတွေ့လာရသည်။ ထိုသို့ သော ဆန့်ကျင်မှုများကို အကြမ်းဖက်၍နှိမ်နင်းခြင်း ဖြင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူများ

အကြားတွင် သိက္ခာကျဆင်း၍လာသည်။ တောနေ လူတန်းစားများမှာ ပြည်တွင်းဆူပူသောင်းကျန်းမှုများကို များစွာ နာကြည်းပြီး ငြီးငွေ့နေကြလေပြီ။

ထိုသို့သောအခြေအနေမျိုးတွင် ၅၅ လမ်းစဉ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၅၅ လမ်းစဉ်မှာ ဥပဒေအတွင်း ဝင်၍ နိုင်ငံရေးတိုက်ပွဲဆင်နွှဲရန် အဓိက ဦးတည်လေ သည်။

ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မတရား အသင်း ကြေညာထားမှုကို ရုပ်သိမ်းပေးရန် အစိုးရထံ တောင်းဆိုရသည်။ ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲနေသည် ကိုလည်း

ပြန်လည် ညီညွတ်အောင် ကြိုးစားရန်နှင့် သုံးပါတီညီညွတ်ရေး ပြန်လည်တည်ဆောက်ရန်လည်း ၅၅ လမ်းစဉ်ကနှိုးဆော်ထားသည်။ လူထုအတွင်း

ကျယ်ပြန့်စွာစည်းရုံး၍ ဥပဒေအတွင်းမှလူထုလှုပ်ရှား မှုများကို ဖော်ထုတ်ရမည်ဟုလည်းဆိုသည်။

သို့သော် လက်နက်ကိုင်တပ်များနှင့် ပတ်သက်၍ မူ သဘောထားမှာ တစ်မျိုးဖြစ်နေသည်။ တပ်များကို နိုင်ငံရေးအသိနှင့် စွမ်းရည်မြှင့်တင်ပေးရန်သာမက မိမိ

အရှုံးမရှိဘဲ အမြတ်ထွက်မည့် တိုက်ပွဲများကိုသာ ဆင်နွှဲ ရေးအတွက် လမ်းညွှန်ထားသည်။ ဥပဒေအတွင်း တိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကို တစ်ပြိုင်နက်တည်း

ဆင်နွှဲရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ ဖဆပလအစိုးရသည် ဤအချက်ကို လက်မခံနိုင်ပေ။ ဗမာပြည်ကွန်မြူနစ် ပါတီဝင်များနှင့်ပြည်သူလူထုအတွင်းသို့

ငြိမ်းချမ်းရေး ကြွေးကြော်သံများဖြင့်စည်းရုံးကာ နိုင်ငံရေးသိက္ခာကို ပြန်လည်ရယူသည်။ ငြိမ်းချမ်းရေးကို လိုလားနေသော ကျေးလက်လူထုကို

ငြိမ်းချမ်းရေး ကြွေးကြော်သံဖြင့် စည်းရုံးသော်လည်း လက်နက်ကိုင်လမ်းစဉ်ကိုမူ စွန့်လွှတ်ရန် မရည်ရွယ်ခဲ့ပေ။

သုံးပါတီညီညွတ်ရေးမှာလည်း ပြန်လည် အကောင်အထည်ဖော်၍မရဘဲဖြစ်လာသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ဂိုဏ်းဂဏဝါဒကို ကျင့်သုံးသည့် အပြင်

ပါတီဩဇာလွှမ်းမိုးရေးကိုသာ ဆောင်ရွက်နေ သဖြင့် မအောင်မြင်ခဲ့ပေ။ အလံနီများကမူ ပြင်းထန် လွန်းသော လက်ဝဲအလွန်အကျွံဝါဒကိုသာကိုင်စွဲထား ကြသည်။

ပြည်သူ့ရဲဘော်(အဖြူ) များမှာလည်း လက်နက်ကိုင်ဆူပူရေးနှင့် သောင်းကျန်းသူအဖွဲ့အစည်း များအပေါ် စိတ်ပျက်ကာ တွေဝေ၍နေကြသည်။ ဗမာ

ပြည်ကွန်မြူနစ်ပါတီမှာ တပ်မတော်၏ထိုးစစ်များ ကြောင့် ဗဟိုကော်မတီအစည်းအဝေးပင် မထိုင်နိုင်ဘဲ ဖြစ်လာသည်။ တိုင်းကော်မတီ၊ ခရိုင်ကော်မတီ စသည်

တို့မှာလည်း အဆက်အသွယ်ပြတ်လာသည်။

ထိုအချိန်တွင် တိုင်း(၃)အုပ်စုဟူ၍ ပေါ်လာ ပြန်သည်။ အောက်ဗမာပြည်တိုင်းကော်မတီသည် ဗဟို ချုပ်ကိုင်မှုကို လက်မခံနိုင်ဟု ဆိုလာသည်။ တိုင်း(၃) အုပ်စုတွင်

ဗဟိုကော်မတီနှင့် တိုင်းပါတီအတွင်းရေး မှူးဖြစ်သူ ဗိုလ်ညွန့်မောင် က ခေါင်းဆောင်လျက်ရှိ ပြီး တိုင်းပါတီကော်မတီနှင့် တောင်သူလယ်သမား သမဂ္ဂ

ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ သခင်စောရင်၊ တိုင်းပါတီကော်မတီနှင့်တိုင်းစစ်ကော်မတီဝင် ဗိုလ် လှမိုး၊ တိုင်းစစ်ကော်မတီဝင် ဗိုလ်ထွန်းမြင့်၊ ပဲခူးခရိုင်

လှည့်လည်တပ်မှူး ဗိုလ်ကျော်ဒွန်း၊ မော်လမြိုင်ခရိုင် ကော်မတီဝင် ဗိုလ်ညို၊ သထုံခရိုင်ကော်မတီဝင် ရဲဘော် အောင်ရွှေနှင့်ရဲဘော်စိန်မြင့် ပဲခူးရိုးမကော်မတီဝင်

ဗိုလ်ညိုမင်းတို့ပါဝင်လေရာ မြစ်ဝကျွန်းပေါ်၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်တို့မှ ဗမာပြည်ကွန်မြူနစ် ပါတီအင်အားစုများ ဖြစ်လေသည်။ တိုင်း(၃)အုပ်စုသည်

ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်များစွာ စိတ်ပျက်လျက် ရှိပြီး ၅၅ လမ်းစဉ်အပေါ်လည်း ယုံကြည်မှုမရှိတော့ ပေ။

ဗမာပြည်ကွန်မြူနစ်ပါတီ စည်းရုံးရေးမှူးများနှင့် လက်နက်ကိုင်တပ်မှူးများမှာလည်း ပဋိပက္ခဖြစ်လာ ကြသည်။ လက်နက်ကိုင်တပ်သားများသည် ဥပဒေ

အတွင်းဝင်ရပါက နေထိုင်စားသောက်ရန် စီးပွားရှာလာ ကြသည်။ စီးပွားရေးလုပ်သူ၊ ဓားပြတိုက်သူ၊ လုယက် သူများပေါ်လာသည်။ ခရိုင်ကော်မတီဝင်များပင် စပါး

ပေး၊ နှမ်းပေး၊ ငွေတိုးချေးမှုများ လုပ်လာကြသည်။ ပါတီ ဗဟိုကော်မတီမှာမူ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကြွေးကြော်သံများဖြင့်

ပြည်သူလူထုအား စည်းရုံးနေသော်လည်း လက်နက်ကိုင်တိုက်ပွဲကို ပိုမို ပြင်းထန်စွာဆင်နွှဲရမည်ဟု လှုံ့ဆော်နေပြန်သည်။ ထို့ကြောင့် ၅၅ လမ်းစဉ်သည်

ဆန့်ကျင်ဘက်ရည်ရွယ် ချက်များကို ပေါင်းစပ်ဖွဲ့စည်းထားရာ ရောက်ခဲ့သဖြင့် အဆုံးအရှုံးများလာသည်။ လက်နက်ချသူများလည်း တဖွဲဖွဲပေါ်ပေါက်လာသည်။

၁၉၅၇ ခုနှစ်တွင် ရဲဘော်ချမ်းအေး ၏ လက်နက်နှင့်ဒီမိုကရေစီလဲရေးအယူအဆ ပေါ်ပေါက် လာသည်။ ရဲဘော်ချမ်းအေးသည် အရန်ဗဟို

ကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး မြေပေါ်အဆက်အသွယ် အတွက် ရန်ကုန်မြို့ပေါ်သို့ရောက်ရှိနေစဉ် အဖမ်းခံ ရခြင်းဖြစ်သည်။ ရဲဘော်ချမ်းအေးသည် ဗမာပြည်

ကွန်မြူနစ်ပါတီမှ နုတ်ထွက်လိုက်ပြီးနောက် ချမ်းအေး စစ်တမ်း ကိုပြုစု၍ ပြည်သူသို့တင်ပြခဲ့သည်။ ရဲဘော်ချမ်းအေးက လက်နက်နှင့်ဒီမိုကရေစီ လဲလှယ် ရန်

နှိုးဆော်လာသောအခါ ဗမာပြည်ကွန်မြူနစ်ပါတီမှာ လက်နက်ချသူတွေ ပိုမို၍များပြားလာသည်။ ပါတီဗဟို ကော်မတီက ချမ်းအေးဝါဒသည် လက်ယာအရှုံးပေးရေး

ဝါဒဟု ဝေဖန်ခဲ့သည်။ သို့သော် ၁၉၅၇ ခုနှစ်မှစ၍ သိသိသာသာပေါ်ပေါက်လာသော အစုလိုက်အပြုံလိုက် လက်နက်ချမှုများကို ဗဟိုကော်မတီသည် မတားမြစ်

နိုင်တော့ပေ။

ကေအင်န်ယူတို့၏ ဒုတိယလမ်းစဉ်ကျဆုံးလာခြင်း[ပြင်ဆင်ရန်]

ကေအင်န်ယူတို့၏ပထမလမ်းစဉ်မှာ ကျဉ်းမြောင်း သောလူမျိုးရေးကိုအခြေခံသည့် စစ်ရေးဝါဒသက်သက် ဖြစ်ပြီး ဒုတိယလမ်းစဉ်မှာ မာ့ခ်စ်လီနင်ဝါဒ ဦးဆောင်မှု

ကိုခံယူသော လက်ဝဲဝါဒဖြစ်ကြောင်းတင်ပြပြီးပေပြီ။ မာ့ခ်စ်လီနင်ဝါဒနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ နုနယ်သောကေအင်န်ယူပါတီသည် ဗမာပြည်

ကွန်မြူနစ်ပါတီကိုတပည့်ခံ၍ ဒုတိယလမ်းစဉ်ကို ကျင့်သုံးခဲ့ရသည်။ သို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နောက်မြီးဆွဲလက်အောက်ခံပါတီသဖွယ် ဖြစ်လာ ခဲ့ရသည်။

သို့သော် လူမျိုးစွဲဝါဒသည်လည်း လုံးလုံး ပျောက်ကွယ်ခြင်းမရှိသေးပေ။

ဒုတိယလမ်းစဉ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များကို ကော်သူးလေတော်လှန်ရေးစစ်တမ်း (၂ဝ-၁ဝ-၅၉) စာမျက်နှာ ၂၉ မှစ၍ အောက်ပါ

အတိုင်းဖော်ပြထားသည်။

'ဖဆဆိုရှယ်အစိုးရနှင့် ငါတို့၏ နိုင်ငံရေးတိုက်ပွဲ တွင် ဖဆဆိုရှယ်အစိုးရ၏ တစ်နှစ်အတွင်း ငြိမ်းချမ်း ရေး ကြွေးကြော်သံကြောင့် ငါတို့အတော်ပဲ ထိခိုက်ခဲ့ရ သည်။

၎င်းနောက် ပြည်တော်သာစီမံကိန်းများကိုချမှတ် လာပြန်သောအခါ ငါတို့ချည်းမဟုတ်ဘဲ ကွန်မြူနစ် များပင်လျှင် အတော်ပဲ မျက်လုံးပြူးသွားကြသည်။ သို့သော်လည်း

ဤ ကြွေးကြော်သံများကို ဖဆဆိုရှယ် အစိုးရက အကောင်အထည် တိတိကျကျမဖော်နိုင် သောကြောင့်သာလျှင် ငါတို့သက်သာရာရသေးသည်။

ဤနိုင်ငံရေးထိုးစစ်အချိန်အတွင်း ပြည်ထောင်စုကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ဖဆဆိုရှယ်အစိုးရက ဆက်လက်အခွင့်အရေးပေးထားသဖြင့် ငါတို့အား

များစွာထိခိုက်နစ်နာစေခဲ့သည်။ ဤနိုင်ငံရေးထိုးစစ်ကို တန်ပြန်ထိုးစစ်ဆင်ရန် ငါတို့ဘာမှမတတ်နိုင်သော အခြေအနေရှိခဲ့ပေသည်။ ဤနောက်ပိုင်းတွင် ဗမာပြည်

တစ်ခုလုံး၌ နိုင်ငံရေးကျဆင်းမှု စတင်ရှိခဲ့ပေသည်။ မြေပေါ်မြေအောက် နိုင်ငံရေးပါတီအားလုံးသည် နိုင်ငံရေးကျဆင်းမှုနှင့်တွေ့ဆုံရခြင်းမှာ ဖဆဆိုရှယ်

အစိုးရ၏ ကြွေးကြော်သံရော၊ တော်လှန်ရေးပါတီများ ၏ ကြွေးကြော်သံရော တစ်ခုမျှမအောင်မြင်သဖြင့် ပြည်သူလူထုက နိုင်ငံရေးကိုငြီးငွေ့လာခြင်းကြောင့် ဖြစ်သည်'

(ကော်သူးလေတော်လှန်ရေးစစ်တမ်းစာမျက်နှာ ၂၉၊ ၃ဝ)

ကေအင်န်ယူပါတီသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏အရိပ်အောက်တွင်ရောက်နေသည့်အလျောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏အခက်အခဲအကျပ်အတည်း များ၏

ဂယက်ရိုက်ခြင်းကိုခံရလေသည်။ ပါတီတွင်း၌ လည်း လက်ဝဲဝါဒီများနှင့် လက်ယာဝါဒီများမှာ ပဋိပက္ခ ဖြစ်၍နေကြသည်။ အောက်ခြေလက်နက်ကိုင်တပ်သား

များကိုလည်း မထိန်းသိမ်းနိုင်သဖြင့် မူးယစ်ရမ်းကားမှု၊ အကြမ်းဖက်မှု၊ ဓားပြမှု၊ လူသတ်မှုများကိုမကြာခဏ ကျူးလွန်လာကြသည်။ ထို့ကြောင့် စည်းရုံးရေးအခြေ

အနေကျဆင်းလာကြောင်း ကော်သူးလေတော်လှန် ရေးစစ်တမ်းတွင် အောက်ပါအတိုင်း ရေးသားထား သည်။

'စည်းရုံးရေးအခြေအနေကို ငါတို့ ပြန်ကြည့်လျှင် လည်း နိုင်ငံရေးအခြေအနေပေါ် မှီနေသည်ကို တွေ့မြင် ရမည်ဖြစ်သည်။ ပြည်သူလူထုသည် ပြည်တွင်းစစ်

အခက်အခဲများတွင် အလူးအလှိမ့် ခံနေရသဖြင့် နိုင်ငံ ရေးကို အတော်ပဲ ငြီးငွေ့လာကြသည်နှင့်အမျှ ငါတို့၏ ဝါဒလုပ်ငန်းစဉ်များကို ယုံကြည်နှစ်သက်ခြင်း ခေါင်းပါး

လာကြတော့သည်။ ငါတို့၏ စည်းရုံးရေးမှာလည်း အမှန် စင်စစ်အားဖြင့် ကျဆင်းခဲ့ရပေသည်။ အချို့ဒေသ အချို့လူတန်းစား အစိတ်အပိုင်းတွင် ငါတို့၏ စည်းရုံး ရေး

အောင်မြင်မှုရှိသည်ဟု ငါတို့ဆိုခြင်းသည် ဓမ္မ ဓိဌာန်အခြေအနေကို ငါတို့၏ပါတီလက်အောက်အဆင့် များ မျက်ခြည်ပြတ်သွားအောင် ငါတို့လှည့်စားလိုက်ခြင်း

ပင်ဖြစ်သည်။ ငါတို့၏ရန်တုံ့ပြန်ချက်ကို ကြောက်ရွံ့ စိုးရိမ်၍ ငါတို့အားအကူအညီမပေးချင်ဘဲပေးနေရခြင်း၊ အဆက်အသွယ်မလုပ်ချင်ဘဲ လုပ်နေရခြင်းတို့သည်

ငါတို့၏စည်းရုံးရေးတိုးတက်ခြင်းကို ပြသည်မဟုတ်ဘဲ ငါတို့၏စည်းရုံးရေး ဘယ်လောက်ညံ့ဖျင်းနိမ့်ကျသည်ကို ရုပ်ဝတ္ထုအခြေအနေပေါ် အခြေခံပြီး ကမ္မပိုင်း၊ ကတ္တား

ပိုင်း အခြေအနေတို့ကိုဆန်းစစ်ကြည့်ပါက ကွင်းကွင်း ကွက်ကွက်တွေ့မြင်နိုင်ပေသည်။

ကရင်လူထုတစ်ရပ်လုံးအား သက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းအလိုက် ကရင်တောင်သူ လယ်သမားသမဂ္ဂ၊ ကရင်ကျောင်းသူ၊ ကျောင်းသားများ သမဂ္ဂ၊

ကရင်ကျောင်းဆရာ၊ ဆရာမများသမဂ္ဂ၊ ကရင် စာရေးစာချီ အမှုထမ်း၊ အရာထမ်းများသမဂ္ဂ၊ ကရင် အမျိုးသမီးသမဂ္ဂ၊ ကရင်လူငယ်သမဂ္ဂ၊ ကရင်ကုန်သည်

ပွဲစားသမဂ္ဂအစရှိသည်တို့ကို အကောင်အထည် ပေါ်အောင် စည်းရုံးဖော်ထုတ်ရန် ငါတို့လုပ်ငန်းစဉ် ချမှတ်ရေးဆွဲခဲ့ကြသော်လည်း ယနေ့အထိ ဘာတစ်ခုမျှ

မဖြစ်မြောက်သေးခြင်းကိုကြည့်ခြင်းအားဖြင့် ငါတို့၏ စည်းရုံးရေးအရည်အချင်း မည်မျှမရှိကြောင်းကိုသိရှိနိုင် ပေသည်။

'ဤအဆောက်အအုံ၊ အဖွဲ့အစည်းများထက် များစွာပိုမိုခက်ခဲသည့် ကရင်အလုပ်သမားသမဂ္ဂ၊ ကရင် အမျိုးသားညီညွတ်ရေးတပ်ဦး၊ လူမျိုးငယ်ညီညွတ်ရေး

တပ်ပေါင်းစုတို့ကား ငါတို့ဘယ်အချိန်ဘယ်ကာလတွင် အောင်မြင်စွာစည်းရုံးဖွဲ့စည်းနိုင်မည်ကိုကား တွေးမရ အောင်ပင်ဖြစ်တော့၏'

'ဤစည်းရုံးရေးကိစ္စနှင့်တစ်ဆက်တည်းဖြစ်သော ငါတို့၏ကေအင်န်ယူပါတီ တည်ဆောက်ရေးတွင်လည်း ငါတို့သည် ကြီးမားသော အခက်အခဲများကို ရင်ဆိုင်

၍နေရပေသည်၊ ငါတို့၏ပါတီတည်ထောင်ရေးတွင် အဓိကပြဿနာမှာ ဝါဒသဘောတရားရေးပင်ဖြစ် သည်၊ ငါတို့ကား ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒ

မှတစ်ဆင့် တိုတောင်းသောအချိန်ကာလအတွင်း မာ့ခ်စ် လီနင်ဝါဒဘက်သို့ ကူးပြောင်းစပြုလာငြားသော်လည်း ငါတို့၏လူမျိုးရေးစိတ်ဓာတ်နှင့် ငါတို့၏လူတန်းစား

ဘဝတို့ကြောင့် ငါတို့သည် မာ့ခ်စ်လီနင်ဝါဒကို အကြွင်းမဲ့ ထောက်ခံယုံကြည်မှုရှိ ကြသေးသည်မဟုတ်ချေ၊ ငါတို့၏ ခေါင်းဆောင်အများစုသည်

ဓနရှင်ပေါက်စလူတန်းစား မှလာကြသည်ဖြစ်သောကြောင့် ပစ္စည်းမဲ့လူတန်းစား သဘောတရားများကို လက်ခံယုံကြည်ကြသည်ဟု ဆိုငြားသော်လည်း

အခါအားလျော်စွာ လက်ယာ သွေဖည်မှုများကိုကျင့်သုံးခဲ့လေသည်။ တစ်ဖန် ငါတို့ ကရင်လူထုကြီးသည် တောင်သူလယ်သမားများဖြစ်ကြ သဖြင့်

အလုပ်သမားလူတန်းစားကဲ့သို့ တော်လှန်ရေး စိတ်ဓာတ်တက်ကြွခြင်းမရှိဘဲ ကိုယ့်ခြံ၊ ကိုယ့်လယ်၊ ကိုယ့်လုပ်ငန်းဖြင့် အေးအေးလူလူသာနေလိုကြပေသည်၊

ထို့ကြောင့် ဤသို့သော လယ်သမားလူတန်းစားကို ခေါင်းဆောင်သောဓနရှင်ပေါက်စ လူတန်းစားပါဝင် သည့် ပါတီတစ်ရပ်သည် မိမိတစ်ပါတီတည်းအနေဖြင့်

ပစ္စည်းမဲ့လူတန်းစား၏အောင်ပွဲသို့ ဆောင်ကြဉ်းနိုင်မည် ဆိုခြင်းကို များစွာသံသယဖြစ်ပေသည်၊ မအောင်မြင် နိုင်ဟုလည်း မာ့ခ်စ်လီနင်ဝါဒက ငါတို့အားသင်ကြား

ပြသခဲ့ပေသည်'

'ထို့ကြောင့်လည်း ငါတို့ပါတီတွင်းတွင် သဘော တရားရေးအယူအဆရေးတိုက်ပွဲများ မကြာခဏဖြစ် ခဲ့ပေသည်၊ ငါတို့၏ ဘဝခံယူချက်မမှန်ကန်သည့် အပေါ်တွင်

ငါတို့၏သဘောတရားရေး၊ အယူအဆရေး များသည်လည်း ရှုပ်ထွေးလာပြီး တစ်ဦးကိုတစ်ဦး အထင်အမြင်သေးခြင်း၊ လွဲမှားခြင်းများလည်း ပေါ်ပေါက်ခဲ့ပေသည်။

ကေအင်န်ယူပါတီကို ပါတီ စနစ်အရဖွဲ့စည်းရန်လိုလားသူ၊ မလိုလားသူ၊ လက်ဝဲ ဝါဒကိုလိုလားသူ၊ မလိုလားသူ၊ ဒုတိယလမ်းစဉ်ကို လိုလားသူ၊ မလိုလားသူ၊

သခင်သန်းထွန်းပါတီကို ကြိုက်သူ၊ သခင်စိုးပါတီကို ကြိုက်သူ၊ ပါတီဝင်အဖြစ် ခံယူလိုသူ၊ မခံယူလိုသူဟူ၍ အယူအဆအစိတ်စိတ် အမြွှာမြွှာကွဲပြားနေကြပေသည်'

(ကော်သူးလေတော်လှန်ရေးစစ်တမ်း စာမျက်နှာ ၂၉ မှ ၃၂ ထိ)

ကေအင်န်ယူပါတီသည် စည်းရုံးရေးများစွာ ကျဆင်းလာပြီး ခေါင်းဆောင်အချို့ကပါ လက်နက်ချ ရန် စဉ်းစားလာကြသည်။ ပါတီတွင်း စည်းလုံးညီညွတ်မှု ကိုလည်း

တည်ဆောက်နိုင်ခြင်းမရှိပေ။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ပဲခူးရိုးမဒေသတွင် အင်အား ကောင်းသည့်အလျောက် မြစ်ဝကျွန်းပေါ်ဒေသနှင့် နီးစပ်မှုရှိသည်။

ကရင်သောင်းကျန်းသူများမှာ မြစ်ဝ ကျွန်းပေါ်ဒေသတွင် အင်အားကောင်းလျက်ရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုင်း(၃)အုပ်စုမှာ ပြိုကွဲ လျက်ရှိရာ

ဗမာပြည်ကွန်မြူနစ်ပါတီသည် မြစ်ဝ ကျွန်းပေါ်ဒေသမှ ကေအင်န်ယူများကို သိမ်းသွင်းရန် အခက်အခဲရှိလာသည်။ ထို့အတူပင် ဗမာပြည် ကွန်မြူနစ်ပါတီ

တိုင်း(၃)အုပ်စု၏ စိတ်ဓာတ်ကျဆင်းမှု နှင့် လက်နက်ချလိုမှုသည် ကေအင်န်ယူပါတီတွင်းသို့ ကူးစက်လာသည်။ အရှေ့တိုင်းသံလွင်ဒေသမှ ကေအင်န် ဒီအိုများမှာမူ

ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်တို့နှင့် အလှမ်း ဝေးသဖြင့် တသီးတခြားဖြစ်၍နေသည်။

'သို့နှင့် ကေအင်န်ယူပါတီ ပေါ်လစ်ဗျူရို လူကြီး စောမောင်တိုး၊ ပါတီဗဟိုကော်မတီနှင့်ပဲခူးရိုးမတိုင်း သဘာပတိ ဆရာဘာဟုနှင့် ဦးစီးပဲ့ကိုင်ကော်မတီ

စောကျော်စိန်တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဗိုလ်ညွန့်မောင်ဦးစီးသည့် တိုင်း(၃)အုပ်စုနှင့် နီးစပ် လာပြီး လက်နက်ချရန်အခွင့်အလမ်းကို စောင့်ဆိုင်းနေ

လေတော့၏'

အခြားသောင်းကျန်းသူများ[ပြင်ဆင်ရန်]

သခင်စိုး၏ အလံနီပါတီသည် လက်ဝဲအလွန်အကျွံ ဝါဒကိုသာ တရားသေဆုပ်ကိုင်ထားဆဲရှိနေသည်။ အလံနီများသည် ပြည်သူ့ရဲဘော်၊ ဗမာပြည်ကွန်မြူနစ် ပါတီ၊

ကေအင်န်ယူပါတီတို့နှင့်ညီညွတ်ရေးဆောင်ရွက် ရာတွင် အလံနီပါတီအရေးကိုသာ ရှေ့တန်းတင်ခဲ့ သည်။ သဘောတရားရေးရာ၊ ဝါဒရေးရာများနှင့် ပတ်သက်၍လည်း

အလျှော့ပေးလေ့မရှိပေ။ အလံနီ ပါတီဗဟိုသည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှ တပ်မတော်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်သို့ဆုတ်ခွာ ခိုအောင်းနေလေရာ

ရခိုင်တိုင်းကို အခြေခံဒေသအဖြစ် ဖြင့် ဆောင်ရွက်နိုင်ရန် စည်းရုံးလှုပ်ရှားနေရသည်။ သို့သော် ဗုံပေါက်သာကျော်နှင့် ပဋိပက္ခဖြစ်ပြီးနောက် ဗုံပေါက်သာကျော်

လက်နက်ချသွားသဖြင့် စည်းရုံးရေး မှာ မအောင်မြင်ခဲ့ပေ။ ဦးစိန္တာ၏အဖွဲ့အစည်း (ရခိုင်ပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့)မှ ကျော်ဇံရွှီးနှင့် နောက်ပါအနည်းငယ်ကို

စည်းရုံးနိုင်သော်လည်း ထူးခြားစွာ အင်အားတောင့်တင်းလာခြင်း မရှိပေ။

ရဲဘော်ဖြူများမှာလည်း စိတ်ဓာတ်ကျဆင်းလျက် ရှိပြီး တောတွင်းပါတီများကိုလည်း အားကိုးနိုင်ဖွယ်မရှိ သဖြင့် လက်နက်ချရန်အခွင့်အလမ်းကိုသာစောင့်၍နေ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ တိုင်း(၃)အုပ်စုပြိုကွဲ လာသည့်ဂယက်သည် ကေအင်န်ယူဗဟိုကို ရိုက်ခတ် သကဲ့သို့ပင် ကေအင်န်ယူတို့၏စိတ်ဓာတ်ပျက်ပြားမှု သည်လည်း

လက်အောက်ခံဩဇာခံအဖွဲ့အစည်းများ ဖြစ်သော ပအိုဝ်းအဖွဲ့နှင့်မွန်သောင်းကျန်းသူတို့ကို ဂယက်ရိုက်ခတ်လာသည်။ သို့နှင့် ၁၉၅၇၊ ၅၈ ခုနှစ်တွင်

ဗမာပြည်ကွန်မြူနစ်ပါတီ တိုင်း(၃)အုပ်စု၊ ကေအင်န်ယူ ပါတီမှ စောမောင်တိုးအုပ်စု၊ ဗိုလ်ထွန်းလင်းနှင့် ရဲဘော်ဖြူများ၊ ရခိုင်ပြည်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊

ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့၊ မွန်သောင်းကျန်းသူ စသော ရောင်စုံသောင်းကျန်းသူအများစုမှာ လက်နက် ချရန်သာ အခွင့်အလမ်းကို စောင့်ဆိုင်းနေကြလေတော့

သည်။ [၅]

သောင်းကျန်းသူများအတွင်း ထွန်းကားလာသော အကြမ်းဖက်ဝါဒ[ပြင်ဆင်ရန်]

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်[ပြင်ဆင်ရန်]

လွတ်လပ်ရေးမရခင်ကတည်းက အကြောင်း အမျိုးမျိုးပြ၍ ဆူပူထကြွကလာကြသော သောင်းကျန်းသူ များတွင် ရည်ရွယ်ချက်၊ ရည်မှန်းချက်အမျိုးမျိုးရှိ

နေ ခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ် ပါတီတို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအား ပစ္စည်းမဲ့ အာဏာရှင်စနစ်ထူထောင်၍

ကွန်မြူနစ်နိုင်ငံအဖြစ် တည်ဆောက်ရန်ဖြစ်သည်။ ကွန်မြူနစ်ဝါဒအရ လူတန်းစားတိုက်ပွဲသည် အရေးကြီးသည်။ လူနည်းစု အရင်းရှင်လူတန်းစားသည်

လူများစု ပစ္စည်းမဲ့ လူတန်းစားကို ကုပ်သွေးစုပ်ခြယ်လှယ်နေသောကြောင့် အရင်းရှင်လူတန်းစားကို တိုက်ဖျက်ပစ်ရမည်ဟု ကွန်မြူနစ်များကယူဆသည်။

ပစ္စည်းမဲ့တော်လှန်ရေး ကိုဆင်နွှဲရာတွင် ကွန်မြူနစ်ပါတီက ဦးဆောင်ရသည်။ မြန်မာကွန်မြူနစ်များသည်လည်း ပစ္စည်းမဲ့တော်လှန် ရေးကို ဆင်နွှဲကြ

ရမည်ဟု ယုံကြည်ထားကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီမှာ တစ်ခု တည်း မဟုတ်ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အလံနီပါတီတို့အပြင်

ရဲဘော်ဖြူများ ကလည်း မာ့ခ်စ်ဝါဒကို ယုံကြည်သည်ဟုဆိုကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ နှင့်ရဲဘော်ဖြူများ၏ ယေဘုယျရည်မှန်းချက်မှာ မြန်မာ နိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ်တည်ဆောက်

ရန်ဖြစ် သည်။ သို့သော် ပစ္စည်းမဲ့အာဏာရှစ်စနစ်အရ နိုင်ငံကို ဦးဆောင်ကြမည့်ပါတီမှာ ပစ္စည်းမဲ့လူတန်းစားပါတီ တစ်ရပ်သာဖြစ်ရပေမည်။

ဗမာကွန်မြူနစ်အုပ်စုများမှာ ပါတီတစ်ရပ်တည်းအဖြစ် စုစည်းနိုင်ခြင်းမရှိကြပေ။ ဂိုဏ်းဂဏစွဲကလည်း ပြင်းထန်ကြသည်။ လက်နက်ကိုင် တော်လှန်ရေးကို

မယုံကြည်သူများကလည်း မြေပေါ် ကွန်မြူနစ်များအဖြစ်ရပ်တည်နေကြသည်။ မည်သို့ပင် ဆိုစေ ကွန်မြူနစ်များသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အရ

အင်အားအသင့်အတင့်ရှိသူများပင်ဖြစ်သည်။

သို့သော်ယင်းတို့၏ ကွန်မြူနစ်သီဝရီများအရ ပစ္စည်းမဲ့ လူတန်းစားများကို ကွန်မြူနစ်ပါတီတစ်ခုတည်းက ဦးဆောင်၍ ပစ္စည်းမဲ့တော်လှန်ရေးကြီး

ဆင်နွှဲရန်ကား မတတ်နိုင်ခဲ့ကြပေ။ ယင်းတို့သည် ပစ္စည်းမဲ့လူတန်းစား တို့၏ခေါင်းဆောင်များအဖြစ်သို့ ရောက်မလာဘဲ သောင်းကျန်းသူများအဖြစ်

သို့သာရောက်ရှိခဲ့ကြသည်။ ပစ္စည်းမဲ့အာဏာထူထောင်ရန် တော်လှန်ရေး တစ်ရပ်ဆင်နွှဲရမည်ဟူသော အဆိုအမိန့်သည် ကွန်မြူနစ်များ၊ လက်ဝဲဝါဒီများ

၏လက်စွဲ ဥပဒေသ တစ်ခုသာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ လက်ယာ အုပ်စုများသည်လည်း လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုပင်

ကျင့်သုံးခဲ့ကြသည်ကိုတွေ့ရသည်။ လက်ဝဲဝါဒီသောင်းကျန်းသူများက ယင်းတို့ ယုံကြည်ရာ ဝါဒကို တရားသေဆုပ်ကိုင်ထားကြသကဲ့သို့ လက်ယာ

ဝါဒီသောင်းကျန်းသူများကလည်း လူမျိုးရေး၊ ဘာသာ ရေးအမြင်ကျဉ်းမြောင်းမှုကို တရားသေစွဲကိုင်ထားကြ သည်။ လက်ယာဝါဒီသောင်းကျန်းသူများ

၏ရည်ရွယ် ချက်မှာ ယင်းတို့လူမျိုးစုများသာပါဝင်သည့် သီးခြား နိုင်ငံထူထောင်ရေး၊ ယင်းတို့ကိုးကွယ်သည့် ဘာသာ တရားသာလျှင် အဓိကကျသည့်

နယ်မြေအဖွဲ့အစည်း တစ်ခုထူထောင်ရေးပင်ဖြစ်သည်။ လက်ယာဝါဒီ သောင်းကျန်းသူများတွင် ကေအင်န်ယူအဖွဲ့အစည်း၏ လက်အောက်ခံ

ကေအင်န်ဒီအိုများ၊ အမ်အင်န်ဒီအို များ၊ မူဂျာဟစ်များပါဝင်ကြသည်။ မည်သို့ပင်ဖြစ်စေ သောင်းကျန်းသူအဖွဲ့အစည်းအားလုံး၏ အန္တိမ ရည်မှန်းချက်မှာ

နိုင်ငံတော်အာဏာကို ရရှိရေးပင်ဖြစ် သည်။ နိုင်ငံတော်အာဏာရရှိမှ ယင်းတို့စိတ်ကြိုက်ဝါဒ သဘောတရားအတိုင်း ခြယ်လှယ်အုပ်ချုပ်ကြရန်ပင် ဖြစ်သည်။

၁၉၄၈ခုနှစ်မှစ၍အတိအလင်းထကြွသောင်းကျန်း လာကြသော သောင်းကျန်းသူအဖွဲ့အစည်းအားလုံး၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်အာဏာရရှိရေးပင်

ဖြစ်သည်။ သို့သော် ၁၉၅ဝ ပြည့်နှစ်ခန့်မှစ၍ ယင်းတို့၏ အန္တိမရည်မှန်းချက်မှာ ဖြစ်နိုင်ဖွယ်မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ လက်ဝဲဝါဒ

သောင်းကျန်းသူအုပ်စုများ၏ခေါင်းဆောင်ပိုင်းသည် ချက်ချင်းလက်ငင်းအာဏာရရှိရန် လမ်းစမပေါ်တော့ သောအခါ ကွန်မြူနစ်သီအိုရီတစ်ခုဖြစ်သည့် ရေရှည်

စစ်ပွဲဘက်သို့ ဦးလှည့်လာကြသည်။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ဆုပ်ကိုင်ထားရင်းမှ လက်နက်ကိုင်တိုက်ပွဲ အဆက်မပြတ်သွားအောင်

ထိန်းသိမ်းထားပြီး နိုင်ငံရေးပရိယာယ်အမျိုးမျိုးကိုလည်း ကျင့်သုံးကြရန်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်က တောနယ်များတွင် ဆူပူသောင်းကျန်းကြရင်း

တစ်ဖက် က အစိုးရကို နိုင်ငံရေးအရအင်အားချည့်နဲ့အောင် အကျပ်ကိုင်ခြင်းများကို နည်းမျိုးစုံဖြင့်ဆောင်ရွက်ကြ တော့သည်။ မြေပေါ်ရှိကျောင်းသား၊

အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းများသို့ ထိုးဖောက်ဝင်ရောက်၍ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်ကာ မြေအောက်လက်နက်ကိုင်တိုက်ပွဲနှင့်

ဆက်စပ်ရန် ကြိုးစားကြသည်။

မြန်မာနိုင်ငံတွင် သောင်းကျန်းသူအမျိုးအစားမှာ စုံလင်လှသည်။ ဖဆပလအစိုးရသည် သောင်းကျန်းသူ အားလုံးနှင့်ရင်ဆိုင်နေရသည်။ သောင်းကျန်းသူများ

အား စစ်ရေးအရ လက်တွေ့ကျကျတိုက်ခိုက်နှိမ်နင်းရ သူမှာတပ်မတော်ဖြစ်သည်။ တပ်မတော်သည်ပြည်တွင်း သောင်းကျန်းမှုအား တိုက်ခိုက်ချေမှုန်းနေရ

သကဲ့သို့ ပြည်ပကျူးကျော်မှုအန္တရာယ်ကိုလည်း ရင်ဆိုင် ကာကွယ်နေရသည်။ ပြည်ပအန္တရာယ်ပေါ်ပေါက်ချိန် တွင် သောင်းကျန်းသူများအနေနှင့် အသက်ရှူ

ခွင့်ရခဲ့ သည်ဆိုသော်လည်း ယင်းတို့အချင်းချင်းမှာလည်း ညီညွတ်မှုမရှိကြပေ။ သောင်းကျန်းသူလောကအတွင်း လက်ဝဲ၊ လက်ယာပဋိပက္ခမှာ တောက်လျှောက်

ပင် ပေါ်ပေါက်နေခဲ့သည်။ လက်ဝဲအုပ်စုအတွင်းမှာလည်း ဂိုဏ်းဂဏပဋိပက္ခ၊ လက်ယာအုပ်စုအတွင်းမှာလည်း အငြင်းအခုံပြဿနာများမစဲနိုင်အောင်ပေါ်ပေါက်

နေကြသည်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် မအောင်မြင် သောအခါ နောက်လိုက်ငယ်သားများသည် ခေါင်း ဆောင်ပိုင်းအပေါ်ယုံကြည်မှုမရှိတော့ပေ။ ခေါင်းဆောင်

များ၏ ဩဇာအာဏာသည်လည်း ငယ်သားများအပေါ် သက်ရောက်ခြင်းမရှိတော့ပေ။ သောင်းကျန်းသူအဖွဲ့ အစည်းများမှာ တပ်မတော်ကဲ့သို့ စနစ်တကျ

သင်တန်း ပေးလေ့ကျင့်၍ လိုက်နာရမည့်စည်းကမ်းများ၊ ဥပဒေ များဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ အခြေခံလူသစ်စု ဆောင်းရာတွင်လည်း

လူရလျှင်ပြီးရောဟူသော သဘောဖြင့် အရည်အချင်းသတ်မှတ်ချက်များမရှိပေ။ လက်နက်ကိုင်လိုသူမည်သူမဆိုသည် သောင်းကျန်းသူ လုပ်နိုင်သော

အခွင့်အလမ်းရှိနေကြသည်။ အစိုးရကို မနှစ်မြို့သူများ၊ အစိုးရ၏ဥပဒေများကို မလိုက်နာနိုင် သူများသည် သောင်းကျန်းသူဘဝကို ခံယူလိုက် ကြသည်။

စည်းကမ်းမဲ့လက်နက်ကိုင်ခြင်းသည် အကြမ်းဖက်ဝါဒသို့ ဦးတည်လာသည်။ သူတစ်လူ ငါတစ်မင်း လက်နက်အားကိုးဖြင့် ထင်ရာစိုင်းခြင်း ကို အချို့နိုင်ငံရေး

ပညာရှင်များ က စစ်ဘုရင်ဝါဒ၊ သို့မဟုတ် စစ်ရေးသက်သက်ဝါဒ၊ သို့မဟုတ် စစ် ပဒေသရာဇ်စနစ် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်။

မိမိထိန်းချုပ်ထားနိုင်ရာ လက်နက်ကိုင်အင်အား အစုအဖွဲ့လေးများဖြင့် ထင်ရာစိုင်းခြင်း၊ ကိုယ်ကျိုး စီးပွားရှာခြင်း၊ ကျေးရွာများအား လက်နက်အားကိုးဖြင့်

အနိုင်ကျင့်ခြင်း၊ မိမိတစ်ဦးတည်း၏ စိတ်ကူးယဉ်ချက် ကို အကောင်အထည်ဖော်ခြင်း စသည်တို့အား လုပ်ဆောင်လာစေသည့် စစ်ဘုရင်ဝါဒသည် လက်ဝဲဝါဒီ

သောင်းကျန်းသူများအတွင်းမှာရော လက်ယာဝါဒီ သောင်းကျန်းသူများအတွင်းမှာပါ တစ်စတစ်စ ပေါ်ပေါက်လာတော့သည်။ သို့နှင့် ပြည်တွင်းသောင်းကျန်းမှု

မီးနှင့်အတူ အကြမ်းဖက်ဝါဒသည်လည်း ထွန်းကားလာရတော့သည်။

ကေအင်န်ယူသောင်းကျန်းသူတို့၏ရက်စက်မှုများ[ပြင်ဆင်ရန်]

ကေအင်န်ယူသောင်းကျန်းသူတို့၏ မူလဇာစ်မြစ် လက်နက်ကိုင်အင်အားမှာ ဒုတိယကမ္ဘာစစ်ကာလ အတွင်းက အင်္ဂလိပ် တပ်များ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာ ရာတွင်

ပါသွားကြသောကရင်လက်နက်ကိုင်စစ်သား ၂ဝဝဝ ခန့်ဖြစ်သည်။ စစ်ကြီးအပြီးတွင် ကရင်သေနတ် ကိုင်တပ်ရင်း(၃)ရင်းသာမကဘဲ ကေအင်န်ဒီအိုတပ်ရင်း များ၊

စစ်ရဲတပ်ရင်းများပါ တိုးပွားလာကြသည်။ ကရင် သောင်းကျန်းမှုစတင်ချိန်တွင် အခြေခံဝါဒမှာ လူမျိုးရေး မုန်းတီးမှုပင်ဖြစ်သည်။ ဗြိတိသျှတို့၏သွေးခွဲမှုကြောင့်

ကရင်သောင်းကျန်းသူများသည် ဗမာလူမျိုးများက ကရင်လူမျိုးများကိုအနိုင်ကျင့်နေသည်ဟု တရားသေ ယူဆထားကြသည်။ ထိုအယူအဆကြောင့်လည်း ဗမာ

ဆန့်ကျင်ရေးအကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက် လာသည်။ လက်နက်ကိုင်ထားသူအား လက်နက်မဲ့သူက ကြောက်ရွံ့ရိုကျိုးလေ့ရှိသည့်အရသာကို သာယာမိလာ

ကြသောအခါတွင်ကား ဗမာဆန့်ကျင်ရေးသာမကဘဲ ကရင်လူမျိုးချင်းပင် နှိပ်စက်ကလူပြုသည့် အကြမ်းဖက် ဝါဒမှေးမိန်းလာတော့သည်။

ရန်သူ၏ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ခြင်း၊ ရန်သူ၏ထောက်ပံ့ရေးစနစ်များ အား ဖျက်ဆီးခြင်းတို့သည် စစ်ရေးအရအနိုင်ရရှိရန်

လုပ်ဆောင်ရသော နည်းလမ်းများဖြစ်သည်။ သောင်းကျန်းသူများသည် တပ်မတော်၏ဆက်သွယ် ရေးလမ်းကြောင်းများဖြစ်သည့် ထောက်ပံ့ရေးစနစ် များအား

ဖြတ်တောက်ဖျက်ဆီးရန်ကြိုးစားကြရာမှ အများပြည်သူသုံး မီးရထားလမ်း၊ ကားလမ်းများအား ဖျက်ဆီးခြင်းတို့ကိုပြုလုပ်လာကြသည်။ အစိုးရကို

အထောက်အပံ့မဖြစ်စေရန် ပြည်သူလူထုကို ကန့်သတ် ချုပ်ချယ်ရာမှဒုက္ခပေးသလိုဖြစ်လာကြသည်။ အဖျက် လုပ်ရပ်များအပေါ် သာယာလာသောကြောင့်လည်း

အတောမသတ်နိုင်အောင်ပင် ထပ်မံကျူးလွန်မိကြ တော့သည်။ မိမိကိုဆန့်ကျင်မည်ဟုထင်ရသည့် အရပ်သားများအား အလွယ်တကူသတ်ဖြတ်သုတ်သင် ပစ်ခြင်းဖြင့်

လူသတ်မှုများပေါ်ပေါက်လာသည်။

ကေအင်န်ဒီအိုသောင်းကျန်းသူများသည် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအတွင်း မေမြို့ကို သိမ်းပိုက်ထားစဉ် အပြစ်မဲ့ မြို့သူမြို့သား ၁၉၄၆ ဦးကို

အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့ကြောင်း အထောက်အထား များရှိခဲ့သည်။ ဖြူးမြို့လူသတ်ပွဲမှာလည်း နာမည်ကြီးလှ သည်။ ၁၉၄၉ ခုနှစ်၊ မတ်လဆန်းပိုင်းတွင် တပ်မတော်

သည် ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ ကေအင်န် ဒီအိုများအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန်ဖြစ်သည်။ တပ်မတော်က ညောင်လေးပင်မြို့ကို သောင်းကျန်းသူ

များလက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖြူးမြို့သို့ဦးတည်ချီတက်သည်။ ဖြူးမြို့နှင့် ခြောက်မိုင် ခန့်သာကွာဝေးသော ညောင်ပင်သာမြို့ကို ၁၉၄၉ ခုနှစ်၊

မတ်လ ၄ ရက်တွင် ပြန်လည်သိမ်းပိုက်လိုက်နိုင်သည်။

ဖြူးမြို့ကိုသိမ်းပိုက်ထားသော ကေအင်န်ဒီအိုများ သည် ၁၉၄၉ ခုနှစ်၊ မတ်လ ၃ ရက် ည ၁၂ နာရီမှ စ၍ ဖြူးမြို့လယ်ရှိ ဈေးရုံနှင့်တကွ လူနေအိမ်များကို

မီးရှို့တော့သည်။ မြန်မာ၊ မွတ်စလင်အိမ်များကို မီးရှို့ သည့်အပြင် ယောက်ျား၊ မိန်းမနှင့်ကလေးများကိုပါ သတ်ဖြတ်တော့သည်။ ကေအင်န်ဒီအိုများသည် ဖြူး

မြို့သူ၊ မြို့သား ၂ဝဝဝ ကျော်ခန့်ကို ဇေယျဝတီမြို့ ဘက်ကို လှည့်ဖြားခေါ်ဆောင်သွားကြသည်။ ထို့နောက် လူသတ်ပွဲကြီးစတင်တော့သည်။ ယောက်ျားများကို ဓား

နှင့်ခုတ်သတ်ခြင်း၊ မိန်းမများအား မတရားပြုကျင့်ပြီးမှ သတ်ဖြတ်ခြင်း၊ ကလေးများကိုပါသတ်ဖြတ်ခြင်းတို့ကို ရက်စက်စွာပြုလုပ်ကြတော့ရာ ဖြူးမြို့မှာ သွေးချောင်း

စီးသွားရတော့၏။ သုသာန်ဘုန်းကြီးကျောင်းကို ကေအင်န်ဒီအိုများက မီးရှို့ရာတွင် ဘုန်းတော်ကြီးသုံးပါး ပါ မီးတင်ရှို့၍အသတ်ခံရသည်ဟုဆိုသည်။ တပ်မတော် က

ဖြူးမြို့ကိုသိမ်းပိုက်စဉ်တွင် ဓားဒဏ်ရာနှင့်သေဆုံး နေသည့် အလောင်း ၃၅၁ လောင်းကိုတွေ့ရှိရပြီး အိမ်ခြေ ၄ဝဝ ခန့် မီးလောင်ပြာကျနေသည်ဟုဆို သည်။

ကေအင်န်ယူအဖွဲ့အစည်းများ၏ လက်နက်ကိုင် တပ်ဖြစ်သော ကေအင်န်ဒီအိုတို့၏ရက်စက်ကြမ်းကြုတ် မှုများမှာ မဆုံးနိုင်အောင်ပင် များပြားလွန်းလှသည်။

လူမျိုးရေးမုန်းတီးမှုကြောင့် လူပေါင်းများစွာကို အစု လိုက် အပြုံလိုက်သတ်ဖြတ်ကြရာမှ နောက်ပိုင်းတွင် လူမျိုးရေးမုန်းတီးမှုကြောင့်လည်း မဟုတ်၊ နိုင်ငံရေး

ကြောင့်လည်းမဟုတ်ဘဲ တမင်သက်သက်သွေးဆာနေ သော အပြုအမူများဖြင့် အစုလိုက်၊ အပြုံလိုက် သတ် ဖြတ်ခြင်းများကို ပြုလုပ်လာကြသည်။ ကရင်အမျိုးသား

များကိုပါ သတ်ဖြတ်လာကြသည်။ တစ်ဦးချင်း တစ်ယောက်ချင်း အသတ်ခံရမှုများမှာ စာရင်းပြုစု၍ ပင် ဆုံးမည်မဟုတ်ပေ။ ကေအင်န်ယူစစ်ခေါင်းဆောင်

ကြီးငယ်များသည် မိမိတို့ကြီးစိုးရာ နယ်မြေများတွင် နောက်လိုက်နောက်ပါများနှင့်တကွ စစ်ဘုရင်များ အဖြစ် ထင်သလိုခြယ်လှယ်ရမ်းကားကြတော့သည်။

(War, Woman And Wine)ခေါ် စစ်၊ မိန်းမနှင့် အရက်ကိုသာ ဦးစားပေးလာကြရာ ကျေးလက်လူထုမှာ ကေအင်န်ဒီအိုတို့ နှိပ်စက်သမျှ ခံကြရတော့၏။

ကေအင်န်ဒီအို စစ်ဘုရင်များတွင် ဗိုလ်လင်းထင် (ခေါ်) ငန်းနက်သည် နာမည်ကြီးခဲ့သူတစ်ဦးပင်ဖြစ် သည်။ ဗိုလ်လင်းထင်သည် ပုသိမ်ဘက် ဇာတိဖြစ်ပြီး

ကေအင်န်ဒီအိုအဖွဲ့အစည်းတွင် ထောက်လှမ်းရေး တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လတွင် ကေအင်န်ဒီအိုများ သထုံမြို့ကိုသိမ်းပိုက်ရာ စစ်ရေး

ခေါင်းဆောင်မှာ ဗိုလ်လင်းထင်ဖြစ်သည်။ ထိုအချိန်က ဖဆပလအစိုးရသည် ကေအင်န်ဒီအိုတပ်များ၏ရန်လို မှု၊ စစ်ရဲတပ်များ၏ပုန်ကန်မှုတို့ကို တတ်နိုင်သမျှ ဖုံးဖုံး

ဖိဖိလုပ်ပြီး အလျှော့ပေးဖြေရှင်းနေချိန်ဖြစ်သည်။ သထုံကိစ္စဖြေရှင်းရန် အစိုးရက ကရင်လူမျိုးပါလီမန် အမတ် စောဘိုးဇံကိုစေလွှတ်ခဲ့သည်။ ဗိုလ်လင်းထင် သည်

ပါလီမန်အမတ် စောဘိုးဇံကို ကိုယ်တိုင်ပင် ပစ်သတ်ပြီး ဘီးလင်းချောင်းထဲမျှောပစ်လိုက်သည်ဟု ဆို၏။ အင်းစိန်တိုက်ပွဲစတင်ဖြစ်ပွားသော ၁၉၄၉ ခုနှစ်၊

ဇန်နဝါရီလတွင် ဗိုလ်လင်းထင်နှင့်ကေအင်န်ဒီအို ၄ဝဝ ခန့် စစ်ကူအဖြစ် ချီတက်သွားကြသည်။ သို့သော် အင်းစိန်တိုက်ပွဲတွင် အရေးနိမ့်ခဲ့သဖြင့် ထန်းတပင်ဘက် သို့

ဆုတ်ခွာကာ သထုံခရိုင်ထဲပြန်လည်ဝင်ရောက်လာ ကြသည်။

သထုံခရိုင်မှာ စစ်တောင်းမြစ်ဝနှင့်သံလွင်မြစ်ဝ အကြားရှိ ကမ်းရိုးတန်းဒေသဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ဇင်းကျိုက်မြို့နယ်၊ ပေါင်မြို့နယ်၊

မုတ္တမမြို့နယ်များပါဝင်၍ ဆန်ရေစပါး ပေါများသော နယ်မြေပင်ဖြစ်သည်။ သထုံခရိုင်ထဲတွင် ကေအင်န်ဒီအို တပ်မဟာ(၅)နှင့် တပ်ရင်း(၃)ရင်း လှုပ်ရှားလျက်ရှိသည်။

ထိုတပ်ရင်းများမှာ ဗိုလ် လင်းထင်ခေါင်းဆောင်သော တပ်ရင်း(၁)၊ ရွှေလုံးစိန် ခေါင်းဆောင်သော တပ်ရင်း(၂)၊ မွန်ဗိုလ် စိုးတင့် ခေါင်းဆောင်သော ကေအင်န်ဒီအိုနှင့်

အမ်အင်န်ဒီအို ပူးပေါင်းတပ်ရင်း(၃)တို့ဖြစ်သည်။ တပ်ရင်းသုံးရင်း တို့သည် အပြိုင်အဆိုင်ပင် ဓားပြတိုက်၊ လူသတ်၊ ပြန်ပေးဆွဲ စသောနိုင်ငံရေးနှင့်မသက်ဆိုင်သည့်

ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ကြသည်။ ဆက်ကြေး မပေးသောရွာများကို ဝင်ရောက်စီးနင်း၍ ယောက်ျား၊ မိန်းမအကုန်ဖမ်းလေ့ရှိသည်။ ပိုက်ဆံပေးမှပြန်လွှတ် သည်။

သတ်ပစ်ချင်သူကို သတ်ပစ်သည်။ ဗိုလ်လင်းထင် သည် လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်ရာတွင် နာမည်ကြီးလှသူဖြစ်သည်။ ဗိုလ်လင်းထင်သည်

သထုံနယ်မြေတွင်း၌သာမကဘဲ စက်လှေများဖြင့် ပင်လယ်ကိုဖြတ်၍ သုံးခွနယ်ထဲအထိ လိုက်လံဓားပြ တိုက်ခဲ့သည်ဟုဆိုသည်။ မီးရထားများကို မိုင်းခွဲ၍ လည်း

ဓားပြတိုက်သည်။ ပင်လယ်ပြင်ထွက်၍လည်း ပင်လယ်ဓားပြအဖြစ် တိုက်ခိုက်လုယက်သည်။ ဘားအံ နယ်ဘက်သို့ကူး၍လည်း တိုက်ခိုက်လုယက်လေ့ရှိသည်။

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ဗိုလ် လင်းထင်၏လက်အောက်ခံတပည့်ဖြစ်သူ ဗိုလ်ရာကျော် နှင့် ကေအင်န်ဒီအိုများသည် စစ်တောင်းမှထွက်ခွာလာ သော

လူစီးရထားအား နောင်ကုလားရွာ၊ ကော်ခြံဂိတ် အနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြသည်။ ခရီးသည်များထံမှ ပါသမျှပစ္စည်းအားလုံးကို သေနတ်ပြခြိမ်းခြောက်၍

လုယက်ယူငင်ကြသည်။ ယောက်ျား၊ မိန်းမ ၅ဝ ခန့်ကို ပြန်ပေးဆွဲရာမှ မိန်းမ ၂ဝ ကျော်ကို ဗိုလ်ရာကျော်က သတ်သတ်ခွဲထုတ်သည်။ ထိုအမျိုးသမီး ၂ဝ တွင် လင်ရှိ

မိန်းမများပါ ပါဝင်သည်။ ဗိုလ်ရာကျော်နှင့် နောက်လိုက် ငယ်သားများသည် ယောက်ျား၊ မိန်းမ ၅ဝ ခန့်ကို ပြန် ပေးဆွဲ၍ ဓနုစခန်းသို့ခေါ်ဆောင်သွားကြသည်။

ယောက်ျားများကို ငွေပေးမှပြန်လွှတ်သည်။ မိန်းမ ၂ဝ ကိုမူ ဗိုလ်ရာကျော်နှင့်တပည့်များက မတရားပြုကျင့်၍ ဘဝဆုံးစေခဲ့သည်။

ဗိုလ်ရာကျော်နှင့်အဖွဲ့က စစ်တောင်းရထားကို မိုင်းမခွဲမီ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁ဝ ရက်များတွင် ဗိုလ်လင်းထင်တို့လူစုသည် သထုံ မြို့အား

စီးနင်းတိုက်ခိုက်ခဲ့ကြသေးသည်။ ထိုစဉ်က လည်း တစ်အိမ်တက်ဆင်းဓားပြတိုက်လုယက်ခြင်း၊ လူ များကို ဖမ်းဆီး၍ပြန်ပေးဆွဲခြင်း၊ မိန်းမပျိုများအား ပျော်ပါးရန်

အတင်းအဓမ္မခေါ်ဆောင်သွားခြင်း၊ တပ်မတော်၏တိုက်ခိုက်မှုကြောင့် ဆုတ်ခွာသွားရ သောအခါ လူနေအိမ်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်း တို့အား ပြုလုပ်ခဲ့သည်။

ကေအင်န်ဒီအိုတို့က လူစီး မီးရထားများအား မိုင်းခွဲတိုက်ခိုက်၍ ခရီးသည်များ၏ လက်ဝတ်လက်စား၊ အဝတ်အစားမှအစ ပါသမျှကို လုယက်ခြင်း၊

လူများကိုပြန်ပေးဆွဲခြင်း၊ မိန်းမပျိုများ အား ဖမ်းဆီးခြင်းတို့ကိုပြုလုပ်သည့်အကြိမ်ပေါင်းမှာ မနည်းလှပါ။ မီးရှို့ခဲ့သည့်ကျေးရွာအရေအတွက်မှာ လည်း မနည်းလှပါ။

၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပြည်တွင်း သောင်းကျန်းမှု ပထမဆယ်နှစ်တာကာလသည် ကျေးလက်ဒေသများအဖို့ ကံဆိုးမိုးမှောင်ကျသော

ကာလများပင်ဖြစ်သည်။ ဗကပ၊ အလံနီနှင့်ရဲဘော်ဖြူ များသည် ယင်းတို့ယုံကြည်သော ကွန်မြူနစ်ဝါဒနှင့် ရေရှည်ပြောက်ကျားစစ်လုပ်ငန်းစဉ်အရ ကျေးလက်ကို

အခြေခံစည်းရုံးရမည်ဟုဆိုကြသည်။ သို့သော် ယင်းတို့ ၏ ရပ်တည်မှုအနေအထားအရ ကျေးလက်ဒေသများမှ ဆက်ကြေးရိက္ခာများကို ကောက်ခံလာရာမှ ကျေးလက်

လူထု၏ဆန့်ကျင်မှုကိုတွေ့ကြုံလာရသည်။ ထိုသို့သော ဆန့်ကျင်မှုများကို အကြမ်းဖက်နှိမ်နင်းရာမှ လူသတ်ဝါဒ ထွန်းကားလာသည်။ စစ်ဘုရင်ဝါဒကြီးစိုးလာသည့်

အပြင် ဗဟိုခေါင်းဆောင်ပိုင်းက ဩဇာအာဏာ သက်ရောက်မှု လျော့ပါးလာသောအခါတွင်ကား အကြမ်းဖက်လုပ်ရပ်များမှာ ပိုမိုထူပြောလာရသည်။

ကေအင်န်ဒီအိုများမှာမူ လက်ဝဲဝါဒဆိုင်ရာ စည်းရုံးရေး မူနှင့် ပိုမိုကင်းဝေးကြသည့်အလျောက် စည်းလွတ် ဝါးလွတ်ပင် ရမ်းကားပြုမူကြသည်ဟုဆိုရပေမည်။

ကျောင်းသူများအား လက်နက်ဖြင့်လဲလှယ်ရောင်းစားမှု[ပြင်ဆင်ရန်]

တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ကေအင်န်ဒီအိုများမှာ များစွာအထိနာလာသည်။ မြို့ရွာ များပေါ်တွင် အခြေချနေနိုင်ခြင်းမရှိတော့ဘဲ တော

တောင်များတွင် လျှို့ဝှက်ပုန်းအောင်းနေထိုင်လှုပ်ရှား ကြရသောအဆင့်သို့ ရောက်လာသည်။ တပ်မတော် သည် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော် လမြိုင်

ဆက်သွယ်ရေးလမ်းကြောင်းများကို လုံခြုံမှု ရှိအောင် ထိုးစစ်များ ဆင်နွှဲခဲ့သည်။ ကေအင်န်ဒီအို များသည် တပ်မတော်၏ထိုးစစ်များကိုခုခံတိုက်ခိုက်ရင်း

လက်နက်ခဲယမ်း အကျပ်အတည်းဖြစ်၍လာသည်။

ဗိုလ်လင်းထင်သည် ထိုင်းနယ်စပ်သို့သွား၍ တရုတ်ဖြူများထံမှ လက်နက်ခဲယမ်းဝယ်ယူရရှိရေးကို ဆောင်ရွက်ခဲ့သည်။ တရုတ်ဖြူများအလိုရှိသမျှကိုလည်း

ဆောင်ကြဉ်းပေးပါမည်ဟုညှိနှိုင်းခဲ့သည်။ ထို့နောက် ဗိုလ်လင်းထင်သည် သထုံခရိုင်သို့ ပြန်လည်ဝင်ရောက် လာပြီး မီးရထားလမ်းကို ဖြတ်တောက်တိုက်ခိုက်ရန်

စီစဉ်လေတော့၏။

၁၉၅၄ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်တွင်စစ်တောင်း မှ မုတ္တမသို့ခုတ်မောင်းလာသော လူစီးရထားအား ကေအင်န်ဒီအိုများက ဒုံဝန်းဘူတာနှင့်သိမ်ဆိပ်ဘူတာ ကြားတွင်

မိုင်းခွဲတိုက်ခိုက်ကြသည်။ မီးရထားပေါ်တွင် ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက် ကြသဖြင့် တိုက်ပွဲမှာ သုံးနာရီခန့်ကြာသည်။ နှစ်ဖက်

အကျအဆုံးများပြားပြီး တိုက်ပွဲမှာပြင်းထန်သည်။ ကေအင်န်ဒီအိုအားလုံး အရက်သေစာများ သောက်စား ထားကြပြီး မူးမူးရူးရူးနှင့်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကျဆုံးကုန်သောအခါ ကေအင်န် ဒီအိုများသည် မီးရထားစီးခရီးသည်များအား ဓားပြ တိုက် လုယက်ကြတော့သည်။ ခရီးသည်တစ်ရာကျော်

ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးတော့သည်။ ထိုရထား ပေါ်တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းပိတ်၍ပြန်လာ ကြသည့် တက္ကသိုလ်ကျောင်းသူ ၄ဝ ကျော်လည်းလိုက်ပါ

လာကြရာ အားလုံးအဖမ်းခံကြရသည်။ အရပ်သူ အမျိုးသမီးများအထဲမှ ရုပ်ရည်ချောမောသူ ၁၅ ဦး လည်း အဖမ်းခံရသည်။

ဗိုလ်လင်းထင်တို့လူစုသည် တက္ကသိုလ်ကျောင်းသူ နှင့်အရပ်သူအမျိုးသမီးများအပါအဝင် ဓားစာခံလူ တစ်ရာကျော်ကိုဖမ်းဆီး၍ ဇင်းကျိုက်တောင်တန်းဘက် သို့

ဆုတ်ခွာသွားကြသည်။ ယောက်ျားများကို ပစ္စည်း ထမ်းခိုင်းသည်။ တပ်မတော်စစ်ကြောင်းများကလည်း နောက်မှ ထက်ကြပ်မကွာလိုက်လံ၍တိုက်ခိုက်ရာ တိုက်ပွဲများ

မကြာခဏဖြစ်ပွားရသည်။ အချို့အမျိုးသမီး ငယ်များမှာ တပ်မတော်၏တိုက်ခိုက်မှုကြောင့် ကေအင်န်ဒီအိုများလက်မှ လွတ်မြောက်၍ထွက်ပြေး လာနိုင်ကြသည်။

ဗိုလ်လင်းထင်နှင့်ကေအင်န်ဒီအိုများ သည် သံလွင်မြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ခွာသွားကြသည်။ တပ်မတော်ကလည်း ထိုင်း နယ်စပ်အထိ

လိုက်လံတိုက်ခိုက်သည်။ ဗိုလ်လင်းထင် သည် မီးရထားမိုင်းခွဲတိုက်ခိုက်ရာမှ ဖမ်းဆီးလာသည့် တက္ကသိုလ်ကျောင်းသူများ၊ အရပ်သူများအပြင် ကရင် ကျေးရွာများ၊

မွန်ကျေးရွာများမှ ဖမ်းလာသည့် အမျိုးသမီးငယ်များပါအပါအဝင် စုစုပေါင်း မိန်းမပျို တစ်ရာကျော်ကို တရုတ်ဖြူဗိုလ်ချုပ်လောလီထံ လွှဲအပ်ပေးလိုက်သည်။

တရုတ်ဖြူဗိုလ်ချုပ်လောလီ က လက်နက်ခဲယမ်းများပြန်လည်ပေးအပ်သည်။ ထို အမျိုးသမီးများမှာ လုံးဝ ဘဝဆုံးသွားကြရသည်။ ပြည့်တန်ဆာများ၊

တရုတ်ဖြူစစ်သားများ၏ပျော်တော် ဆက်အဖြည့်ခံများဘဝသို့ ရင်နင့်ဖွယ်သက်ဆင်းခဲ့ကြ ရသည်။

ဗိုလ်လင်းထင်၊ ဗိုလ်ဆလန်၊ ဗိုလ်ဖားလူကျော် စသော ကေအင်န်ဒီအိုများမှာ မိန်းမကိစ္စတွင် နာမည် ကြီးကြသည်။ ဗိုလ်လင်းထင်သည် တရားဝင်မိန်းမ ၄၅

ယောက်ယူခဲ့သည်။ ဗိုလ်ဆလန်သည် ၁၉၆၃ ခုနှစ် အကုန် တပ်မတော်က ဖမ်းဆီးရမိသည်အထိ မိန်းမ ၁၂ဝ ကျော်ယူခဲ့သည်။ ဖားလူကျော်မှာ မိန်းမ ၁၅ဝ

ကျော်ယူခဲ့သည်။ ကေအင်န်ဒီအိုများ စိတ်ရှိတိုင်း စော်ကားခဲ့သည့် ဗမာ၊ ကရင်၊ မွန်အမျိုးသမီးများမှာ ထောင်ပေါင်းများစွာပင်ရှိနိုင်သည်။ ကျေးရွာများမှ ဖမ်းဆီး၍

လက်နက်ဖြင့်လဲလှယ်ရောင်းစားခဲ့သည့် မိန်းမပျိုအရေအတွက်မှာလည်း မနည်းလှပေ။ ဗိုလ်လင်းထင်သည် ၁၉၆၂ ခုနှစ်အထိ ကျိုက်ထီးရိုး တောင်ခြေတစ်ဝိုက်မှ

မိန်းမပျိုများကို လက်နက် ခဲယမ်းဖြင့် လဲလှယ်ရောင်းစားရန် လိုက်လံဖမ်းဆီးနေဆဲ ပင်ဖြစ်သည်။ ဗိုလ်လင်းထင်ကို ထိုစဉ်က သတင်းစာ များက ကာမဘီလူးချုပ်ဟု

ရေးသားကင်ပွန်းတပ်ခဲ့ သည်ကို လေ့လာတွေ့ရှိနိုင်သည်။

ကေအင်န်ဒီအိုရက်စက်မှုကိုဖော်ပြသော သတင်းစာ ကောက်နုတ်ချက်များ[ပြင်ဆင်ရန်]

ကေအင်န်ယူ နိုင်ငံရေးအဖွဲ့၏အကြမ်းဖက်လုပ် ရပ်များနှင့် ပတ်သက်၍ သက်သေအထောက်အထား များမှာများစွာပင်ရှိသည်။ ကိုယ်တွေ့ကြုံခဲ့ရဖူးသူများ မှ အချို့မှာ

ယနေ့ထက်တိုင် သက်ရှိထင်ရှားရှိနေဆဲပင် ဖြစ်သည်။ ဖြူးမြို့လူသတ်ပွဲနှင့် ပတ်သက်၍ ၁၃၁၁ ခုနှစ်၊ တပေါင်းလဆုတ် ၇ ရက်၊ ကြာသပတေးနေ့ (၉-၃-၄၉) ထုတ်

မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့နိုင်သည်။

ဖြူးမြို့၌အခြေအနေ ဤသို့ ချောင်းမြောက်ဘက်ကမ်း၌ ကေအင်န်ဒီအိုခုခံလျက်ရှိနေသေးခြင်း အရပ်သားများမှာ ကေအင်န်ဒီအိုကြောင့်

အတိဒုက္ခတွေ့ရခြင်း

ကတုန်ကယင်ဖြစ်နေသော ကေအင်န်ဒီအို

(ကျွနု်ပ်တို့စေလွှတ်သော အထူးသတင်းထောက် ထံမှ)

ရန်ကုန်မြို့နှင့် မီးရထားမိုင်တိုင် ၁၃၇ မိုင်ခန့်ဝေး သောညောင်ပင်သာမြို့ကိုပြည်ထောင်စုတပ်ပေါင်းစုံတို့ မတ်လ ၄ ရက်၊ ၄ နာရီခွဲအချိန်တွင် ပြန်လည်သိမ်းပိုက်

ပြီးလျှင် စနစ်တကျအုပ်ချုပ်ရေးပြန်လည်ထားရှိသည့် အပြင် မြို့၏စည်ပင်သာယာရေးကိုလည်း ဆောင်ရွက် နေကြပြီဖြစ်ကြောင်း၊ ကေအင်န်ဒီအိုတို့မှာ ညောင်လေး

ပင်မြို့၌ ပြည်ထောင်စုတပ်မတော်က အလစ်ဝင်ပြီး စီးခြင်းခံရသည့်အတွက် အတော်လန့်ပြီး တရကြမ်း ဆုတ်ပြေးကြရသောကြောင့် ညောင်လေးပင်မြို့ကို

သိမ်းပိုက်ပြီးနောက် သုံးရက်မြောက်နေ့တွင် ညောင်ပင်သာကို ၎င်းတို့စွန့်ပစ်ပြေးရပြန်ကြောင်း၊ ကေအင်န်ဒီအို ဆုတ်ပြေးရာလမ်းပေါ်ရှိ တဲအိမ်များမှာ မီးရှို့ခံရပြီး

လူများလည်းအသတ်ခံရကြောင်း။

ညောင်ပင်သာနှင့်ဖြူးမြို့မှ ခြောက်မိုင်ခန့်သာ ဝေးသေးလျက် မြောက်ကြောင်းစစ်ချီတပ်ဗိုလ်မှူး ချစ်မြိုင်ထံသို့ ရှေ့သို့ဆက်လက်ချီတက်သိမ်းပိုက်ရန်

အမိန့်တစ်စုံတစ်ရာမျှမရရှိသေးသော်လည်း ဖြူးမြို့တွင်း မှ ကေအင်န်ဒီအိုတို့မှာ ကတုန်ကယင်ဖြစ်လျက် မတ်လ ၃ ရက် ည ၁၂ နာရီအချိန်ကစ၍ ဖြူးမြို့လယ်ရှိ

ဈေးရုံ နှင့်တကွ ဈေးကွက်တို့ကိုမီးရှို့ခြင်း၊ မြန်မာ-မွတ်စလင် ရပ်ကွက်၊ ဈေးအနောက်နှင့်မြောက်ဘက်ရှိ မြန်မာအိမ် များကို မီးတင်ရှို့ခြင်း၊ ယောက်ျား၊ မိန်းမ၊

ကလေးတို့ကို သတ်ဖြတ်ခြင်းတို့ကိုပြုလုပ်နေပြီဟူသော သတင်းအရ ရှေ့သို့ဆက်လက်ချီတက်ကြတော့သည်ဆိုကြောင်း။

ကေအင်န်ဒီအိုတို့က ဖြူးမြို့သူ၊ မြို့သား ၂ဝဝဝ ကျော်ကို လှည့်ဖြား၍ ဇေယျဝတီဘက်သို့ခေါ်သွားပြီး အချို့သောနေရာများ၌ ကေအင်န်ဒီအိုတပ်သား

ခေါ်တောကုလားများ၊ လဟုရှမ်းခေါ် တရုတ်များနှင့် ကေအင်န်ဒီအိုတို့က မြန်မာများကိုဓားနှင့်ခုတ်သတ် ခိုင်းတော့သည်ဆိုကြောင်း၊ ကေအင်န်ဒီအိုများက

မိန်းမများအား မတရားပြုကျင့်ပြီးနောက် သတ်ဖြတ် သည့်အပြင် လူမမည်အရွယ်များကိုပင် သတ်ကြရာ မြို့တွင်းသို့ တပ်မတော်ဝင်ရောက်လာသည့်အချိန်၌

ဓားဒဏ်ရာနှင့်သေဆုံးနေသူပေါင်းမှာ ၃၅၁ ယောက် ရှိ၍ အိမ်ခြေ ၄ဝဝ ခန့် မီးကျွမ်းလောင်ကုန်သည်ကို တွေ့ရကြောင်း၊ ကေအင်န်ဒီအိုတို့လက်ချက်ဖြင့်

သေနေသူများကို ကိုယ်တိုင်တွေ့ခဲ့ရကြောင်း၊ သုသာန် ကျောင်းကို ကေအင်န်ဒီအိုများ မီးရှို့ရာတွင် ဘုန်းတော်ကြီးသုံးပါးပါတင်၍ မီးရှို့သတ်ကြောင်း၊ မတ်လ ၅

ရက်တွင် ဖြူးမြို့မြောက်ပိုင်းကို အစိုးရ လက်နက်ကိုင်တပ်ပေါင်းစုံက သိမ်းပိုက်ရရှိသောအခါ ကေအင်န်ဒီအိုများသည် ဇေယျဝတီကိုအခြေခံ၍

ဖြူးချောင်းတစ်ဖက်ကမ်းမှ ခုခံတိုက်ခိုက်လျက်ရှိသေး ကြောင်း။

ဖြူးမြို့တွင်း၌ ကေအင်န်ဒီအိုတို့သတ်ဖြတ်ထား သော အလောင်းပေါင်း ၃၅၁ လောင်းကို သင်္ဂြိုဟ်ကြပြီး မသေမရှင်ကျန်ရစ်သော ယောက်ျား၊ မိန်းမ၊ ကလေးများကို

ဆေးထည့်ပေးကာ ဈေးအနီးရှိပွဲရုံ၌ ကယ်ဆယ်ရေးစခန်းတစ်ခုပြုလုပ်ထားသည်ကိုတွေ့ရ ကြောင်း၊ ကေအင်န်ဒီအိုရန်ကြောင့် ပြေးလွှား

ပုန်းရှောင်နေသောလူနာများမှာလည်း တစိမ့်စိမ့် ဝင်လာပြီး ဆေးများထည့်နေကြရာ တပ်မတော် ဆေးအရာရှိတို့မှာ မအားမလပ်အောင်အလုပ်များ နေကြရကြောင်း၊

အချို့အရပ်သားဒဏ်ရာကြီးသော လူနာများကို ညောင်လေးပင်ဆေးရုံကြီးသို့ပို့ပေး ရကြောင်း။

ဖြူးမြို့သို့ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က ကွန်မြူနစ်နှင့်ကေအင်န်ဒီအိုတို့ဝင်ရောက်ကာ တစ်လ ကြာမျှပူးပေါင်းအုပ်ချုပ်ခဲ့ပြီးလျှင် ကေအင်န်ဒီအိုနှင့်

ကွန်မြူနစ်ခွာပြဲကာ တိုက်ပွဲများဖြစ်ကြရာ ဖြူးမြို့အနီးရှိ ဆင်ခြေဖုံးရွာတို့ကို ကေအင်န်ဒီအိုများက မီးရှို့ပြီး ရွာသူ၊ ရွာသားတို့အား သတ်ဖြတ်ခဲ့ကြောင်း၊ ကွန်မြူနစ်တို့မှာ

မလှုပ်မယှက်ငြိမ်နေကြပြီး အဝေးမှစာခြောက်နည်းဖြင့် ခြောက်၍ ယခုနောက်ဆုံး ကေအင်န်ဒီအိုထွက်အပြေး တွင် ကေအင်န်ဒီအိုများ ပြင်ဆင်ထားသော တံတားများ

ကို မီးရှို့ဖျက်ဆီးကြကြောင်း၊ ၎င်းတို့အကြံမှာ ကေအင်န် ဒီအိုအပြေး၊ အစိုးရစစ်တပ်များလည်း ရုတ်တရက် ဝင်ရောက်မလာနိုင်မီ စပ်ကူးမပ်ကူးအချိန် ဖြူးမြို့

တစ်ဝိုက်ကိုအုပ်ချုပ်ရန် ဖြစ်သည်ဟုသိရှိရကြောင်း။

ဝမ်းမြောက်ဝမ်းသာ

သို့ရာတွင် ဖြူးမြို့တွင်ကျန်ရစ်သောမြို့သူ၊ မြို့သား တို့မှာ ၂၅ ပေါင်ဒါ အမြောက်သံကိုကြားရကတည်းက တာဂွကြားရွာမှနေ၍လည်းကောင်း၊ မြို့ဦးကနေ၍

လည်းကောင်း ပန်းသပြေ၊ ရေချမ်းတို့ဖြင့်ကြိုဆိုလျက် ဝမ်းအမြောက်ကြီးမြောက်နေသည်ကိုတွေ့ရကြောင်း။

ရှေ့ပြေးတပ်ဦးရှိ တပ်မတော်သားတို့သည် ဖြူးမြို့ အတွင်းသို့ဝင်လာကြပြီး တစ်နာရီခန့်အပြင်းအထန်ပစ် ခတ်ကြစဉ် ကေအင်န်ဒီအိုတို့မှာ ဖြူးချောင်းတစ်ဖက်သို့

ကူးပြေးပြီး ခုခံနေသေးကြောင်း၊ အဆိုပါ တိုက်ပွဲအနီးရှိ အရပ်သူ၊ အရပ်သားများ၏အလောင်းများကိုမကောက် ယူရသေး၍ အရေအတွက်အပြည့်အစုံမသိရသေး

ကြောင်း။

(၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်ထုတ် ဟံသာဝတီသတင်းစာတွင်လည်း အောက်ပါအတိုင်း တွေ့ရသည်)

ရွှေမြိုင်စာပို့ဗုံးထိခြင်း

ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီက မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသော ခရီးသည် တင် လူစီးစာပို့မီးရထားကြီးကို စစ်တောင်းအထက်

နှင့်ပုလဲဘူတာအလွန် မိုင် ၃ဝ ခန့်နေရာတွင် ကေအင်န်ဒီအို သောင်းကျန်းသူများက မိုင်းဗုံးမြုပ်ပြီး ပစ်ခတ်တိုက်ခိုက်ကြကြောင်း။

မိုင်းဗုံးများထိမှန်တိမ်းမှောက်သွားစဉ် လမ်းဘေး တောစပ်မှ သေနတ်များ တရစပ်ပစ်ခတ်လျက် ကေအင်န်ဒီအိုသောင်းကျန်းသူများထွက်လာကြပြီး

တိုက်ခိုက်ကြတော့သည်ဆို၏။ မီးရထားကြီးတွင် အစောင့်ရဲဘော်အချို့မှာ အနည်းငယ်သာခုခံတိုက်ခိုက် ပြီး အင်အားချင်းမမျှ၍ ရှောင်တိမ်းပေးလိုက်ရ၏။

မိန်းမပျို ၄ဝ ခေါ်သွားပြီ

ကေအင်န်ဒီအိုသောင်းကျန်းသူများက ခရီးသည် များထံမှရွှေ၊ ငွေ၊ ပစ္စည်းများလုယက်ကြပြီး မိန်းမပျို ကလေးပေါင်း ၄ဝ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား ကြ၏။

မီးရထားကြီးမှ ကုန်တွဲများကို မီးရှို့ဖျက်ဆီးခဲ့ သည်ဆို၏။

၃၅ ဦးသေဆုံး

မိုင်းဗုံးဖောက်ခွဲပြီး သေနတ်များဖြင့် ပစ်ခတ်ရာ တွင် ခရီးသည် ၃၅ ယောက်ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြသည်ဟုသိရသည်။

သထုံခရိုင်၊ ပေါင်မြို့၊ သဲကုန်းရွာသို့ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် ကေအင်န်ဒီအို ၃ဝဝ ခန့်က ဝင် ရောက်စီးနင်းတိုက်ခိုက်ကြပုံ သတင်းကိုလည်း ၁၉၅၄ ခုနှစ်၊

ဇူလိုင်လ ၂၄ ရက်ထုတ် ဟံသာဝတီသတင်းစာ တွင် အောက်ပါအတိုင်းဖော်ပြထားကြောင်းတွေ့ရ သည်။

သဲကုန်းကို ကေအင်န်ဒီအို ၃ဝဝ ဝင်ခြင်း တွေ့သမျှလူအကုန်ဖမ်းပြီးရွာပါမီးတိုက်သွားပုံ

အိမ် ၁ဝဝကျော်ပြာကျ၍လူခုနစ်ဦးသေဆုံးရခြင်း

(အမှတ်-၈ဝ ထံမှ)

သထုံခရိုင်၊ ပေါင်မြို့၊ သဲကုန်းရွာကို ဇူလိုင်လ ၁၈ ရက် နံနက် ၄ နာရီခန့်တွင် ကေအင်န်ဒီအိုသောင်း ကျန်းသူ ၃ဝဝ ခန့်ဝင်ရောက်တိုက်ခိုက်ကြသည်ဆို ကြောင်း၊

သဲကုန်းရွာရှိ ကာကွယ်ရေးတပ်သားတို့က ခုခံ တိုက်ခိုက်သော်လည်း လူအင်အား၊ လက်နက်အင်အား မမျှသဖြင့် ၄ နာရီကျော်မျှပြင်းထန်စွာခုခံတိုက်ခိုက် ပြီး နံနက် ၈

နာရီတွင် ဆုတ်ခွာပေးလိုက်ရတော့သည် ဆိုကြောင်း။

ကာကွယ်ရေးတပ်မှ ဆုတ်ခွာပေးလိုက်သည်နှင့် သောင်းကျန်းသူတို့သည် ရွာတွင်းသို့ဝင်ရောက်လာကြ ပြီး ပစ္စည်းများလုယက်ယူငင်ကြတော့သည်ဆိုကြောင်း၊

သောင်းကျန်းသူတို့သည် တွေ့သမျှရွာသူရွာသားတို့ကို ပြန်ပေးလုပ်ရန် ဖမ်းသွားသည့်အပြင် ရွာကိုလည်း မီးတင်ရှို့သွားရာ အိမ်ခြေ ၃ဝဝ ကျော်အနက် ၁ဝဝ ကျော်ခန့်

လောင်ကျွမ်းပြာကျသွားကြောင်း၊ ထိုအထဲတွင် ရွာသူရွာသား ခုနစ်ယောက်သေ၍ တစ်ယောက် ဒဏ်ရာရသည်ဆိုကြောင်း။

သဲကုန်းရွာကိုဝင်မတိုက်မီ ၂ ရက်ဖြစ်သော ဇူလိုင် လ ၁၆ ရက်အတွင်းက သဲကုန်းအနီး ညောင်ကုန်းသို့ သူပုန်တို့ရောက်ရှိနေပြီး သဲကုန်းအခြေအနေကို

အလစ်ချောင်းကာ အစီအစဉ်ပြုလုပ်ပြီးမှ ယခုကဲ့သို့ ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဆိုကြောင်း။

သဲကုန်းကို ဦးစီးတိုက်သော ခေါင်းဆောင်မှာ သထုံ ခရိုင် တောင်ရိုးတစ်လျှောက်တွင် နာမည်ကြီးနေသည့် တောင်တန်းဗိုလ်ဘွဲ့ခံ ယူအမ်ပီတပ်သားဟောင်း ဗိုလ်

မောင်ကလေးဆိုသူဖြစ်ကြောင်း။

ရန်ကုန်-မန္တလေးရထား၊ ရန်ကုန်-ပြည်ရထား၊ ရန်ကုန်-မော်လမြိုင်ရထားများမှာ ကေအင်န်ဒီအိုတို့၏ လက်ချက်ဖြင့် အကြိမ်ပေါင်းများစွာပင် မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး

အပြစ်မဲ့အရပ်သား ခရီးသည်အများအပြား မှာ သေကျေ၊ ဒဏ်ရာရခဲ့ကြရသည်။ ကေအင်န်ဒီအို များက ရထားကိုမိုင်းခွဲ၍ အပြစ်မဲ့ခရီးသည်များအား အကြောင်းမဲ့

ပစ်ခတ်သတ်ဖြတ်ခြင်း၊ ခရီးသည်များထံမှ လက်ဝတ်လက်စားနှင့် အဝတ်အစားပါမကျန်လုယူခြင်း၊ ခရီးသည်များအား ပြန်ပေးဆွဲ၍ ငွေပေးမှပြန်လွှတ်ခြင်း၊

မိန်းမပျိုများအား ဖမ်းဆီး၍ မတရားကျင့်ကြံကာ လက်နက်ဖြင့် ရောင်းစားခြင်းတို့ကို ပြုလုပ်ခဲ့သည့် အကြိမ်ပေါင်းမှာလည်း မနည်းလှပေ။ ထိုသတင်းများကို သာ

ကောက်နုတ်တင်ပြရပါက ဆုံးနိုင်မည်မဟုတ်ပေ။

ကေအင်န်ဒီအိုတို့နှင့်နိုင်ငံခြားသားများပတ်သက်ပုံ သတင်းကိုလည်း ၁၉၅၄ ခုနှစ်၊ မေလ ၄ ရက်ထုတ် ဟံသာဝတီသတင်းစာတွင် အောက်ပါအတိုင်းတွေ့ရှိရ သည်။

မျက်နှာဖြူတစ်ဦးက ကရင်သူပုန်တို့လက်မှ သိန်း ၄ဝ ဗုန်းပြေးခြင်း၊ ကော်သူးလေ တပ်သားများ လက်နက်ချချင်ကြသော်လည်း

နောက်ပိုင်းတွင် မအေးဖြစ်ရပုံ

(အမှတ် ၈ဝ ထံမှ)

ကေအင်န်ဒီအိုခေါင်းဆောင် စောဘဦးကြီးကျဆုံး သွားပြီးနောက် စောဘဦးကြီးနေရာတွင် စောဟန်တာ သာမွှေးက ခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက် ပြီး

၎င်းစောဟန်တာသာမွှေးလက်ထက်တွင် ကေအင်န် ဒီအိုတပ်ဖွဲ့ကိုဖျက်သိမ်းလျက် ကရင်ပြည်သူ့လွတ်မြောက် တော်လှန်ရေးတပ်မတော်ကြီးကိုဖွဲ့စည်းခဲ့ကြောင်းကို

ယခင်က ကျွနု်ပ်တို့သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း။

ဌာနချုပ်စခန်း[ပြင်ဆင်ရန်]

ယခု နောက်ထပ်သိရှိရသော သတင်းများအရ အထက်ပါ ကရင်ပြည်သူ့လွတ်မြောက်တော်လှန်ရေး တပ်မတော်ဌာနချုပ်စခန်းမှာ ဖာပွန်နှင့်ရွှေကျင် အကြားရှိ

ခါးတော်ဘူ(ခေါ်)ပေါက်တောကွင်းတွင် ရှိသည်ဆိုကြောင်း။

၄-၅-၅၆ ထုတ် ဟံသာဝတီသတင်းစာပါ သတင်း များအရ မျက်နှာဖြူ အင်္ဂလိပ် လူမျိုး မိုက်ကယ်ဆိုသူ သည် ကေအင်န်ယူတို့၏ ဌာနချုပ်သို့ရောက်ရှိနေပြီး

ကြိုးကိုင်ခြယ်လှယ်ခြင်း၊ လက်နက်များပြည်ပမှ ဝယ်ယူပေးခြင်း၊ ကော်သူးလေသတင်းစဉ်ထုတ်ဝေ ပေးခြင်းတို့ကို ပြုလုပ်နေကြောင်းသိသာထင်ရှားသည်။

မိုက်ကယ်မှ လက်နက်များကို ယခင်ကကဲ့သို့ဝယ်မပို့တော့ဘဲ ငွေသိန်းပေါင်း ၄ဝ ကို အပျောက်ရိုက် လျက်ပြန်မပေါ်လာတော့ဘဲရှိတော့သည်ဆိုကြောင်း။

အရှေ့ပိုင်းနှင့်အနောက်ပိုင်း[ပြင်ဆင်ရန်]

တစ်ပြည်လုံးတွင် ကော်သူးလေနယ်မြေကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟုခွဲထားရာ အရှေ့ပိုင်း ကို စောအုံးဖေကအုပ်ချုပ်ပြီး အနောက်ပိုင်းကို စောစိန်မှုန်က

အုပ်ချုပ်သည်ဆိုကြောင်း၊ ၎င်းတို့ လက်အောက်တွင် ကော်သူးလေတပ်မဟာသုံးခုစီ ရှိရာ စောစိန်မှုန် လက်အောက်တွင် တပ်မဟာ(၁)၊ (၂)၊ (၃)ရှိပြီး

စောအုံးဖေလက်အောက်တွင် တပ်မဟာ (၄)၊ (၅)၊ (၆) ရှိသည်ဆိုကြောင်း၊ တပ်မဟာ(၄)တပ်မင်း မှာ စောတာကပေါဖြစ်ပြီး တပ်မဟာ(၅)တပ်မင်းမှာ ဗိုလ်စိုးဖြစ်သည်။

တပ်မဟာ(၅)တပ်မင်းဖြစ်သူ ဗိုလ်စိုးမှာလည်း စစ်ဘုရင်ဝါဒီလူရမ်းကားအဖြစ်နာမည်ကြီးသည်။၁၉၅၇ ခုနှစ်၊ အောက်တိုဘာလတွင် သထုံအမတ်

ဦးသိန်းမောင်၏ဆက်သွယ်မှုဖြင့် လက်နက်ချချင်နေ သော စောဟာဒီဆိုသူက ဗိုလ်စိုးကို မလိမ့်တပတ်ခေါ် လိုက်သည်။ ထို့နောက် ကြည်လင်ဆိုသူက ထုံးဘိုရွာ

မြောက်ဘက်တွင် ဗိုလ်စိုးကိုသေနတ်ဖြင့် လေးချက်ပစ် သတ်ပြီး လက်နက်ချသွားသည်။ ကြည်လင်သည် ဇနီး ဖြစ်သူအား ဗိုလ်စိုးကမုဒိမ်းကျင့်သောကြောင့် လက်စား

ချေခြင်းဖြစ်သည်။ စောဟာဒီကိုမူ ဗိုလ်လင်းထင်၏ တပည့် ဒင်္ဂါး တို့လူစုကဖမ်း၍ သတ်ပစ်လိုက်သည်။ ဒင်္ဂါး မှာလည်း နောင်သောအခါ ဘောသရောအရေး အခင်း၌

ဗိုလ်မြက လှံစွပ်ဖြင့် ထိုးသတ်ခြင်းကိုခံခဲ့ ရသည်။ ဗိုလ်စိုးသေသောအခါ ဗိုလ်လင်းထင်တပ်မင်း ဖြစ်လာသည်။ ကေအင်န်ယူသောင်းကျန်းသူများမှာ

အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ရုံသာမကဘဲ ယင်းတို့အချင်းချင်းလည်း သတ်ဖြတ်၍ အာဏာလုယူ နေကြသူများပင်တည်း။

လေယာဉ်ပျံပြန်ပေးဆွဲခြင်း[ပြင်ဆင်ရန်]

လေယာဉ်ပျံပြန်ပေးဆွဲမှုမှာ မြန်မာနိုင်ငံတွင် သာမက ထိုအချိန်က ကမ္ဘာပေါ်တွင်ပါ လုံးဝမပေါ် ပေါက်ဖူးသေးသော အကြမ်းဖက်မှုကြီးဖြစ်သည်။ ထိုဖြစ်

စဉ်နှင့်ပတ်သက်၍ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထုတ် ရန်ကုန်သတင်းစာတွင် အောက်ပါအတိုင်းဖော်ပြ ထားသည်ကိုတွေ့ရှိနိုင်သည်။

လေယာဉ်ကိုအပိုင်စီးပြီးတိုက်သွားခြင်း

ရန်ကုန်မြို့မှ ကျောက်ဖြူနှင့်စစ်တွေသွား ဗမာလေယာဉ်တစ်စင်းလုံးကောင်းကင်ပေါ်၌ တိုက်သွားခြင်း

ကျောက်ဖြူငွေတိုက်ကိုပို့လိုက်သော အစိုးရငွေ ပေါင်း ၇၂၄ဝဝဝ ပါသည့်ငွေသေတ္တာများကိုတိုက်ခိုက် ယူသွားကြခြင်း။

လေယာဉ်ပျံ ပျံနေစဉ်

မြန်မာနိုင်ငံ ရာဇဝတ်မှု ရာဇဝင်တွင် တစ်ကြိမ် တစ်ခါမျှမကြုံဖူးခဲ့သေးသော လေယာဉ်ပျံ ပျံသန်းနေ ခိုက် လေယာဉ်ပျံတစ်စင်းကို လူဆိုးများစီးနင်းတိုက် ခိုက်သည့်

လေကြောင်းခရီး ဓားပြမှုကြီးတစ်ရပ်မှာ ဇွန် လ ၂၅ ရက်က ပထမဆုံးအကြိမ်မြောက် အံ့ဩဖွယ်ရာ ဖြစ်ပွားကြောင်း။ အဆိုပါလေယာဉ်ပျံပေါ်တွင် လူဆိုး တို့

စီးနင်းဓားပြတိုက်သည့်သတင်းမှာ ရန်ကုန်မြို့ သတင်းစာလောကသို့ ချက်ချင်းပျံ့နှံ့ရောက်ရှိလာရာ တစ်မြို့လုံးတစ်ခါတည်း ဟိုးလေးတကျော်ဖြစ်သွားပြီး

သက်ဆိုင်ရာအစိုးရရဲအဖွဲ့ စုံထောက်ဌာနများ၊ စစ်ဘက် ဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံတော်လေကြောင်းသယ်ယူပို့ ဆောင်ရေးအဖွဲ့(ယူဘီအေ)အာဏာပိုင်များတို့မှာ ဆိုင်

ရာဆိုင်ရာအထူးတလည် အလုပ်များသွားကြတော့ ကြောင်း။

လေယာဉ်ပျံတွင် လူဆိုးများအပိုင်စီးကာ ဓားပြ တိုက်ယူခြင်းခံလိုက်ရသော ငွေများမှာ ကျောက်ဖြူငွေ တိုက်အတွက်ပေးပို့သောအစိုးရဘဏ္ဍာတော်ငွေများဖြစ် လျက်

လေယာဉ်ပျံမှာ နိုင်ငံတော်လေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့(ယူဘီအေ)၏ ရန်ကုန်မြို့မှ ကျောက်ဖြူ-စစ်တွေမြို့သို့ ခရီးသည်များပို့ဆောင်ရန်

ထွက်ခွာသွားသောခရီးသည်တင် ဒါကိုတာလေယာဉ်ပျံ စက်နှစ်လုံးတပ် ၂၈ ယောက်စီး အမှတ်အိပ်(စ်)ဝိုင် အေစီဘီဖြစ်ကြောင်း။

မောင်းသူအမည်

၎င်းလေယာဉ်ပျံကိုဦးစီးမောင်းနှင်သော လေယာဉ် မှူးမှာ ကပ္ပတိန် မစ္စတာအေအီးဟဲဖြစ်လျက် လေယာဉ် ပထမအရာရှိ မောင်ကိုကို၊ ဝိုင်ယာလက်အရာရှိချတ် (ခ်ျ)၊

လေကြောင်းလက်ထောက်အရာရှိ ကိုကိုကြီး တို့ပါဝင်ကြကြောင်း။

ဟံသာဝတီသတင်းစာ အတွဲ ၉၊ အမှတ် ၂၂၂၊ ၁၃၁၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ အထူး စာစောင်တွင်လည်း အောက်ပါအတိုင်းဖော်ပြထား သည်။

လေယာဉ်ဓားပြစံဖိုးသင်ပေါ်ကျခြင်း၊

ရသည့်ငွေများ ကရင့်လက်မှ ရဲဖြူတို့ အုပ်သွားကြ ခြင်း၊ ဤဖြစ်ပုံကြောင့် ကေအင်န်ဒီအိုက သုံးပါတီ ခုံရုံး၌ တရားစွဲဆိုထားပုံ

(အမှတ် ၇၃ ထံမှ)

နိုင်ငံတော်အစိုးရ၏ ငွေပေါင်း ၇၂၄ဝဝဝ ကို ကျောက်ဖြူငွေတိုက်သို့ လေကြောင်းခရီးဖြင့် ဇွန်လ ၂၅ ရက်က ပေးပို့ရာ၌ လမ်းတွင် လက်နက်ကိုင်လူဆိုး သုံးဦးတို့က

ဓားပြတိုက်၍ငွေများကို လုယူထားလိုက် သည့်ကိစ္စနှင့် ပတ်သက်၍အနောက်ဘက်ပင်လယ်ကမ်း ခြေမှ ပုသိမ်မြို့သို့ရောက်ရှိလာသူများထံမှ ကြားသိရ

သောသတင်းများမှာ ဓားပြတိုက်ခံရသော လေယာဉ်ပျံ သည် မန်ကျည်းစင်ရွာအနီး ပင်လယ်ကမ်းစပ်ရှိ မှော်သိုးသောင်ခေါ် နေရာ၌ ဆင်းသက်ရသည်ဆို ကြောင်း၊

စောစံဖိုးသင်နေရာသို့ပို့ရန် အဆိုပါ ဓားပြ တိုက်ခံရသော လေယာဉ်ပျံကြီး ဆင်းသက်လာသည်ကို မန်ကျည်းစင်ရွာမှ ရွာသူရွာသားများက ပျက်ကျလာ

သည်အထင်နှင့်သွားကြည့်ကြရာ အနားရောက်မှ ပျက်ကျသည်မဟုတ်ဘဲ အလိုအလျောက် ဆင်းသက် လာခြင်းဖြစ်သည်ကိုသိရ၍ လူဆိုးများ၏ ခိုင်းစေချက် အရ

ငွေသေတ္တာများကို လေယာဉ်ပျံပေါ်မှ အောက်သို့ သယ်ယူကြရပြီး လေယာဉ်ပျံကြီး ပျံတက်သွားသည့် အခါတွင် လူဆိုးများက သေတ္တာသယ်သူများအား

တစ်ယောက်လျှင် ငွေ ၂ဝ ကျပ်ကျစီ ဝေပေးပြီးလျှင် ထိုငွေသေတ္တာများကို စစ်မင်းကြီးဟောင်း စောစံဖိုးသင် ခိုအောင်းနေထိုင်ရာ ကျောက်ဆပ်ကျွန်းမှ သဲကုန်း

ကြီးကျွန်းချောင်းရွာသို့ လှေခငွေ ၂၅ဝ ကျပ်ပေးကာ လိုက်ပို့ခိုင်းသည်ဆိုကြောင်း။

ဓားပြလက်မှ ရွာသားဝှက်

ငွေသေတ္တာများကို ကျောက်ဆပ်ကျွန်းမှ သဲကုန်း ကြီးကျွန်းချောင်းသို့ လှေဖြင့်သယ်ယူရန်အတွက် လှေ ပေါ်သို့ ငွေသေတ္တာများကို သယ်ယူရာတွင် ရွာသားများ

အားခိုင်းစေသဖြင့် ရွာသားထဲမှလူအချို့က ငွေသေတ္တာ များဖြစ်ကြောင်းကိုသိသဖြင့် ငွေအကြွေသေတ္တာနှစ်လုံး ကို အလစ်တွင်အချောင်သုတ်၍ ယူထားလိုက်ပြန်ရာ

အဆိုပါဓားပြသုံးဦးက လက်နက်များဖြင့်ခြိမ်းခြောက် ပြီး ပြန်တောင်းမှ ထုတ်ပေးလိုက်ကြတော့သည်ဆို ကြောင်း။

ရဲဖြူက အချောင်အုပ်ပြီ

အဆိုပါ ငွေသေတ္တာများအား ဓားပြတိုက်၍ မန်ကျည်းစင်ရွာအနီး၌ လေယာဉ်ပျံဆင်းသည့် အကြောင်းကို အနောက်ဘက်ပင်လယ်ကမ်းခြေ

တစ်လျှောက်၌စိုးမိုးအုပ်ချုပ်နေသော ရဲဘော်ဖြူ ဗိုလ်ကျော်အုန်းသိရှိသဖြင့် ၎င်း၏တပည့်များနှင့် လိုက်လာရာ မန်ကျည်းစင်ရွာသို့ရောက်ရှိသည့်အချိန် တွင်

ငွေသေတ္တာနှင့်ဓားပြများမှာ လှေနှင့်ထွက်ခွာ သွားပြီဖြစ်၍ မတွေ့လိုက်ရဟုဆိုကြောင်း၊ သို့သော် ၎င်းတို့သွားရာ သဲကုန်းကြီးကျွန်းချောင်းသို့ ဆက်၍ လိုက်ရာတွင်

ဓားပြများမှာလည်း မိုးပြင်းထန်သဖြင့် ခရီးဆက်၍မထွက်နိုင်သောကြောင့် လမ်းတွင်နား နေခိုက်နှင့်တွေ့ဆုံသဖြင့် ရဲဘော်ဖြူများက အဝေးမှ လှမ်း၍

ဘရင်းဂန်းနှင့်ပစ်ခတ်ခြောက်လှန့်ရာ ဓားပြ နှစ်ယောက်မှာ လက်လွတ်ထွက်ပြေး၍ တစ်ယောက်ကို သာ ငွေသေတ္တာများနှင့်အတူဖမ်းမိလိုက်သည်ဆို ကြောင်း၊

ဖမ်းမိသောဓားပြတစ်ယောက်နှင့်အတူ ငွေ သေတ္တာများကို ရဲဘော်ဖြူဗိုလ်ကျော်အုန်းနှင့်အဖွဲ့က ဂူချောင်းရွာဘက်သို့ ယူဆောင်သွားသည်ဆိုကြောင်း။

လေယာဉ်ပျံကို ဓားပြတိုက်သူများမှာ ကရင်လူမျိုး များဖြစ်၍ ၎င်းတို့မှာ ဝန်ကြီးဟောင်း စောစံဖိုးသင်၏ တပည့်များဖြစ်ပြီး ဓားပြတိုက်ရန်အစီအစဉ်ကို စောစံ

ဖိုးသင်က နည်းပေးလမ်းပြညွှန်ကြားပေးသည်ဆို ကြောင်း၊ အဆိုပါဓားပြများမှာ ဟံသာဝတီနယ်မှ တစ်ယောက်၊ ဟင်္သာတမှတစ်ယောက်နှင့် ပုသိမ်ခရိုင်

ငပုတောမြို့နယ်မှတစ်ယောက်ဖြစ်၍ ဟင်္သာတနှင့် ငပုတောမြို့နယ်မှနှစ်ယောက်မှာ လက်နက်များနှင့် အတူလွတ်မြောက်သွားပြီး ဟံသာဝတီနယ်သား တစ်ယောက်သာ

ရဲဘော်ဖြူများလက်တွင် အဖမ်းခံနေ ရသည်ဆိုကြောင်း။

ကေအင်န်ဒီအိုတို့၏ မြို့အလိုက် လုယက်မှုများ[ပြင်ဆင်ရန်]

ကေအင်န်ယူ နိုင်ငံရေးအဖွဲ့၏ လက်နက်ကိုင် တပ်ဖြစ်သော ကေအင်န်ဒီအိုတို့သည် ၁၉၄၈-၄၉ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့တော် ဖြစ်သော

မန္တလေးမြို့နှင့်ရန်ကုန်မှ ၁၂ မိုင်သာ ဝေးသော ခရိုင်မြို့ကြီးဖြစ်သည့်အင်းစိန်မြို့နယ် အပါအဝင် မြို့ရွာအများအပြားကို သိမ်းပိုက်ထားနိုင် ခဲ့သည်။ သို့သော်

ယင်းတို့သိမ်းပိုက်ထားနိုင်ခဲ့သည် ဆိုသောမြို့ရွာများမှာ မြို့စောင့်တပ်များ၏ခုခံမှုကို ကျော်လွှား၍ ခက်ခဲစွာတိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်းမျိုး မဟုတ်ပေ။ မူလကတည်းက

တပ်စွဲထားရာ မြို့ရွာ၏ အုပ်ချုပ်ရေးအာဏာကို အလွယ်တကူရယူလိုက်ခြင်း၊ အခုအခံမရှိသော မြို့ရွာများကို အဆင်သင့်ဝင်ရောက် တပ်စွဲခြင်း၊ အင်အားနည်းပါးသော

မြို့စောင့်တပ်များ အား မလိမ့်တပတ် လက်နက်သိမ်းယူခြင်း စသည်တို့ သာဖြစ်သည်။ သို့သော် ကေအင်န်ဒီအိုတို့သည် မြို့ရွာအတော်များများကို

လက်ရသိမ်းပိုက်ထားနိုင်ခဲ့ သည်ဟူသော စစ်ရေးအခြေအနေပေါ်တွင် သာယာ မူးယစ်၍ဘဝင်မြင့်ခဲ့ကြသည်။ မြို့များကို သိမ်းပိုက် ထားစဉ်အတွင်း ဥပဒေမရှိ၊

စည်းကမ်းမရှိ၊ လက်နက် အားကိုးဖြင့် ထင်တိုင်းပြုကျင့်ခဲ့ကြသည်။ သတ်ဖြတ် ခြင်း၊ လုယက်ခြင်း၊ မတရားပြုကျင့်ခြင်းများမှာ

မှတ်တမ်းမှတ်ရာကျန်သည်လည်းရှိသည်။ မှတ်တမ်း မှတ်ရာမရှိသော်လည်း မျက်မြင်ကိုယ်တွေ့ကြုံရသူ မြောက်မြားစွာတို့၏ ပြန်လည်ပြောကြားချက်များ

လည်းရှိသည်။

တပ်မတော်၏ ထိုးစစ်များကြောင့် လူနေမြို့ရွာ များမှဆုတ်ခွာသွားရပြီးနောက် ကေအင်န်ဒီအိုတို့သည် တောတောင်ထူထပ်ရာဒေသများ၊ လမ်းပန်းဆက်သွယ်

ရေးခက်ခဲသည့် အစွန်အဖျားကျေးရွာများတွင် ခိုအောင်းကြရသည်။ ထို့နောက်ပိုင်းတွင် လူနေထူထပ် သည့် မြို့များ၊ ရွာများကိုဝင်ရောက်တိုက်ခိုက်ခြင်းများ

ရှိသော်လည်း နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ထိုးစစ်ဆင်တိုက်ခိုက် ခြင်းများဟုမဆိုနိုင်ပေ။ လက်နက်အားကိုးဖြင့် ကိုယ်ကျိုး

စီးပွားအတွက် မြို့သူမြို့သား၊ ရွာသူရွာသားများကို တိုက်ခိုက်လုယက်အနိုင်ကျင့်ရန်အတွက် လက်နက်ကိုင် အစောင့်အရှောက် အင်အားနည်းပါးရာမြို့ရွာများကို

အလစ်ဝင်စီးခြင်းသာဖြစ်သည်။

ကေအင်န်ဒီအိုများက မြို့ရွာများကိုတိုက်ခိုက်ခြင်း သည် ယင်းတို့၏နိုင်ငံရေးရည်မှန်းချက်အတွက်လည်း မဟုတ် စစ်ရေးရည်မှန်းချက်အတွက်လည်းမဟုတ်ဘဲ

ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်သာရှိကြောင်း အောက်ပါသတင်းစာ ကောက်နုတ်ချက်များအရ ထင်ရှားစွာသိသာနိုင်သည်-

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊ ဟံသာဝတီ သတင်းစာ၊ အင်္ဂါနေ့။

သထုံမြို့ကို ကေအင်န်ဒီအို ၈ဝဝ ဝင်စီးခြင်း။

ပစ္စည်းလု၊ လူဖမ်းလုပ်သွားကြပြန်ပြီ။

(မော်လမြိုင်မြို့ နိုဝင်ဘာလ ၉ ရက်ကြေးနန်း)

နိုဝင်ဘာလ ၈ ရက် ညဉ့်ဦး ၇ နာရီအချိန်ကျော် တွင် ၈ဝဝ ခန့်ရှိ ကေအင်န်ဒီအိုသောင်းကျန်းသူများက သထုံမြို့ကိုဝင်စီးကာ ရဲဌာနနှင့်စစ်တပ်ဌာနချုပ်တို့ကို

ဝိုင်းဝန်းထားကြပြီးနောက် မော်ကျော့၊ မင်းတန်းနှင့် ရဟန္တာရပ်ကွက်များမှ အိမ်ပေါင်း ၅ဝ ခန့်ကို မီးရှို့ကာ ခါးကော့တောင်အပေါင်ဆိုင်မှ ပစ္စည်းများအပြင် မြို့သူ

မြို့သားများထံမှ ရွှေငွေပစ္စည်းအဝတ်အစားများကိုပါ တိုက်ခိုက်လုယက်ကြရာ အဆိုပါဗရုတ်သုတ်ခထဲတွင် မြို့သူမြို့သားများထဲမှ လူတစ်ယောက်သေဆုံးခဲ့ရ ကြောင်း၊

၎င်းနောက် ကရင်သောင်းကျန်းသူများက ဆေးရုံဆရာဝန်ကြီးမစ္စတာ နာတရာဂျန်၊ ဖဲဝယ်သာ၊ မန်နေဂျာမစ္စတာလင်းဒေးစမစ်သ်နှင့် ဇနီးအပြင် ရုပ်ရှင်ရုံထဲမှ

မြို့သူမြို့သားအချို့ကိုပါ ဖမ်းဆီးမိသွား ကြသည်ဆိုကြောင်း။

ခေါင်းဆောင်ဗိုလ်စိုး

အဆိုပါ ကရင်သောင်းကျန်းသူများကို ဗိုလ်စိုးက ခေါင်းဆောင်လာ၍ ၎င်းတို့တွင် ဘဇူကာလက်နက်နှင့် တင့်ကားတစ်စီးပါလာသည်ဆိုကြောင်း၊ ရာဇဝတ်ဝန်

ကားကိုလည်း ကေအင်န်ဒီအိုများက ၎င်းနေထိုင်သည့် အစိုးရအိမ်တွင်ပင် မီးတင်ရှို့ကြသေးသော်လည်း ကား မှာ အနည်းငယ်မျှသာပျက်စီးသွားကြောင်း၊ အစိုးရ

အရာရှိများအားလုံးပင် သူပုန်ရန်မှကင်းရှင်းကြ ကြောင်း။

မော်လမြိုင်စစ်ကူ

မော်လမြိုင်မှ စစ်ကူတပ်များလိုက်သွားကြရာ သထုံမရောက်မီ ရင်းငြိမ်နှင့်ကတွန်ရွာများတွင် ကေအင်န်ဒီအိုများနှင့်တွေ့ဆုံပြီး တိုက်ပွဲအကြီး

အကျယ်ဖြစ်ရသေးကြောင်း၊ ကရင်သောင်းကျန်းသူများ သည် သထုံမှဆုတ်ခွာသွားကြပြီးနောက် သထုံကိုပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန်အတွက်

ဂျိုင်းဘင်ဂလိုတွင်ပြန်လည်စုရုံး စခန်းချနေကြသည် ဆိုကြောင်း။

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ထုတ် ဟံသာဝတီသတင်းစာ၊ သောကြာနေ့ နှစ်ခါပြန်၍ ခံလိုက်ရသော သထုံမြို့တတိယအကြိမ် ထပ်တိုက်မည်ကိုပင်

စိုးနေကြခြင်း

(နောက်ထပ်ရသောသတင်းအကျယ်အမှတ် ၈ဝ ထံမှ)

သထုံမြို့ကို ကေအင်န်ဒီအိုတိုက်ကြောင်း ကြေးနန်း သတင်းကို ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ နောက် ထပ်မံသိရ သော သတင်းအစုံမှာ နိုဝင်ဘာလ ၈ ရက်ည ၇ နာရီ တွင်

သထုံမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်သော သူပုန် ဗိုလ်များထဲတွင် ဂေါ်ရခါးဗိုလ်တစ်ယောက်လည်းပါ သည်ဆိုကြောင်း။

သူပုန်များ မြို့တွင်းမဝင်မီ သေနတ်သံများကြားရ သော်လည်း ထုံးစံအတိုင်း မြို့ပြင်မှနေ၍ သူပုန်များ သေနတ်သံပေးနေသည်ဟု ထင်မှတ်ကာ မြို့သူမြို့သား တို့မှာ

အမှတ်တမဲ့ပင် နေနေကြသည်ဆိုကြောင်း၊ မြို့ တွင်းသို့ သူပုန်များဝင်လာသည်ကိုတွေ့မှသာ ထိတ်လန့် တကြားဖြစ်ကုန်တော့သည်ဆိုကြောင်း၊ သူပုန်တို့မှာ မိမိ တို့

တက်လိုသော အိမ်ပေါ်သို့ တက်ကာ ရွှေငွေများကို သာ ရှာဖွေယူငင်ကြသည်ဆိုကြောင်း။

ရုပ်ရှင်ကြည့်သူတို့ထံမှလည်း ပစ္စည်းများဖြုတ်ယူ သွားကြောင်း၊ ဖမ်းဆီးခြင်းခံရသော ဆေးရုံဆရာဝန်ကြီး မစ္စတာ နာတရာဂျန်နှင့် ဖဲဝယ်သာ၊ မန်နေဂျာ လင်းဒေး

စမစ်သ်ဇနီးမောင်နှံတို့ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ် လိုက်ကြောင်း၊ သူပုန်တို့မှာ ဆေးရုံကိုလည်း သွားကြည့် သေးသည်ဆိုကြောင်း၊ ဆေးရုံတွင်

စစ်သားလူနာများရှိ ကြသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း။

ဒုတိယအကြိမ်တိုက်ခြင်း

အစိုးရတပ်ဌာနချုပ်နှင့် ရဲဌာနမှ ရဲဝံ့စွာခုခံ၍ သူပုန်တို့မှာ နိုဝင်ဘာလ ၉ ရက် နံနက် ၅ နာရီတွင် မြို့တွင်းမှ ဆုတ်ခွာသွားကြောင်း ပတ်ဝန်းကျင်ဖြစ်သော

တင်လှိုင်ဂျိုင်းတို့တွင် စုရုံးနေကြပြီး ထိုနေ့ည ၇ နာရီ တွင် တစ်ဖန် သထုံမြို့သို့ဝင်ရောက်တိုက်ခိုက်ပြန်၍ ရွာတွင်းတိုက်ပွဲ ဖြစ်ပွားပြန်ကြောင်း။

စစ်ကူ

ယခုတစ်ကြိမ်တွင်မူ ငွေတိုက်၊ ရဲဌာန၊ ထောင်၊ စစ်တပ်၊ ဌာနချုပ်တို့ကို စီးမိရန်အတွက် အပြင်းအထန် တိုက်ခိုက်ကြကြောင်း၊ မော်လမြိုင်မှ စစ်ကူတပ်

ယူအင်န်ပီတပ်ရင်း (၇)၊ တပ်ရင်း(၁၃)မှ စစ်ရထားဖြင့် ချီတက်သွားရာ ဇင်းကျိုက်မှရင်းငြိမ်အထိ ရထားလမ်း တစ်လျှောက်တွင် မိုင်းဗုံးများမြုပ်ထား၍ ဗုံးများကို

ရှင်းလင်းနေရသည့်အတွက် စစ်ကူတပ်များ သထုံသို့ ၁၂ နာရီကျော်မှရောက်သွားသည်ဆိုကြောင်း၊ ထိုသို့ အားဖြင့် တစ်ညလုံးတိုက်ပွဲဖြစ်ပွားနေပြီး ၁ဝ-၁၁-၅၃ နေ့

နံနက် ၄ နာရီတွင် သူပုန်များ ဆုတ်ခွာသွားတော့ သည်ဆိုကြောင်း။

တစ်ပူပေါ်နှစ်ပူဆင့်

ပထမအကြိမ်တိုက်စဉ်က သူပုန်များမီးရှို့ခဲ့သော မော်ကျော့၊ မင်းတန်း၊ ရဟန္တာရပ်ကွက်များမှ အိုးမဲ့ အိမ်မဲ့ဒုက္ခသည် ၁ဝဝ ခန့်သည် မော်ကျော့ဘုန်းကြီး ကျောင်းတွင်

ခိုအောင်းနေရာထိုသူတို့အား ဒုတိယ အကြိမ်ပြန်တိုက်ရာတွင် ဖမ်းဆီးသွားသည်ဆိုကြောင်း။

ကရင်မအချို့ပါ ပါခြင်း

နိုဝင်ဘာလ ၈ ရက် ပထမအကြိမ်တိုက်စဉ်က မော်ကျော့၊ မင်းတန်း၊ ရဟန္တာရပ်ကွက်မှ အိမ်ခြေ ၅ဝခန့် နှင့် ဒုတိယအကြိမ် ၉ ရက်က တိုက်စဉ်အတွင်း မင်းတန်း မှ

မြို့မရေခဲဆိုင်အထိ အိမ် ၇ဝ၊ မြိုင်ရုပ်ရှင်ရုံမှ မေလျောင်ဟိုတယ်အထိ ၁၅ အိမ်ခန့်ကို မီးရှို့သွား၏။ မြိုင်ရုံမှာ အနည်းငယ်သာလောင်၏။ မီးရှို့ရာတွင်

ကရင်မအချို့ပါသည်ဆို၏။ သစ္စာရှိကရင်စောချစ်သန်း ဂျစ်ကားကိုလည်း သူပုန်တို့ကမီးရှို့လိုက်၏။ သူပုန် ဘက်မှ အကျအဆုံးများရှိသော်လည်း အလောင်း

ကောင်များကို ပြန်သယ်သွားသည့်အပြင် ကျဆုံးသော နေရာတွင် သွေးကွက်မကျန်အောင် သွေးကွက်များကို သုတ်သွား၏။

မြို့သူမြို့သားများ

မြို့သူမြို့သားတို့မှာ နှစ်ညတိတိ ရွှေစာရံဘုရား ပေါ်တွင် ပုန်းအောင်းနေရသည်ဆို၏။ ယခုအခါ သထုံမှ လူပေါင်းအမြောက်အမြား မော်လမြိုင်သို့ ပြောင်းလာနေရာ

နိုဝင်ဘာလ ၁ဝရက် ညနေ ၂နာရီ က သထုံရထားတွင် ခရီးသည်တစ်ထောင်ခန့်ပါလာ၏။ ၈-၁၁-၅၃ ရက် ရန်ကုန်မှ ထွက်လာသောရထားမှာ သထုံတွင်သူပုန်နှင့်တိုး၍

နိုဝင်ဘာလ ၁ဝရက်မှ မော်လမြိုင်သို့ရောက်လာ၏။ သူပုန်တို့မှာ မြသပိတ် တောင်ဟိုဘက် ၎င်းတို့ဌာနချုပ် ဓနုမှလာကြ၍ ထပ်မံ ၍

တတိယအကြိမ်တိုက်ဦးမည်ဟုပြောသွားသည်ဆို၏။

၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် တနင်္ဂနွေနေ့ထုတ် ဟံသာဝတီသတင်းစာ စစ်ကွင်းမြို့ သူပုန် ၃ဝဝ ဝင်စီးခြင်း

ဘူတာရုံ၊ ဂါတ်တဲတန်းလျားနှစ်သိန်းဖိုးပြာကျပြီ

(သုံးဆယ်မြို့ သတင်းထောက်-ကြေးနန်း)

နိုဝင်ဘာ ၁၈ ရက်ည ၁၁ နာရီအချိန်ခန့်က သာယာဝတီခရိုင်၊ စစ်ကွင်းမြို့ကို ကေအင်န်ဒီအိုနှင့် ကွန်မြူနစ်သူပုန် ၃ဝဝ နီးပါး လေးဖက်လေးတန်မှ

ဝင်ရောက်တိုက်ခိုက်ကြောင်း၊ မီးရထားဘူတာရုံနှင့် အဆောက်အအုံများ၊ ရဲဌာနနှင့်အမှုထမ်းများနေရာ အဆောက်အအုံများနှင့် ချွေတာစုဆောင်းရေးဌာနမှ

ရုပ်ရှင်မော်တော်ကားများကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြ ကြောင်း၊ စစ်တပ်နှင့် ရဲအဖွဲ့တို့ ပူးပေါင်း၍ ကြံ့ကြံ့ခိုင်ခိုင် ခုခံတွန်းလှန်မှုကြောင့် သူပုန်ငါးဦးကျပြီး အများအပြား

ဒဏ်ရာရရှိရာ ဆုတ်ခွာသွားကြကြောင်း။

နှစ်သိန်းဖိုးပျက်စီးပြီ

အပျက်အစီး စုစုပေါင်း ခန့်မှန်းခြေ နှစ်သိန်းဖိုးခန့် ဖြစ်ကြောင်း၊ သာယာဝတီခရိုင်ရဲဝန်သည် မင်းလှမြို့သို့ ရောက်ရှိလာပြီးလျှင် တိုက်ပွဲဖြစ်ပွားသည့်နေရာများနှင့်

မီးလောင်ရာနေရာများကို လိုက်လံကြည့်ရှုကြောင်း။

၁၉၅၄ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် အင်္ဂါနေ့ထုတ် ဟံသာဝတီသတင်းစာများ

စစ်ကွင်းမြို့ကို သူပုန်တို့ဝင်စီးပုံ ဤသို့ သူပုန်ငါးလောင်း၊ တစ်လောင်းခေါင်းဖြတ်သွားပုံ

(နောက်ထပ်ရသော သတင်းအကျယ်အမှတ် ၁၈ဝ ထံမှ)

နိုဝင်ဘာလ ၁၈ ရက်ညက စစ်ကွင်းမြို့ကို ကေအင်န်ဒီအိုနှင့် အလံဖြူကွန်မြူနစ်များ ဝင်ရောက် တိုက်ခိုက်မီးရှို့သောသတင်းနှင့်ပတ်သက်၍ နောက်ထပ် ဤသို့

စုံစမ်းသိရှိရ၏။

စစ်ကွင်းမြို့မှာ လွန်ခဲ့သော ၁၉၅၂ ခုနှစ်ခန့်က ကရင်သူပုန်တို့ဝင်ရောက်တိုက်ခိုက်ခဲ့သော ဒဏ်ရာ ဒဏ်ချက်ကြောင့် မြို့လုံးကျွတ်နီးပါး မီးလောင် ပြာကျဖြစ်ခဲ့ရာမှ

ယခု ဒုတိယအကြိမ် အစီးခံရခြင်း ဖြစ်ကြောင်း။

မဝင်မီက

ထိုသို့ ကရင်သူပုန်များ မဝင်မီ သုံးရက်ခန့်ကပင် သာယာဝတီခရိုင်တောင်ပိုင်း အရှေ့ဘက်၌ ကရင် သူပုန်များလှုပ်ရှားလာသည်ဟူသော သတင်းကို မြို့သူ

မြို့သားများ သံ့သံ့ကြားနေကြရကြောင်း၊ ယခုအခါ ကရင်သူပုန်နှင့် အလံဖြူကွန်မြူနစ် ၃ဝဝ ခန့် ဝင်စီးသည့်အချိန်တွင် အစိုးရ၏ချွေတာစုဆောင်းရေး ဌာနမှ

ရုပ်ရှင်ကားပြသနေရာ မြို့လုံးကျွတ်လောက် ပင် ရုပ်ရှင်ကား သွားရောက်ကြည့်ရှုကြချိန်ဖြစ်သည် ဆိုကြောင်း။

ကရင်သူပုန်များသည် ထိုအခွင့်ကောင်းကို ယူ၍ ဣန္ဒြရရပင် လျှို့ဝှက်စွာ မြို့တွင်းသို့ ရောက်ရှိလာနိုင် တော့ကြောင်း၊ ချွေတာစုဆောင်းရေးဌာနမှ ရုပ်ရှင်ကား

သည် ည ၁၁ နာရီအချိန်ပြီးသည်နှင့် တစ်ပြိုင်နက် မြို့ အရှေ့၊ တောင်နှင့်အနောက် သုံးဖက်မှနေ၍ ကရင်သူပုန်များသည် ဆဲဆိုအော်ဟစ်ပြီး သေနတ်များ တရကြမ်း

ပစ်ခတ်ဝင်ရောက်တိုက်ခိုက်ကြသည် ဆိုကြောင်း၊ မြို့သူမြို့သားများမှာ သေနတ်သံကြား သည်နှင့်တစ်ပြိုင်တည်း ဟိုပြေးသည်လွှားဖြင့် ပုန်းအောင်းကြတော့ကြောင်း။

ထိုအခါ ရဲအဖွဲ့နှင့် ကချင်တပ်ရင်း(၂) တပ်မတော်သားများက အကာ အကွယ်များယူ၍ ကရင်သူပုန်များအား ခုခံ တိုက်ခိုက်ကြရာ တစ်မြို့လုံးသေနတ်သံများ

ဆူညံသွား တော့ကြောင်း။

အနောက်ဘက်မှ ကရင်သူပုန်သောင်းကျန်းသူ များသည် သေနတ်များ တရကြမ်းပစ်ခတ်၍ ရဲဌာနကို ဝင်ရောက်စီးကြကြောင်း။ သစ္စာရှိသော ရဲအဖွဲ့ဝင် များက

ရဲရဲဝံ့ဝံ့ခုခံတိုက်ခိုက်ကြသော်လည်း ည ၁၂ နာရီအချိန်ခန့်တွင် အင်အားချင်းမမျှ၍ နောက်သို့ ဆုတ်ခွာပေးပြီး ပစ်ခတ်ရသဖြင့် ကရင်သူပုန်များသည်

ရဲဌာနနှင့်ရဲသားများနေထိုင်သော အိမ်တန်းလျားများ၊ ချွေတာစုဆောင်းရေးဌာနမှ ကားကို မီးတင်ရှို့ကြ ကြောင်း။

ဘူတာရုံကို မီးရှို့ခြင်း

တစ်ချိန်တည်းမှာပင် အရှေ့ဘက်မှ ကရင်သူပုန် များက ဘူတာရုံသို့ဝင်ရောက်၍ ရုံပိုင်ဦးဖေမောင်တင် နှင့်ဇနီး ဒေါ်စိန်တို့အားရိုက်နှက်ပြီး ရွှေငွေများနှင့်

လက်မှတ်ရောင်းရထားသော ငွေ ၃ဝဝ ခန့်ကို တောင်း ယူပြီးလျှင် ဘူတာရုံကို မီးတင်ရှို့ကြကြောင်း။

ရဲအဖွဲ့ဝင်များသည် အင်အားမတန် မာန်လျှော့ လိုက်ရစေကာမူ ခုခံမှုကို လုံးဝမရပ်စဲဘဲ ခုခံပစ်ခတ် နေစဉ်မှာပင် မြို့စောင့်ကချင်တပ်ရင်း(၂) တပ်မတော် သားများက

မီးရှို့ပြီးပြန်လာကြသော ကရင်သူပုန်များ အား ချက်ကောင်းကိုစောင့်၍ သဲသဲမဲမဲ ပစ်ခတ် တိုက်ခိုက်ရာ ကရင်သူပုန်များသည် တပ်မတော်၏ ဒဏ်ကို ကြာရှည်စွာ

မခုခံနိုင်တော့ဘဲ ည ၂ နာရီ အချိန်ခန့်တွင် ၎င်းတို့ဘက်မှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအားဆွဲယူကာ အရှေ့ဘက်သို့ တရကြမ်းဆုတ်ခွာပြေးရာ

ရွှေတောင်တန်းထိပ်တွင် ၎င်းတို့ဘက်မှ မသယ်နိုင်၍ ကျန်ရစ်သော အလောင်း ငါးလောင်းတွင် အရေးကြီးသည့် အလောင်းတစ်လောင်း ကို ကရင်သူပုန်များက

ဦးခေါင်းကိုဖြတ်ယူသွားသည်ကို တွေ့ရကြောင်း။

ခုနစ်ဦးကိုဖမ်းသွားခြင်း

၎င်းတို့ဆုတ်ခွာသွားရာတွင် ချွေတာစုဆောင်း ရေးဌာနမှ ဦးမောင်တင်နှင့် အဖွဲ့သားခြောက်ယောက် တို့နှင့် ရဲသားမောင်ကျော်စိန်တို့အား လက်ရဖမ်းဆီး မိသဖြင့်

အရှေ့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားရာ ကားလမ်းနှင့်သုံးမိုင်မျှဝေးကွာသော ချက်မရွာသို့ ရောက်သောအခါဦးမောင်တင်နှင့်အဖွဲ့ခြောက်ယောက် တို့အား

တရားဟော ပြန်လွှတ်လိုက်သည်ဆိုကြောင်း၊ ရဲသားကိုကျော်စိန်ကို နောက်သုံးရက်ကြာမှ ပြန်လွှတ် လိုက်မည်ဟု မှာကြားလိုက်သည်ဆိုကြောင်း၊ နံနက် မိုးလင်း၍

မြို့တွင်းသို့ရှာဖွေရာ ကရင်သူပုန်များ စာချ သွားသည်ကိုတွေ့ရကြောင်း။

ချသွားသောစာ

၎င်းစာမှာ ကျွနု်ပ်တို့သည် ရဲအဖွဲ့အား ညီရင်း အစ်ကိုကဲ့သို့ ခင်မင်ရင်းနှီးပါသည်။ ယခုလို ပြုကျင့် ရသည်မှာ ဖဆပလ၊ ဗတလစ အဖွဲ့တို့၏ နာယူချက်ကို မပြုလုပ်ဘဲ

၎င်းအစိုးရအဖွဲ့ကိုသာ တော်လှန်ခြင်း ဖြစ်ကြောင်း။

ပုံ-စောထွန်းလင်း၊ တပ်ရင်း(၁၈)ဟု ပါရှိကြောင်း။

နှစ်သိန်းဖိုးခန့် ဆုံးပါးမည်

ကရင်သူပုန်များ မီးရှို့သွားသဖြင့် ရဲဌာနအုပ်အိမ် နှင့် ရဲအုပ်နေအိမ် နှစ်လုံးနှင့် ရဲသားများနေထိုင်သော သုံးပင်နှစ်ခန်း တန်းလျားငါးလုံး မီးလောင်ပြာကျပြီး ရဲဌာန

မီးလောင်ကျွမ်းနေစဉ် ဦးတက်တိုးခေါင်းဆောင် သော မီးသတ်အဖွဲ့၏ ကြိုးစားမှုကြောင့် အချိန်မီ ငြိမ်းသတ်လိုက်သဖြင့် ရဲဌာနတစ်ခြမ်းသာ မီးလောင် ပျက်စီးသွား၏။

ကုလားထိုင်၊ စားပွဲ၊ အစိုးရစာရွက် စာတမ်းများလည်း မီးထဲပါသွားကြောင်း၊ ချွေတာ စုဆောင်းရေးဌာနမှ ကားလည်း မီးလောင်ပြာကျ သွားကြောင်း၊ ဘူတာရုံနှင့်

လက်ဖက်ရည်ဆိုင်မှာ မီးလောင်ပြာကျသွားရာ အစုစုပစ္စည်းတန်ဖိုးမှာ နှစ်သိန်းနီးပါးခန့်ဆုံးရှုံးလိမ့်မည်ဟု ခန့်မှန်းရကြောင်း အစိုးရဘက်နှင့် မြို့သူမြို့သားများမှာ

အထိအခိုက် အကျအဆုံးမရှိကြောင်း။

ဗုဒ္ဓဟူးနေ့ ဟံသာဝတီအထူးစာစောင် ၁၃၁၈ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၁၆-၅-၁၉၅၆ မုတ္တမမြို့ကို သူပုန်တွေမွှေခြင်း

ပစ္စည်းတွေ သမ္ဗန်နှင့်ယူ၊ လူတွေပြန်ပေးဆွဲပုံ

(အမှတ် ၁၂၁ ထံမှ)

ကဆုန်လဆန်း ၂ ရက် ည ၁ဝ နာရီအချိန် သထုံ ခရိုင်မုတ္တမဆင်ဖြူရပ် တရုတ်တန်းပိုင်းသို့ ရောင်စုံကရင် သူပုန် ၃ဝ-၄ဝ ခန့်က လက်နက်ကိုယ်စီကိုင်၍

ဝင်လာကြကြောင်း၊ သောင်းကျန်းသူများသည် သံလွင် မြစ်ကြောင်းမှ လှေကြီးလှေငယ် ခုနစ်စင်းဖြင့်စီးလာပြီး တရုတ်တန်းကမ်းနားပိုင်းကို ရောက်လာကြခြင်းဖြစ်

သည်ဆိုကြောင်း၊ ထိုအခိုက်တရုတ်တန်းရပ်ရှိ အိမ်တိုင်း အိမ်တိုင်းမှာ ဆူသံများထွက်ပေါ်လာသဖြင့် တချို့က အိမ်တံခါးဖွင့်၍ကြည့်ကြရာ သူပုန်များက အိမ်တိုင်း

အိမ်တိုင်းကိုဝိုင်းထားလျက်ရှိနေကြသည်ဆိုကြောင်း၊ သူပုန်များက အရပ်ထဲ၌ တစ်အိမ်တက်ဆင်း မွှေနေ ကြစဉ် အိမ်ရှင်များကို စကားကျယ်ကျယ်လည်းမပြော နှင့်၊

ထွက်ပြေးမယ်လည်းမကြံနှင့်၊ ထွက်ပြေးလျှင် သေနတ်နှင့်ပစ်သတ်မည်ဟု ကြိမ်းမောင်းနေကြသည် ဆိုကြောင်း။

သူပုန်များသည် အရပ်ထဲ၌ ဤကဲ့သို့မွှေနှောက် နေစဉ် ဌာနမှသော်လည်းကောင်း၊ စစ်တပ်မှသော် လည်းကောင်း၊ ပျူစောထီးတပ်မှသော်လည်းကောင်း

အကူအညီများလာခဲ့သော် ခုခံရန်အတွက် နေရာ ကောင်းသုံးခုကိုယူပြီး ဂိတ်သုံးခု ချထားလိုက်သည် ဆိုကြောင်း၊ ထိုကဲ့သို့ ဂိတ်ချထားပြီး တရုတ်တန်းလမ်းရှိ

အိမ်ပေါင်း ၄ဝ ခန့်မှ ပစ္စည်းများနှင့် ရွှေငွေများကိုယူ၍ လှေကြီးလှေငယ်များပေါ်သို့ တင်ထားကြသည် ဆိုကြောင်း၊ သူပုန်များသည် ကရင်လိုတချို့ မြန်မာလို တစ်ဖုံ

အမျိုးမျိုးစကားပြောဆိုသံများကို ကြားသိရ သည်ဆိုကြောင်း။

ပြန်ပေးဆွဲပြန်ခြင်း

ဤသို့ အရပ်ထဲ၌ တိတ်တဆိတ်မွှေနှောက် ယူနေကြပြီး ည ၁၂ နာရီခန့်တွင် ထွက်ခွာသွားကြစဉ် မောင်ကြိုင်၊ မောင်ကြည်လွင်၊ မောင်ဆိုင်၊ ဦးအေးမြိုင်၊ ဦးပန်၊

ဦးကြင်တို့နှင့်အတူ ဦးသာဒွန်း၏သမီး ငါးနှစ် နှင့်ခုနစ်အရွယ်ရှိသော မအုန်းအုန်း၊ မလုံးလုံး၊ ၁၃ နှစ်အရွယ်ရှိသော ရာကွတ်၊ အီနွတ်၊ ဦးကျော်မြ၏သား ၁၂ နှစ်ရှိ

မောင်ရန်ပြေ ကလေးများတို့ကိုလည်း ပြန်ပေးအဖြစ်ဖမ်းဆီး၍ လှေများနှင့်တင်ဆောင်ယူ သွားကြသည်ဆိုကြောင်း၊ ဦးငွေကိုင်ဆိုသူကိုမူ ဖမ်းဆီး ထားပြီးမှ လှေမနိုင်၍

ပြန်လွှတ်လိုက်သည်ဆိုကြောင်း၊ ယခုလို ကရင်သူပုန်များ မုတ္တမမြို့သို့ တိတ်တဆိတ် ဝင်ရောက်နေကြသော်လည်း မုတ္တမသူမုတ္တမသားများ မှာ နံနက်မိုးသောက်လင်းမှ

အချို့ သိရှိရသည် ဆိုကြောင်း။

မုတ္တမမြို့၌ ဂိတ်အမျိုးမျိုးအဆင့်ဆင့် ပြုလုပ်ထား လျက် ယခုလို သူပုန်များ တိတ်တဆိတ်ဝင်ရောက်မွှေ သွားသဖြင့် အရပ်သူအရပ်သားများမှာ အံ့ဩ၍မဆုံးဘဲ

ကျီးလန့်စာစား ဖြစ်နေကြသည်ဟု ကြားသိရပါကြောင်း၊ ပြန်ပေးအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသော လူများကို ဘယ်အရပ်ဘယ်ဒေသသို့ ခေါ်ဆောင်သွား

ကြသည်ဆိုတာ မိဘရှင်များနှင့် သားမယားများက စုံစမ်းနေကြသည် ဆိုကြောင်း။

ဤကား ကေအင်န်ဒီအိုသောင်းကျန်းသူများ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြီးများအနက်မှ အချို့သာ ဖြစ်သည်။ ကေအင်န်ဒီအိုတပ်အချို့၏ ဓားပြဂိုဏ်း

ဆန်ဆန်လုပ်ရပ်များ၊ နိုင်ငံရေး၊ စစ်ရေးနှင့် မပတ်သက် သော ရာဇဝတ်မှုများကြောင့် ကရင်လူမျိုးများအပြင် ပြည်သူလူထုတစ်ရပ်လုံးက အော့နှလုံးနာကြသည်။

ယင်းတို့အချင်းချင်းတွင်လည်း ပဋိပက္ခများ ဖြစ်ပေါ် လာသည်။

အလံနီပါတီ၏ ဆင်စွယ်ရွာလူသတ်မှု[ပြင်ဆင်ရန်]

ကေအင်န်ဒီအိုများက အကြမ်းဖက်ဝါဒကို ကျင့်သုံးသကဲ့သို့ပင် လက်ဝဲစွန်းရောက်အလံနီပါတီ ထဲတွင်လည်း အကြမ်းဖက်မှုနှင့် လူသတ်ဝါဒထွန်းကား ၍လာသည်ကို

သမိုင်းတွင် အထင်အရှားတွေ့ရသည်။ အလံနီတို့သည် ရွာသူရွာသားများအား အကြောင်း အမျိုးမျိုးပြ၍ သေဒဏ်ပေးခဲ့ကြရာ ၁၉၅၉ ခုနှစ်တွင်

ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဇောတိကကို ငွေတိုး ချေးစားသည်ဟုစွပ်စွဲကာ သတ်ပစ်ခဲ့ကြဖူးသည်။ ယင်းတို့ အချင်းချင်းလည်း သတ်ဖြတ်လေ့ရှိရာ ရဲနီ

ကျော်စိန်နှင့်ဇနီးဖြစ်သူမသောင်းမေတို့ လင်မယား နှစ်ယောက်စလုံး သေဒဏ်ပေးခံရသည်။ အလံနီများကို ယင်းတို့လှုပ်ရှားရာကျေးရွာများမှ လူထုက လက်မခံ

တော့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့ကာ ပြန်လည် တိုက်ခိုက်မှုများလည်း ရှိလာသည်။

အလံနီဌာနချုပ်သည် ပခုက္ကူခရိုင် နွားမတောင် တွင် အခြေစိုက်နေစဉ် အလံနီဗိုလ်မှူးအုန်းမောင် နှင့်အဖွဲ့အား ဆင်စွယ်ရွာမှ လိုက်လံတိုက်ခိုက်ကြသဖြင့် ဆေးမှူး

ခင်မောင်အေး သေဆုံးခဲ့ရသည်ဟုဆိုသည်။ ဆေးမှူး ခင်မောင်ဇင်ဆိုသူက ဆင်စွယ်ရွာသို့ သွားပြန် ရာ ရွာသားများက တပ်မတော်ကို သတင်းပို့သဖြင့်

ပြန်ပြေးလာရသည်ဟု ဆိုသည်။ နောက်တစ်ခေါက် ထပ်သွားသောအခါတွင်ကာ ခင်မောင်ဇင်ကို ဖမ်းဆီး သုတ်သင်ကာ တပ်မတော်လက်သို့ အပ်လိုက်ကြသည်။

စင်စစ် ဆင်စွယ်ရွာသားများသည် အလံနီတို့၏ နှိပ်စက် ကလူပြုမှုကို သည်းမခံနိုင်တော့သဖြင့် ရရာလက်နက် ကိုင်စွဲ ဆန့်ကျင်တော်လှန်ကြခြင်းဖြစ်သည်။ အလံနီ

ဗိုလ်မှူးအုန်းမောင်(ခေါ်)ထွန်းနိုင်တို့အဖွဲ့သည် ဆင်စွယ်ရွာအနီးတွင်မနေရဲတော့သဖြင့် သခင်စိုးရှိရာ သို့ သွားရောက်ကာ တိုင်တန်းကြတော့သည်။ သခင်စိုး က

အလံနီကိုဆန့်ကျင်သူများအား ရွာပြင်တွေ့က သတ်ရန်၊ ရွာကိုမီးရှို့၍ မြေလှန်ပစ်ရန် ညွှန်ကြားခဲ့ဖူး သည်ဟုဆိုသည်။ ဆင်စွယ်ရွာကိုမြေလှန်ပစ်ရန်

လေသာတောင်စခန်းတွင်ရှိနေသော သခင်စိုးက ညွှန်ကြားခဲ့သည်ဟုလည်းဆိုကြသည်။

ဆင်စွယ်ရွာသည် ထီးလင်းမြို့နယ်အတွင်းတွင် တည်ရှိပြီး အလံနီပါတီ၏ အထူးခရိုင်အမှတ်(၂) နယ်မြေနှင့်သက်ဆိုင်သည့် ဆင်စွယ်ရွာအား မြေလှန် ပစ်ရန်

အထူးခရိုင် အမှတ်(၂)သည် အလံနီပါတီ ဗဟို ဌာနချုပ်၏အမိန့်အရ အစည်းအဝေးပြုလုပ်ကြသည်။ ရဲနီဗိုလ်ချုပ်မြင့်အောင်က ဆင်စွယ်ရွာကိစ္စ ဆောင်ရွက် ရန်

နိုင်ငံရေးမှူးအဖြစ် ရဲနီမျိုးညွန့်(ခေါ်)သုခ၊ စစ်ရေး ဆိုင်ရာ စစ်မှူးအဖြစ် ဗိုလ်ချုပ်လေးမျိုးဆွေ၊ တပ်မှူး များဖြစ်သော စောနောင်၊ ထွန်းကြည်၊ စောညွန့်တို့အား

ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်မြင့်အောင်နှင့် မနှင်းဥက ပိပိရိရိဖြစ်အောင် ဆောင်ရွက်ဖို့မှာကြားသည်။ မျိုးညွန့် (ခေါ်)သုခတို့လူစုသည် ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၂၄

ရက်တွင် ဂန့်ဂေါမြို့နယ်၊ ပေါင်းချောင်းမှတစ်ဆင့် ဆင်စွယ်ရွာသို့သွားကြသည်။ ထို့နောက် နှစ်ရက်ခန့် အကြာတွင် ဆင်စွယ်ရွာထဲသို့ တပ်မတော်စစ်ဝတ်စုံများ

ဝတ်ဆင်ပြီး ဝင်ရောက်လာကြသည်။ အလံနီများသည် တစ်ရွာလုံးကို ဖမ်းဆီးပြီး အသက် ၁၅ နှစ်မှ ၅ဝ နှစ် အကြားရှိ ရွာသား ၇၄ ယောက်ကို ရွေးထုတ်ကာ ဓား၊ လှံ

လက်နက်ဖြင့် ရက်ရက်စက်စက် သွေးချောင်းစီး သည်အထိ ခုတ်သတ်ကြတော့သည်။ အလံနီအင်အား မှာ ၁၂ဝ ခန့်ရှိသည်။

ဆင်စွယ်ရွာလူသတ်မှုသတင်းကို မြန်မာ့အသံမှ အသံလွှင့်ကြေညာခဲ့သည်။ အလံနီများက ဆင်စွယ်ရွာ ကို မြေလှန်ပြီးဖြစ်ကြောင်း အစီရင်ခံစာကို တပ်မတော် က

ဖမ်းဆီးရမိသဖြင့် မြဝတီမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည်။ အလံနီအင်အား ၁၂ဝ ခန့်သည် ဆင်စွယ်ရွာကို ဝင်ရောက်၍ အပြစ်မဲ့ရွာသားများအား သတ်ဖြတ်ကာ ပစ္စည်းယူပြီး

ရွာကို မီးတင်ရှို့ပစ်ကြောင်း သတင်း သည် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားသည်။ အလံနီများ၏ နိုင်ငံရေးသိက္ခာမှာလည်း နာလန်မထူနိုင်အောင် ကျဆင်းသွားရသည်။

အလံနီများကိုယ်တိုင်ကလည်း အလံနီကိုဆန့်ကျင်လျှင် ဆင်စွယ်ရွာကဲ့သို့ မြေလှန်ခံ ရမည်ဟု ပိုစတာများကပ်၍ ခြိမ်းခြောက်ခဲ့သည်။ ရွာအများအပြားကို

ဆင်စွယ်ရွာကဲ့သို့ အရေးယူရန် စီစဉ်ခဲ့သည်။ ဗိုလ်ချုပ်လေးမျိုးဆွေနှင့်အဖွဲ့သည် စကားရွာတွင် လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ပြီး မျက်ပြောင် ရွာတွင်လည်း လူ ၂ဝ ကို

သတ်ဖြတ်ပစ်ခဲ့ကြသည်။ အလံနီတို့၏ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးများ မှာ သမိုင်းတွင်အမည်းစက်ကြီးများအဖြစ် ဖျက်မရ နိုင်အောင်

စွန်းထင်းကျန်ရစ်ခဲ့ရသည်။ အလံနီပါတီ ကျဆုံးခြင်း၏ အစလည်းဖြစ်သည်။ အလံနီပါတီသည် ကျေးလက်လူထု၏ ဆန့်ကျင်မှုနှင့်တပ်မတော်၏ ထိုးစစ် များကြောင့်

ပခုက္ကူခရိုင်တွင် ဆက်လက်အခြေမချနိုင် တော့ဘဲ ရခိုင်ဒေသဘက်သို့ တိမ်းရှောင်ရွှေ့ပြောင်း သွားခဲ့ရသည်။ [၆]

ဖဆပလပြိုကွဲခြင်း (၁၉၅၈ ခုနှစ်)[ပြင်ဆင်ရန်]

အုပ်စုပဋိပက္ခများ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည်မှစ၍ ဆူပူ သောင်းကျန်းခဲ့သော ပြည်တွင်းသောင်းကျန်းမှု စစ်မီး သည် ၁၉၅၈ ခုနှစ်သို့ ရောက်ရှိလာသောအခါ အရှိန်

လျော့ကျ၍လာသည်။ ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို ဆယ်နှစ်ဆယ်မိုးခံခဲ့ကြရသော ပြည်သူလူထုသည် လည်း မြေအောက်နိုင်ငံရေးပါတီများကို စိတ်ကုန် လာပြီး

ထောက်ခံကူညီမှုမပြုတော့ပေ။ တပ်မတော်မှ တစိုက်မတ်မတ် ဆင်နွှဲခဲ့သည့် ထိုးစစ်များ၊ ပါတီချင်း ပဋိပက္ခများ၊ မှားယွင်းသောလမ်းစဉ်များကြောင့်

မြေအောက်သောင်းကျန်းသူအဖွဲ့အစည်းပေါင်းစုံသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများတွင် ချွတ်ခြုံ ကျ၍လာသည်။ ၁၉၅ဝ ပြည့်နှစ်ဦးတွင် သောင်းကျန်း

သူအဖွဲ့အစည်းအများအပြားသည် အထွေထွေကျဆင်း မှုများကြောင့် လက်နက်ချရန်ကြံစည်နေကြလေပြီ။

ထိုအချိန်တွင် မြေအောက်အဖွဲ့အစည်းများ တွင်သာ နိုင်ငံရေးချွတ်ခြုံကျနေခြင်းမဟုတ်ဘဲ မြေပေါ် ပါတီများမှာလည်း နိုင်ငံရေးကျဆင်းမှုနှင့် ကြုံတွေ့ နေရသည်။

နိုင်ငံကို အစိုးရအဖွဲ့အဖြစ် တာဝန်ယူ အုပ်ချုပ်နေရသော ဖဆပလအဖွဲ့အတွင်းမှာပင် နိုင်ငံရေးပဋိပက္ခများစွာ ပြင်းထန်နေသည်။ အတိုက် အခံပါတီအဖြစ်

ရပ်တည်နေသော ပမညတအဖွဲ့ အတွင်း၌လည်း ညီညွတ်မှုမရှိပေ။ ထို့ကြောင့် ၁၉၅၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးသည်

အထွေထွေနိုင်ငံရေးကျဆင်းမှုနှင့် ကြုံတွေ့ရသည်ဟု ဆိုရပေမည်။

ဖ ဆ ပ လ အ ဖွဲ့ ကြီး သည် ပ ထ မ အ ကြိမ် ရွေးကောက်ပွဲ ပြီးဆုံးသွားသည့် ၁၉၅၂ ခုနှစ်ကတည်းက စ၍ ကွဲစပြုလာသည်။ ပုဂ္ဂိုလ်ရေး၊ ရာထူးရေး၊ အုပ်စုရေးများ

ဝင်၍နှောင့်လာသည်။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲပြီးသောအခါတွင်ကား အုပ်စုပဋိပက္ခ မှာ များစွာပြင်းထန်လာသည်။ ဆိုရှယ်လစ်ခေါင်းဆောင် များက ဦးနုသည်

အုပ်စုခွဲ၊ တပည့်မွေးခြင်းဖြင့် သူ့ ခေါင်းဆောင်မှုအဓွန့်ရှည်ရန် လုံးပန်းနေသည်ဟု စွပ်စွဲ နေသည်။ ဦးနုက ပုပ်သိုးဆွေးမြည့်၍ ထောင်စော်နံ လာပြီဖြစ်သော

ဖဆပလကို ပြန်လည်သန့်ရှင်းရမည်ဟု ကြေညာကာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်ရာထူးကို လက်မခံခဲ့ပေ။ ဦးဗဆွေက ဝန်ကြီးချုပ်ရာထူးကို

လက်ခံလိုက်ရသည်။ ဦးနုက ဖဆပလကို သန့်ရှင်းရမည်၊ ဒီမိုကရေစီမထွန်းကားလျှင် ဖဆပလသည် ချန်ကေရှိတ်အစိုးရ ပြေးရသကဲ့သို့ မရှု မလှကျလိမ့်မည်ဟုဆိုကာ

ဖဆပလဥက္ကရြာထူးကိုသာ လက်ခံဆောင်ရွက်ခဲ့သည်။

သို့သော် ဦးနုသည် ဖဆပလအဖွဲ့ကြီးအား တစည်းတလုံးတည်း ခေါင်းဆောင်မှုပေးနိုင်ခြင်းမရှိ တော့ပေ။ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်း အုပ်စုအား များစွာ

မယုံသင်္ကာဖြစ်လာသည်။ ဦးဗဆွေအုပ်စု ကလည်း ဦးနု၏ခေါင်းဆောင်မှုကို တိုက်ခိုက်လာကြ သည်။ ဦးနုသည် အဟောအပြောကောင်းသည်။ သို့သော်

စုပေါင်းခေါင်းဆောင်မှုထက် မိမိတစ်ဦးတည်း ခေါင်းဆောင်မှုကိုသာ မိမိစိတ်ကြိုက်ထင်သလို ပြုလုပ် လာသည်။ ယင်းအချက်နှင့်ပတ်သက်၍ ဒေါက်တာ

မောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း စာအုပ်စာမျက်နှာ ၃၅၁ တွင် အောက်ပါ အတိုင်းရေးသားထားသည်။

'သို့ရာတွင် အဟောအပြောကောင်းသော ဦးနု သည် စိတ်ရှည်စွာနားမထောင်တတ်။ ဦးစွာလာ၍ တိုင်ကြားပြောဆိုသူကို ယုံတတ်သည်ဟုဆိုကြသည်။ ဝန်ကြီးများ

အစည်းအဝေးတွင်လည်း သူစိတ်မပါလျှင် ပြုံးပြုံးကလေးနှင့် ငေးမောနေတတ်သည်။ ပြောသူ တွေပြီးမှ သူကြိုက်သလိုဆုံးဖြတ်ချက်ချသည်ဟုဆို ကြသည်။

ပြန်ကြားရေးဝန်ကြီးဦးထွန်းဖေသည် ၁၉၅၇ ခုနှစ်၊ ဩဂုတ်လတွင် ရာထူးမှနုတ်ထွက်သည်။ ထို့နောက် ရာထူးမှနုတ်ထွက်ရခြင်းအကြောင်းရင်းကို သတင်းစာ

ရှင်းလင်းပွဲပြုလုပ်၍ပြောပြရာ ဦးနုသည် ဒီမိုကရေစီ စကားကိုသာ တွင်တွင်ပြောနေသည်။ အမှန်မှာတော့ ဘဝရှင်မင်းတရားကြီး ဖြစ်စပြုနေပြီ။ ဆဌသင်္ဂါယနာ

တင်ရန်စီစဉ်ရာတွင်လည်း ဦးနုသည် ပါလီမန်မှသော် လည်းကောင်း၊ ဖဆပလအမှုဆောင်အဖွဲ့မှသော် လည်းကောင်း သဘောတူခွင့်ပြုချက်မယူ၊ တစ်ဦးတည်း

သဘောဖြင့်ပြုလုပ်ခဲ့သည်။ ဆဌသင်္ဂါယနာ တင်ခြင်း သည် ကောင်းမြတ်သော်လည်း ဦးနုတစ်ဦးတည်း သာသနာ့ဒါယကာမဖြစ်ထိုက်။ နိုင်ငံဘဏ္ဍာရေး ကိုလည်း

ပွင့်ပွင့်လင်းလင်းတင်ပြသုံးသပ်သင့်သည်။ သို့သော် ဝန်ကြီးများသည် ဌာနအလိုက် လိုတာရ၍ ဝေမျှစားလုပ်ပြီး ကျေနပ်နေကြသည်။ ဤအတိုင်းသာ ဆိုပါက

တိုင်းပြည်ဒုက္ခရောက်မည် စသည်ဖြင့် ဝေဖန် ခဲ့သည်။ ဦးထွန်းဖေ၏ဝေဖန်ချက်ကို ထိုစဉ်က ဆိုရှယ်လစ် ခေါင်းဆောင်များက ထောက်ခံခဲ့ကြ သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီးအောင်ရွှေ၊ ဗိုလ်မှူးကြီးသိမ်းမောင် စသော

တပ်မတော်ခေါင်းဆောင်များက ဆိုရှယ်လစ် ခေါင်းဆောင်များအား ဆိုရှယ်လစ်ပါတီကို ကောင်းစွာ စည်းရုံးဖို့ကောင်းကြောင်း၊ ကေဒါကောင်းများ မွေးမြူ

သင့်ကြောင်း၊ ဆိုရှယ်လစ်လူ့ဘောင်ထူထောင်ခြင်းကို လက်တွေ့လုပ်သင့်ကြောင်း သတိပေးတိုက်တွန်းကြ သည်။ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေသည် စိတ်ဝင်စား

သော်လည်း စာဖတ်ရမှာပျင်းသဖြင့် ဆိုရှယ်လစ်ပါတီ စနစ်တကျဖွဲ့စည်းရေးကို မလုပ်ဖြစ်ခဲ့ပေ။ ဦးကျော်ငြိမ်း မှာမူ ကွန်မြူနစ်ဝါဒကိုတိုက်ဖျက်ပါက ဆိုရှယ်လစ်ပါတီ

အလိုလိုတက်လာမည်ဟု ယူဆခဲ့သည်။ ကွန်မြူနစ် ဆန့်ကျင်ရေးသည် ဆိုရှယ်လစ်ပါတီ၏ အခြေခံသဘော တရားပင်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

တပ်မတော်ခေါင်းဆောင်များက ဆိုရှယ်လစ် ပါတီကို စည်းကမ်းတကျဖွဲ့စည်းရန်၊ ငွေကြေးကို သန့်သန့်ရှင်းရှင်းသုံးစွဲရန်၊ ကုန်သည်ကြီးများထံမှ

အလွယ်တကူသုံးစွဲခြင်းမျိုးကိုရှောင်ရှားရန် စသည် တို့ကိုလည်း နှိုးဆော်ခဲ့သည်။ သို့သော် ဆိုရှယ်လစ် ခေါင်းဆောင်များက လက်မခံရုံသာမက တပ်မတော် သည်

နားမလည်သောကိစ္စတွင် ဝင်စွက်သည်ဟု ပုတ်ခတ်ဝေဖန်ခဲ့ကြသည်။ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဦးဗဆွေ၏ နေအိမ်၌

နောက်ဆုံးအကြိမ်ဆွေးနွေးသည်။ ဆိုရှယ်လစ်ပါတီ စနစ်တကျဖွဲ့စည်းသင့်ကြောင်း သတင်းပေးသည်။ ထို့နောက် တပ်မတော်သည် တပ်ကိစ္စများကိုသာ

ဆောင်ရွက်တော့မည်ဖြစ်ကြောင်းနှင့် ဆိုရှယ်လစ်ပါတီ သည်လည်း ပါတီကိစ္စကိုသာ ဆက်လက်ဆောင်ရွက်ရန် ပြောပြီးလမ်းခွဲလိုက်သည်။ ထိုအချိန်မှစ၍

တပ်မတော် သည် ဆိုရှယ်လစ်ပါတီနှင့်ကင်းကင်းရှင်းရှင်းဖြစ်အောင် နေတော့သည်။

ဖဆပလအစိုးရသည် ငွေကိုဖောဖောသီသီသုံး၍ ပြည်တော်သာ စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။ လာဘ်စားမှုများ၊ အလွဲသုံးစားလုပ်မှုများမှာလည်း

များပြားသည်ထက် များပြားလာသည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လတွင် နိုင်ငံခြားငွေသည် ၁၂၆ ဒသမ ၉ ကုဋေရှိခဲ့ ရာမှ ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၆၂ ဒသမ ၈

ကုဋေသို့ကျဆင်းခဲ့သည်။ ထို့ကြောင့် ပြည်တော်သာ စီးပွားရေး ရှစ်နှစ်စီမံကိန်းကိုလည်း ဆိုင်းငံ့ပြီး သုံးနှစ် လက်တွေ့လုပ်ငန်းစဉ်ဖြင့် ထိန်းသိမ်းလိုက်ရသည်။

သို့သော် စီမံကိန်းများမှာ စက္ကူပေါ်တွင်သာ အောင်မြင် ပြီး လက်တွေ့တွင်မဖြစ်ထွန်းသည်ကသာများနေသည်။ နိုင်ငံရေးပဋိပက္ခများကြောင့် အစိုးရဌာနများ

အလုပ် မလုပ်နိုင်ဘဲ ရာထူးဆက်ခံရေး၊ စီးပွားရေးလက်ဝါးကြီး အုပ်နိုင်ရေးတို့ကိုသာ လုံးပန်းနေကြတော့၏။

ပြည်သူလူထုအားလုံး အိမ်တစ်ဆောင်၊ ကား တစ်စီး၊ ရေဒီယိုတစ်လုံးနှင့် လခ ၈ဝဝ ကျပ်စီရရှိမည် ဟူသော ကြွေးကြော်သံမှာလည်း လက်တွေ့ဖြစ် မလာပေ။

၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် ဖဆပလ အနှစ်လေးဆယ် အာဏာရရမည်ဟု ကြွေးကြော်ခဲ့ရာ ပြည်သူလူထု၏ စားဝတ်နေရေးကို ဦးစားမပေးတော့ဘဲ

ပါတီအာဏာရရှိရေးကိုသာ အလေးပေးခဲ့ကြောင်း ထင်ရှားလာသည်။ ဦးနုသည် ပြည်တွင်းတွင်သာမကဘဲ ပြည်ပနိုင်ငံများသို့ပါလှည့်လည်၍ မေတ္တာဗြဟ္မစိုရ်

တရားကိုဟောပြောခဲ့သည်။ အမုန်းကိုဖယ်ရှား၍ မေတ္တာပွားများကြရန် မကြာခဏဟောပြောသည်။

၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်တွင် ဦးနုသည် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်လက်ခံလိုက်သည်။ ထို့နောက် သုံးရက်အကြာ မတ်လ ၄ ရက်တွင်

သောင်းကျန်းသူများလက်နက်ချကြပါ၊ ဒီမိုကရေစီ ဘောင်အတွင်း ဝင်ကြပါဟူ၍မိန့်ခွန်းပြောသည်။ သို့သော် မတ်လ ၁၂ ရက်တွင် ပမညတ ခေါင်းဆောင် သော

အတိုက်အခံအမတ်များက ဖဆပလအစိုးရ သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးနိုင်သဖြင့် အယုံအကြည်မရှိ အဆိုကို ပါလီမန်တွင်

တင်သွင်းလိုက်ကြသည်။ သို့သော် အဆိုမှာ ရှုံးနိမ့်သွားပြီး ဖဆပလအစိုးရ ပြုတ်မကျခဲ့ ပေ။ မတ်လ ၁၃ ရက်တွင် ကရင်အမျိုးသား မန်းဝင်းမောင်

သမ္မတဖြစ်လာသည်။ ဗမာပြည်အလုပ် သမား၊ လယ်သမားပါတီသည် ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပထမအကြိမ်မြောက် ပါတီကွန်ဂရက်ကို

ကျင်းပနိုင်ခဲ့သည်။ သို့သော် မြေပေါ်ကွန်မြူနစ်များဟု စွပ်စွဲခံနေရသည့် ယင်းပါတီသည်လည်း ပြည်သူလူထု တစ်ရပ်လုံးကို နိုင်ငံရေးဦးဆောင်မှု ပေးနိုင်သည့်

အခြေအနေသို့ ရောက်မလာခဲ့ပေ။

မြေပေါ်နိုင်ငံရေးပါတီများသည် ပါတီချင်းညီညွတ် မှု မရှိကြရုံသာမကဘဲ ပါတီတွင်းမှာပါ ပဋိပက္ခများ ပြင်းထန်လာကြသည်။ နိုင်ငံရေးပဋိပက္ခများတွင် ဖဆပလတွင်း

ပဋိပက္ခမှာ အပြင်းထန်ဆုံးဖြစ်လာသည်။ ၁၉၅၈ ခုနှစ်၊ မေလ ၆ ရက်ထုတ် ဂါးဒီးယန်းအင်္ဂလိပ် သတင်းစာက ၁၉၅၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဦးနုနှင့် ဦးကျော်ငြိမ်းတို့

အပြန်အလှန်ရေးသားခဲ့သောစာများ ကို ထည့်သွင်းဖော်ပြလိုက်သည်။ သို့နှင့် ဖဆပလအဖွဲ့ ကြီးအတွင်း ကြာမြင့်စွာကိန်းအောင်းနေသော အုပ်စု ပဋိပက္ခသည်

ဖုံးမနိုင်ဖိမရနှင့် ပေါ်လာရတော့၏။ ထိုစာများနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ် စာမျက်နှာ ၃၅၆ မှစ၍

အောက်ပါအတိုင်းဖော်ပြထား လေသည်။

ထိုစာများကို ဖတ်ရသည်မှာ ကြေကွဲဝမ်းနည်း ဖွယ်ဖြစ်လေသည်၊ နှစ်ပေါင်းများစွာ နိုင်ငံအတွက် ကြိုးပမ်းလာခဲ့ကြသော ရဲဘော်အချင်းချင်းအတွင်း

သံသယဝင်လာသောအခါ အတိတ်ကိုမေ့၍ အနာဂတ် အတွက် စိုးရိမ်လာကြသည်၊ သေးငယ်သောအဖြစ် အမှားအယွင်းတို့သည် ကြီးမားလာသည်၊ စေတနာ သည်

ဝေဒနာဖြစ်လာသည်၊ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့စွဲဖြင့် ဦးကျော်ငြိမ်းက ဦးနုထံပေးစာတွင်-

တော်လှန်ရေးအဆက်ဆက်မှာ သင်္ချိုင်း နှုတ်ခမ်းပေါ်မှာ ဥက္ကဋ္ဌကြီး နှင့် ကျွန်တော့်တပည့် တွေရှာခဲ့စဉ်က ထောင်ကျခြင်း၊ ဝရမ်းပြေးရခြင်း၊ ရန်ကုန်မြို့

သူပုန်တွေဝိုင်းနေစဉ်က ဘာတစ်ခုမျှ မဆောင်ရွက်ခဲ့တဲ့ ကုန်သည်ကြီးတွေ၊ လိုင်စင်ကြေး တွေ၊ အမြတ်တော်ကြေးရှောင်တဲ့လူတွေ၊ နိုင်ငံခြား ငွေခိုးထုတ်တဲ့လူတွေ၊

သာပေါင်းညာစားတွေ အချို့ဟာ ဥက္ကဋ္ဌကြီးနားမှာကပ်ပြီးတော့ မြှောက် နေကြတယ်။ ဆိုရှယ်လစ်တွေနဲ့ရန်တိုက်ပေးနေ ကြတယ်။ သူတို့က

အပြင်မှာလိုင်စင်ရောင်းစား လို့ ချမ်းသာသလောက်ဥက္ကဋ္ဌကြီး ကြိုက်တဲ့အလှူ တို့အတန်းတို့မှာ လှူကြတန်းကြတယ်၊ (အရက် ကြိုက်တဲ့လူတွေနားကျတော့ ဒီလူတွေက

ပုလင်း မော့ကြတယ်)၊ ဥက္ကဋ္ဌကြီး ပျင်းရင် အိုးစည် ဒိုးပတ်ဝိုင်းလည်း ကပြကြတယ်၊ တရားနာချင်ရင် လည်း ယပ်လှဲတရားလေးဘာလေးဟောပြတတ် ကြတယ်၊

အလျဉ်းသင့်တဲ့အခါ ဘယ်ဆိုရှယ်လစ် ခေါင်းဆောင်က ခေါင်းဆောင်ကြီးကို ဘယ်လို မတရားပြောပါတယ်လို့ ရန်တိုက်ကြတယ်၊ ဂျပန် ခေတ်အဓိပတိ

လုပ်နေတုန်းက ငါ့အနားမှာ ညာနေတဲ့လူတွေ၊ စီးပွားရေးသမားခပ်များများ ဟာ အခု သခင်နုအနားရောက်နေပြီလို့ ဒေါက်တာဘမော်ကပြောနေတာကို တစ်ဆင့်

ကြားရတယ်၊ မှန်မမှန်မသိပါ-ရေးသည်။

ဇူလိုင်လ ၁၆ ရက်နေ့စွဲဖြင့် ဦးနု ပြန်ကြားရာ တွင်-

ငါ့အိမ်မှာလူပေါင်းစုံကို ငါလက်ခံထားတာပဲ၊ နိုင်ငံရေးသမားဆိုတာကို လက်မခံလို့မဖြစ်ဘူး၊ သူခိုးနဲ့ဖြစ်ဖြစ်၊ ဘိန်းစားအရက်သမားနဲ့ဖြစ်ဖြစ်

လူတန်းစားမရွေးဘဲပေါင်းပါ၊ ဒါပေမဲ့ကိုယ်တိုင်က သာ သူခိုး၊ ဘိန်းစား၊ အရက်သမားမဖြစ်ကြစေ နဲ့လို့ မင်းတို့ကို ငါခဏခဏပြောဖူးသားပဲ-စသည်ဖြင့် ရေးသား၍

မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက် ဟူသော စကားမှန်သည်။ ထို့ကြောင့် မိမိအိမ်ဝင်ထွက်သူတို့ကို စည်းကမ်း ချက်တွေနဲ့သာ လက်ခံသည်ဟု ဖြေရှင်းသည်။

ဦးကျော်ငြိမ်းက သူ့စာတွင်-

ဝန်ကြီးချုပ်အနေနှင့် ဘေးကလူတွေက မှန်ပါ့ ဘုရား လုပ်ကြတော့ မင်းစိတ်မင်းမာန် တွေများလာသည်။ ဝန်ကြီးအစည်းအဝေးတွေ မှာလည်းကောင်း၊

ဖဆပလအလုပ်အမှုဆောင်မှာ သော်လည်းကောင်း ကိစ္စအရပ်ရပ်ကို အပြန် အလှန်ဆွေးနွေးရာတွင် မိမိ၏ယူဆချက်ကို ဆန့်ကျင်၍ပြောသည်ကိုလည်း

မခံလိုတော့သည့် စိတ်ပေါ်လာသည်။ မိမိယူဆချက်နှင့်ဆန့်ကျင်၍ ဆွေးနွေးသောသူသည် ကလန်ကဆန်လုပ်သည်။ လူရှေ့မှာ ငါ့ကိုပြန်ပြောသည်။ အရှက်ခွဲသည်

ဟုယူဆသည်။ (ဤပြစ်ချက်နှင့်ပတ်သက်၍ တော်လှန်ရေးတစ်လျှောက်လုံး စိတ်ထဲရှိသည်ကို ဘွင်းဘွင်းလူရှေ့၌ပြောတတ်သော ကျွန်တော် သည်

အပြစ်အကြီးဆုံးတရားခံဟု ဥက္ကဋ္ဌကြီး မျက်စိတွင် မြင်လာသည်)။ ငါ့ကိုလူရှေ့မှာ ကလန် ကဆန်ပြောတယ်၊ ငါတို့ကို သူ လူလည်လုပ်တယ်၊

ဒီကောင်ကိုမှတ်ထားဆိုသည့် စိတ်တွေဖြစ်လာ တယ်၊ တစ်နည်းအားဖြင့် စတာလင်ဆန်လာ သည်။

စတာလင်သည် မိမိနှင့်လုပ်ဖော်ကိုင်ဖက် တွေကို စိတ်မထင်လျှင် တစ်ဦးပြီးတစ်ဦး အပြစ်ရှာ သည်။ ရဲဘော်ရဲဘက် မီကိုယံ(Mikoyan)နှင့် မိုလိုတော့

(Molotov)ကိုပါ ရန်ရှာလာတော့ သည်။ ဒီဆိုရှယ်လစ်တွေဟာ ခေါင်းဆောင်ကြီး တွေကို ဖြုတ်ချရန်ကြံနေသည်စသဖြင့် ဒီ မင်းမြှောင်တွေကပင် ရန်တိုက်လာသည်။

တစ်ကြိမ်ကခေါင်းဆောင်ကြီးကို ဆိုရှယ်လစ်တွေ က ဖြုတ်ချရန်ကြံနေကြပြီ။ သို့သော် ဦးဗဆွေ နှင့်ဦးကျော်ငြိမ်းကို ဝန်ကြီးချုပ် သူရထိုက်သည်၊ ငါရထိုက်သည်ဟု

စကားများနေကြသေးသည် ဟု သတင်းတွေရလာကြောင်း၊ဥက္ကဋ္ဌကြီး ပင် ကျွန်တော့်အားစိတ်ကောင်းဝင်တဲ့အခါ ပြောဖူး သည်။ ဤကဲ့သို့ကုန်းချောချက်တွေကို

နားထောင် ၍ မိမိရဲဘော်များအပေါ်တွင် စတာလင်သည် အထင်မှားသလို မှားလာတော့သည်။ ကျွန်တော့်ကို သူများအစား ဒဿဘာကြောင့်ချိုင်လိုသလဲဟု မေးသည်။

ဦးနုက ပြန်ကြားရာတွင်-

ငါ့အကျိုးအကြောင်း မင်းအသိပဲ၊ ငယ်စဉ် ကတည်းက မင်းနဲ့ပေါင်းလာတာပဲ၊ စိတ်တိုတတ် တယ်၊ စိတ်ပြင်းထန်တယ်၊ မင်းတို့နဲ့သာမဟုတ်ဘူး၊ အိမ်ကသားမယား

အိမ်သူအိမ်သားတွေနဲ့လည်း ဒီလိုပါပဲ၊ ဒါပေမဲ့ အမြဲတမ်းဒီလိုစိတ်တိုပြီး စိတ်ပြင်းထန်နေတာမဟုတ်ဘူး၊ စိတ်အတိုမြန် သလောက် စိတ်အပြေမြန်တာပဲမဟုတ်လား၊

စိတ်ပြေတာနဲ့ သည်းခံဖို့ မင်းတို့ကိုတောင်းပန် ခဲ့တာလည်း အကြိမ်ကြိမ်ပဲမဟုတ်လား။

စိတ်လိုက်မာန်ပါလုပ်တတ်တာဟာ ဝန်ကြီး ချုပ်ဖြစ်လာမှလုပ်တယ်ဆိုရင် ပြောစရာရှိသေးရဲ့။ အခုတော့ ကျောင်းသားဘဝကတည်းက ဒီလိုပဲ

စိတ်လိုက်မာန်ပါလုပ်တတ်တယ်ဆိုတာ မင်းက စပြီး ငါ့သူငယ်ချင်းအရင်းတွေအားလုံးသိကြ ပါတယ်။ အဲဒါကို အရင်ကဘာမှမစွပ်စွဲခဲ့ဘဲ မင်း

အကြောက်ကြီးကြောက်လာတဲ့အခါမှ အာဏာရှင် စိတ်ပေါက်တယ်လို့စွပ်စွဲတာ ငါသိပ်ပြီးရယ်ချင် တယ် ကျော်ငြိမ်း။

တစ်ခုတော့ရှိတယ်၊ သိပ်ပြီးစိတ်တိုလာတာ ဟာ သုံးနှစ်လောက်ရှိသွားပြီဆိုတာ ငါ့ကိုယ်ငါ တွေ့တယ်၊ ငါဝန်ကြီးလုပ်ခဲ့တာ ကိုးနှစ်ရှိပြီ၊ ဒီကိုးနှစ်အတွင်းမှာ

တွေ့ရတဲ့အဖြစ်အပျက်တွေ ဟာ လူတစ်ယောက်ကို ရူးနိုင်ပါတယ်-

ဟုရှင်းလင်းသည်။

စာများတွင် အသေးစိတ်စွပ်စွဲချက်၊ အချက်ကျကျ ပြန်ကြားချက်များပါသည်။ အားလုံးခြုံ၍ ကြည့်လျှင် အချင်းချင်းသံသယကြီးမားနေကြောင်းမြင်ရသည်။

ဖြေ၍ပြေမည်မဟုတ်၊ အခြေအနေဘေးလူများကလည်း သံသယပပျောက်အောင် မေတ္တာနှင့်စည်းလုံးမှုဖြစ်ထွန်း အောင် မကြိုးပမ်းကြ၊ အကွဲမှအမြတ်ထုတ်ကြသည်မှာ

ဓမ္မတာ ဆိုရှယ်လစ်များကလည်း ဦးနုသည် ဖဆပလကို စည်းရုံးမည်လိုနှင့် ဆိုရှယ်လစ်တို့ကို ဝိုင်းပယ်လိမ့်မည်။ သူ့လူတွေကို အဖွဲ့၏သော့ချက်နေရာများတွင်

သွင်း လိမ့်မည်။

ဆိုရှယ်လစ်ခေါင်းဆောင်များကို အစိုးရအဖွဲ့ တွင်တာဝန်ပေးကာ ပြည်သူနှင့်ကင်းအောင်ခွဲလိမ့် မည်ဟုစိုးရိမ်ကြသည်။ သို့ရာတွင် ဆိုရှယ်လစ်ပါတီကို

စနစ်တကျစည်းရုံး၍ ပြည်သူ့ထံသွားရန်ကိုကား စဉ်းစားမိကြဟန်မတူချေ။

၁၉၅၆ ခုနှစ်တွင် အပြန်အလှန် စွပ်စွဲကြပြီး နောက် ဖဆပလအကွဲသည် ဆိုင်ရာတို့က အတိအလင်း ဝန်မခံသော်လည်း မြို့သိရပ်သိ ကိစ္စဖြစ်လာသည်။

အချင်းချင်းကွဲနေကြကြောင်း အစိုးရဌာနများကလည်း သိသည်။ ဝန်ကြီးအဖွဲ့တွင် အခြေခံလုပ်ထုံးဖြစ်သည့် စုပေါင်းတာဝန်ယူမှုမရှိတော့ပြီ၊ ဤဌာနဝန်ကြီးက

လုပ်သည်ကို ဟိုဌာနဝန်ကြီးအုပ်စုမှ ဝန်ကြီးကဖျက် သည်။ ဟိုဌာနဝန်ကြီးကလုပ်သည်ကို၊ ဤဌာန ဤအုပ်စုဝန်ကြီးကဖျက်သည်။ အစိုးရအရာရှိကြီးများ တွင်

ဖဆပလကို နဂိုကမကြည်ညိုသူများပါသည်။ ဖဆပလအစိုးရတက်ခါစက အစိုးရအရာရှိကြီးများကို နှိမ်ခဲ့သည်။ ဗျူရိုကရေစီကို ဖြိုဖျက်မည်ဟု ကြုံးဝါးကာ

အချို့အရာရှိကြီးများကိုနှိပ်စက်ခဲ့သည်။ အချို့ ထွက်သွားကြသည်။ အချို့ကျန်သည်။ ကျန်သူတို့က ဖဆပလဝဋ်လည်ပြီဟုဝမ်းသာကြသည်။ လွတ်လပ်ရေး

ရပြီးနောက်မှ ပြည်သူ့ဝန်ထမ်းဖြစ်လာသူ လူငယ်များက ဖဆပလကို နာစရာမရှိ။ သူတို့တွင် အမျိုးသားစိတ် အသင့်အတင့်ရှိကြသည်။ ဖဆပလကို လေးစားချင်ကြ

သည်။ သူတို့သည်လည်း ဖဆပလအကွဲကြောင့် စိတ်ပျက်ကြသည်။

ဖဆပလသည် ဦးနု၏ပြောင်မြောက်သော စကားအရ အနံ့တထောင်းထောင်းထနေသော ခွေးသေကောင်ပုပ်ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍

နိုင်ငံသစ်ထူထောင်ရာတွင် ဦးဆောင်မှုပေးခဲ့သော ဖဆပလသည် ရှင်လျက်နှင့် သေနေသည်။

(ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီး နှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာမျက်နှာ ၃၅၆ မှ ၃၅၉)။

နိုင်ငံ၏အစိုးရအဖွဲ့ တာဝန်ကိုထမ်းဆောင်နေရ သော ဖဆပလအဖွဲ့ကြီး၏ အဖွဲ့တွင်းနိုင်ငံရေး ပဋိပက္ခမှာများစွာပြင်းထန်လာသည်။ မြေအောက်

သောင်းကျန်းသူများသည် အစိုးရအဖွဲ့၏အခြေအနေ ကိုကြည့်၍ မိမိတို့လမ်းစဉ်များ အကောင်အထည် ဖော်နိုင် မဖော်နိုင်ကိုသုံးသပ်ကြသည်။ အချို့က

အခွင့်ကောင်းယူ၍ အမြတ်ထုတ်ကြသည်။ အချို့က လက်နက်ချရန်သာ ဆုံးဖြတ်ထားကြသည်။ လက်နက်ချ လိုသူများသည် အစိုးရအာမခံချက်ပေးနိုင်၊ မပေးနိုင် ကို

စောင့်ကြည့်နေကြသည်။ ယင်းအချိန်သည် ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းလုနီးပါး အခြေ အနေပင်ဖြစ်သော်လည်း အစိုးရမှာ မည်သို့မျှမတတ် နိုင်ခဲ့ပေ။

ဖဆပလနှစ်ခြမ်းကွဲခြင်း[ပြင်ဆင်ရန်]

ဖဆပလအဖွဲ့ကြီးသည် ပြည်လုံးကျွတ်ညီလာခံကို နှစ်စဉ်ကျင်းပသွားရန် သတ်မှတ်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးအကြိမ်ကျင်းပသော ပြည်လုံးကျွတ် ညီလာခံမှာ

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကာလအထိ ပြည်လုံးကျွတ် ညီလာခံကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ပဋိပက္ခများ

ပြင်းထန်လာသောအခါ ပဋိပက္ခများကို ကုစားရန်အတွက် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်လုံးကျွတ်ညီလာခံကို ကျင်းပရန်စီစဉ်လာကြသည်။

ပြည်လုံးကျွတ်ညီလာခံနီးလာသောအခါ နိုင်ငံရေး လှုပ်ရှားမှုများမှာ ပို၍ပို၍ရှုပ်ထွေးလာသည်။ တစ်ဖက် နှင့်တစ်ဖက် စွပ်စွဲကြ၊ ငြင်းခုံကြ၊ ရှင်းလင်းကြ၊ ဝန်ခံ ကြနှင့်

အပြိုင်အဆိုင်လုပ်ကြသည်။ သို့နှင့် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကို ကမ္ဘာအေးကုန်းမြေတွင် စတင်ကျင်းပ

ဖြစ်လေသည်။

ညီလာခံအဖွင့်နေ့တွင် ဦးဗဆွေက ညီညွတ်ရေး အတွက် အောက်ပါအတိုင်းမိန့်ကြားသည်။

ကျုပ်ကို ကျားကြီးဗဆွေလို့ အကြောင်းမဲ့ခေါ်ခဲ့ ကြတာမဟုတ်ဘူး၊ ကျုပ်ဟာ ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဘယ်သူ့ကိုမှမထောက်ညှာဘဲလုပ်

တတ်တယ်၊ ဒါကြောင့်ခေါ်ကြတာ၊ ဒါပေမဲ့ အကြောင်း ကြောင်းကြောင့် ကျုပ်ဘာမှမလုပ်ဘဲနေတာကြာလာပြီ၊ ရဲဘော်များက ကျုပ်ကို နွားကြီးဗဆွေလို့တောင်ခေါ်နေ

ကြပြီ၊ ဖဆပလညီညွတ်ရေးအတွက်ဆိုရင်တော့ ကျုပ်ဟာ ကျားကြီးလုပ်ရမှာပဲ၊ ဖဆပလညီညွတ်ရေးကို ဖျက်ဆီးနေတဲ့ဘယ်သူ့ကိုမဆို ကျုပ်ရဲ့အရင်းနှီးဆုံး

ရဲဘော်ပဲဖြစ်ပါစေ၊ ကျုပ်ကမညှာမတာ နှိမ်နင်းရမှာ ပဲ ထိုသို့ ဟိန်းဟောက်ကာ ကျားကြီးသည် ပရိသတ် ကြီးကို စူးရှသောမျက်လုံးများဖြင့် ဝင့်ကာကြည့်သည်။

ထို့နောက် ကိုယ်ကိုလှုပ်ခါလိုက်၍ သူ၏နေရာသို့ ပြန်သွားကာထိုင်လေသတည်း။

ဦးနုကလည်း မိန့်ခွန်းရှည်ကြီးတစ်ရပ်ကို မြွက်ကြားခဲ့ရာ ဖဆပလသည် တစ်ပါတီဖြစ်သည်။ ပါတီ ပေါင်းစုံ စုပေါင်းထားသော တပ်ဦးအဖွဲ့မဟုတ် ဖဆပလ၏ဝါဒ

သဘောတရားသည် မာ့ခ်စ်ဝါဒမဟုတ် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဝါဒဖြစ်သည်။ စသည်ဖြင့် ကျမ်းအစောင်စောင်ကိုကိုးကား၍ပြောခဲ့သည်။ ညီလာခံတွင် ဖဆပလကို

ပါတီတစ်ရပ်အဖြစ် ဖွဲ့မည် လော၊ တပ်ပေါင်းစုဖွဲ့မည်လော၊ မည်သည့်နိုင်ငံရေး ဝါဒကိုလက်ခံမည်နည်းဟူသော ပြဿနာများကိုငြင်းခုံ ကြသည်။ ဥက္ကဋ္ဌ ၊

အတွင်းရေးမှူးနေရာလုမှုများလည်း ပေါ်ပေါက်သည်။ သို့သော် ဖဆပလအမှုဆောင်အဖွဲ့၊ ဗဟိုဦးစီးအဖွဲ့တို့ကို ဣန္ဒြေမပျက်တင်မြှောက်နိုင် ခဲ့သည်။ ဦးနုက

ညီလာခံနိဂုံးချုပ်မိန့်ခွန်းပြောကြား ရာတွင် ညီလာခံညီညွတ်စည်းလုံးသည့်အတွက် ဝမ်းမြောက်သည်ဟုပြောကြားခဲ့သည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့သည်

ပုဂံခေတ်သူရဲကောင်း များဖြစ်သည့် ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ကဲ့သို့ပင် အားကိုးရသည်ဟုလည်း မိန့်ကြားခဲ့သေး သည်။

သို့သော် ပြည်လုံးကျွတ်ညီလာခံမှာ ဟန်ပြသာ ဖြစ်ခဲ့ရသည်။ စစ်မှန်သောညီညွတ်မှုကို တည်ဆောက် နိုင်ခြင်းမရှိခဲ့ပေ။ ညီလာခံအပြီး နှစ်လနီးပါးခန့် အကြာ ၁၉၅၈

ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ဦးနုက သခင်တင်ကိုခေါ်၍ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် လမ်းခွဲမည်။ သခင်တင်တို့နှင့်သာပေါင်းတော့မည် ဟုပြောခဲ့သည်။၂ ဧပြီလ ၂၇

ရက်တွင်ကား ဖဆပလ အဖွဲ့ကြီးသည် အတိအလင်းပင် နှစ်ဖွဲ့ကွဲပြားသွား တော့သည်။ ဦးနုက မေလ ၆ ရက်တွင် အသံလွှင့် ရှင်းလင်းရာ၌

ဖဆပလကိုတစည်းတလုံးတည်း ထိန်းသိမ်းနိုင်ခြေမရှိတော့ကြောင်း၊ ထို့ကြောင့် ဖွတ်မရ ဓားမဆုံးအဖြစ်မခံနိုင်၍ လမ်းခွဲကြရကြောင်း ပြည်သူ သို့

အစီရင်ခံတင်ပြခဲ့သည်။ ဦးနုနှင့်သခင်တင်တို့ ပူးပေါင်း၍ ဖဆပလအဖွဲ့ကြီး၏သန့်ရှင်းရေးကို အဓိက ထားကြောင်း ထင်ရှားစေလိုသဖြင့် ယင်းတို့၏အဖွဲ့ကို 'သန့်ရှင်း

ဖဆပလ'ဟု ခေါ်ကြသည်။ ဦးဗဆွေသည် ညီညွတ်ရေးအတွက် ကြိုးစားသေးသော်လည်း မရ သဖြင့် ဦးကျော်ငြိမ်းနှင့်ပေါင်းကာ အဖွဲ့ဖွဲ့ရသည်။ ဖဆပလအဖွဲ့

အဓွန့်ရှည်တည်မြဲရေးကို လိုလားသည် ဟုအထင်အရှားပြရန် ယင်းတို့၏အဖွဲ့ကို တည်မြဲ ဖဆပလဟုခေါ်သည်။

ဦးနုနှင့်သခင်တင်တို့ ခေါင်းဆောင်သော သန့်ရှင်း ဖဆပလကို ခေါင်းဆောင်များ၏အမည်ကိုစွဲ၍ နု-တင် အုပ်စု၊ ဦးဗဆွေနှင့်ဦးကျော်ငြိမ်းတို့ခေါင်းဆောင်သော

တည်မြဲဖဆပလကို ဆွေ-ငြိမ်းအုပ်စုဟူ၍ စာနယ်ဇင်း များနှင့် နောင်သမိုင်းရေးသူများက ခေါ်ဝေါ်သုံးစွဲကြ သည်။ သတင်းစာများကလည်း သန့်ရှင်းများ၊ တည်မြဲ

များဟူ၍ သုံးနှုန်းရေးသားကြသည်။

ဖဆပလသည် ဗဟိုဦးစီးညီလာခံကို မကျင်းပနိုင် ပေ။ ဦးနုက ဗဟိုဦးစီးအဖွဲ့တွင် ဆွေ-ငြိမ်း ပယောဂ ဝင်နေလေပြီဟု စွပ်စွဲသည်။ ဩဂုတ်လတွင်ကျင်းပမည့်

ပြည်သူ့လွှတ်တော်တွင် အားပြိုင်ကြမည်။ မဲအသာရသူ က အစိုးရဖွဲ့စတမ်းဟု ဦးနုခြိမ်းခြောက်၏။ ဖဆပလ အဖွဲ့ကြီးပိုင်ပစ္စည်းပစ္စယများကို နှစ်ဖွဲ့ခွဲကြမည်ဟု

လည်းဆိုကြသည်။ ဖဆပလဟူသောအမည်ကိုမူ တည်မြဲများယူလိုကယူစေရန် သန့်ရှင်းများကိုတိုက်တွန်း ပါမည်ဟုလည်း ဦးနုကပြောသည်။ ယခုကဲ့သို့ အမွေခွဲ ပါက

ရွေးကောက်ပွဲများတွင် ဖဆပလက သုံးစွဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံကို မည်ကဲ့သို့ခွဲဝေပါမည် နည်း၊ ထက်ပိုင်းပိုင်းပြီး တစ်ဝက်စီယူမှာလားစသဖြင့် ၁၉၅၈

ခုနှစ်၊ မေလ ၃ရက်ထုတ် ဂါးဒီးယန်းသတင်းစာ က သရော်ခဲ့လေသည်။

၁၉၅၈ ခုနှစ်၊ မေလ ၁ဝ ရက်တွင် ယခင်က ဖဆပလအစိုးရ၏ အတိုက်အခံပါတီအဖြစ် ရပ်တည် ခဲ့ဖူးသော်လည်း ညီညွတ်မှုပျက်ပြားနေသည့် ပမညတ အဖွဲ့က

လွှတ်တော်ရွေးကောက်ပွဲကျင်းပလျှင် နု-တင် အုပ်စုကိုမဲပေးထောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ ဖဆပလအဖွဲ့ကြီးမှာ စေ့စပ်၍မရအောင်

ကွဲသွားခဲ့ပြီဖြစ်သည်။ မည်သူကမျှလည်း ပြန်လည် စေ့စပ်ရန်မကြိုးစားခဲ့တော့ပေ။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ဆွေ-ငြိမ်း အုပ်စု 'တည်မြဲ' ဝန်ကြီးများ

အစိုးရအဖွဲ့မှ နုတ်ထွက်လိုက်ကြသည်။ ထိုနေ့မှာ နု-တင် အုပ်စု 'သန့်ရှင်း' ဝန်ကြီးများက ကျမ်းသစ္စာ ကျိန်ဆိုကြသည်။ ဇွန်လ ၉ ရက်တွင် တည်မြဲများက

အတိုက်အခံပါတီအနေနှင့် သန့်ရှင်းအစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခဲ့သည်။ သို့သော် ယင်းအဆိုမှာ အစိုးရဘက်မှ ၁၂၇ မဲ၊ တည်မြဲများဘက်မှ

၁၁၉ မဲဖြင့် ၈ မဲအကွာဖြင့် ရှုံးနိမ့် သွားသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်ခေါင်းဆောင် များဘက်မလိုက်ရန်သတိပေးခဲ့ပြီး တပ်မတော် အနေနှင့်တိကျစွာ ကြားနေရန်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ဦးနု၏အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်ရာထူးကို လက်ခံမည်ဟု ကောလာဟလသတင်းများထွက်လာသဖြင့် ကာကွယ်

ရေးဦးစီးချုပ်ရုံးကမဟုတ်မမှန်ကြောင်း ရှင်းလင်း ကြေညာခဲ့ရသည်။ တည်မြဲများရော၊ သန့်ရှင်းများပါ တပ်မတော်က တိကျစွာကြားနေသည့်အတွက်

ချီးကျူးကြသည်။ သို့သော် နှစ်ဖွဲ့စလုံးပင် တပ်မတော် ကို မိမိဘက်သို့ပါဝင်ရန် ဆွဲဆောင်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီသံယောဇဉ်မကင်းသော

တပ်မတော်သားများအား တပ်မတော်မှနုတ်ထွက်ကြ ရန်သတိပေးခဲ့သည်။

နု-တင် အုပ်စုနှင့် ဆွေ-ငြိမ်းအုပ်စုတို့၏နိုင်ငံရေး တိုက်ပွဲများမှာ တစ်စတစ်စပြင်းထန်၍လာသည်။ တည်မြဲများက တပ်မတော်ခေါင်းဆောင်များသည်

တော်လှန်ရေးကတည်းက အတူလုပ်ကိုင်ခဲ့ကြသော ရဲဘော်များပင်ဖြစ်သည်ဟု ဝါဒဖြန့်ချိ၍ စည်းရုံး ကြသည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲစဉ် ဦးနု

ဘယ်ရောက်နေသလဲဟုလည်း လူသိရှင်ကြားမေးမြန်း ကြသည်။ ဦးနုကကိုယ်တိုင် တိုက်ခိုက်ရာတွင် မပါဝင်ပါ။ သို့သော် အရေးကြီးဆုံးသော အစည်းအဝေးအချို့မှာ

မိမိအိမ်တွင်ပြုလုပ်ခဲ့ရသည်ဟု ဖြေရှင်းသည်။ တစ်ဖက်နှင့်တစ်ဖက် တန်ဖိုးမရှိသောစကားများဖြင့် ပုတ်ခတ်ကြပုံကို ဒေါက်တာမောင်မောင်က မြန်မာ့

နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်စာမျက်နှာ ၃၆၂ တွင်-

ရာထူး၊ အာဏာ၊ လောဘ၊ မခံချင်စိတ်နှင့် ဒေါသ တို့ကြောင့် နိုင်ငံကိုအတူတည်ထောင်၍ ခေါင်းဆောင် လာခဲ့ကြသော ပုဂ္ဂိုလ်တို့သည် သူတို့နှုတ်မှ မထွက်တန် သော

သေးငယ်သိမ်ဖျင်းသော စကားများကို ပရိသတ် အလယ် ပြည်သူတို့ရှေ့တွင် ဆိုကြလေသည်ဟုဖော်ပြ ခဲ့သည်။ တည်မြဲများက ဦးနုကို အာဏာရူးကြီးဟု

စွပ်စွဲကြသည်။ ဦးနုက မိမိအာဏာရူးဆိုပါက အဘယ့်ကြောင့် ဆယ်နှစ်ဆယ်မိုး တင်မြှောက်ခဲ့ကြ ပါသနည်းဟု ပြန်လည်မေးမြန်းကာ ချေပခဲ့သည်။ တည်မြဲများက

ဦးနုကိုတဏှာရူးကြီးဟုစွပ်စွဲပြန်သည်။ ဦးနုက သူသည် ၁၉၄၈ ခုနှစ်မှစ၍ အဗြဟ္မစရိယ သီလစောင့်ထိန်း၍ သန့်ရှင်းစွာနေထိုင်ခဲ့သည်ဟု

လူထုအစည်းအဝေးပွဲကြီးတွင် ကြေညာသည်။ နှစ်ဖက် ခေါင်းဆောင်များသည် ကိုယ်ရေးကိုယ်တာအတွင်းရေး ကိစ္စများကိုပါ ဗိုလ်ပုံအလယ်တွင်ထုတ်ဖော်ပြောဆိုကာ

ငြင်းခုံခဲ့ကြသည်။ စပိန်သူဇနီးတစ်ဦးက သံတမန် ဧည့်ခံပွဲတစ်ခုတွင်လည်း ဦးနုအား ဝန်ကြီးချုပ် ကျွန်မသာဆိုရင် ယောက်ျားက ဒီလိုအဗြဟ္မစရိယ

သီလစောင့်တာကို ဘယ်ခံမလဲ၊ ကန့်ကွက်မှာပေါ့ ဟု ရယ်သွမ်းသွေး၍ ပြောခဲ့သည်ဟုဆိုကြသည်။

ဖဆပလကွဲကတည်းက နိုင်ငံသည် အစိုးရမဲ့ သကဲ့သို့ဖြစ်နေသည်။ အချို့က တပ်မတော်ကို အာဏာသိမ်းစေလိုသော်လည်း တပ်မတော်သည်

ကင်းကင်းရှင်းရှင်းပင်နေခဲ့သည်။ ဇွန်လ ပြည်သူ့ လွှတ်တော်တွင် တည်မြဲများရှုံးနိမ့်သွားလေရာ သန့်ရှင်း အစိုးရတက်လာသည်။ သို့သော် သန့်ရှင်းအစိုးရမှာ

လည်းနိုင်ငံကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပေ။ [၇]

သောင်းကျန်းသူများ လက်နက်ချခြင်းနှင့် ရှမ်းသောင်းကျန်းသူများ ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

ပြည်သူ့ရဲဘော်များ လက်နက်ချကြခြင်း[ပြင်ဆင်ရန်]

ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲခါစ ၁၉၅၈ ခုနှစ်၊ မေလ ၇ ရက်တွင် သန့်ရှင်းခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုက မိမိအစိုးရသာ ဆက်လက်တည်မြဲ

နေလျှင် (၁) အာဃာတမထားရေး၊ (၂) သင်ပုန်းချေရေး၊ (၃) အလုပ် အတူပူးပေါင်းဆောင်ရွက်ရေးဟူသော ဖဆပလညီလာခံ စကားကြီးသုံးခွန်း

ကို အကောင်အထည်ဖော်သွားမည် ဟုကတိပေးခဲ့သည်။ ထိုကတိပေးချက်ကို အခွင့်ကောင်း ယူကာ ၁၉၅၈ ခုနှစ်၊ မေလ ၂ဝ ရက်တွင် ဗမာပြည်

ကွန်မြူနစ်ပါတီ၏ ကိုယ်စားလှယ်တစ်ဦး သည် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး အတွက် အစိုးရနှင့်ပဏာမဆွေးနွေးရန်

ရောက်ရှိလာ ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက သန့်ရှင်းအစိုးရ အား ပေးပို့ခဲ့သည့်စာထဲတွင် ဆောင်ရွက်စေလိုသော အချက်များကို

အောက်ပါအတိုင်း ဖော်ပြထားသည်-

(၁) (က) နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပစ်ရန်။

(ခ) ပြည်တွင်းစစ်ကိုအကြောင်းပြု၍ ပြဋ္ဌာန်းခဲ့သော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေကို ရုပ်သိမ်းပစ်ရန်။

(ဂ) ပြည်တွင်းစစ်ကိုအကြောင်းပြု၍ ဖွဲ့စည်းခဲ့သော ခါးပိုက်ဆောင်တပ်များ ကို တပ်မတော်နှင့်ရဲမှအပ ဖျက်သိမ်း ပစ်ရန်။

(ဃ) ပါတီအဖွဲ့အစည်းအားလုံး တရားဝင် တည်ထောင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက် ခွင့်ပေးရန်။

(င) ပြည်တွင်းစစ်အတွင်း ကျူးလွန်မှု များကို သင်ပုန်းချေရန်ဟူသော ဒီမို ကရေစီ အာမခံချက်များကို အခိုင်အမာပေးရန်ဖြစ်သည်။

(၂) နှစ်ဦးနှစ်ဖက် တစ်ပြိုင်တည်း ကြေညာ၍ တစ်ပြိုင်တည်း အတိုက်အခိုက်ရပ်စဲရန်ဖြစ် သည်။

(၃) ဦးနုအစိုးရနှင့် တော်လှန်ရေးအင်အားစုများ နှစ်ဖက်ဆွေးနွေးဖို့၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသော

ပြဿနာအရပ်ရပ်နှင့်ပတ်သက်၍ သဘော တူညီချက်ရယူရန်ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖော်ပြပါအချက် သုံးချက်ကိုတောင်းဆိုပြီးနောက် သန့်ရှင်းအစိုးရကသာ ယင်းတို့တောင်းဆိုသော အချက်သုံးချက်ကို

သဘောတူ ပါက အောက်ပါအချက်များကို လိုက်နာပါမည်ဟု ပေးစာတွင်ဖော်ပြထားသည်။

(က) လက်နက်ကိုင်တိုက်ပွဲစွန့်ကြောင်း၊ အစိုးရ နှင့်တစ်ပြိုင်တည်း ကြေညာရန်အသင့်ရှိသည်။

(ခ) ပြည်တွင်းစစ်ရပ်စဲပြီးနောက် အားလုံးသည် ဥပဒေအတွင်း ဒီမိုကရေစီနည်းအရ လုပ်ကိုင်ဆောင်ရွက်သွားမည်။

(ဂ) ဥပဒေထဲဝင်ရလျှင် ကျွန်တော်တို့၏ လက်နက်ကိုင်တပ်များနှင့် လက်နက်များ သည် အမျိုးသားကာကွယ်ရေး၊ ပြည်သူ့ လုံခြုံရေးအတွက်

တရားဥပဒေအရဖြစ်စေ ရမည်ဟု ကြေညာရန် အသင့်ရှိသည်။

ဦးနု၏ သန့်ရှင်းအစိုးရသည် တည်မြဲများ၏အယုံ အကြည်မရှိအဆိုကို ၁၉၅၈ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ပွတ်ကာသီကာဖြင့် အနိုင်ရလိုက်သည်။ ထို့နောက်

ဦးနု သည် ဇွန်လ ၂၄ ရက်တွင် အမျိုးသားညီလာခံကြီး တစ်ရပ်ကို ခေါ်လိုကြောင်းနှင့် အစိုးရ၏မူ၊ အတိုက်အခံ များ၏မူကို မော်ကွန်းရေးထိုးသတ်မှတ်

ရန်လိုကြောင်း၊ တိုင်းပြည်သို့ အသံလွှင့်ကြေညာခဲ့သည်။ တောခိုရဲဘော် များသည်လည်း အလင်းဝင်လာကြပြီး အမျိုးသား ညီလာခံကြီးစတင်ကျင်းပရန်

စီစဉ်ချိန်မှစ၍ ပါဝင် သင့်ကြောင်းလည်းပြောကြားခဲ့သည်။ ထို့အပြင် နှစ်ဖက် ကျူးလွန်ချက်အားလုံးကို သင်ပုန်းချေရန် လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေ

(ခေါ်) သင်ပုန်းချေဥပဒေကို ပြဋ္ဌာန်းပေးမည်ဖြစ်ကြောင်း ဥပဒေအတွင်းဝင်လာပြီး သည့်နောက် တောခိုပါတီအား တရားဝင်ပါတီ အဖွဲ့အစည်းများအဖြစ်

လွတ်လပ်စွာထူထောင်ခွင့် ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

ဦးနု၏ အသံလွှင့်မိန့်ခွန်းတွင် တောခိုအဖွဲ့အစည်း များအား လက်နက်ကိုင်တိုက်ပွဲကိုစွန့်လွှတ်၍ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ တရားဝင်အဖွဲ့

အစည်းများအဖြစ် ဝင်ရောက်ဆောင်ရွက်ရန်။ လက်နက်များကို စစ်အာဏာပိုင်များထံအပ်နှံရန် တိုက်တွန်းခဲ့သည်။ အတိုက်အခံ ပမညတများကလည်း

အစိုးရကပေးထားသော သင်ပုန်းချေခွင့်နှင့်တရားဝင် အဖွဲ့အစည်းရပ်တည်ခွင့်ဟူသည့် အခွင့်ရေးနှစ်ရပ်ကို လက်မလွှတ်ဘဲ ရွေးကောက်ပွဲတွင် ပါဝင်

ယှဉ်ပြိုင်နိုင် စေရန် လက်နက်ကိုင်တိုက်ပွဲမှ လူထုတိုက်ပွဲသို့ ပြောင်းလဲပါဟူ၍ ဇွန်လ ၂၈ ရက်တွင် ကြေညာကြ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် တွေ့ဆုံဆွေးနွေး ရေးမူကို အသေဆုပ်ကိုင်ထားလျက်ရှိရာ အစိုးရ၏ ကြေညာချက်နှင့်ပတ်သက်ပြီး အကျပ်ရိုက်လျက်ရှိ သည်။

မိမိတည်ဆောက်ထားသည့် သုံးပါတီ ညီညွတ် ရေးမှာလည်း များစွာဖရိုဖရဲဖြစ်နေလေပြီ။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ဦးနု၏ကြေညာချက်ကို လက်နက်ချ

အညံ့ခံရေးမူအဖြစ်သာ မြင်နေလေသည်။

ထိုအချိန်တွင် တစ်ချိန်လုံးပြတ်သားသော ဆုံးဖြတ် ချက်များကို မချမှတ်နိုင်ခဲ့ကြသော ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ)များသည် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်

များစွာစိတ်ကုန်လျက်ရှိနေလေပြီ။ ပြည်သူ့ရဲဘော် များသည် အလံဖြူကွန်မြူနစ်ပါတီများနှင့် အလံနီ ကွန်မြူနစ်ပါတီတို့၏အယူအဆရေးရာ တိုက်ပွဲများ

ကြားတွင်ညပ်မိသကဲ့သို့ဖြစ်ပြီး မိမိအခန်းကဏ္ဍမှာ လည်းများစွာမှေးမှိန်ခဲ့ရပြီဖြစ်သည်။ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတက ပြည်တွင်း

ငြိမ်းချမ်းရေးရရှိရေးအတွက် သင်ပုန်းချေခွင့်နှင့် ပါတီ များတရားဝင်ခွင့်အမိန့်ကို ထုတ်ပြန်လိုက်သည်။

ပြည်သူ့ရဲဘော်များသည် ဗမာပြည်ကွန်မြူနစ် ပါတီနှင့် အလံနီကွန်မြူနစ်ပါတီကို ကျောခိုင်းလိုက် ကြသည်။ နီးစပ်ရာတပ်စခန်းများတွင် လက်နက်ချ

အလင်းဝင်လိုက်ကြသည်။ ပြည်သူ့ရဲဘော်များအနေနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နှောင့်ယှက်ပိတ်ဆို့မှုကို များစွာကြုံခဲ့ရသည်။ သို့နှင့် ၁၉၄၈ ခုနှစ်၊

ဇူလိုင်လ ၂၉ ရက်မှစ၍ ဆယ်နှစ်ကြာ တောခိုသောင်းကျန်းခဲ့ သော ပြည်သူ့ရဲဘော်များသည် အလင်းဝင်ပြီးနောက် ၁၉၅၈ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင်

ပြည်သူ့ ရဲဘော်အဖွဲ့ဌာနချုပ်ကို တရားဝင်ဖွင့်လှစ်ကြေညာ လိုက်ကြတော့သည်။ ထို့နောက် ပြည်သူ့ရဲဘော်များ သည် ပမညတတွင် တပ်ပေါင်းစုပါတီအဖြစ်

ပါဝင် ကြသည်။

၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည် အလုပ်သမားပါတီနှင့်ပူးပေါင်းကာ ဗမာပြည် အလုပ်သမား ညီညွတ်ရေးပါတီဟု ဖွဲ့စည်းခဲ့ကြသည်။ ၁၉၆၄ ခုနှစ်၊

မတ်လတွင်ကား တော်လှန်ရေးကောင်စီ ၏ အမျိုးသားညီညွတ်ရေး ထိန်းသိမ်းမှုဥပဒေအရ ဖျက်သိမ်းခံခဲ့ရလေသည်။

မွန်သောင်းကျန်းသူများလက်နက်ချခြင်း[ပြင်ဆင်ရန်]

နိုင်ငံရေးနိုးကြားမှုမရှိသော မွန်အမျိုးသားများ သည် အသင်းအဖွဲ့များဖွဲ့စည်း၍ မွန်ပြည်နယ်ဖော်ထုတ် ရေးကို လွတ်လပ်ရေးမရခင်ကပင်

ဆောင်ရွက်ခဲ့ကြ သည်။ ဥပဒေအတွင်းတွင်ရှိနေခဲ့ကြသော မွန် အမျိုးသားအသင်းကိုးသင်းမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း။

(၂) မွန်တိုင်းရင်းသားအစည်းအရုံး။

(၃) မွန်အဖွဲ့ပေါင်းချုပ်။

(၄) မွန်အမျိုးသားအဖွဲ့။

(၅) မွန်လူမျိုးရေးရာအဖွဲ့။

(၆) မွန်ဆိုရှယ်အသင်း။

(၇) ပြည်ထောင်စုမွန်အသင်း။

(၈) မွန်လွတ်လပ်ရေးအဖွဲ့။

(၉) ပြည်ထောင်စုမွန်အဖွဲ့ချုပ်။

မွန်အသင်းများ၏အဓိကရည်ရွယ်ချက်မှာ မွန် ပြည်နယ်ရရှိရေးပင်ဖြစ်သည်။ ကရင်များကလည်း ကရင်ပြည်နယ်ရရှိရေးကိုဆောင်ရွက်လျက်ရှိရာ

နယ်မြေချင်းဆက်စပ်နေသဖြင့် အပြန်အလှန် အထောက်အကူပြုကြရန် မွန်နှင့်ကရင်အဖွဲ့များ သဘောတူထားခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ တွင်

ကေအင်န်ဒီအိုများ သထုံခရိုင်တွင် စတင် သောင်းကျန်းကြသောအခါ မွန်တိုင်းရင်းသား အစည်းအရုံးနှင့် လွတ်လပ်ရေးအဖွဲ့တို့သည် ကေအင်န်

ဒီအိုများ၏စည်းရုံးမှုဖြင့်တောခိုခဲ့ကြသည်။ မွန် တိုင်းရင်းသားအစည်းအရုံးကို နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့တို့ကခေါင်းဆောင်ပြီး

မွန် လွတ်လပ်ရေးအဖွဲ့ကို နိုင်ငွေသိန်း၊ နိုင်သိန်းမောင် တို့ကခေါင်းဆောင်သည်။ မွန်လွတ်လပ်ရေးအဖွဲ့သည် ကေအင်န်ဒီအိုများနှင့်ပူးပေါင်း၍

သထုံနှင့်မော်လမြိုင် ခရိုင်များကို အလစ်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

တပ်မတော်က သထုံ၊ မော်လမြိုင်ဒေသတွင် စစ်ဆင်ရေးများဖြင့် ထိုးစစ်ဆင်သောအခါ မွန် သောင်းကျန်းသူများသည် ကေအင်န်ဒီအိုများနှင့်အတူ

ကော့ကရိတ်ဘက်သို့ ဆုတ်ခွာသွားကြသည်။ ထို့နောက် မြဝတီနယ်ထဲတွင် ကေအင်န်ဒီအိုများနှင့်ပူးပေါင်းကာ အခြေချနေထိုင်ကြတော့သည်။ တောခိုသော

မွန်အဖွဲ့ နှစ်ဖွဲ့မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့မတည့်ကြဘဲ မကြာခဏ ပဋိပက္ခများပေါ်ပေါက်လျက်ရှိသည်။ တပ်မတော်က တိုက်ခိုက်လျှင် အတိုက်ခံရသောအဖွဲ့က

အကူအညီ တောင်းသော်လည်း ကျန်အဖွဲ့ကအကူအညီပေးလေ့ မရှိပေ။ တပ်မတော်က မြဝတီနယ်ကို စစ်ဆင်ရေး လုပ်သောအခါ မွန်လွတ်လပ်ရေးအဖွဲ့

သည် မွန် တိုင်းရင်းသားအစည်းအရုံးဝင်များ သိမ်းပိုက်ထား သည့် ကျိုက်မရော၊ ကြာအင်း၊ တောင်ပေါက်ဒေသများ သို့ ဝင်ရောက်လာခဲ့ကြရသည်။

ထို့နောက် မွန်အဖွဲ့နှစ်ဖွဲ့သည် ခေါင်းဆောင်ချင်း စေ့စပ်ကာ ၁၉၅၂ ခုနှစ်တွင် ပူးပေါင်းလိုက်ကြသည်။ ထို့နောက် မွန်ပြည်သူ့တပ်ပေါင်းစုအမည်ဖြင့်

နယ်မြေ လူထုအတွင်း စည်းရုံးရေးလုပ်ငန်းများလုပ်လာကြသည်။ မွန်သောင်းကျန်းသူများသည် ပအိုဝ်း၊ ကရင်နီများ နည်းတူ ကေအင်န်ယူခေါင်းဆောင်သည့်

ကော်သူးလေ အဖွဲ့တွင်ပါဝင်ကြသော်လည်း ကေအင်န်ယူများ၏ လက်ဝါးကြီးအုပ်မှုကိုခံကြရသည်။ ကေအင်န်ယူသည် မွန်ပြည်သူ့တပ်ပေါင်းစုကို

သီးခြားအဖွဲ့အစည်း အနေအထားထက် ယင်းတို့၏လက်အောက်ခံ လက်နက်ကိုင်တပ်အဖြစ်သာအသုံးချခဲ့ကြသည်။ မွန် တပ်ပေါင်းစုတပ်သားများမှာ

ကော်သူးလေတပ်များတွင် ရောနှော၍ပါဝင်ခဲ့ကြရသည်။ ထို့နောက် မွန်တပ် ပေါင်းစုမှာ မှေးမှိန်လျက်ရှိပြီး ကေအင်န်ယူများသာ ဩဇာအာဏာကြီးမား

နေခဲ့သည်။ ကေအင်န်ယူနှင့် တရုတ်ဖြူကျူးကျော်ရေးသမား များ ပူးပေါင်းကြသောအခါတွင်လည်း မွန်တပ်ပေါင်းစု သည် ကေအင်န်ယူများအလိုကျ

တရုတ်ဖြူများနှင့် ပေါင်းခဲ့ကြရသည်။ ၁၉၅၂ ခုနှစ်တွင် တရုတ်ဖြူတပ်ရင်း တစ်ရင်းသည် မွန်တို့ဒေသဖြစ်သော ကရွတ်ပိ၊ ပင ဒေသသို့ ရောက်ရှိတပ်စွဲခဲ့သည်။

တရုတ်ဖြူများသည် ပင်လယ်ဆိပ်ကမ်းကိုအလိုရှိသဖြင့် ကေအင်န်ဒီအိုများ ၏အကူအညီဖြင့် မွန်ဒေသအထိ ထိုးဖောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်

မွန်သောင်းကျန်းသူများအတွင်း တွင် တရုတ်ဖြူကိုလိုလားသောအုပ်စုနှင့်မလိုလားသော အုပ်စုဟူ၍ အုပ်စုကွဲကာ ပဋိပက္ခများပေါ်ပေါက်လာ သည်။

၁၉၅၃ ခုနှစ် တပ်မတော်က တိုက်ခိုက်လာသော အခါ တရုတ်ဖြူများသည် ရှေ့တန်းမှတိုက်ခိုက်ခြင်းမပြု ဘဲ မွန်များကိုသာ အသေခံခိုင်းခဲ့ရာ မွန်သောင်းကျန်းသူ

များသည် ကေအမ်န်တီတရုတ်ဖြူများကိုအယုံအကြည် ကင်းမဲ့လာကြသည်။ ယင်းတို့ နယ်မြေဆုံးရှုံးရခြင်းမှာ တရုတ်ဖြူများကြောင့်ဟုလည်း မြင်လာကြသည်။

ထို့နောက် မွန်ပြည်သူ့တပ်ပေါင်းစုအတွင်း ပိုမို စိတ်ဝမ်းကွဲပြားလာကြကာ ပဋိပက္ခများပြင်းထန်လာ သည်။ နယ်မြေလုမှု၊ နယ်မြေခွဲ၍ ပြန်ပေးဆွဲဓားပြ

တိုက်မှုများပေါ်ပေါက်လာသောအခါ ခေါင်းဆောင် အချင်းချင်း အငြင်းပွားလာသည်။ ခေါင်းဆောင်များ သည် ငယ်သားများကို မထိန်းသိမ်းနိုင်တော့ပေ။

ထို့ကြောင့် မွန်ပြည်သူ့တပ်ပေါင်းစုသည် နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကေအင်န်ဒီအိုများ နောက်လိုက်သောင်းကျန်းသူ

အဖွဲ့ဝင်အဆင့်လောက်သာရရှိခဲ့ကြသည်။ သို့သော် ခေါင်းဆောင်ပိုင်းသည် ၁၉၅၄ ခုနှစ်တွင် မွန်ပြည်သူ့ တပ်ပေါင်းစုကို မွန်ပြည်သူ့တပ်ဦးအဖြစ် ပြန်လည်

ဖွဲ့စည်းပြီး နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာအောင် လှုံ့ဆော်ကြိုးပမ်းခဲ့ကြသည်။

သို့သော် မွန်ပြည်သူ့တပ်ဦးသည်လည်း အဖွဲ့တွင်း ပဋိပက္ခများပြင်းထန်လာပြီး အုပ်စုဖွဲ့မှုများပေါ်ပေါက် လာသည်။ ဗဟိုဌာနချုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ

နှင့်ဆက်သွယ်ပူးပေါင်းကာ သုံးပါတီနှင့်သဘောတူညီ ချက်အချို့ကိုရယူခဲ့သည်။ အခြားမွန်ခေါင်းဆောင် အချို့မှာမူ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်း

ခြင်းကိုမကျေနပ်ကြပေ။ သဘောကွဲလွဲမှုများ ပိုမို များပြားလာပြီး အချို့က သုံးပါတီနှင့်သဘောတူညီချက် ချမှတ်ထားသည်များကို ပြန်လည်ပြင်ဆင်ပေးရန်

တောင်းဆိုလာကြသည်။

မွန်ပြည်သူ့တပ်ဦးအဖွဲ့အတွင်း ပဋိပက္ခကြီးမား လာခြင်း၊ ကေအင်န်ဒီအိုများက အနိုင်ကျင့်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လက်ဝါးကြီးအုပ်ရန်

ကြိုးစားလာခြင်းတို့အပြင် တပ်မတော်ထိုးစစ်များ ကြောင့် ခေါင်းဆောင်နှင့်ငယ်သားများမှာ တဖြည်းဖြည်း စိတ်ဓာတ်ကျဆင်းလာကြသည်။ သို့နှင့် ၁၉၅၈ ခုနှစ်၊

ဇူလိုင်လ ၂၄ ရက်တွင် မော်လမြိုင်မြို့ရှိ တပ်မတော် စခန်းသို့ နိုင်ချမ်းမွန်နှင့် နိုင်ဆိတ်နို့တို့ခေါင်းဆောင် သော မွန်သောင်းကျန်းသူ ၁၁၁၁ ယောက်သည်

လက်နက်မျိုးစုံ ၃၅၅ လက်၊ ကျည်မျိုးစုံ ခုနစ်ထောင် ခန့်ဖြင့် လက်နက်ချအလင်းဝင်လာကြတော့သည်။

ပအိုဝ်းသောင်းကျန်းသူများ လက်နက်ချခြင်း[ပြင်ဆင်ရန်]

၁၉၅၈ ခုနှစ်၊ မေလ ၇ ရက်တွင် သန့်ရှင်းအစိုးရ ဝန်ကြီးချုပ်ဦးနုက သောင်းကျန်းသူများအပေါ်တွင် သင်ပုန်းချေအာဃာတမထားရေး မိန့်ခွန်းကိုပြောကြား

ခဲ့သည်မှစ၍ ရဲဘော်ဖြူနှင့်မွန်သောင်းကျန်းသူများ လက်နက်ချသည့်အခြေအထိ ဖြစ်စဉ်ကိုတင်ပြပြီး လေပြီ။ ထိုအချိန်တွင် ရှမ်းပြည်နယ်တွင် သထုံလှဖေ

နှင့်ဗိုလ်ချမ်းဇုံတို့ ထကြွသောင်းကျန်းနေကြချိန်ပင်ဖြစ် သည်။ ပအိုဝ်းလှိုင်ဗူအဖွဲ့က ပဒေသရာဇ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ စတင်လုပ်ဆောင်ရာမှ ကေအင်န်ဒီအို

သထုံလှဖေ၏ခေါင်းဆောင်မှုဖြင့် ပအိုဝ်းသောင်းကျန်းမှု စတင်ခဲ့ရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် စစ်ဆင်ရေး ခေါင်းဆောင် ဗိုလ်ချမ်းဇုံ လက်နက်ချခဲ့သော်လည်း

ရှမ်းပြည်နယ်အစိုးရ၏ဖိနှိပ်မှုကြောင့် တောထဲသို့ ပြန်ရောက်သွားခဲ့ရသည်။

ထို့နောက်ပိုင်းတွင် သထုံလှဖေသည် ကွန်မြူနစ် များနှင့်ပူးပေါင်းကာ ပအိုဝ်းတိုင်းရင်းသားများအား သိမ်းသွင်းခဲ့သေးသည်။ သို့သော် ၁၉၅၈ ခုနှစ်၊ မေလ ၅ ရက်တွင်

သထုံလှဖေနှင့် ဗိုလ်ချမ်းဇုံတို့ ဦးဆောင် သော ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင် ၁၂ဝဝ ကျော် သည် တောင်ကြီးမြို့တွင် လက်နက်ချ၍ အလင်းဝင်

လာခဲ့ကြတော့သည်။

တိုင်း(၃)အုပ်စု လက်နက်ချခြင်း[ပြင်ဆင်ရန်]

ပြည်သူ့ရဲဘော်အဖွဲ့ချုပ်နှင့် မွန်ပြည်သူ့တပ်ဦးတို့ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်သွားကြသော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီမှာမူ အစိုးရနှင့်ပြေလည်မှု

မရနိုင်သေးပေ။ ၁၉၅၈ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် အလင်းဝင်လာကြသော ပြည်သူ့ရဲဘော်များက တွေ့ဆုံ ဆွေးနွေးရေးမူအရသာ အစိုးရကဖိတ်ခေါ်ပါက

တောတွင်း၌ကျန်ရှိနေသော အဖွဲ့အစည်းများ ဝင်လာ ကြလိမ့်မည်ဟု ဩဂုတ်လ ၂၄ ရက်တွင် ကြေညာသည်။ သို့သော် သန့်ရှင်းအစိုးရက လက်နက်ချရေးကိုသာ

ကိုင်စွဲထားပြီး ဗမာပြည်ကွန်မြူနစ်ပါတီကလည်း တွေ့ဆုံဆွေးနွေးရေးမူကို လက်မလွှတ်နိုင်ပေ။ ဗမာပြည် ကွန်မြူနစ်ပါတီသည် ဩဂုတ်လ ၂၉ ရက်တွင် ဗမာပြည်

အလုပ်သမားပါတီသို့ စာတစ်စောင်ပေးပို့ခဲ့ရာ လက်နက်ချအညံ့ခံနည်းနှင့် နှစ်ဖက်စေ့စပ် ဆွေးနွေး နည်းဟူသော စစ်ရပ်စဲရေးနှစ်နည်းအနက် နှစ်ဖက်

စေ့စပ်ဆွေးနွေးနည်းကိုသာလက်ခံနိုင်မည်ဟု ရေးသား ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဗမာပြည် အလုပ်သမားပါတီသို့ ပေးစာကို သတင်းစာများတွင်

ဖော်ပြခဲ့သည်။

ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပါတီ အောက်ခြေနှင့်ဗဟိုကော်မတီများ၏ တင်ပြချက်ကြောင့် အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရေးမူအစား ပြည်တွင်း

ငြိမ်းချမ်းရေးအဖွဲ့မှတစ်ဆင့် ဆွေးနွေးရေးမူသို့ ပြောင်းလဲလိုက်သည်။ ပမညတများထံပေးစာကို သတင်းစာများက ဩဂုတ်လ ၃ဝ ရက်တွင် ဖော်ပြ ကြရာ

ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်း ရေးအဖွဲ့နှင့် တောတွင်းကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဖော်ပြထားသည်။ ယင်း

အချက်ကို အလံနီနှင့်ကော်သူးလေအဖွဲ့ကလည်း သဘောတူသည်ဟုဆိုသည်။ သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့်သန့်ရှင်းအစိုးရတို့သည် တစ်ဖက်နှင့် တစ်ဖက်

အကျပ်ကိုင်ဈေးဆစ်နေကြသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးမှာ အောင်မြင်မှုမရှိခဲ့ပေ။

ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟို ချုပ်ကိုင်မှုကို လက်မခံဘဲရှိနေသော တိုင်း(၃)အုပ်စု သည် ကွန်မြူနစ်ပါတီနှင့်သန့်ရှင်းအစိုးရတို့ တစ်ဖက် နှင့်တစ်ဖက်

အကျပ်ကိုင်ဈေးဆစ်နေကြခြင်းကို မလိုလားနိုင်တော့ပေ။ ထို့ကြောင့် တိုင်း(၃)အုပ်စုသည် အိမ်စောင့်အစိုးရတက်ခါစမှာပင် လက်နက်ချ အလင်းဝင်လာတော့သည်။

လက်နက်ချခေါင်းဆောင်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

၁။ ဗိုလ်ညွန့်မောင်၊ ဗဟိုကော်မတီနှင့် တိုင်းပါတီ အတွင်းရေးမှူး။

၂။ သခင်စောရင်၊ တိုင်းပါတီကော်မတီနှင့် တောင်သူ လယ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်။

၃။ ဗိုလ်လှမိုး၊ တိုင်းပါတီကော်မတီနှင့်တိုင်းစစ် ကော်မတီ။

၄။ ဗိုလ်ထွန်းမြင့်၊ တိုင်းစစ်ကော်မတီ။

၅။ ဗိုလ်ကျော်ဒွန်း၊ ပဲခူးခရိုင်လှည့်လည်တပ်မှူး။

၆။ ဗိုလ်တင်ဝင်း၊ မော်လမြိုင်ခရိုင်ပါတီ ဥက္ကဋ္ဌ။

၇။ ဗိုလ်ညို၊ ခရိုင်ကော်မတီ၊ မော်လမြိုင်ခရိုင်။

၈။ ရဲဘော်အောင်ရွှေ၊ ခရိုင်ကော်မတီ၊ သထုံခရိုင်။

၉။ ရဲဘော်စိန်မြင့်၊ ခရိုင်ကော်မတီ၊ သထုံခရိုင်။

၁ဝ။ ဗိုလ်ညိုမင်း၊ ခရိုင်ကော်မတီ၊ ပဲခူးခရိုင်။

လက်နက်ချအလင်းဝင်ရောက်လာကြသောဗမာပြည် ကွန်မြူနစ်ပါတီ တိုင်း(၃)အုပ်စုမှ ရဲဘော်များသည် ၁၉၅၉ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်တွင်းစစ် ၁၁

နှစ်မြောက်နေ့အထိမ်းအမှတ်၊ ကွန်မြူနစ်ပါတီအတွက် လမ်းညွှန်၊ မကြာမီက လက်နက်စွန့်ခဲ့သော အောက် ဗမာပြည်တိုင်း ရဲဘော်များ၏တင်ပြချက်အမည်ရှိ

စစ်တမ်းတစ်စောင်ကိုထုတ်ဝေ၍ လက်နက်ကိုင် သောင်းကျန်းသူများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် နှိုးဆော်ခဲ့ကြသည်။

လက်နက်ချကေအင်န်ယူများ[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီမှ အောက်ဗမာပြည် တိုင်း သို့မဟုတ် တိုင်း(၃)အုပ်စု လက်နက်ချသွားခြင်း သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဩဇာခံ ဖြစ်နေသော

ကေအင်န်ယူပါတီကိုလည်း များစွာထိခိုက် စေခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းမှုကို စက်ဆုပ် ငြီးငွေ့လာသဖြင့် ကေအင်န်ယူပါတီဝင်များလည်း

လက်နက်ချအလင်းဝင်လာခဲ့ကြရာ လက်နက်ချသူ များကို အောက်ပါပုဂ္ဂိုလ်များက ခေါင်းဆောင်သည်။

၁။ စောမောင်တိုး၊ ကေအင်န်ယူပါတီ၊ ပေါ်လစ်ဗျူရို ဝင်။

၂။ ဆရာဘာဟု၊ ကေအင်န်ယူပါတီ ဗဟိုကော်မတီ ဝင်နှင့် ပဲခူးရိုးမတိုင်း သဘာပတိ။

၃။ စောကျော်စိန်၊ ကေအင်န်ယူပါတီ၊ ဦးစီးပဲ့ကိုင် ကော်မတီ။

လက်နက်ချအလင်းဝင်လာသော ကေအင်န်ယူ ရဲဘော်များသည် အခြားအလင်းရောက် ရဲဘော်များနှင့် ညှိနှိုင်း၍ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက် နေ့စွဲဖြင့်

ကော်သူးလေ တော်လှန်ရေးစစ်တမ်းကို ရေးသားထုတ်ဝေခဲ့ကြသည်။ ကော်သူးလေတော်လှန် ရေးစစ်တမ်းသည် ကေအင်န်ယူတို့၏လမ်းစဉ်များ မှားယွင်းခဲ့ပုံ၊

ဆူပူသောင်းကျန်းမှုကြောင့် ပြည်သူ လူထုနစ်နာပုံတို့ကိုဖော်ပြ၍ လက်နက်ချအလင်းဝင် ကြရန် တိုက်တွန်းထားခြင်းဖြစ်လေသည်။

ရခိုင်သောင်းကျန်းသူများလက်နက်ချခြင်း[ပြင်ဆင်ရန်]

ရခိုင်တိုင်းအတွင်းရှိ တောတွင်းအဖွဲ့အစည်းများ သည် တစ်သီးပုဂ္ဂလအမတ်များ၏ ပြည်တွင်းငြိမ်းချမ်း ရေးအဖွဲ့နှင့်ဆက်သွယ်၍ ၁၉၅၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင်

လက်နက်စွန့်ခဲ့ကြသည်။ ဦးစိန္တာ၊ ဦးစံဖော်ဦး(ခေါ်) ဦးအောင်မြင့်နှင့် ဦးအောင်သာလှ(ကျားတောင်း)တို့ ခေါင်းဆောင်သော ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်

(ပီအယ်လ်ပီ)သည် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲကျင်းပကြသည်။ ကွန်မြူနစ်ပါတီ ရခိုင်တပ်မှ ဗိုလ်အောင်ကျော်

(ဗိုလ်စောဦး)နှင့် ဦးသာထွန်းအောင်တို့ ခေါင်းဆောင် သောအဖွဲ့၊ ပြည်သူ့ရဲဘော်မှ ဗိုလ်စံသာကျော်နှင့် ဦးစံအောင်တို့ ခေါင်းဆောင်သောအဖွဲ့တို့သည်

ဖေဖော်ဝါရီလ ၂ဝ ရက်တွင် အမ်းမြို့၌ လက်နက် စွန့်လွှတ်ခဲ့ကြသည်။ ပြည်သူ့ရဲဘော်မှ ဦးကျော်ထွန်းနှင့် ဦးသာကျော်အောင် ခေါင်းဆောင်သောအဖွဲ့က

ကျောက်တော်မြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်တွင် လက်နက်ချခဲ့ကြသည်။ ပြည်သူ့ရဲဘော်မှ ဦးဘခင် ခေါင်းဆောင်သောအဖွဲ့က ရမ်းဗြဲတွင်လည်းကောင်း၊

ဦးဘတင်ခေါင်းဆောင်သောအဖွဲ့က တောင်ကုတ်တွင် လည်းကောင်း လက်နက်ချခဲ့ကြသည်။

ဦးစိန္တာအဖွဲ့မှ ဦးစိန္တာ၏တပည့်ရင်းဖြစ်သူ ဦးကျော်ဇံရွှီးမှာမူ နောက်လိုက် ၃ဝ ခန့်နှင့်အတူ အလံနီပါတီသို့ ကူးပြောင်းသွားခဲ့ကြသည်။ မင်းပြားမြို့

လက်နက်စွန့်ပွဲသို့ ဒုတိယဝန်ကြီးချုပ် သခင်တင်၊ ဗိုလ်မှူးကြီးမင်းသိန်း၊ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးကြီးဗလိပ်၊ ဗိုလ်မှူးကြီးသန်းဖေ(ရေ)တို့

တက်ရောက်ခဲ့ကြသည်။ သို့နှင့်ရခိုင်ဒေသတစ်ခုလုံးရှိ အမ်းမြို့နှင့်ဂွမြို့အပါအဝင် မြို့အားလုံးမှာ ပြည်တွင်းသောင်းကျန်းသူများ၏လက်မှ လွတ်မြောက်သွားခဲ့ သည်။

သို့ရာတွင် အလံနီနှင့်နစ်ဖြူများမှာမူ ရခိုင်ရိုးမ ကိုခို၍ သောင်းကျန်းနေကြဆဲပင်ဖြစ်ပါ၏။

ဖော်ပြပါဇယားအရ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်တောခိုချိန်တွင် အင်အားမှာ ၃ဝဝဝ ခန့်သာရှိခဲ့ သော်လည်း ကေအင်န်ဒီအိုနှင့် အခြားရောင်စုံ

သောင်းကျန်းသူများ စတင်သောင်းကျန်းသည်ကို အခွင့်ကောင်းယူပြီး ၁၉၄၉-၅ဝ ပြည့်နှစ်တွင် အင်အား ၁ဝဝဝဝ ထိ တိုးချဲ့နိုင်ခဲ့သည်ကိုတွေ့ရသည်။ တောခို

တပ်များမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်း ကြသဖြင့် ၁၉၅၁-၅၂ ခုနှစ်တွင် အင်အား ၁၂ဝဝဝ အထိ တိုးတက်ခဲ့ရာ အများဆုံးကာလပင်ဖြစ်သည်။ သို့သော်

တပ်မတော်၏ထိုးစစ်များနှင့်ပါတီ၏နိုင်ငံရေး ကျဆုံးမှုများကြောင့် ၁၉၅၅-၅၆ ခုနှစ်တွင် အင်အား ၇ဝဝဝ အထိ ကျဆင်းသွားရာမှ ၁၉၅၈ ခုနှစ်တွင် အင်အား ၂ဝဝဝ

သာရှိတော့သည်။ ကေအင်န်ဒီအို များသည် ၁၉၄၉ ခုနှစ်တွင် အင်အား ၁ဝဝဝဝ အထိ များပြားခဲ့သော်လည်း ၁၉၅၈ ခုနှစ်တွင် အင်အား ၅ဝဝဝ

အထိလျော့ကျသွားခဲ့သည်။ ရောင်စုံ သောင်းကျန်းသူ စုစုပေါင်းအင်အားသည် ၁၉၄၉-၅ဝ ပြည့်နှစ်တွင်အများဆုံးဖြစ်ရာ စုစုပေါင်း ၄၅၅ဝဝ ခန့်ရှိခဲ့သည်။

ထိုအချိန်တွင် တပ်မတော်၏တိုက်ခိုက် ရေးအင်အားမှာ ၁ဝဝဝဝ ခန့်သာရှိသည်။ ၁၉၅၈ ခုနှစ် တွင်ကား တပ်မတော်အတွင်းသို့ မျိုးချစ်စိတ်ရှိသော

လူငယ်လူရွယ်အမြောက်အမြား တဖွဲဖွဲရောက်ရှိလာကြ သောကြောင့် တပ်မတော်၏အင်အားမှာ ၁၂ဝဝဝဝ အထိ ရှိလာခဲ့ပေပြီ။


ပြည်တွင်းသောင်းကျန်းသူများ၏ အင်အားအခြေအနေ[ပြင်ဆင်ရန်]

ပါတီများ ၁၉၄၈ (မတ်) ၁၉၄၈ (ဩဂုတ်) ၁၉၄၉-၅ဝ ၁၉၅၁-၅၂ ၁၉၅၅-၅၆ ၁၉၅၈
ကွန်မြူနစ် ၃ဝဝဝ ၅ဝဝဝ ၁ဝဝဝဝ ၁၂ဝဝဝ ၇ဝဝဝ ၂ဝဝဝ
တောခိုတပ် - ၃ဝဝဝ ၅ဝဝဝ - - -
ရဲဘော်ဖြူ - ၅ဝဝဝ ၁၅ဝဝဝ ၈ဝဝဝ ၃ဝဝဝ -
အလံနီ - ၁ဝဝဝ ၁၅ဝဝ ၁ဝဝဝ ၅ဝဝ ၃ဝဝ
မူဂျာဟစ် - ၁ဝဝဝ ၁၅ဝဝ ၁ဝဝဝ ၂ဝဝ ၁၅ဝ
မွန် - - ၁၅ဝဝ ၈ဝဝ ၄ဝဝ ၅ဝ
ပအိုဝ်း - - ၁ဝဝဝ ၇ဝဝ ၄ဝဝ -
ကော်သူးလေ - - ၁ဝဝဝဝ ၁ဝဝဝဝ ၇၅ဝဝ ၅ဝဝဝ
စုစုပေါင်း ၃ဝဝဝ ၁၅ဝဝဝ ၄၅၅ဝဝ ၃၃၅ဝဝ ၁၉ဝဝဝ ၇၅ဝဝ

ရှမ်းသောင်းကျန်းမှုအစ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီတောခိုပြီးနောက် ရဲဘော်ဖြူ ကေအင်န် ဒီအို၊ ပအိုဝ်း၊ မွန်နှင့် မူဂျာဟစ် စသော သောင်းကျန်းသူ များမှာ

မြန်မာပြည်အနှံ့အပြားတွင် ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ ကေအင်န်ဒီအိုများ လက်နက် ကိုင်တပ်ဖွဲ့များစွာရှိသည့်အလျောက် တပ်စွဲထားရာ နေရာများကို

အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ကြသည်။ ရှမ်းစော်ဘွားအချို့သည် ကရင်သောင်းကျန်းသူများ ကဲ့သို့ပင် သီးခြားပြည်နယ်ထူထောင်ရေးကို အားကျကာ

မျှော်လင့်ချက်ထားလာကြသည်။ ကေအင်န်ဒီအိုများ တောင်ကြီးမြို့ကိုမသိမ်းပိုက်မီမှာပင် ရှမ်းစော်ဘွားအချို့ သည် ကေအင်န်ဒီအိုများနှင့် နားလည်မှုယူခဲ့ကြသည်။

ရှမ်းစော်ဘွားအချို့သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်တည်တံ့ရေး စသည့်တိုးတက် သော အမြင်ရှိသူများကို အကျဉ်းချထားခဲ့ကြသည်။

တစ်ဖက်တွင် ကေအင်န်ဒီအိုများနှင့် နားလည်မှုရရှိ ထားသဖြင့် တောင်ကြီးမြို့၌ စော်ဘွားအစည်းအဝေး ကျင်းပနေစဉ် ကေအင်န်ဒီအိုများက တောင်ကြီး ငွေတိုက်ကို

ဖောက်ယူခဲ့သည်။ ကျိုင်းတုံတွင်ရှိနေသော ကေအင်န်ဒီအိုဩဇာခံ ယူအမ်ပီတပ်များက လွိုင်လင် ကိုတိုက်ခိုက်ကာ လွိုင်လင်ငွေတိုက်ကို ဖောက်ယူခဲ့ကြ သည်။

ပဒေသရာဇ်အချို့သည် ကေအင်န်ဒီအို အယောင်ဆောင်ကာ အချုပ်ခန်းအတွင်းမှ နိုင်ငံရေး အကျဉ်းသမားခေါင်းဆောင်များကို သတ်ဖြတ်ခဲ့ ကြသည်။

ကေအင်န်ဒီအိုများသည် ရှမ်းစော်ဘွားအချို့၏ အကူအညီဖြင့် တောင်ကြီးမြို့ကို လေးလကြာသိမ်းပိုက် ထားနိုင်ခဲ့သည်။ ကေအင်န်ဒီအို နော်ဆိုင်း(ကချင်

စစ်ဗိုလ်)၏အဖွဲ့ ကယားပြည်နယ်လွိုင်ကော်မှ သိန္နီ၊ နမ့်ခမ်းနယ်အထိ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင် ရန် ရှမ်းပဒေသရာဇ်များက ကူညီခဲ့ကြသည်။ ပအိုဝ်း များ၏

ပဒေသရာဇ်စနစ် တော်လှန်ရေးပေါ်ပေါက် လာရာ ရှမ်းပဒေသရာဇ်တို့၏စည်းစိမ်ဥစ္စာများ ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်၌ ချန်ကေရှိတ် အစိုးရ အရေးနိမ့်သွားသောအခါ ယူနန်နယ်မှ ဂျင်နရယ်လီမီခေါင်းဆောင်သော တရုတ်ဖြူ

အမှတ် (၉၃)တပ်မကြီးသည် မြန်မာနိုင်ငံအတွင်းသို့ တိမ်းရှောင် ဝင်ရောက်လာခြင်းဖြင့် ကေအမ်တီကျူးကျော်မှုစခဲ့ သည်။ တရုတ်ဖြူတပ်ပျက်များသည်

နီးစပ်ရာနယ်ရှင် စော်ဘွားများအား စီးပွားရေးအရလည်းကောင်း၊ လက်ဆောင်ပဏ္ဏာဆက်၍လည်းကောင်း စည်းရုံးကာ ခိုအောင်းနေခွင့်ရခဲ့ကြသည်။

တရုတ်ဖြူကျူးကျော်မှုက တစ်စထက်တစ်စ အတင့်ရဲ၍လာလေရာ နယ်ရှင် စော်ဘွားအချို့၏အကူအညီအားပေးမှုနှင့် မကင်းခဲ့ကြ ပေ။ တပ်မတော်သည် ၁၉၅၂

ခုနှစ်မှစ၍ စစ်ဆင်ရေး ကြီးများဆင်နွှဲကာ ကေအမ်တီများအား တိုက်ခိုက် မောင်းထုတ်ခဲ့သည်။ စစ်ဆင်ရေးဒေသအတွင်း စစ်အုပ်ချုပ်ရေးကဲ့သို့ အုပ်ချုပ်ခဲ့သည်ကို

နယ်ရှင် စော်ဘွားအချို့ မကျေနပ်ခဲ့ကြပေ။

ထိုအချိန်တွင် တိုးတက်လာသော ရှမ်း တိုင်းရင်းသားလူငယ်များက စော်ဘွားများပဒေသရာဇ် ၏ အာဏာစွန့်လွှတ်ရန် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လာကြသည်။

ယင်းကို ပြည်သူလူထုကလည်း ထောက်ခံခဲ့ရာ စော်ဘွားများသည် ပဒေသရာဇ် အာဏာတည်မြဲရေးအတွက် နည်းလမ်းရှာကြံကာ ကြိုးပမ်းနေကြရသည်။ ၁၉၅၄

ခုနှစ်မှ ၁၉၅၇ ခုနှစ် အတွင်း မိုင်းရယ်တွင် ပဒေသရာဇ်အစည်းအဝေးပွဲ နှစ်ကြိမ်ကျင်းပခဲ့ရာ ရှမ်းစော်ဘွားများအာဏာ စွန့်လွှတ် ရန်အချိန်မကျသေးသဖြင့်

အာဏာမစွန့်လွှတ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ သီးခြားရှမ်းပြည်နယ် တည်ဆောက်ရေးနှင့် ပြည်ထောင်စုမှ ခွဲထွက်ရေးတို့ကို ဆုံးဖြတ်ခဲ့ကြသည်။

၁၉၅၇ ခုနှစ်၊ ဖဆပလမကွဲမီမှာပင် ရှမ်းပြည် မြောက်ပိုင်း ပါလီမန်အမတ် နမ့်ခမ်းဦးထွန်းအေးက စော်ဘွားကြီးများ အာဏာစွန့်လွှတ်ရန်နှင့် ပင်လုံ စာချုပ်အရ ၁ဝ

နှစ်ပြည့်သော်လည်း ရှမ်းပြည်နယ် ခွဲထွက်ခြင်းမပြုရန် လွှတ်တော်အစည်းအဝေး၌ အကြိမ်ကြိမ်တင်ပြခဲ့သည်။ ထိုအခါ စဝ်ခွန်ချိုဦးစီး သော

ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ် ရေးအဖွဲ့(ရတစညဖ)က ပြည်မမှခွဲထွက်ရေးကို တောင်းဆိုခဲ့သည်။ ဦးထွန်းအေးဦးစီးသည့် ရှမ်းပြည်

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ရပလဖခေါ်(ရပလ)က ခွဲထွက်ရေးကို ကန့်ကွက်ခဲ့သည်။ သို့နှင့် ရှမ်းပြည် စော်ဘွားများအကြားတွင် ခွဲထွက်လိုသူများနှင့်ခွဲ

မထွက်လိုသူများကွဲပြားလာပြီး အချင်းချင်း မပြေလည် မှုများဖြစ်ပေါ်လာသည်။ ယင်းအချိန်တွင် သီပေါ စော်ဘွားနှင့် မိုင်းရယ်စော်ဘွားတို့က ခွဲထွက်ရေးကို

ထောက်ခံသော ရှမ်းပြည် ပြည်သူ့ညီညွတ်ရေးအဖွဲ့ (ရပညဖ)ကို ငွေအား၊ လူအားဖြင့်ပံ့ပိုးပြီး ဖွဲ့စည်း တည်ထောင်ကြပြန်သည်။

၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် လူတစ် သောင်းပါဝင်သော လှည့်လည်ဆန္ဒပြပွဲကျင်းပသည်။ ယင်းဆန္ဒပြပွဲတွင် စော်ဘွားများအာဏာ မစွန့်လွှတ် ရန်နှင့်

လွတ်လပ်ရေးရရှိပြီး ၁ဝ နှစ်ပြည့်ပါက ပင်လုံ စာချုပ်အရ ခွဲထွက်ရန် ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။ ယင်းဆန္ဒပြပွဲမှာ သီပေါစော်ဘွားနှင့်

မိုင်းရယ်စော်ဘွားတို့၏ ရပညဖလက်ချက်သာဖြစ် သည်။ ၁၉၅၇ ခုနှစ်၊ ဧပြီလ ၂ဝ ရက်တွင် ရပညဖ ညီလာခံတစ်ရပ်ကျင်းပရာ ရှမ်းပြည်တောင်ပိုင်းနှင့်

မြောက်ပိုင်းမှ ရှမ်းစော်ဘွားများ၊ ရှမ်းအမျိုးသား ကိုယ်စားလှယ်များကိုဖိတ်ကြားခဲ့သည်။ ယင်းညီလာခံ က အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

(က) စော်ဘွားများ အာဏာစွန့်လွှတ်ရန် အချိန် မကျသေး။

(ခ) ပင်လုံစာချုပ်အရ ၁ဝ နှစ်ပြည့်မြောက်လျှင် ရှမ်းပြည်နယ်သည် ပြည်ထောင်စုမှ ခွဲထွက် နိုင်ခွင့်ရရှိရေး။

(ဂ) ပြည်ထောင်စုအစိုးရက နိုင်ငံခြားသား များကိုခေါ်၍ ရှမ်းပြည်နယ်ရှိ မြေဧက တစ်သန်းခန့်ကို ထွန်ယက်လုပ်ကိုင်စေမည့် စီမံကိန်းသည် ရှမ်းပြည်မျိုးရိုး

အစဉ်အလာ ကို ထိခိုက်စေနိုင်သည်။

(ဃ) ဘော်တွင်းသတ္တုမိုင်းကို ပြည်ထောင်စုအစိုးရ က လက်ဝါးကြီးအုပ်အမြတ်ထုတ်နေသည်။

(င) ဂျပန်စစ်လျော်ကြေးကို ပြည်ထောင်စုအစိုးရ အမည်ဖြင့်ရယူသော်လည်း ရှမ်းပြည်နယ် အတွင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေးများ တွင် သုံးစွဲမှုမရှိ

စသည်တို့ဖြစ်သည်။

မိုင်းရယ်မြို့တွင်ကျင်းပသော ရပညဖညီလာခံ သည် ရှမ်းလူထုကို လှုံ့ဆော်ပြီး ရှမ်း-ဗမာသွေးခွဲ ရေး၊ ဗမာမုန်းတီးရေးများကို ဆောင်ရွက်ခဲ့သည်။

ပဒေသရာဇ်ဆန့်ကျင်ရေးစိတ်ဓာတ်များကို လူမျိုးရေး စိတ်ဓာတ်ဖြင့် လှည့်စားပေးလိုက်ခြင်းပင်ဖြစ်သည်။ ရပညဖသည် ၁၉၅၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ရပညဖ

(က)ဟူ၍ ပြောင်းလဲပြီး မိုင်းရယ်မှ သီပေါသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ရှမ်း-ဗမာ သွေးကွဲရေး စာရွက်စာတမ်းများကို သီပေါမြို့တွင်ကပ်ခဲ့သည်။

တပ်မတော်ဆန့်ကျင်ရေး၊ ဗထူးမြို့ သင်တန်းကျောင်း ဆန့်ကျင်ရေး၊ မျက်နှာညိုဆန့်ကျင်ရေး ကြွေးကြော်သံ များကိုလည်း ကြွေးကြော်ခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ မြေအောက်သောင်းကျန်းသူများ အရှိန်လျော့ကျလာ သော်လည်း မြေပေါ်နိုင်ငံရေးပါတီများမှာမူ ညီညွတ် မှုမရှိသေးပေ။

အစိုးရအဖွဲ့ပင်လျှင် ပြိုကွဲလုဆဲဆဲ ဖြစ်လာလေရာ ရှမ်းပဒေသရာဇ်များသည် နိုင်ငံရေး အကျပ်အတည်းများကို အခွင့်ကောင်းယူကာ လှုပ်ရှား ခဲ့ကြသည်။ မဟာဒေဝီ

စဝ်နန်းဟိန်းခမ်းသည် စော်ဘွား ထောက်ပံ့ကြေးဖြင့် တက္ကသိုလ်ရောက်နေသော လူငယ် လူရွယ်များကို မြှောက်ပင့်ပေးခဲ့သည်။ နယ်ဘက် ရဲဘက် ဆိုင်ရာ

ဝန်ထမ်းများ နယ်ပိုင်၊ ရွာအုပ်၊ သူကြီးနှင့် ရွာခေါင်းများ၊ သူခိုး၊ ဓားပြများကိုလည်း လက်သိပ် ထိုးစည်းရုံးခဲ့သည်။ လက်နက်လူသူစုဆောင်းခြင်း၊

သင်တန်းပေးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ရှမ်းသောင်းကျန်းမှု ပထမအဆင့်တွင် ပါဝင်သူ များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သီပေါစော်ဘွား။

(ခ) မိုင်းရယ်စော်ဘွား။

(ဂ) မိုင်းရှူးစော်ဘွား။

(ဃ) တောင်ပိုင်စော်ဘွား။

(င) ကျေးသီးမန်စံစော်ဘွား။

(စ) မိုင်းလင်းစော်ဘွား။

(ဆ) ညောင်ရွှေစော်ဘွား၏ မဟာဒေဝီ(စဝ်နန်း ဟိန်းခမ်း)။

(ဇ) သိန္နီစော်ဘွား၏ ကိုယ်စားလှယ် မဟာဝမ်း။

(ဈ) ရပညဖအမှုဆောင် ၁၅ ဦး။

သို့နှင့် ကျိုင်းတုံစော်ဘွား၏ဦးလေးတော်စပ်သူ စဝ်ခွန်ဆိတ်နှင့်စိုင်းနွဲ့တို့ဦးစီးကာ (Youth of Keng Tung State) ခေါ် လူငယ်တပ်ဦးကို

ကျေးရွာကာကွယ်ရေးအသွင်ဖြင့် စတင်ဖွဲ့စည်းလိုက် သည်။ (Youth of Keng Tung State)မှာ ၁၉၃၇ ခုနှစ်ကတည်းက စဝ်ဘွန်စဝ်က တည်ထောင်

ခဲ့ခြင်းဖြစ်သည်။ စဝ်ဘွန်စဝ်သည် စဝ်ခွန်ဆိတ်နှင့် ဖအေတူ မအေကွဲ ညီအစ်ကိုများဖြစ်သည်။ စဝ်ခွန်ဆိတ် ၏လှုပ်ရှားမှုများကို အစိုးရအာဏာပိုင်များက

မသင်္ကာ သဖြင့် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့တိုင်ပင်ကာ ပုဒ်မ(၅) ဖြင့်ဖမ်းဆီးခဲ့သည်။ စဝ်ခွန်ဆိတ်အဖမ်းခံရသောအခါ စိုင်းနွဲ့သည်

ထွက်ပြေးတိမ်းရှောင်ကာ မိုင်းကျွတ်(အယ်တီ-ဝ၅၁၇) တွင် လူသူလက်နက်စုဆောင်း၍ စစ်ရေးလှုပ်ရှားမှု စတင်တော့သည်။ ၁၉၅၈ ခုနှစ်တွင် ရှမ်းပြည်နယ်

အစိုးရကတောင်းဆိုလိုက်သဖြင့် စဝ်ခွန်ဆိတ်ကို ဖမ်းဆီးထားရာမှ ပြန်လွှတ်လိုက်ရာ စဝ်ခွန်ဆိတ်သည် ထိုင်းနိုင်ငံ ဇင်းမယ်မြို့သို့ထွက်ပြေးပြီ၊ ရှမ်းသောင်းကျန်း

သူများကို အကူအညီပေးလေတော့သည်။ ဖော်ပြပါ အချက်များကြောင့် ၁၉၅၇-၅၈ ခုနှစ်တွင် စတင် ပေါ်ပေါက်လာကာ ရှမ်းသောင်းကျန်းမှုများမှာ ပဒေသရာဇ်များ၏

လက်ချက်ဖြစ်ကြောင်းထင်ရှား လေသည်။ ပဒေသရာဇ်စော်ဘွားများသည် မြန်မာ နိုင်ငံ၏အထွေထွေနိုင်ငံရေးကျဆင်းချိန်ကို အခွင့် ကောင်းယူခဲ့ခြင်းပင်ဖြစ်သည်။

စိုင်းနွဲ့သည် နွံစဝ်ဟန် (NSH) ခေါ် ရဲရင့်သော ရှမ်းလူငယ်များအဖွဲ့ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက် တွင် ထိုင်းနိုင်ငံမြန်မာနယ်စပ် ဟွေပုဟော (အယ်တီ-ဝ၅၅၆)

တွင် စတင်ဖွဲ့စည်းလိုက်သည်။ ယင်းစခန်းတွင် အင်အား ၄ဝဝ ခန့်စုစည်းမိခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ပန်တောင်း (အယ်တီ-၉၃၂ဝ)သို့ ပြောင်းရွှေ့ခဲ့သည်။

ဗဟိုဌာနခွဲတစ်ခုကို ကျိုင်းတုံနယ်ထဲတွင်ထားခဲ့သည်။ နွံစဝ်ဟန်အဖွဲ့ကို သိန္နီစော်ဘွား၊ မဟာဒေဝီ၊ သီပေါ စော်ဘွား၊ မိုင်းရှူးစော်ဘွား၊ လဲချားစော်ဘွား၊ ကျေးသီး

စော်ဘွား၊ မိုင်းရယ်စော်ဘွား၊ မိုင်းလင်းစော်ဘွားနှင့် ညောင်ရွှေစော်ဘွားတို့က မြေပေါ်မှအားပေးကူညီခဲ့ သည်။ ထို့နောက်ပိုင်းတွင်ကား လွတ်ကျောက်ဆောက်

(SSIA)၊ စဝ်ဟန် စစ်ဆိုင်း (SNA)၊ ရှမ်းပြည် တော်လှန်ရေးတပ်ပေါင်းစု (SURA)၊ ရှမ်းပြည် ဆိုင်ရာတော်လှန်ရေးကောင်စီ (USNF) စသဖြင့်

ရှမ်းသောင်းကျန်းသူတစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက် လာတော့သည်။ [၈]

အိမ်စောင့်အစိုးရတက်လာခြင်း[ပြင်ဆင်ရန်]

သန့်ရှင်းအစိုးရအခြေအနေ[ပြင်ဆင်ရန်]

သောင်းကျန်းသူအဖွဲ့အစည်းအများအပြားသည် ၁၉၅၈ ခုနှစ်အတွင်းတွင် လက်နက်ချအလင်းဝင်ကြပြီး ဒီမိုကရေစီအခွင့်အရေးများကို လက်ခံရယူကြသည်။

ပြည်သူ့ရဲဘော်အဖွဲ့သည် သောင်းကျန်းသူအဖွဲ့အစည်း အဖြစ်မှ လုံးဝချုပ်ငြိမ်းပြီး တရားဝင်နိုင်ငံရေးလှုပ်ရှား မှုများကို ဆောင်ရွက်လာသည်။ ထိုနှစ်မှာပင်

ဖဆပလ အဖွဲ့ကြီးသည်လည်း သန့်ရှင်းနှင့်တည်မြဲဟူ၍ နှစ်ခြမ်း ကွဲခဲ့သည်။ တည်မြဲဝန်ကြီးများသည် အစိုးရအဖွဲ့မှ နုတ်ထွက်လိုက်ကြသည်။ ထို့နောက်

ဖဆပလအစိုးရ (သန့်ရှင်းဝန်ကြီးများ)အား အယုံအကြည်မရှိကြောင်း လွှတ်တော်တွင် အဆိုတင်သွင်းသည်။ တည်မြဲတို့၏ အဆိုကို မဲခွဲရာ ကပ်၍ရှုံးနိမ့်

သွားသဖြင့် သန့်ရှင်းများ အစိုးရဖွဲ့ကြရသည်။ ပမညတများသည် ယခင်က ဖဆပလအစိုးရ၏ အဓိကအတိုက်အခံအင်အားစု ဖြစ်သော်လည်း ဖဆပလအကွဲ

တွင် သန့်ရှင်းများကို ထောက်ခံခဲ့သည်။ ထို့ကြောင့် မြေပေါ်နိုင်ငံရေး အခြေ အနေတွင် တည်မြဲများသည် အဓိကအတိုက်အခံ အင်အားစုဖြစ်လာသည်။

တည်မြဲတို့၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပိုမို၍ ပြင်းထန်လာသည်။ ဦးနုသည် ပမညတအတိုက်အခံ များ၏မဲဖြင့်သာ တည်မြဲတို့၏အယုံအကြည်မရှိအဆို

ကို ကပ်ပြီးအနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တည်မြဲ များက ဦးနုသည်ဆိုရှယ်နီတို့နှင့် မဟာမိတ်ဖွဲ့လေပြီဟု စွပ်စွဲတော့သည်။ ဦးနုက ပမညတ

ဦးအေးမောင်ကို ဝန်ကြီးခန့်သည်။

သန့်ရှင်းဘက်မှ မဲပေးခဲ့ရသည့် ရခိုင် အမတ်ခြောက်ဦးအနက် သုံးဦးကိုလည်း ဝန်ကြီးခန့်ရ သည်။ မဲရရှိရန်ရာထူးဖြင့်ဆွယ်ခဲ့ရလေရာ အစိုးရ အဖွဲ့သည်

ကျစ်လျစ်သိပ်သည်းမှုမရှိတော့ပေ။ ရွေးကောက်ပွဲများကို မကြာမီပြန်လည်ကျင်းပပြီး အစိုးရအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းမှဖြစ်မည်ဟု တည်မြဲများကရော

သန့်ရှင်းများကပါ လက်ခံခဲ့ကြ သည်။

နိုင်ငံရေးအခြေအနေတင်းမာမှုများမှာ ပို၍ပို၍ ဆိုးရွားလာသည်။ ဆွေ-ငြိမ်းနှင့် နု-တင် အုပ်စုများက ဖဆပလဗဟိုဦးစီးအဖွဲ့ကို စင်ပြိုင်ခေါ်၍ အတိုက်အခံ

ဘက်မှ ပုဂ္ဂိုလ်များကို အပြိုင်အဆိုင်ထုတ်ပစ်ကြသည်။ ဖဆပလအဆောက်အအုံနှင့် ရန်ပုံငွေများကို ပြန်လည် အပ်နှံရန် ဆွေ-ငြိမ်းတို့က တောင်းဆိုသည်။

ပြည်သူ့ လွှတ်တော်တွင် မဲခွဲရာ၌ မူလက ညှိနှိုင်းထားသည့် အတိုင်း နု-တင် ဘက်က မဲမပေးဘဲ ဆွေ-ငြိမ်းဘက်က မဲပေးခဲ့သော စစ်ကိုင်းမှ ပမညတအမတ်

ဦးဖေတင်ကို ပမညတများက သစ္စာဖောက်ဟုစွပ်စွဲသည်။ ထို့နောက် ဦးဖေတင်၏အရုပ်ကို ယင်း၏အိမ်ရှေ့တွင်ပင် မီးသင်္ဂြိဟ်ခဲ့ကြသည်။ ဦးဖေတင်က

အမင်္ဂလာကို ချေဖျက်သည့်အနေနှင့် သူ့ကိုယ်သူ သိကြားမင်းကဲ့သို့ ဝတ်ဆင်ကာ ဘောလုံးကွင်းအတွင်းရှိ ကျောက်တိုင်သို့ ဂါထာ၊ မန္တာန်များရွတ်ဖတ်ကာ

သွားသည်။ ရောက်သော အခါ တစ်နှစ်သုံးဟု အော်ဟစ်ကာ ခုန်ဆွခုန်ဆွ လုပ်သည်။ သိကြားမင်းကောင်းကင်သို့ တက်နေဟန် ပြုလုပ်ပြီး ခုန်နေသည်ကို

ဓာတ်ပုံရိုက်ကြပါဟု စုဝေး ရောက်ရှိနေသော သတင်းထောက်များကိုပြောသည်။ ယင်းသတင်းကို ကြေးမုံသတင်းစာက ဓာတ်ပုံနှင့်တကွ ဖော်ပြပြီး

နယူးဘားမားအင်္ဂလိပ်ဂျာနယ်ကလည်း ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ထုတ် စာစောင်တွင် ထပ်မံကူးယူ ဖော်ပြခဲ့သည်။

သမ္မတဦးဝင်းမောင်ကလည်း ဇွန်လ ၃ဝ ရက်တွင် သတင်းစာဆရာများကို အိမ်တော်သို့ဖိတ်၍ လှည့်လည် ပြသသည်။ ဦးဝင်းမောင်က ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေကို လေ့လာကြည့်ရာ သမ္မတသည် ရုပ်ပြသာဖြစ်ကြောင်းတွေ့ရသည်ဟု သတင်းထောက် များကပြောကြားခဲ့သည်။ သမ္မတမှာ မည်သည့်အာဏာ

မှမရှိပေ။ သမ္မတဖြစ်ပြီးမှ ပညာသုံးရပ်တတ်မြောက် သည်။ တောင်ရှည်ပုဆိုးကို နှစ်မိနစ်အတွင်း ဝတ်တတ် သည်။ မြင်းစီးတတ်သည်။ ဂေါက်ရိုက်တတ်သည်ဟု

ဦးဝင်းမောင်က ရင်ဖွင့်ပြောကြားခဲ့သည်။

အပြိုင်အဆိုင် နိုင်ငံရေးအုပ်စုများသည် အလု အယက်ပင် လှုပ်ရှားစည်းရုံးနေကြသည်။ အမျိုးသမီး အဖွဲ့များကို အပြိုင်ဖွဲ့ကြပုံနှင့် အခြေအနေကို

ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ် စာမျက်နှာ ၃၆၇ တွင် အောက်ပါအတိုင်းဖော်ပြထားသည်။

ဖဆပလသာပြိုကွဲသည်မဟုတ် ခေတ်တစ်ခေတ် ကွယ်ပျောက်ခြင်းဖြစ်သည်။ နှမြောဖွယ်ကောင်းသည်။ လွမ်းဖွယ်ကောင်းသည်။ နိုင်ငံတွင် အဘက်ဘက်

အလွှာလွှာ၌ ကွဲကြသည်။

အမျိုးသမီးအဖွဲ့များ အပြိုင်ဖွဲ့ကြသည်။ ထဘီနီဝတ်သည့်အဖွဲ့ပေါ်၍ ထဘီပြာဝတ်သည့်အဖွဲ့ပေါ်သည်။ ငွေတစ်ကျပ်ပေး လျှင် အသင်းသားဖြစ်သည်။

ထဘီတစ်ထည်ရသည်။ အချို့က ငွေနှစ်ကျပ်ရင်းနှီး၍ နှစ်ဖွဲ့စလုံးတွင်ဝင်သည်။ ထဘီနှစ်ထည်ရသည်။ အစည်းအဝေးတက်လျှင် ဆီလျော်သောထဘီကို

ဝတ်ဆင်ထားသည်။ အစည်း အဝေးတက်ခဲ့ရသည်။

အကျွေးအမွေးပါသည်။

(ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီး နှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာမျက်နှာ ၃၆၇)

အလုပ်သမားအဖွဲ့များသည် ကွဲကြသည်။ ဆွေ-ငြိမ်းတို့က အလုပ်သမားသမဂ္ဂ (တီယူစီဘီ)ဂ ကို ထိန်းချုပ်ထားပြီး နု-တင်တို့က ပြည်ထောင်စု

အလုပ် သမားအဖွဲ့ (ယူအယ်လ်အို) ကို ထူထောင်ကြသည်။ အလုပ်သမားများမှာ အချင်းချင်းရိုက်ကြနှက်ကြသည် အထိ ကွဲခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊

ဩဂုတ်လ ၃၁ ရက်မှစ၍ သန့်ရှင်းဖဆပလညီလာခံကို ကျင်းပကြ သည်။ ကိုယ်စားလှယ်အချို့က တပ်မတော်တပ်မှူး အချို့ကို တည်မြဲဘက်က ပင်းသည်ဆိုပြီး

ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဦးနုက စက်တင်ဘာလ ၄ ရက်တွင် အသံလွှင့်၍ ဖြေရှင်းရာ၌ တပ်မတော်ကိုဝေဖန်သော စကားများအား မိမိနောက်မှကြားရကြောင်း၊

ကိုယ်စား လှယ်များအခြေအနေမသိ၍ဖြစ်ကြောင်း၊ တပ်မတော် သည် တိုင်းပြည်အပေါ် ထာဝစဉ်သစ္စာရှိကြောင်း၊ သောင်းကျန်းသူရန်ကြောင့်

တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလိုတွင် တပ်မတော်က ကြိုးပမ်း၍သာ ဘေးရန်များကင်းစင်ခဲ့ရကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်

နိုင်ငံရေးပဋိပက္ခမှု များစွာပြင်းထန်လာရာ နိုင်ငံရေးအုပ်စုချင်း လက်နက်စွဲကိုင်တိုက်ခိုက်ကြတော့ မည့် အခြေအနေအထိ စိုးရိမ်စရာကောင်း၍လာလေ သည်။

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဆွေ-ငြိမ်းတို့၏တည်မြဲအုပ်စုက လူထုဒီမိုကရေစီ ဆန္ဒပြပွဲကို အောင်ဆန်းကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။ သန့်ရှင်းအစိုးရက

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးကိုကျင်းပ၍ ပါလီမန်ကိုဖျက်သိမ်းရန် ရွေးကောက်ပွဲသစ်ကျင်းပရန် ကြေညာခဲ့သည်။

အစည်းအဝေးမပြီးမီမှာပင် အစိုးရ အဖွဲ့ ပြုတ်ကျမည့်သတင်းများထွက်ပေါ်လာပြီး လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

သန့်ရှင်းအစိုးရ၏သက်တမ်းမှာ များစွာကြာမြင့် ခြင်းမရှိပေ။ သုံးလခန့်သာ ကြာမြင့်ခြင်းဖြစ်သည်။ သို့သော် ထိုသုံးလအတွင်း တစ်နိုင်ငံလုံးမှာ မင်းမဲ့

တိုင်းပြည်ကဲ့သို့ဖြစ်နေရသည်။

အစိုးရအဖွဲ့မှာ ဩဇာ အာဏာမရှိသဖြင့် အုပ်ချုပ်ရေးယန္တရားများမှာလည်း ရပ်ဆိုင်းနေရသည်။ ဆူပူမှု၊ အုံကြွမှုများ၊ အဓိကရုဏ်း များ၊ ဆန္ဒပြပွဲများလည်း

မကြာခဏပေါ်ပေါက်နေ သည်။ ဖဆပလအကွဲဂယက်မှာ တစ်နိုင်ငံလုံးသို့ ရိုက်ခတ်နေသဖြင့် နိုင်ငံအခြေအနေမှာ မငြိမ်မသက် ဖြစ်၍နေသည်။ ထိုအချိန်တွင်

သောင်းကျန်းသူ အဖွဲ့အစည်းများသည် အစုလိုက်အပြုံလိုက်တဖွဲဖွဲ လက်နက်ချလျက်ရှိရာ အစိုးရအခြေအနေသာ ခိုင်မာ တောင့်တင်းပါက

ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး အရှိန်အဟုန်မှာ များစွာအခြေအနေကောင်းလာဖွယ် ရှိသည်။ သို့သော် သန့်ရှင်းအစိုးရသည် နိုင်ငံအား

ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပေ။

အိမ်စောင့်အစိုးရအား အာဏာအပ်နှင်းရခြင်း[ပြင်ဆင်ရန်]

၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်များတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသည် တပ်မတော်မှ အရာရှိကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ် အောင်ကြီး၊

ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီး မောင်မောင်တို့ကိုခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးပွဲများ ကျင်းပသည်။ ထို့နောက် စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီတွင် ဦးနုနှင့်

ဗိုလ်ချုပ်နေဝင်းတို့ အပြန်အလှန် ရေးသားခဲ့သည့် စာနှစ်စောင်ကို တိုင်းပြည်သို့ ရေဒီယိုမှ အသံလွှင့်၍ကြေညာခဲ့သည်။ ဦးနုကိုယ်တိုင်ကလည်း

ပြည်သူအပေါင်းတို့အား အောက်ပါအတိုင်း အသံလွှင့် ပြောကြားခဲ့သည်။

ပြည်ထောင်စုသူ ပြည်ထောင်စုသားတို့ခင်ဗျား

အရေးကြီးတဲ့စကားတစ်ခွန်း၊ နှစ်ခွန်းလောက်ကို ကျွန်တော်ပြောချင်ပါတယ်။ အထွေထွေရွေးကောက်ပွဲ ကြီးကို ဒီနှစ်နိုဝင်ဘာလထဲမှာ ကျင်းပဖို့ ကျွန်တော်

စိတ်ကူးထားပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက် နေတဲ့ လက်ရှိအခြေအနေအရ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာ ဘယ် နည်းနဲ့မှ လွတ်လပ်ပြီး

တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာကို တစ်နေ့ထက်တစ်နေ့တိုးပြီး ကျွန်တော်တို့သဘောပေါက်လာကြပါတယ်။

'တစ်နိုင်ငံလုံးမှာ ပြည်သူလူထုကြီးတစ်ရပ်လုံး က မိမိတို့ကြိုက်နှစ်သက်တဲ့ အစိုးရအဖွဲ့ကို အနှောင့်အယှက်၊ အဖျက်အဆီး၊ အဖိအနှိပ်၊ အချုပ်အချယ်၊

အခြိမ်းအခြောက်မရှိဘဲ လွတ်လွတ် လပ်လပ် ရွေးကောက်တင်မြှောက်ခြင်း မပြုလုပ်သရွေ့ ကာလပတ်လုံး အဲဒီနိုင်ငံမှာ ဒီမိုကရေစီ ဆိတ်သုဉ်းနေ တယ်ဆိုတာကို

ဘယ်သူမှမငြင်းနိုင်ပါဘူး၊ အဲဒါကြောင့် ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့လူတိုင်းအတွက် လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ အသက်ပမာ တန်ဖိုးရှိပါတယ်။

အဲဒီလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို ခြောက်လအတွင်း ဖြစ်မြောက် နိုင်အောင် လိုအပ်တဲ့အစီအစဉ်များကို ပြုလုပ်ပေးဖို့ အတွက်ကို

ဗိုလ်ချုပ်နေဝင်းကို ကျွန်တော် ဖိတ်ကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းကလည်း ကျွန်တော့်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်တဲ့အတွက် ကျွန်တော်

အထူးဝမ်းသာမိပါတယ်။ ဒီမိုကရေစီတည်တံ့ခိုင်မြဲရေး အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီး ကို ၁၉၅၉ ခုနှစ်၊ ဧပြီလမကုန်မီ ကျင်းပနိုင်အောင်

ပြည်သူလူထုကြီးတစ်ရပ်လုံးက ကျွန်တော့်ကိုထောက်ခံ အားပေးသလို ဗိုလ်ချုပ်နေဝင်းကိုလည်း ထောက်ခံ အားပေးကြဖို့ ကျွန်တော်အထူးမေတ္တာရပ်ခံပါတယ်'

နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်နေဝင်းထံ ရေးသားလိုက်သော စာကို ပြည်သူသို့ အသံလွှင့်၍ တင်ပြခဲ့ရာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်

နေ့စွဲ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် စာရေးလိုက်ပါသည်

ဗိုလ်ချုပ်နေဝင်း

(၁) ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် ဖြင့် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းပြီးလျှင် ၁၉၅၉ ခုနှစ်၊ ဧပြီလမကုန်မီအတွင်း လွတ်လပ်၍ တရားမျှတသော

ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်အောင် လိုအပ် သည့်အစီအစဉ်များကို ဆောင်ရွက်စေရန် ဖဆပလ (သန့်ရှင်း)ဗဟိုကော်မတီက အထူးလိုလားလျက်ရှိသည်။

(၂) ဤလိုလားချက်အတိုင်း ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ်ရာထူးကို လက်ခံနိုင်မည်ဆိုပါလျှင် အောက်ပါ အစီအစဉ်များကို စီစဉ်ပေးလိုသည်-

(က) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ အင်္ဂါနေ့တွင် လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ကို ဆင့်ခေါ်ရန် နိုင်ငံတော်သမ္မတအား ဖွဲ့စည်း

အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၅၇ အရ ကျွန်တော်အကြံပေးမည်။

(ခ) ပြည်သူ့လွှတ်တော် စတင်ကျင်းပမည့် နေ့တွင် ကျွန်တော် ဝန်ကြီးချုပ်ရာထူး က နုတ်ထွက်မည်။

(ဂ) ဤ သို့ နုတ် ထွက် ပြီး သည့် နောက် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် ပြည်သူ့လွှတ်တော်က ရွေးကောက် တင်မြှောက်ရန် ကျွန်တော်

အဆို တင်သွင်းမည်။

(၃) ဗိုလ်ချုပ်နေဝင်း၏ အစိုးရအဖွဲ့တွင် ဖဆပလ(သန့်ရှင်း) အဖွဲ့ဝင်များကို ထည့်သွင်းရန် မလိုပါ။

(၄) ဗိုလ်ချုပ်နေဝင်းဦးစီးကျင်းပရမည့် အထွေ ထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီး ဖြစ်စေရန်အတွက်

အမှုထမ်းအရာထမ်းများအားလည်းကောင်း၊ လက်နက် ကိုင်အဖွဲ့အစည်းများအားလည်းကောင်း မိမိတို့၏ တာဝန်ဝတ္တရားများကိုဆောင်ရွက်ခြင်းမှအပ နိုင်ငံရေး

နယ်ပယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများအား အလျှင်းမရှိရလေအောင် အထူးထိန်းသိမ်းစောင့်ရှောက် ပေးစေလိုသည်။

(၅) လက်နက်ကိုင်အဖွဲ့အစည်းများသည် များသောအားဖြင့် စည်းကမ်းသေဝပ်မှုရှိကြ သောအဖွဲ့အစည်းများဖြစ်ကြသည်ကို ကျွန်တော် ယုံကြည်ပါသည်။

မကြာသေးမီက ကျွန်တော်ခရီးထွက် စဉ် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖိနှိပ် ချုပ်ချယ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများကို

နေရာခပ်များများတွင် ခံရသူ ကာယကံရှင်များကိုယ်တိုင် ဒဏ်ရာများကိုပြ၍ တစ်ဖုံ၊ မျက်ရည်စက်လက်နှင့် တစ်မျိုး၊ ဝမ်းနည်းကြေကွဲ ဖွယ်ရာတိုင်တန်းကြသည်။

ဤအဓမ္မမှုများကို ဗိုလ်ချုပ်နေဝင်း၏ အစိုးရအဖွဲ့က အထူးဦးစားပေး၍ နှိပ်ကွပ်ပေးစေလိုသည်။

(၆) မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ လူသတ်မှုများဖြစ်ကြသော ရာဇဝတ်မှုများကိုလည်း ဗိုလ်ချုပ်နေဝင်း၏ အစိုးရအဖွဲ့က အထူးဦးစားပေး၍

နှိပ်ကွပ်ပေးစေလိုသည်။

(၇) ကမ္ဘာဦးသူ ကမ္ဘာဦးသားတို့က နေလနှစ်ပါး ကို မျှော်လင့်တောင့်တဘိသကဲ့သို့ ပြည်ထောင်စုသူ ပြည်ထောင်စုသားအားလုံးတို့သည် ပြည်တွင်းငြိမ်းချမ်း

ရေးအား အထူးမျှော်လင့်တောင့်တလျက်ရှိသည်ကို ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကောင်းစွာသိရှိပြီးဖြစ်သဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ကျွန်တော်အကျယ်ချဲ့၍

ပြောနေစရာမလို၊ ထို့ကြောင့် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး အောင်ပန်းကို ရာခိုင်နှုန်းအပြည့် ဆွတ်ခူးပေးရန်

ကျွန်တော်အထူး မေတ္တာရပ်ခံလိုသည်။

(၈) နိုင်ငံခြားရေးတွင်လည်း ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် တည့်မတ်စွာ ကြားနေရေးဝါဒကို ဆက်လက်ကျင့်သုံးနိုင်ရန်ကိုလည်း

ကျွန်တော် အထူးတိုက်တွန်းလိုသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

(ပုံ) ဦးနု

ဝန်ကြီးချုပ်။

ဗိုလ်ချုပ်နေဝင်းက ဦးနုထံကို ပေးပို့သည့်စာကို လည်း ပြည်သူသို့ အသံလွှင့်၍ တင်ပြခဲ့ရာ အောက်ပါ အတိုင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

နေ့စွဲ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

လေးစားစွာ အစီရင်ခံအပ်သည်

ဝန်ကြီးချုပ် ခင်ဗျား

၁။ ကျွန်တော်သည် ဤမျှကြီးလေးသော တာဝန် ကြီးကို ထမ်းဆောင်ရန်များစွာ ဦးလေးပါသည် ခင်ဗျား။ သို့သော် ဝန်ကြီးချုပ်၏ စေတနာကို လေးစားပါသော

ကြောင့် ဝန်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကို ထမ်းဆောင်မှ သင့်လျော်မည်ဆိုလျှင် ကျွန်တော်က အစွမ်းကုန်ကြိုးစား၍ နိုင်ငံတော်ကို ထိန်းသိမ်းပါမည်။ သို့သော်

ကျွန်တော်သည် တိုင်းပြည်အုပ်ချုပ်မှု တာဝန်ကြီးကို လုပ်ကိုင်ခဲ့ဖူးခြင်းလည်းမရှိ၊ လုပ်ကိုင် မည်ဟုလည်းမည်သည့်အခါမှ မရည်ရွယ်ခဲ့၊ လုပ်ရအံ့ ဟုလည်း

မည်သည့်အခါမှ မစဉ်းစားခဲ့ဖူးပါသဖြင့် ကျွန်တော်သည် ရိုးသားဖြူစင်စွာ ဤတာဝန်ကြီးကို ထမ်းဆောင်ရာတွင် ချွတ်ယွင်းချက်များရှိပါလျှင် ခွင့်လွှတ်နိုင်လိမ့်မည်ဟု

ယူဆပါသည်။ ခွင့်လွှတ်ပါ ရန်လည်း တောင်းပန်ပါသည်။

၂။ ပြည်သူ့လွှတ်တော်က ကျွန်တော့်အား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ပါလျှင် ၁၉၅၉ ခုနှစ်၊ ဧပြီလမကုန်မီ လွတ်လပ်၍တရားမျှတ သော

အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန် အတွက် လိုအပ်သောအစီအစဉ်များကို အစွမ်းကုန် ဆောင်ရွက်ပေးပါမည်ဟု ကျွန်တော်ကတိပြုပါသည်။

၃။ ကျွန်တော်အစိုးရသစ်ကိုဖွဲ့စည်းရလျှင် ၎င်း အဖွဲ့သစ်တွင် ပြည်နယ်များနှင့် ချင်းအထူးဝိသေသ တိုင်းတို့မှ သင့်လျော်မည့် ကိုယ်စားလှယ်များမှ တစ်ပါး

ပြည်မတွင်ရှိသော နိုင်ငံရေးအဖွဲ့အစည်းများထဲက မည်သည့်ကိုယ်စားလှယ်ကိုမျှ ထည့်သွင်းမည်မဟုတ် ကြောင်း ကတိပြုပါသည်။

၄။ အမှုထမ်းအရာထမ်းများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးနယ်နိမိတ်အတွင်းသို့ ကျူးကျော်မှုများကို ကျွန်တော်ကိုယ်တိုင်လည်း အထူး

မလိုလားကြောင်းကို ဝန်ကြီးချုပ်ကိုယ်တိုင် သိပြီးဖြစ်သည်။ ထို့ကြောင့် ဤကျူးကျော်မှုများ မဖြစ်ပွား ရလေအောင် ကျွန်တော်အထူး ထိန်းသိမ်းစောင့်ရှောက်

ပါမည်ဟူ၍ ကတိပြုပါသည်။

၅။ လက်နက်ကိုင်အဖွဲ့အစည်းဝင်အချို့၏ အဓမ္မများကို ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏ ကြားသိရ၍ များစွာစိတ်မချမ်းမသာ ဖြစ်ရသည်။ ထို့ကြောင့်

ဤအဓမ္မမှုများကို အထူးဦးစားပေး၍ နှိပ်ကွပ်ပစ်ရန် ကျွန်တော်ကတိပြုပါသည်။

၆။ ရာဇဝတ်မှုများကိုလည်း တတ်နိုင်သလောက် ပပျောက်သွားအောင် အထူးဦးစားပေး၍ ဆောင်ရွက် သွားရန် ကျွန်တော်ကတိပြုပါသည်။

၇။ ပြည်ထောင်စုကြီး၏ တည်တံ့ခိုင်မြဲရေး၊ တိုး တက်ရေး၊ စည်ပင်သာယာဝပြောရေးတို့သည် ငြိမ်းချမ်း ရေးအပေါ်တွင် များစွာတည်ရှိနေသည်ကို ကျွန်တော် သည်

ဦးလည်မသုန် ယုံကြည်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် အစွမ်း ကုန် ကြိုးစားအားထုတ်ပါမည်ဟု ကတိပြုပါသည်။

၈။ နိုင်ငံခြားရေးတွင် တည့်မတ်စွာ ကြားနေရေး ဝါဒသည် ကျွန်တော်တို့ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့်တကွ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးအရှိဆုံး

ဝါဒဖြစ်သဖြင့် ကျွန်တော်ခေါင်းဆောင်မည့် အစိုးရ အဖွဲ့သည် ဤတည့်မတ်စွာ ကြားနေရေးဝါဒကို မည်သည့်နည်းမျှ စွန့်လွှတ်မည်မဟုတ်ကြောင်းကို ကျွန်တော်

ကတိပြုပါသည်။

(ပုံ) ဗိုလ်ချုပ်နေဝင်း

ဝန်ကြီးချုပ်ဦးနု၏ ဖိတ်ကြားချက်ကို ဗိုလ်ချုပ်ကြီး နေဝင်းက လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် ပေးစာများကို အသံလွှင့်ကြေညာသည့် ၁၉၅၈ ခုနှစ်၊

စက်တင်ဘာလ ၂၆ ရက် ညမှပင် စတင်၍ အာဏာ လွှဲပြောင်းရန် စတင်စီစဉ်ကြသည်။ အောက်တိုဘာလ ၂၈ ရက်၁တွင် ဦးနုက ပြည်သူ့လွှတ်တော်၌ ဗိုလ်ချုပ်ကြီး

နေဝင်းအား အိမ်စောင့်အစိုးရအဖွဲ့ကို ခေါင်းဆောင် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးချုပ်ရာထူးအပ်နှင်းဖို့ အဆိုပြု သည်။ ပြည်သူ့လွှတ်တော်က သဘောတူလက်ခံသည်။

သုံးလနှင့် ၁၇ ရက် သက်တမ်းရှိသော သန့်ရှင်းအစိုးရ နုတ်ထွက်သွားသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံရေး သမားများမပါသည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။

ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများမှအပ အဖွဲ့ဝင်ကိုးဦးသာရှိသော အစိုးရဖြစ်သည်။ ယခင် အစိုးရအဖွဲ့ဝင်များတွင် ဝန်ကြီး ၃ဝ နှင့် ပါလီမန်

အတွင်းဝန် ၃၂ ဦး ပါဝင်ကြသော်လည်း အိမ်စောင့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် အဖွဲ့ဝင် ၁၄ ဦးသာရှိသည်။ အိမ်စောင့်အစိုးရအဖွဲ့သည်

ထိုနေ့မှာ ပင် ကျမ်းကျိန်သည်။

အိမ်စောင့်အစိုးရသည် ဖဆပလနှစ်ခြမ်းကွဲသွား ရာမှ ပေါ်ပေါက်လာသည့် သန့်ရှင်းအစိုးရအဖွဲ့၏ တောင်းဆိုချက်ကြောင့် ဖွဲ့စည်းရခြင်းဖြစ်သည်။ တည်မြဲ

များကလည်း ကျေနပ်သည်။

သို့သော် သန့်ရှင်းများနှင့် ပူးပေါင်းခဲ့သည့် ပမညတများကမူ စစ်အစိုးရဟု ဝေဖန်သည်။ အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက် တစ်နေ့

အောက်တိုဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ တော်ခန်းမ၌ ပမညတများကြီးမှူး၍ စစ်အစိုးရအား ကန့်ကွက်သည့် လူထုအစည်းအဝေးပွဲကို ကြီးကျယ်စွာ

ကျင်းပခဲ့ကြသည်။

အိမ်စောင့်အစိုးရ၏ မူဝါဒ[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးနေဝင်းသည် အိမ်စောင့်အစိုးရကို ဖွဲ့စည်းရာတွင် ထိုစဉ်က တည်ရှိနေသော နိုင်ငံရေးပါတီ မျိုးစုံမှ ခေါင်းဆောင်များကို တစ်ဦးတစ်ယောက်မျှ ခေါ်ယူ

ဖွဲ့စည်းခြင်းမရှိခဲ့ပေ။

အစိုးရအဖွဲ့တွင် အငြိမ်းစား နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိမ်းမောင်၊ အတွင်းဝန်ချုပ် ဦးခင်မောင်ဖြူ၊ တရားလွှတ်တော် တရားဝန်ကြီးချုပ် ဦးချန်ထွန်းအောင်၊

တက္ကသိုလ် သင်္ချာကထိက ဦးကာ၊ ပြည်ထောင်စုဘဏ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ အငြိမ်းစား ရွေးကောက်ပွဲမင်းကြီး ဦးစံñွန့်၊ ဓာတုဗေဒဝန် ဦးချစ်သောင်းနှင့် အငြိမ်းစား

စက်ရှင်တရားသူကြီး ဦးဘကြားတို့ပါဝင်သည်။ တပ်မတော်ခေါင်းဆောင်များကို ဝန်ကြီးခန့်အပ်ခြင်း မရှိခဲ့ပေ။ သို့သော် တပ်မတော်ခေါင်းဆောင်များသည်

နိုင်ငံတော်လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် လက်ရှိတာဝန်များအပြင် ပူးတွဲအပိုတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ကြရ သည်။

ရေတပ်မှ စစ်သင်္ဘောများသည် မြစ်ဝကျွန်းပေါ် ငါးပုစွန်များကို ရန်ကုန်သို့ သယ်ဆောင်ပေးကြရသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်သားများက ငါးပုစွန်များ ကို

အရပ်ထဲတွင်လည်၍ ရောင်းချပေးကြရသည်။ နယ်မှ ထင်းမီးသွေးများကိုလည်း ရဲဘော်များပင် သယ်၍ ရောင်းချကြရသည်။ ဦးနုအစိုးရလက်ထက်က

ဘာသာရေးအရ နွားမသတ်ရအမိန့်ထုတ်ထားရာ အမဲသားနှင့် အခြား သားငါးဈေး အဆမတန်ကြီးမြင့် ခဲ့သည်။ အိမ်စောင့်အစိုးရက အမဲပေါ်ခွင့်ပေးပြီး

သားငါးဈေးကို ချပစ်သည်။ တပ်မတော်သည် မြို့ သန့်ရှင်းရေး၊ လမ်းတံတားပြုပြင်ရေး စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းကို ဆောင်ရွက်ကြရသည်။

တပ်မတော်သည် အိမ်စောင့်အစိုးရဖွဲ့စည်းပြီး မကြာမြင့်မီမှာပင် မိတ္ထီလာမြို့၌ တပ်မတော်ညီလာခံ ကျင်းပသည်။ ယင်းညီလာခံက ဝါဒရေးပထမအဆင့် အဖြစ်

နိုင်ငံတော်ဝါဒနှင့် ငါတို့၏ အဓိဌာန်ကို ထုတ်ပြန်ကြေညာခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။

နိုင်ငံတော်ဝါဒနှင့် ငါတို့၏အဓိဌာန် (ဝါဒရေးပထမအဆင့်)

လူခပ်သိမ်းအဖို့ ဆင်းရဲဒုက္ခ၊ အနေဆင်းရဲဒုက္ခ၊ အဝတ်ဆင်းရဲဒုက္ခတို့မှ လွတ်ကင်းစေလျက် ဘဝ၏ မွန်မြတ်မှုကို သိမြင်ခံစားစေနိုင်သော လူ့ဘောင် လောကကြီး

တည်ထောင်နိုင်ရေးမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများကို အခြေခံပြုသော အုပ်ချုပ်ရေးစနစ်နှင့်

စီးပွားရေးစနစ်တို့သာလျှင် ဖြစ်နိုင်ပေသည်။ ငါတို့ သည် ဤအချက်ကို စွဲမြဲစွာယုံကြည်သည်။ ဤစွဲမြဲ ယုံကြည်ချက်ကို အသက်ဟူသောအကြောင်းကြောင့်

လည်းမစွန့်ရ။ ဤကဲ့သို့သော လူ့ဘောင်လောကကြီး တည်ဆောက်နိုင်ရေးအတွက် ဤငါတို့၏ အချုပ်အခြာ အာဏာပိုင်လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံ

တွင် ဤစွဲမြဲယုံကြည်ချက်ကို ဦးထိပ်ထားကာ စောင့်ထိန်းကြအံ့ဟု ငါတို့အဓိဌာန်ပြုပါ၏။ ဤအဓိဌာန် မြောက်စိမ့်အံ့သောငှာ ငါတို့သည် ညီညာဖြဖြ ဝိုင်းဝန်း၍

ကြိုးပမ်းကြကုန်အံ့ဟု ပဋိညာဉ်ပြုပြီးဖြစ်သတည်း။

(၁၉၅၈ ခုနှစ်၊ တပ်မတော်ညီလာခံ၊ မိတ္ထီလာမြို့၊ အောက်တိုဘာလ ၂၁ ရက်)

တပ်မတော်ညီလာခံမှ ကြေညာသည့် ဝါဒရေးရာ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အခြေခံ သဘောတရားများ၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့် ၁၉၄၈ ခုနှစ်၊

ဇန်နဝါရီလ ၄ ရက်တွင် ကျင်းပသော ပထမဆုံး ပါလီမန်၌ ပထမဆုံးသော နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံတော်အခြေခံဝါဒ မိန့်ခွန်းတို့ကို အခြေခံ၍

ဥပဒေအသုံးအနှုန်းမပါဘဲ ပြုစုရေးသား ထားခြင်းဖြစ်သည်။ စင်စစ် လွတ်လပ်ရေးရစဉ်က ချမှတ်ရေးဆွဲရန် ရည်ရွယ်ထားခဲ့သော ဝါဒရေးရာများ နှင့်

များစွာဝေးကွာလာသောကြောင့် ပြန်လည် တည့်မတ်ပေးခြင်းလည်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်းသည် အောက်တိုဘာလ ၃၁ ရက်၊

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပထမဆုံး အကြိမ် မူဝါဒမိန့်ခွန်းကို ပြောကြားခဲ့ရာ အစိုးရ ကိုတာဝန်ယူ ခေါင်းဆောင်ရသည့် အကြောင်းများနှင့် ပတ်သက်၍

အောက်ပါအတိုင်း ပြောကြားခဲ့သည်။

ဥက္ကဋ္ဌကြီးခင်ဗျား၊ ဝန်ကြီးချုပ်ရဲ့တာဝန်ကို ကျွန်တော် လက်မခံဘဲနေလို့ မဖြစ်တော့အောင် အမျိုးမျိုးအဖုံဖုံဖြစ်ပေါ်ဖန်တီးလာခဲ့တဲ့ အကြောင်း အရင်း

အခြေအနေတွေဟာ အမတ်မင်းများ သိပြီး ဖြစ်တဲ့အတိုင်း လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက စတင်ခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ ပြည်ထောင်စု အတွက်

ဘယ်လောက်အထိ အန္တရာယ်ကြီးမားလာသလဲ ဆိုရင် ဝန်ကြီးချုပ်ဟောင်း ဦးနုမကြာခဏ မိန့်ကြား လာခဲ့ဖူးတဲ့ ပြည်ထောင်စုကြီးတစ်ခုလုံး ချောက်ထဲကျဖို့

လက်နှစ်လုံးလောက်သာ လိုတော့တယ်ဆိုတဲ့ ၁၉၄၈-၄၉ ခုနှစ်က အခြေအနေမျိုးရောက်ဖို့ တဲတဲကလေး သာလိုပါတော့တယ်။

ဒီခြောက်လအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အဝဝကို အကျဉ်းချုံးပြီး ပြန်ပြောင်းပြောရမယ်ဆိုရင် ဖဆပလအဖွဲ့ကြီး နှစ်ပိုင်းနှစ်ပက္ခ ကွဲသွားတာက စရပါ

လိမ့်မယ်၊ ဖဆပလအဖွဲ့ကြီးရဲ့ အကွဲဂယက်ဟာ တစ်ပြည်လုံးကို တောမီးလိုကူးစက်သွားခဲ့ပြီး တစ်ခါ တုန်းက အလုပ်အတူလုပ်လာခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်

တွေဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည် ကင်းလာကြတယ်၊ ရဲဘော်ရဲဘက်တွေအဖြစ်အချင်းချင်း ရန်သူတွေလိုသဘောထားလာကြတယ်၊

အခြေအနေ ဟာ ဘယ်လောက်အထိဆိုးရွားသလဲဆိုရင် အချို့နေရာ တွေမှာ နိုင်ငံရေးအကွဲဟာ ရိုးရိုးသားသားသာမန် လောက် ကွဲကြရုံနဲ့မရပ်ဘဲ

တစ်ဖက်နဲ့တစ်ဖက် ဓား တပြက်၊ တုတ်တပြက်နဲ့ ရိုက်ကြနှက်ကြ၊ သတ်ကြ ဖြတ်ကြအထိပဲ အခြေအနေဟာ ဆိုးရွားလာခဲ့ပါတယ်။

နိုင်ငံရေးလောကမှာ အခု ကျွန်တော်ပြောခဲ့တဲ့ အတိုင်း နိုင်ငံရေးပြိုကွဲမှု အမျိုးမျိုးဖြစ်လာတာနဲ့ တစ်ပြိုင်နက် ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို

ဆန့်ကျင်ချိုးဖောက်နေကြတဲ့ အင်အားစုတွေကလည်း တောမီးလောင် တောကြောင် လက်ခမောင်းခတ်သလို အမျိုးမျိုးအဖုံဖုံ လှုပ်ရှားထကြွလာကြပါတယ်။ ဒီ

သောင်းကျန်းသူတွေဟာဆိုရင် ဆယ်နှစ်ဆယ်မိုး ထကြွ သောင်းကျန်းလာခဲ့ကြတာမှာ ပြည်ထောင်စုအစိုးရရဲ့ နှိမ်နင်းတိုက်ခိုက်မှုဒဏ်ကြောင့် နိုင်ငံရေးအရ

လည်းကောင်း၊ စစ်ရေးအရလည်းကောင်း မရှုမလှ ကျဆုံးခဲ့ကြလေတော့ ၁၉၅၇ ခုနှစ် နောက်ပိုင်းနဲ့ ၁၉၅၈ ခုနှစ်၊ နှစ်ဦးပိုင်းမှာ အချို့လည်း မိမိတို့ ထကြွ

သောင်းကျန်းမိတာ မှားကြောင်းသိလို့၊ အချို့က အခြေ အနေမလှလို့ ပရိယာယ်နဲ့အလင်းကို အစုလိုက်အပြုံ လိုက် ဝင်ရောက်လာနေကြတာကို အမတ်မင်းများ

အသိ ပါပဲ။ အဲဒီလို သောင်းကျန်းမှု အစိုင်အခဲကြီး ပြိုကွဲပြီး အလင်းကို အစုလိုက်အပြုံလိုက် ဝင်လာကြတဲ့အချိန်

အတွင်းမှာပဲ အာဏာရ နိုင်ငံရေးလောကမှာ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးကစားမှုတွေ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဇွန်လအတွင်းမှာ အာဏာရ

နိုင်ငံရေးအဖွဲ့အစည်းကြီး အတိအလင်း ကွဲသွားပြီ ဆိုတာ သိတာနဲ့တစ်ပြိုင်နက်တည်း အလင်းကိုဝင်တော့ မည့်ဆဲဆဲ ရှိနေကြတဲ့ သူပုန်တွေရဲ့ခြေလှမ်းဟာ သိသိ

သာသာကြီး ရပ်တန့်သွားခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီဆိုရင် သူတို့ဆီက ကိုယ်စားလှယ် တစ်ယောက်ကို စေလွှတ်ပြီး အလင်းဝင်ဖို့ စကား

ကမ်းလှမ်းစေ့စပ်နေဆဲတန်းလန်းမှာ ပါတီတစ်ရပ်လုံး အနေနဲ့ အလင်းဝင်လာဖို့ အစစအရာရာ သဘော တူညီမှုရသလောက် ဖြစ်လာပြီးမှ အာဏာရ နိုင်ငံရေး

အဖွဲ့အစည်းအတွင်းမှာ အကျဉ်းအကျပ်တွေ့ပြီဆိုတာနဲ့ တစ်ပြိုင်နက် ချက်ချင်း လေသံပြောင်းသွားခဲ့ပါတယ်။ ဥပဒေအတွင်းကို ဝင်လာမယ့်ခြေလှမ်းဟာ ချက်ချင်း

တန့်သွားပြီးတော့ အစိုးရကိုအကျပ်ကိုင်တဲ့ တောင်းဆို ချက်အသစ်တွေကို ထပ်ပြီးဖော်ထုတ်လာကြ ပြန်ပါ တယ်

ဖဆပလပြိုကွဲသည့်အချိန်သည် တစ်နိုင်ငံလုံးရှိ သောင်းကျန်းသူ အဖွဲ့အစည်းအလိုက်ရော၊ တစ်ယောက်ချင်းပါ တဖွဲဖွဲလက်နက်ချနေကြချိန်ဖြစ် သည်။ သို့သော်

ဖဆပလနှစ်ခြမ်းကွဲပြီး အစိုးရအတွင်း ခိုင်မာကျစ်လျစ်မှုမရှိတော့သည်နှင့် လက်နက်ချ အလင်းဝင်မှုများမှာ သိသာစွာ ယုတ်လျော့သွားကြ သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ မိန့်ခွန်းအရ ဗမာပြည် ကွန်မြူနစ်ပါတီမှ လက်နက်ချအလင်းဝင်လုဆဲဆဲ အခြေတွင် ရှိနေခဲ့ရာမှ ဖဆပလပြိုကွဲမှုကြောင့် လက်နက်ချရေးကို

စွန့်လွှတ်လိုက်ကြောင်းသိရသည်။

နိုင်ငံရေးပြိုကွဲမှုကြီး ဂယက်ဟာ ဒီမျှလောက် နဲ့မရပ်တန့်သေးပါဘူး။ နိုင်ငံတော်မှာ အရေးပါအရာ ရောက်ဆုံးဖြစ်တဲ့ နိုင်ငံတော်အစိုးရ စက်ယန္တရားကြီး ဟာလည်း

နိုင်ငံရေးပြိုကွဲမှုကြီးရဲ့ ဂယက်ရိုက်ခတ်မှုကို ခံလာရပြန်တယ်။ အခြေအနေဟာ ဘယ်လောက်အထိ ပရမ်းပတာဖြစ်လာသလဲဆိုရင် ဥပဒေကို ထိန်းသိမ်း ပေးဖို့

တာဝန်ရှိတဲ့ အစိုးရအမှုထမ်း အရာထမ်းတွေဟာ ကိုယ့်မျက်စိအောက်မှာ ဥပဒေနဲ့ဆန့်ကျင်တဲ့အလုပ်မျိုး တွေ ကျူးလွန်လုပ်ကိုင် နေကြတာတွေကို တွေ့နေရက်နဲ့

ဘယ်သူ့ကိုမှ လက်ဖျားနဲ့ မတို့ရဲလောက်အောင် ကြောက်ကြောက်ရွံ့ရွံ့ ထိတ်ထိတ်လန့်လန့် ဖြစ်လာ နေကြတာကိုတွေ့ရပါတယ်။ ဘယ်အကြောင်းမျိုး

ကြောင့်ပဲဖြစ်ရဖြစ်ရ အခုလိုဥပဒေကို ထိန်းသိမ်းပေး ရမယ့် နိုင်ငံတော်အစိုးရ စက်ယန္တရားကြီးကိုယ်တိုင်က အားနည်းချွတ်ယွင်းလာပြီဆိုရင်၊ ဒီတိုင်းပြည်ရဲ့

ကံကြမ္မာဟာ ဘယ်အခြေအနေမျိုးကို ရှေးရှုနေပြီဆို တာ အမတ်မင်းများ နားလည်ကြပြီးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ကျွန်တော် အခုပြောခဲ့တဲ့ အခြေအနေတွေ ဖြစ်လာပုံကို သေသေချာချာ လေ့လာဆန်းစစ်ပြီး ကြည့်မယ်ဆိုရင် ဒီအခြေအနေတွေဟာ ဟိုအရင်

၁၉၄၈-၄၉ ခုနှစ်က အခြေအနေမျိုးကို တဖြည်းဖြည်း ရှေးရှုပို့ဆောင်နေပြီဆိုတာ တွေ့ရပါလိမ့်မယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဆုံးဖြစ်တဲ့ အဖြစ် အပျက်တွေနဲ့ ပတ်သက်လို့တော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ရှင်းလင်းပြောပြသွားတာတွေကို အမတ်မင်းများ လည်း

ကြားကြရပြီးပါပြီ။

တိုင်းပြည်မှာ ဒီလိုရင်ဆိုင် လာရတဲ့ အခြေအနေဆိုးတွေကို အချိန်မီ ထိန်းပေးဖို့၊ အိမ်စောင့်အစိုးရတစ်ခုဖွဲ့ဖို့ ကျွန်တော့်ကို ဦးနုက ခေါ်ပြီးတာဝန်ပေးပါတယ်။

ဒီလို တာဝန်ပေးတာကို ကျွန်တော့်အနေနဲ့ ခေါင်းမရှောင်လိုသောကြောင့် ဒီမိုကရေစီနည်းကျကျ ပါလီမန်က အာဏာပေးအပ် ခြင်းကို လက်ခံယူလိုက်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဝန်ကြီးချုပ်ရဲ့ တာဝန်ဝတ္တရားကို အခုလိုလက်ခံရခြင်းဟာ ကျွန်တော် နဲ့တကွ အမတ်မင်းများအားလုံး အမြတ်တနိုး ဦးထိပ်

ရွက်ပန်ထားတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီအစဉ်အလာကို အန္တရာယ် အမျိုးမျိုးက ခြိမ်းခြောက်နှောင့်ယှက်လာနေတာ

တွေ့ရတဲ့အတွက် ဒီအန္တရာယ်ကိုကာကွယ်ဖို့ တာဝန်ယူ လက်ခံလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော် ဒီလိုတာဝန်ယူ ခြင်းဟာ ပြည်ထောင်စုသား ပုဂ္ဂိုလ်တစ်ယောက်အနေ

နှင့်လည်းကောင်း၊ စစ်သားတစ်ယောက်အနေနှင့် လည်းကောင်း တာဝန်ရှိတဲ့အတိုင်း တာဝန်ယူလိုက်ခြင်း ပဲဖြစ်ပါတယ်။ ဒါကြောင့် ပါလီမန်က ပေးအပ်တဲ့

ဒီတာဝန်ကြီးကို ကျွန်တော် ရဲရဲဝံ့ဝံ့ပဲ လက်ခံလိုက် ခြင်းဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် စစ်ရေးအရ တင် မဟုတ်ဘူး၊ နိုင်ငံရေးအရပါ ဖြေရှင်းရမယ်လို့ ကျွန်တော် ယခင့်ယခင်အခါများက မကြာခဏ ပြောခဲ့

တဲ့စကားအတိုင်းဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့် အစိုးရရဲ့ ဆောင်ပုဒ်ပါ။

ဗိုလ်ချုပ်ကြီးနေဝင်းမိန့်ခွန်းပြောသည့် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာပင် အထွေထွေ သင်ပုန်းချေအမိန့်ကို ရုပ်သိမ်းလိုက်ပြီး သောင်းကျန်းသူ များကို

ထိုးစစ်များဖြင့် တိုက်ခိုက်ချေမှုန်းရာ အိမ်စောင့်အစိုးရလက်ထက်၌ သောင်းကျန်းသူ ၁၃ဝဝ ကျော်ကို ချေမှုန်းနိုင်ပြီး ၁၃ဝဝ ကျော် လက်နက်ချ ခဲ့ကြရသည်။

၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆူပူမှုကို လှုံ့ဆော်နေသည့် ပမညတခေါင်းဆောင် အများအပြား ကို ဖမ်းဆီး၍ အချို့ကိုကိုးကျွန်းသို့ပို့ကာ ထိန်းသိမ်း ခဲ့ရသည်။ [၉]

သောင်းကျန်းသူများ မဒညတ ဖွဲ့စည်းခြင်းနှင့် အိမ်စောင့်အစိုးရ၏ ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

မဒညတဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

အိမ်စောင့်အစိုးရလက်ထက်တွင် တောတွင်း လက်နက်ကိုင် ကွန်မြူနစ်တို့သည် တပ်မတော်၏ ထိုးစစ်ကြောင့် လက်နက်ကိုင်အင်အား ၃ဝဝဝ မှ

ထက်ဝက်ကျော်သည်အထိ ယုတ်လျော့ခဲ့ရသည်။ ပါတီ သည်လည်း လူထုနှင့်အဆက်အသွယ်ပြတ်လာသည်။ စခန်းချရာနေရာများကိုလည်း လူသိမခံဝံ့တော့ပေ။

ဗဟိုနှင့်တိုင်းအဆင့်များမှာ တစ်နှစ်နီးပါးကြာသည် အထိ အဆက်ပြတ်နေခဲ့သည်။ တိုင်းနှင့်ခရိုင်များမှာ လည်း အဆက်အသွယ်ပြတ်ကုန်ကြသည်။ ကိုအောင်သူ၊

ကိုယော၊ ဗိုလ်ညွန့်မောင် စသောဗဟိုကော်မတီဝင်များ နှင့်ကိုလွင်မောင်၊ ကိုစိန်ဝင်းစသော တိုင်းကော်မတီဝင် များပါတီ၏ခေါင်းဆောင်မှုအပေါ်

အယုံအကြည်ကင်းမဲ့ ကာ အလင်းဝင်လာကြသည်။ တိုင်း(၃)ဒေသတစ်ခုလုံး မှာလည်းပြုတ်သွားသည်။

ဟံသာဝတီခရိုင်နှင့်အင်းစိန် ခရိုင်တွင် တစ်ဦးတစ်ယောက်မျှမကျန်တော့ပေ။ မြစ်ဝ ကျွန်းပေါ် ဖျာပုံခရိုင်တွင်သာ အနည်းငယ်ကျန်ခဲ့သည်။ စစ်တွေခရိုင်တွင်ဆိုလျှင်

လက်နက်ကိုင်အားလုံးလိုလို လက်နက်ချကုန်ကြသည်။ ထို့ကြောင့် အောက်ဗမာပြည် တိုင်းနှင့် ကျန်ဒေသများတွင် ပါတီအဖွဲ့အစည်းများနှင့် လက်နက်ကိုင်တပ်များမှာ

တစ်ဝက်အထိ လျော့ကျသွား ရလေသည်။

တပ်မတော်၏ ထိုးစစ်များမှာ မြစ်ဝကျွန်းပေါ် ဒေသရှိ ကော်သူးလေ လက်နက်ကိုင်တပ်များ၏ နယ်မြေကိုလည်း ပိုမိုကျဉ်းမြောင်းသွားစေခဲ့သည်။

စီးပွားရေးကောင်းသောနေရာများမှာ ပိတ်ဆို့ ကုန်သောကြောင့်လည်း ကေအင်န်ယူပါတီအတွင်း စီးပွားရေးအကျပ်အတည်း ပေါ်ပေါက်လာသည်။

ကေအင်န်ယူပါတီသည် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများအတွင်း ကျင်းပသော ပါတီ ကွန်ဂရက်တွင် တပ်ပေါင်းစုဖြစ်ရေးကို လိုလားကြောင်း

ကြေညာခဲ့သည်။

မွန်ပြည်သူ့တပ်ဦး လက်နက်ချသွားသည့်အတွက် လည်း မွန်သောင်းကျန်းသူ လှုပ်ရှားမှုမှာ ပျောက်ကွယ် သလောက်ဖြစ်ခဲ့ရသည်။ လက်နက်ကိုင် မွန် သောင်းကျန်းသူ

၅ဝ ခန့်သည် မွန်ပြည်သစ်ပါတီဟူ၍ ဖွဲ့စည်းကာ ဆက်လက်လှုပ်ရှားသော်လည်း ထင်ရှား ခြင်းမရှိပေ။ ထို့ကြောင့် အဘက်ဘက်က ဆုတ်ယုတ် လာသော

သောင်းကျန်းသူများသည် ဆက်လက် ရပ်တည်နိုင်ရေးအတွက် နည်းလမ်းရှာလာကြရသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီအရှေ့ကော်သူးလေ အင်အားစုများ

မပါဝင်သည့် ကေအင်န်ယူပါတီနှင့် မွန်ပြည်သစ်ပါတီတို့သည် ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ် ပေါင်းစု(မဒညတ)ကို

ဖွဲ့စည်းလိုက်ကြသည်။

မဒညတဖွဲ့စည်းကြောင်း ကြေညာချက်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့် မွန်ပြည်သစ် ပါတီတို့မှ ကိုယ်စားလှယ်တို့သည် အမျိုးသားလွတ်လပ်ရေး

ထိန်းသိမ်းရေး၊ ဒီမိုကရေစီအခွင့်အရေးများ ပြန်လည်ဖွံ့ဖြိုးရေး၊ လူမျိုးစုအခွင့်အရေးများ အပြည့် အဝရရှိရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်

တည်ဆောက်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးပြီးနောက် မဒညတကိုဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေညာခဲ့ကြ သည်။

မဒညတအနေဖြင့် မိမိလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ဆွေးနွေးစေ့စပ်၍ တစ်သဘော တည်းရှိအောင် ညှိနှိုင်းခြင်း၊ ဒီမိုကရေစီကျကျ ဆောင်ရွက်ခြင်း၊

တညီတညွတ်တည်း စုပေါင်း လုပ်ဆောင်ခြင်း၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ လွတ်လပ်ခွင့်ကို လေးစားခြင်း၊ အဖွဲ့အစည်းများ၏ အတွင်း၌ ဝင်မစွက်ခြင်း၊

တစ်ဦးကတစ်ဦးကို ဝိုင်းပယ်ခြင်း၊ အပြန်အလှန် အကူအညီပေးခြင်းနှင့် အပြုသဘောဝေဖန်ခြင်းစသည့် ဒီမိုကရေစီ၏စည်းရုံး ရေးမူများအရ

လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ တပ်ပေါင်းစုလုပ်ငန်းစဉ်နှင့်စည်းရုံးရေးမူများကိုလည်း ချမှတ်ခဲ့ကြောင်း စစ်ရေးလုပ်ငန်းများ၊ မြေယာလုပ်ငန်း များ၊

ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအတွက် ကော်မရှင်အဖွဲ့များဖွဲ့၌ လွှဲအပ်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ လောလောဆယ်တွင် မဒညတကို သုံးပါတီဖြင့်

စတင်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီအားလုံး လူထု လူတန်းစားအားလုံးနှင့် ပြည်ချစ်ပုဂ္ဂိုလ်များကို မဒညတတွင် ပါဝင်ရန်ဖိတ်ခေါ်ကြောင်း

ကြေညာခဲ့ ကြသည်။

မဒညတလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက် ရန် ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်ဇင်၊သခင် တင်ထွန်းနှင့်ကိုမြ၊ ကေအင်န်ယူပါတီမှ မန်းဘဇံ၊ မန်းသာမြိုင်နှင့်

စကောလယ်တော၊ မွန်ပြည်သစ်ပါတီမှ နိုင်ဘလွင်နှင့် နိုင်စံမိတ်တို့ပါဝင်သော သဘာပတိအဖွဲ့ ကိုလည်း ဖွဲ့စည်းလိုက်လေသည်။ သို့ရာတွင် သဘာပတိ

အဖွဲ့အနေဖြင့် မည်သည့်လုပ်ငန်းကိုမျှ ထိထိ ရောက်ရောက် ဦးဆောင်မှုမပြုနိုင်ပေ။ အောက်ခြေ တွင်လည်း အလုပ်တွင်ကျယ်ခြင်း၊ ကျယ်ပြန့်လာခြင်း မရှိဘဲ

မဒညတဆိုသည်မှာ အမည်ခံမျှလောက်သာ ဖြစ်နေခဲ့လေသည်။

စင်စစ် မဒညတဆိုသည်မှာ ချုပ်ငြိမ်းလုနီးပါး အခြေအနေအထိ ကျဆင်းသွားခဲ့ရသော ဗမာပြည် ကွန်မြူနစ်ပါတီက ပြန်လည်နာလန်ထူအောင် ကြိုးစား

ခြင်းပင်ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ယခင် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုနှင့် သုံးပါတီ ညီညွတ်ရေးဆောင်ရွက်စဉ်များကကဲ့သို့ပင် မဒညတ တွင်လည်း

အဓိကခေါင်းဆောင်မှုကိုရယူခဲ့သည်။

မဒညတသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ကြိုးကိုင် ခြယ်လှယ်မှုအောက်တွင်သာရှိခဲ့သည်။ သို့သော် ကျစ်လျစ်သိပ်သည်းသော အဖွဲ့အစည်းတစ်ခု မဟုတ်

သည့်အလျောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န် ယူပါတီနှင့် မွန်ပြည်သစ်ပါတီတို့သည် မိမိတို့နယ်မြေ များတွင် မိမိတို့ သဘောဆန္ဒအလျောက်သာ သူတစ်လူ

ငါတစ်မင်း ကြီးစိုး၍နေကြလေသည်။

ပဒေသရာဇ်စနစ်ချုပ်ငြိမ်းခြင်း[ပြင်ဆင်ရန်]

၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်၌ မြေအောက် သောင်းကျန်းသူများ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်းနေကြစဉ် မြေပေါ်တွင် အိမ်စောင့်

အစိုးရသည် ပဒေသရာဇ်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေလေသည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ် လက်အောက်သို့ ကျရောက်သည့်အချိန်မှစ၍

ပဒေသရာဇ်စနစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းခဲ့ရသည် ဆိုသော်လည်း ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်များ မှာမူ ပဒေသရာဇ်စော်ဘွားများ၊ စောဖျာများ၏

အုပ်ချုပ်မှုအောက်တွင်သာ ရှိနေခဲ့ရသည်။ နယ်ချဲ့ အစိုးရသည် တောင်တန်းဒေသများကို ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်များ သီးသန့်ထားပေးခြင်းအားဖြင့်

တောင်ပေါ်မြေပြန့် သွေးကွဲအောင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နယ်ချဲ့အစိုးရကစော်ဘွားနှင့်စောဖျာများ ကို ဆနာ့ဒ်ခေါ် စာချွန်များဖြင့် ချုပ်ကိုင်ထားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ အခြေ အနေအရပ်ရပ်ကြောင့် ရှမ်းပြည်နယ်နှင့်ကယား ပြည်နယ်မှ ပဒေသရာဇ်စနစ်သည် ဆက်လက်ရှင်သန် နေခဲ့ရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ငဲ့ကွက်ခဲ့ရသဖြင့် ပဒေသရာဇ်များမှာ အထူးအခွင့်

အရေးများရရှိခံစားခဲ့ကြရသည်။ လူမျိုးစုလွှတ်တော် တွင် စော်ဘွားနှင့်စောဖျာများအတွက် သီးသန့်အမတ် နေရာများ သတ်မှတ်ထားရသည်။

လူမျိုးစုလွှတ်တော်တွင် ရှမ်းစော်ဘွား ၂၅ ဦး၊ ကယားစောဖျာ သုံးဦး၊ ပေါင်း ၂၈ ဦးသည် ရွေးကောက်ပွဲဝင်ရန်မလိုဘဲ အမတ်ဖြစ်ခွင့်ရှိသော

ပဒေသရာဇ်အမွေခံများဖြစ်သည်။

ပဒေသရာဇ်စနစ်သည် လွတ်လပ်ရေးခေတ်နှင့် ယှဉ်လျှင် တိုးတက်ခေတ်မီခြင်း မရှိတော့သည် သာမကဘဲ တောင်တန်းဒေသ ပြည်သူလူထုသည်လည်း

ပဒေသရာဇ်တို့၏ ဖိနှိပ်ချုပ်ချယ်မှုကို မတန်တဆ ခံခဲ့ကြရပြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် ပဒေသရာဇ် စော်ဘွား၊ စောဖျာများသည် အခွင့်အရေးပိုမိုရရှိခဲ့

သည့်အလျောက် နယ်ချဲ့အစိုးရ၏ဘက်တော်သားများ သာ ဖြစ်ခဲ့သည်။ ရံဖန်ရံခါတွင် လွတ်လပ်ရေးခရီး၏ အနှောင့်အယှက်များဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း

ဘိလပ်သို့ လွတ်လပ်ရေးအရေးဆိုရန် သွားရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်၏ ကိုယ်စားလှယ် မဟုတ်ပါဟု ကြေးနန်းရိုက်ခဲ့သူများမှာ ပဒေသရာဇ်များ

ပင်ဖြစ်သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း ပဒေသရာဇ်များသည် ၁ဝ နှစ်ပြည့်လျှင် ခွဲထွက်ခွင့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို အကျပ်ကိုင်ခဲ့သည်။

စော်ဘွား များက ကေအင်န်ဒီအိုနှင့်ပူးပေါင်းခဲ့သဖြင့် တောင်ကြီး မြို့သည် သောင်းကျန်းသူများလက်တွင် လေးလကြာ ကျဆင်းခဲ့ရသည်။ စော်ဘွားအချို့မှာ

ကေအမ်တီ ကျူးကျော်ရေးသမားများနှင့်ပူးပေါင်းပြီး အမျိုးသား ရေးကို သစ္စာဖောက်ခဲ့ကြသည်။

အခြေခံဥပဒေရေးဆွဲစဉ်က လူမျိုးစုလွှတ်တော် တွင် စော်ဘွား ၂၅ ဦးနှင့် စောဖျာ သုံးဦး ရွေးကောက်ပွဲ မဝင်ဘဲ အမတ်ဖြစ်နိုင်စေရန် ပုဒ်မ ၁၅၄ နှင့် ၁၈၁က

အခွင့်အရေးပေးထားခဲ့သည်။ သို့သော် လွတ်လပ်ရေး ရပြီး သုံးနှစ်ကြာလျှင် ဤအချက်ကို ပြန်လည်သုံးသပ် ပြင်ဆင်မည်ဟု ပြည်နယ်ဆိုင်ရာအခြေခံဥပဒေရေးဆွဲ

ရေးဆပ်ကော်မတီက ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုအချက်ကို ပြင်ဆင်ရန် မည်သူမျှမစဉ်းစားခဲ့ပေ။ ပမညတအဖွဲ့က သာ

ပဒေသရာဇ်စနစ် အကြွင်းအကျန်ကို အခြေခံ ဥပဒေပြင်ဆင်၍ ဖယ်ရှားပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့သည်။ ဖဆပလအစိုးရက မူအားဖြင့် လက်ခံသော်လည်း

ပမညတအဆိုမှာ မဲခွဲရာတွင် ရှုံးခဲ့ ရသည်။ အစိုးရက စော်ဘွားများ၊ စောဖျာများနှင့် လည်း ဆွေးနွေးသည်။ အိန္ဒိယနိုင်ငံရှိ မဟာရာဂျာများ ထံသို့လည်း

အဖွဲ့စေလွှတ်၍ လေ့လာစေသည်။ သို့သော် ဖဆပလအစိုးရသည် ပဒေသရာဇ်စနစ် အကြွင်းအကျန်အား ငြိမ်းအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။

ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဒီမိုကရေစီ ထွန်းကားရေးကို ကျယ်ပြန့်စွာစည်းရုံးဆောင်ရွက်ခဲ့ သည်။

ပြည်နယ်ကောင်စီများအား လေးစားခြင်း၊ ပြည်နယ်နှင့် ပြည်ထောင်စုဘဏ္ဍာရေးကို မျှတစွာ သုံးစွဲခြင်းဖြင့်လည်း လက်တွေ့ပြခဲ့သည်။ ထို့ကြောင့်

အချို့စော်ဘွားနှင့်စောဖျာများက ပူးပေါင်းဆောင်ရွက် လာသည်။ ၁၉၅၉ ခုနှစ်၊ မတ်လတွင် စော်ဘွား၊ စောဖျာ များက ပဒေသရာဇ်အာဏာစွန့်လွှတ်ရေးအတွက်

အခြေခံမူများတွင် သဘောတူညီလာကြသည်။

ပြည်နယ်ကောင်စီများက သဘောတူညီချက်များကို မတ်လတွင်ပင် ဆွေးနွေးလက်ခံသည်။ ပါလီမန် လွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ဒုတိယ

ပြင်ဆင်ချက်) အက်ဥပဒေကို မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ပေးခဲ့သည်။ ပြင်ဆင်ချက်အရ စော်ဘွား၊ စောဖျာများသည် လူမျိုးစုလွှတ်တော်များတွင် သီးသန့်

အမတ်နေရာများ ရပိုင်ခွင့်မရှိတော့ပေ။

သို့သော် ပြည်ထောင်စုသားများအဖြစ် ကြိုက်ရာလွှတ်တော်တွင် ယှဉ်ပြိုင်အရွေးခံပိုင်ခွင့်ရှိသည်။ ပဒေသရာဇ်များက အခွင့်အရေး စွန့်လွှတ်သဖြင့် အိမ်စောင့်အစိုးရက

သင့်တော်သော လျော်ကြေးငွေများကို ထုတ်ပေးခဲ့သည်။

၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် စော်ဘွား၊ စောဖျာများက မိမိတို့အခွင့်အရေးများကို စွန့်လွှတ် ကြောင်း ကြေညာ၍ စာချုပ်ချုပ်ဆိုကြသည်။ ဧပြီလ ၂၂ ရက်တွင်

နေးရှင်းအင်္ဂလိပ် သတင်းစာခေါင်းစီးပိုင်း က ဘိုးစဉ် ဘောင်ဆက် အမွေဆက်ခံနည်းဖြင့် ခံစား ခဲ့ကြသော ပဒေသရာဇ်အခွင့်အရေးများကို စော်ဘွား များက

စွန့်လွှတ်လိုက်ကြခြင်းဖြင့် ရှမ်းပြည်နယ်သို့ ပြည်သူ့အစိုးရစနစ် ဆိုက်ရောက်လေပြီ ဟု ရေးသား ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင်

တောင်ကြီးမြို့၌ ကျင်းပသော စော်ဘွား များ အာဏာစွန့်လွှတ်သည့် အခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ စော်ဘွား၊ စောဖျာများက

စေတနာဖြူစင် သဘောထားကြီးစွာ ဖြင့် ပဒေသရာဇ်အာဏာအခွင့်အရေးများကို စွန့်လွှတ် ပေးသည့်အတွက် ချီးကျူးကြောင်း၊ အနာဂတ်တွင် လည်း

ရှမ်းပြည်နယ်၏ စီးပွားရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးမှုများအတွက် ပညာအား၊ လူအား၊ ငွေအားဖြင့် ကူညီကြစေလိုကြောင်း၊ ပြည်နယ်လူထုက အာဏာစွန့်ပြီးသည့်

စော်ဘွားများကို မထေမဲ့မြင် မပြုလုပ်ကြဘဲ လေးစားစွာဆက်ဆံကြဖို့လိုကြောင်း၊

တိုင်းရင်းသားများသည် ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ ကျဉ်းမြောင်းသော လူမှုရေးစိတ်ဓာတ်မပွားများသင့် ကြောင်း ဗိုလ်ချုပ်ကြီးနေဝင်းက မိန့်ခွန်းပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် ကြွင်းကျန်နေသည့် ပဒေသရာဇ် စနစ် ချုပ်ငြိမ်းသွားသော်လည်း စော်ဘွားအချို့သည် ကျေနပ်မှုမရှိကြပေ။ မူလကတည်းက ပဒေသရာဇ်စနစ်

ကာကွယ်ရေးအတွက် ရှမ်းသောင်းကျန်းသူအဖွဲ့အစည်း များအား လျှို့ဝှက်စွာကြိုးကိုင်လျက်ရှိရာ ယခုကဲ့သို့ အာဏာစွန့်လွှတ်လိုက်ရသောအခါ နွံစစ်ဟန်ကဲ့သို့

သောအဖွဲ့များကို ပိုမိုကူညီအားပေးကြလေတော့ သည်။

အိမ်စောင့်အစိုးရ၏ ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ရောက်သောအခါ အိမ်စောင့်အစိုးရ၏ သက်တမ်းမှာ ခြောက်လစေ့သွား သဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးချုပ်အဖြစ်မှ

နုတ်ထွက်လိုက်သည်။ သို့သော် ပါလီမန်က ဗိုလ်ချုပ် အစိုးရသက်တမ်းအတွင်း ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့သည့် အခြေခံဥပဒေပြင်ဆင်ချက်ကို ပြဋ္ဌာန်းပေးသည်။ ၁၉၅၉

ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ရက်စွဲပါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (ပြင်ဆင်ချက်)ကို သန့်ရှင်း၊ တည်မြဲနှစ်ဖက်စလုံးက ထောက်ခံသော်လည်း ပမညတ များက

ပြင်းထန်စွာကန့်ကွက်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရအဖွဲ့ကို အနည်းငယ်ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ ထို့နောက်တရားမျှတသော ရွေးကောက်ပွဲကျင်းပ

နိုင်သည်အထိ တိုင်းပြည်ကိုထိန်းသိမ်းပါမည် ဟူသော ကတိအတိုင်း အိမ်စောင့်အစိုးရသည်

ဆက်လက် တာဝန်ယူရပြန်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းပင်အုပ်ချုပ်ခဲ့သည်။ ယခင်အစိုးရများ

လက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေသည် စာအုပ်ထဲ မှာသာရှိပြီး ထင်ရာစိုင်းမှုများသာရှိခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလထုတ် နယူးစတိတ်မင်း

သတင်းစာ (New Statesman, London) က အောက်ပါအတိုင်း ရေးသားခဲ့သည်။

ဗိုလ်ချုပ်အစိုးရ၏ မင်္ဂလာရှိသောလုပ်ရပ်သည် အခြေခံဥပဒေကိုလည်းကောင်း၊ ပါလီမန်ကို လည်း ကောင်း လေးစားခြင်းဖြစ်၏ ဖဆပလကွဲပြီးနောက်

အုပ်စုအစိုးရကို သုံးလတာမျှခေါင်းဆောင်ခဲ့သော ဦးနုသည် ရသုံးမှန်းခြေစာရင်း ဘတ်ဂျက်ကိုပင် ပါလီမန်သို့ မတင်တော့ဘဲ တစ်ချက်လွှတ်အမိန့်ဖြင့်

ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ချက်ချင်း ပါလီမန်ကိုခေါ်ယူ၍ ဘတ်ဂျက်ကိုထုံးတမ်းညီတင်ကာ အတည်ပြုချက်ယူသည်။ တစ်ချက်လွှတ်အမိန့်ဖြင့်

ဥပဒေပြုခြင်းမျိုးကိုလည်း ရှောင်ရှားခဲ့သည်။

အိမ်စောင့်အစိုးရသည် ဝန်ကြီးများ၏ လစာ အခွင့်အရေး တိုးမြှင့်ပေးရန် ဥပဒေကြမ်းများကို ပါလီမန်သို့ တင်ပြအတည်ပြုစေခဲ့သည်။ သို့သော် ထိုဥပဒေမှာ

ရွေးကောက်ပွဲတွင်အနိုင်ရသည့် အစိုးရ အဖွဲ့တက်လာကာမှ အတည်ပြုစေရမည်ဖြစ်ရာ အိမ်စောင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ အကျိုးအတွက် မဟုတ်ပေ။

အတိုက်အခံပါတီခေါင်းဆောင်များကို လည်း ဝန်ကြီးတစ်ဦးလစာ အခွင့်အရေးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

အိမ်စောင့်အစိုးရ၏ အဓိကအောင်မြင်မှုကြီး များမှာ ပဒေသရာဇ်စနစ်ကို ချုပ်ငြိမ်းစေခဲ့ခြင်းနှင့် တရုတ်-မြန်မာနယ်နိမိတ်ကိစ္စကို ဖြေရှင်းရန် စီစဉ် ခဲ့ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် မစ်ရှင်အဖွဲ့တစ်ခုကို ခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့ ကို သွားခဲ့သည်။

ထို့နောက် တရုတ်-မြန်မာ နယ်နိမိတ် စာချုပ်ကို ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။ သို့ဖြင့် ကိုလိုနီခေတ်ဦး ကတည်းက

မပြေလည်ဖြစ်ခဲ့ရသော တရုတ်-မြန်မာ နယ်နိမိတ်ကိစ္စမှာ ပြေလည်သွားခဲ့ရသည်။

အိမ်စောင့်အစိုးရသည် ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာ လ ၁၉ ရက်တွင် ပါလီမန်ကိုဖျက်သိမ်းပြီး ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲများအတွက် ၁၉၆ဝ ပြည့်နှစ်၊

ဖေဖော်ဝါရီလ ၆ ရက်ကို သတ်မှတ် ပေးလိုက်သည်။ လူမျိုးစုလွှတ်တော်ရွေးကောက်ပွဲ များကိုမူ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ကျင်းပရန် သတ်မှတ်ပေးသည်။

ရွေးကောက်ပွဲတွင် သန့်ရှင်းဦးနု ၏ ပြည်ထောင်စုပါတီ(ပထစ)က အနိုင်ရရှိသွားသည်။ ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၄ ရက်တွင် ဦးနုသည် ဝန်ကြီးချုပ်ဖြစ်လာပြန်သည်။

၁၉၆ဝ ပြည့်နှစ်များ၏ အစပိုင်းတွင် နိုင်ငံတော် သည် အိမ်စောင့်အစိုးရ၏ အုပ်ချုပ်ကွပ်ကဲမှုကြောင့် ပြန်လည်တည်ငြိမ်မှုရရှိခဲ့သည်ဆိုသော်လည်း ပြည်တွင်း

သောင်းကျန်းမှုများမှာ လုံးဝပျောက်ကွယ်နိုင်ခြင်းမရှိ သေးပေ။ အိမ်စောင့်အစိုးရလက်ထက်တွင် ဆက်တိုက် ဆင်နွှဲသောထိုးစစ်များကြောင့် ဗမာပြည်ကွန်မြူနစ်

ပါတီ၏ လက်နက်ကိုင်အင်အားသုံးထောင်အနက် တစ်ဝက်ကျော်မှာ သေသူသေ၊ လက်နက်ချသူချဖြင့် လျော့နည်းသွားခဲ့သည်။ ပါတီတွင်း ခေါင်းဆောင်မှုမှာ လည်း

ချွတ်ခြုံကျခဲ့သည်။

မဟာမိတ်လက်နက်ကိုင်များ ဖြစ်သည့် ရဲဘော်ဖြူလွတ်လပ်ရေးတပ်ဦး၊ ရခိုင် လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့်ပအိုဝ်း လွတ်မြောက်ရေး အဖွဲ့ချုပ်တို့ကလည်း

လက်နက်စွန့်၍ အလင်းဝင် သွားကြသည်။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရာတွင်လည်း အရှေ့ကော်သူးလေ (ခေါ်) စစ်တောင်းမြစ်

အရှေ့ဘက်ကမ်းနှင့်ထိုင်းနယ်စပ်ကြား မှ ကေအင်န်ဒီအိုများက မပါဝင်ခဲ့ကြပေ။ အလံနီများ မှာ အင်အားမကောင်းရသည့် အခြေအနေမှာပင် ရခိုင်

အလံနီကျော်ဇံရွှီးတို့နှင့် ပဋိပက္ခဖြစ်ပေါ်မှုကို ဖြေရှင်း နေရသည်။

ပြည်တွင်းသောင်းကျန်းမှု အခြေအနေမှာ ပြိုကွဲ ချုပ်ငြိမ်းသည့်အပိုင်းများရှိသကဲ့သို့ ဆက်လက်တည်မြဲ နေသေးသည့် အပိုင်းများလည်းရှိသည်။ ရှမ်းသောင်း

ကျန်းသူများကဲ့သို့ အသစ်ပေါ်ပေါက်လာသည့်အဖွဲ့ အစည်းများလည်းရှိနေသည်။

အိမ်စောင့်အစိုးရ၏ သက်တမ်းသည် တိုတောင်း သော်လည်း တိုင်းပြည်အတွက် အရေးပါအရာရောက် သော အချက်အလက်များကို ထိရောက်စွာဆောင်ရွက်

နိုင်ခဲ့သည်။

အိမ်စောင့်အစိုးရသည် အာဏာရဖဆပလ အုပ်စုများက တည်ထောင်ထားခဲ့သည့် အိတ်ဆောင် တပ်များကို ဖျက်သိမ်းလိုက်နိုင်သည်။ အခြေခံဥပဒေ ပုဒ်မ ၉၇ အရ

ကြည်း၊ ရေ၊ လေ တပ်တို့ကို ပါလီမန် ခွင့်ပြုချက်ရမှသာ ဖွဲ့စည်းနိုင်ကြောင်း ပြဋ္ဌာန်းထား သည်။ သို့သော် ဖဆပလအုပ်စုတို့သည် အခြေခံဥပဒေ ကို မျက်ကွယ်ပြုကာ

အကြောင်းအမျိုးမျိုးပြ၍ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ် သည်။ အိမ်စောင့်အစိုးရက အဆိုပါတပ်ဖွဲ့များအား ဖျက်သိမ်း၍ တပ်ဖွဲ့ဝင်များအား

တပ်မတော်နှင့် စစ်ရဲတပ်များသို့ အသွင်ပြောင်းပေးခဲ့သဖြင့် နိုင်ငံ၏ စစ်အင်အားမှာ တိုးတက်လာသည်။ ဖရိုဖရဲဖြစ်နေ သည့် စစ်ရဲတပ်များကိုလည်း

ဗိုလ်မှူးကြီးတန်ယုဆိုင် နှင့် တပ်မတော်တပ်မှူးအချို့ကို စေလွှတ်၍ ပြုပြင် ဖွဲ့စည်းစေခဲ့သည်။ ထို့နောက် စစ်ရဲတပ်များအား တပ်မတော်အတွင်းသို့

ထည့်သွင်းဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။

တပ်မတော်အရာရှိများသည် အပိုတာဝန်များကို ထမ်းဆောင်ကြရာ ဗိုလ်မှူးကြီးကျော်စိုးသည် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ဗိုလ်မှူးကြီးခင်ညိုက

မီးရထား၊ ဗိုလ်မှူးချုပ်(လေ)တီကလစ်က ပြည်ထောင်စု လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဗိုလ်မှူးကြီးဘနီ ကြေးနန်းဆက်သွယ်ရေး စသည်ဖြင့် တာဝန်ယူ၍

ဆောင်ရွက်ကြရာ နိုင်ငံ၏အုပ်ချုပ်ရေး ယန္တရားနှင့် စီးပွားရေးအခြေအနေမှာ တစ်ရှိန်ထိုး တိုးတက်လာ သည်။ နယ်ခြားဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေးအတွက်

ဗိုလ်မှူးကြီးစောမြင့်က နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန သစ်ကို ဖွင့်လှစ်ရသည်။ ဗိုလ်မှူးကြီးချစ်မြိုင်က တစ်နိုင်ငံလုံး အမျိုးသားမှတ်ပုံတင်ကိစ္စ ထိရောက်စွာ

ဆောင်ရွက်သည်။ ဗိုလ်မှူးကြီးအောင်ကြီးက စီးပွားရေးကိုကိုင်ပြီး ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်မှူးကြီး ကြည်ဝင်းစသော အရာရှိကြီးများလည်း တာဝန် အသီးသီးကို

ထမ်းဆောင်ကြရသည်။

အိမ်စောင့်အစိုးရ၏ ဆောင်ရွက်ချက်များအနက် ထိရောက်၍ ထင်ရှားသော ဆောင်ရွက်ချက်မှာ ရန်ကုန် မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက်

ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဗိုလ်မှူးကြီး ထွန်းစိန်သည် မြူနီစီပယ်မင်းကြီးနှင့် ရန်ကုန် မြို့တော်ဝန်အဖြစ်တာဝန်ယူ၍ မြို့တော်သန့်ရှင်းရေး ကို ဆောင်ရွက်ရသည်။

တော်လှန်ရေးပန်းခြံ၊ မင်းမနိုင်၊ ဗဟန်း စသောနေရာများမှ ကျူးကျော်ကွက်သစ်များ ပြဿနာမှာ ယခင်အစိုးရများ မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာပင်ဖြစ်သည်။

ကျူးကျော်ကွက်သစ်များမှာ မီးဘေးအန္တရာယ်ကို စိုးရိမ်ရပြီး မကောင်းမှုဒုစရိုက်များ ခိုအောင်းရာလည်းဖြစ်သည်။ သို့သော် နိုင်ငံရေး အဖွဲ့အစည်းများသည်

ကျူးကျော်ကွက်သစ်များတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်ကြသူများထံမှ မဲကို မျှော်ကိုး၍ ယင်းပြဿနာကိုကိုင်တွယ်ခြင်းမပြုကြပေ။ အိမ်စောင့်အစိုးရမှာမူ

ယင်းပြဿနာကို အမုန်းခံ၍ ဖြေရှင်းပေးရသည်။ ကွက်သစ်များကို ဖျက်သိမ်း ပြောင်းရွှေ့၍ ဥက္ကလာပ၊ သာကေတမြို့သစ်များတွင် နေရာချပေးသည်။

တပ်မတော်အင်ဂျင်နီယာတပ်များ က မြို့သစ်များတွင် မိုင် ၅ဝ ခန့်ရှည်လျားမည့် လမ်း များကို ဖောက်လုပ်ပေးသည်။ မြို့သစ်များတည်ဆောက် ရာတွင်

တပ်မတော်သည် အစွမ်းကုန်အကူအညီပေး ခဲ့သည်။

ကွက်သစ်များဖျက်၍ မြို့သစ်တည်ခြင်းကို အချို့ က မကြိုက်ပေ။ နိုင်ငံရေးသမားများက တပ်မတော် သည် ဖက်ဆစ်ဆန်သည်ဟု ဝေဖန်ကြသည်။ ဦးနု

ကိုယ်တိုင်ကပင် ၁၉၅၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အစည်းဝေးပွဲ၌ ကွက်သစ်လူထု မျက်ရည်ကျနေပြီဟုပြောခဲ့သည်။ သို့သော် အိမ်စောင့် အစိုးရကား

မဲဆန္ဒကိုမျှော်ကိုးစရာမလိုသည့်အလျောက် ဆောင်ရွက်စရာရှိသည်တို့ကို ပြတ်သားစွာပင် ဆောင်ရွက်သည်။ မြို့တော်သန့်ရှင်းရေးအတွက်

စည်းကမ်းမလိုက်နာသူများကိုလည်း ဒဏ်ငွေများ ချမှတ်ခြင်းဖြင့် အရေးယူခဲ့သည်။

အိမ်စောင့်အစိုးရ၏ သက်တမ်းဖြစ်သည့် ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်မှ ၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၄ ရက်အထိ တစ်နှစ်ခွဲကျော်ကျော် ကာလ အတွင်းတွင်

နိုင်ငံအတွက်လွန်စွာ အရေးပါသောကိစ္စ များကို ဆောင်ရွက်ခဲ့ရာ အောက်ပါအချက်တို့မှာ ထင်ရှားသည်။

၁။ တစ်နိုင်ငံလုံး ထိုးစစ်များဆင်နွှဲ၍ တိုက်ခိုက် သဖြင့် သောင်းကျန်းမှု အရှိန်အဟုန်များစွာ လျော့ကျသွားသည်။

၂။ ကုန်ဈေးနှုန်းကျဆင်းစေခဲ့သည်။

၃။ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ် စေရန် ဆောင်ရွက်ပြီး ကျူးကျော်ကွက်သစ်များကို ဖျက်သိမ်း၍ ဥက္ကလာပနှင့် သာကေတမြို့သစ်များ

တည်ထောင်ပေးခဲ့သည်။ သို့သော် ယင်းလုပ်ငန်း မှာ အပြီးမသတ်ခဲ့ပေ။ အစိုးရသက်တမ်းကုန် သည်နှင့် ရပ်ဆိုင်းသွားခဲ့ရသည်။

၄။ တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာကို ပြေလည် စေခဲ့သည်။

၅။ ရှမ်းစော်ဘွားများနှင့် ကယားစောဖျာများကို အာဏာစွန့်စေခြင်းဖြင့် မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ်ကို ချုပ်ငြိမ်းစေခဲ့သည်။

၆။ တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။

အထက်ပါအချက်များမှာ မည်သည့်အစိုးရကမျှ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် အချက်များပင်ဖြစ်သည်။ သို့သော် အိမ်စောင့်အစိုးရ၏ သက်တမ်းမှာ တိုတောင်း

လှရကား လုပ်ငန်းများမပြီးဆုံးမီမှာပင် ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရရှိသော ပြည်ထောင်စုပါတီကို အာဏာလွှဲပြောင်း ပေးခဲ့ရသည်။ ထိုအခါ လုပ်လက်စ

လုပ်ငန်းများမှာ အရှိန်အဟုန်နှင့် ဆက်လက် ဆောင်ရွက်ခြင်းမရှိသောကြောင့် ရပ်ဆိုင်းသွားရပြန် သည်။ [၁၀]

ပြည်ထောင်စုပါတီအစိုးရ[ပြင်ဆင်ရန်]

ပထစပါတီအာဏာရလာခြင်း[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရသည် အခြေခံဥပဒေအရ ၁၉၆ဝ ပြည့်နှစ်၊ ဇွန်လ ရောက်မှသာ ဒုတိယသက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ၊ သို့မဟုတ် ဖေဖော်ဝါရီလတွင် ရွေးကောက် ပွဲများကျင်းပ၍ အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း

ကြိုတင်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်။ ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲအတွက် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်ကို သတ်မှတ်ပြီး လူမျိုးစုလွှတ်တော် ရွေးကောက် ပွဲများအတွက် ဖေဖော်ဝါရီလ ၂၉ ရက်ကို

သတ်မှတ် ကြောင်း ကြေညာလိုက်သည်။ နိုင်ငံရေးပါတီမျိုးစုံသည် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် မဲဆွယ်ခြင်း၊ စည်းရုံး ခြင်း၊ ကြေညာချက်များထုတ်ပြန်ခြင်း

စသည်တို့ကို အပူတပြင်း လုပ်ဆောင်ကြတော့၏။

ဗိုလ်ချုပ်ကြီးနေဝင်းက ဒီဇင်ဘာလ ၂၁ ရက်တွင် လုံခြုံရေးကောင်စီဝင်များ အစည်းအဝေးကို ကျင်းပပြီး တပ်မတော်၊ ရဲနှင့်ပြည်သူ့ဝန်ထမ်းများသည်

ရွေးကောက်ပွဲတွင် ဘက်လိုက်ခြင်းမပြုကြဘဲ တရား မျှတစွာဆောင်ရွက်ရန် သတိပေးခဲ့သည်။ ထို့နောက် အိမ်စောင့်အစိုးရသည် အာဏာမလိုချင်ကြောင်း၊

မလုပ်မဖြစ်၍ ဝင်ထိန်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး သမားများ လိမ်လိမ်မာမာရှိကြဖို့လိုကြောင်း သတိပေး နှိုးဆော်ခဲ့သည်။

ဦးနု၏ သန့်ရှင်းဖဆပလများသည် ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလတွင် ညီလာခံကျင်းပခဲ့သည်။ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်စေရမည်ဟု

ညီလာခံတွင် အဓိဌာန်ပြုသည်။

ထို့ကြောင့် ဦးနုသည် ဗုဒ္ဓဘာသာသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် တောသူ တောင်သားများ၏ ထောက်ခံမှုကိုရရှိလာသည်။ ထိုအချိန်တွင်

တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာနက ကွန်မြူနစ်တို့၏ သာသနာဖျက်လုပ်ငန်းများကို ဓမ္မန္တရာယ်ဟု ကင်းပွန်းတပ်၍ စစ်ဆင်နေချိန်ဖြစ်သည်။ တပ်မတော်

သည် သံဃာတော်များနှင့် ပြည်သူလူထု ကို ချဉ်းကပ်၍စည်းရုံးသည်။ ဓမ္မန္တရာယ်စာတမ်းများ ကိုလည်း သန်းနှင့်ချီ၍ဖြန့်ဝေသည်။ တပ်မတော်၏

စိတ်ဓာတ်စစ်ဆင်မှုသည် ဦးနု၏နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးနှင့်တိုက်ဆိုင်နေသည်။

ဆွေ-ငြိမ်းတို့၏ တည်မြဲအုပ်စုက ဦးနုသည် နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်အမြတ်ထုတ် သည်ဟု စွပ်စွဲလိုက်သည်။ ဦးနုက ဖဆပလမကွဲခင်ကပင်

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ဆဌသင်္ဂါယနာတင်စဉ်ကလည်း ဆုံးဖြတ်ခဲ့သည်ဟု ချေပသည်။ တစ်ဖက်နှင့်တစ်ဖက်

အပြစ်အနာအဆာများရှာ၍ ပုတ်ခတ်စွပ်စွဲလာကြရာ ဦးနုသည် ဘာသာရေးဘက်မှ ရပ်တည်သူအဖြစ် အောင်မြင်လာသည်။ ဦးနုက အိမ်ကြီးအိမ်ကောင်းဖြင့်

မနေဘဲ အိမ်ငယ်ဖြင့်သာနေပြသည်။ ဂျစ်ကားကိုသာ စီးသည်။ သတင်းစာဆရာများကိုဖိတ်၍ ကိုယ်ကျိုးမရှာ ကြောင်းပြသသည်။ ဆွေ-ငြိမ်း တို့မှာမူ တိုက်တာ

များ ဖြင့်နေပြီး မာစီဒီးကားကိုစီးကြသည်။ နိုင်ငံခြား သတင်းထောက်များ အထင်သေးမည်စိုးသဖြင့် အဆင်းရဲခံရန်မလိုဟု ယူဆကြသည်။

ဆွေ-ငြိမ်း အုပ်စုက တပ်မတော်ထဲမှ ရဲဘော် များကို တို့လူတွေဟု ပြောကာ စည်းရုံးလာကြသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရအဖွဲ့သည်

ပင်လျှင် တည်မြဲများက စီစဉ်ပေးနေသကဲ့သို့ ဝါဒဖြန့် သည်။ သို့သော် ဦးကျော်ငြိမ်းက ရွေးကောက်ပွဲနိုင်လျှင် တပ်မတော်အရာရှိများအား တပ်သို့ပြန်ပို့မည်

ဟု ကြေညာပြန်သည်။ တပ်မတော်သည် နိုင်ငံရေးတာဝန် ကို ထမ်းဆောင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ပြီး ဖြစ်ရာ ဦးကျော်ငြိမ်း၏ကြေညာချက်မှာ

မည်သို့မျှ မထူးခြားတော့ပေ။

ယင်းကဲ့သို့သော အခြေအနေများကြောင့် တပ်မတော်သည် နိုင်ငံရေးလောကကို ကင်းကင်း ရှင်းရှင်းနေခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်

တပ်ရင်းတပ်ဖွဲ့များသို့ ကိုယ်တိုင်ကိုယ်ကျဆင်း၍ ရွေးကောက်ပွဲတွင် မပတ်သက်ကြရန် ညွန်ကြားချက် များ ထုတ်ပြန်ခဲ့ရသည်။ ဦးနုက ဖက်ဆစ်စနစ်ကို

လက်မခံဘဲ ဒီမိုကရေစီကို ထူထောင်မည်ဆိုပါက အသည်းကြားမှမဲတစ်ပြားကို ပေးပါဟု မဲဆွယ်သည်။ မဲပုံးအရောင်ကို သာသနာအရောင်အဖြစ် အဝါရောင်

ကိုသုံးသည်။ ဦးနု၏ဓာတ်ပုံကို မဲပုံးအမှတ်အသား အဖြစ်သုံးသည်။

မော်လမြိုင်တွင် ရွေးကောက်ပွဲကြို၍ မြူနီစီပယ်လူကြီး ရွေးချယ်ပွဲကျင်းပရာ ၂၅ နေရာ စလုံး သန့်ရှင်းကနိုင်သည်။ မန္တလေးနှင့်အခြားမြို့ကြီး များတွင်လည်း

သန့်ရှင်းတို့နိုင်သည်။

တပ်မတော်သည် ယခင်က ရွေးကောက်ပွဲများတွင် ဖဆပလကို ကူညီခဲ့ရဖူးသည်။ ဖဆပလနိုင်ငံရေး အာဏာရရှိမှ တိုင်းပြည်ညီညွတ်မည်ဟု ယူဆသဖြင့်

ဖဆပလအင်အားနည်းပါးသောနယ်များသို့ တပ်မတော်တပ်ရင်းတပ်ဖွဲ့များကို ရွှေ့ပြောင်းပေးခဲ့ သည်။ တပ်ဖွဲ့ဝင်များ၏ မဲသည်အနိုင်အရှုံးကို ဆုံးဖြတ်

နိုင်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင် မူလတပ်မတော် သည် တပ်ဖွဲ့ဝင်တို့၏ မဲပေးစနစ်ကို ပြင်ဆင်လိုက်သည်။ တပ်မတော်သား မဲဆန္ဒရှင်များသည် မိမိတို့၏

ဇာတိ မြို့ရွာ၊ သို့မဟုတ် အမြဲတမ်းနေရပ်လိပ်စာတွင်သာ မဲစာရင်းဝင်မည်ဖြစ်သည်။ ရောက်ရာနေရာတွင် မဲပေး၍မရ။ ဇာတိအတွက်သာ မဲပေးနိုင်သည်။

အဝေးရောက်မဲကို ဥပဒေနှင့်အညီပေးပို့နိုင်သည်။ ထို့ကြောင့် တပ်မတော်သားတို့၏မဲမှာ တရားမျှတ သွားသည်။

ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် မိတ္ထီလာမြို့၌ တပ်မှူးများကို တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်၍မှာကြားသည်။ ယင်း

မှာကြားချက်များကိုတိပ်ခွေဖြင့်ကူး၍လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံးသို့ ဖြန့်ဝေကာ ထပ်တလဲလဲ ဖွင့်ပြစေခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏

မိန့်ခွန်းကောက်နုတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။


ဒီတော့ ဒီနေရာမှာ ပြောချင်တာကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကျင့်သုံး ရမလဲဆိုတော့ ဒီနေ့ကစပြီးတော့ပေါ့ကွာ၊ ရွေးကောက် ပွဲပြီးတဲ့

အထိ ဘယ်လိုကျင့်သုံးရမည်ဆိုတဲ့အချက်ဟာ အရေးအကြီးအဆုံးပဲ၊ ဒါကြောင့်မို့လို့လည်း မင်းတို့စိတ် ထဲမှာ ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ်သားသား

ဖြစ်သွားရအောင်လို့ မင်းတို့ကိုပြောရမယ်ဆိုရင်ဖြင့် ခုလုပ်တဲ့အချိန်မှာ တို့တပ်မတော်အနေနဲ့ ဘယ်သူ့ ဘက်ကိုမှ မျက်နှာမလိုက်ဘဲနဲ့ သာသာထိုးထိုး ဖြစ်အောင်

ပင်းတဲ့ဘက်ကိုပင်း၊ နှိမ်တဲ့ဘက်ကို နှိမ်ဆိုတဲ့ ဥစ္စာမဖြစ်ရလေအောင် တို့နေဖို့အရေးကြီးတယ်။ အဲဒါ ပြတ်ပြတ်သားသား မင်းတို့လုပ်သွားရုံပဲ။ ဒါဘာဖြစ်လို့

ပြောရသလဲဆိုတော့ အရင်တုန်းကလည်း ငါပြောပြီး သားပါ။

တို့ဒီတုန်းက တပ်မှူးညီလာခံမှာ ဒီလိုပဲ ပြောလိုက်တာပဲ။ ပြောလိုက်ပေမယ့်လို့ ငါကြားရတဲ့ သတင်းကတချို့ဆိုရင်ဟာ တပည့်လိမ္မာဆရာ အာပတ်လွတ်ပဲ။

တို့ဗိုလ်ချုပ်ကတော့ လူကြီးအနေနဲ့ မို့လို့ ပြောတာပြောရမယ်။ တို့လူငယ်တွေအနေနဲ့ လုပ်ပေးလို့ရှိရင်ဖြင့် အပြစ်ရှိစရာရှိရင်လည်းပဲ တို့ပဲ အပြစ်ခံလိုက်မယ်။

အဲဒီလို သဘောပေါက်တယ်ဆိုတာ ကြားရတော့ အဲဒီအယူအဆဟာမမှန်ဘူး။ ဘာပြုလို့ မမှန်တယ်ဆိုတာ နောက်ရှင်းပြမယ်။ တပ်မှူးညီလာခံ မှာပြောခဲ့တဲ့

အချိန်အခါတုန်းကလည်းပဲ တကယ် စိတ်ထဲမှာကို ငါ့စိတ်ထဲမှာ သဘောပေါက်လို့ ဒီအတိုင်း လုပ်ရမယ်ဆိုပြီးပြောလိုက်တာပဲ။ အခု ထပ်ပြော တာက

ပိုပြီး ရှင်းအောင်ဆိုပြီးပြောပြတာ

ဒီတော့ ရွေးကောက်ပွဲမှာ တို့ မျှမျှတတဖြစ် အောင်လုပ်ပါလို့ပြောတော့ တို့ကိုအခု အစွပ်စွဲခံနေရ တာ တွေ့ရတယ်။ တစ်ဖက်စောင်းနင်း တိတိလင်းလင်း

ပြောရရင်တည်မြဲအတွက် လုပ်ပေးတယ်ပေါ့ကွာ။ တည်မြဲကလွဲရင် အကုန်လုံးကိုနှိမ်တယ်။ ဟုတ်လား။ ဖိတယ်ပေါ့ကွာ။ ဒီတော့ အဲဒီသတင်းတွေဟာ ဖြစ်လာ

တာဟာလည်းပဲ တချို့နေရာမှာမှန်သလောက် မှန်တယ်ဆိုတာကို ငါတွေ့ရတယ်။ တွေ့ရတာကတော့ တို့တပ်မှူးငယ်တွေအနေနဲ့ အချို့ဆိုရင် လူကြီးပိုင်း

တောင်ပါပါတယ်။ အတိအလင်းပေါ့လေ တစ်ခါတည်း တည်မြဲပဲ ပေးရမယ်၊

ဘာမယ်ပြောတဲ့အထိ ကြားနေရ တယ်။ ဒီတော့ ဒါတွေကတော့ မလုပ်ကောင်းတဲ့ကိစ္စပဲ။ အလွန်အကျွံတွေ၊ ဘာလို့ အလွန်အကျွံတွေဆိုတာလည်း ပဲ

နောက်ပိုင်းရှင်းလာလိမ့်မယ်။ ဒီတော့ ဒါနဲ့ပတ်သက် လို့ နောက်ထပ်ပြောချင်တာကတော့ တို့ ဒီလွန်ခဲ့တဲ့ ၁၁ ရက်ကစပြီး အမိန့်တစ်ရပ်ထုတ်လိုက်တယ်။

အဲဒီအမိန့်လည်းမင်းတို့ရပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကျင့်သုံးရမယ် ဘာညာ ဆိုတဲ့ဥစ္စာ။ ဒီအမိန့်ထုတ်ဆင့်ရတဲ့ ရည်ရွယ်ချက်က

အဖြစ်နိုင်ဆုံး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲဖြစ်မြောက်ရေးဖြစ်စေရန်ဆိုတာ

လောလောဆယ်အားဖြင့် လူထုအကြည်ညို ကင်းမယ့်ကိစ္စ တစ်ခုမှမလုပ်သင့်ဘူးဆိုတဲ့နေရာမှာ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရင် ခုနက ပြောခဲ့ တဲ့

တစ်ဖက်စောင်းနင်း လုပ်ပေးတာမျိုး၊ တစ်ဖက်ကို နှိမ်တာမျိုး၊ တစ်ဖက်ကို မြေ§ာက်တာမျိုး၊ အဲဒါမျိုးကို အသေအချာရှောင်ပါလို့ ငါထပ်တလဲလဲ ပြောတယ်။

အဲဒီတော့ မင်းတို့ လိုက်နာစေချင်တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ရွေးကောက်ပွဲတွင် မည်သည့်ဘက်မှ ဝင်မစွက်ရန် မှာကြားခဲ့သည့်အပြင် ပြည်သူနှင့် တစ်သားတည်းရှိရေးအတွက် ပြည်သူလူထု

အကြည်ညိုပျက်မည့်ကိစ္စများ မပြုလုပ်ကြရန် ဩဝါဒ ပေးခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ခဲ့ကြသည်။

နိုင်ငံတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲမှာ တစ်ပြိုင်နက်တည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်။ နယ်မြေ လုံခြုံရေးအရရွေးကောက်ပွဲ ရွှေ့ဆိုင်းရသည့်

နယ်မြေ မှာ အလွန်ရှားပါးခဲ့သည်။

ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလများသည် အပြတ်အသတ် အနိုင်ရရှိခဲ့ကြသည်။ ၁၉၆ဝ ပြည့်နှစ်၊ မေလတွင် ပြည်သူ့လွှတ်တော်သို့ သန့်ရှင်းဖဆပလ

အမတ် ၁၅၉ ဦး၊ တည်မြဲဖဆပလ အမတ် ၄၂ ဦးနှင့် အခြားတစ်သီးပုဂ္ဂလအမတ်များ ရွေးချယ်တင်မြှောက် ခံရသည်။ ပမညတအမတ် ၁၃၅ ဦး ယှဉ်ပြိုင်ရာ

တစ်နိုင်ငံလုံးတွင် ၂၉၇ဝ၆၂ မဲ ရရှိသော်လည်း အမတ် တစ်နေရာမျှ မရခဲ့ပေ။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင် ၉၉၁၅၂၁၆ ရှိသည့်အနက် ၅၉

ရာခိုင်နှုန်း မဲပေးခဲ့ကြရာ ၅၂ ရာခိုင်နှုန်းကို သန့်ရှင်းတို့ ရရှိပြီး တည်မြဲတို့က ၃၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ပမညတများမှာမူ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြသည်။

ယခင် ဖဆပလ ညီညွတ်စဉ်က ပမညတသည် အတိုက် အခံပါတီအဖြစ် ရပ်တည်နိုင်သော်လည်း ယခု ရွေးကောက်ပွဲပြီးသောအခါ တည်မြဲများသည်

အတိုက်အခံ အဓိကအင်အားစုဖြစ်လာသည်။ တည်မြဲ တို့က သန့်ရှင်းတို့အနိုင်ရခြင်းမှာ ဘာသာရေးကို ခုတုံးလုပ်သောကြောင့်ဟု စွပ်စွဲကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဧပြီလ ၄ ရက်တွင် လွှတ်တော်က ဦးနုကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ပြီး ဧပြီလ ၅ ရက်တွင် အစိုးရမူဝါဒကို ကြေညာသည်။ သန့်ရှင်း

ဖဆပလကိုလည်း ဦးနုက ပြည်ထောင်စုပါတီ (ပထစ) ဟု ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထို့နောက် ပထစ အစိုးရသည် ပြည်သူတို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊

လူမှုရေးအာမခံချက်များစွာပေးသည့်အပြင် ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပေးမည် ဟုလည်း ထပ်မံကတိပြုလိုက်ပြန်သည်။

ဦး၊ ဗိုလ်၊ သခင်အုပ်စုဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ပထစအစိုးရသည် ဒီမိုကရေစီထွန်းကားရေး ကြွေးကြော်သံဖြင့် စတင်အုပ်ချုပ်သည်။ အငြိမ်းစား သမ္မတကြီး ဦးဘဦးခေါင်းဆောင်သော ငါးဦးအကြံပေး

အဖွဲ့ကိုဖွဲ့သည်။

နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် လူကော်မရှင်၊ သံဃာကော်မရှင်များကို ဖွဲ့စည်းသည်။ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ထူထောင်ရေးကိစ္စ စဉ်းစားရန်

ကော်မရှင်များဖွဲ့သေးသော်လည်း ယင်း ကော်မရှင်သည် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ထူထောင်ရေးကိစ္စများကို အောင်မြင်သည်အထိ မဆောင်ရွက်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ပြည်ထောင်စု ပါတီအတွင်း၌ အကွဲအပြဲများ စတင်ပေါ်ပေါက်လာ သည်။ အစိုးရရာထူးခန့်ထားရေးတွင်လည်း ပါတီတွင်း မကျေနပ်မှုများ

ဖြစ်ပေါ်နေသည်။ တော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်ဆိုသော ခေါင်းဆောင်များက 'ဗိုလ်'များအဖြစ် အုပ်စုဖွဲ့လာသည်။ တက္ကသိုလ်ဘွဲ့ရ၊

အစိုးရအရာရှိဟောင်းများ၊ ရှေ့နေများက 'ဦး' ဟူ၍ အုပ်စုဖွဲ့သည်။ အချို့က သခင်ဘဝကတည်းက နိုင်ငံရေးလုပ်လာသည်ဆိုကာ 'သခင်' အုပ်စုဖွဲ့ကြ သည်။

ပထစအစိုးရသည် တစ်နှစ်မပြည့်ခင်မှာပင် ဦး-ဗိုလ်-သခင် အုပ်စုများကွဲကာ ပဋိပက္ခဖြစ်လာ သည်။

နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက တညီတညွတ် တည်း သဘောတူထားကြသည့်အချက်မှာ တပ်မတော် အား နောက်တစ်ကြိမ်ထပ်မံ၍ အာဏာမအပ်နှင်းရန်

ကြိုးပမ်းရေးဖြစ်သည်။

အချို့ နိုင်ငံရေးသမားများက အိမ်စောင့်အစိုးရအား ဖက်ဆစ်အစိုးရသဖွယ် ဝေဖန် ပြောကြားခဲ့သည်။ ပထစအစိုးရသည် အိမ်စောင့်အစိုးရ လက်ထက်က

စတင်ခဲ့သော လုပ်ငန်းအချို့ကို ဖျက်သိမ်း ပစ်လိုက်သည်။ မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်၏ ကွက်သစ်များ ရွှေ့ပြောင်းခြင်း၊ မြို့သစ်တည်ခြင်းများ ကို

ပထစအစိုးရက ရပ်ဆိုင်းရန် ညွှန်ကြားလိုက်သည်။

ထိုအချိန်တွင် မီးဘေးအန္တရာယ်၊ ဒုစရိုက်မှုအန္တရာယ် များ ပပျောက်ရေးနှင့် မြို့တော်သန့်ရှင်းရေးများအတွက် ရွှေ့ပြောင်းရန်ကျန်နေသေးသည့် ကျူးကျော်

ကွက်သစ်များတွင် အိမ်ထောင်ပေါင်း တစ်သောင်းခန့် ကျန်ရစ် နေသေးသည်။ ပထစအစိုးရအတွင်းတွင် ဦးနုကိုယ်တိုင် က ဗိုလ်ချုပ်ကြီးနေဝင်းနှင့်ရင်းနှီးစွာ

ဆက်ဆံပြနေ သော်လည်း အချို့ခေါင်းဆောင်များက တပ်မတော်ကို ဖိနှိပ်ဖယ်ရှားရန် ကြိုးပမ်းလျက်ရှိသည်။ သို့နှင့် အိမ်စောင့်အစိုးရလက်ထက်တွင်

ငြိမ်ဝပ်ပိပြားခဲ့သော နိုင်ငံတော်သည် ပထစအစိုးရတက်ခါစမှာပင် ပြန်လည် ၍ ဆူပူလာပြန်သည်။

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် တပ်မတော်လေတပ်နှင့် ကေအမ်တီကျူးကျော်ရေး သမားတို့၏ အမေရိကန်လုပ်လေယာဉ်များ

လေကြောင်းတိုက်ပွဲဖြစ်ပွားကြသည်။

ထိုတိုက်ပွဲတွင် တပ်မတော်လေသူရဲတစ်ဦးဖြစ်သူ ဗိုလ်ပီတာ ကျဆုံး ခဲ့သည်။ ဗိုလ်ပီတာကျဆုံးခဲ့သည့် လေကြောင်းတိုက်ပွဲ သတင်းကို

သတင်းစာများကရေးသားကြရာ တစ်နိုင်ငံလုံးသည် ကေအမ်တီကျူးကျော်မှု အန္တရာယ် ကို စိုးရိမ်လာကြပြန်သည်။ ရန်ကုန်တက္ကသိုလ်

ကျောင်းသားများက အမေရိကန်သံရုံးကို ဝိုင်းဝန်း၍ ဆန္ဒပြကြရာ အစိုးရက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်း ခဲ့သည်။ ပြည်သူများက ပြည်တွင်းသောင်းကျန်းမှုနှင့်

ပြည်ပကျူးကျော်မှုအန္တရာယ်များအတွက် စိတ်ပူနေ ကြစဉ်မှာပင် ပထစအစိုးရမှာမူ ညီညွတ်မှုကို မတည်ဆောက်နိုင်သေးပေ။ ထိုအချိန်တွင် ရှမ်းစော်ဘွားများ

က အစိုးရ၏အားနည်းချည့်နဲ့မှုကို အခွင့်ကောင်းယူ၍ ဖက်ဒရယ်မူကို တင်ပြလာတော့၏။

ဖက်ဒရယ်မူ[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာပင် ရှမ်း စော်ဘွားများသည် တောင်ကြီးမြို့တွင် ပြည်လုံးကျွတ် ညီလာခံကိုကျင်းပကြသည်။ ယင်းညီလာခံတွင်

ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီ၊ ရှမ်း ပြည်နယ်၏ ဆုံးဖြတ်ချက်စာတမ်းကို ဖေဖော်ဝါရီလ ၂၅

ရက်တွင် အတည်ပြုလိုက်ကြသည်။

ယင်းစာတမ်းမှာ ဖက်ဒရယ်မူပင်ဖြစ်သည်။ ယင်းစာတမ်းတွင် ပင်လုံ စာချုပ်ကိုပါ ပြန်လည်ဖော်ပြထားသည်။ ဖက်ဒရယ်မူက လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေသည် ပြည်နယ်နှင့်လူမျိုးစုတိုင်း တန်းတူညီမျှမှုအတွက် လုံလောက်စွာ ပြဋ္ဌာန်းထားခြင်းမရှိဟုဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေကို

ပြည်ထောင်စု စစ်စစ် မူဖြင့် ပြန်လည်ရေးဆွဲရန်

ကြိုးကိုင်ကော်မတီက သဘောတူဆုံးဖြတ်ကြောင်းကို ဖော်ပြထားသည်။

ဖက်ဒရယ်မူတွင် အောက်ပါ တန်းတူညီမျှမှု၏ အခြေခံအကြောင်းရင်းများကို အခြေခံဥပဒေ၌ ထည့်သွင်းရေးဆွဲရန် ဆုံးဖြတ်ထားသည်-

(၁) ဗမာပြည်ဖွဲ့စည်းရေး။

(၂) ပြည်ထောင်စုပါလီမန်လွှတ်တော်နှစ်ရပ် အား အာဏာတူပေးရေး။

(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းညီမျှ သော ကိုယ်စားလှယ်စေလွှတ်ရေး။

(၄) ဗဟိုပြည်ထောင်စုအား အောက်ပါဌာနများ လွှဲအပ်ပြီး ကျန်ရှိသောအာဏာများနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ် ရန်-

(က) နိုင်ငံခြားဆက်သွယ်ရေး။

(ခ) ပြည်ထောင်စုကာကွယ်ရေး။

(ဂ) ပြည်ထောင်စု ဘဏ္ဍာရေး။

(ဃ) ငွေဒင်္ဂါး နှင့် ငွေစက္ကူထုတ်လုပ်ရေး။

(င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး။

(စ) မီးရထား၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေး။

(ဆ) ပြည်ထောင်စု တရားစီရင်ရေး။

(ဇ) ပယ်လယ်ဆိပ်ကမ်းခွန် ကောက်ရေး။

(ဈ) ပြည်ထောင်စု ဘဏ္ဍာတော်မျှတစွာ ခွဲဝေပေးရေး။

ဖက်ဒရယ်မူ၏ နိဒါန်းပိုင်းတွင် ရှမ်းပြည်နယ်၏ ပထဝီဝင် အချက်အလက်အချို့ကို ဖော်ပြထားပြီး အပိုင်း(၁)တွင် နောက်ခံသမိုင်းကို ဘီစီ ၆၅ဝ ခန့်

တရုတ်ပြည်ရှိ ထိုင်း (ရှမ်း) လူမျိုးစုအကြောင်းမှ အစချီ၍ ရေးသားထားသည်။ အထူးသဖြင့် ရှမ်း လူမျိုးများမှာ သီးခြားလွတ်လပ်သောဒေသဖြစ်ခဲ့ ကြောင်းတို့ကို

ပေါ်လွင်အောင်ရေးသားခဲ့သည်။

အပိုင်း(၂)တွင် စစ်ပြီးစအခြေအနေများကို ရေးသား သည်။ အောင်ဆန်း-အက်တလီစာချုပ်မှ အပိုဒ် (ဂ) ကိုလည်း ကောက်နုတ်ဖော်ပြထားသည်။ အပိုဒ်(ဂ)တွင်

ဖော်ပြထားသည်မှာ ရှမ်းပြည်နှင့်ဗမာပြည် မပူးပေါင်း ရေးကိစ္စဖြစ်သည်။ ထို့နောက် ပင်လုံညီလာခံ ဆုံးဖြတ်ချက်များ (ပင်လုံစာချုပ်)ကို ဖော်ပြပြန်သည်။

အထူးသဖြင့် ခွဲထွက်ခွင့်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အပိုင်း(၁)တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရှမ်းပြည်နယ် အနေနှင့် လက်တွေ့ကျင့်သုံးရာတွင်

ကြုံတွေ့ရသည့် အခက်အခဲများကိုဖော်ပြသည်။

ပြည်နယ်နှင့် ပြည်မ အခွင့်အရေး မတူပုံကို တင်ပြသည်။ အစိုးရသည် ရိုးသားသောပြည်ထောင်စုစိတ်ဓာတ်ရှိခဲ့ သောပြည်နယ်များကို ပိုမိုစောင့်ရှောက်ရမည်

ဟုလည်း ဆိုသည်။

ပြည်မကိုသာ မြန်မာပြည်နယ်အဖွဲ့ ဖွဲ့စည်း ပါက ပြည်နယ်များ၏အခွင့်အရေးကို မည်မျှချုပ်ချယ် ထားကြောင်း လက်တွေ့သိလိမ့်မည်ဟုလည်းဆိုသည်။

အခြေခံဥပဒေပုဒ်မ ၈၊ ပုဒ်မ

၉၊ ပုဒ်မ ၂၃၊ ပုဒ်မ ၃ဝ(၁)၊ (၂)နှင့် (၃)၊ ပုဒ်မ ၃၁၊ ပုဒ်မ ၉၁၊ ပုဒ်မ ၉၂၊ ပုဒ်မ ၉၂ (၃)၊ ပုဒ်မ ၉၃၊ ပုဒ်မ ၉၄(၁)၊ ပုဒ်မ ၉၆၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၃၁၊ ပုဒ်မ ၁ ၅၄၊

ပုဒ်မ ၁၆ဝ၊ ပုဒ်မ ၁၆၂(၁)(၂)နှင့် (၃)၊ ပုဒ်မ ၁၆၄(၂)၊ ပုဒ်မ ၂၁၉၊ ပုဒ်မ ၂၂၂ တို့ကို ဖော်ပြပြီး ပြင်ဆင် သင့်ကြောင်း အရေးဆိုထားသည်။ မြန်မာပြည်မအစိုးရ က

ပြည်နယ်များအား လွှမ်းမိုးအုပ်ချုပ်နေသည်ဟု လည်း စွပ်စွဲထားသည်။

အပိုင်း (၄) တွင် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးခေါင်းစဉ်ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် (၁) ဖွဲ့စည်းပုံစနစ် (Structure)၊ (၂) အာဏာနှင့်အခွင့်အရေး ခွဲဝေနည်း

(Distribution of Power)၊ (၃)ပါလီမန် ဖွဲ့စည်းပုံ၊ (၄) ပြည်ထောင်စု အခွန်တော်နှင့် ဘဏ္ဍာတော်ခွဲဝေရေးတို့တွင် ချွတ်ယွင်း နေသဖြင့်

ပြင်ဆင်သင့်ကြောင်းဖော်ပြသည်။ ထို့နောက် (၅) ပြည်နယ်များ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး (Complete Autonomy)ကို တောင်းဆိုထားသည်။

ဖက်ဒရယ်မူကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ရက်စွဲဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသို့ လက်မှတ်ရေးထိုးခဲ့ကြသော အခြေခံဥပဒေပြင်ဆင်ရေး

ရှမ်းပြည်နယ်ဆိုင်ရာ ကြိုးကိုင်ကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်-

( ၁) သီရိပျံချီ စဝ်ခွန်အောင် (ရတစညဖ) အဖွဲ့ဝင်။

( ၂) ဦးမှဲ့ (ရတစညဖ) အဖွဲ့ဝင်။

( ၃) စဝ်ယွက်မိုင်း (ရတစညဖ) အဖွဲ့ဝင်။

( ၄) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ စဝ်ရွှေသိုက် (စော်ဘွားများအစည်းအရုံး) အဖွဲ့ဝင်။

( ၅) ဝဏ္ဏကျော်ထင် စဝ်မန်ဖ (စော်ဘွားများအစည်းအရုံး) အဖွဲ့ဝင်။

( ၆) စဝ်ကြာဆိုင် (စော်ဘွားများအစည်းအရုံး) အဖွဲ့ဝင်။

( ၇) သရေစည်သူ စဝ်ရွှေမှုံ (ရပညဖ) အဖွဲ့ဝင်။

( ၈) ဦးစံမြ (ရပညဖ) အဖွဲ့ဝင်။

( ၉) ဦးထွန်းအုံ (ရပညဖ) အဖွဲ့ဝင်။

(၁ဝ) ဦးထွန်းအေး (ရပလဖ) အဖွဲ့ဝင်။

(၁၁) ဦးခမ်း (ရပလဖ) အဖွဲ့ဝင်။

(၁၂) ဦးအောင်သန်း (ရပလဖ) အဖွဲ့ဝင်။

(၁၃) ဦးလွန်း (အပညဖ) အဖွဲ့ဝင်။

(၁၄) ဦးစိုးမောင် (အပညဖ) အဖွဲ့ဝင်။

(၁၅) ဦးချစ်ဦး (အပညဖ) အဖွဲ့ဝင်။

(၁၆) ဦးဖြူ (ပအမဖ) အဖွဲ့ဝင်။

(၁၇) ဦးလှဖေ (ပအမဖ) အဖွဲ့ဝင်။

(၁၈) ဦးကျော်စိန် (ပအမဖ) အဖွဲ့ဝင်။

(၁၉) ဦးထွန်းဖေ (တစ်သီးပုဂ္ဂလ) အဖွဲ့ဝင်။

(၂ဝ) ဦးခွန်ထီး (တစ်သီးပုဂ္ဂလ) အဖွဲ့ဝင်။

(၂၁) ဦးထွန်းမြင့်ကလေး (တစ်သီးပုဂ္ဂလ) အဖွဲ့ဝင်။

(၂၂) ဦးခွန်နောင် (တစ်သီးပုဂ္ဂလ) အဖွဲ့ဝင်။

(၂၃) ဦးရီရောင်း (တစ်သီးပုဂ္ဂလ) အဖွဲ့ဝင်။

(၂၄) စဝ်မန်ဖ (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၂၅) မဟာသရေစည်သူ ဦးကြာပု (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၂၆) သီရိပျံချီ ဦးဘဉာဏ် (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၂၇) မဟာသရေစည်သူ စဝ်ထွန်းအေး (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၂၈) ဦးခွန်စံမြတ် (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၂၉) စဝ်ကျော်ခေါင် (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၃ဝ) စဝ်ဆေဟုမ် (တိုးချဲ့အဖွဲ့ဝင်) အဖွဲ့ဝင်။

(၃၁)စဝ်ကြာစုံ အတွင်းဝန်(ရှမ်းပြည်နယ်ကောင်စီ) အတွင်းရေးမှူး

(၃၂) သရေစည်သူစဝ်ပြည့် သဘာပတိ (ရှမ်းပြည်နယ်ကောင်စီ) သဘာပတိ

ဖက်ဒရယ်မူသည် ပြည်ထောင်စုအား ဖြိုခွဲပစ်မည့် မူဖြစ်သည်။ ဖက်ဒရယ်မူကို ရေးဆွဲသူများတွင် အာဏာ စွန့်လိုက်ရ၍ မကျေမနပ်ဖြစ်နေသော စော်ဘွားများက

လူများစုဖြစ်သည်။

ရှမ်းပြည်နယ်ကို ပြည်မမှ ခွဲထွက် စေရန် ရည်ရွယ်လှုပ်ရှားလာကြခြင်းဖြစ်သည်။ ပထစ အစိုးရ၏အင်အားချည့်နဲ့မှုများ၊ ပြည်တွင်းသောင်းကျန်း မှုများကို

အခွင့်ကောင်းယူ၍ ပဒေသရာဇ်စော်ဘွား ဟောင်းများနှင့်နိုင်ငံရေးသမားအချို့ ပူးပေါင်း၍ လုပ်ကြံကြခြင်းဖြစ်သည်။ သို့သော် ပထစအစိုးရသည်

ဖက်ဒရယ်မူအရေးဆိုလာမှုကို မည်ကဲ့သို့မျှ ဖြေရှင်း နိုင်ခြင်းမရှိခဲ့ပေ။

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ခြင်း[ပြင်ဆင်ရန်]

ပထစအစိုးရအဖွဲ့အတွင်း ဦး၊ ဗိုလ်၊ သခင်အုပ်စု များ ကွဲပြားနေချိန်၊ ရှမ်းစော်ဘွားများက ဖက်ဒရယ်မူ ကို ရှေ့တန်းတင်လာချိန်မှာပင် ဦးနုသည် ၁၉၆၁ ခုနှစ်၊

ဩဂုတ်လ ၂၆ ရက်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းသည့် အခြေခံဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်၌တင်သွင်းသည်။ ဖွဲ့စည်း

အုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၇ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရ သည်။

ဗု ဒ္ဓ ဘာ သာ သာ သ နာ တော် သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော် ဘာသာ

သာသနာဖြစ်စေရမည်။

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ပေးလိုက်ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် ကျေနပ် ဖွယ်ပင်ဖြစ်သည်။ သို့ရာတွင် လက်တွေ့အားဖြင့်

မည်ကဲ့သို့မျှ ထူးခြားလာခြင်းမရှိခဲ့ပေ။ အစိုးရသည် အခြားဘာသာဝင်များ မကျေမနပ်ဖြစ်လာကြမည်ကို စိုးရိမ်သဖြင့် အခြေခံဥပဒေကို ဆက်လက်ပြင်ဆင်ရ

ပြန်သည်။ အခြားဘာသာများကိုလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်သည်။ သင်ကြားနိုင်သည်ဟု ဖြည့်စွက် ပေးရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (စတုတ္ထ

ပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂ဝ တွင် မိဘများ၏ သဘောတူညီချက်မရဘဲ ကျောင်းသား၊ ကျောင်းသူငယ်များအား ယင်းတို့

ကိုးကွယ်သည့် ဘာသာမဟုတ်သည့် ဘာသာကို မသင်ကြားရဟု ပိတ်ပင်ပေးရမည်။

ဘာသာသာသနာ အရပ်ရပ်ကိုလည်း အစိုးရက စောင့်ရှောက်သည်ဟု ဆိုသည်။

နိုင်ငံတော်ဘာသာသာသနာ ချီးမြှောက်ထောက်ပံ့ ရေးအက်ဥပဒေဖြင့် ကျောင်းများ၊ တက္ကသိုလ်များ၊ ဆရာအတတ်သင်ကျောင်းများတွင် ဗုဒ္ဓဘာသာ

တရားစာများကိုသင်ကြားခြင်း၊ အစိုးရနှင့် ဒေသန္တရရုံး များ၊ ကျောင်းများ ဥပုသ်နေ့တွင်ဗုဒ္ဓဘာသာတရားတော် များအသံလွှင့်ခြင်း၊ ဥပုသ်နေ့တွင် အရက်ဆိုင်များ

ပိတ်ခြင်းတို့ကို ဆက်လက်ပြဋ္ဌာန်းလာသည်။

နိုင်ငံတော် ဘာသာကိစ္စကို တိုင်းရင်းသားလူမျိုးများက ပြင်းထန်စွာ ကန့်ကွက်လာကြသည်။ အစိုးရက ဦးသိမ်းမောင် ခေါင်းဆောင်သော စုံစမ်းရေးအဖွဲ့ကို

မြစ်ကြီးနားသို့ စေလွှတ်ရသည်။ မြစ်ကြီးနားလူထုက ပြင်းထန်စွာ ဆန္ဒပြကန့်ကွက်ကြသဖြင့် တပ်မတော်က စုံစမ်းရေး အဖွဲ့ကိုကူညီစောင့်ရှောက်ခဲ့ရသည်။

ဗုဒ္ဓဘာသာ ရဟန်းများက ဦးနုကိုထောက်ခံကြသည်။ သို့သော် အခြားဘာသာများကိုလည်း လွတ်လပ်ခွင့်နှင့် အစောင့် အရှောက်ပေးရန် ထပ်မံပြဋ္ဌာန်းပြန်သောအခါ

ရဟန်း သံဃာများကကန့်ကွက်ကြပြန်သည်။

ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သော်လည်း အခြားဘာသာများ ကိုလည်း တန်းတူရည်တူအခွင့်အရေးပေးရသဖြင့် မထူးခြားဟုဆိုကြသည်။

စင်စစ်ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် အခြေခံဥပဒေကိုပြင်ဆင်ခြင်း၊ အခြား ဘာသာများအတွက် အခြေခံဥပဒေကို ထပ်မံပြင်ဆင် ခြင်းတို့မှာ

ကိုးကွယ်ရာဘာသာအမျိုးမျိုးအတွက် မည်သို့မျှ ထူးခြားခြင်းမရှိပေ။ သို့သော် ဘာသာရေး သည် နိုင်ငံရေးတွင်ရောစွက်လာသဖြင့် ဆူပူအုံကြွမှုများ ကို

ပိုမိုဆိုးရွားလာစေသည်။

အထူးသဖြင့် ကချင် သောင်းကျန်းသူများသည် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်း ရေးကိစ္စကြောင့် ရုတ်တရက်ကျယ်ပြန့်လာကြသည်ဟု ဆိုရပေမည်။

ကချင်သောင်းကျန်းသူအဖွဲ့စတင်ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်တွင် ဖြစ်ပွားသော ကရင်-ဗမာ အရေးအခင်းတွင် အမှတ်(၁) ကချင်သေနတ်ကိုင် တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ဖြင့် တောခိုသွားသော ကချင်အမျိုးသား

နော်ဆိုင်းမှာ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းခဲ့သည်။ ယင်းသည် ၁၉၅ဝ ပြည့်နှစ်တွင် ကေအင်န်ဒီအိုအင်အားစုအဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သည်။

ထိုအချိန်တွင် လားရှိုး မြို့ အစိုးရအထက်တန်းကျောင်း၌ အဌမတန်းပညာ သင်ကြားနေသော ဇော်ဆိုင်းသည် နော်ဆိုင်းနှင့် ဆက်သွယ်ပြီး တောခိုခဲ့သည်။

၁၉၅၁ ခုနှစ်တွင် နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားရာ၌ ဇော်ဆိုင်းသည် လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိ ဒေသရှိ ကေအင်န်ဒီအိုများနှင့်

ပူးပေါင်းလှုပ်ရှားခဲ့ သည်။

၁၉၅၉ ခုနှစ်တွင် ကေအင်န်ဒီအိုအဖွဲ့မှ ဂျီလစ်လင်း (ကချင်အမည် ဇော်ဘောက်) ဆိုသူအား ဇော်ဆိုင်း၏အကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ် ပြီး

ဇော်ဆိုင်းနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေအောက်စည်းရုံးသိမ်းသွင်းမှု လုပ်ငန်းများကို ပြုလုပ်ရန်စေလွှတ်ခဲ့သည်။ ဇော်ဆိုင်းနှင့် ဂျီလစ်လင်း သည်

ဇော်ဆိုင်း၏မိခင်ဖြစ်သူ ကျောင်းဆရာမ တာဝန် ထမ်းဆောင်နေသည့် ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ (အက်စ်တီ-၈၈၈၉)တွင် ခိုအောင်းပြီး မြေအောက်

စည်းရုံးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့လေသည်။

ဇော်ဆိုင်း၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်ထူး သည်လည်း တက္ကသိုလ်မှထွက်ပြေးပြီး ဇော်ဆိုင်းထံသို့ လာရောက်ပူးပေါင်းတောခိုခဲ့လေသည်။ ထို့အပြင်

အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ထုတ်ပယ်ခြင်း ခံရပြီး သိန္နီတွင်ကျောင်းတက်နေသော ဒုတိယတပ်ကြပ် လမုန်တူးဂျိုင်၊ တက္ကသိုလ်မှထွက်၍ ကွတ်ခိုင်သို့

ပြန်ရောက်နေသော လမာလရိန်းတို့သည် ဇော်ဆိုင်း နှင့် ဆက်သွယ်ပေါင်းမိကြပြီး ၁၉၆ဝ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence

Organization K.I.O) ကို စတင် ဖွဲ့စည်းခဲ့ကြသည်။

ကေအိုင်အို မြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဇော်ထူး၊ အတွင်းရေးမှူးအဖြစ် လမာလရိန်းတို့က တာဝန်ယူ ခဲ့ကြသည်။

ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေး သမား အချင်းချင်းနေရာလုကြရာမှ နိုင်ငံရေးသမား အချို့၏ခါးပိုက်ဆောင်အဖြစ်ဖွဲ့စည်းရန် ကေအိုင်အို အား

လက်နက်ခဲယမ်းများထောက်ပံ့ရာမှ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ ၂၇ ယောက် ရှိခဲ့လေသည်။

ကချင်သောင်းကျန်းသူများလက်နက်ကိုင်သောင်းကျန်းမှု စတင်ခြင်း[ပြင်ဆင်ရန်]

ကေအိုင်အိုအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှား မှုကို

စတင်ခဲ့လေသည်။

လားရှိုးငွေတိုက်ဖောက်ကာ လက်နက်ကိုင် လှုပ်ရှားမှုစတင်သည်နှင့် လားရှိုး၊ ကွတ်ခိုင်ဒေသမှ ဇော်ဆိုင်း၊ ဇော်တူးတို့ စည်းရုံးထားရှိသည့် ကချင် လူငယ်များမှာလည်း

တစ်ပြိုင်တည်းတောခိုခဲ့ကြသည်။ အင်အား ၁ဝဝ ခန့်စုစည်းမိသောအခါ တပ်မဟာမှူး အဖြစ် ဇော်ဆိုင်းကလည်းကောင်း၊ တပ်မဟာ ဗိုလ်မှူး အဖြစ်

ဂျီလစ်လင်းကလည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ် လွယ်တောက်တွင် ၁၉၆၁ ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်၌ ကေအိုင်အေ (Kachin Independence Army)

(K.I.A)ခေါ် ကချင် လွတ်လပ်ရေးတပ်မတော်နှင့် ကေအိုင်စီ (Kachin Independence Council K.I.C)ကို စတင် ဖွဲ့စည်းခဲ့လေသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ဆင်လီရွာ ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာတွင် အခြေချစခန်း တစ်ခုတည်ဆောက်၍ အခြေခံစစ်ပညာသင်တန်း အမှတ်(၁)ကို

၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကေအိုင်အေတပ်ရင်း (၁)ကို ဗန်းမော်နယ်မြေ မွန်ဘာပါတွင်

လည်းကောင်း၊ တပ်ရင်း(၂)ကို လမာ လရိန်းဦးစီးကာ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန် နယ်မြေတွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။ ထို့ပြင် ကျေးရွာများ၌

ဗွီဒီအက်ဖ် (Villager's Defence Forces) ခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့ အဖြစ် ဖွဲ့စည်းကာ တူမီးများတပ်ဆင်လျက် မိမိတပ်များကို နှောင့်ယှက်ရန် တာဝန်ပေး

ခိုင်းစေခဲ့ကြသည်။

၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ခြင်းကို လည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်

စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသ များအား တရုတ်ပြည်နယ်နိမိတ်အတွင်း ထည့်သွင်း ဖော်ပြမှုအပေါ် နေရာအနှံ့ ဆန္ဒပြမှုအား အခွင့်ကောင်း

ယူ၍လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ် မူကို စတင်တောင်းဆိုလာခြင်းတို့ကြောင့်လည်းကောင်း၊ ကေအိုင်အိုတို့အနေဖြင့် တိုက်ကွက်များရရှိလာခဲ့ကြ

သည်။ လူမျိုးရေးအမြင်ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေး မုန်းတီးမှု၊ ဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး စသည်တို့ကို အကြောင်းပြကာ လွတ်လပ်သော ကချင်

သမ္မတနိုင်ငံ ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုံ့ဆော်လာခဲ့ကြလေသည်။ ထို့ကြောင့် မသိ နားမလည်သော လူငယ်လူရွယ်အများအပြားမှာ ကချင်

သောင်းကျန်းသူများ၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ ရောက်ရှိသွားခဲ့ရလေသည်။

ပြဿနာပေါင်း သောင်းခြောက်ထောင်[ပြင်ဆင်ရန်]

ပထစအစိုးရလက်ထက်တွင် မြေပေါ်မြေအောက် နိုင်ငံရေးအခြေအနေများမှာများစွာ ရှုပ်ထွေးလျက်ရှိ သည်။ ဗိုလ်ပီတာကျဆုံးသွားရသော လေကြောင်း

တိုက်ပွဲကြောင့် ပြည်သူလူထုသည် ကေအမ်တီ ကျူးကျော်မှုအန္တရာယ်ကို စိုးရိမ်နေကြစဉ်တွင် ပထစ အစိုးရသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်

ပြဋ္ဌာန်းရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည်။ ၁၉၆၁ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ကေအင်န်ဒီအို များက ရန်ကုန်-မန္တလေး စာပို့ရထားကြီးကို မိုင်းဗုံး ဖြင့်

ဖောက်ခွဲဖျက်ဆီးလိုက်ရာ ခရီးသည် ၁၇ ဦး သေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရသွားကြသည်။ ကေအင်န်ဒီအိုများသည် လူ ၈ဝ ကျော်ကိုလည်း ဓားစာခံအဖြစ်

ဖမ်းဆီးသွားကြရာ ပြည်သူတစ်ရပ်လုံး မှာ များစွာချောက်ချားရတော့သည်။ ပထစအစိုးရ သည် ဧပြီလ ၄ ရက်တွင် မြို့နယ်လုံခြုံရေးကောင်စီများ ဖွဲ့စည်း၍

ငြိမ်ဝပ်ပိပြားရေးကို ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

ဇွန်လအတွင်းတွင် တောင်ကြီးမြို့၌ လူမျိုးပေါင်းစုံညီ ဖက်ဒရယ်တောင်းဆိုရေး ကွန်ဖရင့်ကို ကျင်းပကြပြန်သည်။ ရှမ်းစော်ဘွားများသည် ဖက်ဒရယ် ဖွဲ့စည်းပုံကို

ပိုမိုပြင်းထန်စွာ တောင်းဆိုလာကြသည်။

ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေစဉ် မှာပင် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် လွှတ်တော်နှစ်ရပ်စုံညီအစည်းအဝေးက ဗုဒ္ဓဘာသာကို

နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယ ပြင်ဆင် ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၇ အရ

ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာ သော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီး ဖြစ်လေရာ မည်သို့မျှ ထူးခြားခြင်းမရှိပေ။ သို့သော် ဗုဒ္ဓဘာသာ မဟုတ်သော

အခြားဘာသာဝင်များက လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိတော့ဟု ယူဆကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်။ ထိုအချိန်က လက်နက်ကိုင်အင်အား ၂၇

ယောက်သာရှိသေးသော ကေအိုင်အို (Kachin Independence Organization) ကချင် သောင်းကျန်းသူအဖွဲ့သည် ဘာသာရေးလွတ်လပ်ခွင့် မရှိဟူ၍

အကြောင်းပြစည်းရုံးရာမှ ပိုမိုအင်အား တောင့်တင်းလာသည်။ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ်တွင် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် နယ်မြေများအား

တရုတ်နယ်နိမိတ်အတွင်း ထည့်သွင်း ပေးရခြင်းကိုလည်း ကချင်တိုင်းရင်းသား အများအပြား က ဆန္ဒပြကန့်ကွက်ကြသည်။

ထိုအချိန်မှာပင် ရှမ်းသောင်းကျန်းသူအဖွဲ့များ ဖြစ်ကြသည့် နွံစစ်ဟန်၊ ရှမ်းပြည်နယ်လွတ်မြောက်ရေး တပ်၊ ရှမ်းတပ်မတော်အဖွဲ့၊ ရှမ်းပြည်နယ်တော်လှန်ရေး

တပ်ပေါင်းစုတို့သည် တစ်ဖွဲ့တည်း၊ တစ်စုတည်း ပူးပေါင်း၍ ရှမ်းတော်လှန်ရေးကောင်စီဖွဲ့စည်းရန် ကြိုးစားလာကြသည်။ သို့သော် အောင်မြင်ခြင်းကား မရှိသေးပေ။

ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ မတ်လ၊ ဧပြီလများတွင် ပြည်တွင်းစစ်ရပ်စဲရေး၊ ကြွေးကြော်သံကို ဆက်လက်

ဖော်ပြထားသော်လည်း လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲရေးကိုသာ ဦးတည်၍ဆုံးဖြတ်လိုက် သည်။ ပထစအစိုးရသည် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ

ပြဋ္ဌာန်းခြင်းကြောင့် ပေါ်ပေါက်လာသော ဆူပူမှုများကို ငြိမ်သက်စေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (စတုတ္ထပြင်ဆင်ချက်)ကို ထုတ်ပြန်လိုက် ရာ

ဗုဒ္ဓဘာသာဝင်သံဃာတော်များက မကျေနပ် ကြသဖြင့် ဆူပူဆန္ဒပြကြပြန်သည်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင်ကား မြောက်ဥက္ကလာပ မြို့သစ်တွင်

ဗလီကျောင်းနေရာချပေးသည့်ကိစ္စနှင့် ပတ်သက်၍ အဓိကရုဏ်းကြီး ဖြစ်ပွားရာ ရဲအဖွဲ့က သေနတ်နှင့်ပစ်၍ နှိမ်နင်းသောကြောင့် သံဃာတော် နှင့်

လူအချို့ကွယ်လွန်ဒဏ်ရာရသွားကြရသည်။

မြန်မာနိုင်ငံတွင်ရှိခဲ့ပြီးဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူစသော သောင်းကျန်းသူ များ အမြစ်မပြတ်သေးဘဲရှိနေစဉ်မှာပင် ရှမ်းသောင်း ကျန်းသူများ၊

ကချင်သောင်းကျန်းသူများ စသည့်အဖွဲ့ သစ်များပေါ်ပေါက်လာကြလေပြီ။ ထိုအချိန်တွင် ကေအမ်တီ ကျူးကျော်မှုမှာလည်း အမြစ်မပြတ်နိုင် သေးပေ။

တပ်မတော်သည် ကေအမ်တီများအား ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ် တွင် ရန်ကြီးအောင်စစ်ဆင်ရေးကြီးများ အပါအဝင်

စစ်ဆင်ရေးပေါင်းများစွာဆင်နွှဲ၍ တိုက်ခိုက်ပြီးဖြစ် သော်လည်း ကေအမ်တီတပ်များသည် နယ်ခြားဒေသ တွင် ခိုအောင်းနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ၁၉၆၁

ခုနှစ်တွင် မဲခေါင်စစ်ဆင်ရေးကြီးဖြင့် နှိမ်နင်းခဲ့ရပြန် သည်။

မဲခေါင်စစ်ဆင်ရေးကာလအတွင်း ကေအမ်တီ များအား အမေရိကန်၏ ထောက်ခံအားပေး ကူညီမှု အထောက်အထားများ သိမ်းဆည်းရရှိခဲ့သဖြင့် ၁၉၆၁ ခုနှစ်၊

ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကုလသမဂ္ဂ သို့ ကန့်ကွက်တိုင်ကြားခဲ့ရသည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံး လက်နက်ကိုင်သောင်းကျန်း သူများ၏အန္တရာယ်၊ ပြည်ပကျူးကျော်မှု၏ အန္တရာယ် တို့ဖြင့်ရင်ဆိုင်ရကာ ပြည်သူတစ်ရပ်လုံး၏ အသက်

အိုးအိမ်စည်းစိမ်တို့ လုံခြုံခြင်းမရှိဘဲဖြစ်နေသည့် အချိန် တွင် အစိုးရအတွင်းမှာလည်း ဦး၊ ဗိုလ်၊ သခင်ဂိုဏ်းကွဲမှု ပဋိပက္ခသည် ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာသည်။

နိုင်ငံရေးမတည်ငြိမ်မှုအပြင် စီးပွားရေးအကျပ်အတည်း ပါ ဖြစ်ပေါ်နေသောကြောင့် ဆန္ဒပြပွဲများ၊ အဓိကရုဏ်း များ၊ ဆူပူမှုများ၊ အကြမ်းဖက်မှုများမှာ

တစ်နိုင်ငံလုံးတွင် ပြည့်နှက်လျက်ရှိသည်။ ပထစအစိုးရသည် ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးပြဿနာ

ပြေလည်မှုတို့ကိုဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ အစိုးရတွင်း အုပ်စုတိုက်ပွဲကိုသာ ပြင်းထန်စွာ ဆင်နွှဲနေတော့သည်။

ဦး၊ ဗိုလ်ဂိုဏ်းနှင့် သခင်ဂိုဏ်းတို့ အားပြိုင်နေစဉ်မှာပင် ပြည်သူ့ဝန်ထမ်းများက ဘဝလုံခြုံမှုအတွက် အခြေခံ ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုလာကြသည်။

သွင်းကုန်လိုင်စင်များကို နိုင်ငံပိုင်လုပ်မည်ဟု အစိုးရက ကြေညာသောအခါ ကုန်သည်ကြီးများက ပြင်းထန်စွာ ကန့်ကွက်ပြန်သည်။ တိုင်းရင်းသားခေါင်းဆောင်များ

ကလည်း စစ်မှန်သော ဖက်ဒရယ်မူကို ချမပေးပါက ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ခြိမ်းခြောက်ကြသည်။ ပထစအစိုးရ ရင်ဆိုင်နေရသော ပြဿနာများကို

သတင်းစာများက ပြဿနာပေါင်း သောင်းခြောက် ထောင်ဟု ကမ္ပည်းတပ်ကြသည်။ ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထောင်စုပါတီ ညီလာခံ၌ ဦး၊ ဗိုလ်၊ သခင်

ခေါင်းဆောင်လုပွဲဖြစ်လာသည်။ ဖေဖော်ဝါရီ လတွင် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ အသံလွှင့်ရုံ၌ဆွေးနွေးကြရာ တိုင်းရင်းသား ခေါင်းဆောင်များက

ဖက်ဒရယ်မူကိုသာ အရေးဆို သည်။ သို့နှင့် တစ်နိုင်ငံလုံးသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေလေပြီ။ [၁၁]

တော်လှန်ရေးအစိုးရ[ပြင်ဆင်ရန်]

တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခြင်း[ပြင်ဆင်ရန်]

နိုင်ငံတော်၏ အခြေအနေမှာများစွာ ယိုယွင်း ပျက်စီးလာပြီး အစိတ်စိတ်အ`မွှာ`မွှာ ကွဲကြေပျက်စီး ရတော့မည့်အခြေအနေသို့ ရောက်ရှိလာလေပြီ။ အသံလွှင့်ရုံ

တွင် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်၌ ကျင်းပသောအစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင် များ ဆွေးနွေးပွဲမှာလည်း မပြေလည်ပေ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၁

ရက်တွင် လူမျိုးပေါင်းစုံစည်းဝေးပွဲကြီးကို ရန်ကုန်မြို့၌ ကျင်းပပြန်သည်။ ထိုအစည်းအဝေးပွဲကြီး တွင် ဖက်ဒရယ်မူမရလျှင် ခွဲထွက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်

သံက ပိုမိုကျယ်လောင်လာသည်။ ရှမ်းစော်ဘွားဟောင်းများသည် ချက်ချင်းလက်ငင်းပင် ခွဲထွက်ရန် ပြင်ဆင်လာကြသည်။ ထိုနေ့မှာပင် အစိုးရ က နိုင်ငံခြား

သွင်းကုန် ထုတ်ကုန်လုပ်ငန်းများကို ပြည်သူ ပိုင် သိမ်းပိုက်မည်ဖြစ်ကြောင်း ကြေညာသည်။ သို့သော် ထိုကြေညာချက်မှာ ဦးနုခေါင်းဆောင်သော ပထစ

အစိုးရ၏ နောက်ဆုံးကြေညာချက်ပင်ဖြစ်တော့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်၊ ညသန်းခေါင် ကျော်ပြီး မတ်လ ၂ ရက်သို့အကူးတွင် ဝန်ကြီးချုပ် ဦးနုနှင့်ဝန်ကြီးအချို့၊ နိုင်ငံရေးခေါင်းဆောင်အချို့၊

အစိုးရအရာရှိကြီးအချို့ကို တပ်မတော်ကလိုက်လံ၍ ထိန်းသိမ်းလိုက်သည်။ နံနက်တွင်အချို့ကို ပြန်လွှတ်ပေး သည်။ မတ်လ ၂ ရက်၊ နံနက် ၈ နာရီ၊

မိနစ် ၅ဝ အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတွင် ယိုယွင်း လာသည့် အခြေအနေဆိုးများကို အချိန်မီ ထိန်းသိမ်း နိုင်ရန် တပ်မတော်ကတာဝန်ယူလိုက်ပြီ

ဖြစ်ကြောင်း၊ ပြည်သူတို့ စိုးရိမ်ကြောင့်ကြမရှိဘဲ အလုပ်အကိုင် လုပ်မြဲ လုပ်ရန်၊ ၁ဝ တန်းကျောင်းသားများ စာမေးပွဲ ဖြေမြဲ ဖြေရန် နှိုးဆော်ကြောင်း၊ ပြည်သူတို့

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရန်အတွက် အစွမ်းကုန်ကြိုးပမ်းမည် ဖြစ်ကြောင်း အသံလွှင့်၍ ကြေညာသည်။

သို့နှင့် ကိုလိုနီစနစ်၏ အမွေဆိုးတစ်ရပ်ဖြစ်သော ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကြီးသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တစ်ခန်းရပ်၍ ချုပ်ငြိမ်းသွား

ရလေပြီ။ တပ်မတော်သည် သမိုင်း၏လိုအပ်ချက်အရ တောင်းဆိုလာသည့် တာဝန်ကိုထမ်းဆောင်၍ ခေတ် ပြောင်းတော်လှန်ရေးကြီးကို

စတင်ဆင်နွှဲလိုက်ပြီဖြစ် သည်။ မတ်လ ၃ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အရင်းရှင် ပါလီမန်ဒီမိုကရေစီစနစ်

မှာ လုံးဝပြိုကွဲသွား ရတော့သည်။ မတ်လ ၄ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း က ပထစ၊ ပမညတနှင့် ဖဆပလနိုင်ငံရေးအဖွဲ့ကြီး သုံးရပ်မှ ခေါင်းဆောင်ကြီးများကို

ဖိတ်ကြား၍ တော်လှန်ရေးကောင်စီ၏လုပ်ရပ်ကို ရှင်းပြသည်။ မတ်လ ၅ ရက်တွင် ပမညတအဖွဲ့က တော်လှန်ရေး ကောင်စီကို ထောက်ခံကြောင်းကြေညာသည်။

မတ်လ ၈ ရက်တွင် ကြေညာချက်အမှတ် (၂၅)ဖြင့် ပါလီမန် ရွေးကောက်ပွဲကော်မတီကို ဖျက်သိမ်းလိုက်သည်။ ရန်ကုန်မြို့ ကုန်စိမ်းလက်ဝါးကြီးအုပ်လုပ်ငန်း ကို

လည်း ဖျက်သိမ်းလိုက်သည်။ ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာသည်။

တပ်မတော်သည် ပြည်တွင်းပြည်ပရန်သူများကို တိုက်ခိုက်ချေမှုန်းရန် တာဝန်တစ်ရပ်တည်းသာမက တော့ဘဲ ပျက်စီးယိုယွင်းနေသော နိုင်ငံတော်အား

ခေတ်ပြောင်းတော်လှန်ရေးကြီး ဆင်နွှဲ၍ ပြန်လည် တည်ဆောက်ရေးတာဝန်ကိုပါ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ ထမ်းဆောင်ရလေတော့၏။

ဖဆပလခေါင်းဆောင်များက ဗိုလ်ချုပ်ကြီး နေဝင်း၏ ခေါင်းဆောင်မှုကို လက်ခံကြောင်း၊ အခြေ အနေ တည်ငြိမ်လာသောအခါ ပါလီမန်ဒီမိုကရေစီကို

ပြန်လည်အသက်သွင်း၍ ရွေးကောက်ပွဲများ ကျင်းပ ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် တော်လှန်ရေးကောင်စီ အစိုးရသည်

အိမ်စောင့်အစိုးရမဟုတ်ပေ။ ပါလီမန်ဒီမိုကရေစီ စနစ်၏ဆိုးကျိုးများကိုလည်း ပြည်သူတစ်ရပ်လုံးက သင်ခန်းစာရခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး

ကောင်စီသည် ပါလီမန်ဒီမိုကရေစီစနစ်ကို လုံးဝ ဖျက်သိမ်းပစ်လိုက်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကို အချိန်ယူရေးဆွဲ၍ ချမှတ်သည်။ မြန်မာ့ဆိုရှယ်လစ်

လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ဖွဲ့စည်းလိုက် သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့်ပတ်သက်၍ ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်တွင် အောက်ပါအတိုင်း တင်ပြခဲ့သည်။

ဆိုရှယ်လစ်လမ်းစဉ်ကို ယခင်အခါများကလည်း မြန်မာခေါင်းဆောင်တို့ တွေးခေါ်အိပ်မက်ဖူးသည်။ လက်ဝဲညီညွတ်ရေးကို တည်ဆောက်ကာ ဆိုရှယ်လစ်

စီမံကိန်းများကို ဇောက်ချ၍ လုပ်မည်ဟုပြောခဲ့သည်။ သောင်းကျန်းမှုများကြောင့် တောင့်တသော လက်ဝဲ ညီညွတ်ရေးဝေးခဲ့ရသည်။ လက်ဝဲညီညွတ်ရေး

မဖြစ်၍ သောင်းကျန်းမှုများ ဖြစ်ပွားခဲ့ရလေသည်လား။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ပြည်တွင်ရှိစဉ် ကပင် မြန်မာပြည်သစ်အတွက် သင့်တော်သော ပုံစံ ကြမ်းကို စိတ်ကူး၍ ရေးသားခဲ့လေသည်။ ဆိုရှယ်လစ်စကား

နားခါးသော ဂျပန်တို့နှင့် ဆက်ဆံနေရသော ကြောင့် ယင်းဝေါဟာရကိုမသုံးသော်လည်း ဗိုလ်ချုပ် အောင်ဆန်း၏အဓိပ္ပာယ်သည် ရှင်းလင်းနေ၏။

ကျွနု်ပ်တို့ ရည်မှန်းချက်သည် ကိုယ့်တိုင်းပြည် အခြေအနေနှင့်သင့်တော်သော လွတ်လပ်သည့် သမ္မတ နိုင်ငံထူထောင်ရန်ဖြစ်သည်။ ဘုရင်စနစ်ကို ပြန်လည်

ထူထောင်ရန် မသင့်တော်ချေ။ ကျွနု်ပ်တို့ရာဇဝင်မှ ထင်ရှားသည်မှာ ခေါင်းဆောင်ကောင်းလျှင် အားလုံး ကောင်းသည်။ ခေါင်းဆောင်ပျက်လျှင် အားလုံး

ပျက်သည်။

အခြေခံဥပဒေဖြင့်ထိန်းထားသော ဘုရင်စနစ် သည်လည်း မြန်မာပြည်နှင့်မသင့်တော်ဟု ဗိုလ်ချုပ် အောင်ဆန်းထင်မြင်သည်။

မြန်မာပြည်သူတို့သည် ပြတ်သား၍ အရည်အချင်း ပြည့်ဝသောခေါင်းဆောင်မှုကို လိုချင်သည်။ အခြေခံဥပဒေဖြင့် ထိန်းထားသော ဘုရင်စနစ်ဟူသည်

အပေါ် ယံသာ ဘုရင်စနစ်ဖြစ်သော်လည်း အနှစ်သာရအား ဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ဖြစ်သည်။ ထိုစနစ်သည် ပုဂ္ဂိုလ်တစ်ဦးစီ လူစွမ်းကောင်းလုပ်ခြင်းကို

အားပေး သည်။ တစ်ဦးစီက အုပ်ချုပ်ရေးကို နှောင့်ယှက်ဖျက်ဆီး နိုင်သည်။

ကျွနု်ပ်တို့လိုအပ်သည်မှာ အင်အားရှိသော နိုင်ငံ တော်အုပ်ချုပ်ရေးဖြစ်သည်။ ညီညွတ်သော တစ်နိုင်ငံ နှင့် အမျိုးသားခေါင်းဆောင်တစ်ဦးကိုသာ လိုချင် သည်။

ပါလီမန်အတိုက်အခံပုဂ္ဂလိကဝါဒကို မလိုချင်။ အများအကျိုးက ပုဂ္ဂလိကအကျိုးထက်အရေးကြီး သည်။

ခေါင်းဆောင်ကောင်းမပေါ်ထွက်လျှင် မည်သို့ လုပ်မည်နည်း။ ဗိုလ်ချုပ်အောင်ဆန်းက သူ့မေးခွန်းကို သူဖြေသည်။

ပါတီက ခေါင်းဆောင်ကောင်းကောင်းမွေးထုတ် လိမ့်မည်။ ပါတီသည် လျော့ရဲရဲပါတီမျိုးမဟုတ်။ စည်း ကမ်းကျနကျစ်လျစ်သော ပါတီဖြစ်လိမ့်မည်။ ပါတီတွင်း

ဂိုဏ်းဂဏများပေါ်ထွက်၍ ပြဲကွဲခြင်းများ မဖြစ်ပေ ဘူးလား မေးဖွယ်ရှိသည်။ အဖြေမှာ ဤသို့သော ပါတီ မျိုးတွင် ဂိုဏ်းဂဏပေါ်ပေါက်ခဲသည်။ မည်သို့ပင်

ဖြစ်စေ အစိုးရခိုင်ခိုင်မာမာနှင့် ရှည်ကြာစွာ လုပ်နိုင်စေ ရန် တစ်ပါတီစနစ်ကို လိုသည်။ အမြဲတစေ ဤစနစ် သာ ကောင်းမည်ဟုကား မဆိုလိုပါ။

ညီညွတ်ရေးသည် အဓိကကျသည်။ တိုင်းရင်းသား များကို ဗြိတိသျှတို့က ခွဲခြားထားခဲ့သည်။ တိုင်းရင်းသား တို့အား ပြန်လည်၍ စည်းလုံးအောင် စည်းရုံးရမည်။

မျှတတူညီစွာဆက်ဆံ၍ အမျိုးသားစိတ် မွေးမြူပေးရ မည်။ လမ်းပန်းဆက်သွယ်ရေး ပြုပြင်ကာ ပို၍ ကူးလူး ဆက်ဆံကြရမည်။

မြန်မာပြည်သစ်တွင် လူနေမှုအဆင့်အတန်း မြှင့် တင်ပေးရမည်။ လူဦးရေများပြားလာအောင် စောင့် ရှောက်ရမည်။ ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊

စည်းကမ်း၊ အကျင့်စာရိတ္တ တိုးတက်စေအောင် ကြိုးပမ်း ကြရမည်။ ကြိုးနီစနစ်ဖြင့် နှေးကွေးလေးလံနေသော အုပ်ချုပ်ရေးစနစ်ကို ထိရောက်လွယ်ကူအောင်

ပြုပြင် ပေးရမည်။

တရားဥပဒေစနစ်ကို ပြင်ရမည်။ လူဝင်လူ ထွက်ကို ကြီးကြပ်ရမည်။ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခများကို ဖြေရှင်းပေးရမည်။ မသင်မနေရ အခြေခံ

ပညာရေးစနစ် ထူထောင်ရမည်။ ပညာရေး သည် ဘဝနှင့်ပို၍ ထင်ဟပ်နိုင်ရမည်။ သိပ္ပံပညာကို အားပေးရမည်။ ဆင်းရဲသားတို့၏ ကြွေးမြီများကို

လျှော်ပစ်ရမည်။ အမြတ်ကြီးစား၍ ငွေတိုးချေးခြင်းကို ထိန်းရမည်။ မြေပိုင်ရှင်စနစ်ကို ပြုပြင်ရမည်။ လယ်လုပ် သူတို့သာ လယ်ပိုင်ခွင့်ရှိရမည်။ စက်မှုလယ်ယာ

စနစ် သို့ ပြောင်းရမည်။

စက်မှုလုပ်ငန်းများကို ထူထောင်ရ မည်။ သတ္တု စသော သယံဇာတပစ္စည်းများကို ကြိုးပမ်း ရှာဖွေ ဖော်ထုတ်ရမည်။ စက်မှုလုပ်ငန်းငယ်များကို အားပေးရမည်။

ထွက်ကုန်ဝင်ကုန်ကို စနစ်ကျကျ ကြီးကြပ်ရမည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲရာတွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံကိုထူထောင်ရာတွင်လည်းကောင်း ခိုင်မာတောင့်

တင်း၍ အင်အားကောင်းသော နိုင်ငံရေးဦးဆောင် ပါတီကြီးတစ်ရပ်ရှိသင့်သည်ဟု ယူဆခဲ့သည်။ ယင်း ပါတီသည် ပြည်သူတစ်ရပ်လုံးက ထောက်ခံသော

ပြည်သူ့ပါတီဖြစ်ရမည်။ စင်ပြိုင်ပါတီများမရှိဘဲ တစ်ပါတီတည်း၏ ဦးဆောင်မှုအောက်တွင် တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း စည်းလုံးညီညွတ်စွာ ချီတက်ရ

မည်ဟု တွေးခေါ်ခဲ့သည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီ ထူထောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီသည် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်း

သကဲ့သို့ ဖြစ်မလာပေ။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က ပင် နှစ်ပါတီသို့ ကွဲသွားပြီး လွတ်လပ်ရေးရပြီးသော အခါတွင်ကား လက်နက်ကိုင်သောင်းကျန်းသူများဘဝ

သို့ ရောက်သွားရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့အရေးတော်ပုံ အဖွဲ့ကို နယ်ချဲ့ဆန့်ကျင်ရေးရည်မှန်းချက်ဖြင့် ထူထောင် ခဲ့ပြန်သည်။ ပြည်သူ့အရေးတော်ပုံအဖွဲ့သည် ဆိုရှယ်

လစ်ပါတီအဖြစ် အသွင်ကူးပြောင်းသွားသည်။ ပါတီစုံ ပါဝင်သော ဖဆပလအဖွဲ့ကြီးသည် ဖက်ဆစ်တော်လှန် ရေးကို ဆင်နွှဲခဲ့ရုံသာမက လွတ်လပ်ရေးကိုရရှိသည်

အထိ စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် ဖဆပလအဖွဲ့ ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သောနိုင်ငံ၏ ခေါင်းဆောင် ပါတီကြီးတစ်ရပ်ဖြစ်၍မလာပေ။

ဆိုရှယ်လစ်များမှာ ဖဆပလမှ ခွဲသွားခဲ့သည်။ ပြည်သူ့ရဲဘော် တွေ တောခိုကြသည်။ သို့နှင့် လက်ဝဲအင်အားစုများ သည် တောထဲရောက်သူကရောက်၊

အတိုက်အခံ ပါတီ ဖြစ်သူကဖြစ်နှင့် အစိုးရတာဝန်ယူထားရသော ဖဆပလ အဖွဲ့တွင် လက်ယာဝါဒီများသာကျန်ရစ်သည်။ နောက်ဆုံးဖဆပလသည်ပင်လျှင်

နှစ်ခြမ်းကွဲခဲ့ရသည်။ ကွဲထွက်သွားသော အုပ်စုနှစ်စုသည်လည်း အစိတ်စိတ် အမြွှာမြွှာထပ်၍ ကွဲခဲ့ပြန်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် လက်ဝဲညီညွတ်ရေးကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည်။ ဆိုရှယ်လစ်ပါတီကို စနစ်တကျဖွဲ့စည်းရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။

လက်ဝဲစွန်းရောက် ကွန်မြူနစ်သောင်းကျန်းသူများကို အားကိုး၍ မဖြစ်နိုင်သဖြင့် မြေပေါ်နိုင်ငံရေးသမားများ ကို အားကိုးခဲ့သည်။ သို့သော် ပါတီစုံ

ပါလီမန်ဒီမိုကရေစီ စနစ်သည် မြန်မာနိုင်ငံအား ထိန်းသိမ်းပဲ့ပြင်နိုင်ခြင်း မရှိပေ။ ပြည်သူများသည် မြေအောက်သောင်းကျန်းသူ များနှင့် မြေပေါ်နိုင်ငံရေး

ပဋိပက္ခများ၏ဒဏ်ကို လည်စင်း၍ ခံနေကြရသည်။ ပြည်သူတို့၏ လိုအင် ဆန္ဒနှင့်အညီ ထမ်းဆောင်ခြင်းသည် သမိုင်းပေးတာဝန် ကို ထမ်းဆောင်ခြင်းဖြစ်သည်။

ထို့ကြောင့် တော်လှန် ရေးကောင်စီသည် စနစ်ဟောင်းကို လုံးဝဖြိုဖျက်လိုက် ခြင်းဖြင့် မြေပေါ်နိုင်ငံရေးပဋိပက္ခများကို ချုပ်ငြိမ်းစေ လေသည်။ ထို့နောက်

တစ်ပါတီနိုင်ငံရေးစနစ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော ဆိုရှယ်လစ်ပန်း တိုင်သို့ ချီတက်ကြရန် တစ်ပြည်လုံးသို့ နှိုးဆော်လိုက် လေတော့၏။

ပြည်တွင်းသောင်းကျန်းမှုအခြေအနေ(၁၉၆၂)[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၄၈-၄၉ ခုနှစ် တောခိုခါစကာလများတွင် အင်အားအသင့်အတင့် ကောင်းခဲ့သော်လည်း ၁၉၅၅ ခုနှစ်တွင် အင်အားမှာ သိသာစွာ

လျော့ကျသွားသည်။ အချိန်ကြာသည်နှင့် အမျှ လုံးပါးပါး၍လာသည်။ ပါတီစတင်ပေါ်ပေါက်ချိန် မှစ၍ သခင်စိုး၏ခေါင်းဆောင်မှု၊ သိန်းဖေမြင့်၏

ခေါင်းဆောင်မှုတို့ကိုဖြိုချ၍ ပါတီခေါင်းဆောင်မှုကို ရယူခဲ့သော သခင်သန်းထွန်းသည်ပင်လျှင် ပါတီတွင်း ခေါင်းဆောင်မှုကျဆင်းလာသည်။ ၁၉၅၈ ခုနှစ်တွင်

တပ်မတော်၏ထိုးစစ်များကြောင့် တိုင်း(၃)အုပ်စုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ သောင်းကျန်းသူများ အစုလိုက်၊ အပြုံလိုက်လက်နက်ချကြလေရာ ပါတီသည်

ပြိုကွဲလုနီးပါး ဖြစ်သွားရသည်။ ထို့ကြောင့် ဗိုလ်ရဲထွဋ်ကို အစိုးရထံစေလွှတ်၍ လက်နက်ချ အလင်းဝင်ရေးကို ကြိုးစားလာရသည်။ သို့သော် ထိုအချိန်မှာပင်

ဖဆပလနှစ်ခြမ်းကွဲလေရာ ဗမာပြည်ကွန်မြူနစ်ပါတီ သည် အစိုးရ၏ပြိုကွဲချည့်နဲ့မှုကို အခွင့်ကောင်းယူ၍ လက်နက်ချရေးလမ်းစဉ်ကို စွန့်လွှတ်လိုက်တော့သည်။

အိမ်စောင့်အစိုးရလက်ထက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် တပ်မတော်၏ထိုးစစ်များမှ ရှောင်တိမ်းပြေးလွှားနေရသည်။ ပထစအစိုးရလက် ထက်သို့

ရောက်သောအခါ မြေပေါ်နိုင်ငံရေးပဋိပက္ခ များ ပေါ်ပေါက်လာပြန်သည်။ အစိုးရသည် နိုင်ငံ၏ ငြိမ်ဝပ်ပိပြားရေးကို မဆောင်ရွက်နိုင်ချေ။ တပ်မတော် သည်

မဲခေါင်စစ်ဆင်ရေးကြီးကိုဆင်နွှဲ၍ ပြည်ပ ကျူးကျော်သူ ကေအမ်တီများကို နှိမ်နင်းနေရသည်။ ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် လမ်းပန်း ဆက်သွယ်ရေး

ညံ့ဖျင်းသောဒေသများတွင် ခိုအောင်း ၍ လှုပ်ရှားနေရသည်။ အလုံးအရင်းအလိုက် လှုပ်ရှား နိုင်ခြင်းကားမရှိပေ။

အလံနီပါတီသည် ပင်မကွန်မြူနစ်ပါတီကြီးမှ ခွဲထွက်လာပြီးသည့်နောက် ဆူပူအုံကြွရေး လှုပ်ရှားမှု များကိုသာ ဆောင်ရွက်ခဲ့ရာ တဖြည်းဖြည်းလူမုန်းများ ၍

လာလေသည်။ လက်ဝဲအလွန်အကျွံဝါဒီများ ဖြစ် သောကြောင့် ပြည်သူလူထု၏ ထောက်ခံမှုကို မရပေ။ အင်အားမှာလည်း တဖြည်းဖြည်း ယုတ်လျော့၍လာ သည်။

လှုပ်ရှားရာနယ်မြေမှာလည်း ကျဉ်းမြောင်းလာ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးမှာ လည်း မည်သည့်အခါမျှ အဆင်ပြေခြင်းမရှိပေ။ ဧရာ ဝတီ

အနောက်ဘက်ခြမ်းဒေသတွင် ခိုအောင်းနေစဉ် တပ်မတော်၏ ထိုးစစ်များကြောင့် အလံနီများသည် ရခိုင်ရိုးမပေါ်သို့ ထွက်ပြေးခိုအောင်းကြရသည်။

ရခိုင်တွင်ရှိနေသော ဗုံပေါက်သာကျော်အဖွဲ့သည် ၁၉၅၅ ခုနှစ်တွင် လက်နက်ချ၍ ချုပ်ငြိမ်းသွားသည်။ ဦးစိန္တာ၏ ပြည်သူ့လွတ်လပ်ရေးအဖွဲ့သည်လည်း ၁၉၅၈

ခုနှစ်တွင် လက်နက်ချအလင်းဝင်သွားသည်။ သခင်စိုး ၏ အလံနီပါတီသည် ဦးစိန္တာ၏ တပည့်ရင်းဖြစ်သူ ကျော်ဇံရွှီးနှင့် နောက်လိုက် ၃ဝ ခန့်ကို ဖဲ့ထုတ်၍

စည်းရုံးထားလိုက်နိုင်သည်။ သို့သော် ကျော်ဇံရွှီးတို့အဖွဲ့ သည် သခင်စိုး၏ဇနီးဖြစ်သူ မငွေစံနှင့် မသင့်မတင့် ဖြစ်ရာမှ ပစ်ခတ်ကြသည်အထိ ပဋိပက္ခဖြစ်လာသော

ကြောင့် အလံနီပါတီမှ လုံးဝခွဲထွက်လိုက်သည်။ ကျော်ဇံ ရွှီးက ရခိုင်ပြည်ကွန်မြူနစ်ပါတီဟု သီးခြားလှုပ်ရှားသည်။ သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီမှာမူ

ရခိုင်ကွန်မြူ နစ်များကို မဟာမိတ်ဖွဲ့၍ ရခိုင်ရိုးမတွင်သာ ခိုအောင်း နေရလေသည်။

ကေအင်န်ယူအဖွဲ့သည် တောခိုခါစကာလတွင် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်နှင့် စစ်ရေးဝါဒ သက်သက်ကိုသာ ကျင့်သုံးခဲ့သည်။ တပ်မတော်၏

ထိုးစစ်များကြောင့် ကေအင်န်ဒီအိုလက်နက်ကိုင်တပ် များ အရေးနိမ့်လာသောအခါ စစ်ရေးဝါဒသည် ကျဆုံးလာသည်။ ထိုအခါ ကရင်သောင်းကျန်းသူအချို့

သည် မာ့ခ်စ်လီနင်ဝါဒကို ကြွေးကြော်လာကြသည်။ ကေအင်န်ယူအဖွဲ့ကို ပါတီပုံစံမျိုးပြန်ဖွဲ့ကြသည်။ ကေအင်န်ယူများသည် ဒုတိယလမ်းစဉ်ကို ပြောင်းလဲ

လိုက်ကြသည်နှင့် အလိုလိုပင် ဗမာပြည်ကွန်မြူနစ် ဝါဒီ၏ ဩဇာခံဖြစ်သွားကြသည်။ သို့သော် အရှေ့ ကော်သူးလေခေါ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့်

သံလွင်ခရိုင်မှ ကေအင်န်ဒီအိုများက မာ့ခ်စ်လီနင်ဝါဒ ကို လက်မခံခဲ့ကြပေ။ ထို့ကြောင့် ကေအင်န်ယူသောင်း ကျန်းသူများ၏ပုံစံမှာ အတိအလင်း

နှစ်ပိုင်းကွဲပြားခြင်း မရှိသော်လည်း နှစ်ပိုင်းကွဲသကဲ့သို့ပင်ဖြစ်နေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီအခြေအနေ ဆိုးရွား လာသောအခါ နောက်မြီးဆွဲပါတီဘဝသို့ရောက်နေ သော ကေအင်န်ယူများသည်လည်း အလိုအလျောက် အခြေအနေ

ဆိုးရွားလာသည်။ လက်အောက်ခံတပ်သား များကိုလည်း မထိန်းသိမ်းနိုင်သဖြင့် ဆက်ကြေးကောက် ခြင်း၊ လူသတ်ခြင်း၊ အဓမ္မကျင့်ခြင်းတို့ကို မြောက်မြား စွာ

ကျူးလွန်ကြရာ ကေအင်န်ယူများကို ကရင် တိုင်းရင်းသားများကပင် မုန်းတီး၍လာသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ကေအင်န်ယူနှင့် လူအင်အား ၅ဝ ခန့်သာရှိသော

မွန်သောင်းကျန်းသူများသည် အမျိုးသား ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)ကို ဖွဲ့ စည်းထားသော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ဝါးကြီးအုပ်

ချုပ်ကိုင်မှုကြောင့် မည်သို့မျှ စွမ်း ဆောင်နိုင်ခြင်းမရှိပေ။

ရှမ်းသောင်းကျန်းသူများမှာ အလုံးအရင်းဖြင့် စစ်ဆင်နိုင်ခြင်းမရှိဘဲ ပြောက်ကျားလှုပ်ရှားမှုများကို သာ ဆောင်ရွက်နေနိုင်ကြသည်။ မူဂျာဟစ်များမှာ လည်း

နယ်ခြားဆန်မှောင်ခိုဂိုဏ်းအဖြစ် လျှောကျသွား ပြီဖြစ်သည်။ ကေအိုင်အေသောင်းကျန်းသူများမှာ စတင်ထကြွကစပင်ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုး

ရေးကိုအကြောင်းပြု၍ တဖြည်းဖြည်း အင်အားတိုးပွား ၍လာနေသည်။

ကိုလိုနီနယ်ချဲ့စနစ်၏ အမွေဆိုးကြီးဖြစ်သော ပြည်တွင်းသောင်းကျန်းမှုသည် ပါတီစုံ ပါလီမန်ဒီမိုကရေ စီခေတ်တွင် အစွမ်းကုန် ထကြွသောင်းကျန်းခဲ့သည်။

ပြည်တွင်းသောင်းကျန်းမှုများသည် တပ်မတော်၏ ထိုးစစ်များကြောင့် ချုပ်ငြိမ်းပျောက်ကွယ်သင့်ခဲ့ သော်လည်း မြေပေါ်နိုင်ငံရေး ပဋိပက္ခများကြောင့် ဆက်လက်၍

သက်ဆိုးရှည်ခဲ့ရသည်။ ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ်သည် ကိုလိုနီခေတ်၏ နောက်ဆက်တွဲ ဖြစ်သော ပြည်တွင်းသောင်းကျန်းမှုကို မနှိမ်နင်းနိုင်ရုံ သာမကဘဲ

နိုင်ငံအတွင်း၌ ပြည်တွင်းစစ်မီးကြီး တောက်လောင်တော့မည့် အခြေအနေသို့ ဆိုက်ရောက် စေခဲ့သည်။ ကေအိုင်အေကဲ့သို့ သောင်းကျန်းသူများ သည်

ပါလီမန်ဒီမိုကရေစီစနစ်ကြောင့် အသစ်ပေါ် ပေါက်လာသော သောင်းကျန်းမှုဖြစ်သည်။

တော်လှန်ရေးကောင်စီက သမိုင်းပေးတာဝန်အရ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်သောအခါတွင် ပြည်တွင်းသောင်းကျန်းမှုမီးသည် ဆက်လက်တောက်

လောင်နေဆဲပင်ဖြစ်သည်။ တပ်မတော်သည် ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးတာဝန် များကို ထမ်းဆောင်ရင်း ကိုလိုနီနယ်ချဲ့စနစ်နှင့်

အရင်းရှင်ပါလီမန်စနစ်၏ အမွေဆိုးကြီးဖြစ်သော ပြည်တွင်းသောင်းကျန်းမှုကို စစ်ရေးအရ ဆက်လက် တိုက်ခိုက်နှိမ်နင်းနေရဦးမည်ဖြစ်လေသည်။ [၁၂]

တော်လှန်ရေးကောင်စီအစိုးရနှင့် ပြည်တွင်းသောင်းကျန်းမှု အခြေအနေ[ပြင်ဆင်ရန်]

တော်လှန်ရေးကောင်စီအစိုးရ[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေပြီး အစိတ်စိတ်

အမြွှာမြွှာကွဲထွက်တော့မည့်အန္တရာယ်နှင့်ကြုံတွေ့နေရ သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အား နိုင်ငံတော် ၏ အကျိုးကို မျှော်ကိုး၍ မလွှဲမရှောင်သာဘဲ

နိုင်ငံတော် ၏ အာဏာကို ထိန်းသိမ်းရယူခဲ့ကြောင်း ပြည်တွင်း သောင်းကျန်းမှုသမိုင်း အပိုင်း(၁) တွင် တင်ပြပြီးလေပြီ။ ထိုအချိန်က နိုင်ငံတော်တွင်

မြေအောက်သောင်းကျန်းမှု များ အမြစ်မပြတ်ဘဲရှိနေသကဲ့သို့ မြေပေါ်နိုင်ငံရေး၊ ပဋိပက္ခများမှာလည်း များစွာပြင်းထန်လျက်ရှိခဲ့သည်။ ရှမ်းပြည်နယ်က

ဖက်ဒရယ်မူဖြင့် ခွဲထွက်ရန် ခြိမ်းခြောက်နေသကဲ့သို့ အတိုက်အခံနိုင်ငံရေးအုပ်စု များကလည်း ဆန္ဒပြပွဲများ၊ သပိတ်များစသည့်ဆူပူ အုံကြွမှုများကို

ဖန်တီးလျက်ရှိကြရာ သန့်ရှင်းအစိုးရ သည် နိုင်ငံတော်အား နိုင်နင်းစွာအုပ်ချုပ်နိုင်ခြင်းမရှိ တော့ပေ။

သန့်ရှင်းအစိုးရအဖြစ် အာဏာရရှိထားသော ပြည်ထောင်စုပါတီပင်လျှင် ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ တွင် ပါတီညီလာခံကျင်းပ၍ ဦး၊ ဗိုလ်အုပ်စုနှင့် သခင်အုပ်စု

တို့ အာဏာလုပွဲဖြစ်ပေါ်ခဲ့သည်။ ပြည်နယ်များမှ တိုင်းရင်းသားခေါင်းဆောင်များကလည်း အစိုးရကို ကြမ်းတမ်းစွာ ပုတ်ခတ်ဝေဖန်လာကြသည်။ ထို့ကြောင့်

တော်လှန်ရေးကောင်စီသည် ပေါက်ကွဲပျက်စီးလုနီးပါး အန္တရာယ်နှင့်ကြုံတွေ့နေရသော နိုင်ငံတော်၏အာဏာ ကို သမိုင်းပေးတာဝန်အရ ထိန်းသိမ်းစောင့်ရှောက်

ခဲ့ရ ခြင်းဖြစ်လေသည်။ တပ်မတော်သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက် ညသန်းခေါင်မှစ၍ ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးအချို့၊ နိုင်ငံရေးခေါင်းဆောင်အချို့၊

အစိုးရအရာရှိကြီးအချို့ ကို ထိန်းသိမ်းလိုက်သည်။

မတ်လ ၂ ရက် နံနက်တွင် အချို့ပုဂ္ဂိုလ်များကို အိမ်ပြန်စေသည်။ နံနက် ၈ နာရီ၊ မိနစ် ၅ဝ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူသို့ အသံ လွှင့်၍ နိုင်ငံတော်

ယိုယွင်းလာသည့် အခြေအနေဆိုးများ ကို အချိန်မီထိန်းသိမ်းနိုင်ရန် တပ်မတော်က တာဝန်ယူ ပြီးပြီဖြစ်ကြောင်း၊ ပြည်သူတို့ စိုးရိမ်ကြောင့်ကြမရှိဘဲ အလုပ်

အကိုင် လုပ်မြဲလုပ်ရန်၊ ၁ဝ တန်းကျောင်းသား များ စာမေးပွဲဖြေမြဲဖြေရန် နှိုးဆော်ကြောင်း၊ ပြည်သူတို့ ၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးအတွက် အစွမ်းကုန်

ကြိုးပမ်းမည်ဖြစ်ကြောင်း ကြေညာသည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် တော်လှန်ရေးအစိုးရ အဖွဲ့ကို ဖွဲ့စည်းခေါင်းဆောင်သည်။ တော်လှန်ရေး ကောင်စီက နိုင်ငံတော်အတွက်မူဝါဒများချမှတ်အုပ်ချုပ်

သည်။ အစိုးရက အုပ်ချုပ်ရေးယန္တရားကို တာဝန်ခံ သည်။ အစိုးရအဖွဲ့ဝင်များကို ဝန်ကြီးဟု ခေါ်ဝေါ်ခြင်း မပြုဘဲ တာဝန်ခံဟုသာ ခေါ်ဝေါ်ခဲ့သည်။ ပါလီမန်

အကြံပေးအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်တို့ကို ဖျက်သိမ်း သည်။ ပြည်နယ်ကောင်စီများအစား ပြည်နယ်ဦးစီးအဖွဲ့ များကို ဖွဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၄

ရက်တွင် တော်လှန်ရေးကောင်စီသည် ပထစ၊ ဖဆပလနှင့် ပမညတ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ညီညွတ်စွာ ဆိုရှယ်လစ်နိုင်ငံထူထောင်ကြပါစို့ဟု

ဖိတ်ခေါ်ခဲ့သည်။ အတူတွဲ၍မလုပ်ကိုင်နိုင်လျှင် အနှောင့်အယှက်မပြုကြ ပါနှင့်ဟုလည်း မေတ္တာရပ်ခံသည်။၁ ဖဆပလအဖွဲ့က ဗိုလ်ချုပ်ကြီးနေဝင်း၏

ခေါင်းဆောင်မှုကို လက်ခံ ကြောင်း၊ အခြေအနေတည်ငြိမ်သောအခါ ပါလီမန် ဒီမိုကရေစီကို အသက်သွင်းရန် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပလိမ့်မည်ဟု

မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် တော်လှန်ရေးကောင်စီသည် နိုင်ငံတော်အား အခြေအနေဆိုးရွားသည်ထက် ဆိုးရွား စေခဲ့သော ဖြစ်စဉ်များအပေါ်

သုံးသပ်၍ ရှေ့လုပ်ငန်း စဉ်များကို သတိထား၍ ရွေးချယ်ခဲ့သည်။

တော်လှန်ရေးကောင်စီသည် အချိန်ယူဆွေးနွေး ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဝေါဟာရအသုံးအနှုန်း များကို

မြန်မာပညာရှိများနှင့်တိုင်ပင်၍ ရွေးချယ်ခဲ့ သည်။ တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို လက်ခံပြီးသောအခါ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်

ရတနာပုံရေတပ်စခန်းတပ်မှူးများ ညီလာခံ တွင် တစ်ပိုဒ်စီရှင်းပြ၍ တင်သွင်းသည်။ အားလုံး သဘောတူသောအခါ စာတမ်းကို တပ်မှူးအားလုံး လက်မှတ်ရေးထိုး၍

မော်ကွန်းတင်ကြသည်။ ထို့နောက် ၁၉၆၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ကြေညာလိုက်လေသည်။ ထို့နောက် မြန်မာ့ ဆိုရှယ်လစ်

လမ်းစဉ် ပါတီကို အမြုတေ ကေဒါပါတီ အဖြစ် စတင်ထူထောင်တော့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော်တစ်ခုလုံးအား ဦးဆောင် ၍

ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွှဲမည်ဟုဆိုသည်။ စင်စစ် ဆိုရှယ်လစ်စနစ်ကို ရွေးချယ်သည်ဆိုရာတွင် လွတ်လပ်ရေးခေတ်မှစ၍

ပထစခေတ်အထိ အစိုးရများအပါအဝင် နိုင်ငံရေး အင်အားစု အတော်များများက ဆိုရှယ်လစ်ကြွေးကြော် သံကို ကြွေးကြော်ခဲ့ကြသည့်နည်းပင် ဖြစ်သည်။

တော်လှန်ရေးကောင်စီသည် အနှစ်သာရအားဖြင့် တော်လှန်ရေးသဘောကိုဆောင်သော်လည်း အသွင်သဏ္ဌာန်အားဖြင့် စစ်ကောင်စီကဲ့သို့ ဖြစ်နေသောကြောင့်

ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွှဲရန် တော်လှန်ရေးသဘောလက္ခဏာဆောင်သော နိုင်ငံရေး ပါတီကြီးတစ်ရပ်အဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို

ထူထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် တပ်မတော်သည် မြေအောက်သောင်းကျန်းသူများကိုသာမကဘဲ မြေပေါ် အဖျက်သမားများ

၏ အန္တရာယ်ကိုပါ တိုက်ခိုက်ချေမှုန်း သွားရန်အတွက် လုံးလုံးလျားလျား တာဝန်ယူလိုက်ခြင်း လည်းဖြစ်လေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်မှစ၍ လက်နက်ကိုင်သောင်းကျန်း ဆူပူခဲ့ရာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် သောင်းကျန်းမှု သက်တမ်း ၁၄

နှစ်တာကာလအထိ ကြာမြင့်ခဲ့လေ သည်။ ထို ၁၄ နှစ်တာကာလအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၄၈၊ ၁၉၄၉၊ ၁၉၅ဝ ပြည့်နှစ် များတွင်သာ ပြည်၊

ပျဉ်းမနားစသော မြို့ကြီးများကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းမှစ၍ စစ်ရေးအခြေအနေ ယိုယွင်းလာခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ပါတီတစ်ရပ်လုံး

ဆိတ်သုဉ်းတော့မည့် အခြေအနေ နှင့် ကြုံတွေ့ခဲ့ရသော်လည်း မြေပေါ်တွင် ဖဆပလကွဲပြီး နိုင်ငံရေးပဋိပက္ခ ပြင်းထန်ကာ အစိုးရအင်အားချည့်နဲ့ ပျော့ညံ့ခဲ့သော

ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် အသက်ရှူပေါက်ရသွားခဲ့ရသည်။ ၁၄ နှစ်တာကာလ အတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်

အပြောင်းအလဲများ မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ၁၉၄၈ ခုနှစ်။ လွတ်လပ်ရေးဆိုသည်မှာ ပေး၍မရ။ တိုက်ယူမှရသည်။ မလွတ်လပ် သော နိုင်ငံများနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများ တွင် လွတ်လပ်ရေးရရှိရန်နှင့်

ကွန်မြူနစ် အစိုးရထူထောင်ရန် ကွန်မြူနစ်များက ခေါင်းဆောင်ပြီး ထကြွပုန်ကန်ရမည်။ အဆိုပါ လက်နက်ကိုင်အာဏာသိမ်းရေး လမ်းစဉ်သည် အိန္ဒိယ

ကွန်မြူနစ်ပါတီ၏ လမ်းစဉ်ကို တိုက်ရိုက်ကူးယူထားသော ဂိုရှယ်၏ စီမံကိန်းပင်ဖြစ်သည်။

၂။ ၁၉၄၉ ခုနှစ်။ မြို့သိမ်းတိုက်ပွဲများနှင့် အပြီး သတ်အာဏာသိမ်းရေးလမ်းစဉ်အရ ဗမာပြည်ကွန်မြူနစ်ပါတီသည် အကာအကွယ်တောင့်တင်းခိုင်မာခြင်းမရှိသည့်

မြို့ပြများကို သိမ်းပိုက်၍ စစ်ရေးဝါဒကို စိတ်ကူးယဉ် ခဲ့ခြင်းဖြစ်သည်။

၃။ ၁၉၅ဝ ပြည့်နှစ်။ နယ်ခြားဒေသတွင် အခြေခံစခန်းတည်ဆောက်ရေး၊ ပြည်ပနှင့် ဆက်သွယ်ရေး၊ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ ဆုံးဖြတ်သည့်အတိုင်း

ကြွေးကြော်ရေး နှင့် နှစ်နှစ်အတွင်း စစ်အောင်နိုင်ရေးလမ်းစဉ် ကို ချမှတ်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် မြို့ပြနှင့် ကျေးလက်နယ်မြေ အချို့ကို

သိမ်းပိုက်ထားနိုင်သဖြင့် စစ်ရေး ဝါဒကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ခြင်း ပင်ဖြစ်သည်။ တစ်ဖက်ကလည်း ပြည်ပ အားကိုးသည့် သဘောထားများကို ပိုမို၍

ပြသလာသည်ကိုတွေ့ရသည်။

၄။ ၁၉၅၁ ခုနှစ်။ ငြိမ်းချမ်းရေးနှင့် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးလမ်းစဉ်ကို ချမှတ်သည်။ တပ်မတော်၏ ထိုးစစ်ကြောင့် လွတ်မြောက် သောဒေသများ ဆုံးရှုံးပြီး

စစ်ရေးအခြေ အနေ နိမ့်ပါးယိုယွင်းလာသောကြောင့် အသက်ရှူပေါက်ရရှိစေရန် ငြိမ်းချမ်းရေးနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို ကြွေးကြော် ခဲ့ခြင်းဖြစ်သည်။

၅။ ၁၉၅၂ ခုနှစ်။ တပ်မတော်၏ ထိုးစစ်များ ကြောင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွား လာပြီး ဖဆပလအစိုးရကလည်း ငြိမ်းချမ်း ရေးနှင့် ညွန့်ပေါင်းအစိုးရ

ဖွဲ့စည်းရေးကို လက်မခံသောအခါ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလမ်းစဉ်ကို တစ်ဖက်လှည့်၍ ကြွေးကြော်ခဲ့ပြန်သည်။ သို့သော် ဖဆပလ အစိုးရက လက်မခံခဲ့ပေ။

၆။ ၁၉၅၃ ခုနှစ်။ ဖဆပလအစိုးရနှင့် အစေး ကပ်ရန် မျှော်လင့်ချက်မရှိတော့သောအခါ ဖဆပလအစိုးရအား အပြုတ်တိုက်ရေး လမ်းစဉ်ကို ချမှတ်ပြန်သည်။

၇။ ၁၉၅၄ ခုနှစ်။ ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုကို အခွင့်ကောင်းယူ၍ တရုတ်ဖြူဆန့်ကျင်ရေးကို ကြွေးကြော်ရင်း စစ်ရေးအရ အခွင့်အရေးယူခဲ့သည်။

နောက်ကျောကို ဓားနှင့်ထိုးခြင်းပင် ဖြစ်သည်။

၈။ ၁၉၅၅ ခုနှစ်။ နည်းဗျူဟာအရ ပြည်တွင်း စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြွေးကြော်ပြီး မဟာဗျူဟာအရ လက်နက်ကိုင်အာဏာသိမ်းရေး

လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်မှာ ၅၅ လမ်းစဉ်အဖြစ် နာမည် ကြီးခဲ့ပြီး ပြည်ပမှ ပေးပို့ခဲ့သော လမ်းစဉ် ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၅၅ လမ်းစဉ်

အား တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခွင့်မရခဲ့ပေ။ ထို့ကြောင့် ပြည်ပ ကွန်မြူနစ်ဩဇာသက်ရောက်မှုနှင့် နိုင်ငံရေး လွှမ်းမိုးမှု ထိထိရောက်ရောက်ပေါ်ပေါက်

လာခြင်းပင်ဖြစ်သည်။

တစ်ဖက်က ငြိမ်းချမ်း ရေးနှင့် ပါတီတရားဝင်ရပ်တည်ခွင့်ရရှိရေး ကို ကြွေးကြော်ရင်း တစ်ဖက်ကလည်း လက်နက်ကိုင်တိုက်ပွဲကို တိုးမြှင့်ရန် စီစဉ် ခဲ့ရာ

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေ ခဲ့ပြီး ပါတီအတွင်း၊ အပြင် ဂယက်ရိုက်မှု များပြားခဲ့သော လမ်းစဉ်ဖြစ်သည်။

၉။ ၁၉၅၆၊ ၅၇ ခုနှစ်များ။ ၅၅ လမ်းစဉ်ကို အကောင်အထည်ဖော်ရင်း ပါတီတွင်း ပဋိပက္ခများ ပေါ်ပေါက်လာသည်။ ၅၅ လမ်းစဉ်ကို ထောက်ခံသူ၊

မထောက်ခံသူများ အငြင်းပွားလာကြသည်။

၁ဝ။ ၁၉၅၈ ခုနှစ်။ ပါတီတွင်းယိုယွင်းလာပြီး လက်နက်ချသူ များပြားလာသဖြင့် ငြိမ်းချမ်း သောနည်းဖြင့် အာဏာရယူရေးလမ်းစဉ် (တစ်နည်းအားဖြင့်)

ဥပဒေအတွင်း ဝင်ရောက်၍ အာဏာရယူရေးလမ်းစဉ်ကို ချမှတ်ခဲ့သည်။ ထိုကာလအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်လမ်းစဉ် ကို

စွန့်လွှတ်ရလုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ တိုင်း(၃) အုပ်စုတစ်ခု လုံး လက်နက်ချသွားပြီး ပါတီဗဟိုကလည်း ဗိုလ်ရဲထွဋ်ကို စေလွှတ်၍ အစိုးရနှင့်

ဆွေးနွေးစေခဲ့ရသည်။

၁၁။ ၁၉၅၉ ခုနှစ်။ ဖဆပလနှစ်ခြမ်းကွဲပြီး အစိုးရ အင်အားချည့်နဲ့မှုကို အကြောင်းပြု၍ ၅၅ လမ်းစဉ်၏ အဆက်ဖြစ်သော အစိုးရနှင့် တန်းတူရည်တူ

တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ် ဆွေးနွေးရေးလမ်းစဉ်ကိုအဆင့်တိုး၍ ချမှတ် ခဲ့သည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီ သည် စစ်မှန်သောငြိမ်းချမ်းရေးကို

လိုလား မှုမရှိသောကြောင့် အိမ်စောင့်အစိုးရ လက်ထက်တွင် တပ်မတော်က ထိုးစစ်ကြီး များဖြင့် ချေမှုန်းခဲ့ရသည်။

၁၂။ ၁၉၆ဝ ပြည့်နှစ်။ အိမ်စောင့်အစိုးရက ကျင်းပပေးသည့် ရွေးကောက်ပွဲတွင် တည်မြဲ များက တပ်မတော်သည် ယင်းတို့အား ထောက်ခံကူညီသည်ဟု

သတင်းလွှင့်ခဲ့ရာ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း သန့်ရှင်း အစိုးရကို အားပေးကူညီရေး လမ်းစဉ်ချမှတ် ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံရေး

အရ အစိုးရကိုဆန့်ကျင် ပုန်ကန် နေသော်လည်း လက်တွေ့တွင် တပ်မတော် နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရခြင်းဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းအစိုးရက တပ်မတော်

အပေါ် ဖိနှိပ်ကန့်သတ်ရေးကို လိုလားခဲ့ သည်။ ဦးနုခေါင်းဆောင်သော သန့်ရှင်း အစိုးရ၏ ပျော့ညံ့မှုနှင့် ပျော့ပျောင်းသော မူဝါဒများအပေါ် အခွင့်ကောင်းယူခဲ့ခြင်း

လည်းဖြစ်သည်။

၁၃။ ၁၉၆၁ ခုနှစ်။ ဗမာပြည် ကွန်မြူနစ်ပါတီ သည် ငြိမ်းချမ်းစွာ အာဏာသိမ်းရေးသည် မဖြစ်နိုင်။ လက်နက်ကိုင် တိုက်ခိုက်မှသာ အာဏာရရှိမည်ဟု ယူဆပြီး

၁၉၅၈ ခုနှစ် က ငြိမ်းချမ်းသောနည်းဖြင့် အာဏာယူမည့် လမ်းစဉ်ကို ပယ်ဖျက်လိုက်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၄ နှစ်တာ ကာလအတွင်း လမ်းစဉ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံး ခဲ့သည်။ သို့သော်လည်း အဓိကအားဖြင့် စစ်ရေး လမ်းစဉ်ကိုမူ

စွန့်လွှတ်နိုင်ခြင်းမရှိခဲ့ပေ။ ၁၉၆၂ ခုနှစ် နှစ်ဦးတွင် သန့်ရှင်းအစိုးရ၏အခြေအနေမှာ များစွာ ယိုင်နဲ့ယိုယွင်းနေသော်လည်း တပ်မတော်ကဆင်နွှဲနေ သည့်

ထိုးစစ်များကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် နိုင်ငံရေးအရ ထူးခြားတိုးတက်လာနိုင်ခြင်း မရှိခဲ့ပေ။ မြေပေါ်နိုင်ငံရေးအခြေအနေကိုဝင်ရောက် စွက်ဖက်နိုင်ရန်

ကျောင်းသား၊ အလုပ်သမား၊ လယ်သမားစသည့် လူတန်းစားအလွှာများအတွင်းသို့ သူလျှိုများဖြင့် ထိုးဖောက်ဝင်ရောက်နေစဉ် မြေအောက် ၌ တပ်မတော်၏

ထိုးစစ်များမှရှောင်ပြေးပုန်းအောင်း ၍သာ နေရလေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၅၉ ခုနှစ်အစ ပိုင်းမှစ၍ ပဲခူးရိုးမသို့ တစ်စတစ်စပြန်လည်ဝင်ရောက် ပြီး ခိုအောင်းခဲ့ရသည်။ ပဲခူးရိုးမ၏အနောက်ဘက်ခြမ်း ရှိ

မှော်ဘီ၊ သာယာဝတီ၊ ပြည်ဒေသများမှာ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အနောက်တိုင်းဖြစ်သည်။ ပဲခူးရိုးမ အရှေ့ခြမ်းရှိ တောင်ငူ၊ ပဲခူးနှင့် ဟံသာဝတီဒေသ များမှာ

အောက်ဗမာပြည်တိုင်းဖြစ်သည်။ အောက် ဗမာပြည်တိုင်းသည် ၁၉၅၈ ခုနှစ်က ဆိတ်သုဉ်းသွား သောတိုင်း(၃) (မြစ်ဝကျွန်းပေါ်သထုံခရိုင်နှင့် မြန်မာ ပြည်တောင်ပိုင်း

ဒေသအချို့) တစ်စိတ်တစ်ဒေသကို အစားထိုးခြင်းဖြစ်ပြီး မဒညတ ဖွဲ့စည်းမှုဖြင့် ကေအင်န်ယူပါတီနှင့်လက်တွဲကာ မြစ်ဝကျွန်းပေါ်သို့ ထိုးဖောက်လျက်ရှိသည်။

အနောက်မြောက်တိုင်းတွင် ဗိုလ်သက်ထွန်းသည် ၁၉၅၆ ခုနှစ်မှစ၍ တိုင်းပါတီကော်မတီဝင်ဖြစ်လာပြီး တပ်များကို ဦးစီးခဲ့သည်။ ဗိုလ်သက်ထွန်း၏တပ်များမှာ

ပခုက္ကူခရိုင်၊ မုံရွာခရိုင်နှင့် မင်းဘူးခရိုင်၊ သရက်ခရိုင် အနောက်ဘက်ခြမ်းတို့တွင် ခိုအောင်းလှုပ်ရှားလျက်ရှိ ကြသည်။ ၁၉၆၁ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ

အတွင်း၌ ၅၅ လမ်းစဉ်ကို ပြစ်တင်ရှုတ်ချမှုများ ကျယ်လောင်လာသည်။ ပြည်ပမှ ချမှတ်ပေးလိုက်သည့် ၅၅ လမ်းစဉ်နှင့် သခင်သန်းထွန်း၏ ခေါင်းဆောင်မှု သည်

လက်ယာသွေဖည်ရေးလမ်းစဉ်ဖြစ်သည်ဟု ဝေဖန်လာကြသည်။

၁၉၆ဝ ပြည့်နှစ်တွင် သခင်ဗသိန်းတင်သည် မော်စကိုမြို့၌ ကျင်းပသော ၈၁ နိုင်ငံ ကွန်မြူနစ် ပါတီများ ကွန်ဖရင့်သို့ ပြည်ပမှတစ်ဆင့်တက်ရောက်ပြီး

မြန်မာနိုင်ငံရေးအခြေအနေနှင့်ပတ်သက်သော အစီရင်ခံစာ တစ်စောင်တင်သွင်းခဲ့သည်။ သခင်ဗသိန်းတင်က အစီရင်ခံစာတွင် အိမ်စောင့်အစိုးရ၏ အခြေအနေကို

ဖော်ပြခဲ့သည်။

၁၉၆ဝ ပြည့်နှစ်၊ မော်စကိုကွန်ဖရင့်က ဓနရှင် နိုင်ငံရေးသမားတို့သည် မိမိတို့၏ ကျဉ်းမြောင်းသော အတန်းအစား အကျိုးစီးပွားအတွက် ဆိုရှယ်လစ်

ကြွေးကြော်သံများကို လေလုံးထွားထွားနှင့် အသုံးချခဲ့ ကြောင်း၊ ထိုသို့ အသုံးချခြင်းကို ဖွင့်ချရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည်

သခင်ဗသိန်းတင်၏ အစီရင်ခံစာနှင့် မော်စကို ကွန်ဖရင့်ကြေညာချက်ပါ သဘောထားတို့ကို အခြေခံ ၍ ၁၉၆၂ ခုနှစ်တွင် ဗဟိုကော်မတီဆုံးဖြတ်ချက် တစ်ရပ်ကို

ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်တွင် ဥပဒေအတွင်း ဝင်ရောက် ရေးဟူသော ၅၅ လမ်းစဉ်သည် စိတ်ကူးယဉ်မှုဖြစ်သဖြင့် အသုံးမဝင်တော့ဟုဆိုသည်။ ၁၉၅၅ ခုနှစ်

နောက်ပိုင်းစစ်ရေးနှင့် လက်နက်ကိုင်တိုက်ပွဲ၏အရေးပါ အရာရောက်မှုမှာ လျော့ပါးသွားကြောင်း၊ ၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီဆုံးဖြတ်ချက်မှာ လက်နက်ကိုင်

တိုက်ပွဲကို အရေးပေးကြောင်း၊ လက်နက်ကိုင်တိုက်ပွဲနည်းဖြင့်သာ အာဏာသိမ်းရမည်ဖြစ်ကြောင်း သခင်သန်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ တစ်နည်းအားဖြင့်

ဆိုသော် လက်နက်ကိုင်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရေးပင်ဖြစ် သည်။ သခင်သန်းထွန်းသည် ခေါင်းဆောင်မှုကျဆင်း နေရာမှ လမ်းစဉ်သစ်ကိုဖော်ထုတ်

နိုင်သောကြောင့် အသက်ရှူချောင်သွားရသည်။

၁၉၆၂ ခုနှစ်၊ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်တွင် မြန်မာပြည်သည် အနှစ်သာရအားဖြင့် ကိုလိုနီတစ်ပိုင်း တိုင်းပြည်ဖြစ်ကြောင်း၊ ပါတီ၏တော်လှန်ရေးသည်

နယ်ချဲ့ဆန့်ကျင်သော၊ ပဒေသရာဇ်ဆန့်ကျင်သော တော်လှန်ရေးဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမျိုးသားဒီမိုကရေစီ တော်လှန်ရေးဖြစ်ကြောင်း၊

တော်လှန်ရေးအစိုးရသည် ဓနရှင်ကြီးနှင့်မြေရှင်တို့၏ အစိုးရဖြစ်၍ တိုက်ဖျက်ပစ်ရမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ဥပဒေတွင်းဝင်ရေးကို တိုက်ဖျက်ပစ်ရမည်ဖြစ် ကြောင်း၊ လက်နက်ကိုင်တိုက်ပွဲ၏ ရည်မှန်းချက်သည် အာဏာသိမ်းရေးဖြစ်၍ လက်ငင်းရည်ရွယ်ချက်သည်

မိမိ၏တပ်နှင့်လက်နက်၊ အခြေခံဒေသများကို ဆက်လက်ထိန်းသိမ်းထားနိုင်သော အခြေအနေတွင် စစ်ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက်

အကျပ်ကိုင်နိုင်ရန်နှင့် စစ်ရပ်စဲရေးမရက ရေရှည်စစ်ကို အာဏာသိမ်းရေးအတွက် ဆက်လက် ဆင်နွှဲသွားရေးဖြစ်ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းခြင်းသည် တိုးတက်သောအာဏာသိမ်းခြင်းမဟုတ်ကြောင်း၊ ဒယိမ်းဒယိုင်ဖြစ်နေသော ဓနရှင်ကြီးအုပ်စုတစ်ခုကို

အခြားဓနရှင်ကြီးအုပ်စုတစ်ခုက ကယ်တင်ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ဒီမိုကရေစီအင်အားစုများကို စည်းလုံးညီညွတ်စေပြီး

နယ်ချဲ့ပဒေသရာဇ်စနစ်ကိုဖျက်၍ စစ်မှန်သော ဆိုရှယ်လစ်စနစ်တည်ဆောက်ရန်မဟုတ်ဘဲ ဒီမိုကရေစီ အင်အားစုများကိုဖြိုခွဲပြီး နယ်ချဲ့ပဒေသရာဇ်စနစ်နှင့်

စေ့စပ်ကာ ဓနရှင်ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ပြည်သူများကိုလိုက်ခိုင်းမည့်လမ်းစဉ်ဖြစ်ကြောင်းဖြင့် လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့်ပတ်သက်၍

တောတွင်းကွန်မြူနစ်ခေါင်းဆောင်တို့က သဘောထား ချမှတ်ဆုံးဖြတ်ခဲ့သည်။

တော်လှန်ရေးအစိ