ပြင်သစ်နိုင်ငံ၏ တိုင်း
တိုင်း သို့မဟုတ် ရေဂျောင်(ပြင်သစ်: région)သည် ပြင်သစ်နိုင်ငံ၏ ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသ ပိုင်းခွဲများထဲမှ တစ်ခု ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော "ဒေသခံ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဥပဒေ" အရ အသစ်ဖွဲ့စည်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးအာဏာ ရရှိထား၍ အဆင့်အမြင့်ဆုံး ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသ ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ဆင်တူသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အရ ပြင်သစ်နိုင်ငံ၏ တိုင်း အရေအတွက်မှာ ပြည်မကြီးတွင် ၁၃ ခုနှင့် နိုင်ငံရပ်ခြားတွင် ၅ ခု ဖြစ်သည်။ ပြည်မကြီးရှိ တိုင်းများ ပြန်လည်ဖွဲ့စည်းခြင်း မပြုမီက ပြင်သစ်ပြည်မကြီးတွင် တိုင်း ၂၂ ခု ရှိခဲ့သည်။ တိုင်းကို ဌာန(département ဒေပါရ်တမံ)ဟူ၍ ထပ်မံ ခွဲခြားထားသည်။
တိုင်းများ စာရင်း
[ပြင်ဆင်ရန်]ပြည်မကြီးရှိ တိုင်းများ
[ပြင်ဆင်ရန်]- ဂရံတဲ့စ်တ်တိုင်း
- နောရ်မံဒီတိုင်း
- နူဘဲလ်အာကီတဲန်
- ဘူရ်ဂေါ်ညီဖရံရှခေါင်တေ
- ဘရထာညီ
- ဆံတ်ရ်ဘာလ်ဒ်လွာရ်
- ဩဒ်ဖရံစ်
- ဩဘဲရညီရွံအာလ်ဖ်
- အောက်ဆီထာနီ
- အီလ်ဒ်ဖရံစ်
- ကော်ရ်ဆီကာ
- ပိတ်ဒရာလွာရ်
- ပရော်ဘံစ်အာလ်ဖ်ခေါ့ဒါဂျူရ်
နိုင်ငံရပ်ခြား တိုင်းများ
[ပြင်ဆင်ရန်]နိုင်ငံရပ်ခြား တိုင်းများတွင် ဌာနတစ်ခုသည် တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသည်။
- 971 ဂွာဒလူ့ပ် (Guadeloupe)
- 972 မာရ်တီနိခ် (Martinique)
- 973 ပြင်သစ်ပိုင် ဂါယီနာ (Guyane)
- 974 ရေယူနီအောင် (La Réunion)
- 975 မာယော့တ် (Mayotte)