ပျားဖွတ် ခွေးတူဝက်တူ
| Mellivora capensis Temporal range: middle Pliocene – Recent | |
|---|---|
| Adult at Satara camp in Kruger National Park, South Africa. | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| မျိုးစဉ်: | Carnivora |
| မျိုးရင်း: | Mustelidae |
| မျိုးရင်းသေး: | Mellivorinae |
| မျိုးစု: | Mellivora |
| မျိုးစိတ်: | M. capensis |
| ဒွိနာမ | |
| Mellivora capensis (Schreber, 1776) | |
![]() | |
| Ratel distribution
Extant (resident) | |
ပျားဖွတ် ခွေးတူဝက်တူ (အင်္ဂလိပ်: Honey badger) (Mellivora capensis) သည် အာဖရိကတိုက်အနှံ့၊ အနောက်တောင်အာရှနှင့် အိန္ဒိယတိုက်ငယ်တို့တွင် ကျယ်ပြန့်စွာ ကျက်စားတတ်သော နို့တိုက်သတ္တဝါတမျိုးဖြစ်သည်၊ ရှည်မျောသော ခန္ဓာကိုယ်နှင့် ထူးခြားချက်မှာ ယင်းတို့၏ လျော့တွဲနေသော အရေးပြားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အခြားသားရဲကောင်များဖြင့် တိုက်ခိုက်ရသောအခါ ယင်း၏ အရေပြားအတွင်း လွတ်လပ်စွာ လှည့်ပတ် လိမ်ခေါက်နိုင်စွမ်းရှိသည်။ ဟန်နီဘက်ဂျာသည် ၅၅ မှ ၇၇ cm (၂၂ မှ ၃၀ in) အထိ ရှည်ပြီး အလေးချိန် ၁၆ kg (၃၅ lb) အထိ ရှိသည်။ အဖိုသည် အမထက် ပိုမိုကြီးမားသည်။
ဟန်နီဘက်ဂျာများသည် တည်နေရာပေါ်မူတည်ပြီး တနေ့တာ၏ မည်သည့်အချိန်တွင်မဆို တက်ကြွလှုပ်ရှားတတ်သော တကိုယ်တည်းနေထိုင်တတ်သည့် သတ္တဝါဖြစ်သည်။ ဟန်နီဘက်ဂျာများသည် အသားစား သတ္တဝါဖြစ်ပြီး ထူသောအရေးပြား၊ အရှုံးမပေးတတ်သော ခုခံကာကွယ်နိုင်သည့်စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် ယင်းတို့အား သဘာဝအလျောက် ဖမ်းယူစားသောက်သည့် သားရဲများမှာ အနည်းငယ်သာ ရှိသည်။ အရွယ်ရောက်ပြီးသော ဟန်နီဘက်ဂျာများသည် ကျယ်ပြန့်သော နယ်နမိတ်များကို ပိုင်ဆိုင်ပြီး အနံ့ဖြင့် နယ်နမိတ်သတ်မှတ်သည့် အလေ့လအထ ရှိသည်။ ယင်းမျိုးစိတ်တွင် သားပေါက်ကာလ သတ်သတ်မှတ်မှတ် မရှိပေ။ ရက်ပေါင်း ၅၀ မှ ၇၀ အတွင်း ကိုယ်ဝန်ဆောင်ပြီးပါက ဟန်နီဘက်ဂျာအမတကောင်သည် ပျမ်းမျှအားဖြင့် သားပေါက် ၁ ကောင်မှ ၂ ကောင်အထိ မွေးဖွားလေ့ရှိသည်။ သားပေါက်များကို ၁ နှစ်မှ ၁ ၁⁄၄ အထိ ပြုစုပျိုးထောင်ပေးလေ့ရှိသည်။ ဟန်နီဘက်ဂျာများ၏ နေထိုင်ကျက်စားရာနယ်မြေ များပြားခြင်းတို့ကြောင့် IUCN အနီရောင်စာရင်းတွင် ယင်းတို့သည် မျိုးသုဉ်းမှုအန္တရာယ် စိုးရိမ်ရမှု အနည်းဆုံးအဆင့်အဖြစ် သတ်မှတ်ခံရသည်။ နာမည်ကြီး မီဒီယာများတွင် ဟန်နီဘက်ဂျာကို ရန်လိုသော၊ ဉာဏ်ရှိသော တိရစ္ဆာန်အဖြစ်လည်းကောင်း၊ သဘာဝတွင် မာကြောပြီး မကြောက်တတ်သော တိရစ္ဆာန်အဖြစ်လည်းကောင်း ပုံဖော်ခြင်း ခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Mellivora capensis" (2016). IUCN Red List of Threatened Species 2016. IUCN. doi:.
- ↑ Mellivora capensis (Schreber, 1776) (in en)။ UN Environment Programme World Conservation Monitoring Centre။ 25 November 2025 တွင် ပြန်စစ်ပြီး။
