ပျဉ်ထောင်ရှင်မ
ပျဉ်ထောင်ရှင်မ သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ပျဉ်ထောင်ရှင်မသည် အင်း၊ ကန်များကို အပိုင်စားရသည် တန်ခိုးကြီးသည့် နတ်တစ်ပါး ဖြစ်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]လူဖြစ်စဉ်ဘဝက အပျိုကြီး ဖြစ်၏။ အင်းများ၊ ချောင်းများသို့ သွားရောက်ကာ ငါးအရောင်းအဝယ်ပြုလုပ်နေစဉ် သေဆုံးခဲ့သည်။ အင်းသမားများအပေါ် အစွဲအလမ်း ဥပါဒါန်ကြောင့် အင်းစောင့်နတ် “ပျဉ်ထောင်ရှင်မ” ဘဝသို့ ရောက်ရှိခဲ့သည်။
ပျဉ်ထောင်ရှင်မသည် ဗန်းမော်ခရိုင်အတွင်းရှိ လဘိုင်တင်အင်း၊ လဟာကြီးအင်း၊ လဟာလေးအင်း၊ ဆင်ခေါင်အင်း၊ သကြားဟင်းအို စသည်အင်းများကို အပိုင်စားရသည်။ အင်းသူကြီးများသည် အင်းပိတ်ချိန်ဖြစ်သည် ဝါဆို၊ ဝါခေါင်တွင် ပျဉ်ထောင်ရှင်မကို တင်မြှောက်ပသကြသည်။[၁]
ကိုးကွယ်ယုံကြည်မှုများ
[ပြင်ဆင်ရန်]ပျဉ်ထောင်ရှင်မအား ပူဇော်ပသရာတွင် ထမင်းဖြူ၊ ငါးကြော်ပွဲ၊ ဘီး၊ မှန်၊ သနပ်ခါးတုံး၊ ကျောက်ပျဉ်၊ ဆံစု၊ မိန်းမအဝတ်အစား အစုံပါရသည်။ ပျဉ်ထောင်ရှင်မသည် လူဖြစ်စဉ်က ပျော်ပျော်ရွှင်ရွှင်နေတတ်သူ ဖြစ်သဖြင့် နတ်တင်သူများသည် အပျော်အရွှင် အပြောင်အလှောင်စကားများဖြင့် ပြောဆိုကာ “ဖေ၊ မေ၊ နင်၊ ငါ” စသည်ဖြင့် ဆဲဆို ကြရသည်။ ထိုကဲ့သို့ ပြောင်လှောင်ဆဲဆိုခြင်း မပြုပါက ငါးအရ နည်းလေသည်။[၁]