မာတိကာသို့ ခုန်သွားရန်

ပေါ့စဒမ်

ဝီကီပီးဒီးယား မှ

ပေါ့စဒမ်(ဂျာမန်: Potsdam, ဆော့ရ်ပ်: Podstupim)သည် ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဟာဖယ်မြစ်ကမ်းရှိ မြို့ဖြစ်ပြီး ဘရန်ဒဲန်ဘွတ်ရ်ခ်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၁.၉ သိန်း ခန့် ရှိသည်။

တံဆိပ် တည်နေရာမြေပုံ
အချက်အလက်
ပြည်နယ် ဘရန်ဒဲန်ဘွတ်ရ်ခ်ပြည်နယ်
ခရိုင် ခရိုင် ကင်းမဲ့မြို့
ကိုဩဒိနိတ် 52°23′45″N 13°03′41″E / 52.39583°N 13.06139°E / 52.39583; 13.06139
အမြင့် ပင်လယ်ရေ မျက်နှာပြင်အထက် ၃၂ m
ဧရိယာ ၁၈၇.၂၈ km²
လူဦးရေ ၁၈၅,၇၅၀(၃၁ ဒီဇင်ဘာ ၂၀၂၂)
လူဦးရေ သိပ်သည်းဆ ၉၉၀/km²
စာတိုက် သင်္ကေတ 14401–14482
အုပ်ချုပ်ရေးမှူးရုံး လိပ်စာ Friedrich-Ebert-Str. 79/81
14469 Potsdam
ဝက်ဘ်ဆိုက်တ် potsdam.de
ပြည်နယ်အတွင်း တည်နေရာ
ဆန်ဆူချီ နန်းတော်
အိုရံဂျယ်ရီ နန်းတော်

ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ၏ ဗုံးကြဲခံခြင်းကို ခံရကာ အိမ်နီးချင်း ဘာလင်နှင့် မတူ ပြင်းထန်စွာ ပျက်စီးခြင်းမရှိသည့်အပြင် အချို့ နေရာများတွင် ရှေးဟောင်း မူလပုံသဏ္ဌာန်အတိုင်း တည်ရှိနေဆဲ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ပေါ့စဒမ် ညီလာခံကို ချယ်ချီလီအဲန်ဟော့ဖ် နန်းတော်တွင် ကျင်းပခဲ့ပြီး အရှေ့ဂျာမနီ ထူထောင်ပြီးနောက် အရှေ့ဂျာမနီအုပ်ချုပ်မှုအောက်ရှိ မြို့ဖြစ်လာခဲ့သည်။ သို့သော် ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက်၊ ၎င်းသည် ဘရန်ဒဲန်ဘွတ်ရ်ခ်၏ မြို့တော် တစ်ဖန်ဖြစ်လာပြီး မြို့တော်၏ မူလအသွင်အပြင်ကို ပြန်လည်ထိန်းသိမ်းရန် အမျိုးမျိုးသော အားထုတ်မှုများ ပြုလုပ်လျက် ရှိသည်။

ပြင်ပ လင့်ခ်

[ပြင်ဆင်ရန်]