ပေါရာဏ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပေါရာဏ ဆိုသည်မှာ အသုံးနည်းကာ ပျောက်ကွယ်သွားသော စကားလုံးများကို ခေါ်ခြင်း ဖြစ်သည်။

ဝေါဟာရ ဖြစ်လာပုံ[ပြင်ဆင်ရန်]

အဋ္ဌာရဿ (၁၈) ရပ်ပါ ပုရဏာ (ပါဠိ − စကားဟောင်း အတတ်) မှ ဆင်းသက်လာသည့် ပါဠိပျက် ဝေါဟာရ ဖြစ်သည်။

ပေါရာဏနှင့် ဆက်စပ်သော စာအုပ်များ[ပြင်ဆင်ရန်]

ပေါရာဏကထာ လင်္ကာ[ပြင်ဆင်ရန်]

ရှင်မဟာသီလဝံသ ပြုစုသည်။ ဒုတိယ ဘုရင်မင်းခေါင်နှင့် ရွှေနန်းကြော့ရှင်တို့ လက်ထက်တွင် စီရင်သည်။ နောက်ပေါ်သည့် ပေါရာဏကထာ လင်္ကာနှင့် ကွဲပြားစေရန် နှောင်းလူတို့က လင်္ကာဟောင်းဟု ခေါ်ကြသည်။

တွင်းသင်း ပေါရာဏကထာ[ပြင်ဆင်ရန်]

တွင်းသင်းဝန် မဟာစည်သူ ဦးထွန်းညိုက သက္ကရာဇ် ၁၁၅၆ ခုတွင် စီရင်သည်။

ပေါရာဏကထာ လင်္ကာ[ပြင်ဆင်ရန်]

နှောင်းဆရာတို့ စီရင်ခြင်း ဖြစ်သည်။ လင်္ကာနှင့်ပင် ရေးသည်။

ပေါရာဏကထာ[ပြင်ဆင်ရန်]

ဆရာတော် ဦးမဏိက သက္ကရာဇ် ၁၁၉၇ ခုတွင် ပါဠိဘာသာနှင့် စီရင်သည်။

ပေါရာဏကထာ ပါဋ္ဌ်[ပြင်ဆင်ရန်]

မောင်းထောင်ဆရာတော်က မင်းတုန်းမင်းလက်ထက်တွင် စီရင်သည်။ ပါဠိဘာသာနှင့် ဖြစ်သော်လည်း နိသယ ပါသည်။

ပေါရာဏကထာ ဋီကာ[ပြင်ဆင်ရန်]

မောင်းထောင်ဆရာတော်၏ စာကို အကျယ်ဖွင့်၍ စီရင်ခြင်း ဖြစ်သည်။ ပါဠိဘာသာနှင့် ဖြစ်သည်။

ပါရမီခန်းပျို့ အဖြေချုပ်နှင့် ပကိဏ္ဏက ပေါရာဏကထာ[ပြင်ဆင်ရန်]

ကင်းဝန်မင်းကြီးက သက္ကရာဇ် ၁၂၅၁ ခုတွင် စီရင်သည်။ စကားပြေနှင့် ဖြစ်သည်။

ပျို့ကဗျာ ခက်ဆစ်ကောံနှုတ်ချက်[ပြင်ဆင်ရန်]

ရန်ကုန် လွှတ်စာရေးကြီး ဦးစံဘ ရေး၍ သက္ကရာဇ် ၁၂၇၅ ခုတွင် ပုံနှိပ်သည်။ စကားပြေနှင့် ဖြစ်သည့်အပြင် အက္ခရာတူ စုထားသဖြင့် အရှာ လွယ်သည်။

ပေါရာဏ မူလကထာ အဘိဓာန်[ပြင်ဆင်ရန်]

ပါဠိဆရာ ဦးဖြေက သက္ကရာဇ် ၁၂၅၄ ခုတွင် စီရင်သည်။ အဓိပ္ပာယ်သာမက ဥဒါဟရုဏ်များပါ ပြသထားသည်။

ပေါရာဏ အဘိဓာန်[ပြင်ဆင်ရန်]

ဦးဖေမောင်တင်က မြန်မာနိုင်ငံ သုတေသန အသင်းအတွက် ရေးရာ ၁၉၁၅ ခု၊ ဩဂုတ်လထုတ် ဂျာနယ်တွင် ဖော်ပြခံရသည်။

ပေါရာဏ အဘိဓာန်[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၈၈ ခုတွင် ဦးဖိုးကျားရေးပြီး မြန်မာ့ဂုဏ်ရည် စာအုပ်ဌာနမှ ထုတ်ဝေသည်။

ပေါရာဏစကားလုံးများ[ပြင်ဆင်ရန်]