ပေါက်ကန်ရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပေါက်ကန်ရွာ
ပေါက်ကန်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပေါက်ကန်ရွာ
ပေါက်ကန်ရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°02′22″N 96°42′52″E / 17.0394°N 96.714417°E / 17.0394; 96.714417ကိုဩဒိနိတ်: 17°02′22″N 96°42′52″E / 17.0394°N 96.714417°E / 17.0394; 96.714417
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ကဝမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပေါက်ကန်ရွာ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်ကဝမြို့နယ်အတွင်းရှိ ရွာတစ်ရွာဖြစ်ပြီး သက္ကလမြို့၏ အရှေ့ဘက်တွင် တည်ရှိသည်။

ပထဝီဝင်[ပြင်ဆင်ရန်]

နယ်နမိတ်[ပြင်ဆင်ရန်]

ပေါက်ကန်ရွာ၏ အရှေ့ဘက်တွင် သရက်ကုန်းရွာ၊ အနောက်တောင်ဘက်တွင် ရွှေပေါက်ပင်ရွာ၊ တောင်ဘက်တွင် ကံထူးရွာ၊ မြောက်ဘက်တွင် ငွေပုံရွာ အနောက်မြောက်ဘက်တွင် နောင်ဘိုရွာတို့နှင့် ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပေါက်ကန်ရွာသည် မြေပြန့်လွင်ပြင်နှင့် ချောင်းများရှိသည်။

ရေဆင်း[ပြင်ဆင်ရန်]

ပေါက်ကန်ရွာသည် စစ်တောင်းမြစ် ရေငံနှင့် ဆက်စပ်လျက်ရှိပြီး မြစ်ချောင်းများသည် အထူးသဖြင့် မိုးရာသီဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းအထိသာ ရေစီးဝင်မှုရရှိပြီး နွေရာသီတွင် ရေခန်းခြောက်ကာ ကားလမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ပေါက်ကန်ရွာ သည် ပူအိုက် စွတ်စိုသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၀ C)နှင့် အနိမ်ဆုံးအပူချိန်မှာ (၁၄ C) ဖြစ်သည်။

သဘာဝပေါက်ပင်များ[ပြင်ဆင်ရန်]

ပေါက်ကန်ရွာ အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုပင်၊ ညောင်ပင်၊ အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ မဲဇလီပင်၊ သမန်းပင်၊ မကျည်းပင်၊ ဇီးပင် စသည့်အပင်များ ပေါက်ရောက်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

သက္ကလမြို့နှင့် ၇ မိုင်ခန့်ဝေးပြီး နွေရာသီတွင် ကား၊ ဆိုင်ကယ်များဖြင့်သွားလာရပြီး မိုးရာသီတွင် စက်တပ်လှေများဖြင့် သွားလာရသည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ဘာသာရေး[ပြင်ဆင်ရန်]

ရွာဦးတွင် ရွာဦးဘုန်းတော်ကြီးကျောင်းတည်ရှိပြီး ကျောင်းဝင်းအတွင်း အေးငြိမ်းသာယာရွှေစေတီတော်ကို တည်ထားကိုးကွယ်ထားသည်။ ရွာဦးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါသဝသည် ကဝမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဖြစ်ပြီး တစ်ရွာလုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဓမ္မစကူးကျောင်းကို နှစ်စဉ်ဖွင့်လှစ်၍ ကျေးရွာအတွင်းမှ ကလေးသူငယ်များကို သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် ပေါက်ကန်ကျေးရွာမှ လူငယ်များမှစုပေါင်း၍ လူငယ့်အာမာန်ပရဟိတအဖွဲ့ကို ဖွဲ့စည်း၍ ဘာသာရေးပွဲများ၊ ပရဟိတပွဲများကို ဆရာတော်၏ လမ်းညွန်မှုနှင့်အတူ ဦးဆောင်ကျင်းပလျက်ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာသင်ကြားရာတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲရှိပြီး ထိုကျောင်းမှ ရွာမှကလေးသူငယ်များကိုစာပေများ သင်ကြားပေးလျက်ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

စိုက်ပျိုးရေးကို အဓိကထားပြီးလုပ်ကိုင်ပြီး ပဲတီစိမ်း၊ မြေပဲနှင့် စပါးကို အဓိကစိုက်ပျိုးသည်။ လယ်ယာသုံးစက်များ ပြင်ဆင်သည့်လုပ်ငန်းကိုလဲ တချို့လုပ်ကိုင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]