ပေဖြစ်လျှင်ခံ တူဖြစ်လျှင်နှံ

ဝီကီပီးဒီးယား မှ

ပေဖြစ်လျှင်ခံ တူဖြစ်လျှင်နှံသည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

သံတုံးသည် ပေဖြစ်သောအခါ အထုခံရသော အရာဖြစ်ပြီး တူဖြစ်သောအခါ ထုနှက်သောအရာဖြစ်သကဲ့သို့ အလှည့်မသာသည့်အခိုက် ငုံ့ခံရပြီး အလှည့်သာသည့်အခိုက် အနိုင်အထက် ပြုခွင့်ရသည်။ ပေ ဆိုသည်မှာ ပန်းပဲ၊ ပန်းတိမ် စသည့်လုပ်ငန်း၌ သုံးသော ထုရိုက်ရာတွင် အောက်ခံသံထည်သံတုံးဖြစ်၏ ။

ကိုးကား[ပြင်ဆင်ရန်]