မာတိကာသို့ ခုန်သွားရန်

ပေတဝတ္ထု

ဝီကီပီးဒီးယား မှ

ဤကျမ်းသည် ဝိမာနဝတ္ထုကျမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ယေဘုယျအားဖြင့် ပြိတ္တာဘဝများ၏ ဆင်းရဲဒုက္ခအဖုံဖုံကို ပြိတ္တာများနှင့် ထိတွေ့သော ပုဂ္ဂိုလ်တစ်ဦးဦးက မေးမြန်း၍ အတိတ်ဘဝက အကုသိုလ်ကံ အကြောင်းကို ပြန်ပြောပြခြင်းများ ဖြစ်ပါသည်။ ကျမ်းကို "ပြိတ္တာများအကြောင်း" ဟု အမည်ပေးထားသော်လည်း ပြိတ္တာများအကြောင်းသာမက ငရဲဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံများသို့ ရောက်ရှိသွားသူများအကြောင်းကိုလည်း တွေ့ရပေမည်။

ပြိတ္တာဖြစ်ရခြင်း၏ အကြောင်းရင်းတို့သည် များပြားလှပါသည်။ “ကိုယ်နှုတ် မစောင့်စည်းမှု၊ မဟုတ်မမှန် ကျိန်ဆဲမှု၊ အလှူဒါနတို့၌ ဝန်တိုနှောင့်ယှက်မှုများ၊ လင်ယောက်ျားအပေါ် မရိုသေမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ မမှန်သက်သေထွက်ဆိုမှု၊ သူတော်ကောင်းများကို ပြစ်မှားမှု” စသည်ဖြင့် များပြားလှသည်။ ခံစားရသော ဒုက္ခပုံစံများလည်း များပြားထူးဆန်းလှပါသည်။ “ခန္ဓာကိုယ်က ရွှေရောင်ထွက်နေပြီး မျက်နှာက ဝက်မျက်နှာ၊ ရုပ်ချောသလောက် ပါးစပ်က ပိုးလောက်များ ကျနေသော ပြိတ္တာ၊ မိမိမွေးသော သားတို့ကို ပြန်စားနေသော ပြိတ္တာ၊ သံပြားအဝတ်ကို ဝတ်နေရသော ပြိတ္တာ၊ အညစ်အကြေးများကို စားနေရသော ပြိတ္တာ၊ (၅၅) နှစ်တိုင်တိုင် အစာမစားရသော ပြိတ္တာ၊ နေ့စံညခံပြိတ္တာ၊ ရေသောက်မည်ကြံတိုင်း ရေခန်း၊ လေတိုက်လျှင် မီးသို့ပူလောင်၊ အရပ်ခိုလျှင် အရိပ်ပျောက်ပြိတ္တာ” စသည်ဖြင့် စုံလင်လှပါသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)

ပြင်ပလင့်များ