ပုံစံမကျသော ယုတ္တိဗေဒ
ပုံစံမကျသော ယုတ္တိဗေဒ (အင်္ဂလိပ်: Informal logic) ဆိုသည်မှာ (အထူးသတ်မှတ်ထားသော ဖော်ပြချက်များကို အသုံးပြုသည့်) တရားဝင်သော setting တစ်ခုအတွင်း မဟုတ်ဘဲ၊ ပြင်ပရှိ ယုတ္တိဗေဒဆိုင်ရာ နိယာမများ နှင့် ယုတ္တိကျသော တွေးခေါ်မှုများ၏ အခြေခံသဘောတရားများကို လွှမ်းခြုံထားသော အရာဖြစ်သည်။[၁] သို့သော် "informal logic" ဟူသော အဓိပ္ပာယ်ကို တိတိကျကျ သတ်မှတ်ခြင်းအပေါ်တွင် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။ ရဲလ်ဖ် အိပ်ချ် ဂျွန်ဆင် နှင့် ဂျေ အန်သိုနီ ဘလဲယား တို့က ပုံစံမကျသည့် ယုတ္တိဗေဒကို "အငြင်းအခုံများကို ခွဲခြမ်းစိတ်ဖြာခြင်း၊၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အကဲဖြတ်ခြင်း၊ ဝေဖန်ခြင်းနှင့် တည်ဆောက်ခြင်းတို့အတွက် ပုံစံမကျသော စံနှုန်းများ၊ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ယုတ္တိဗေဒ၏ ဘာသာရပ်ခွဲတစ်ခု ဖြစ်သည်။" ဟု သတ်မှတ်ထားသည်။[၂]
ပုံစံမကျသည့် ယုတ္တိဗေဒသည် ပုံစံမကျသည့် အမှားများ (informal fallacies)၊ ဝေဖန်ပိုင်းခြား တွေးခေါ်မှု (critical thinking)၊ တွေးခေါ်မှုစွမ်းရည် လှုပ်ရှားမှု (thinking skills movement) နှင့်[၃] အငြင်းပွားဆွေးနွေးမှု သီအိုရီ (argumentation theory) ဟု ခေါ်သော အထူးပြုဘာသာရပ်များ ပေါင်းစပ်လေ့လာသည့် သုတေသနနယ်ပယ်တို့နှင့် ဆက်စပ်နေသည်။ ဖရန့်စ် အိပ်ချ် ဗန် အီမာရန် က "ပုံစံမကျသည့် ယုတ္တိဗေဒ" ဟူသော အမည်အောက်တွင် နေ့စဉ်ဘာသာစကားဖြင့် ပြုလုပ်သော ယုတ္တိဆိုင်ရာ အကြောင်းပြချက်ပေးမှုများကို လေ့လာရာတွင် တရားဝင် ယုတ္တိဗေဒထက် အငြင်းအခုံလုပ်ဆောင်မှု၏ လက်တွေ့အခြေအနေများနှင့် ပိုမိုနီးစပ်သော စံသတ်မှတ်ချက်ဆိုင်ရာ လမ်းကြောင်းများ၏ စုစည်းမှုတစ်ခုကို ဖုံးလွှမ်းထားသည်ဟု ရေးသားထားသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ See Johnson 1999 for a survey of definitions.
- ↑ Johnson, Ralph H., and Blair, J. Anthony (1987), "The Current State of Informal Logic", Informal Logic, 9(2–3), 147–151. Johnson & Blair added "... in everyday discourse" but in (2000), modified their definition, and broadened the focus now to include the sorts of argument that occurs not just in everyday discourse but also disciplined inquiry—what Weinstein (1990) calls "stylized discourse."
- ↑ Resnick, 1989
- ↑ Frans H. van Eemeren (2009)။ "The Study of Argumentation"။ in Andrea A. Lunsford; Kirt H. Wilson; Rosa A. Eberly (eds.)။ The SAGE handbook of rhetorical studies။ SAGE။ p. 117။ ISBN 978-1-4129-0950-1။