ပုလဲနားဆွဲနဲ့ မိန်းကလေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပုလဲနားဆွဲနဲ့ မိန်းကလေး
Dutch: Meisje met de parel
Meisje met de parel.jpg
အနုပညာရှင် ဂျိုဟန်နက် ဗာမီယာ
ခုနစ် ၁၆၆၅
အမျိုးအစား ခေါင်းပိုင်း အသားပေး ပန်းချီ
ပါဝင်ပစ္စည်း ဆီဆေး
ဒိုင်မင်းရှင်း 44.5 cm × 39 cm (၁၇.၅ လက်မ × ၁၅ လက်မ)
တည်နေရာ မော်ရစ်ရှို့, ဟိ၊ နယ်သာလန်

ပုလဲနားဆွဲနဲ့ မိန်းကလေး (ဒတ်ခ်ျ: Meisje met de parel) သည် ၁၆၆၅ ခုတွင် ဒပ်ခ်ျပန်းချီဆရာ ဂျိုဟန်နက် ဗာမီယာရေးသည့် ဆီဆေးပန်းချီ ဖြစ်သည်။ ပန်းချီကားအမည် မတပ်ထားသဖြင့် အမည်အမျိုးမျိုး ပေးခဲ့ကြသော်လည်း ၂၀ ရာစု နှောင်းပိုင်းတွင် ထိုမိန်းကလေးဝတ်ထားသော နားဆွဲကို သညာပြုကာ ပုလဲနားဆွဲနဲ့ မိန်းကလေးဟူသော အမည် တည်လာသည်။

ဟိ (Hague) မြို့ရှိ မော်ရစ်ရှို့ (Mauritshuis) ပြတိုက်တွင် ၁၉၀၂ ခုကတည်းက ပြသထားသည်။ ၂၀၀၆ ခုတွင် ဒပ်ခ်ျလူထုက နယ်သာလန်နိုင်ငံ၏ အလှဆုံးပန်းချီအဖြစ် သတ်မှတ်လိုက်ကြသည်။