မာတိကာသို့ ခုန်သွားရန်

ရှင်သာရဒဿီ

ဝီကီပီးဒီးယား မှ
(ပုဗ္ဗာရုံဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်သာရဒဿီ (၁၀၆၅[မှတ်စု ၁] − ၁၁၂၉) သည် ဟံသာဝတီပါမင်းလက်ထက်တွင် ထင်ရှားသည့် ကျမ်းပြုဆရာတော် ဖြစ်ည်။[]

ဆရာတော်ကို သက္ကရာဇ် ၁၀၆၅ ခုနှစ်တွင် ပုခန်းကြီးမြို့နယ်တွင် ဖွားမြင်သည်။ ငမြာရှင်ပညာသာရမထေရ်၏ တပည့် ဖြစ်ခဲ့သည်။ ကျမ်းဂန်များ အလွန်တတ်မြောက်ခဲ့သည်။

ရဟန်းဝတ်တော်မူခဲ့သည့်အခါ ရဟန်းဘွဲ့တော်မှာ “ရှင်သာရဒဿီ” ဖြစ်သည်။ တနင်္ဂနွေမင်းကိုးကွယ်သည့် ဆရာတော်ဖြစ်၍ ပုဗ္ဗာရုံဆရာတော်ဟု ထင်ရှားခဲ့သည်။ အလောင်းဘုရားသည် ပဲခူးသို့ မချီတက်မီ ဆရာတော်အား ပင့်ကာ တရားနာခဲ့ဖူးသည်။ ဆရာတော်သည် တောမှီဆရာတော် တစ်ပါး ဖြစ်သည်။[]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၂၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[]

ပြုစုခဲ့သည့် ကျမ်းများ

[ပြင်ဆင်ရန်]

၁။ မဏိဒီပကကျမ်း၊

၂။ ဒွါရကထာဋီကာ၊

၃။ ဂုဠတ္ထဒီပနီ (မဏိဒီပကအကြွင်းဒွါရကထာဋီကာအဖွင့်)၊

၄။ ဝိသုဒ္ဓိမဂ်ဂဏ္ဌိ၊

၅။ နေတ္တိပါဠိတော်နိသျ၊

၆။ သုတ္တနိပါတ်ပါဠိတော်နိသျ၊

၇။ သုတ်သီလက္ခန်ဂဏ္ဌိ၊

၈။ ဓာတုကထာမူလဋီကာယောဇနာ။[]

မှတ်စု

[ပြင်ဆင်ရန်]
  1. သာသနဝံသဒီပနီ၌ ၁၀၆၅ ခုနှစ်ဖွား၊ ၁၀၃၅ ခုနှစ် ပျံလွန်သည်ဟု ပြသည်။ စာမှား ထင်၏။ ၁၁၃၅ ဖြစ်ပေမည်။ ယင်းသို့ဆိုလျှင် ၁၁၂၉ ခုနှစ်နှင့် (၆) နှစ် ကွာခြားနေ၏။ မင်းလှသီရိသီဟသူ မှတ်တမ်း၌ ၁၁၂၉ ခုနှစ်တွင် ပျံလွန်တော်မူကြောင်း ဖော်ပြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၀၊ ၂၁။