ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ

ဝီကီပီးဒီးယား မှ
ပုဇွန်ဖြေ (အောက်)
ပုဇွန်ဖြေ (အောက်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုဇွန်ဖြေ (အောက်)
ပုဇွန်ဖြေ (အောက်)
ပုဇွန်ဖြေ (အောက်) တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 18°09′52″N 94°28′32″E / 18.16446°N 94.47566°E / 18.16446; 94.47566
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်သံတွဲခရိုင်
မြို့နယ်သံတွဲမြို့နယ်
ကျေးရွာအုပ်စုPu Zun Hpay[၁]

ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာတစ်ခု ဖြစ်သည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ‌ချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများပြိုကျလာသဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပုဇွန်ဖြေအောက်ရွာ မေတ္တာဝါဒီကျောင်းတိုက်အတွင်း နှစ်ပေါင်း ၆၀ ကျော်ကြာ တည်ထားကိုးကွယ်လာသည့် ဘုရားသိမ်တော်မှာ ချောင်းကမ်းပါးနှင့်အတူ တဖြည်းဖြည်း ပြိုကျလာသဖြင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည်။ ဘုရားဆင်းတုတော်များအား ကြိုးများဖြင့် သိုင်းပတ်ပြီး မျှောတုန်းပေါ်ပင့်ဆောင်ကာ ရွှေ့ပြောင်းခဲ့ရပြီး ဘုရားဆင်းတုတော်ငါးဆူအား တည်ထားကိုးကွယ်ခဲ့သည့် ပတ်လည် ၅၄ ပေရှိ သိမ်တော်ကိုလည်း ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. အောင်ရမ္မာ(ကျောက်ဖြူ)။ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများ ပြိုကျလာသဖြင့် ဘုရားဆင်းတုတော်များအား အရေးပေါ်ရွှေ့ပြောင်းရEleven Media။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]