ပုစင်းတောင်သံကြိုး

ဝီကီပီးဒီးယား မှ

ပုစဉ်းတောင်သံကြိုး (ယခင်ရေးထုံး ပုစင်းတောင်သံကြိုး) သည် ဝန်ကြီး ပဒေသရာဇာ ရေးသော ကြိုးသီချင်းတပုဒ်ဖြစ်သည်။ ယခုအခါ ကြိုးသီချင်းကိုလည်းကောင်း၊ စည်းဝါးကိုလည်းကောင်း စတင်လေ့လာသူများအား သင်ကြားပေးလေ့ရှိသော သီချင်းတည်း။ ဂီတအခြေခံ ကြိုး ၁၃ ပုဒ်တွင် အစဆုံးအပုဒ် ဖြစ်သည်။

သီချင်းကိုယ်[ပြင်ဆင်ရန်]

ထံတျာတေရှင်။ ထံတျာတေရှင်။ ဒျန့်ဒျန့်။ ထံတျာတေရှင်။ ။

ဒလုဒလု။ ထုံဒျန့်ဒျန့်။ တောပင်တောလုံး နှံ့ပါလို့လေး။ ။

ထက်စငယ်ကောင်းကင်။ မိုးတည့်မိုးတိမ်ပြင်။ ။

စံရွှင်စံရွှင် ပျော်ပါး။ ရွေဘော်တစု များငယ်နှင့်လေး။ ။

သည်မိုဃ်း သည်မိုဃ်းဒေဝါ။ မိုဃ်းတည့်မိုဃ်းဒေဝါ။

အုံ့ကာလေ တဖွဲဖွဲ။ ရွာလေ တသဲသဲ။

တံတျာတေရှင်၊ တံတျာတေရှင်၊ ဒျန့် ဒျန့်။ တံတျာတေရှင်။ ဒလု ဒလု၊ ထုံ ဒျန့် ဒျန့် တျော တေ တံတျာတေဒျန့် တျော တေ တျာ။