ပိုင်ဇေရဲထွန်း

ဝီကီပီးဒီးယား မှ

ပိုင်ဇေရဲထွန်းသည် မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်သည်။ ၁၉၇၇−ခုနှစ်၊ မေလ (၂၅)ရက်နေ့တွင် အဖ ဒုဗိုလ်မှူးကြီးရဲထွန်း(ငြိမ်း)နှင့် အမိဒေါ်သိင်္ဂီဇင်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ပိုင်ဇေရဲထွန်း ပင်ဖြစ်သည်။ ၁၉၉၇−ခုနှစ်မှ စတင်၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ ပထမဆုံး ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ဝေဠု၏ မေတန်ခူးနှင့် ဖိုးသင်္ကြန် ဇာတ်ကားကို လှအဉ္ဇလီတင့်နှင့် ရိုက်ကူးခဲ့သည်။ အဆိုကောင်းသူ၊ ဘောလုံးကန် တော်သူတစ်ဦးဖြစ်ပြီး တိုက်ကွမ်ဒို လက်ရွေးစင်လည်း ဖြစ်သည်။[၁]

၂၀၀၇-ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် မဇင်သဲနိုင်နှင့် လက်ထပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ