မာတိကာသို့ ခုန်သွားရန်

ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ဝီကီပီးဒီးယား မှ

ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ဆိုသည်မှာ “ချစ်သောသူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏” ဟု အဓိပ္ပာယ်ရသည်။ (ပိယေဟိ-ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်၊ ဝိပ္ပယောဂေါ-ကွေကွင်းကင်းကွာ ရှဲခွာ ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း၊ ဒုက္ခော-ဆင်းရဲ၏။) မိမိချစ်ခင်မြတ်နိုးရသူများနှင့် ဝေးကွာခြင်း၊ ကွေကွင်းခြင်းသည် လူသားတို့အတွက် ကြီးစွာသော ဝေဒနာနှင့် ဆင်းရဲခြင်းတစ်မျိုး ဖြစ်သည်။ ဤဆိုရိုးစကားသည် လူတို့၏ ချစ်ခင်တွယ်တာမှုနှင့် ကွေကွင်းရခြင်း၏ ဝမ်းနည်းကြေကွဲဖွယ် သဘောကို ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “မြေးအရွယ် အကလေးမကလေးတွေနှင့် ဝေးခြင်းကြီးမက ဝေးကြသဖြင့် ဆွေးရတဲ့ သည်အခြေကို ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောဟု ဗုဒ္ဓေါကဟောပါကလား၊” []
  • “သည်နှမက မေတ္တာမရှိလျှင် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောချစ်သောသူနှင့် မပေါင်းရလျှင် ဒုက္ခော ဆင်းရဲခြင်းတဲ့၊ သို့အတွက်ကြောင့် မောင့်ကိုယ်ကို ဒုက္ခဖြင့် မခံနိုင်ပါဘူး၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၅ ] ဆောင်းပါးချုပ်။ ၂၆၀။
  3. [၁၃၁၀] လွမ်း၊ ပ။ ၈၅။